ရဲရဲသာဖွင့်ချလိုက်ပါ ကိုနိုင်အောင်
by Soe Lynn on Monday, March 26, 2012 at 10:33pm ·
မနေ့ က ( 25.3.2012) နေ့စွဲနဲ့  ကိုနိုင်အောင်ရဲ့ ရှင်းလင်းချက်
စာတမ်းကို အင်တာနက်ပေါ်မှာ ဖတ်လိုက်ရပါတယ် ။ အလွန့် အလွန်ကို
စိတ်မကောင်းဖြစ်ရပါတယ် ။ပြန်ရေးစရာတွေက အများကြီးပါ ။ လောလောဆယ်
အမျိုးသမီးကျန်းမာရေးအတွက် ရန်ကုန်ဆေးရုံကြီးမှာ ဆက်လက်ပြသ ကုသဖို
့ရှိနေတာကြောင့် အကျယ် တ၀င့် ပြန်မရေးနိုင်သေးပါ။တတိယ အကြိမ် ညီလာခံမှာ
ကျွန်တော် ကြားခဲ့ သိခဲ့ ရသမျှတွေကို အချိန်ရရင် ပြန်ရေးသွားမှာ ပါ။
အဒီအချိန်မှာ ကျွန်တော်က မြောက်ပိုင်းကရောက်လာခါစဖြစ်လို့  ဗဟိုမှာ
ဖြစ်နေတဲ့ တချို့ ကိစ္စတွေနဲ့ ပတ်သက်ရင် အတတ်နိုင်ဆုံး ( ကိုယ်သေချာမသိပဲ
ဝင်မပါမိအောင် ) ကြိုးစားနေထိုင်ပြောဆိုခဲ့ ပါတယ် ။
ကျွန်တော့်ကို
တတိယအကြိမ်ညီလာခံအပြီး သိပ်မကြာခင် ( အောက်တိုဘာလကုန်လောက် )မှာ တပ်ရင်း
၂၀၉ သံလွင် စခန်းမှာဖမ်းခဲ့ တာပါ။ မြောက်ပိုင်းက ကြေးနန်းရိုက်
အကြောင်းကြားလို့  ကိုနိုင်အောင်တို့ က ကျွန်တော့်ကို ဖမ်းခဲ့ တာဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကြောရေး လုပ်ငန်းတွေကိုတော့ ကိုနိုင်အောင် ရဲ့ ခွင့်ပြုချက်နဲ
့ပဲ လုပ်ခဲ့ ကြတာပါ ။း ကိုနိုင်အောင့် ရှင်းလင်းချက်မှာ ကျွန်တော်နဲ
့ဆရာနေ၀င်းအောင်က တပ်ဖွဲ့ ဝင်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံ
ထွက်ဆိုချက်များ ပြောသလို ရေးထားပါတယ် ။ ( ဆရာနေ၀င်းအောင်နဲ့ ပတ်သက်တဲ
့အပိုင်းကိုတော့ သူကိုယ်တိုင်ပဲရှင်းပါလိမ့် မယ် ) ကျွန်တော့်ကို
စတင်စစ်ဆေးစဉ်မှာပဲ ကျွန်တော် ရန်သူ့ လူမဟုတ်တဲ့ အကြောင်း
အတန်တန်ငြင်းဆိုခဲ့ ပါတယ် ။ ရိုက်နှက်စစ်ဆေးမှုတွေသာ မလုပ်ခဲ့ ရင်
နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး ။ ဆရာနေ၀င်းအောင်ကိုတောင်
ဖမ်းစရာလိုမှာ မဟုတ်ပါဘူး။ အဒီလို မတရားညင်းပန်း ရိုက်နှက်စစ်ဆေးတာတွေကို
ကျတော့ ကိုနိုင်အောင်ဘာဖြစ်လို့  ထည့်ပြီး အများအရှေ့ မှာ
ရှင်းလင်းမရေးသားရတာလဲ ၊ ကျွန်တော့်ပါးစပ်က အလကားနေရင်း အားအားယားယား
