Saturday, July 28, 2012

ခင်ရွှေလှိုင်သို.ပြန်ကြားစာ-

ခင်ရွှေလှိုင်သို.ပြန်ကြားစာ- ရေးသားသူ ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း)

by Baydar Lam on Tuesday, March 27, 2012 at 9:04pm ·
ခင်ရွှေလှိုင်သို.ပြန်ကြားစာ
ခင်ရွှေလှိုင်ကိုခင်မင်ဖူးတဲ့ရဲဘော်ရဲမေတဦးအနေနဲ.အကြံပေးလိုတာကဘယ်အရာကိုမှ မိမိသမိုင်းကြောင်းနဲ.ဂုဏ်သိက္ခာအတွက်တွယ်ဖက်မနေပါနဲ.။အမှန်တရားကိုတွေ.ပြီသိပြီဆိုတာနဲ.ရဲရဲ      ဝန်ခံပြီးအဖြစ်မှန်တွေကိုဖွင့်ချပါ။ကိုယ်အဖမ်းမခံရပြီးရောဆိုပြီးအခြားသူတွေအဖမ်းခံနေရချိန်မှာဖာသိဖာသာနေနိုင်ခဲ့တဲ့အတွက်အရှက်တရားထားပြီး မကဒတ ရဲ.ဂုဏ်သိက္ခာအတွက်ပြန်လည်ဆေးကြော       ခြင်း၊မကဒတ မျက်နှာဖုံးအောက်မှာရာဇဝတ်မှုတွေကိုကျုးလွန်ခဲ့တဲ့ရာဇဝတ်သားတွေကိုဖော်ထုတ်ရေး      အစီအစဉ်မှာပါဝင်ပေးပါ။အနည်းဆုံးတော့ကိုယ်ရဲ.မျိုးဆက်ကလေးတွေအနေနဲ.လူ.ဘဝထဲရဲရဲဝံဝံနဲ.သူများတွေမျက်နှာကိုကြည့်ရဲတဲ့သူတွေဖြစ်လာပါလီမ့်မယ်။ခင်ရွှေလှိုင်ရဲ. comment ထဲကလူ  ၅ ယောက်လေက်ဆိုရင်ဖြစ်နိုင်ပါတယ်လို.ဆိုတော့ကျန်တဲ့လူ ၁၀၀ ကျော်မတရားဖမ်းဆီးခံခဲ့ရတာ။        သေတဲ့သူ ၄၀ လောက်ထဲက ၃၅ ယောက်လောက်ကတော့အပြစ်မဲ့သူတွေပါလို.ခင်ရွှေလှိုင်ဝန်ခံလိုက်      ပြီပေါ.။အဲဒီတော့ GOSDA ရုံးကနေပြီးနိုင်ငံရေးလုပ်သွားတဲ့သူတဦးက မိခင်အဖွဲ. အနကလ ရဲ. ဥက္ကဌ       ကဦးစီးပြီးလူသတ်ပွဲ၊နှိပ်စက်ပွဲလုပ်ခဲ့တာကိုတော့လက်ပိုက်ပြီးကြည့်နေခဲ့တာ။အနှစ် ၂၀ ကျော်ဘာမှ         မပြောပဲနေခဲ့တာလိပ်ပြာသန်.ပါသလားလို.မေးချင်ပါတယ်။နောက်ပြီးသံခဲနဲ.ပက်သက်ပြီး သူယူထားတဲ့နေရာ၊သူမြောက်ပိုင်းနဲ.ပက်သက်ခဲ့မှုတွေအတွက်သူပြန်ပေးဆပ်ခဲ့တာကရာဇဝတ်မှုတွေကိုလက်ပိုက်ထိုင်ကြည့်ပြီးနှုတ်ပိတ်နေခဲ့ခြင်းပဲဖြစ်ပါတယ်။တောင်ပိုင်းမှာတယောက်နဲ.တယေက်အပြစ်ပုံချပြီးကိုယ်လွတ်ရုန်းဖို.ကြိုးစားနေတဲ့သူတွေအကြောင်း ခင်ရွှေလှိုင်  ပိုသိမှာပါ။အမှန်ကိုမြင်ပြီး            ပူးပေါင်းလာမယ်ဆိုရင်(ကိုယ်တိုင်ရာဇဝတ်မှုတွေကိုကျုးလွန်ထားတာမရှိလို.)အားလုံးကခွင့်လွတ်နိုင်    ကြမယ်ထင်ပါတယ်။ခင်ရွှေလှိုင်အပါအဝင်မည်သူမဆိုရာဇဝတ်မှုဖော်ထုတ်ရေးအတွက်ပူးပေါင်းလာကြမယ်ဆိုရင်ကြိုဆိုပါတယ်။နောက်တခါတောင်ပိုင်းမှာထပ်မံခြီမ်းခြောက်ခြင်းခံနေရတဲ့ကျနော်တို.၇ဲ.သေဖော်သဖက် ၃ ဦးကိုလည်းခင်ရွှေလှိုင်ရဲ.ခင်ပွန်းမှတဆင့်အကာအကွယ်ပေးဖို.ပြောဆိုပေးပါ။          ရာဇဝတ်မှုအသစ်တွေထပ်မဖန်တီးကြပါနဲ.တော.။ များမျးလုပ်ထားတဲ့သူတွေကတော့များများအပြစ်ခံ     ရမှာဖြစ်ပေမဲ့နည်းနည်းပဲလုပ်ထားတဲ့သူတွေကတော့နည်းနည်းပဲခံရမှာဖြစ်ပြီဲးအလျှင်းသင့်ရင်ခွင့်လွတ်မှုကိုခံစားရနိုင်ပါတယ်။မေးစရာလေးကျန်သွားလို.မေးကြည့်ပါရစေ။ခင်ရွှေလှိုင်က ဖြစ်ခြင်းဖြစ်ရင်           စပိုင် ၅ ယောက်လောက်တော့ရှိလီမ့်မယ်ဆိုတော့အဲဒီသံသယရှိတဲ့ စပိုင် ၅ ယောက်ရဲ.နာမည်လေးကို တဆိတ်လောက်POSTမှာတင်ပေးစမ်းပါ။ဒီမှာကျန်ခဲ့တဲ့လူ၁၀၀လောက်ကဝိုင်းစုံစမ်းကြစစ်ဆေးကြ လုပ်ကြပေမဲ့ အနှစ် ၂၀ ကျော်တဲ့အထိတယောက်မှမပေါ်လို.ပါ။ဒါပေမဲ့ မကဒတ ထောက်လှမ်းရေးအဖွဲ.မှာပါခဲ့တဲ့သူတွေကတော့ မသင်္ကာံစရာလူတွေနဲ.ပေါင်း၊အဖွဲ.တွေနဲ.ပေါင်းပြီး      မသင်္ကာံစရာအလုပ်တွေလုပ်နေကြနေလေရဲ.။ ခင်ရွှေလှိုင်ဆက်ရေးမဲ့ POST တွေကိုဆက်ဖတ်နေရအုံးမယ်လို.မျှော်လင့်နေတဲ့  ……………………
                                                                      ညီညီ မြောက်ပိုင်းရဲဘော်ဟောင်း


