Sunday, August 26, 2012

Myanmar Times ပါ AB မြောက်ပိုင်းစာအုပ်...အကြောင်း

ပြီးခဲ့တဲ့အပတ် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Myanmar Times မှာ အင်္ဂလိပ်လို၊ အခုတစ်ပတ် မြန်မာဘာသာမှာ မြန်မာလို ဘာသာပြန်ဆို ဖော်ပြထားတဲ့ ဆရာမ မသိင်္ဂီရဲ့ အညွန်းကြောင့် သည်စာအုပ်ကို ဖတ်ဖြစ်သွားခဲ့တယ်။

လက်က မချချင်အောင် ဆွဲဆောင်နိုင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။ သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ စာအုပ်ထဲက အဖြစ်အပျက်တွေထက် ဆိုးရွားတာတွေကို အဲဒီ့စာအုပ် ရေးသားပုံထက် ပိုထိမိအောင် ရေးသား တင်ပြထားတာ ဖတ်ရပါတယ်။

စာရေးသူက မန္တလေး စိန်ပီတာ (အထက ၉) ကျောင်းထွက်တဲ့။ စာရေးနေကျ မဟုတ်ပေမယ့် အရေးအသား ချောေ
မွ့ပြေပြစ်တယ်။ ရင်ထဲမှာ နင့်နေတဲ့ သူ့ခံစားချက် (မုတ)ကြောင့် လင်္ကာက ချောနေပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။ အင်မတန်ကို ထူးခြားလှပါတယ်။

မဖတ်ဖြစ်သေးရင် ရအောင် ရှာဖတ်စေချင်ပါတယ်။ တွေးစရာ အစတွေလည်း အများကြီး ချန်ထားခဲ့ပါတယ်။

စာမြည်း - (နည်းနည်းရှည်ပါမယ်။ စိတ်ရှည်လက်ရှည် ဖတ်ပေးပါခင်ဗျား)

သူတို့က ကျွန်တော့်ရဲ့ ရည်ရွယ်ချက်၊ ကျွန်တော့်ရဲ့ အားထုတ်မှုကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျွန်တော်ကတော့ သူတို့အားလုံးအတွက် နှလုံးသားထဲမှာ နှစ်ပြီး ကြိုးစားခဲ့တာပါ။ မျှော်လင့်ခဲ့တာပါ။

သူတို့အထဲမှာ ညီညီက လွဲလို့ ကျွန်တော့် ဆွေမျိုးသားချင်း တစ်ယောက်မှ မပါပါဘူး။ အသိမိတ်ဆွေတို့၊ အသိမိတ်ဆွေတို့ရဲ့ သားသမီးတို့ တစ်ယောက်မှ မပါပါဘူး။

သူတို့ဟာ ဗုဒ္ဓဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ ခရစ်ယာန် ဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ ဟိန္ဒူဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ မူစလင် ဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ ဘာလူမျိုး ဘာဘာသာကို ကိုးကွယ်ကြသည်ပဲ ဖြစ်ပစေ၊ အားလုံးဟာ ကျွန်တော့်အတွက်တော့ အတူတူပါပဲ။ ကျွန်တော်တို့ အမိမြန်မာပြည်ရဲ့ အညွန့်အဖူးလေးတွေပါပဲ။

အညွန့်အဖူးလေးတွေမှာတောင် “ဇ”ရှိတဲ့သူတွေ၊ သတ္တိခဲတွေပါ။ သာမန် သူလို ကိုယ်လို ကလေးတွေ မဟုတ်ကြပါဘူး။ တခြားသူတွေနဲ့တော့ နှိုင်းယှဉ်ပြီး မပြောလိုပေမယ့် ကျွန်တော့်ထက်တော့ သတ္တိရှိတဲ့ သူတွေချည်းပါပဲ။

ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့လမ်းကို မိသားစုအပါအ၀င် အရာအားလုံးကို စွန့်လွှတ်ပြီူ လျှောက်ရဲတယ်ဆိုတဲ့ သတ္တိ ကျွန်တော့်မှာ မရှိပါဘူး။ သည်ကလေးတွေမှာ ရှိပါတယ်။

ကျွန်တော်အပါအ၀င် ကျွန်တော့်ပတ်ဝန်းကျင်က လူအများစုမှာ သူတို့လို သတ္တိမျိုး၊ သူတို့လို စိတ်ဓာတ်မျိုး မရှိပါဘူး။

အဲလို သတ္တိမျိုး မရှိလို့လည်း ကျွန်တော် အရေးအခင်းပြီးတော့ အိမ်မှာ ထိုင်နေခဲ့တာပေါ့။

သူတို့ဟာ အန္တရာယ်ကင်းတဲ့ နိုင်ငံခြားကို ထွက်ပြေးသွားကြပြီး “လွတ်လပ်စွာ ဟောင်ဖွာ ဟောင်ဖွာ လုပ်ခွင့်နဲ့ ဒေါ်လာစားရမယ့်လမ်း”ကို ရွေးချယ်ခဲ့ကြတာ မဟုတ်ပါဘူး။ သည်ရောက်ပြီးတော့မှ သူတို့လေးတွေ ဒုက္ခရောက်သွားရတာကတော့ ကံဆိုးမိုးမှောင်ကျသွားကြတာ သက်သက်ပါ။ မှားတာ မှန်တာကို ကျွန်တော် ပြောနေတာ မဟုတ်ဘူးနော်။ သတို့ အရည်အချင်းနဲ့ “ဇ”ကို ပြောတာ။ တော်ရုံတန်ရုံ သတ္တိမျိုးနဲ့ သူတို့လုပ်ခဲ့တဲ့ အလုပ်မျိုး မလုပ်နိုင်ကြပါဘူး။

