လမ်း
by Nang Aung Htwe Kyi on Monday, July 16, 2012 at 12:42pm ·
တခါက ကတိစကားတခုပြုခဲ့တယ်..
ပြုခဲ့တဲ့ ကတိစကားစုအတွက် လမ်းတခုကိုလျှောက်လှမ်း ရင်ဆိုင်နေတယ်။
ရင်ဆိုင်နေစဲလမ်းတဝက်မှာ ဝေဖန်ပြစ်တင်မှု့တွေခံစားနေရတယ်..
ပြသနာတခုကို အပြစ်တင်ဝေဖန် ရှုပ်ချရတာလွယ်ကူတယ်..
ပြသနာတခုကို လက်တွေ့ရင်ဆိုင်ဖြေရှင်းရတာက ပိုခက်ခဲတယ်။
အရာရာတိုင်းဟာ စိတ်ကူးအတွေးမှာ ပိုအဆင်ပြေ ချောမွေ့နေလိမ့်မယ်..
အရာရာတိုင်းဟာ လက်တွေ့မှာ စိတ်ကူးအတွေးထဲကနဲ့ ကွာခြားနေတတ်တယ်။
လက်တွေ့မပါ ဟစ်ကြွေးတာ ကြားကောင်းတယ် .. လွယ်ကူတယ်..
လက်တွေ့မှာ လုပ်ကြည့်ပါ ခက်ခဲမှု့နဲ့ကြုံတွေ့ရတယ်။
ခက်ခဲတဲ့ ပြသနာလမ်းမှာ ရင်ဆိုင်ရင်း နက်နဲတဲ့အတွေ့အကြုံတွေကို ရလာတယ်..
နက်နဲတဲ့ အတွေ့အကြုံတွေကို ယူဆောင်ပြီးခက်ခဲတဲ့ ပြသနာတွေကိုရင်ဆိုင်တတ်ရမယ်။
ပြသနာလမ်းတလျောက် နားလည်စာနာမှု့နဲ့ အကြံကောင်းပေးသူတွေ့ရမယ်..
ပြသနာလမ်းတလျောက် နားလည်မှု့လွဲလို့ အပြစ်တင်ဝေဖန်သူတွေနဲ့လဲတွေ့ရမယ်..
ပြသနာလမ်းတလျောက် တားဆီးပိတ်ပင်မှု့တွေနဲ့လဲ ကြုံရမယ်။
ဝေဖန်မှု့တွေအတွက် အားမလျော့ပါနဲ့..
ပြစ်တင်မှု့ တွေအတွက် နောက်မဆုတ်ပါနဲ့..
တားဆီးမှု့ တွေအတွက် ရပ်တန့်မသွားပါနဲ့။
နောက်မဆုတ် အားမလျော့ဘဲ ရှုပ်ချဝေဖန်မှု့တွေကို နှလုံးသားနဲ့အနီးဆုံးနေရာမှာထားပြီး...
ပြသနာလမ်းမပေါ်မှာ * ရသလောက်ပေးသလောက် * ဆက်သာရင်ဆိုင်လျှောက်လှမ်းပါတော့။
ပြီးတော့ ကြွေးကြော်လိုက်ပါ...
ငါ့ကတိ ငါ့သစ္စာတရားအတွက် ပြသနာလမ်းမပေါ်မှာ ငါလျှောက်နေတယ်...
ငါရှေ့ဆက်လို့ လျှောက်နေတယ် ..
ငါရင်ဆိုင်နေတယ် ... ငါရင်ဆိုင်နေတယ်...လို့။
( လမ်းတလျှောက် အစဉ်တစိုက် နားလည်မှု့များနှင့် ပံ့ပိုးကူညီပေးမှု့များအား ထာဝရ ကျေးဇူးတင်လျှက် )
ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ..