· · Share

  • 6 shares
    • Aye Aye Soe Win This woman's conscience is something.....something that Dante would have loved to examine! I mean if he were still alive!
      March 28 at 4:09am · · 1
    • Nang Aung Htwe Kyi
      ။ခင်ရွှေလှိုင်က ဖြစ်ခြင်းဖြစ်ရင် စပိုင် ၅ ယောက်လောက်တော့ရှိလီမ့်မယ်ဆိုတော့အဲဒီသံသယရှိတဲ့ စပိုင် ၅ ယောက်ရဲ.နာမည်လေးကို တဆိတ်လောက်POSTမှာတင်ပေးစမ်းပါ။ဒီမှာကျန်ခဲ့တဲ့လူ၁၀၀လောက်ကဝိုင်းစုံစမ်းကြစစ်ဆေးကြ လုပ်ကြပေမဲ့ အနှစ် ၂၀ ကျော်တဲ့အထိတယောက်မှမပေါ်လို.ပါ။ဒါပေမဲ့ မကဒတ ထောက်လှမ်းရေးအဖွဲ.မှာပါခဲ့တဲ့သူတွေကတော့ မသင်္ကာံစရာလူတွေနဲ.ပေါင်း၊အဖွဲ.တွေနဲ.ပေါင်းပြီး မသင်္ကာံစရာအလုပ်တွေလုပ်နေကြနေလေရဲ.။ ခင်ရွှေလှိုင်ဆက်ရေးမဲ့ POST တွေကိုဆက်ဖတ်နေရအုံးမယ်လို.မျှော်လင့်နေတဲ့ ……………………



