Thursday, July 26, 2012

မနောမြေမှကျောင်းသားတပ်မတော်အပိုင်း ( ၂ )...

မနောမြေမှကျောင်းသားတပ်မတော်အပိုင်း ( ၂ )

by Nang Aung Htwe Kyi on Monday, May 14, 2012 at 1:25am ·
ဒီနေ့မနက်အိပ်ယာထတော့လဲထုံးစံအတိုင်းပေါ့ ။ ဝမ်းနည်းကြေကွဲခြင်းရယ် ရှင်သန်မှု့အတွက် မျှော်လင့်ချက်တဝက်၊ မမျှော်လင့်ချက်တဝက်နဲ့ ရင်တွင်းနာကြင်မွန်းသိပ်မှု့တွေနဲ့ ဘဝတူ AB-NB ထောင်နန်းစံတွေအတွက် ထမင်း ချက်ဖို့ပြင်ဆင်ရတယ်။နည်းနည်းလောက်ရှင်းအောင်ပြောပြပါရစေ။

မှတ်မိသလောက်ပြောပြရရင် ကျမအပါအဝင် ထောင်အတွင်းမတရား ဖမ်းဆီးစွပ်စွဲပြီး ညှင်းပမ်းနှိပ်စက်မှု့ မျိုးစုံခံနေကြရတဲ့အထဲကမှ ကျောင်းသားအယောက်၂၀ ခန့်(အားလုံးမမှတ်မိတော့ပါ) ကို ဒုတိယအကြိမ် လက်တွေမှာ ယမ်းပျော့တွေနဲ့ ကပ်ချည်ပြီးဖြတ်တဲ့နေ့မှာပေါ့။ ကိုအောင်ဖိုး(ကိုအေးသက်လတ်) ကိုခြေ ထောက်ဖြတ်တာ မပြတ်ဘဲတွဲနေသေးတာကို ဒါးနဲ့မသုံးဘဲ လက်နဲ့ဆွဲ ဖြတ်တယ်။ အဲ့ဒီမြင်ကွင်းကိုကြည့်ပြီး ကျမဆုံးဖြတ်ချက်ချမိတာကတော့ ကိုယ့်အလှည့်ကြရင် သူတို့လက်ထဲကဝါယာနှစ်ပင်ပူးလိုက်တာနဲ့ ကိုယ့်လက်ကိုလည်ပင်းနားဆွဲကပ်ပြီးတခါထဲ အသေခံလိုက်တော့ဖို့ဘဲလေ။

ကံကောင်းခြင်တော့လဲ .. သေကံမရောက်သေးတော့လဲ .. နောက်တယောက်ကိုမိုင်းခွဲမဖြတ်ခင်လေး အချိန်မီ လေး KIA ကဗိုလ်မှုးပန်းအောင်ရောက်လာပြီး ဘာလုပ်နေကြတာလဲ ဆိုပြီးဘေးမှာခြေထောက်ပြတ်နေတဲ့ကို အောင်ဖိုးကိုမြင်သွားတော့အခြေအနေတွေကို ဘယ်သူမှမဖြေလဲ သိသွားတာပေါ့။နောက်ဗိုလ်မှုးပန်းအောင် က ကျမတို့အားလုံးရဲ့လက်မှာချည်ထားကြရတဲ့
ယမ်းပျော့တွေမြင်သွားတော့ သံချောင်း..ငါ မငယ်ကိုမေးစရာရှိ တယ်..ပြောလို့ကျမကိုသီးသန့်တဲထဲခေါ်တွေ့တယ်။ သံချောင်းတို့တွေအားလုံးကိုမင်းတို့အားလုံးထွက်..ငါ မငယ် နဲ့ဘဲတွေ့ခြင်တယ်ဆိုလို့ အားလုံးထွက်သွားကြတယ်။

မငယ်.. မင်းတို့ဘာတွေဖြစ်နေကြတာလဲ..ရှင်းရှင်းပြောပါ ဆိုလာတော့ ကျမကပြောလိုက်တယ် ... ဒူကမ္ဘာ ဖြစ် စေခြင်တာတွေကို ဖြစ်အောင်ညှင်းလာရင်ဖြစ်ကုန်မှာဘဲ..ခုလဲတယောက်ကိုခြေထောက်ဖြတ်တယ်ပြီးခဲ့တဲ့ တပတ်ကလဲတယောက်ကိုလက်ဖြတ်တယ်လို့ဆိုတော့. ငါစိတ်မကောင်းဘူး..ငါစိတ်မကောင်းဘူး ခက်ကြပြီကောမင်းတို့တွေ ဆိုပြီးမင်းဘာမှမဖြစ်ဘူး လို့ပြောတယ်။သေတာတွေရှိလားမေးတော့ သေကုန်ကြပြီ  ဘယ်နှစ်ယောက်လဲတော့မသိဘူး၊များတယ်လို့ပြောလိုက်တယ်။

ဗိုလ်မှုးပန်းအောင်သံချောင်းနဲ့စကားပြောတယ်။မင်းတို့အခုချိန်ကစပြီး စစ်ကြောရေးတွေရပ် တဲ့။
သံချောင်းလဲ   ပြန်တော့ပြောတယ် .မသဲကွဲဘူး။နောက်တော့ဒူကမ္ဘာ့ ကအချုပ်သားတွေအားလုံးအတွက်ဆေးကုသခွင့်ပေး မယ်။စစ်ကြောရေးတွေအကုန်ရပ်ဖို့ တင်းတင်းကြပ်ကြပ်ပြောတော့ မှ သံချောင်းတို့ အောင်နိုင်တို့ မျိုးဝင်းတို့ သဘောတူလက်ခံလိုက်ကြတယ်။မိုင်းခွဲလက်ဖြတ်ပွဲကြီးတရားဝင်ရပ်ဆိုင်းသွားတော့တယ်။KIA ရဲ့ကျေးဇူးပါ။
အဲ့ဒီကစပြီးပြင်းထန်တဲ့စစ်ကြောရေးတွေ နှိပ်စက်ညှင်းပန်းမှု့တွေသိပ်မရှိတော့ဘဲမကြာခင်မှာရပ်စဲသွားပါတယ်။

အဲ့ဒီတုန်းကထောင်က ကျောင်းသားတပ်အလည်မှာရှိတဲ့ လက်ချာဟောထဲမှာဖြစ်ပြီးယောကျာင်္းလေး တွေအတွက်ဖြစ်တယ်။လက်ချာဟောဘေးက
စာဖိုဆောင်ကမိန်းကလေးတွေအတွက်ဖြစ်တယ်။နောက်တော့အသံတွေကြားတာကတော့စစ်ကြောေ၇းတွေပြီးဆုံးသွားပြီ ၊ ထောင်ရွှေ့မယ်ဆိုတာတွေပေါ့။ မှန်ပါတယ် ၊မကြာခင်မှာဘဲ ထောင်ကို အလံတိုင်ကုန်းအနောက်က ရဲဘော်တွေနေတဲ့ အဆောင်ကိုရွှေ့ကြရပါတယ်။အဲ့ဒီမှာ ကျမတို့မိန်းကလေးတွေအတွက် သပ်သပ်အကန့်လေးဖြစ်ပေ
မဲ့ထောင်သားတွေအားလုံးအတူတူ တဆောင်ထဲ ဖြစ်သွားပါတယ်။အဲ့ဒီထောင်ကုန်းမှာကြတော့မှ စစ်ကြောရေးတွေပြီးသွားပြီဆိုတဲ့အတွက်လွတ်လပ်မှု့အနည်း ငယ်ရလာတယ်။