ဘယ်တပ်ဖွဲ့ ဝင်ကိုမှ ဒုက္ခရောက်အောင်မပြောဘူး ။ ယောကျာ်းပီသပါ ကိုနိုင်အောင်
၊ ကိုယ့်လုပ်ဆောင်ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို သူများအပေါ်
ပုံမချပါနဲ့ ။ နောက်တစ်ချက် ရှိသေးတယ် ။
ကျွန်တော်ပြောတဲ့ နာမည်တွေမှာ ယနေ့ တိုင် စစ်အာဏာရှင် ဆန်
့ကျင်ရေးလုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေဆဲ ဖြစ်သောကြောင့်
ထုတ်ဖေါ်ပြောဆိုရန် မသင့်တော်ဟု ယူဆသဖြင့်တဲ့ ။ရိုက်နှက်စစ်ကြော်လို
့ထွက်လာတဲ့ နာမည်တွေကို ကာယကံရှင် တွေကကြားရရင် ရယ်လိမ့်မယ်ဗျာ ။
ကိုယ့်အတွက် အကာအကွယ်ဖြစ်မယ့် အချက်တွေကျ ဇွတ်အတင်းယူပြီး ဒုက္ခ ဖြစ်မယ့်
အချက်တွေမှ ကျွန်တော်တို့ အပေါ်ပုံချ။ တော်တော်ခေါင်းဆောင်ပီသတဲ့ လူပဲ ။
ကိုကိုကြီးပြောတဲ့ မှတ်ချက်တွေကို ကိုနိုင်အောင်
သေသေချာချာဖတ်စေချင်ပါတယ်။ ကျွန်တော့် ရဲ့ ထွက်ဆိုချက်တွေ အားလုံးကို
ရဲရဲသာဖွင့်ချလိုက်စမ်းပါ။ ကျွန်တော်ပြောခဲ့ တာအားလုံး
ယောကျာ်းပီပီတာဝန်ယူတယ်။မရိုးမသားနဲ့ အများအမြင်ရှုပ်ထွေးအောင် မလုပ်ပါနဲ
့။ မကဒတ အကျိုးအတွက် ကိုနိုင်အောင်ကြိုးစားခဲ့ တဲ့ ကာလတွေကို ကျွန်တော်
အသိအမှတ်ပြုတယ်။ အဲသည်လိုပဲ ကျွန်တော်တို့ ဘယ်လောက် ကိုယ်ရော စိတ်ပါ
ဒုက္ခရောက်ခဲ့ ရတယ်ဆိုတာ ကိုယ်ချင်းစာပါ။ အပြစ်ဆိုတာ ဆေးကြောမှသန်
့စင်ကြည်လင်တာပါ။ ကိုနိုင်အောင်ရဲ့ 
အနာဂတ်နိင်ငံရေး ရည်မှန်းချက်အတွက်နဲ့ တော့ ကျွန်တော်တို့ ဘ၀တွေကို ဆက်ပြီး
မနင်းချေချင်ပါနဲ့ ၊ ဒီနေ့ ဒီအချိန်အထိ အစိုးရဆီကနေ ဘာအကူအညီမှ
ကျွန်တော်မယူဖူးဘူး ။ ကျွန်တော့ဖြတ်သန်းမှုကို ကျွန်တော်လိပ်ပြာသန့် တယ်
စားဝတ်နေရေး အခက်အခဲတွေကြားထဲက ကျွန်တော်တို့ မတရားခံခဲ့ရတဲ့ ကိစ္စတွေအတွက်
ရိုးရိုးသားသား ကြိုးစားနေကြတာပါ ။ ကျွန်တော့ ရင်ထဲမှာ မကတဒ ကအမြဲရှိတယ်
FDB ရဲ့ ရပ်တည်ချက်ကိုလည်း ကျွန်တော်လေးစားတယ် ။ ကိုယ့်အတ္တအတွက်နဲ့ တော့
ဘ၀တူအားလုံးရဲ့ အနာဂတ်တွေကို မရိုက်ချိုးပါနဲ
့။ သမိုင်းမှာ
အဖုံးလွှမ်းအလိမ်အညာခံခဲ့ ရတဲ့ အမှန်တရားတွေ အများကြီးရှိပါတယ် ။ ဒါပေမယ်