      ညီညီ မြောက်ပိုင်းရဲ ဒီအချက်မှာ ကိုညီ ညီ ရေးသားချက်ကို လုံးဝသဘောတူ ထောက်ခံပါတယ်။
      March 28 at 4:27am · · 5
    • Ko Htike
      စပိုင် ဇာတ်လမ်းကကို ဆက်လို့ မဆုံးကြသေးဘူး။ အဲဒီ ဇာတ်လမ်းအတွက် တိုင်းပြည်ရဲ့ သားသမီး ရတနာတွေ အသက်တွေ ပေးခဲ့ရပြီးပြီ။ ဘဝတွေ ပျက်ခဲ့ရပြီးပြီ။ ဒီအချိန် အထိ စပိုင် (၅) ယောက်လောက်ဆို ဖြစ်နိုင်တယ် ဆိုတာကတော့ .. အသက်မသေဘဲ ကျန်နေတဲ့ လူတွေထဲမှာ အဲဒီ (၅) ယောက်ပါတယ်ဆိုပြီး နောက်တခါ လူသတ်ပွဲ ထပ်ကျင်းပမလို့လား။ မလုပ်ကြပါနဲ့တော့ဗျာ။ စပိုင်ဇာတ်လမ်းကို ရပ်လိုက်ပြီး .. လူမဆန်စွာ ကျူးလွန်မှုသူတွေကို ဖေါ်ထုတ်ရေးကလွဲပြီး အခြား ထွက်ပေါက် မရှိတော့ဘူး သိစေလိုပါတယ်။

      ကျူးလွန်ခဲ့သူတွေဟာလည်း ဝန်ခံ တောင်းပန်ပြီး .. မိမိ အပြစ်ကို ခံယူဖို့က လွဲပြီး အခြားထွက်ပေါက် မရှိတော့ပါဘူး။ မသေခင်ကာလမှာ မိမိ သမိုင်းမှာ မှားခဲ့တာကို အမြင်မှန်ရပြီး အမှန်တရားဖေါ်ထုတ်ဖို့အတွက် မှန်မှန်ကန်ကန် ရပ်တည်သွားခဲ့တယ်ဆိုတဲ့ နာမည်ကောင်းနဲ့ မိဘ၊ ဘိုးဘွားတွေ၊ .. သားသမီး ဆွေမျိုးတွေ အတွက် ဂုဏ်ကို မြှင့်တင်မယ်လို့ စိတ်ကူးမွေးကြပါ။ မဟုတ်ရင်တော့ ဆွေစဉ်မျိုးဆက် .. ခင်ဗျားတို့ လုပ်ရပ်တွေအတွက် အရှက်ရနေကြရမှာကို တွေးပြီး ရှက်ကြည့်ကြပါ။
      March 28 at 7:27am · · 4
    • Nyunt Shwe
      ကျနော် ရှစ်လေးလုံးအုပ်စုမေးလ်မှာတော့ ရေးခဲ့တယ်၊ ဖေ့စ်ဘုတ်ခ်မှာ မရေးဖြစ်သေးဘူး။ ခင်ရွှေလှိုင်တို့ဖက်က လိုက်ပြောတာ၊ ကာကွယ်တာတော့ မဟုတ်ပါဘူး။ စပိုင်တွေ ပါမှာကတော့ သေချာပါတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်လေ၊ မြောက်ပိုင်းမှာ ဒီနေ့တစ်ခုခုလုပ်ရင် မန္တလေးထောင်ကို နောက်တစ်နေ့သတင်းနဲ့အတူ ဓာတ်ပုံတွေတောင် ရောက်တယ်ဆိုတာက ခိုင်မာတဲ့သက်သေပေါ့ဗျာ။ ကျနော် ကိုထိန်လင်းတို့၊ ကိုညီညီ၊နန်းအောင်ထွေးကြည်တို့၊ ဆလိုင်းကိုကိုဦး၊ ကိုအောင်မိုးဝင်းစတဲ့သူတွေ ရေးတဲ့ဆောင်းပါးတွေကိုလဲ ဂရုတစိုက်ဖတ်ပါတယ်။ ကျနော့်ကောက်ချက်ကတော့ဗျာ၊ ကျနော်ကြားဖူးတဲ့ ဗဟုသုတနဲ့ယှဉ်ပြီး ချတာပါ။ အဲဒီစပိုင် ငါးယောက်ရှိမယ်ဆိုရင် စပိုင်တွေက