ထောင်သားတွေကို သူတို့ရဲ့ကျေးကျွန်တွေလိုမျိုးတတပ်လုံးရဲ့အလုပ် လုပ်ခိုင်းကြတော့တာပါ ဘဲ။ထောင်သားအားလုံးကိုသံခြေကျဉ်းတွေခတ်ထားတယ်။၂၄ နာရီပြောတာနော။စပြီးဖမ်းဆီးထားတဲ့နေ့တွေ  ကတည်းကနေ သူတို့ထွက်ပြေးလွတ်မြောက်သွားတဲ့အထိ ခြေကွင်းစွပ်မင်းသားများဘဝနဲ့နေ့စဉ်ညဆက်ပါ။  ၇ လ ၊၈ လ ကာလလုံးလုံးခြေကျဉ်းတွေ၊ခြေထောက်ကြိုးတုတ်၊လက်နောက်ပြန်ကြိုးတုတ်၊မျက်လုံးကိုအဝတ်နဲ့  တင်းကြပ်စွာစည်းထားတာခံခဲ့ရပါတယ်။နောက်ဒီထောင်ကုန်းကိုစပြီးရွှေ့တဲ့နေ့ကစပြီး ကျမတို့မိန်းကလေး တွေကဘဝတူတွေအတွက်ထမင်းချက်ပေးကြရတယ်။
တယောက်နဲ့တယောက်စကားပြောခွင့်တွေရလာကြတယ်။အားလုံးလဲတယောက်နဲ့တယောက်နီးစပ်ရာမှာကြတာပေါ့။
ကျမဆို နန်းစောကိုငါများသေခဲ့ပြီးနင်လွတ်သွားရင်ကျေးဇူးပြုပြီးငါ့အိမ်ကိုဆက်သွယ်ပေးပါလို့ မကြာခဏသတိပေးမိတယ်။ကိုယ့်ကိုကိုယ်အသတ်ခံရဖို့တွက်ထားမိတာကတော့
လက်ဖြတ်ပွဲကြီးထဲပါဝင်ခဲ့ရတဲ့အချိန်ကစတာပါဘဲ။

ထောင်ကုန်းပေါ်မှာပြောင်းရွှေ့ကတည်းက ကျန်းမာသူတွေကနေ့စဉ်ကျေးကျွန်တွေလို
အလုပ်သွားလုပ်နေပေမဲ့ ပြင်းထန်တဲ့ လူမဆန်တဲ့စစ်ကြောရေးကာလမှာ ခြေပြတ် လက်ပြတ်ဖြစ်နေသူတွေနဲ့ လူစဉ်တောင်မမီဖြစ်သွားရ  တဲ့ကိုကြီး (ကိုထွန်းအောင်ကျော်) တို့တော့ဒီထောင်ကုန်းပေါ်မှာဘဲ
ကျမတို့မိန်းကလေးတွေနဲ့အတူ အမြဲရှိနေတာပေါ့။

တရားလက်လွတ်နှိပ်စက်ခံထားရတဲ့ဒဏ်ကြောင့် ခြေနှစ်ဘက်လုံးဖြောင့်မတ်လို့မရနိုင်တော့တဲ့အတွက်  ဒုတ်ချောင်းလေးကိုအားပြုပြီးအမြဲရေလာတောင်းသောက်တိုင်းငါတို့အကြောင်းတနေ့ပြန်ပြောပြပါလို့ပြောတိုင်း ဟုတ်ကဲ့လို့အမြဲပြန်ဖြေပေးခဲ့ရတယ်။တကယ်တော့ကျမကိုယ်တိုင်ကတောင်
နန်းစောကိုမှာကြားနေရတဲ့အခြေအနေကို ကိုကြီးကိုမဖွင့်ပြောဖြစ်ခဲ့ပါဘူး။

ဒီလိုနဲ့တနေ့ ကိုထွန်းအောင်ကျော်ရယ်၊ကိုချိုကြီး၊ကျော်ကျော်မင်း၊OK ၊ကိုကျော်ဝေ တို့ကို လူသတ်ကုန်းခေါ်   သွားကြတယ်။ကျမတို့ထောင်ကုန်းကနေဆိုလူသတ်ကုန်း (ဆိုင်းရော်ကုန်း - အာသံကုန်း) ကိုရှင်းရှင်းလင်းလင်း မြင်ရတယ်လေ။ကိုကြီးဆီကအကြည့်တချက်ရလိုက်တယ်။ထမင်းချက်တဲ့နေရာမှာဘဲ
မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ သူတို့ကိုကျောခိုင်းနေမိလိုက်တယ်။နည်းနည်းကြာမှ လူသတ်
ကုန်းဘက်ကြည့်လိုက်တော့သူတို့အားလုံး  ကုန်းထိပ်ကိုရောက်နေပြီဖြစ်တယ်။

ကျမတို့မိန်းကလေးတွေအားလုံးလဲ ဆိတ်ငြိမ်စွာနဲ့အတွေးကိုယ်စီနဲ့စားဖို ဆောင်တွင်းမှာဘဲ အလုပ်ဆက်လုပ်နေကြတယ်။တော်တော်ကြာတော့ မချိုက ပြန်လာကြပြီပြောလို့ လှည့် ကြည့်လိုက်တော့ တအုပ်ကြီးပြန်လာနေတာတွေ့ရတယ်။သက်ပြင်းချမိတယ်။
အော်.. ကျမတို့ဘဝ စစ်အာဏာရှင် ကြီးတွေကိုတော်လှန်ဖို့လာကာမှဘဲ
ဖက်ဆစ်စစ်အာဏာရှင်လေးတွေနဲ့ကြုံနေရပါလားနော်လို့။

ကျော်ကျော်မင်းနဲ့OK ကိုတွေ့တော့သူတို့မျက်နှာကြည့်တာနဲ့တခုခုတော့ဖြစ်ခဲ့ပြီလို့
သိလိုက်တယ်။သွေးပျက် ခြောက်ခြားနေတဲ့ မှုပျက်နေတဲ့ ကျော်ကျော်မင်းမျက်နှာကိုမြင်တွေ့ရတယ်။
OK လဲခေါင်းငိုက်စိုက်နဲ့ပေါ့။နောက် မှာကိုထွန်းအောင်ကျော်ပါလာတယ်။သူ့ကိုယ်မှာသွေးစွန်းနေတာတွေ့ရတယ်။
တော်တော်ကြာခပ်လှမ်းလှမ်းကကိုချိုကြီးကိုတွေ့ရတယ်။မြတ်စွာဘုရားတမိတယ်။

ကိုချိုကြီးလက်ပြတ်နေပြီကော။ဗိုလ်မှုးပန်းအောင်တားမြစ် ထားတဲ့ကြားကသူတို့လက်ဖြတ်ပြစ်ပြန်ပြီ။  ကိုကျော်ဝေတယောက်တော့အဲ့ဒီနေ့ကထာဝရပြန်မလာတော့ ပါဘူး။ ရက်စက်စွာခေါင်းဖြတ်သတ်ခြင်းခံလိုက်ရတယ်။အဲ့ဒီနေ့ရဲ့လူသတ်ကုန်းပေါ်ကအဖြစ်အပျက်က
ကျော်ကျော်မင်းကိုတွင်းထဲမှာခေါင်းငိုက်စိုက်ထားထားပြီး ကိုကျော်ဝေကိုခေါင်းဖြတ်သတ်ပြီးလည်ပြတ်ကသွေး  ကို ကိုထွန်းအောင်ကျော်ကိုသောက်ခိုင်းတယ်။ကိုချိုကြီးလက်ကိုဒါးနဲ့ခုတ်ဖြတ်ပြီး လက်ပြတ်ကို ကိုထွန်းအောင် ကျော်ကိုကိုက်ထားခိုင်းတယ်တဲ့။

ခံစားချက်တွေထုံကြင်လာတယ်။မျှော်လင့်ချက်တွေကင်းဝေးလာတယ်။
ကိုယ့်အလှည့်ဘယ်တော့လဲလို့အတွေးနက်လာတယ်။