ကျွန်တော်တို့ရဲ့ သတ္တိက လက်ဖက်ရည်ဆိုင်ထိုင်၊ ဘေးသူစိမ်း လူရှင်းမှ၊ ကိုယ့်အချင်းချင်းတွေ့မှ အစိုးရမကောင်းကြောင်း၊ ၀န်ထမ်းတွေ အကျင့်ပျက်တဲ့အကြောင်း ပြောရဲတဲ့ သတ္တိပါ။

BBC တို့ VOA တို့ DVB တို့ RFA တို့ကို ခပ်တိုးတိုးလေး ဖွင့်နားထောင်ပြီး ကိုယ့်လူအချင်ချင်းတွေ့တဲ့အခါ မစားရ ၀ခမန်း သတင်းစားမြုံ့ပြန်တဲ့ အဆင့်လောက် ရှိတဲ့ သတ္တိပါ။
3 · ·
  • You, Phonemo Mo and 2 others like this.
     
    ( ဘရာဇီးငှက်ရိုး ဖေ့စ်ဘွတ်ခ်မှ ကူးယူဖေါ်ပြပါသည် )

သတင်းထူးဗျို့ ၊သတင်းထူးဗျို့ ။...

6 · ·
    • Chan Nyein Moe ရှဲ ဦးမယ်၊ ကျေးဇူးဗျို့ ။
      5 hours ago via mobile ·
    • Aung PhoneMyint ‎(၂-၉-၁၂)မီုးသီးဇွန်ရန်ကုန်ရောက်မှာကိုညီကျော်ရေအသင့်ပြင်ဗျာ
      5 hours ago · · 2
       
      ( ဘရာဇီးငှက်ရိုးဖေ့စ်ဘွတ်ခ်မှ ကူးယူဖေါ်ပြသည် )

Friday, August 24, 2012

ကိုထိန်လင်း(ပန်းချီ)ရဲ့ ၂၅.၀၈.၂၀၁၂ ဖိတ်စာ....+ ကိုကျော်နိုင်ဦးပုံ

ကိုကျော်နိုင်ဦး ၏ အမှတ်တရ ဓာတ်ပုံ......

မြောက်ပိုင်းပြန်တို့ရဲ့ အမှန်တရားနှင့်တရားမျှတမှုအတွက် ဆွေးနွေးပွဲ ဆွေးနွေးပွဲ


ဝဲမှယာ - မစိမ်းစိမ်း (ဦးစိန်သမီး)၊မသင်းသင်းညီ၊ကိုကျာ်နိုင်ဦး၊ကိုရဲလင်း၊ ကိုသိန်းထွန်း၊
ကိုစိုးဝင်းထွန်း(ကိုစိုးလေး)၊ကိုမိုးဇော်ထွန်း(ကိုမိုးကြီး)၊ကိုဘိုဘို(ကိုမိုးကျော်သူ)(အင်္ကျီပြာကွက်)
ကိုထိန်လင်း(ပန်းချီ) ( ကင်မရာကိုင်ထားသူ)

ကိုသန်းဝင်း၏ မေးခွန်းများ....

  • ကျနော်သည် ကျောင်းသားတပ်မတော် တွင် တာဝန်ရှိသူတဦးဖြစ်ခဲ့ပါသောကြောင့်မတရားမှုမှန်သမျှ ၊မမှန်ကန်မှူဟူသမျှကို ကျနော်သိသလောက် ၊ ကျနော်လက်လှမ်းမှီသလောက် ၊ကျနော်စွမ်းနိုင်သလောက်ဖေါ်ထုတ်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ် ၊ကျနော်ဟာတကယ် ခံစားခဲ့ရတဲ့ကာယကံရှင်မဟုတ်ပါ ၊ကျနော်လုပ်နိုင်စွမ်းမှန်သမျှလုပ်ခဲ့ပြီးပါပြီ ၊ကျနော့်အမြင်အရဆိုရင် အခုအချိန်မှာ ကာယကံရှင် တွေ (သို့ ) ကာယကံရှင်မိသားစုတွေရှေ့ကိုတဆင့်သွားမှသာ ကျနော်တို့ရှေ့ဆက်သွားလို့ရမှာဖြစ်ပါတယ် ၊ခင်ဗျားတို့ကိုကျော်ပြီး ရှေ့သွားလို့မရပါ ။ ခင်ဗျားတို့ ရပ်နေရင် ကျနော်တို့ရပ်နေရမယ် ၊ခင်ဗျားတို့တလှမ်းသွားရင် ကျနော်တို့တလှမ်းလိုက်လို့ရမယ် ၊အဲဒီတော့ ကျနော် ကာယကံရှင် (သို့ ) ကာယကံရှင်မိသားစုများကို မေးခွန်းထုတ်ပါရစေ ..