      ၁။ ဒေါက်တာ နိုင်အောင်
      ၂။ မျိုးဝင်း
      ၃။ ရော်နယ် အောင်နိုင်
      ၄။ လှဆောင်လား၊ ဟို ခေါင်းဖြတ်တဲ့နေရာမှာ လက်ယဉ်တယ်ဆိုတဲ့ ကချင်ရဲဘော်။
      ၅။ ကတော့ သံချောင်း ဖြစ်မလား၊ နောက်တစ်ယောက်လား ကျနော် မဝေခွဲနိုင်သေးဘူး။

      ဘာလို့ ဒီလိပြောရသလဲဆိုတော့ နိုင်ငံရေးထောင်ထွက်များဖြစ်တဲ့ ကိုဇင်လင်းတို့ ဦးလှရွှေတို့ ဦးတင်မောင်ဝင်း(ခရမ်း)တို့က ပြောဖူးတယ်၊ အစိုးရက လိုအပ်ရင် စပိုင်တွေကို တစ်သက်လုံး မြှုပ်နှံတာတဲ့၊ ထောင်ထဲမှာလဲ နိုင်ငံရေးမှုနဲ့ ကျလာတဲ့ စပိုင်တွေရှိသတဲ့။ အတွင်းစကားနှိုက်ဖို့ ထောင်ထဲ ပို့တာ။ တချို့များ တစ်သက်လုံးလောက် ဝင်ချီထွက်ချီကို နေရတာလို့ပြောပြဖူးတယ်။ သခင်သန်းထွန်းကို လုပ်ကြံခဲ့တဲ့ စစ်တပ်ကနေ တောခိုတယ်ဆိုတဲ့ ကျုံတိတ် ခေါ် လုံတိတ် ခေါ် မောင်မြကိုပဲကြည့်လေ။

      ဒါ့ကြောင့် အပေါ်က တာဝန်ရှိတဲ့ နိုင်အောင်၊ မြောက်ပိုင်းမှာ အဖမ်းခံရဲမေတွေကို မုဒိန်းကျင့်ဖို့ပါ အမိန့်ပေးဖူးတဲ့ မျိုးဝင်း သူတို့ကတော့ သေချာတယ်ထင်တယ်။ သံချောင်းက အဲဒီမုဒိန်းကျင့်တဲ့အမိန့်ကို ဆန့်ကျင်တားမြစ်ခဲ့သူဖြစ်တော့ ဒီကောင်က ရာထူးနဲ့ အမျှားခံထားရတဲ့ မျက်ကန်းနောက်လိုက်ဖြစ်ကောင်းလဲ ဖြစ်နိုင်တယ်လို့ သံသယရှိမိတယ်။

