Saturday, July 28, 2012

မှားယွင်းမှုလား ? ကြိုတင်ကြံစည်မှုလား ?

မှားယွင်းမှုလား ? ကြိုတင်ကြံစည်မှုလား ?

by Kyaw Gyi AB on Tuesday, February 21, 2012 at 10:25pm ·
မပြော မဖြစ် ပြောရမည် -ဟု အကြောင်း တစုံတရာအပေါ်မှာ ထင်မြင်ယူဆလာသည့်အခါ မည်သို့ မည်ပုံ ပြောဆိုရမည်လဲ-ဟု စကားလုံးများကို ရွေးချယ်စဉ်းစားရတော့သည်။

ကိုယ်ကိုယ်တိုင် ပါဝင် အမှုတော် ထမ်းခဲ့သည့် အဖွဲ့အစည်းတခုအကြောင်းကို ပြောဆိုရမည့်အခါ... ကောင်းမွန်သည့် အရာများကိုသာ ကျနော် ပြောလိုပါသည်။ သို့သော်လည်း မပြောမဖြစ် ပြောရတော့မည့် အခြေအနေမှာ ပြောစရာများက မကောင်းသည့် အရာများသာ ဖြစ်နေသည်က ကျနော့် စိတ်ဆန္ဒကြောင့်လည်း မဟုတ်ပါ။ လက်တွေ့ ပကတိ အမှန်တကယ် ဖြစ်ပျက်နေခဲ့သည်များကြောင့်သာ ဖြစ်သည်။

၁၉၈၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့သော ၁၃၅၀ ပြည့် အရေးတော်ပုံကြီး (သို့မဟုတ်) တနည်း ပြောရလျင် ၈-၈-၈၈ ဟု ခေါ်ဆိုခဲ့ကြသော ရှစ်လေးလုံး အရေးတော်ပုံကြီး၏ သားသမီးများအဖြစ် ဗမာ့ နိုင်ငံရေးသမိုင်းမှာ အထင်ကရ ဖြစ်တည်လာခဲ့သော အဖွဲ့အစည်း ၂ ခု ရှိခဲ့သည်။ တခုကတော့ ရန်သူဖြစ်သည့် စစ်အာဏာရှင် အုပ်စုက အကန့်အသတ်ဖြင့် တည်ရှိခွင့်ပေးထားသော ဥပဒေဘောင်အတွင်းမှာ တည်ရှိလာသော ဒီ/ချုပ် ခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်ပြီး နောက် တခုကတော့ စစ်အာဏာရှင်အုပ်စုက မတရားသင်းအဖြစ် ၁၉၈၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကြေညာခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဖြစ်သည်။ အတိုကောက် ခေါ်ရလျင် မကဒတ၊ အင်္ဂလိပ်လို အတိုကောက် ခေါ်လျင် ABSDF အတိုဆုံး ခေါ်ကြတော့ ဗမာလို အေဘီ။

