လူဖြစ်တည်ခွင့်နောက်ဆုံးအချိန်
by Kyaw Gyi AB on Thursday, May 3, 2012 at 8:06pm ·
ခရိုင်ရုံးတောင်ကုန်းတ၀ိုက် အသားမီးလောင်ညှော်နံ့က ပျံ့နှံ့နေတယ်။
တိတ်ဆိတ်တဲ့ညမှာ ကြောက်မက်ဖွယ် ၊ သွေးပျက်ဖွယ်အသံတွေနဲ့ ညနေ(၆)နာရီနောက်ပိုင်း စစ်ကြောရေး စလိုက်တာပါ။
ကျောင်းသားတွေအသတ်ခံရတဲ့ ဇာတ်လမ်းအစအဖွင့်ခန်းပေါ့ ။
နေ့ရက် က (၉-၈-၁၉၉၁)
နေရာက ကျောင်းသားတွေ ဗန်းမော်ခရိုင်လို့ခေါ်ကြတဲ့ ဆိုင်းဝမ်းဘွန် KIA တပ်မဟာ (၃)နယ်မြေက ၊ ဗျူဟာ(၂) ပတာလင် လို့ လူသိများကြတယ်
စစ်ကြောမဲ့ သူတွေက အရက်ကိုးမောင်းသောက်ထားတယ်
အစစ်ဆေးခံနေရတဲ့သူက စိုးမင်းအောင် တဲ့ ၊ အသက် (၁၉)နှစ်ခန့် ၊ အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း မန္တလေးမြို့သစ်က ရင်း(၅)မှာပေးတဲ့အခြေခံစစ်သင်တန်းဆင်းပြီးစ ၊
စစ်ဆင်ရေးကာမှာ ဆင်းရဲမှု ငတ်ပြတ်မှုတွေလဲ ကြုံခံခဲ့တယ်ထင်ပါရဲ့ ၊ ဗဟို ပါဂျောင် ကနေ အိမ်ပြန်ဖို့ထွက်ပြေးခဲ့တာပါ။ (၆)ရက်နေ့ ရွှေလီအထိရောက်ရှိနေချိန်
မျိုးဝင်းမွေးထားတဲ့ လျှို့ဝှက်လူ ဘဲလေး(သန့်ဇင်-မုံရွာ)နဲ့ အမှတ်မထင် တွေ့ တယ် ၊ တကယ်တမ်းက တစ်ဖက်ကို ကူးလိုက်ရင် လွတ်နေပါပြီ ၊ အတူနေရဲဘော်ရဲဖက်တွေ ဆိုတော့လဲ သံယောဇဉ် မပြတ်နိုင်ဘူးပေါ့
သူငယ်ချင်း ငါပြန် တော့မယ်လို့ နှုတ်ဆက်တယ် ၊
ဘဲလေးက မပြန်ခင် စကားပြောကြမယ်လို့  ဆိုတယ်
ချစ် လက်ဘက်ရည်ဆိုင် (ကျောင်းသားကဖွင့်ထားတဲ့ဆိုင်)မှာအတူထိုင်မိကြတယ် ထိုင်နေရင်း ပါပဲ ဘဲလေးက ပုလင်းနဲ့ရိုက် ၊ကြိုးနဲ့တုတ်အခန်းထဲထည့်ထားလိုက်တယ်လေ၊၊ ဆိုင်တာဝန်ခံ မာမီစိန်တောင် ရုတ်တရက် ကြောင်နေတယ်။
ညွှန်ကြားချက်ပဲဖြစ်မယ်ထင်ပါရဲ
့နောက်ရက်မှာတော့ ကားစင်းလုံးငှားလို့ အနီးဆုံးစခန်းဖြစ်တဲ့ (ကျန်ဟောင်အနီး) ဗန်းမော်ခရိုင်ကို ကြိုးတုတ်ရက် ခေါ်ဆောင်ခံခဲ့လို့  ရောက်လာရ တာပါ။
မျိုးဝင်းညွှန်ကြားထားကတော့ အဖွဲ့အစည်းပေါင်းစုံကို ဖိတ်ကြားလို့ ရှစ်လေးလုံး(၃)နှစ်မြောက် အခမ်းအနားလုပ်ချိန်နဲ့ တိုက်ဆိုင်နေတယ် ၊ ထောက်လှမ်းရေးဖြစ်နိုင်တယ် ပေါ်အောင်စစ်ပါ။ တဲ့
အခမ်းအနားမှာ ဧည့်သည်တွေကျွေးတဲ့ အစားအစာထဲ အဆိပ်ခတ်နိုင်တယ် ဆက်နွယ်တွေဖော်ထုတ်ပါဆို တဲ့ ညွှန်ကြားချက်နဲ့ ဒီဇာတ်စပါတယ် ...
