Saturday, July 28, 2012

ထောက်လှမ်းရေးမဟုတ်ဘဲ ဘာကြောင့်ဝန်ခံကြရတာလဲ?

ထောက်လှမ်းရေးမဟုတ်ဘဲ ဘာကြောင့်ဝန်ခံကြရတာလဲ?

 မြောက်ပိုင်းလူသတ်ပွဲအကြောင်းတစေ့တစောင်း

by Baydar Lam on Friday, June 22, 2012 at 3:53pm ·
ထောက်လှမ်းရေးမဟုတ်ပဲဘာကြောင့်ဝန်ခံကြရတာလဲ?
၁၅ ယောက်ကိုမသတ်ခင် ၄-၅ ရက်လောက်ကထင်ပါတယ်။အလံတိုင်ကုန်း(ထောင်ကုန်း)အပေါ်မှာပဲအသစ်ဆောက်ထားတဲ့တဲ (နောက်ပိုင်း ရင်းမှုးအောင်ဆွေဦးရဲ.တဲ)ထဲမှာ သတ်မည့်စာရင်းထဲထည့်သင့်မထည့်သင့်အပြီးသတ်ဆုံးဖြတ်ချက်အချခံရမဲ့ သူတွေကိုသံချောင်းကခေါ်တွေ.ပါတယ်။ဘယ်နှစ်ယောက်ခေါ်တွေ.တာလည်းတော့အတိအကျ မသိပါဘူး။  ခေါ်ပြီးအမေးခံခဲ့ရသူတွေရေးကြပါအုံး။ကျွန်တော်သိတာက ကျွန်တော်ရယ်၊လှမြင့်ခေါ်ဇော်ကြီးရယ်၊မောင်မောင်ကြွယ်ရယ်၊ကျွန်တော်ကစပါ.မယ်။
အိမ်ထဲဝင်သွားတာနဲ.သံချောင်းကအစောင့်တွေကို "ငါ ကိုညီနဲ.လွတ်လွတ်လပ်လပ်စကားပြောချင်တယ်ကွာ၊မင်းတို.အပြင်ဘက်ထွက်ကြဆိုတာနဲ. စပါတယ်။ကော်ဖီတိုက်ပါတယ်။ဆေးလိပ်တိုက်ပါတယ်။မီးဖိုဘေးမှာရေနွေးသောက်ပြီးဇိမ်နဲ.စကားပြောရ တာပါ။သံချောင်းကမန္တလေးတက္ကသိုလ်ကအကြောင်းတွေကိုဟိုရောက်ဒီရောက်ပြောနေပြီးမှဇတ်ကနဲ. "ကိုညီညီ ခင်ဗျားထောက်လှမ်းရေးမဟုတ်မှန်း ကျွန်တော်သိပါတယ်။ကျွန်တော်တို.ဗျာတယောက်နဲ.တယောက်မန္တလေးမှာကတည်းကသိကြတာ…… ကျွန်တော် က CS မှားနေပြီ၊ကျွန်တော်က စစ်သားတယောက်ပါ၊မန္တလေးမှာ CS သိခဲ့တာဆိုတာ အပေါ်ယံပါ။ကျွန်တော့်ဘဝအမှန်မဟုတ်ပါဘူး။အဲဒီတုန်းကအရာရှိမဖြစ်သေးဘူးပေါ.ဗျာ။ သူက  ခင်ဗျားမကြောက်ပါနဲ.၊လီမ်နေစရာမလိုပါဘူး။ကျွန်တော်ကိုအားလုံးပြောလို.ရပါတယ်။ကျွန်တော်က "မဟုတ်ဘူး၊ CS ကိုရော ABSDF ကိုရော ကျွန်တောထပ်မညာချင်ပါဘူး။သူက ခင်ဗျားတို.တီးဝိုင်းအဖွဲ. ထဲက ခင်ဗျားထောက်လှမ်းရေးမှန်းဘယ်သူတွေသိသေးလဲ၊ ဘယ်သိမှာလည်းဗျာ ကျွန်တော့်အလုပ်ကို ကလျှို.ဝှက်အလုပ်ဥစ္စာ၊အားလုံးသိကုန်လို.ဘယ်ဖြစ်မှာလဲ၊ ဝင်းဗိုလ်ကခင်ဗျားအီမ်ဘေးတင်နေတာ သူရောမသိဘူးလား? မပြောတက်ဘူး၊ဒါပေမဲ့မသိနုင်ဘူးဗျ၊ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာနဲ.တူတယ်။ဒီတော့သူက ဟုတ်ပြီလေ၊ခင်ဗျား သူလျှိုတယောက်ဆိုရင်ပြီးတာပါဘဲ၊အေး မဟုတ်ပဲနဲ.ခံရတယ်ဆိုရင်တော့ပြောနော် ကျွန်တော်အကုန်လုပ်ပေးလို.ရတယ်။ပွင့်ပွင့်လင်းလင်းပြော၊လူတွေအများကြီးဖမ်းထားတာ ဆိုတော့တချို.မှားဖမ်းတာလည်းပါချင်ပါမှာပေါ.။တကယ်လို.ခင်ဗျားထောက်လှမ်းရေးမဟုတ်ရင် ကျနော်လွတ်ပေးလို.ရတယ်။ ကျွန်တော်က "မလုပ်ပါနဲ.