Saturday, July 28, 2012

ABSDF(မြောက်ပိုင်း)တွင် သတ်ဖြတ်ခံရသောအောင်မင်း(ခ)ထိန်လင်း (ညီညီ-မန္တလေး ရေးသားသည်)

ABSDF(မြောက်ပိုင်းဒေသ)တွင်သတ်ဖြတ်ခြင်းခံခဲရသော

(အောင်မင်း)မန္တလေးရဲ.အဖြစ်အပျက် (ညီညီ-မန္တလေး ရေးသားသည်)

by Baydar Lam on Friday, December 30, 2011 at 1:16pm ·
ABSDF(မြောက်ပိုင်းဒေသ)တွင်သတ်ဖြတ်ခြင်းခံခဲရသော(အောင်မင်း)မန္တလေးရဲ.အဖြစ်အပျက်
 "နောက်တရက်ခြားမှာထောင်ထဲလူရှင်းနေတယ်။ထုံးစံအတိုင်းကျနော်ကအလုပ်မလိုက်ရပဲထောင်ထဲမှာကျန်နေတယ်။နေမကောင်းတဲ့အတွက်ပါ။ထိပ်တုံးထဲမှာမန္တလေးသားအောင်မင်းလဲရှိနေပါတယ်။ကျနော်ကထိပ်တုံးရဲ.ဒီဘက်ထိပ်၊အောင်
မင်းကဟိုဘက်ထိပ်၊အောင်မင်းပြီးရင်အကျဉ်းသား ၂ ဦးနေတဲ့နေရာလွတ်၊ ပြီးတာနဲ.အစောင့်နေရာ။
  အဲဒီမှာထောင်မှုးလှမျိုးအောင်ကထုံးစံအတိုင်းလာပြီးမေးခွန်းတွေထုတ်နေလေရဲ.။ကျနော်တို.လဲပြန်ဖြေနေရတာပေါ.။
ဖြေနေရင်းကသူမေးတဲ့မေးခွန်းတခုအပေါ်မှာကျနော့်ရဲ.အဖြေကိုသူကငြင်းပြီး ဆန်.ကျင်ဘက်အဖြေမဟုတ်နိုင်ဘူးလားလို.
သူကမေးပါတယ်။ကျနော်ကအကျိုးနဲ.အကြောင်းနဲ.ပြန်ရှင်းပြလိုက်ပါတယ်။အဲဒီမှာအောင်မင်းက ပြုံးလိုက်ပါတယ်။ပြုံးတာ
ရိုးရိုးပါ။သရော်တဲ့သဘောမပါ ပါဘူး။အဲဒါကိုလှမျိုးအောင်ကဒေါသထွက်သွားပြီး မင်းသေနတ်ကိုဘာကြည့်တာလဲ ? ငါ
ယောက်ထဲရှိတယ်ဆိုပြီးသေနတ်ကိုလုပြီးမင်းက
ထွက်ပြေးမလို.ကြံတာလားဆိုမေးပြီး တုတ်နဲ.ရိုက်ပါတယ်။
မဟုတ်ပါဘူးဗျာလို.ပြောလေ ရိုက်လေ။ပြောလေရိုက်လေပဲ။ပြီးတော့ နေဦး ငါရိုက်စရာသွားယူလိုက်ဦးမယ်ဆိုပြီးထွက်
သွားပါတယ်။ပြန်လာတော့ ကျနော်တို.ထိပ်တုံးထဲမှာဗျာ ဘယ်လိုလုပ်သေနတ်ကို လုရမှာလဲ ? ဘယ်လိုလုပ်ပြေးရမှာလဲ
အော် အေးအေး မင်းကထိပ်တုံးမဟုတ်ရင်လုပ်မှာပေါ.ဟုတ်လား? မဟုတ်ပါဘူးဗျာ မဟုတ်ပါဘူး  ။။။
                       ဘာကွ မင်းစကားကို အမျိုးမျိုးမပြောနဲ.။သူ.ပခုံးပေါ်မှာ နံချပ်ကူ ကိုတွေ.လိုက်ရတော့ကျနော်မျက်စေ့
စည်းလျက်က အသံမထွက်ပဲ ခေါင်းငုံနေလိုက်တယ်။ လှမျိုးအောင်က ထိပ်တုံးဟိုဘက်ထိပ် နဲ.ဒီဘက်ထိပ် ကို
လမ်းလျှောက်နေတယ်။လမ်းလျှောက်ရင်းကျနော်တို. ၂ ယောက်ကို စကားတွေပြောနေပြီး အောင်မင်းရှေ.ရောက်ရင်
သူ.ဒုတ်နဲ.တချက်ရိုက်လိုက်၊နာလို.အော်ရင်  နာလားကွ အသာလေးရိုက်တာပါ။မနာပါဘူး မင်းညာပြောနေတာမဟုတ်
လား? လို.ပြောလိုက် ရိုက်လိုက်နဲ. ကျန်တဲ့အကျဉ်းသားတွေ ဝါးထမ်းပြန်လာတဲ့အသံတွေကြားတော့ရိုက်တာကိုရပ်ပြီး
တုတ်ကိုသီမ်းလိုက်ပါတယ်။ စုစုပေါင်း ၃၂ ချက်ပါ။
 အကျဉ်းသားတွေပြန်သွင်းတော့ အောင်မင်းကို ထွက်ပြေးဖို.ကြံတဲ့ကောင် ဟိုဘက်အစွန်သွားဆိုပြီးတော့ခိုင်းပါတယ်။
ကျနော်ကိုဒီဘက်နဲနဲတိုးဆိုပြီးတော့နေရာရွေ.ပါတယ်။အဲဒီအထဲမှာ ကျနော်တို.ကိုထမင်းမစားခင် ထိုင်ခိုင်းထားပါတယ်။
ထမင်းစားချိန်ရောက်တော့ထိပ်တုံးထဲကလူတွေကို ကပ်လျှက် ၂ ယောက်တဝိုင်းကျွေးပါတယ်။အောင်မင်းက ကျနော်
မစားတော့ဘူးဆရာလို. လှမျိုးအောင်ကိုလှမ်းပြောလိုက်တော့ ကျနော့်ကို နောက်တယာက်နဲ.အတူကျွေးပါတယ်။
 ကျနော်က အောင်မင်း ထမင်းစားလိုက်၊တလုတ် ဝင်ဝင် နှစ်လုတ်ဝင်ဝင် ဆေးအဖြစ်သဘောထားပြီးစားလိုက်။ငါတို.
အသက်ရှင်ရမယ်။ဒီကောင်တွေလက်က လွတ်ဖို.အသက်ရှင်မှရမှာ မင်း နဲနဲစား......
မရဘူးအကို ကျနော်တကယ်မရတာ ...အေးလေ ပြီးရောပေါ.၊
ကျနော်တို.ထမင်းစားပြီးတော့ ဖက်တွေကိုအမျိုးသမီးတွေလာသိမ်းသွားပါတယ်။အဲဒီအချိန်မှာပဲ အောင်မင်းက
ပျို.လာပြီး အန်ချလိုက်ခါ ခေါင်းလဲငိုက်ကျသွားပြီးပြန်မထတော့ပါဘူး ။သွေးမဲတွေ အန်ချတာပါ။ လာကြပါအုံး
လို.ဆိုပြီးဆေးဆရာမ သွားခေါ်ပါတယ်။သူ.ကိုထိပ်တုံးထဲက ဖြုတ်လိုက်ပြီး  လူလျှောက်လမ်း           ထဲချထားပါတယ်။ဆေး
ဆရာမရောက်လာပြီးသူ.မှာဘာရောဂါရှိသလဲ? အမဲတွေအန်တာဌက်ဖျားရောဂါအခြေအနေဆိုးသွားလို.နေမှာ
သေပြီလို.ပြောပါတယ်။  အေးအေး သေရင် အပြင်ထုတ်ထားလိုက်။မနက်မှမြှုပ်တာပေါ့။ဟေ့ကောင်တွေ
ကောင်းကောင်းနေကြနော်။မင်းတို.တယောက်သေရင်ငါတို.က အရက် ၂ ပုလင်း ဆေးလိပ်တစည်း ယွမ် ၁၀ မြှပ်ခအဖြစ်
ရတယ်။ဒီကောင်ကတော့ငါတို.ဆေးလိပ်ပြတ်တဲ့အချိန်သေတာကျေးဇူးတင်ရမှာ။မကြာသေးခင်က အမျိုးသမီး
ဆောင်ကမွေးထားတဲ့ခွေးသေတော့ထောင်သားတွေကကျဉ်းတူးချပေးပြီးကျောက်ဂူလုပ်ပေးခဲ့ရသေးတယ်။
ဝမ်းနည်းစရာဗျာ။အောင်မင်းကကျနော်တို.မန္တလေး GOSDA ရုံးမှာကတဲကရင်းနှီးနေတာ။တကဲ့လူကောင်းပါ။
သူလို လူ ထောက်လှမ်းရေးဆိုရင်မန္တလေးမှာကတည်းက ရှိတဲ့လူအကုန်ပါပီပေါ.။အောင်နိုင်ရောလွတ်မတဲ့လား?
ဒါပေမဲ့ဗျာ ကျနော်တို.အောင်မင်းကိုဆက်ပြီးသတိရမနေနိုင်ပါဘူး။ကျန်တဲ့လူတွေအသက်ရှင်ဖို.
ဆက်ကြရအုံးမယ်။...
· · Share

No comments:

Post a Comment