ပထမဆုံးငါးဖမ်းတဲ့ ကျင်စက်နဲ့တို့လိုက်တယ် ၊ ၀ုန်း ဆိုလဲကြသွားတာပါပဲ
နောက်တော့ ...
ထိပ်တုံးထဲက ထွက်နေတဲ့ ခြေထောက်ပိုင်းနဲ့ ခြေဖ၀ါးကို ရေနံဆီစွတ်ထားတဲ့ အ၀တ်ပါတ်လို့ မီးရှို့ကြတယ် ၊ လူဆီအနံ့တွေလှိုင်လို့ ၊ သနံရည်တွေစီးကျနေတယ်
အဲဒီခြေထောက်ကိုပဲ ထပ်ခါထပ်ခါရိုက်နေကြတယ် ၊ အရေခွံတွေလန်လို့ နောက်တော့ မအော်နိုင်တော့ပါဘူး
ထိတယ်လို့တောင် ထင်ပုံမရတော့ပါဘူး ...
တကယ်တမ်း သူဒီစခန်းကို ဖမ်းခေါ်ခံရတာ (၇)ရက်နေ့ ညနေပိုင်းပေါ့ ။
တိုးချဲ့နေတဲ့စခန်းအင်္ဂါရပ်နဲ့ ညီအောင်ဆောက်ထားတဲ့ ဆောက်ပြီးစ အချုပ်ခန်းထဲ ထည့်လိုက်တယ် ၊ ပထမဆုံးစဖွင့်သူပါပဲ။
(၈)ရက်နေ့မှာတော့ ရှစ်လေးလုံးအခမ်းအနား ကျင်းပနေတယ်လေ ၊
နောက်ပိုင်း( ၆-၉-၁၉၉၁) မှာ အချုပ်ခန်းအဖြစ် ပြောင်းသုံးလိုက်ရတဲ့ ဟောခန်းမကြီးထဲမှာပေါ့ ၊ အနီးနားရွာတွေပါဖိတ်ကျွေးလို့
ဒါကြောင့် စစ်ကြောရေးဆိုတာကြီးလဲ မစနိုင်ခဲ့တာဖြစ်မှာပါ။
စစ်ကြောရေးကိုဦးဆောင်သူတွေကတော့ ခွဲမှူး သက်ထွန်း (နမ္မား) ၊ ရင်းမှူး ဗဂျမ်း(ခ)အောင်သန်း(နမ္မားနယ်)နဲ့  ဗန်းမော်ခရိုင် စစ်ကြောရေးကို အဓိကတာဝန်ယူတဲ့ အိုင်အို အောင်စိုးမြင့် (မိုးညှင်း)တို့ပါ။ ပေါက်ကွေး ၊ တာတီး(နမ္မား) ၊ ဇော်ကြီး ၊ ခင်မောင်လွင် ၊ စောစိုးစိုး(မိုးညှင်း) တို့ကလည်း လက်သံအတော်ပြောင်ပါတယ် ...
မှာကြားချက်အတိုင်းပါပဲ ပေါ်အောင်စစ်လို့ ဆက်နွယ်ဖော်ထုတ်လိုက်ကြတာ လိုချင်တဲ့ နာမည်(၁၃၅)ယောက်ပါ စာရင်း တရားခံဆိုတဲ့ စိုးမင်းအောင် ပါးစပ်ထဲကထွက်လာတဲ့ အထိပါပဲ
၃ ရက်လောက်အကြာမှာတော့...
