ကိုကိုကြီး ၈၈ မျိုးဆက်သို. ABSDF မြောက်ပိုင်းရဲဘော်ဟောင်း ကိုညီညီ မှ တုန်.ပြန်စာ
by Baydar Lam on Tuesday, March 13, 2012 at 3:53pm ·
ကိုကိုကြီး(၈၈) မျိုးဆက် သို. ABSDF မြောက်ပိုင်းရဲဘော်ဟောင်း ညီညီ မှ တုန်.ပြန် စာ
ကိုကိုကြီး (၈၈ ) မျိုးဆက်ခင်ဗျာ....ခင်ဗျာ messenger ဂျာနယ်ထဲမှာပြောသွားတဲ့စကားလုံး
တွေကိုဆွေးနွေးချင်လို.ပါ။အဲဒီစကားလုံးတွေကအခြားသူတွေသုံးရင်ပြသ၁နာမရှိပေမဲ့ ၈၈ မျိုးဆက်ထဲကပြောသွားတာကတော့ လက်မခံနိုင်ပါ။ ကိုကိုကြီးက " ဒီကိစ္စကြီးက သံသယရဲ. ဓါးစာခံတွေ သားကောင်တွေ ခေတ်ကာလအခြေအနေမှာ မှားယွင်းမှုတွေ လို." ပြောသွားပါတယ်။ဒီကိစ္စက အဲဒီလို လုံးဝမဟုတ်ပါဘူး၊ကြိုတင်ကြံစီပြီးမှဖြစ်ခဲ့တဲ့ကိစ္စပါ။ကျနော်
ရေးတဲ့အခန်းဆက်တွေကိုစောင့်ဖတ်ကြည့်ပါ။အစအဆုံးပြီးသွားရင် ဒါမှမဟုတ် မပြီးခင်မှာတောင်ဇာတ်ရည်လည်သွားပါမယ်။ အောင်နိုင်က အထက်ဗမာပြည်မှာ ထွန်းအောင်ကျော်ကထောက်လှမ်းရေးတာဝန်ခံ၊အောက်ဗမာပြည်မှာ ကိုကိုကြီးက ထောက်လှမ်းရေးတာဝန်ခံ ၊နိုင်အောင်ကလည်း မိုးသီးဇွန် လဲထောက်လှမ်းရေး မဟုတ်လားဆိုပြီး စွတ်စွဲတာ ကျနော်တို.အဖမ်းခံရသူတွေအားလုံးအသိပါ။ခင်ဗျာ မတော်လို.များ မြောက်ပိုင်းမှာတောခိုခဲ့ရင် ခင်ဗျာ ၊မောင်မောင်ကြွယ် နဲ. ထွန်းအောင်ကျော်တို.အမှုတွဲဖြစ်ပြီး ၁၅ ယောက်စာရင်းမှာ ခင်ဗျားပါ ပါသွားခဲ့မှာ။ အခု ၁၅ ယောက်ထဲပါတဲ့ကိုချိုကြီးဆိုရင်လဲ ကျနော်ရယ် သူရယ် GOSDA အမတ် ကိုမောင်မောင်အောင်ရယ် ၃ ယောက် မန္တလေး သံဃသမ္မဂ္ဂီ ဥက္ကဌ ဆရာတော် ဦးရေဝတ လွှတ်လို.မဲပေးပြီးနောက်ရက်ကစပြီး နိုင်ငံရေးလမ်းကြောင်းပုံစံသစ်ဖော်ဖို. အနိုင်ရမဲ့ ပါတီနဲ.ညှီနှိုင်းဖို. ဆွေးနွေးရန်အတွက်ခင်ဗျာနဲ.တောင်ဥက္ကလာပမှာ တွေ.ဆုံဆွေးနွေးခဲ့သူပါ။