ဒီနေ့မနက်အိပ်ယာထတော့လဲထုံးစံအတိုင်းပေါ့ ။ ဝမ်းနည်းကြေကွဲခြင်းရယ် ရှင်သန်မှု့အတွက်  မျှော်လင့်ချက် တဝက်၊ မမျှော်လင့်ချက်တဝက်နဲ့ ရင်တွင်းနာကြင်မွန်းသိပ်မှု့တွေနဲ့ ဘဝတူ AB-NB ထောင်နန်းစံတွေအတွက် ထမင်း ချက်ဖို့ပြင်ဆင်ရပြန်တယ်။ဒါပေမဲ့ဒီနေ့ကျမတို့ABSDF-NB မြောက်ပိုင်းကျောင်းသားတပ်မတော်အ   တွင်းမှာမတရားသဖြင့်ဖမ်းဆီးစွပ်စွဲ နှိပ်စက်ညှင်းပန်းမှု့တွေတနင့်တပိုးခံစားခဲ့ကြရတဲ့ ကံသီလို့အသက်
ရှင်နေ ကြပေမဲ့ နှစ်၂၀တိုင် ဘဝသေ သမိုင်းမဲ့ခဲ့တဲ့ ဘဝတူတွေ တသက်မေ့မရနိုင်တဲ့နေ့၊
လူမဆန်စွာရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခံခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားတစုအတွက်ဖြေမဆယ်နိုင်ဖြစ်ခဲ့ရတဲ့နေ့၊မြန်မာတိုင်းရင်းသား
အားလုံးရဲ့ အထွတ်အမြတ်နေ့၊ ပြည်ထောင်စုနေ့ ဒို့မမေ့ဆိုတဲ့ကဗျာလိုဘဲလေ …။

တကယ်ပါ ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၉၉၂ ခုနှစ်။ကျမတို့အတွက်တော့ရင်ထဲမှာနင့်နင့်နဲနဲ ကဗျည်း  ထိုးခဲ့တဲ့နေ့ပါ။
ကိုထွန်းအောင်ကျော်နဲ့တကွအပြစ်မဲ့တဲ့စစ်မှန်သောကျောင်းသား ၁၅ ဦးရက်စက်စွာခေါင်းဖြတ်အသတ်ခံရတဲ့ နေ့ဖြစ်ပါတယ်။

မနက်ပိုင်းအိပ်ရာထ စားဖိုဆောင်ဝင် ထမင်းချက်ဖို့ပြင် ပုံမှန်ပေါ့။ယောင်္ကျားလေးတွေကတော့တာဝန်တွေခွဲပြီး တတပ်လုံးအတွက်ထင်းခွေ၊ထင်းခွဲ ၊သစ်ပင်ခုတ်၊လွှဆွဲ စတဲ့အလုပ်တွေနဲ့
ထူးခြားတဲ့နောက်ထပ်အလုပ်အသစ် တခုက ထောင်နဲ့ မီတာ၂၅၀ (ခန့်မှန်းခြေ) အကွာမှာ
မှန်းခြေ ၄ မီတာ ၃မီတာပတ်လည် ။အနက်မှန်းခြေ ၃ မီ  တာခန့်ရှိတဲ့ကျင်းကြီးတခုတူးတဲ့အလုပ်ပါခွဲဝေလုပ်ကိုင်ကြရပါတယ်။
စိတ်မသက်မသာစရာကောင်းတာကတော့ သေနပ်ကိုင်ထားတဲ့အစောင့်တွေက
ကျမတို့တတွေကို သတ္တဝါတကောင်လောက်တောင်မှတန်ဘိုးမထားဘဲ   တူးကြ အဲ့ဒါမင်းတို့အားလုံးစုနေရမှာကွ ၊လို့ပြောပြောပြီးရီကြပါတယ်။ဘာရည်ရွယ်ချက်နဲ့မှန်းမသိတဲ့အဲ့ဒီကျင်း ကြီးကြည့်တိုင်းရင်ထဲမွန်းကြပ်လာတတ်တယ်။

တနေ့လုံးဒီလိုဘဲ။အားလုံးပုံမှန်အလုပ်သွားကြတယ်။နေ့လည်ခင်းပိုင်းအလုပ်နား အားလုံး ထောင်ကုန်းပြန်လာ  ထမင်းစား။နောက်အသီးသီးပြန်အလုပ်ဝင်ကြ ။ကျမတို့မိန်းကလေးတွေက ညနေစာတွက်ပုံမှန်ပြင်ကြတာပေါ့။ ကျမကအမှတ်တမဲ့တွေ့လိုက်ရတယ်။ရဲဘော်တစုပေါက်တူးတွေနဲ့လူသတ်ကုန်းတက်သွားကြတာ။ထိတ်ကနဲ
ဖြစ်မိတယ်။ဘာလဲ၊ဒီနေ့လား၊ငါ့အလှည့်လား၊ရင်ထဲမှာဆို့နင့်လာတယ်။လည်ချောင်းမှာတစ်ဆို့နေတယ်။

မချို နဲ့နန်းစောကိုကြည့်မိတယ်။ဒီလိုဘဲ။ပုံမှန်ပါဘဲ။မဟုတ်တန်ပါဘူး။မဟုတ်ပါစေနဲ့။
မျှော်လင့်ချက်မှိန်မှိန်လေးနဲ့ဆု တောင်းမိတယ်။ထောင်သားတွေကိုအလုပ်အစောကြီးသိမ်းပြီးပြန်ခေါ်လာကြတယ်။
ရင်တွေကြပ်လာတယ်။ထမင်းစောစောကျွေးဘို့ပြောလာလို့ ကျမတို့ပြင်ဆင်ကြတယ်။အားလုံးကိုထမင်းကျွေးပြီးတာနဲ့အားလုံးထောင်  ထဲမှာနေကြဖို့အမိန့်ပေးလာတယ်။ထူးပြီ။တအားထူးခြားနေပြီ။အကဲစမ်းပြီးထောင်မှုးကိုမေးကြည့်လိုက်တယ်။ ကျမတို့မိန်းကလေးတွေထမင်းမစားရသေးလို့ ကျမတို့ရောထောင်ထဲအခုဝင်ရမလားဆိုတော့

ကျမကိုကြည့်ပြီးစားမနေနဲ့ .. မထူးဘူးတဲ့။အသက်ရှုကြပ်လာတယ်။
ဟုတ်ကဲ့လို့ဆိုပြီးအားလုံးထောင်ထဲဝင်လိုက်ကြတယ်။

လက်နက်အပြည့်အစုံနဲ့ရဲဘော်တွေခါတိုင်းထက်ပိုများနေတယ်။ထောင်ထဲရောက်တာနဲ့အားလုံးပုံစံထိုင်ကြ  တယ်။ခြေထောက်ကြိုးချည်ရတယ်။လက်နောက်ပြန်ကြိုးပြန်တုတ်တယ်။မျက်လုံးတွေအဝတ်စတွေနဲ့ပြန်စည်း ရတယ်။ဒီတခါကြိုးတုတ်တာခါတိုင်းထက်တင်းကြပ်တယ်လေ။ရင်ထဲမှာတလှပ်လှပ်ဖြစ်နေပြီ။ဇွတ်အတင်းမဟုတ်ဘူး .. မဖြစ်နိုင်ဘူးဆိုပေမဲ့ နောက်ဆုံးအချိန်ဟာလက်တကမ်းမှာမှန်း သိနေတယ်။အခြေအနေအရပ်ရပ်ကို  မှန်းတွက်လို့ရနေတယ်လေ။နောက်တော့ပြောလာတယ်။အားလုံးတိတ်တိတ်ဆိတ်ဆိတ်နေကြဖို့။အသံမထွက်  နဲ့၊မလှုပ်နဲ့။အားလုံးနံရံဖက်ကိုမျက်နှာမူဖို့။သေချာပါပြီ။ဒီနေ့ဟာကျမရဲ့နောက်ဆုံးနေ့ပါ။
ရင်ထဲကထုံကြင်မှု့  တွေများတော့ ခံစားချက်မဲ့သွားတယ်။