အမှန်တကယ်မတော့ မြန်မာ့ သမိုင်းကိုကြည့်ကြည့်၊ ကမ္ဘာ့ သမိုင်းကိုကြည့်ကြည့် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သော သမိုင်းမှာ မည်သည့် အဖွဲ့အစည်းကမျှ အရှင်မွေး ညတွင်း ကြီးပျင်းခဲ့သည် မဟုတ်ပါ။ စစ်အာဏာရှင် စနစ်ကို မည်သို့ မည်ပုံ ဆန့်ကျင်ရမည်-ဆိုသော တစုံတရာခိုင်မာသည့် နိုင်ငံရေးအတွေးအခေါ်တခု- နိုင်ငံရေး ယုံကြည်ချက်တခု - နိုင်ငံရေး အအယူအဆ တခု အပေါ်မှာ အခိုင်အမာ အခြေခံပြီးမှသာ အဖွဲ့အစည်းတခုအဖြစ် စုစည်း ကြီးပျင်းလာခဲ့ကြသည်သာ ဖြစ်သည်။
ခက်သည်က အေဘီသည် အရှင်မွေး၊ ညတွင်းကြီး။ သည်တော့ အေဘီမှာ ရန်သူ့ လူများ အလွယ်တကူ ပါဝင်နေနိုင်သည်ကို နားလည်ယူလို့ရသည်။ မဟာမိတ်အဖွဲ့အစည်းများ၏ နယ်မြေထဲတွင် ဖွဲ့စည်း ဖြစ်တည်လာခဲ့သော အေဘီကို မဟာမိတ် အဖွဲ့အစည်းများကိုယ်တိုင်က မယုံမရဲဖြစ်ခဲ့ကြသည်ကိုလည်း အဆိုး မဆိုသာ။
တကယ်တော့ မဟာ မိတ် အားလုံး၏ လွတ်မြောက်နယ်မြေထဲတွင် စုရုံးရောက်ရှိနေသော လူပေါင်းများစွာဖြင့် ဖွဲ့စည်းခဲ့သော အေဘီသည် အမှန်တကယ်တော့ သန္ဒေ မမှန်ခဲ့။ စတင် ဖွဲ့စည်းကတည်းက အခြား နိုင်ငံရေး အဖွဲ့အစည်းများလို နိုင်ငံရေး အယူအဆ တခုအပေါ်မှာ ယုံကြည်သူများ စုရုံးဖွဲ့စည်းထားသည် မဟုတ်ခဲ့သော အေဘီသည် ချို့ယွင်းချက် များစွာ ရှိနေခဲ့သည်။
အထူးသဖြင့် ကေအိုင်အေ ခေါ် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့က ကိုယ်ပိုင် အကောက်ဂိတ် အုပ်ချုပ်ရေး နယ်မြေ ပေးအပ်ထားသည်ကို ရရှိခဲ့သော အေဘီ(ျေမြာက်ပိုင်း)သည် အကြီးမားဆုံးသော ချို့ယွင်းချက်များစွာ ရှိခဲ့သည်။ လက်နက် ကိုင်ထားနိုင်သော သူများက လက်နက် မကိုင်ထားနိုင်သော သူများကို နိုင်ထက်စီးနင်း အနိုင်ကျင့်ခွင့် ရှိခဲ့သည်။ အာဏာရှင် အသေးစားလေး ဖြစ်သွားသည်။ (ကျနော့် ဖော်ပြချက်ကို မည်သူမဆို ဆန့်ကျင် ကန့်ကွက်နိုင်ပါသည်)
သည့်နောက်မှာတော့ ငါနဲ့ မတူ ငါ့ရန်သူဆိုသော သဘောထားအပေါ်မှာ အဖွဲ့အစည်း ၀င် အချင်းချင်း ရန်သူများ ဖြစ်ကုန်သည်။ (ကျနော်က လျှော့ပေါ့ ပြောခြင်းသာ ဖြစ်ပါသည်။)
ရိုးရိုးသားသားမှားယွင်းမှု မဟုတ်လျင် သည် အဖြစ် အပျက်သည် စနစ်တကျ ကြိုတင် ကြံစည်မှုသာ ဖြစ်မည်။
ကျနော်ကတော့ သည်အဖြစ်အပျက်ကြီး တခုလုံးကို စနစ်တကျ ကြိုတင် ကြံစည်မှုကြီးအဖြစ် ယုံကြည်သည်။
ကျနော်ကိုယ်တိုင် မာနယ်ပလော ဗဟိုမှာ အဖမ်းခံခဲ့ရဖူးသည်။ ကျနော် အဖမ်းခံနေရကြောင်းကို ကိုယ့် ရဲဘော်များ ကြားသိအောင် ထောင်ထဲမှ အော်ဟစ်ပြောကြားခွင့် ရခဲ့သဖြင့်သာာ အသက်ဘေးမှ ကျနော် လွတ်ခဲ့ရခြင်း ဖြစ်သည်။
(atn)
· · · Share