    ( ၁ ) ခင်ဗျားတို့ ဒီပြဿနာကို ဘယ်လိုဆက်သွာဖို့စဉ်းစားထားကြပါသလဲ..?
    ဘယ်လိုဆန္ဒရှိကြပါသလဲ ..?

    ( ၂ ) ခင်ဗျားတို့ ရှေ့က ပြတ်ပြတ်သားသားသွားမယ်ဆိုရင် ကျနော်တို့က နောက်ကဘာလုပ်ပေးရမလဲ..?

    ( ၃ ) ဒီပြဿနာကို ခင်ဗျားတို့က အခုလိုဘဲ အီးရော အီးရော သွားနေမယ်ဆိုရင်မကြာခင်ကာလမှာမှေးမှိန် ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာကိစဉ်းစားမိကြရဲ့လား..?

    ကာယကံရှင်များအနေနှင့် အဖြစ်အပျက်တွေကိုကြုံဖူးသလောက် ရေးသားတင်ပြတာလိုအပ်သလို ၊ ဒီမတရားမှုကိုလက်တွေ့ဖေါ်ထုတ်ဘို့ လိုအပ်တယ်လို့ ထင်ပါတယ် ၊ဘယ်လိုစဉ်းစားလုပ်ဆောင်နေကြပါသလဲ သိခွင့်ရရင်သိချင်ပါတယ် ၊ ကျေးဇူးတင်ပါတယ် ။
    · · · August 16 at 3:15pm


ABSDF - NB ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ငယ်ဘ၀ ပုံရိပ်မျာ...





စစ် မှန် တဲ့ကျောင်း သား တဦး ရဲ့ ရင် တွင်း စကား

1 · · ·
  • You, Aung Saw Oo, Soe Lynn and 10 others like this.
    • Kyawnaing Oo ‎12-2-2012 မြောက် ပိုင်း တွင် ကျ ဆုံး သွား သော ရဲ ဘော် များ အ မှတ် တရ ဆွမ်း ကျွေး ပွဲ မှ
      5 hours ago ·
    • Tun Oo Khaing ဘိုဘို(အနကလ)ကိုကျနော်ရွှဘိုထောင်ကြီးတောင်ဘက်က အိမ်တစ်အိမ်မှာလက်ခံတွေ့ဘူးတယ်၊မန္တလေးကသုံးယောက်ရွှေဘိုကကျောင်း သားတွေရယ်အနကလဖွဲ့ဖို့ပါမှတ်မိနေသေးတယ်ဗျ။ထွန်းဦးခိုင်(ရွှေဘို)
      3 hours ago ·
    • Kayin Lay ဘိုဘိုက ဒေါင်းအလံကိုပြောင်းပြန်မမြင်ချင်ဘူးဆိုပေမယ့်...တို့ တပ်ထဲမှာ ဒေါင်းအလံကိုကိုပြောင်းပြန်တင်လိုက်လို့  ပြောင်းပြန်မြင်ယုံမကဘူး..တုတ်စာပါရလိုက်တဲ့ရဲဘော်တွေ ဆယ်ယောက်လောက်ရှိတယ်...အေးလွန်းတဲ့နှင့်းမုန်တွေထဲ သဲသဲကွဲကွဲမမြင်ရပဲ ဒေါင်းအလံကိုပြောင်းပြန်တင်ခဲ့ဘူးသူရဲဘော်များသို့ ရည်၇ွယ်သည်၊
      2 hours ago ·
    • Maung Maung Lwin ဘိုဘိုကျန်းမာရေး မကောင်းပါ ခင်မင်ရင်းနှီးသူများ သတင်းမေးအားပေးလိုက်ကြပါအုံ
      10 minutes ago via mobile ·
    • Ko Lin Wai Aung ကရင်လေးပြောတာ ဟုတ်တယ်....စခန်းမှူး ကိုရဲစိုးရဲ့ ကြိတ်ဆဲခံခဲ့ရတဲ့ကောင်တွေ အများကြီးဘဲ... ဒီစာရေးတဲ့ ကိုဘိုဘိုက အရင်RONALD AUNG NAING ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်များအဖွဲ့ ( အနကလ ) ကဖြစ်ပါတယ်....ကိုဘိုဘိုကိုလေးစားပါတယ်....
      ( Kyawnaing Oo ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည် )

ABSDF - NB မှတ်တမ်းဓာတ်ပုံများ










တောမခိုခင်က ထွန်းအောင်ကျော် - ၁

 
Yesterday

တောမခိုခင်က ထွန်းအောင်ကျော်
ပဲ့တင်လှိုင်းတေးဂီတအဖွဲ.နဲ.ဖျော်ဖြေပွဲတခုမှာရိုက်ထားတဲ့ပုံပါ။ သီချင်းဆိုနေတဲ့သူက ဗမော်၊အဲဒီဘေးက လိဒ် ဂစ်တာတီးနေတဲ့သူက ကျော်သက်ခိုင်(ခ) ကိုပေါက်၊ဘေးက ကီးဘုတ်တီးနေတဲ့သူက ABSDF
မြောက်ပိုင်းမှာအသတ်ခံခဲ့ရတဲ့ ထွန်းအောင်ကျော်၊ဘေးက ရစ်သမ်တီးနေတဲ့သူက ညွန်.ဝင်း(ကွယ်လွန်) တို.ဖြစ်ပါတယ်။ ဘယ်လိုသီချင်းတွေကိုများ တီးကြဆိုကြတာပါလီမ့်။ကျွန်တော်ဆမားညီညီရေးပြီး ဒရမ်မာ ဝဏ္ဏလှ သံစဉ်ထဲ့
ထားတဲ့ သစ္စာပန်းရဲ.ကာရန် ဆိုတဲ့သီချင်းစာသားလေးကို ဝေမျှပေးလိုက်ပါတယ်။