      မျှတအောင်ပြောရရင် အဲဒီကာလမှာ ဗဟိုခေါင်းဆောင်တွေ အာဏာပြိုင် အာဏာလုနေတဲ့အချိန်ဖြစ်တော့ကာ မိုးသီးပါမပါတော့ မဝေဖန်နိုင်သေးဘူးဗျာ။ တာဝန်ကတော့ သူလဲ ပြေးမလွတ်ပါဘူး။ ကိုဌေးနိုင်ကို သေဒဏ်စီရင်သတ်ဖြတ်မှုကလဲ ရှိနေတယ်လေ။ ဒီအပြစ်ရှိသူတွေကို နည်းအမျိုးမျိုး ပရိယာယ်အထွေထွေနဲ့ ကာကွယ်ပေးနေတယ်လို့ ယူဆခံနေရတဲ့သူတွေထဲမှာ ကိုသံခဲလဲပါတယ်။ သူတို့အားလုံးဟာ စစ်အစိုးရက မြှုပ်နှံထားသူတွေ ဟုတ်မဟုတ်၊ ဒါမှမဟုတ် ဘယ်သူတွေကဖြင့် ဟုတ်တယ်၊ ဘယ်သူတွေကတော့ မဟုတ်ဘူးဆိုတာကို အချိန်က ဖော်ထုတ်မှာ သေချာတယ်လို့ မှတ်ချက်ပြုလိုက်ရကြောင်းပါခင်ဗျား။
      March 28 at 8:39am · · 2
    • Min Thit
      ကိုညွန့်ရွှေရေ
      ဟုတ်ပါတယ် လူတရာကျော်ဖမ်းထားပြီး မန္တလေးထောင်ကိုဓာတ်ပုံတွေရောက်နေတယ်
      သတင်းတွေရောက်နေတယ်ဆိုကထဲက အဲ့ဒီအဖမ်းခံရသူတွေဟာထောက်
      လှမ်းရေးမဖြစ်နိုင်ဘူး။ အပြင်မှာရှိနေတဲ့သူတွေသာထောက်လှမ်းရေးဖြစ်နိုင်တယ်
      ခင်ဗျားထင်တဲ့စပိုင်တွေထဲမှာမိန်းကလေးတွေမပါတာတော့နဲနဲလိုသွားတယ်ထင်တယ်။
      မိန်းခလေးတယောက်အနဲဆုံးပါမှာသေချာတယ်။ အဲ့ဒီမိန်းကလေးဟာ သူကိုလူတွေ
      ယုံကြည်စေဖို့အတွက်အဖမ်းခံထားရတဲ့သူတွေကိုနင်းကန်ပြီးမုန်းတီးပြတာမျိုးတွေလုပ်
      ခဲ့လိမ့်မယ်။ မိန်းမတန်မဲ့ခေါင်းဖြတ်ချင်တယ်တို့ဘာတို့တောင်ပြောဘူးလိမ့်မယ်။ နောက်ပြီး
      လူတွေသတ်၊ လက်ဖြတ်ချေဖြတ်လုပ်၊ မိန်းကလေးတွေကိုအရှက်ခွဲ၊ မုဒိန်းကျင့်လုပ်တဲ့လူ
      တွေစေတနာအမှားပါလို့ပြောဖူးတဲ့လူလဲဖြစ်လိမ့်မယ်။ ကျနော်မှတ်မိသလောက်မိန်းမ
      ထောက်လှမ်းရေးတွေဟာ သူတို့ရဲ့သားကောင်ကိုယောင်္ကျားတော်ဖို့တောင်မှသိတ်
      ဝင်မလေးကြဘူးဆိုတာဘဲဗျ။ '
    • Nyunt Shwe
      ထောက်လှမ်းရေးမတွေအကြောင်း ကြားဖူးတာရှိပါတယ်။ ခင်ဗျားပြောတာ နည်းတောင် နည်းပါဦးမယ်၊ အလုပ်သဘောဆိုရင် ယောက်ျားဒါဇင်လဲ မမှုဘူး၊ ဘုန်းကြီးလဲ မရှောင်ဘူး (ဘုန်းကြီးကလဲ ကြိတ်ပုံး)၊ မှန်ပါတယ်။ အဲဒါတော့ ခင်ဗျားတို့က ဝိုင်းဖြည့်ကြပေါ့ဗျာ။ ကျနော်က ခင်ရွှေလှိုင်က ၅ ယောက်ပြောတာကို ဒါဆိုရင် ဒီလူတွေနေမယ်ထင်တယ်လို့ နင်းလိုက်တာပါ။ ခင်ဗျားပြောတဲ့ မိန်းမကြမ်းက သူလား၊ သူဆိုရင် နံပါတ် ၆ မှာ ထည့်လိုက်ပေါ့ဗျာ။ ကျနော်တို့က စွပ်စွဲတာမဟုတ်ပါဘူး။ ဒီလူတွေ ဖြစ်နိုင်ချေ များတယ်။ ဒါတွေ ဒါတွေကြောင့်လို့ ဆိုထားတာလေ။
      March 28 at 9:14pm · · 1

No comments:

Post a Comment