  • 8 shares
    • Kyaw Gyi AB
      အာဏာလုတာတို့ ၊နှစ်ခြမ်းကွဲတာတို့ ထက် ပိုနီးစပ်လာပါပြီ၊ရုတ်တရတ်ပေါ်လာတဲ့ မမျှော်လင့်တဲ့ ကိစ္စတော့မဟုတ်ပါဘူး၊ကိုမြတ်ကိုကို၊ကိုလွှမ်းမိုး၊ကိုအောင်ကျော်တို့ အသက်စွန့် ခဲ့တဲ့နောက် မြောက်ပိုင်း ဖြစ်မြောက်ရေးကိုပဲ ဦးတည်ပြီး လုပ်ဆောင်ခဲ့ကြတယ်၊ဒီအတွက် အသက်အန္တရာယ် ရှိမှန်းသိပေမဲ့ ဘယ်သူမှစွန့် ခွာထွက်မပြေးခဲ့ပါ၊ကိုယ်လွတ်မရုန်းခဲ့ပါ၊ဘယ်သူ့ ကိုမှပုံမချခဲ့ပါ။သို့ သော်မမျှော်လင့်တဲ့ နှိပ်စက်မှုမျိုးစုံ၊မထင်မှတ်တဲ့ အရေအတွက်၊တစ်ယောက်မကျန်သေစေလိုမှု တွေကအံ့သြစရာဖြစ်ခဲ့ရပါတယ်၊နောက်ဆုံးမှာ ကျွှန်တော်တို့ ရဲ့ စွန့် လွတ်မှုတွေဟာ အောင်နိုင်ရယ်၊မြောက်ပိုင်းဆိုတဲ့စာလုံးရယ်၊ဥက္ကဌကြီးရယ် ပဲကျန်ခဲ့ရတယ်။အားလုံးရဲ့ ရည်မှန်ချက်ပြိုပျက်ခဲ့ရပါတယ်။အမှန်တရား အတွက်အသက်ရှင်အောင်ရုံးခဲ့ကြရပါတယ်။
    • ဘရာဇီး ငှက်ရိုး ကျနော်အမြင်လေးရေးသားနေပါတယ် အဆင်ပြေရင်မကြာခင်မှာပဲ တင်ပေးပါ့မယ်....
    • Aye Aye Soe Win in <<စုရုံးရောက်ရှိနေသော လူပေါင်းများစွာဖြင့် ဖွဲ့စည်းခဲ့သော အေဘီသည် အမှန်တကယ်တော့ သန္ဒေ မမှန်ခဲ့။>> Those who DO NOT HAVE the lofty goals NEVER WANT to admit that..They refuse to see that..However, this is the ugly truth about that organization...I personally whole-heartedly agree with the writer who said these words so boldly...
    • ဘရာဇီး ငှက်ရိုး အမရေ... ကျနော်ကတော့ စောင့်ဖတ်စေချင်သေးတယ် (atn)လို့ ရေးထားလေတော့...
    • Min Tharr atn ဆိုတာ အောင်သာငယ်ပါ။ ဆက်အောင်ခိုင်ပါ ဦးလှရွှေသား။ မိသားစုတစ်စုလုံး စစ်အစိုးရဆန်.ကျင်လို. ထောင်ကျနေခဲ့ရတာ။ သူကတော့ တောခိုလာတယ် ၂၀၄ တပ်ရင်းမှူးအဖြစ်နဲ. တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါက်တာနိုင်အောင်တို.က သူလျှိုဆိုပြီးဖမ်းခဲ့တာ အသံကျယ်စွာနဲ. အချုပ်ခန်းပြင်ပက ထွက်သွားတဲ့ စခန်းကသူတွေကို အော်ပြောအသိပေးနိုင်လို. လွတ်လာတာပါ။
    • Flygon Thapyay ‎( atn ) ဆိုတာဘယ်သူကြီးလဲမသိဘူးနော်......ဗျို့ကိုငှက်ကြီး ခင်ဗျားအမြင်လေး တွေတင်ပေးမယ်ဆိုလို့ စိတ်ဝင်စားတယ်ဗျာ....ကျနော်စောင့်ဖတ်မယ်နော်....