#မျှားထက်ထက်နဲ.လေးချက်ရဲ.စကားတွေ မကြားရဲလို.အဝေးရှောင်ပါလေ၊
အကြင်နာသစ္စာပန်းလေးတခက်နဲ.ချစ်နှလုံးသားအတွက် ငြီမ်းချမ်းပါစေ။
#ငြီမ်.ငြီမ့်နော့တဲ့လေပြည်ငယ် ကြင်နာမှုများသယ်ဆောင်လာ…
နု၊လွင်၊ဖျော့တဲ့စပယ်ဖြူရယ် တည်ကြည်မှုများနှင်းဆက်ပါ……
ကာရန်စုံ ပြေလည်နေတဲ့အခိုက်အတန်.မှာ ဓူဝံကြယ်ငြိမ်သက်အားဖြည့်ရှာ…….
#ပြေးလွှားဆော့တဲ့ တီမ်ဆိုင်ရယ်ပျော်ရွင်မှုများ အသွင်ဆောင်ကာ…
ဝိုင်းဝန်းလှည့်လို.ငွေစန္ဒာကို ဖုံးကွယ်လေအလား မြူးနှော့ကာ
ငွေရည်ယို တီမ်ဆိုင်တွေရဲ.အောက်ဖက်မှာ ပျိုမေရယ် လာလို.ဖေးလှည့်ပါ…….
# မျှားထက်ထက်နဲ.လေးချက်ရဲ.စကားတွေ မကြားရဲလို.အဝေးရှောင်ပါလေ၊
အကြင်နာသစ္စာပန်းလေးတခက်နဲ.ချစ်နှလုံးသားအတွက် ငြီမ်းချမ်းပါစေ။
#နှလုံးသားအတွက်ကဗျာရှင်ရယ် ရာသီဘွဲ.များ ဖွေသီပါ….
ကောက်ကျစ်မှုရဲ.အဖော်တွေရယ် နှင်ကာအဝေးပြေး ပြေးထွက်စဉ်….
ကာရန်စုံ ပြေလည်နေတဲ့အခိုက်အတန်မှာ ဂီတာအို ငြင်သာတေးနှော့ပါ….

၁၉၈၆-၈ရ တုန်းကရေးဖွဲ.သီဆိုခဲ့ကြတဲ့ သီချင်းလေးတွေထဲကတပုဒ်ဖြစ်ပါတယ်၊အထက်က နာမည်ပါသူတွေကတီးကြပြီး ဘေ့စ် ဂီတာကို ဝင်းဗိုလ် ကတီးတာဖြစ်ပါတယ်။

ဆမားညီညီ-၂၃-၈-၂၀၁၂
— with BarBu Abnb, Smar Nyi Nyi, Sein Sein Thu and 12 others at မန္တလေးတက္ကသိုလ်ဂီတဆည်းဆာပပြင်ဆင်နေချိန်.

တောမခိုခင်က ထွန်းအောင်ကျော်

 
Yesterday

တောမခိုခင်က ထွန်းအောင်ကျော်
ပဲ့တင်လှိုင်းတေးဂီတအဖွဲ.နဲ.ဖျော်ဖြေပွဲတခုမှာရိုက်ထားတဲ့ပုံပါ။ သီချင်းဆိုနေတဲ့သူက ဗမော်၊အဲဒီဘေးက လိဒ် ဂစ်တာတီးနေတဲ့သူက ကျော်သက်ခိုင်(ခ) ကိုပေါက်၊ဘေးက ကီးဘုတ်တီးနေတဲ့သူက ABSDF မြောက်ပိုင်းမှာအသတ်ခံခဲ့ရတဲ့ ထွန်းအောင်ကျော်၊ဘေးက ရစ်သမ်တီးနေတဲ့သူက ညွန်.ဝင်း(ကွယ်လွန်) တို.ဖြစ်ပါတယ်။ ဘယ်လိုသီချင်းတွေကိုများ တီးကြဆိုကြတာပါလီမ့်။ကျွန်တော်ဆမားညီညီရေးပြီး ဒရမ်မာ ဝဏ္ဏလှ သံစဉ်ထဲ့ထ
ားတဲ့ သစ္စာပန်းရဲ.ကာရန် ဆိုတဲ့သီချင်းစာသားလေးကို ဝေမျှပေးလိုက်ပါတယ်။