ဗျာ-ကျွန်တော်ကျောင်းသား တပ်မတော်ကိုထပ်ပြီးမလီမ်ပါရစေတော့၊နောက် CS ကျွန်တော်ကိုခင်နေတာကိုလည်း အခွင့်ကောင်းမယူချင်ပါဘူး။အခုလိုသဘောထားကြီးပြီးမသတ်ပဲထားတာကိုကကျေးဇူးကြီး လှပါပြီ။နောက်စကားတွေဆက်ပြောဖြစ်ကြပါသေးတယ်။နောက်ဆုံးပြန်ခါနီးပြောတဲ့စကားတွေကို ကြည့်ပါအုံး၊"ကဲ ကိုညီညီ  ခင်ဗျားတကယ်ကိုရိုးသားတာသိရလို. ဝမ်းသာပါတယ်။ခင်ဗျားရိုးသားတော့အသက်ရှည်တာပေါ.ဗျာ;  တဲ့ အဲဒီလီမ်လည်မှုက ကျွန်တော်အသက်နဲ.နောက်မန္တလေးကလိုက်လာပြီး AB ထဲမှာအကျယ်ချုပ်နဲ.နေ နေရတဲ့ ကျွန်တော့်အကိုရဲ.အသက် လူ ၂ ယောက်ရဲ.အသက်ကိုကယ်ခဲ့တာ လို.ပြောလို.ရပါတယ်။ဝန်မခံလို.ရိုက်သတ်ခံရတဲ့ အေးကျော်တို.၊ကျော်ဌေးတို.၊ပြည့်စိုးနိုင်တို.၊ ခင်မောင်စိုးတို.၊အကြွေးတောင်းမိလို. ရင်ကျန်းထမင်းဆိုင်ကခေါ်လာပြီးအသတ်ခံခဲ့ရတဲ့       ရာကွက်ဘိုင်တို. ကိစ္စတွေကိုကြည့်ပါ။ဝန်မခံလို.အသတ်ခံခဲ့ရတာပါ။နောက်ယုံပြီး DRနိုင်အောင်တို.ကိုအမှန်ပြောပြလို. အရိုက်ခံရတဲ့ ကိုသိန်းထွန်း အကြောင်းဖတ်ပြီးသားဖြစ်မှာပါ။သံချောင်းကျွန်တော့်ကိုစစ်သလိုမျိုး နိုင်အောင်နဲ.အောင်နိုင်တို. ကျွန်တော့်ကိုထပ်လုပ်ကြပါသေးတယ်။အလကားနေရင်းသွေးဆာနေပြီးသတ်ရမဲ့အကွက်ချောင်းနေတဲ့ သူတွေပါ။ဇော်ကြီးအကြောင်းဆက်ပါမယ်။ဇော်ကြီးက ထမင်းစားနေချိန်မှာ ကျွန်တော့်ကိုလာပြောပါတယ်။ အစ်ကို "ကျွန်တော်လွတ်တော့မှာ" ဟေ ဘာလို.လဲ ကွ သံချောင်းကမေးတော့ ကျွန်တော်ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းအကုန်ဖွင့်ပြောလိုက်တယ်။သူက သေချာနားထောင်ပြီး မင်းကိုငါလွတ်ပေးမယ်။ဒါပေမဲ့ ၃-၄ ရက်လောက်တော့ဟန်မပျက်နေအုံးဆိုပြီးပြန်ပို.ထားတာ။ညနေကျတော့ မှားအဖမ်းခံရတဲ့ဇော်ကြီးဆိုတာမင်းလားကွဆိုပြီး အကွဲအပြဲ လာရိုက်သွားတာကြပါတယ်။ ၁၅ ယောက်အသတ်ခံရတဲ့အုပ်စုမှာပါသွားခဲ့ပါတယ်။
နောက်တယောက်က မောင်မောင်ကြွယ်
နောက်ရက်မှာ အိမ်သာသွားရင်းသူကပြောပါတယ်။အစ်ကိုရေ ဖြစ်ချင်ရာဖြစ်ဆိုပြီး သံချောင်းကိုအခြေအနေအမှန်တွေကိုအကုန်ဖွင့်ပြောလိုက်တယ်။ကျွန်တော်မဟုတ်တဲ့အကြောင်းနဲ. ကျွန်တော်သိသမျှ ကျန်သူတွေလည်းတယောက်မှထောက်လှမ်းရေးမဟုတ်တဲ့ အကြောင်းပြောပြလိုက်တယ်။တော်လှန်ရေးမသေစေချင်ရင် ဒီကိစ္စပြတ်အောင်ရှင်းပါလို.ပြောလိုက်တယ်။ မင်းကွာ မိုက်လိုက်တာ …မတတ်နိုင်ဘူး ကျွန်တော်လည်းစိတ်မထိန်းနိုင်လို. …..
မောင်မောင်ကြွယ် ၁၅ ယောက်ထဲမှာ အခုတ်ခံလိုက်ရပါတယ်။
ဒါဆိုရင် DR နိုင်အောင်တို.အုပ်စု ကျေနပ်အောင်နာမည်အမျိုးမျိုးနဲ. comment ဝင်ရေးနေတဲ့သူတွေ ၊ွ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို.အတွက် အဖြစ်မှန်ကို တိုက်ခိုက်နေသူတွေသိလောက်ပါပြီ။
ဆမား ညီညီ ၂၂-၆-၂၀၁၂
 ၈၈ ကျောင်းသားရဲဘော်ဟောင်းများ
 (OSC)