လူရုပ်မပီလောက်အောင် တစ်ကိုယ်လုံး ဖောယောင်ကိုင်းနေပါပြီ
ပထမရက်ကတော့ ရိုက်နှက်တဲ့ဒဏ် ၊ စိတ်ဓါတ်ကျဆင်း ၊ ထမင်းမစားနိုင်တဲ့ဒဏ်တွေနဲ့ ပိန်ကျ သွားပါသေးတယ်
အဲဒီ နောက် ဘယ်ဖက် လက်ကောက်ဝတ်ကို ဓါးနဲ့ဖောက် သွေးကြော ဖော်ဆွဲထုတ်လို့ နိုင်လွန်ကြိုးတပ် ချည်နျောင် ဖောက်ဆွဲလို့ 
ဆောင့်ဆောင့်ဆွဲပြီး စစ်တာတောင် သိပ်မအော်နိုင်တော့ပါဘူး
နောက်ပိုင်း သံချောင်းတို့အဖွဲ့  ရောက်လာချိန်မှာတော့ ခြေသလုံးကြွက်သားကိုဖောက် ၊ သံချောင်းထည့် ကြိုးနဲ့ကပ်ဆွဲပြီး လှုပ်လှုပ်မေးချိန် နှာခေါင်းကို ကြေးနန်းဖောက်ဆွဲပြီး မေးချိန်မှာတော့ အသားအရေတွေက ပုတ်နေပါပြီ ပြည်တွေနဲ့
ရုပ်မပေါ်တော့ပါဘူး ၊
ဆွဲစမ်း ဆွဲကြစမ်းဆိုတဲ့ သံချောင်းအသံကိုလဲ ကြားနေရတယ်။
အသက်ကတော့ တော်တော်ပြင်းပါတယ် ၊ မသေဘူး
မျိုးဝင်း ၊ ကျော်ထင်ဦး တို့အဖွဲ့  ရောက်လာချိန်မှာလဲ မသေခဲ့ပါဘူး
နောင် ၂ ရက် ၃ ရက်ဆို သေပြီ ကြိုက်တဲ့ဆေးရုံကု မရှင်တော့ဘူးဆိုတဲ့ ပုံမျိုးပါ
ရက် (၂၀)ခန့် အကြာမှာတော့
မျောနေတာလား မေ့နေတာလားမသိ ဖြစ်နေရာကနေ-
အနားမှာရှိတဲ့ စစ်ကြောရေးသုံးကိရိယာတွေထဲက ရဲဒင်းက သူ့လက်ထဲရောက်ခဲ့ပါတယ်
လာခဲ့ မင်းတို့လာခဲ့စမ်း ၊ ငါနဲ့ သူသေကိုယ်သေချမယ် လာရဲတဲ့ကောင်လာစမ်း ဆိုပြီး ရဲဒင်းကို ကိုင်မြှောက်ထားလို့
မထူးဇာတ်ခင်းပြီထင်ပါရဲ့ ဘယ်သူ့မှတော့ ရုတ်တရက်မကပ်ရဲဘူး
အဲဒီမှာဝိုင်းပြီး နလံမထူအောင် ထိုးကြရိုက်ကြတော့ တာပါဘဲ ၊ အားလုံးလဲ တောင်ကုန်းပေါ်ကို ပြေးတက်သွားကြတယ်
နောက်မသေမရှင်ကို ထမ်းစင်နဲ့ခေါ်ထုတ်သွားတာမြင်လိုက်ကြရတယ်
သံချောင်း တစ်ခါက ဗန်းမော်ခရိုင်ကို လာရင်း အခုလိုပဲ ဗဟိုက ထွက်ပြေးလာတဲ့ တပ်သား ခွန်ဂျာနော် ကို အင်ခေါင်းပါဈေးမှာတွေ့ တော့
ဒါဏ်လောက်ပဲပေးမယ်ထင်လို့  အသာတကြည် လိုက်လာတာကို သေဒဏ်ပေးခဲ့ပါတယ်
သူသတ်ခံလိုက်ရတဲ့နေရာကို လုသတ်ကုန်း လို့ တွင်ပါတယ်