့သူ့ အချိန်ကာလတိုက်ဆိုင်လာပြီဆိုရင်တော့ ပေါ်လာရတာပါပဲ ။
အနာဂတ်မျိုးဆက်တွေက ကျွန်တော်တို့ ထက် ပိုတော် ပိုထက်မြက်ပါတယ် ။ ကိုယ်
့ထက်အကောင်ငယ်တယ်ဆိုပြီး အထင်သေးရင်တော့ ၊ ဆက်ပြီးလိမ်ညာဖုံးကွယ်ဖို
့ကြိုးစားနေအုန်းမယ်ဆိုရင်တော့ အဲ့ ဒီအကျိုးဆက်တွေကို ကိုနိုင်အောင်
ကောင်းကောင်းကြီးခံစားရပါလိမ့်မယ် ။
- 46 shares
- ဘရာဇီး ငှက်ရိုး ကိုစိုးလင်းခင်ဗျာ... အမရဲ့ ကျန်းမာရေး အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်... နောက်ကျပြီးမှ ပြောဖြစ်ပေမဲ့ ဟက်ပီးဘတ်ဒေးပါ အကိုရေ...March 27 at 12:38am · · 1
- Ko Oo စိုးလင်းရေ၊ကျနော်လည်းလိုသေ
လာက်ပဲရေးပါတယ်၊ကိုနိုင်အော င်ရေးသလိုမျိုးကအကြောင်းမသိ တဲ့သူအတွက်တော့ဖတ်လို့ကောင်းပါလိမ့်မယ်၊သိတဲ့လူကျတော့သူဘယ်နေရာမှာအမှန်ရေးတယ်၊ဘယ် နေရာမှမမှန်ဘူးဆိုတာသိနေပါတ ယ်ဗျာ၊တကယ်ဆိုရင်မကဒတရဲ့ဂုဏ်သိက္ခာထိခိုက်စေတဲ့ကိစ္စကိုသူ့ကြောင့်မဟုတ်ပဲဝေဖန်ပြောဆိုနေသူတွေကြောင့်လို့ပြောနေ တာကိုကခေါင်းရှောင်နေချင်တဲ့ သဘောပဲ၊ March 27 at 12:52am · · 5 - Kyi Yu ကိုစိုးလင်းနဲ့ ကိုဦး... ခင်ဗျားတို့သိထားတဲ့ ကိုအောင်နိုင်ရဲ့ ထုတ်ပြန်ချက်ထဲက မမှန်တဲ့အချက်အလက်ကိုတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြီး အမှန်ကိုပြောစေချင်ပါတယ်။ နှစ်ကလဲကြာ၊ ခိုင်မာတဲ့မှတ်တမ်းတွေမျိုး
လဲ မရှိရင် နောက် ၅နှစ်-၁၀နှစ်လောက်ကြာရင် ကြမ်းပိုးကနေ လိပ်ဖြစ်သွားသလို ဖြစ်ရပ်မှန်ကနေ လွဲချော်သွားနိုင်ပါတယ်။ March 27 at 12:01pm · · 1 - Zarni Phonezaw ဒေါက်တာနိုင်အောင်ဆိုတာ သရဲဘောခပ်ကြောင်ကြောင်လူတစ်
ယောက်ပါလား။။။။။။။။။။။။။ - ဘရာဇီး ငှက်ရိုး ကိုဇာနည်ရေ... ကျနော့် စာမျက်နှာက ဥက္ကဌကတော် ရေးတာလေး ဖတ်ကြည့်ပါဦး... ပျော်သွားစေရမယ်လို့ကို အာမခံတယ်...
- Zarni Phonezaw ဒီအမျိုးသမီးရဲ့စိတ်ဓာတ်ကခပ
်ကြမ်းကြမ်းပဲထင်တယ် သူပြောသလိုဆိုရင်သေတဲ့လူတွေ ထဲမှာ စပိုင်ဆိုတာပါကိုပါရမယ်ဆိုတာမျိုးပဲဗျ ထင်တစ်လုံးနဲ့လိုက်ရမ်းနေတာ သူတောင်စပိုင်ဖြစ်နေမလားပဲ
No comments:
Post a Comment