ဝင်လာတဲ့အသံတွေကြားရပြီးတချို့နာမည်တွေပြောပြီးဆွဲခေါ်ထုတ်သွားသံကြားရတယ်။ခြေသံကျမနားရပ်   သွားပြီး ကျမလက်နှစ်ဘက်ကိုလာဆွဲထူတယ်။ကျားလေး(အောင်စိုး)လာဆွဲထူတယ်။မငယ်ထ .. အသာတ ကြည်လိုက်သွားနော်..တဲ့။လေသံတိုးတိုးလေးနဲ့မှာတယ်။ကျမ မတ်တပ်ထရပ်လိုက်တော့ရင်ထဲမှာလှပ်ဟာသွား တယ်။ခံစားချက်မဲ့သွားပြီ။ထုံကြင်မှု့ကအနိုင်ယူသွားပြီ။အဲ့ဒီအချိန်ရဲ့ခံစားချက်ကိုဖွင့်ဟလို့ပြောမရဘူး။စကား လုံးရှာလို့မရတော့ဘူး။ဘာဆိုဘာမှမရှိသလို..မသိတော့သလို..ရင်ထဲဟာနေတယ်။

အမေ .. အမေဆိုပြီးတမိတယ်။ပြောမှားဆိုမှားတာတွေခွင့်လွှတ်ဖို့ တောင်းပန်ရှိခိုးမိတယ်။အောင်စိုးကိုဘိ နပ်ကလေးတော့စီးခွင့်ပေးပါတောင်းဆိုမိတယ်။အောင်စိုးကလည်းဘိနပ်ယူပြီးဝတ်ပေးရှာပါတယ်။
ဒါဟာ နောက်ဆုံးဘဲပေါ့လို့ နားလည်လိုက်တယ်။မျက်လုံးပိတ်ထားတော့အောင်စိုးဆွဲခေါ်ရာလိုက်ဖို့ခြေစ လှမ်းတုန်း ပြေးဝင်လာတဲ့စစ်ဘိနပ်သံနဲ့အတူမဟုတ်ဘူး..မငယ်မဟုတ်ဘူးတဲ့။
နားမလည်နိုင်တော့ဘူး..မယုံကြည်နိုင်ဘူး.. အောင်စိုးကဝမ်းသာသံနဲ့ မငယ်ထိုင်နေ မလှုပ်နဲ့နော် ငြိမ်ငြိမ်နေနော်..တဲ့။ကျမပြန်ထိုင်လိုက်တုန်း ခင်ချိုဦး ထ တဲ့ဆိုပြီးဆွဲထူလိုက်တယ်။
မချို ကျမနားကထွက်ခွာသွားတာ ထာဝရခွဲခွာသွားတာပါ။ထမင်းတောင်မစားသွားရဘူး။

ခဏကြတော့လုံးဝတိတ်ဆိတ်သွားတယ်။အပြင်မှာ ၁၅ ဦးကိုတန်းစီထားခိုင်းတယ်။လူပြန်စီစစ်တယ်ထင်တာဘဲ။  ထွက်ခွာသွားကြတဲ့ခြေကျင်းသံတွေကြားရတယ်။တဖြေးဖြေးဝေးသွားပြီလေ။သွားကြပြီလေ..လျှောက်လှမ်းသွား ကြပြီ..တနေရာကိုသူတို့သွားကြပြီ..အချိန်မတိုင်သေးဘဲ ဇွတ်အတင်းပို့ဆောင်ပေးလိုက်ကြပြီလေ။

ထောင်အတွင်းမှာတော့တိတ်ဆိတ်နေဆဲ။အချိန်မသိဘူး။သေနပ်သံတချက်ကြားတယ်။ခဏတော့နောက်တချက်ထပ်ကြားတယ်။
၁၅ ဦးမှာသေနပ်သံက နှစ်ချက်ဆိုတော့.ဘယ်သူဖြစ်မလဲပေါ့။နောက်တော့မှသိရတာက
မျက်မြင်သက်သေတွေပြောကြားချက်အရ မချိုနဲ့ဌေးမြင့်ဝင်းကိုသေနပ်နဲ့ပြစ်ပြီး ကျန်၁၃ ဦးကိုခေါင်းဖြတ်သတ် ပါတယ်တဲ့။

ယုံကြည်စိတ်ချရတဲ့မျက်မြင်သက်သေကဘဲအတိအကျထပ်ပြောပြတာကတော့ မချိုကိုမသတ်  ခင်မှာတကိုယ်လုံးဝစ်လစ်စလစ်ချွှတ်ပြီးမှသတ်တာဖြစ်တယ်လို့ပြောပါတယ်။ဒါကတော့ကျမကိုယ်တိုင် နှစ်ကြိမ်  တိုင်တိုင်ဖုန်းဆက်မေးလို့သိရတာပါ။သူကအစမှအဆုံးကိုယ်တိုင်မြင်ခဲ့တဲ့သူပါ။
ဘယ်သူဆိုတာနာမည်ကိုထပ်ကာတလဲလဲမပြောပါရစေနဲ့တော့။ကာယံကံရှင်အတွက်မကောင်းလို့ပါ။

အဲ့ဒီညမှာအားလုံးစောစောအိပ်ယာဝင်ကြရတယ်။ညတော်တော်နက်တော့သတ်ဖြတ်မှု
့တွေကိုအတွေ့အကြုံအနေနဲ့အရက်တွေမူးပြီးပြောတာတွေ ပထမဦးဆုံးအကြိမ်
သဲ့သဲ့ကြားရတယ်။စဉ်းစားလို့မှမရနိုင်လောက်အောင် ဘဲ မယုံကြည်နိုင်လောက်အောင်ဘဲဖြစ်ခဲ့ရတယ်။
ရက်စက်လှပါလား။ဒုတိယတသုတ်ရှိသေးတယ်ပြောနေကြပြန်တယ်။
တွေးထားလိုက်ပြန်ပါတယ်။ဒုတိယတသုတ်ဆိုရင်တော့သေချာပါပြီပေါ့။ထောင်ဘေးနားကတောင်ကုန်း  ကျင်းအကြီးကြီးတူးခိုင်းထားတာဒီ ဒုတိယသုတ်အတွက်လား .. လားပေါင်းများစွာအတွေးနက်ပြီးအိပ်မရတော့ဘူး။

နောက်တနေ့မနက် ၁၃ ရက်. ၂ လ. ၁၉၉၂ ခုနှစ်ပေါ့။
ထုံးစံအတိုင်းထမင်းချက်ကြတယ်။မချို တယောက်လျော့နေတော့.. ဝမ်းနည်းယူကြုံးမရဖြစ်ရတယ်။ခုဆိုတော့   ထောင်ထဲမှာမိန်းကလေး ၃ယောက်ကျန်တယ်ပေါ့။ကျမရယ်၊တူးတူးရယ်။နန်းစောရယ်ပေါ့။နေ့လည်လောက် ကြတော့ IO ရုံးကလာခေါ်တယ်။                   မငယ် လိုက်ခဲ့ပါဆိုတော့ သွားပါပြီ . ဒီတခါတော့ပေါ့။ကိုညီညီ(စမား)၊ကိုကျော် နိုင်ဦး၊ကိုဂျိုးဖြူ ၊ကိုတိုးကြည် နဲ့ကျမတို့ ၅ ဦး သူတို့ခေါ်ဆောင်ရာလိုက်ခဲ့ကြတယ်။မျိုးဝင်းရဲ့တဲ ထင်ပါတယ်။
ယိုးဒယားသတင်းထောက် ယင်ဒီး နဲ့တွေ့ဆုံခိုင်းပါတယ်။
အဲ့ဒီနေ့ရဲ့ယင်ဒီး နဲ့တွေ့ဆုံမှု့ကို Nation သတင်းစာ မှာဖေါ်ပြခဲ့ပါတယ်။