    • Flygon Thapyay မြောက်ပိုင်းကိစ္စဟာ.....ပီရမစ် ပုံလိုမျိုးနဲ့...တဖြးဖြေး တဖြေးဖြေး...အောက်ပိုင်းကနေ....အထက်တက်လေလေ... စုစုလာလေလေ ဘဲ...နောက်ဆုံးပိတ် ထိတ်ဆုံးရောက်ရင်......ပြဇာတ်ထဲကလို..( မင်းဘယ်ပြေးမလဲ မိချိုသဲ ) လို့ ပြောလိုက်တော့မယ်.....ဟဲ
    • ဘရာဇီး ငှက်ရိုး တင်ထားပါသဗျာ... ဘယ်သူ့မှတဂ် လုပ်မပေးတတ်ပါဘူး... ကျနော့် အမြင်လေးပေါ့.. ဖတ်ပြီးရင် စိတ်နာသွားကြမှာ သေချာတယ်...
    • Flygon Thapyay အော် ဆရာနိုင်အောင်.......ဆရာနိုင်အောင်.......ဆရာပါဘဲ....
    • Naing Oo တဖြည်းဖြည်းနဲ့ဇာတ်ရည်လည်လာပြီး ရုပ်လုံးလည်း ပေါ်လာပါပြီ. တရားခံတွေကို ဘယ်လိုဘယ်ပုံဖမ်းဆီးစစ်ဆေးမလဲဆိုတာလည်း အစီအစဉ်ရှိသင့်တယ်လို့ထင်ပါတယ်. ဒါပေမဲ့ ကျွန်တော်အမြင် ဒီလူသတ်မှု တရားခံတွေကိုခုံရုံးတင်ဖို့ရာ အခက်အခဲရှိမယ်ထင်ပါတယ်. ရော်နယ်အောင်နိုင်ဟာ ငြိမ်ချက်သားအကောင်းဆုံးဖြစ်နေပါတယ်.သူ့ကို ဘယ်လိုဆက်သွယ်လို့ရမလဲ တချက်လောက် share ပေးကြပါခင်ဗျာ
    • Ko Htike
      atn ဆိုတာ ဘယ်သူလဲဆိုတဲ့ မေးခွန်းအရ (atn) ဆိုတဲ့ ကိုဆက်အောင်ခိုင်ကို ကျွန်တော်လူချင်း မသိပါဘူး။ ဒါပေမယ့် မြန်မာ့နိုင်ငံရေး သမိုင်းမှာ ကျွန်တော်အလေးစားရဆုံး လူတွေထဲက တစ်ယောက်ဖြစ်တဲ့ "အာဏာရှင် လှရွှေ" ဆိုတဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဦးလှရွှေ ရဲ့ သား ဆိုတာနဲ့တင် မျိုးရိုး သိက္ခာကို မှန်းလို့ရပါပြီ။ ဒီတော့ ကိုဆက်အောင်ခိုင်ရဲ့ တော်လှန်ရေးမှာ ပါဝင်လာမှုကိုလည်း တွေးကြည့်လို့ရပါတယ်။ .. ခက်တာကတော့ ဦးလှရွှေကို သမိုင်းမှာ ဖျောက်ခံထားရတော့ မသိတဲ့ လူတွေလည်း များနေပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ကိုဗဟိန်း၊ ဗိုလ်အောင်ကျော် တို့ရဲ့ သမိုင်း လှုပ်ရှားမှုတွေကို လေ့လာရင် .. သူတို့နဲ့ တန်းတူ လုပ်ကိုင်ခဲ့တဲ့ ဦးလှရွှေကို သိနိုင်ကြပါတယ်လို့ပဲ ပြောချင်ပါတယ်။
    • Kyi Yu ကျွန်တော်အမှတ်မမှားဘူးဆိုရင် "အာဏာရှင် လှရွှေ" ဆိုတဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဦးလှရွှေ က ဒုတိယကမ္ဘာစစ်အပြီး ကျောင်းပြန်တက်တယ်။ ဗီးလတ်ကို အသွား အီဂျစ်နားမှာ လေယာဉ်ပျံ ပျက်ကျလို့ ဆုံးသွားတယ်လို့ စာအုပ်တအုပ်မှာ ဖတ်ဘူးတယ်။
    • Kyaw Kyaw Myo Swe ko kyi yu@ yes you are right.Hla shwe (Ar Nar Shin) was passed away by plane crashed.Uncle U Hla shwe is another one,one of PPP's member.

No comments:

Post a Comment