#မျှားထက်ထက်နဲ.လေးချက်ရဲ.စကားတွေ မကြားရဲလို.အဝေးရှောင်ပါလေ၊
အကြင်နာသစ္စာပန်းလေးတခက်နဲ.ချစ်နှလုံးသားအတွက် ငြီမ်းချမ်းပါစေ။
#ငြီမ်.ငြီမ့်နော့တဲ့လေပြည်ငယ် ကြင်နာမှုများသယ်ဆောင်လာ…
နု၊လွင်၊ဖျော့တဲ့စပယ်ဖြူရယ် တည်ကြည်မှုများနှင်းဆက်ပါ……
ကာရန်စုံ ပြေလည်နေတဲ့အခိုက်အတန်.မှာ ဓူဝံကြယ်ငြိမ်သက်အားဖြည့်ရှာ…….
#ပြေးလွှားဆော့တဲ့ တီမ်ဆိုင်ရယ်ပျော်ရွင်မှုများ အသွင်ဆောင်ကာ…
ဝိုင်းဝန်းလှည့်လို.ငွေစန္ဒာကို ဖုံးကွယ်လေအလား မြူးနှော့ကာ
ငွေရည်ယို တီမ်ဆိုင်တွေရဲ.အောက်ဖက်မှာ ပျိုမေရယ် လာလို.ဖေးလှည့်ပါ…….
# မျှားထက်ထက်နဲ.လေးချက်ရဲ.စကားတွေ မကြားရဲလို.အဝေးရှောင်ပါလေ၊
အကြင်နာသစ္စာပန်းလေးတခက်နဲ.ချစ်နှလုံးသားအတွက် ငြီမ်းချမ်းပါစေ။
#နှလုံးသားအတွက်ကဗျာရှင်ရယ် ရာသီဘွဲ.များ ဖွေသီပါ….
ကောက်ကျစ်မှုရဲ.အဖော်တွေရယ် နှင်ကာအဝေးပြေး ပြေးထွက်စဉ်….
ကာရန်စုံ ပြေလည်နေတဲ့အခိုက်အတန်မှာ ဂီတာအို ငြင်သာတေးနှော့ပါ….

၁၉၈၆-၈ရ တုန်းကရေးဖွဲ.သီဆိုခဲ့ကြတဲ့ သီချင်းလေးတွေထဲကတပုဒ်ဖြစ်ပါတယ်၊အထက်က နာမည်ပါသူတွေကတီးကြပြီး ဘေ့စ် ဂီတာကို ဝင်းဗိုလ် ကတီးတာဖြစ်ပါတယ်။

ဆမားညီညီ-၂၃-၈-၂၀၁၂

  • 15 shares
    • Maung Aung ၁၉၈၉ က ကိုထွန်းအောင်ကျော် အိမ်ရောက်တော့ တီးဝိုင်း တခုစာ တူရီယာ တွေ မြင့်ဘူးတယ်။
    • မိုး စဲ ၈၈ဖြစ်တော့ ဆံပင်ရှည်နဲ့ အော်ဂင်တီးတဲ့ အင်ဂျင်နီယာကျောင်းသားလေးဟာ သူပုန်ရင့်မကြီးဖြစ် မသူတော်တွေက စစ်ထောက်လှမ်းရေးဆိုပြီး ဆွဲသတ်တာ မတရားခံရတာ ကျောင်းသားသမိုင်းကိုပါ ဖျက်ခဲ့တာ.
      13 hours ago · · 1
       
      ( Baydar Lam ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည် )

Aye Aye Soe Win ၏ အမြင်များ...

အေဘီမြောက်ပိုင်းစခန်းက ရာဇ၀တ်မှုမြောက်သော လူသတ်ခေါင်းဖြတ်မှုများနှင်. စပ်လျှင်း၍ စဉ်းစားမိသမျှ----

by Aye Aye Soe Win on Tuesday, August 21, 2012 at 9:33am ·
အေဘီမြောက်ပိုင်းစခန်းက ရာဇ၀တ်မှုမြောက်သော လူသတ်ခေါင်းဖြတ်မှုများနှင်. စပ်လျှင်း၍  စဉ်းစားမိသမျှ----

၁၉၉၂ လူသတ်မှုမြောက်ချိန်မှစ၍ အမှုမှန်မပေါ်ရေး  ပွဲ့စားတို.နေရာတိုင်းမှာရှိသည်။ အထူးသဖြင်.( ဒီမိုကရစီ အမည်ခံထားသော ဒီမိုကရေစီအယောင်ဆောင် အချို.သည်)ပွဲစားပီပီ ဈေးပေါ၏။ သူတို.ဈေးပေါမှန်းလူသိမှာလည်းကြောက်၏။

လူသိသွားလျှင်ကြီးစွာရန်ပြုပြီး အောက်လည်းနည်းတွေသုံးပြီးစည်းရုံရေးလုပ်တော.သည်။ -နဲနဲပါးပါးစားလိုက်သောက်လိုက်ရလျှင် ဘယ်သူ.အတွက်မဆိုပွဲစားလုပ်ပေး၏။ သူတပါးပေးစာကမ်းစာ ယူထားပြီးဆိုလျှင် တရားမျှတမှု နှင်. အမှန်တရားရှာဖွေရေးမှာ အဂတိတွေပါနိုင်သည်။ နည်းနည်းပါးပါးမာန ထားနိုင်လျှင်၊ ကိုယ်.၀န်ကိုယ်ထမ်းနိုင်လျှင်။ မိမိကိုယ်မိမိ အားကိုးလျှင် ၊အများကိစ္စ မှာ စေတနာဦးဆောင်လျှင်၊  သူများပေးစာကမ်းစာဆို  ၁ပြားမှတောင် မယူသင်.။