ဒီလူတွေကမတော်တဆဆိုပြီးသေသွားခဲ့တဲ့သူတွေမဟုတ်ပါဘူး။ကျေးဇူးပြုပြီးစကားလုံးတိုင်းကိုအလေးအနက်ထားပြောဆိုပေးပါ။နောက်ပြီးခွင့်လွတ်တယ်ဆိုတဲ့စကားလုံး ၊နေရာတကာမှာ လူတကာက ကိုယ်မခံရတဲ့ကိစ္စတွေကို ကြားထဲကနေ ဝင်ဝင်ပြီးခွင့်လွတ်နေကြတာ မြန်မာနိုင်ငံသမိုင်းမှာ အစဉ်အလာဆိုးကြီးချန်ထားကြမလို.လား ။လုပ်ချင်ရာလုပ်ကြ နောက်ကြခွင့်လွတ်ကြမှာပဲဆိုတဲ့အသိတရားကိုနောင်မျိုးဆက်အတွက်ချန်ထားခဲ့ချင်ကြသလားး မမှားကြပါနဲ. သတိထားပြီးလုပ်ကြပါ။ကိုယ်မှားရင်ကိုယ်ပြန်ခံရမယ်ဆိုတဲ့အသိတရားမျိုး
ထားခဲ့ဖို.ကြီုးစားပါ။ခွင့်လွတ်တယ်ဆိုတဲ့စကားကပြောဖို.လွယ်ပါတယ်။အထူးသဖြင့်သူများတွေခံရတဲ့ကိစ္စမျိုးပေါ.။ကျနော်တို.က ကိုယ်တိုင်ခံစားရတဲ့ကိစ္စတွေကိုလဲခွင့်လွတ်ပါတယ်ဆိုရင်တော့ အဲဒီလိုလူမျိုးတွေရဲ.အမြော်အမြင်နည်းပါးမှုကိုရှုတ်ချပြီးမေတ္တာဓါတ်ကြီးမားမှုကိုတော့ဂုဏ်ပြုပါတယ်။တဆက်ထဲမှာပဲ ၁၂ ရက်နေ.အမှတ်တရပွဲ ဦးဆောင်ကျင်းပခဲ့တဲ့ ကျနော်တို.နဲ.အတူ အချုပ်ခံရပြီးလွတ်မြောက်ခဲ့တဲ့ ရန်ကုန်က ပုဂ္ဂိုလ်များကို တခုမေတ္တာရပ်ခံလိုပါတယ်။နောင်ကို ကိုချိုကြီးနာမည်ကိုအသုံးပြုရင် လူသစ်ဆိုတဲ့စကားလုံးကိုမသုံးကြပါနဲ.။ကိုချိုကြီးတို. ကျနော်တို.တတွေ UG လုပ်ခဲ့ကြတာဟာ မန္တလေးကျောင်းသားအုပ်စုတွေရဲ.အားပေးကူညီပူးပေါင်းပါဝင်မှုနဲ.အတူ ABSDF ကိုမိခင်အဖွဲ.ဆိုပြီးလုပ်ခဲ့ကြတာပါ။ ၁၉၉၀ နှစ်ဆန်းပိုင်းမှာ မခင်ချိုဦးနဲ. နန်းအောင်ထွေးကြည်ကိုထောက်လှမ်းရေးဖြစ်ကြောင်းစုံစမ်းထောက်ခံပေးပါဆိုတဲ့စာကျနော်တို.ဆီကို မြောက်ပိုင်းဗဟိုကနေရောက်လာပါတယ်။ကျနော်တို.တတွေက ဆရာတော် ဦးရေဝတ နဲ.တိုင်ပင်ပြီး ထောက်လှမ်းရေးလို.မသင်္ကာံ ဘူးဆိုရင် မြို.ပေါ်ပြန်ပို.လိုက်ပါ။ဆက်ပြီးသတ်ဖြတ်မှုတွေလုပ်နေမယ်တိုရင် မန္တလေးအုပ်စုက NB နဲ.အဆက်အသွယ်ဖြတ်မယ်လို.စာပြန်ခဲ့ပါတယ်။ဒါ ကိုချိုကြီးလုပ်ခဲ့တဲ့ အများကြီးထဲကတခုပါ။ခင်ဗျားတို.တတွေလဲသိသင့်သလောက်သိခဲ့ကြမှာပါ။အဲဒီတော့ပြော