၁၉.ဝ၂.၁၉၉၂ မှာညကြီး မငယ်လိုက်ခဲ့ပါဆိုပြန်တော့ .. အော ..ခက်ဘဲခက်ရပါတော့တယ်။သတ်ပြီထင်တယ်ဆို  တဲ့စိတ်နဲ့ဘဲထောင်အပြင်မှာရပ်နေရတယ်။နောက်တယောက်ပြီးတယောက် ခေါ်ထုတ်လာတော့ ကျော်နိုင်ဦး၊ဘို  ဘို၊ကိုညီညီ(စမား)၊ကိုရဲလင်း ၊ညီညီအောင် ၊ဝဏ္ဏဇော် နဲ့ ကျမ တို့(၇) ဦးကို မျိုးဝင်းမှခေါ်တွေ့ပါတယ်။အ ကြောင်းကတော့ မိဘတွေဆီစာရေးခိုင်းပြီးပြန်လာခေါ်ခိုင်းတာ။စာက ကိုမောင်မောင်(ရွှေကရဝိတ်)ကယူသွား ပေးတယ်။                           အဲ့ဒီညမှာဘဲ စိုးဝင်းသန်းကိုခုတ်သတ်တာပေါ့။ သန်းဇော်ပါတယ်သတ်ဖို့သွားကြတော့။

၁၉. ဝ၃.၁၉၉၂ မှာမိဘ (၇) ဦး ABSDF-NB ကိုရောက်ရှိလာကြတယ်။ကျမ အမေလာတွေ့တယ်။
၂၀.ဝ၃.၁၉၉၂  မှာ အမေနဲ့တွေ့ခွင့်ရခဲ့ပေမဲ့လဲ မိဘတွေနဲ့ပြန်ထဲ့ပေးမယ်ဆိုတဲ့ဂတိကို ဖျက်ခဲ့တယ်။မိဘများရဲ့  
တောင်းပန်မှု့တွေရယ်၊ကျမအမေအိုရဲ့ အောင်နိုင်ကိုဒူးချတောင်းပန်မှု့တွေ၇ယ်ကြောင့်နောက်ဆုံးတော့
၂၄.ဝ၃.၁၉၉၂ မှာ ကျမတို့ (၇)ဦးကို ABSDF-NB ထောင်မှလွှတ်ပေးခဲ့ပါတယ်။

ကျမတို့ထောင်ကလွတ်ပြီးတာနဲ့ အမေ့ကိုမြန်မြန်ပြန်ကြဖို့ပြောရတယ်။ကြာကြာမနေကြဖို့ပြောရတယ်။ဆို တော့ ခဏဘဲသားသမီးပြန်လာခေါ်တဲ့မိဘ (၇)ဦး သားသမီးမပါဘဲပြန်ကြရရှာတယ်။ဒီအချိန်ထောင်ထဲမှာ ကျောင်းသား (၅၅) ဦးအကျဉ်းကျခံနေရစဲဖြစ်တယ်။တရက်တော့ညကြီးတပ်ထဲမှာမီးတွေ လင်းလာတယ်။
ပြေး လွှားအော်ဟစ်သံတွေကြားရတယ်။

အဲ့ဒီညက ၂၁.ဝ၅.၁၉၉၂ ဖြစ်ပြီး ရာဇဝင်မြောက် ABSDF-NB ထောင်အတွင်းမှ ကျောင်းသား (၅၅)ဦးအောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။

ကျမတို့မိဘလာခေါ်လို့ ထောင်ကလွှတ်ပေးလိုက်တဲ့ (၇)ဦးနဲ့မျိုးဝင်းသဘောအရလွှတ်ထားပေးတဲ့
ကိုခင်မောင်ဇော် နဲ့ မိုးဇော်ထွန်းတို့(၉)ဦးညတွင်းခြင်းဘဲ ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးထိမ်းသိမ်းခြင်းခံခဲ့ရပြန်ပါတယ်။

နန်းအောင်ထွေးကြည်။

(မနောမြေမှကျောင်းသားတပ်မတော် ၃)ဆက်ရေးပါမည်။



ထောင်နဲ့ မီတာ၂၅၀ (ခန့်မှန်းခြေ) အကွာမှာ မှန်းခြေ ၄ မီတာ ၃မီတာပတ်လည် ။အနက်မှန်းခြေ ၃ မီ  တာခန့်ရှိတဲ့ကျင်းကြီးတခုတူးထားတာပါ။
· · Share