လူတကာအပြောခံရသော ဘ၀ထက် ကြက်ခေါင်းဆိတ်မခံ လူစွာဘ၀ကပို တောက်ပြောင်သည်။ ကိုယ်ပိုင်အရောင်ရှိသည်။ ကိုယ်.အရောင်နဲ.ကိုယ် တွင်ကျယ်နိုင်လျှင် သူတပါးတွေနဲ.ဆက်ဆံရေးမှာ (သာမန်ခင်မင်ခြင်းဖေါ်ရွေပြူငှာခြင်းထက် ပို၍) အပိုစာသားတွေလုပ်စရာအကြောင်းမရှိ။

သန်.ရှင်းစွာပေးခြင်းတခုပဲ ကောင်းမွန်ခန်.ညားသည်။ ယူခြင်းနဲ.စပ်လျှင်း၍ ဘာပဲယူယူ၊ ယူသမျှဆိုတာ တနေရာရာမှာ ပြန်ပေးရစမြဲသာဖြစ်သည်။ ပေးသောသူဖက်ကလည်း  အလကားရလျှင် ယူတတ်သော သူမျိုးကို လူတွေက အထင်သေးတတ်၏။ အထင်သေးသည်ဆိုရာ၌ စိတ်ဖြင်.အထင်သေးခြင်းဖြစ်သောကြောင်. အထင်သေးခံရသောသူက သူ. ဆုံးရှုံးမှုကို သူမမြင်။ ဘာမှမဖြစ်ဘူးလို. မိမိကိုယ်မိမိ ဆက်လိမ်နေလို.ရသည်။ ပေးသူဖက်ကလည်း အ ပေါ်စီးကဆက်ဆံနိုင်ဖို. အခွင်.အလမ်းရှိသည်။ ယူထားလျှင် တချိန်ပြောစရာ ရှိလျှင် ပေးခဲ.သူအပေါ် မိမိဖက်က အားနာရစရာ တွေဖြစ်နိုင်သည်။ မဲဆောက်၊ချင်းမိုင် အတိုက်အခံ ပရောဂျက်နိုင်ငံရေးသမားတို.၏ အင်ပါယာ သေးသေးလေးထဲက သူတွေ ဒါမျိုးတွေ လုပ်ခဲ.သည်။ ထို.ကြောင်. လူတွေ ပါးစပ် က အမှန်တွေကို ဆိုရေးရှိရာမဆိုနိုင်အောင် အားနာပြီးပိတ်နေခဲ.ကြသည်။

ဆန္ဒသည် အလွန်အရေးကြီးသည်။ ဆန္ဒ ပြင်းပြင်းထားတတ်ကြဖို.လိုသည်။ ပြင်းထန်သောအားထုတ်မှုလည်း အညီအမျှလိုသည်။ ဆန္ဒ ကလည်းညံ.၊ အားထုတ်မှုကလည်း မှားနေလျှင် တော်ရုံ ဘာပဲလိုလို ရဖို. မလွယ်။ အပြစ်တင်တာထက် အပြင်းစားဆန္ဒကို လူတိုင်းစီမှာ မြင်ချင်စိတ်ပဲဖြစ်သည်။ ဘယ်သူမှ မယှဉ်နိုင်တဲ.အပြင်းစား အားထုတ်မှုတွေ ၏ အရေးကြီးခြင်းကိုသာ ( မှန်ကန်သော အားထုတ်မှု တွေကို လူတိုင်းစီက ရမှာ မဟုတ်မှန်းသိနေသော်လည်း)အားလုံးအချိန်ကိုက်သိပါစေဟု  တောင်.တမိ၏။ သို.သော်-ဆင်ခြေတွေက စိတ်ပျက်စရာကောင်းသည်။

နှစ်၂၀ အတွင်း ဆင်ခြေပေးလို.ကောင်းသည်။ ဘယ်အလုပ်မျိုးလုပ်လုပ်၊ သူတို.လုပ်ချင်တဲ. အလုပ်မဖြစ်လျှင် လွယ်သား။ အစိုးရကိုသာ ပုံချလိုက်မည်။ အစိုးရကလုံးဝမကောင်းဖူး၊အားလုံးပိတ်နေတယ်။ စစစ တွေကြမ်းလို. လူတွေ ပြာနေတယ်။ လူတွေ ကြောက်နေတယ်။ဤသို.-ဤသို. အများအားကိုခွဲခဲ.လျှင်၊  တဖြည်းဖြည်းနှင်. တဦးစီပဲကျန်ခဲ.လျှင်စဉ်းစားစရာတွေဖြစ်လာသည်။

ကြောက်တတ်သော ဒါမှမဟုတ် အခွင်.အလန်းနည်းသော၊ အရင်းအမြစ်ရှားပါးသော အကန်.အသတ်ရှိသော သူများ လည်းသွေးရိုးသားရိုးရှိနေနိုင်သည်။ သူတို. ကြည်.သော ဒေါင်.မှ ဆိုလျှင် မဖြစ်နိုင်တာတွေ၊ ကြောက်စရာတွေ၊ လုပ်လို.မရအောင်ခက်တာတွေ တန်းစီရှိနေကောင်းရှိနေမည်။ အရေးကြီးတာက မဖြစ်နိုင်ဘူးဆိုတဲ.စိတ်ကို ဖျောက်ပြီး မဖြစ်ဖြစ်အောင်လုပ်ရမည်။  ခက်လွန်းလို.လုပ်မရတာကတပိုင်း၊ ပြင်းပြသောစိတ်ဆန္ဒ ကင်းမဲ.ခြင်းက တပိုင်းဖြစ်သည်။