ချင်တာကနောက်နောင်ကို ကိုချိုကြီးနာမည်ကိုအသုံးပြု( ဖို.များကြုံကောင်းကြုံလာခဲ့ရင်) ကိုချိုကြီးကိုလူသစ်လို.မသုံးကြပါနဲ.လို.မေတ္တာရပ်ခံပါတယ်။

· · Share
- 3 shares
ရင် နင့် အောင် တရားဥပဒေအတိုင်း ဖြစ်သင့်ပါတယ်။ ပြုလုပ်ခဲ့တဲ့သူကို ခွင့်လွတ်တယ်ဆိုတာ
ခံခဲ့ရသူတွေကို မေ့ထားသလို ဖြစ်မနေဘူးလား။
အနည်းဆုံးတော့ သမိုင်းကို သင်လိမ်လို့မရ။ အမှန်တရားများကို နောင်လာနောက်သားတွေအတွက် ထားရှိခဲ့ရပါမယ်။
March 13 at 4:05pm · · 2
ဘရာဇီး ငှက်ရိုး
ကိုညီရေ... ကိုကိုကြီး(ကေကျူ့)လဲ အဲ့အချိန်က တောထဲမှာဆို သေချာပေါက် ခေါင်းဖြတ်ခံရမှာပဲ... စိန်ပြေနပြေ အေးအေးဆေးဆေး ရက်ပေါင်းများစွာ အချိန်ယူပြီး ရှင်းလင်းသတ်ဖြတ် ခံရတာကိုး.... ကျနော်သိချင်တာက ကိုမြင့်သိန်းတို့ ၅၅ ယောက် ပြေးကြတော့... ကိုညီကျန်နေခဲ့မှာပဲ... ဖေဖော်ဝါရီ၁၂ရက်ကနေ ထွက်ပြေးကြချိန်ထိ ဘယ်နှစ်ရက်ကြားမှာ ခြားနေသလဲက ကျနော့်အတွက် နဲနဲအရေးတကြီး သိစရာ ဖြစ်လာပါပြီ.... နောက်ပြီး အခုလောလောဆယ် တရားခံတွေကို ကာကွယ်နေသူတွေလဲ မြောက်ပိုင်းမှာဆို သေချာပေါက် ခေါင်းပြတ်မှာပဲ... ဘာမဟုတ်တဲ့ ခေါင်းဆောင်ဆိုတဲ့ကောင် ကိုတောင် ကာကွယ်ချင်သူတွေလေ... ကိုချိုကြီးနာမည် လူသစ်ဆိုပြီး သုံးတာကတော့ ကျနော်ထင်တာက ကိုချိုကြီး တောထဲရောက်တာ မကြာသေးလို့များလား????
March 13 at 11:44pm · · 1
ဘရာဇီး ငှက်ရိုး မြို့ပေါ်ကဗကသမှာ ကိုချိုကြီး၊ ကိုညီညီ၊ ကိုထွန်းအောင်ကျော်တို့က အထင်ကရ လှုပ်ရှားသူတွေ ဖြစ်ကြောင်း ဗကသ အထက်ကော အောက်ကောက လူတွေ သိပါတယ်... ကိုမောင်မောင်ကြွယ်၊ ကိုပြည်စိုးနိုင်တို့လို ဗကသ အောက်မြန်မာပြည်က လူတွေလဲ ခေါင်းပြတ်ကုန်တာပဲ...
March 13 at 11:52pm · · 1
BarBu Abnb (၁၅)ယောက်ကိုခေါင်းဖြတ်တဲ့နေ့က၁၂.၂.၁၉၉၂ပါ။
(၅၅)ယောက်ထွက်ပြေးတာက၂၁.၅.၁၉၉၂ ခုပါ။
March 15 at 10:19pm · · 3
No comments:
Post a Comment