  • 87 shares
  • 50 of 55
    • Ye Myint တုန်လှုပ်မိပါတယ် .... အသက်ရူကျပ်လာတယ် ...ဒီ့လောက် အညှိုးတကြီး ရက်ရက်စက်စက်... :(
      May 14 at 8:10am · · 3
    • Yinmon Mon ကျွတ်..ကျွတ်...ကျွတ်...အခုတော့ သူတို့ အသံတွေတိတ်နေကြတယ်...အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ..လို့ ခဏခဏ အော်နေကြတဲ့သူတွေ ...ဒါတွေက အဓိက ဆိုတာ မေ့နေကြအုံးမယ်
      May 14 at 8:59am · · 2
    • Chan Nyein Moe ကိုရဲမင်းထွန်း ရဲ့  စစ်ခွေးတိုက်...၊ မနန်းတို့ ရဲ့  NB ကိုယ်တွေ့  စာတွေ ဖတ်ပီးသွားရင် like မလုပ်ရက်တော့ဘူး ဖြစ် ဖြစ်လာတယ်။
      May 14 at 9:38am via mobile · · 5
    • Yinmon Mon
      ဒီပို့စ်ကို ဖတ်၇တာနဲ့တင်တောင် မျက်ရည်ကျ ကျောချမ်းမိတယ်..အမကိုလည်း ယဉ်မွန် အရမ်းသနားတာပဲ...အဲဒီ...တရားလက်လွတ်လုပ်တဲ့လူတွေ သူတို့ဘက် ခပ်ပါပါဖြစ်နေတဲ့ သတင်းမီဒီယာတချို့မှာ တက်ပြီး ပြောကြတော့ ...လွှဲချနေလိုက်ကြတာ...ကျက်သရေတုံးတယ် ...ကိုယ်လုပ်တဲ့ကိစ္စ...ကိုယ်တာဝန်မယူရဲတဲ့ သရျဲဘောကြောင်တဲ့ စိတ်ဓါတ်တွေနဲ...ဒါဟာ....စနစ်ဆိုးကြောင့်ပါတဲ့..စနစ်အပေါ်ပုံချကြတယ်...စနစ်ဆိုတိုင်း ....စနစ်ကိုပြုပြင်ချင်တယ်လို့ ကြွေးကြော်နေကြတဲ့သူတို့ ခေါင်းဆောင်...မပီသစွာ...ခေါင်ရှောင်ရဲတာကို အံ့သြတယ်..ရှက်တတ်ရင် အခုချိန်မှာ...ကိုယ့်ကိုယ်ကို သတ်သေသင့်ပြီ....
      May 14 at 9:41am · · 7
    • Khine Khine Saw Lwin ရင်ထဲမှာ ဆို့လာတယ်၊ ကိုယ်သာဆိုရင်လို့ တွေးမိတာတောင် မိုက်ကနဲဖြစ်ပြီး အသက်ရှုရကြပ်လာတယ်၊ ကိုယ့်မိဘတွေရဲ့ တောထဲက ပုံရိပ်တွေကို ရင်နာစွာနဲ့ ခံစားမိပါတယ်။ ဒီလိုအဖြစ်တွေ နောင်ကို ဘယ်သူမှ မကြုံတွေ့ကြပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတယ်။
      May 14 at 10:21am · · 7
    • Kaythi Aye ကိုယ်လည်း န၀တရဲ့ စစ်ကြောရေးမှာ၊ ထောင်ထဲမှာ နေဘူးခဲ့သလို သေချင်းတရားနဲ့ လက်တကမ်းလည်းရောက်ဘူးပါတယ် ဒါပေမယ့် မတူပါဘူး၊ မငယ်တို့ အားလုံးအတွေ့အကြုံတွေဖတ်ရုံနဲ့ကို မခံစားနိုင်အောင်ဘဲ။ ဒါတွေဖတ်ပြီးတိုင်း ခံစားရတယ်။ ဒါမျိုးနောင် ဘယ်သူမှမခံစားရပါစေနဲ့ ။
      May 14 at 10:58am · · 8
    • Ah Yan မငယ်ရေ့ စကားလုံးရှာမရတော့ဘူးဘယ်လိုခံစားရမှန်းတောင်မသိတော့ဘူး
      May 14 at 11:25am · · 3
    • Ah Yan အဲဒီတုန်းဖြတ်လူပ်ရှားနေတဲ့ပုံရိပ်တွေကိုဘဲမျက်လုံးထဲမြင်ယောင်နေမိတယ်
      May 14 at 11:29am · · 2
    • Ah Yan ခုလေမငယ်ရယ်မငယ်ရယ်ဆိုပြီးရင်ခွင်ထဲထွေးပွေ့နေချင်တယ်
      May 14 at 11:32am · · 2
    • Ah Yan စဉ်စားရင်းစဉ်စားရင်းနဲ့ပိုပြီးယူကြုံးမရခံစားနားလည်ရပါတယ်ခုတော့ပိုပြီးလေးနက်လာရတယ်ကျမတို့လဲအဲဒီအဖြစ်ဆိုးထဲကလွတ်မြောက်လာခဲ့ရပါလာလို့
      May 14 at 11:38am · · 3
    • Ah Yan ဒါပေမဲ့အဲဒီတုန်းကခံစားမူဟာမငယ်တို့ခံစားရမူနဲ့နိုင်းရင်မြူမှုံလေးလောက်တောင်မရှိပါလားလို့...မငယ်ရယ်..မငယ်ရယ
      May 14 at 11:46am · · 1
    • Ah Yan မသေကောင်းမပျောက်ကောင်းနော်ဒါတောင်မှကျမတို့ကိုပြောင်းပြန် ပြန်ပြီးနှစ်သိမ့်ပေးနိုင်တာသိပ်ပြည့်ဝလွန်းလှပါတယ်
      May 14 at 11:51am · · 3
    • Ah Yan ရယ်စရာစကားလေးတွေနဲ့လည်ပြောဆိုနေတတ်သေးတယ်လေးစားရပါတယ်
      May 14 at 11:59am · · 2
    • Ah Yan ရယ်စရာစကားလေးတွေနဲ့လည်ပြောဆိုနေတတ်သေးတယ်လေးစားရပါတယ်
      May 14 at 11:59am · · 1
    • Wise Guy ဖတ်ပြီး ဘယ်လိုခံစားရတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲဗျာ ... လူစိတ်ပျောက်နေကြတယ်နော် ...
      May 14 at 1:03pm · · 2
    • Nyunt Shwe ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေတဲ့။ တရားဥပဒေက ထိထိမိမိအရေးယူတဲ့အထိ အားလုံးလုပ်ကြပါ။ တောင်းဆိုကြပါ။
      May 14 at 1:36pm · · 3
    • Than Tun Soe မိငယ်ရေ ဖတ်ပြီးသွားပြီ....ရင်နင်.အောင်ခံစားရတယ်။ ငါမနေ.ကမန်းလေးရောက်တယ်။ နင်.ကိုသတိရတာနဲ. ငှက်ငယ်လေးကို တင်လိုက်တာ န်ငစိတ်မကောင်းဖြစ်သွားတာငါ.အပြစ်ပါ ခွင်.လွတ်နော်
      May 14 at 2:58pm · · 5
    • K Ki Ki
      ဝဋ်ဆိုတာ ဘဝ မကူးပဲလည်း လည်တတ်တာမို့  . တူဖြစ်တုံးက သေအောင်ထုခဲ့ကြတဲ့ လူယုတ်မာ တစု.. ပေဖြစ်တဲ့အချိန်ကျ ခံနိုင်ရည် ရှိကြပါစေ ...ငါ့ညီမ အဖေ သင်ထားပေးခဲ့တဲ့ ဂါထာလေးအကြောင်းလဲ ဖတ်ချင်ပါသေးတယ် ..ဥပစ္ဆေဒကကံ မပါလို့  သေကံမရောက်ခဲ့သည်ဖြစ်စေ၊ ဂါထာ တန်ခိုးတော်ကြောင့် သေကံမရောက်ခဲ့သည်ဖြစ်စေ ၊ ဆွေမျိုးမိဘတွေရဲ့ ကျေးဇူးများကြောင့် သေကံမရောက်ခဲ့သည်ဖြစ်စေ ၊ သေလုမြောပါးခံစားခဲ့ရတဲ့ ကိုယ်ခန္ဒာနဲ့ စိတ် ဒါဏ်ရာဒါဏ်ချက်တွေ အမြန်ဆုံး ပျောက်ကင်းပါစေ ။ ချစ် မေမေ နဲ့ အမြန်ဆုံး အတူတကွ ပြန်လည်နေထိုင်နိုင်ပါစေ ။ ဘဝတပါးကူးပြောင်းသွားပြီဖြစ်တဲ့ ချစ်ဖေဖေ ရဲ့ အဆုံးအမတွေနဲ့ ဆက်လက်ပြီး ကြံ့ ကြံ့ ခံနိုင်ပါစေ ..။ တရားစွပ်စွဲခံနေရခြင်း အရိပ်မဲကြီးမှ အမြန်ဆုံး ကင်းလွတ်နိုင်ပါစေ ။ လူသတ်ဝါဒီတွေဖက်က ရပ်တည်ပြီး တဖက်သတ်ကြေငြာချက်တွေ ထုတ်လွှင့်နေတဲ့ မီဒီယာကြီး လည်း ကျဆုံးပါစေ ။