လိုလျှင်ကြံဆနည်းလမ်းရဆိုသောစကားသည် သူတို. အတွက်မဟုတ်။
အဖြောင်.သွားလျှင်ဖြစ်ပါရဲ. ကောက်ကွေ.သွားသည်။ ဒီအတိုင်းဆိုလျှင် ဇီးရိုးဇီးရိုးဆဲဗင်း စီးရီးစ်ပိုင်ရှင် အီရန်ဖလင်းမင်း ကော်ပိုရေးရှင်းက ဇတ်ညွှန်းဝယ် ကောင်းဝယ်နိုင်သည်။ အလှည်.အပတ်လေးတွေများလေလေ ဒရာမာ ရုပ်ရှင်တွေက ကြည်.လို.ကောင်းလေလေ၊ သို.သော်-မတရားမှု သက်သက်ကို မည်သူမှ ဒရာမာ မဖြစ်ဖြစ်အောင် မလုပ်သင်.။

ပွဲဆိုလျှင် သူများစားရိတ်နဲ. လမ်းမရှိလမ်းရှာ လိုက်မျက်နှာပြနေသောသူတို.၏ မသေချာသော မဟာမိတ်ဖွဲ.ခြင်းက ကိုယ်နဲ.မဆိုင်သော်လည်း၊  မိမိကိုသူတပါးတွေ နှစ်သက်အောင် မဟားဒယားကြိုးစားကြရသူများသည် ဂုဏ်သိက္ခာမရှိ။ လူအသီးသီး ကိုယ်.ရုန်းကန်မှုနဲ.ကိုယ် ကြိုးစားနေထိုင်ရဆဲကာလတွေ မှာ စိတ်ရှိ သည်.အတိုင်းနေတတ်ကြခြင်းက သာ သန်.စင်သည်။လွတ်လပ်သည်၊ ကြားကောင်းအောင်ပြောနေကြခြင်း၊မုသားများ တွင်တွင်ပါနေခြင်းကို လုပ်သင်. မလုပ်သင်. စဉ်းစားကြဖို.ကောင်းသည်။ မိုးပြော ဂျိုးပြောဖြင်.- စကားလုံးတွေ နှင်.လုပ်ရပ်တို.သည် ဒင်္ဂါးပြားတချပ်၏ မတူသော မျက်နှာ၂ခု သာဖြစ်သည်။

ပွဲတွေများစွာ ဆက်ရန်ကျန်သေးသည်။ ခက်သောကြမ်းသော လမ်းတွေအတွက်ဆိုလျှင် တည်ကြည်သော လူကြီးလူကောင်းများ၊ သဘောတရား ကွန်မင်ဒိုများ၊ ကြံရဲသူ၊လုပ်ရဲသူ၊ မလိမ်တတ်သူတို.သာလိုသည်။
လူသတ်သမားတွေကို အားပေးအားမြှောက်ပြုခဲ.သူအားလုံး၊ ဆက်လက် အကာအကွယ်ပေးနေသောပြန်ကြားရေးဝန်ထမ်းအားလုံး ကျဆုံးပါစေ။
aye aye soe win august 20 2012  

