88 ကျောင်းသားခေါင်းဆောင်များ နဲ့  အထိမ်းအမှတ်ရင်ပြင်
by Kyaw Gyi AB on Friday, March 2, 2012 at 4:18am ·
88 ကျောင်းသားခေါင်းဆောင်များ မန္တလေးမြို့  မြောက်ပိုင်းတွင်ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ 
ကျင်းပခဲ့ရာ မြဝတီမင်းကြီးကျောင်းတိုက်သို့  ရောက်ရှိစဉ် ဆရာတော်ဘုရားကြီးမှ ဦးစွာ အထိမ်းအမှတ် ရုပ်ထု နှင့်
မဟာဗောဓိရင်ပြင် တည်ဆောက်နေမှုအား ကြည့်ရှုစေခဲ့သည်။
ဆရာတော်ကြီးမှ အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် နှင့် ကျောင်းသားများ မတရားသတ်ဖြတ်
ခံရမှု အတွက် ဆရာတော်၏ ရပ်တည်ချက်၊ အထိမ်းအမှတ် တည်ခွင့်ပြုခဲ့ပုံ ၊ ငြိမ်းချမ်းစွာ ခိုလှုံရာအဖြစ် ဆရာတော်ကိုယ်တိုင်
ပင့်ဆောင်လာသော မဟာဗောဓိ ပင်အရိပ်မှာ ခိုလှုံခွင့်ပေးခဲ့ပုံ၊ စတာတွေကို ကိုယ်တိုင် ရှင်းလင်းပြခဲ့ပါတယ်။
![](https://fbcdn-sphotos-a.akamaihd.net/hphotos-ak-ash4/s720x720/417110_195063807265831_1904148873_n.jpg)
![](https://fbcdn-sphotos-a.akamaihd.net/hphotos-ak-ash4/s720x720/419111_195064117265800_1575663995_n.jpg)

- 13 shares
- Nicky Shein ကိုင်း, အားလုံးသဘောပေါက်ကြသင့်ပြီ၊
လူသတ်အယုတ်တမာကောင်တွေ ကို ဘယ်လူကောင်း သူကောင်းက မှ လက်မခံပါ ကြောင်း March 2 at 4:34am · · 5 - Htay Tintမြောက်ပိုင်းက ကြေးနန်းရိုက်တယ် ။ တောင်ပိုင်းညီလာခံမှာ ချပြတယ် ။
ထောက်လှမ်းရေး ၁၀၀ ကျော်မိထားတယ် လို့ မိုးသီးကြေညာတယ် ။
တောင်ပိုင်းက ပညာတတ်တဝက်တပျက်တွေ ယုံကြည်ကြတယ် ။
တောင်ပိုင်းမှာ လူဖမ်းပွဲကြီး လုပ်နေတုံး နိုင်အောင် မိုးသီး ၂ ခြမ်းကွဲသွားတယ် ။
နိုင်အောင်လဲ ဖမ်းမိန့် ထုတ်ခဲ့တာဘဲ ။ မိုးသီးလဲ ဖမ်းမိန့် ထုတ်ခဲ့တာဘဲ ။
တော်လှန်ရေး တည်ဆောက်ဖို့  အတွေးအခေါ် မတူသူတွေ အားလုံး
ရန်သူ ထောက်လှမ်းရေး တွေဖြစ်တယ်ဆိုတဲ့ အတွေးအခေါ် ဝင်သွားခဲ့တယ် ။
လူသတ်မှုကို သတင်းဖျောက်ဖို့ နှစ် ၂၀ ကျော် လုပ်ရင်း
တော်လှန်ရေး အလုပ်တွေ ရပ်သွားရင် တောထဲက လူသတ်မှုတွေ ပေါ်လာမှာ စိုးလို့ 
လုပ်ရင်း လုပ်ရင်း ။ ဘီယာတွေ သောက်ရင်း အမိန့် စာတွေ ထုတ်ရင်း
လူသတ်မှု လွတ်မြောက်နယ်မြေ ဖြစ်တဲ့ မြန်မာပြည်ကို မြို့ ခိုတော့မယ် ။
လူသတ်တရားခံတွေ မြန်မာပြောင်းလဲရေး ဒီမိုကရေစီ ရေစီးကြောင်းထဲမှာ
နိုင်ငံခြားပြန် ပညာရှင်နေရာတွေက လူထုကို ဦးဆောင်ဖို့ ကြိုးစားနေပြန်ပြီ ။
ဒီလိုလူတွေ မြန်မာပြည်က လက်ခံရင်တော့ မြောက်ပိုင်းထက် အဆ ၁၀၀ ဆိုးတဲ့
လူသတ်မှုတွေ ဖြစ်တော့မယ် ။ သူတို့ က လူသတ်ပြီး အမှုဖျောက်တာ
အဖွဲ့ အစည်းနာမည်တွေခွဲ တရားဝင်စာထုတ်ပြီး နိုင်ငံတကာကို လိမ်ညာတာ
နဝတ နအဖ စစ်အစိုးရထက် ကျွမ်းကျင်တယ် ။March 2 at 5:26pm · · 8
No comments:
Post a Comment