      May 14 at 3:00pm · · 10
    • Nang Aung Htwe Kyi မကိ.. ညီမလေး ဘဝမှာဒါ အမှန်တရားအတွက် ဒုတိယအကြိမ် တိုက်ပွဲဝင်တာပါ။ပထမအကြိမ်က တိုင်းပြည်နဲ့လူမျိုးအတွက်ပါ ဒါပေမဲ့လမ်းခု လပ်မှာရိုက်ချိုးခံခဲ့ကြရတယ်။ခုဒုတိယ အကြိမ်က ဘဝတူ အယောက်၁၀၀အတွက်ပါ။နားလည်စာနာမှု့တွေနဲ့ပံ့ပိုးသူတွေကိုကျေးဇူးအ များကြီးတင်ပါတယ်။
      May 14 at 3:22pm · · 21
    • Nang Aung Htwe Kyi သန်းထွန်းစိုး.. စိတ်မကောင်းမဖြစ်နဲ့။ မိချိုအတွက်ငါဝမ်းနည်းပါတယ်
      May 14 at 3:26pm · · 4
    • Thanda Mu အပိုင်း ၃ ကိုမျှော်နေမယ်နော်မမ.။. ကလေးတုန်းက ဦးလေးနဲ့သူ့သူငယ်ချင်း ပြောနေတာကို ကစားနေရာကကြားပြီး မှုန်ဝါးဝါးပဲမှတ်မိနေတာ fb ကဆောင်းပါးတွေဖတ်မိမှ ဆက်စပ်မိတဲ့ ကျောင်းသားတပ်မတော်က လက်တွေ့ခံစားခဲ့ရတဲ့ မမတို့သာရေးတာမဟုတ်ရင် ယုံနိုင်စရာမရှိအောင်ရက်စက်ခဲ့တာပဲနော်.။ ကြွေရဲသောကြယ်များအတွက် ဒုတိယတိုက်ပွဲ အောင်မြင်ဖို့ ကြိုးစားနေတဲ့ မမကိုလဲ ဂုဏ်ယူလေးစားလျှက်ပါ။
      May 14 at 4:37pm · · 4
    • Robina Lwin သူတို့ လုပ်တာတွေ က ကျောင်းသား နဲ့  မတူအောင် ရက်စက်လွန်းတယ်..ဒီအဖြစ်အပျက်တွေကို ..လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲ က ဖေါ်ပြနိုင်ခဲ့ ရင် သိတ်ကောင်းမှာဘဲ..
      May 14 at 5:13pm · · 4
    • B Sit Minn အမ၊ဒီအဖြစ်အပျက်ပါအကြောင်းအရာတခုကို စာလုံးတစ်လုံးအဖြစ် ချရေးလိုက်တိုင်း အမ ဘယ်လောက်နာကျင်စွာအားစိုက်လိုက်ရမလဲ ဆိုတာကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ဆက်ရေးပေးပါဗျာ။ ဒီအချက်တွေအားလုံးကိုမသိသေးတဲ့ ကျွန်တော်တို့ကို ပြောပြခြင်းအားဖြင့် public awareness ပိုရစေသလို၊ မကြာမီရောက်လာတော့မယ့် တရားရုံး process အတွက်လည်း actual supporting facts တွေဖြစ်စေလို့ပါ။
      May 14 at 5:44pm · · 5
    • Nancy Naing မ ဖတ်ပြီးသွားပြီ....ရင်နင်.အောင်ခံစားရတယ်။
      May 14 at 6:28pm · · 1
    • Htein Lin မငယ်ပြန်ရေးမှ အဲဒီကျင်းကြီးကို သတိရလာတယ်။ကျွန်တော်တို့တွေဟာ အဲလောက်ကြီးတဲ့ကျင်းကြီးကို တူးနိုင်ခဲ့တာ အပေါ်ကို သစ်လုံးအကြီးကြီးတွေကို ဒလိမ့်တုံးတွေအောက်ကခံပြီးသံကြိုးတွေနဲ့ဆွဲတင်ခဲ့ကြတာ။ ဟောလီးဝုဒ် က ကျွန်ခေတ်အကြောင်းရိုက်တဲ့ရုပ်ရှင်ထဲမှာရှိတော့တဲ့အခြေအနေမျိုးကို ကျွန်တော်တို့တကယ်လက်တွေ့ဖြတ်သန်းခဲ့ကြတာပဲ။
      May 14 at 10:56pm · · 7
    • Maung Shin မနန်းအောင်ထွေးကြည်ခင်ဗျား။ ကျနော်လည်း ကို Chan Nyein Moe ရေးတဲ့ ကော်မင့်အတိုင်းပဲ။ စာဖတ်ပီးသွားပေမယ့် like မလုပ်ရက်ဘူးဗျ။ သို့ပေမယ့် အမှောင်လွမ်းခြုံထားချင်နေတဲ့ NBသမိုင်းကို အမှန်အတိုင်းရေးတင်ပြတာကိုတော့ လေးစားဂုဏ်ယူပါတယ်ဗျာ
      May 14 at 11:09pm · · 2
    • Ye Myint
      ကျနော်ဗျာ ဖက်စစ်ဂျပန် တွေ နာဇီတွေတောင် ဒီလောက် လူမဆန်တဲ့ နည်းတွေနဲ့  ညှင်းပန်းနှိပ်စက်တာ မကြားဘူးပါ ဘူး။ လက် ခြေတွေ ကို ယမ်းပျော့ (C3, C4)မိုင်း တွေနဲ့ ကပ်ခွဲ ပြီး လက်ဖြတ် ခြေ ဖြတ် တာ စဉ်းတောင် မစဉ်းစားရဲပါဘူး။ ကျနော် secret training campတခုမှာ နိုင်ငံခြားသားဆရာ နှစ်ယောက် နဲ့ တွဲပြီး Urban Guerrilla warfare (မြို့တွင်း ပျောက်ကျား) သင်တန်း ကို လက်ရွေးစင် တောခို ကျာင်းသားတွေကို သင်တန်း ၃ ခု နှစ်နှစ် နီးပါး ပေးခဲ့ဘူးပါတယ်။ ဒီ C3-C4,ယမ်း ဘယ်လောက် အားပြင်းတယ်ဆိုတာ သိတာ ပေါ့။ ဒီလူသတ်သမား တွေထဲမှာ မျိုးဝင်း ကလွဲလို့  မသေသေးဘဲ ကျန်တွေတာ တွေ ရှိတယ်။ သူတို့ ကို တနေ့ တရားစီရင် ရမှာဘဲ။ လားပင်စင် ပေးရင် တောင် မလွန်ပါဘူး၊
      May 15 at 12:42am · · 3
    • Kyaw Gyi AB ကျွန်တော့်လက်ကကြိုးနဲနဲလျော့နေပါတယ် ပြောမိလို့  လက်ကိုကျောက်တုံးပေါ်တင် ကြေမွသွားအောင် လှဆိုင်းရဲ့ အရိုက်ခံပြီး လက်ဖြတ်ခံထားရတဲ့ အောင်ဖိုးရဲ့  အားလုံးကိုယ်စား ငါကလက်ဖြတ်ခံထား ရပြီးသားပါ လို့ ပြောရင်း ခြေထောက်ဖြတ်ခံသွားတဲ့ စိတ်ဓါတ်ကို လေးစားရျမှာပါ။ အဲဒီနောက် သက်နိုင် ရဲ့ နားရွက်ကို သံချောင်းက သေနတ်နဲ့ ပစ်ဖေါက်ပြီး ဆေးလိပ်တိုထိုးပေးလို့ ရီခဲ့တယ်လေ။
      May 15 at 2:09am · · 3
    • Kyaw Gyi AB နောက် ပေါ်ဦး နဲ့ ဇော်ထွန်း ကံဆိုးရှာပေါ့ မိုးတွေကရွာနေတယ်၊ မျက်နှာပေါ်မှာရေတွေ စီးကျနေတယ်၊လူ(၂၀)ရဲ့ အလည်မှာ အောင်နိုင်က ခေါက်တုံ့ ခေါက်ပြန်ရှောက်ရင်း သြဝါဒချွေ လို့ 
      May 15 at 2:13am · · 2
    • Aung Kyaw Moe ဖတ်ရင်းနဲ့အရမ်းစိတ်ထိခိုက်ရပါတယ်။ကိုယ်ချင်းလဲစာပါတယ်အမရေ ..သွေးမအေးကြပါနဲ့ဦး။ဒီလူသတ်ကောင်တွေကိုတရားဥပဒေနဲ့အညီတရားစွဲဆိုအရေးယူနိုင်ဖို့ဆက်ပြီးလှုပ်ရှားကြပါဦးခင်ဗျာ ..
      May 15 at 4:39am · · 2
    • Nicky Shein