worm's pride
· · Share

  • 21 shares
    • ဘရာဇီး ငှက်ရိုး ဖတ်လို့ကောင်းပါတယ်...
    • Aye Aye Soe Win အဆု့းမသတ်ချင်ကြရင် ညာသံပေးပြီးမစခဲ.ကြရင်ကောင်းမယ်လို.လဲတွေးမိတယ်။
      Tuesday at 10:19am · · 4
    • Tun Wai I don t like aye aye soe win but you are crazy ;
      Tuesday at 10:21am via mobile · · 1
    • Aye Aye Soe Win ဘယ်သူက ရျင်.ကို ကျမကို ကြိုက်ခိုင်းလို.လဲ။ ဟာသပါပဲ။
      Tuesday at 10:24am · · 3
    • Khine Khine Saw Lwin မပ သမိုင်းဟာ အချိန်တွေအကြာကြီးစောင့်ပီးမှ ထွက်လာခဲ့ပါတယ်။
      ပါဝင်သူတွေ အားလုံး အဲဒီအချိန်ကို ထိုင်စောင့်နေတာ မျိုးမဟုတ်ပေမယ့်
      စောင့်တော့ စောင့်ခဲ့ကြတယ်။ အခုလဲ မမြင်ရတဲ့ မမြင်ရသေးတဲ့ အရာအတွက်
      အချိန်ပေးရပါလိမ့် အုန်းမယ်။ မနက်ခင်း နေရောင်ထွက်လာသလိုပေါ့ ။
      အလင်းရောင် ပြူထွက်လာရင်း တစတစ အားလုံးလင်းသွားမှာပါ။
      Tuesday at 10:53am · · 1
    • Aye Aye Soe Win မှန်န်ပါတယ်။ ကျမတို.ဆို လုံးစေ.ပတ်စေ. အောင်မိုးဝင်းဆောင်းပါးတွေ ထွက်လာမှသိရတာပါ။ ကျမပြောချင်တာက စောင်.ရင်းနဲ.လည်းအသီးသီး အားထုတ်မှုမှန်ဖို.ပါ။ စာမေးပွဲ တခုမှာလို ဂုဏ်ထူးတန်းနဲ.အောင်တာမျိုးက အကောင်းဆုံးပါ။
      Tuesday at 10:57am · Edited · · 2
    • Aung Khaing Myint Please let me post in blog,thanks.http://8888newgenerations.blogspot.ca/2012/08/blog-post_3398.html#linksပွဲတွေများစွာ ဆက်ရန်ကျန်သေးသည်။ ခက်သောကြမ်းသော လမ်းတွေအတွက်ဆိုလျှင် တည်ကြည်သော လူကြီးလူကောင်းများ၊ သဘောတရား ကွန်မင်ဒိုများ၊ ကြံရဲသူ၊လုပ်ရဲသူ၊ မလိမ်တတ်သူတို.သာလိုသည်။
    • Aye Aye Soe Win PLS help yourself KO AKM...no need to ask..thanks
      Tuesday at 11:37am · · 1
    • Lu Bo မအေးအေးစိုးဝင်းရေ အောင်မိုးဝင်းဆောင်းပါးက အမှန်တွေပါလို့ ယုံမိတာကို နောင်တ မရစေချင်ပါ။
      Tuesday at 3:00pm · · 1
    • Lwin Aung Soe မြန်မာ့ကျောင်းသားသမိုင်းမှာ အရုပ်ဆိုး အကျည်းတန်စေခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့တာကို ဝန်ခံရပါမယ်။ အမှန်တရားကို လူသိရှင်ကြား ဖော်ထုတ်တာဟာ ပုဂ္ဂိုလ်ရေး အငြိုးထားတာ မဟုတ်ဘဲ နောင် သားစဉ်မြေးဆက် ရှောင်ရန် သင်ခန်းစာကောင်းတခုကို လက်ဆင့်ကမ်းပေးနိုင်ဖို့သာ ဖြစ်ပါတယ်။
      Tuesday at 4:03pm · · 5
    • Nyunt Shwe
      မှန်တယ်။ မုန်းလို့ လက်စားချေချင်လို့မဟုတ်ဘူး၊ ဒါပေမဲ့ တရားဥပဒေ စိုးမိုးဖို့လိုတယ်။ ဘယ်သူမဆို အပြစ်ကျူးလွန်ရင် အပြစ်ကို ကျကျနန ခံရမယ်။ အဲလို အစဉ်အလာမရှိပဲ၊ ဟိုကပ်သည်ကပ် ဟိုရှောင် သည်ရှောင် လုပ်နေရင် ယောက်ျားမဟုတ်ဘူး။ အဲလို တာဝန်မယူရဲသူဟာ လော
      ကမှာ ဘယ်သူ့အတွက်မှ ကောင်းကျိုးပြုမဲ့သူမဟုတ်ဘူး။ တရားမျှတမှုအတွက်၊ အရှက်တကွဲအကျိုးနဲ မချိမဆန့်သေဆုံးသူများအတွက်လဲ တရားမျှတမှုကို တောင်းဆိုရမယ်။ ကျန်တဲ့ မသေမချင်းခံစားနေကြရတဲ့ မိသားစု၊ ပြီးတော့ ခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက်လဲ တရားမျှတမှုကို တောင်းဆိုရမယ်၊ နောက်ဆုံး လူ့အဖွဲ့အစည်းအတွက်လဲ တရားမျှတမှုကို တောင်းဆိုရမယ်။ ကျနော် ဘယ်သူ့မှ မမုန်းဘူး၊ လက်စားချေဖို့ မတိုက်တွန်းဘူး။ ဒါပေမဲ့ အားလုံးအတွက် တရားမျှတမှုကို ဒီနေရာကနေ ထပ်ပြီး တောင်းဆိုလိုက်တယ်။
      Tuesday at 5:22pm · · 6
    • Aye Aye Soe Win LuBo read between the lines---have you been following the whole story? I believe in the credibility of the story. However, people should not back off. No one should back off directly or indirectly.
      Tuesday at 5:28pm · · 1
    • Ma Sa La ခင်ဗျား စဉ်းစားချက်တွေထဲမှာ ဘာတခုမှမပါပါလား လူသတ်တဲ့ ကိစ္စနဲ့ တလွဲ
      ကြီးတွေ သေချာလေးရေးပါဗျာ...ဖတ်ချင်လို့ ပါ....အခုတော့ ခင်ဗျားရေး တာချည်းက လူသတ်တဲ့ ကိစ္စက သဲလွန်စတွေလဲတခုမှမပါပါလားဗျာ သေသေချာချာလေးရေးစေချင်ပါတယ
    • Ma Sa La လူသတ်တဲ့ ဇာတ်ကောင်တွေကတော့ စဉ်းစားလို့ ရနေပြီ....၀န်ခံကြပါစေလို့ ပဲ ဆုတောင်းရမယ်နဲ့ တူတယ်
    • ( Aye Aye Soe Win ဖေ့စ်ဘွတ်မှ ကူးယူဖေါ်ပြပါသည် )