ကိုညီညီကျော်
ကိုရဲလင်း
ကိုကျော်နိုင်ဦး
ကိုထိန်လင်း
နန်းအောင်ထွေးကြည် နှင့် ABSDF-NB မြောက်ပိုင်းပြန်မောင်နှမများ ။

- 13 shares
- Nicky Shein အမှန်တရားနဲ့ယှဉ်ပြိုင်တဲ့အ
ခါတိုင်း အခက်အခဲဆိုတာ၊ အချိန်တိုင်းနေရာတိုင်းမှာ ကြုံတွေ့ဖြစ်မြဲ ဓမ္မတာတခုပါ၊ ဆန္ဒ ဝတော၊ ကိံနာမ ကမ္မံ ၊ နသိစ္ဖျှတု၊ ဆိုလားပဲ ပါဠိလို စာလုံးပေါင်း မသေချာပေမဲ့ သေချာတာက သူ့အဓိပါယ်ပါပဲ၊ ဆန္ဒရှိသူအား မည်သည့်အရာကမျှ တားဆီးနိုင်လိမ့်မည် မဟုတ် ၊ လို့ ဆိုပါတယ်၊ ဆန္ဒ အမှန်သာ ရှိလိုက်ကြစမ်းပါ ၊ အတားအဆီးများကို ရင်ဆိုင်ပေးကြမဲ့ အဝန်းအဝိုင်းက ထုနဲ့ဒေး ရပ်တည်ပေးနေကြပါကြောင်း.... July 16 at 1:13pm · · 7 - Nicky Sheinခက်ခဲတဲ့ ပဟေဠိ ပုစ္ဆာတိုင်းကို အဖြေရှာတဲ့အခါ ၊ ပုစ္ဆာ အတိုင်းကွေ့ကောက်ပြီး လိုက်မစဉ်းစားပဲ၊ ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ
တွေးပြီး အဖြေထုတ်မှ အဖြေစစ်ကို ရပါတယ်၊ ဘေးက လူတွေ ဝေဖန်တာလွယ်တယ် ဆိုတာလဲ မမှားပေမဲ့ ကျားထိုးနေသူထက် ဘေးကရပ်ကြည့်သူက အကွက်ပိုမြက်တတ်တာလဲမမေ့ပါနဲ့၊ သေချာတာက ကျားကို တရားဝင်ကစားနေသူကပဲ ကျားကွက်ကိုရွှေ့ရတာလဲ ပြိုင်ပွဲစည်းကမ်းပါ၊ ကိုယ်တိုင်အကွက်လဲ မြင်ပြီး ကိုယ်တိုင် အကွက်ရွှေ့  ဖို့ကတော့ ကိုယ့်ကိစ္စပေါ့၊ အမှန်အမှားကို တော့၊ ပရိတ်သတ်က အဆုံးဖြတ်ပေးမဲ့ ဒိုင်လူကြီးပဲ၊ ဘယ်သူ့ကို နိုင်စေချင်လဲဆိုတာကတော့ ဘေးက ဝင်ကူမဲ့သူရဲ့ ရပ်တည်ချက်နဲ့ ဆိုင်ပါလိမ့်မယ်၊ July 16 at 1:46pm · · 2 - K Ki Ki ..အဲဒါ ဘဝတိုက်ပွဲပဲ...။ ဇွဲ သတ္တိ ဝိရိယ ဥာဏ်ပညာ တွေ အသုံးပြုပြီး.. ဆူးခက်လွှမ်းနေတဲ့ လမ်းတလျှောက် မဆုတ်မနစ်လျှောက်လှမ်း ရင် .. နောက်ဆုံးတော့ .. မျှော်လင့်ချက် ပန်းတိုင်ရောက်မှာပါ.. ဆက်လုပ်။ .. ဒါပေမဲ့ ရန်သူကိုလည်း အထင်မသေးနဲ့ ..သတိ..သတိ အမြဲရှိပါ ။July 16 at 4:30pm · · 4
- Htein Lin အရင်ကထက်တောင် အရေးအသားတွေက ကောင်းလာသလိုပဲ။ပြသနာထူတဲ့လ
မ်းလျောက်လို့ထင်တယ်။ ၀ဲပေါက်တဲ့ကြားက ၀ဲကုတ်ရတာဇိမ်တွေ့သလိုပဲ ။ပြသနာထူတော့ ပြသနာကုတ်ရင်း ဇိမ်ယူနေတယ်ထင်တယ်။ July 16 at 6:42pm · · 7 - Nang Aung Htwe Kyi နင်တို့ နဲ့နေရင် ငါရီနေရောဘဲ ထိန်လင်း .. ကိုရဲ ၊ ညီကျော် ၊ ကြောင်အတူတူဘဲ ။ ပေါက်ကရ ရှာပြောတတ်တယ် ။
- Kyawnaing Oo ငါ့ကတိ ငါ့သစ္စာတရားအတွက် ပြသနာလမ်းမပေါ်မှာ ငါလျှောက်နေတယ်...