အဲဒီနေရာမှာပဲ စိုးမင်းအောင် ကိုတွင်းတိမ်တိမ်တူးလို့ မြေမြုပ်လိုက်ကြပါတယ်
အဲဒီအချိန်မှာ လှုပ်နေသေးလို့ မြေဖို့ ထားတဲ့အပေါ်ကပဲ သေနတ်နဲ့ပစ်လိုက်ကြတယ်တဲ့
သေနတ်ပစ်သူကတော့ တာတီး(နမ္မား)။
လူတစ်ယောက်ရဲ့ နောက်ဆုံး အချိန်ပါ-

- 59 shares
- Thauk Kyar Kyal ( အဲဒီနေရာမှာပဲ စိုးမင်းအောင် ကိုတွင်းတိမ်တိမ်တူးလို့ မြေမြုပ်လိုက်ကြပါတယ်
အဲဒီအချိန်မှာ လှုပ်နေသေးလို့ မြေဖို့ ထားတဲ့အပေါ်ကပဲ သေနတ်နဲ့ပစ်လိုက်ကြတယ်တဲ့
သေနတ်ပစ်သူကတော့ တာတီး(နမ္မား)။
လူတစ်ယောက်ရဲ့ နောက်ဆုံး အချိန်ပါ- ) လှူတွေက ရက် စက်ပါ လား ....။May 3 at 8:20pm · · 3 - Chan Nyein Moe ရင်နင်စွာနဲ့  ရှယ်ပါတယ် ကိုကျော်ကြီး ၊ ၅ ရက်နေ့ မှာ လွတ်မယ်ဆိုတဲ့ သတင်းထွက်နေတယ် ၊ နိုင်/ကျဉ်းထဲ ပါလို့  မဖြစ်ဘူး ။
- Aye Aye Soe Win သူတို. ကို မလွတ် ပါ စေ နဲ.။ ဘယ် လို နည်း နဲ. မှ မ လွတ် ပါ စေ နဲ.။May 4 at 1:21am · · 2
- Nicky Sheinဇာတ်လမ်းတွေက ဖတ်ရင်း ဖတ်ရင်းနဲ့ ပိုသိလာရတာက၊ သူတို့ဟာ သတ်ချင်စိတ်က အရင်လာတာပါ၊ သတ်ချင်စိတ်ပေါ်လာပြီးမှ ထောက်လှမ်းရေးတံဆိပ်ကပ်ပေြး
ပီး သတ်ဖို့ အကြောင်းပြလို့ကောင်းသွးတာေ ပါ့၊ ဟိုတယောက်တုံးကလဲ ဆေးရုံကနေ ရောဂါပျောက်ပြီ၊ လာခေါ်ဖို့အကြောင်းကြားတာ ဆက်သွယ်ရေးက ပျောက်သွားတယ်သတင်းမှားပေးတ ယ်၊ သတ်ဖို့အမိန့်ပေးတယ်၊ နောက်သွားခေါ်လာပြီးမှ အဖြစ်မှန်ကိုပြန်ပြောပြပေမဲ့  ထွက်ပြီးသွားဆင်စွယ် ဘာညာလျှောက်ပြောပြီးသတ်ဖြစ် အောင်သတ်ပြစ်တယ်။ ဒီလိုအဖြစ်တွေက ထောက်လှမ်းရေးမို့ သတ်ပါတယ်ချီးစားပြောတောင်မယုံဘူး ခင်ေ၇ွှလိုင်ေ၇၊ စားပြရင်တောင် ကြိုက်လို့ပဲ မှတ်လိုက်မယ်။ May 4 at 3:10am · · 13 - Ko Oo ကျော်ကြီးရေ၊သက်ထွန်း (နမ္မား) နှင့်လှဌေး၊ကျော်ကျော် တို့နဲ့အတူတောင်ပိုင်းကိုဒု
တိယအကြိမ်ညီလာခံကို၊ လာတက်တဲ့ကိုသက်ထွန်းဆိုတာတစ်ယောက်ထဲလား၊ လူကွဲလား၊ May 4 at 6:22am · · 1 - Thu Rein Tun ၅ရက်နေ.လွတ်မှာလူသတ်တရားခံသ