      ကဲ ကြည့်ကြပါဗျာ၊ နဲတဲ့ comments တွေမဟုတ်ဘူး၊ လူချင်းစာနာစိတ်တွေဟာ စာတကြောင်းဖတ်လိုက်ယုံနဲ့ နင့်နေကြတာတွေ့ရပါတယ်၊ တကယ်လို့သာ မငယ်နဲ့ အဖမ်းခံရသူတွေဟာ မဟုတ်တာလုပ်ခဲ့ကြလို့ အခုလိုခံခဲ့ရရင် အငြင်းပွားကြမှာပေါ့၊ သတ်တာမှန်တယ် သတ်တာမှားတယ်၊ စသဖြင့်ပေါ့။ ကျွန်တော်လဲ ယောင်္ကျားတန်မဲ့မို့ ထုတ်သာမပြောတာပါ၊ တကယ်ကြေကွဲရပါတယ်၊ ကိုယ့်ညီအကိုမောင်နှမ ဟုတ်ဟုတ်မဟုတ်ဟုတ် စာနာစရာ အင်မတန်ကောင်းရမဲ့ အဖြစ်ပါ။ အဖြစ်ဆိုးခဲ့တဲ့ အတွေ့အကြုံအပေါ် ဝဋ်တွေ ဝက်တွေ လာပြောရင် ကျွန်တော်ကြိုက်မှာမဟုတ်ပါဘူး ၊ ပြုမူခဲ့ကြသူတွေရဲ့ တရားလက်လွတ် လုပ်ကိုင်ဆောင်ရွက်ကြတဲ့ စိတ်ဓါတ်ကိုသာ ရှုမြင်ကြသင့်တယ်လို့ မီးမောင်းထိုးပြပါရစေ..
      May 15 at 5:10am · · 5
    • Than Lu ညီမလေးမငယ်...ဒီအကြောင်းတွေကိုဖတ်ရတိုင်း၊တွေးမိတိုင်းတို့မောင်နှစ်မတွေအတွက်ယူကျုံးမရမျက်ရည်ကျနေရတယ်။တို့တတွေရဲ့မျက်ရည်က မတရား အသတ်ခံခဲ့ရတဲ့တို့ညီအစ်ကိုမောင်နှစ်မတွေအတွက်သက်သေပါညီ
      May 15 at 11:51am · · 4
    • Thiha Oo အဖြစ်မှန်ကို ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ် အစ်မရယ်..
      ဖတ်ရတာတော့ တစ်ကယ်ကို စိတ်မကောင်းပါဘူး။
      ကျောင်းသား ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ ဘယ်လိုမှ မအပ်စပ်အာင်ကို ရက်စက်လွန်းပါတယ်ဗျာ... အပြစ်မဲံစွာ သေဆုံးသွားသူတွေ အတွက်လည်း ၀မ်းနည်းမိတယ်...
      May 15 at 2:48pm · · 1
    • Nang Saw
      မမငယ် ရေ မမငယ် အလွတ် ကျက် ခိုင်းတဲ့ မမငယ်အိမ် ကဖုန်းနံပါတ် ကိုအခုထိ အလွတ် ရ နေ တယ်။မေ့ သွားမှာစိုးလို့ ကဗျာလေးနဲ့ ကျက် ခဲ့ ၇ ပါ တယ်။--ငါသေသွားရင် နင်လွတ်သွားရင် ငါ့ အိမ်ကိုအကြောင်းကြားပေးနော်--ဆိုတာရယ်---သူ တို့ လက် ဖြတ် လိုက် ရင် ငါ ဂီတာတီးလို့ မရ တော့ ဘူး ---လို့ ပြော တော့ မမငယ်ညာ ဘက် အဖြတ် ခံ လိုက် ဘယ် ဘက် က လက်ကွက် ကိုင်ရ မှာဆိုတော့ လက်တုနဲ့ အဆင်မပြေ ဘူး လို့ ပြောမိပြောရာပြော တော့ မမငယ်က--- အေးကိုယ်ကြိုက် တာကိုယ်ေ၇ွးလို့ ၇ ရင်တော့ဟုတ် တာပေါ့---တဲ့ ကဲ အဲ လိုစကားတွေ အတွေးတွေ ဘယ်လိုများပြောဖြစ်ခဲ့ ပါ လိမ့် လို့ အခုပြန် စဉ်းစားမရ ဘူး။။
      May 15 at 6:24pm · · 2
    • Naw Naw M အဖြစ်မှန်တွေသိရတော့ စိတ်မကောင်းဘူးဗျာ။
    • Moe Lay ‎1 ကိုဘယ်မှာရှာရမလဲ။
    • Harry Lwin ဒီအဖြစ်ဆိုးတွေကို ဖတ်ရတိုင်း ပြောစရာ စကားလုံး ရှာမတွေ့ပါဘူး ...
      May 16 at 2:10am · · 1
    • Nyunt Nyunt Wai Yes. I can not find a word to express how I feel and suffer reading this article. Ma Nang, you are very strong and brave. I am looking forward to read more articles and hopefully the truth will come out very soon. I cann't just wait.
    • Kyaw Soe Win
      မနန်းအောင်ထွေးကြည်ရေ-
      တနင့်နင့်နဲ့တထိတ်ထိတ် ခံစားရပါတယ်။တင်ပြပုံရိုးရိုးလေးကတောင်
      ထိထိမိမိခံစားမှုကို ဖြစ်စေပါတယ်။
      ဝတ္ထုတို့၊ရုပ်ရှင်တို့ ဆိုရင်တောင် တမင်ဇာတ်နာအောင်လုပ်တယ်လို့
      ထင်မိမှာပါ။ အခြေခံတာကတော့ လူသားချင်း ဒီလောက်လုပ်မှာမဟုတ်ဘူးဆိုတဲ့
      အတွေးပါဘဲ။
      ခုတော့ဗျာ- တောနက်ကြီးထဲမှာ ခွေးအတွေ လူကိုဝိုင်းကိုက်တာကျနေတာဘဲ
      ဘယ်လိုစိတ်၊ ဘယ်လိုအသိတွေနဲ့ ဒီလိုလုပ်ကြမှန်းစဉ်းစားလို့တောင်မရဘူး။
      ကျနော်လဲ MI ရဲ့စစ်ကြောရေးကို ကိုယ်တိုင်ကြုံဖူးပါတယ်။သူငယ်ချင်းတွေကြုံတာကိုလဲ
      အသေးစိတ်ကြားဖူးပါတယ်။ဒီလောက်တော့ မဆိုးဘူး။
      ခုတော့-ကိုယ့်ရဲဘော်ကျောင်းသားချင်းကိုဗျာ- ရက်စက်လိုက်ကြတာ။
      တိရိစ္ဆာန် ဆံလိုက်ကြတာဗျာ။
      May 16 at 7:54pm · · 2
    • Sein Than လူသတ်သမားတွေ ပြေးစရာ မြေမရှိပါ။ဘယ်လိုစိတ်ဓါတ်တွေလည်းမသိဘူးနော်။လွတ်နေတဲ.လူသတ်သမားတွေရဲ.လိပ်စာတွေ မျက်ခြေမပြတ်စေနဲ.နော်။ညီမငယ်တို.နဲ.ထပ်တူခံစားရပါတယ်။
    • Thiha Oo မနောမြေမှ ကျောင်းသားတပ်မတော် အပိုင်း ( ၁ ) မှာ အစ်မတို့ အကြောင်းတွေ ပြောနေပြီး (၂) မှာ အစ်မတို့ အဖမ်းခံပြီး အခြေအနေထဲ ရောက်သွားသလိုပဲ။ ကြားထဲမှာ က ကျွန်တော်ပဲ ဖတ်နေတာ လိုနေတာလားမသိဘူး။ သူတို့ ဘယ်လို ကိစ္စကနေစပြီး ဘယ်လို အကြောင်းပြချက်တွေနဲ့ အစ်မတို့တွေကို ဖမ်းတယ်ဆိုတာမျိုးပေါ့...။
      အခု အပိုင်း ၃ ကို စောင့်မျှော်နေပါတယ် အစ်မရေ....
    • Khin Nyein Thit မငယ်ရေ.................အမှန်တရားအတွက် ကျမတို့ အပြည့်အ၀ရှိတယ်နော်။ ဘာမှ ပြောပြလို့ မရလောက်အောင်ကို ဆိုးဝါးတဲ့ အဖြစ်အပျက်တွေပါ.
    • Maung. Mu Paing Shin Aung Htwe, I can not type in burmese font
    • Maung. Mu Paing Shin I am reading your article, very interesting and very very respect and empathize you all of your passing life.
      May 20 at 3:14pm · · 1
    • Maung. Mu Paing Shin I can't believe it how you can pass all those situations
      May 20 at 3:15pm · · 1
    • Nang Aung Htwe Kyi ဒီလိုဘဲပေါ့..စိတ်ကိုတင်းထားရတာပေါ့။ ပြောရဦးမယ်။ ဟိုးအရင်က ကိုသုတ တို့အိမ်မှာနေတယ်ဆိုလား .. ဘာဆိုလား.. သာဓုဆိုတဲ့ ကောင်ကလေးတ ယောက်လေ
    • Nang Aung Htwe Kyi သူတော့ ခေါင်းဖြတ် ခံရတဲ့ထဲပါသွားတယ်။

No comments:

Post a Comment