ငါရှေ့ဆက်လို့ လျှောက်နေတယ် ..
ငါရင်ဆိုင်နေတယ် ... ငါရင်ဆိုင်နေတယ်...လို့။July 16 at 9:13pm · · 1 - Nicky Sheinကိုထိန်လင်းကို ကျွန်တော်တခါမှ တိုက်ရိုက် မပြောခဲ့ဘူးပါ၊ ခုတော့ ကြုံလာလို့ တိုက်ရိုက်ပဲ ပြော လိုက်ပါရစေ၊ ခံခဲ့ရတာ ခင်ဗျားတို့ကိုယ်တိုင်ပါ၊ ပေါ့ပေါ့လေး ဟာသလုပ်ပလိုက်တာက စာရေးတဲ့ တင်ပြပုံမှာဖတ်လို့်ကောင်းေ
နပေမဲ့ အပြင် က လက်တွေ့ မှာ အင်မတန် နာကြည်း ကျေကွဲစရာ ကောင်းတာကို ခင်ဗျားတို့က ပိုသိမှာပါ၊ ဒိနေရာမှာတော့ ဘေးလူတွေက အလေးအနက် ထားတာထက် ကာယကံရှင်က ပိုလေးနက်သင့်တာ သဘာဝကျပါလိမ့်မယ်၊ ခံခဲ့ရတဲ့ ခင်ဗျားအပါအဝင်က ဒီကိစ္စကို အလေးအနက် မထားသလိုမျိုး လုပ်နေပုံက အလေးအနက်ထားနေတဲ့ ဘေးလူတွေရဲ့ စာနာမှုကို စော်ကားသလိုသက်ရောက်နေတာ သတိထားမိဖို့လဲလိုပါတယ်၊ ခင်ဗျားက ဇာဂနာ မဟုတ်ပါဘူး၊ ခင်ဗျားကို ကျွန်တော်တို့က ဇာဂနာထက် အများကြီးတန်ဖိုးထား လေးစားစရာလူလို့ ရှုမြင်ပါတယ်၊ ဒါဟာ ပြဇာတ်တပုဒ်ကို အပျင်းပြေကပြနေတဲ့ အရပ်ဇာတ်ပွဲ မဟုတ်သလို ဗမာ့နိုင်ငံရေးရဲ့ အင်မတန် အရေးပါတဲ့ အချိုးအကွေ့ တခုကို ဖန်တီးခဲ့မှု တခုပါ၊ မဆိုင်သူတွေလို့ပြောလို့ရတဲ့  ကျွန်တော်အပါအဝင် အခြားသော လူများကအလေးအနက်ထားပြီး ခုကိစ္စအပေါ် အာရုံစိုက်နေကြတဲ့ အချိန် ကာယကံရှင် ခင်ဗျားတို့က ခုချိန်ကျမှ ရူးချင်ယောင်ဆောင်နေလို့မရေ တာ့ပါဘူး၊ ဒီပြသနာကို ပထမဆုံး စပြီး လူအများသိအောင် ဖွတာက ခင်ဗျားပါ၊ အောင်မိုးဝင်း လဲ ဘေးလူပေမဲ့ ဒီဇာတ်လမ်းကို သူသိသလောက်အမုန်းခံပြီး ဝင်ရေးလို့ ဇာတ်ထုပ်တခုလုံးနီးပါး ရုပ်လုံးကြွလာခဲ့ရတာပါ၊ ခင်ဗျားတို့ အကြောင်းနဲ့ ခင်ဗျားတို့ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ခင်ဗျားတို့ ဒီ လူသတ်ကောင်တွေကို ဖေါ်ထုတ်အရေးယူဖို့ တာဝန်ရှိနေပါတယ်၊ ဒါဟာတိုင်းပြည်ရဲ့ အနာဂါတ် ကိစ္စနဲ့ တိုက်ရိုက်သက်ဆိုင်နေသလို တာဝန်ရှိတဲ့ ခင်ဗျားတို့က မဖေါ်ထုတ်ပဲ ဝေ့လည်ကြောင်ပတ်လုပ်နေရင်၊ လက်သစ် ဗိုလ်နေဝင်း တွေအများကြီး ကို တိုင်းပြည်ရဲ့ အနာဂါတ်အတွက် မွေးထုတ်ပေးတဲ့ သူတွေအဖြစ် ခင်ဗျားတို့အားလုံ်းသမိုင်း မှာ တွင်ကျန်နေရစ်လိမ့်မယ်လို့ ထောက်ပြချင်ပါတယ်၊ တကယ်လို့ ခင်ဗျားတို့ကာယကံရှင်တွေက ပေါ့ပေါ့ဆဆနေသွားကြမယ်ဆိုလဲ ပြသနာတော့ မရှိပါ၊ ထုတ်ဖေါ်ရေးသားမှုရဲ့ အထောက်အထားတွေအရ ရော၊ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေရဲ့ ရုပ်လုံးပေါ်နေမှုတွေအရရော ကျွန်တော်တို့ ဆက်ကျိုးစားနိုင်လောက်တဲ့ အထောက်အထားနဲ့ သက်သေတွေ ကာယကံရှင်တွေနဲ့ ဆက်ပြီး ဖေါ်ထုတ်သွားနိုင်စရာတွေရှိေ နပါပြီ၊ ဒီနေရာမှာ တခုလောက်ထောက်ပြချင်တာက ခုလို ခင်ဗျားတို့ ဝေ့လည်ကြောင်ပတ်လုပ်နေမှုတွေကြောင့် တခြားသူတွေဖေါ်ထုတ်မှ ဒီအမှု ပြသနာရှင်းပြီးတဲ့အခါမှာ၊ လုပ်သင့်တာကို မလုပ်ခဲ့ပဲ အလကား ၂ပဲ ၆ပြား စာတွေရေးပြီးသက်သက်ဖွသွားတဲ့  လူတွေအဖြစ်ရော၊ ခံလဲခံခဲ့ရသေး တာဝန်မကျေမှုကြောင့် အပြစ်လဲ အပြောခံ၇သေးဆိုတဲ့ မိအေးထက် ဆယ်ခါပြန်နာတဲ့ ဘဝမျိုး ခင်ဗျားတို့ မကြုံသင့်ကြဘူးလို့ ကျုပ်က ပူပန်မိပါတယ်။ ဘာပဲဖြစ်စေ ခုပြသနာဟာ ခင်ဗျားတို့ရဲ့ ကိုယ်ရေးကိုယ်တာပြသနာ အဖြစ် မရှုမြင်ပဲ အနာဂါတ်မြန်မာပြည်ရဲ့ အင်မတန်အရေးပါတဲ့ အချိုးအကွေ့တခုမှာ ပါဝင်ခဲ့တဲ့ ABSDF နဲ့ မြန်မာ့သမိုင်းရဲ့ ဖြစ်စဉ်တခုအဖြစ် အလေးထားသင့်ကြောင်းထောက်ပြ ဆွေးနွေးလိုက်ကြောင်းပါ ခင်ဗျား..။ July 17 at 8:30am · · 5Nang Aung Htwe Kyi ဖေ့စ်ဘွတ်မှ ကူးယူဖေါ်ပြသည်။
No comments:
Post a Comment