ံချောင်းလား ။ ဒီလိုကောင်စားမျိုးပြစ်မူတွေကလွတ်မြောက်သွားလို.မရဘူး။ တရားခံတွေလွတ်နေတုန်းဘဲ။ May 4 at 10:32am · · 1 - Chan Nyein Moe နိုင်/ကျဉ်းတွေ လွှတ်ပေးဦးမယ်လို့  သတင်းထွက်နေတော့ အကယ်၍ဒီသတင်းမှန်ခဲ့ ရင် စာရင်းထဲ ရောပီးပါလာလို့  မဖြစ်ရအောင် အသံထွက်ကြည့်ထားတာ ကိုသူရိန်ထွန်း ၊
- Flygon Thapyay CS လွတ်လာလို့ကတော့ သက်ဆိုးမရှည် နိုင်ဘူး သာယာဝတီမြို့နေ မထွက်ခင်......ကိစ္စ ပြီသွားနိုင် တယ် သူ့ကို ပြန်ပြီး စစ်ကြောရေး ပြန်ဝင်ကြည့်ရင် ဘယ်လိုနေမလဲ ..... သာယာဝတီထောင်ရှေ့မှာ သွားစောင့်ကြည့်ကြမဲ့လူတော့
များမှာ သေချာတယ် ...... May 4 at 6:18pm · · 5 - Nang Aung Htwe Kyiဖမ်းပြီးစွပ်စွဲတာ။ရာထူးတတ်
ပေးပြီးတော့စွဲချက်တင်ပြီး သူတို့စွပ်စွဲတဲ့အ တိုင်းမရမခြင်းညှင်းပန်းနှိ ပ်စက်တာ။ပေးထားတဲ့ရာထူးအတို င်းပြော၊သူတို့ လိုင်းတင်မေးတဲ့နာမည်တွေကို ပြောမပြောရင် သေတဲ့အထိနှိပ်စက်တာ။ဒါ တွေကြောင့်စစ်ကြောရေးတွေမှာ ၁၄ ယောက်သေတာ။မိုင်းကပ်ပြီးခြေ လက်ဖြတ်တယ်။ကိုအောင်ဖိုးခြေ ကမပြတ်ဘဲနေတော့ ဒါးတောင်မသုံးဘူး။လက်နဲ့ဆွဲ ဖြတ်တာ။ကိုယ်တိုင်ကြုံ တာ။ကိုယ့်လက်မှာလဲမိုင်းကြိုးတန်းလန်းနဲ့။ကိုရဲလင်း၊ကိုထွန်းအောင်ကျော်။ကိုချိုကြီး၊စသဖြင့် ၁၅ ၊ ၁ရ ယောက်လောက်ရှိမယ်။အားလုံးရဲ့ လက်တွေမှာ ယမ်းတွေကပ်ချည်ထားတာ။ကိုအား စိုက်(ကိုခင်မောင်အေး)ဆိုလဲ ဒို့နဲ့ ကြောင်နဲ့ အရှေ့မှာရက်ရက်စက်စက်နှိပ်စ က်တာ၊မသေသေးဘူး၊အ ပုပ်နံ့ကထွက်နေပြီ၊ May 4 at 7:00pm · · 8 - ဘရာဇီး ငှက်ရိုး စစ်ကိုင်းတိုင်း ဖြစ်မြောက်ရေး လုပ်တဲ့ ကိစ္စကလဲ သူတို့ အတွက်တော့ အဓိက ပြသနာပါပဲ...May 4 at 10:14pm · · 2
- Kyaw Gyi AB ကိုဦးမေးတာ ဟုတ်ပါတယ် တစ်ယောက်ထဲပါ ၊ကချင် ကိုယ်စားလှယ် အဖြစ်က ပြန်ရောက်လာတော့ ကော်မတီ မှာ မပါတဲ့အတွက် အဆင်ပြေအောင် ခွဲမှူး တာဝန်ပေးခဲ့ကြတာပါ၊May 4 at 11:33pm · · 2
