လွင့်ကြွေသွားသောကြယ်ဖြူများ
by Nang Aung Htwe Kyi on Tuesday, April 24, 2012 at 4:41pm ·
- ကျော်စွာဝင်းမောင် ..
အာကာပြင်မှာငွေလမင်း... အစဉ်အမြဲမင်းမူလို့မနေပါဘူး.
မိုးသားတို့မဲမှောင်စေ..တိမ်ညိုတို့ပိတ်မှောင်စေ.. ငွေကြယ်ဖြူလေးများ ငွေရောင်ကြယ်ဖြူကလေးများ ထာဝစဉ်တောက်ပြောင်ကာနေ...
ညာဉ့်ဆိုးတွေရဲ့... ရက်စက်တဲ့တိုက်ခိုက်မူ့အတွက်.. ငွေကြယ်ဖြူတပွင့်လွင့်ကြွေကာနေ...ငွေကြယ်ဖြူတပွင့်.ထပ်လွင့်ကြွေကာနေ ညိုမှောင်းနက်သီတဲ့ ..တော်လဲသံတို့ကြီးစိုးရာ..၇က်စက်မြိုင်ခြေ ကျားများရဲ့ ရက်စက်အပြုံးများ..ကျင်လည်ကျက်စားနေစဉ်မှာပင်... တွန်မြည်ဟစ်ကြွေးဆဲ..ဥဒေါင်းတေးချိုသံရယ်.. မုန်တိုင်းတေးနဲ့..ရက်စက်မူ့သွေးတို့ကို.. အံတုနေ..ယှဉ်ပြိုင်နေ..
အံကိုယှဉ်တု(သင်ဥဒေါင်း)... တေးသီလို့နေ(မာန်ကိုတင်း)
လျှပ်စီးနဲ့မိုးကြိုးတို့ထစ်ချုန်းကာ.. ရက်စက်မာန်တင်းတဲ့..ကျားလူသားများကြား... ရက်စက်သည်းထန်တဲ့.. မိုးရေစက်အငြိုးများ... ကျေနပ်ရောင့်ရဲမူ့ကင်းတဲ့..လောဘရမက်နဲ့လိုခြင်တက်မက်မှု့ရဲ့အလယ်မယ်... ရီဝေဦးမော့..အကြည့်တချက်အကြား ...ငါဦးညွတ်အလေးပြုလျှက် ငွေကြယ်ဖြူတပွင့် ..( ကြယ်ဖြူတပွင့် ) လွင့်ကြွေခဲ့ပြီ .....( ကြွေလွင့်ခြင်း)
CS သံချောင်း က မငယ် ငါတို့သီချင်းအခွေထုတ်ဖို့အတွက် မင်းသီချင်းစပ်ပေးပါဦးလေ ဆိုလာလို့ မှတ်မှတ်ရရ ၃ ပုဒ်စပ်ပေးခဲ့လိုက် တယ်။နောင်တနေ့ ကံကောင်းလို့ သက်ရှိထင်ရှားကျန်နေတဲ့ ငါတို့မြောက်ပိုင်းပြန် မောင်နှမတွေပြန်စုံချိန်ကြရင် ဒီသီချင်းတွေစု စည်းပြီး တေးပေါင်းစုထုတ်ကြတာပေါ့။
အားလုံးကို သတိရလျှက်
အမ မငယ် (နန်းအောင်ထွေးကြည်)
- 8 shares
ကိုဝိုင် ဝိုင်ကေ ကျွန်တော် ကူးထားလိုက်ပါတယ်.. သူကလာတိုင်း ဘာစာပြန်လာလဲ မေးလွန်းလို့April 24 at 4:55pm · · 1
ကိုဝိုင် ဝိုင်ကေ ကိုကျော်စွာဝင်းမောင်၏စကား--- ကျွန်တော်တို့ ကိုညီကျော်နှင့် အသံသွင်းနေတယ်..အဲဒီ (ဒီ) သီချင်းကို ဖြစ်နိုင်ရင် အသံဖိုင် ပို့ပေးပါလား...တဲ့
Kyaw Gyi AB ကိုညီ ဆိုပြလို့ ထောက်လှမ်းရေးဘဝ AB အတွက်သိချင်းများ အကြောင်းကို သိထားပါတယ်။ သူရေးပေးထားလို့  သိမ်းထားပါတယ်။ သူ့ သီချင်းတွေကိုလဲ တင်ပေးပါမယ်။
Aye Aye Soe Win ငရဲ ခန်း မှ လွပ် မြောက် ခဲ. သူ အား လုံး ကြယ် များ ကဲ. သို. တချိန် ထဲ မှာ တောက် ပ ပါ တော. မယ်။April 26 at 1:57am · · 2
Sein Than ညိမငယ် မင်းတို့ ရေးတဲ့မြောက်ပိုင်;အကြောင်းတွေဖတ်ရတာ မင်းတို.နဲ.ထပ်တူခံစားရပါတယ်၊လွတ်နေတဲ့တရားခံတွေကိုပြစ်ဒါဏ်တွေပြန်ပေးရမယ်၊ဒါမှတရားမျှတမယ်။၅၅ ယောက်လွှတ်ခဲ.ပုံလေးလည်းဖတ်ပါရစေနော်။
Kyaw Gyi AB ၅၅ ယောက် လွတ်မြောက်ခန်းက အရမ်းပြောင်မြောက်ပါတယ် သူတို့ ကိုယ်တိုင်ပြောပြတာက ပိုကောင်းပါတယ်
Nang Aung Htwe Kyi ဟုတ်တယ်။ မငယ်တို့ကအတိအကျမသိဘူးလေ။ ကိုမြင့်သိန်းနဲ့စိုးလေးတို့ကဦးဆောင်သွားကြတာဆိုတော့ သူတို့ကောင်းကောင်းပြောပြနိုင်မှာပေါ့..သေရေးရှင်ရေြးေ ပးရင်းလွှားရင်းမှာ နန်းစောပြောပြတာလေးတခုတော့ share ပါရစေ။ရီစရာတခုပါ.. နန်းစောပြောပြတာကတော့ . နန်းစောတို့မှာအသေအလဲပြေးနေ ပါတယ်ဆိုမှ ကိုထိန်က (ထိန်လင်း) ဟဲ့နန်းစော ချော်လဲလိုက်လေဟာ..ဒီအချိန် ဆိုရုပ်ရှင်ထဲမှာမင်းသမီးကေ ချာ်လဲနေပြီ..တဲ့။အဲ့သလို. အဲ့သလို.. May 13 at 2:27pm · · 3
Nang Aung Htwe Kyi တကယ်ပါဘဲ ..ထိန်လင်းကတော့ .. ရှားမှရှား .. ထောင်ထဲမှာတုန်းကလဲ ထောင်စောင့်တွေကပျင်းလာရင်ထိန်လင်းကို အပြောင်အပျက်ပြောခိုင်းတတ်ေ တာ့ စိတ်ညစ်ပြီးမျှော်လင့်ချက်ေ တွမဲ့နေတဲ့ကြားက ထိန်လင်းကြောင့်ပြုံးမိပါသေးတယ် May 13 at 2:36pm · · 2
Nicky Shein အင်း...ယုံပါတယ်၊ အပြင်မှာမတွေ့ဘူးပေမဲ့ တွေ့ဘူးသမျှ သူ့ပုံတွေကြည့်ရတာ တော်တော် ပျော်တတ်မဲ့ရုပ်၊ မသေကောင်းမပျောက်ကောင်း

No comments:
Post a Comment