· · · Share

  • 25 shares
    • Ko Lin Wai Aung ကိုစိုးလင်းလဲ နိုင်အောင်ကို မဟုတ်ပါဘူးလို့ ပြောလိုက်တာ ...... ဒုက္ခရောက် တော့တာဘဲလေ.....
      June 22 at 11:15pm · · 1
    • Kyaw Gyi AB ကျွန်တော်လဲ သံချောင်းနဲ့  သီးသန့်  နှစ်ကြိမ်တွေ့ ခဲ့ရတယ် ၊နှစ်ကြိမ် စလုံးမှာ အောင်နိုင်ရှိတယ် ၊ ကျွန်တော် အစောဆုံးဖြစ်မယ် ထင်တယ်၊ ကျွန်တော် လဲ ရေးပါမယ်။
      June 23 at 3:22am · · 2
    • Nang Aung Htwe Kyi အင်းး သံချောင်း .. သံချောင်း .။ တော်တော်လာတဲ့လူဘဲ.။ တော်သေးတာပေါ့ ။သူ့ဆင်ကွက်ထဲမဝင်သွားတာ။
      June 24 at 3:44pm · · 1
    • Kyawnaing Oo ကြောင် တို့ လည်း တွေ့ သေး ဒါ ပေါ့
      June 24 at 7:03pm · · 1

No comments:

Post a Comment