- အိုးဝေအောင် အိုးဘားမား လူသတ်ကောင် သံချောင်းရဲ့အဖေက ဦးသိန်းစိန် (ခ) ဦးကံကောင်း ဆိုရင် ..ဦးသိန်းစိန်ရဲ့နောက်ထပ် လွတ်ငြိမ်းချမ်းသာကြေငြာချက
်မှာ သံချောင်းဟာ ကံကောင်းလို့ မသေ သံချောင်းတို့အဖေ ကျေးဇူးကြောင့် လွတ်လာနိုင်ပါတယ်။ (သို့သော်..) အသေထွက်နဲ့ မထွက်လာပါစေနဲ့ ဆုတောင်းကြပါ ။မြောက်ပိုင်းအမှုအတွက် ပြန်ပေးဆပ်စေချင်လို့ပါ။ (သူကိုယ်တိုင် ရှင်းလင်းချေပတဲ့ အမှုကိစ္စကိုလည်း ကြားနာစေချင်လို့ပါ။)ပြီးမှ ကြိုက်တဲ့နည်းနဲ့စီရင်ကြပေါ့ ဗျာ။ May 6 at 12:17am · · 4 - Htar Htar Lwin အပြစ်ရှိသူတစ်ယောက်ကိုပြစ်ဒ
ဏ်ခတ်တာဟာ သူကျူးလွန်ခဲ့တဲ့အပြစ်အတွက် အရော်အစားသက်သက်မဟုတ်ပါဘူး သူဒီလိုအပြစ်မျိုးနောက်တစ်ြ ကိမ်မကျူးလွန်ဝံ့အောင်ရယ် အခြားသူတွေလဲနမူနာယူပြီး အပြစ်မလုပ်ဝံ့အောင်ရယ် တစ်နည်းပြောရရင် လူ့လောက ကောင်းကျိုးအတွက်အပြစ်ရှိသူ ကိုဖော်ထုတ်အပြစ်ပေးရတာပါ ဒါကြောင့်မြောက်ပိုင်းကိစ္စမှာအပြစ်ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ်အပြစ်ပေးခြင်းဟာ လူ့လောကကောင်းကျိုးအတွက်ဖြစ်တာမို့အားပေးထောက်ခံပါတယ် May 6 at 7:57am · · 5 - Moe Lay အဲလိုလူတွေကိုတော့ မတွေ့ တွေ့ အောင်ရှာပြီ ဒုတိယကမ္ဘာစစ်က နှိပ်စက်ခဲ့ တဲ့ လူတွေလို ပြန်အပြစ်ပေးရမှာဘဲ။ တချို့ ဆိုအသက် ၈၀ ကျော်မှ အပြစ်ဒဏ်ခံရတာညီမငယ်။May 6 at 10:53pm · · 1
- Htar Htar Lwin အဲဒီလူကြီးကိုရုံးထုတ်တဲ့သတ
င်း တီဗွီမှာပါတော့ (wheelchair ပေါ်မှာယဲ့ယဲ့လေး) ကျမက ကလေးအရွယ်ဘဲရှိသေးတယ် သနားတတ်တဲ့မြန်မာအမျိုးသမီး ကြီးတွေက သနားပါတယ်တော် ဒီအရွယ်ကြီးကျကာမှတဲ့ စုတ်တသက်သက်နဲ့ ကျမကတော့ အဲလိုလူမျိုးကိုကလေးဘ၀ထဲကမသ နားတတ်ခဲ့တာ ခုထိဘဲ May 7 at 8:04am · · 3 - Kyaw Winswe ကျနော်ကိုကြောင့်အီးမေး၇ချင
်ပါတယ်။ တချို့ ကိစ်စတွေမေး (or)ဂျီတော့ကောင်းတယ်။
No comments:
Post a Comment