Friday, July 27, 2012

သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင်ချက်ပေးခဲ့ကြတာလဲ။

သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင်ချက်ပေးခဲ့ကြတာလဲ။

by Maungmaung Skw on Tuesday, February 21, 2012 at 1:36pm ·
                ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါ လို့ဖြောင့်ချက်ပေးခဲ့ကြတာလဲ ?

          ဒီမေးခွန်းဟာ ကျွန်တော့ကို ခဏခဏအမေးခံရတဲ့ မေးခွန်းတစ်ခုပါ။ABSDF(NB) ပါဂျောင်စခန်းမှာ လူသတ်ပွဲကြီးဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော့ရဲ့ညီ-ညီညီတစ်ယောက် ကျောင်းသားတပ်ဖွဲ့ကနေ KIA ဘက် ကိုရောက်ရှိသွားပြီးတဲ့နောက် ကျွန်တော်ပါဂျောင်မှာရှိတဲ့  KIA ရဲ့ NEW CAMP ခေါ် လိုင်စင်စခန်းနဲ့ လိုင်ဇာ ဘက်ကို အကြိမ်ကြိမ် ရောက်ခဲ့ပါတယ်။
          KIA ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်မှူးကြီးပန်းအောင် နဲ့ မကြာခဏဆုံဖြစ်ပြီး တရုတ်ပြည်ရင်ကျန်းမြို့ ကတဆင့် လိုင်စင်-လိုင်ဇာဘက်တွေကို ညီညီနဲ့အတူ မကြာခဏ ကားလိုက်မောင်းပေးဘူးပါတယ်။KIA တပ်က သက်တန်းရင့် ဗိုလ်ချုပ်ကြီးတစ်ချို့ နဲ့လည်း တွေ့ခဲ့ ဆုံခဲ့ စကားပြောခဲ့ဘူးပါတယ်။
          သူတို့တတွေဟာ ကျောင်းသားစခန်းတွင်းက နှိပ်စက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စကားပြောဖို့ စိတ်မပါကြပါဘူး။အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ခါတရံမှသာ စကားပြန်ရတတ်ပါတယ်။ဘယ်လိုဘဲပြောပြော ဘယ်သူနဲ့ပြောပြော သူတို့ရဲ့စကားကို “သူတို့က ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက် ပေးခဲ့ကြတာလဲ” ဆိုတဲ့ မေးခွန်းနဲ့ အဆုံးသတ်ပစ်တတ်ကြပါတယ်။
          သူတို့အားလုံးအတွက် လူအင်အား(၃၀၀)လောက်ရှိတဲ့နေရာမှာလူ(၁၀၀)လောက်က ထောက်လှမ်းရေး ဖြစ်နေတယ်ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်ကြဘဲ ဟာသတစ်ခုလိုပြောနေကြပေမဲ့ အဲ့ဒီအကြောင်းကိုမေး လိုက်ရင် အပေါ်ကမေးခွန်းကိုဘဲ ထပ်ခါတလဲလဲမေးနေတတ်ကြတယ်။
          ဗိုလ်မှူးကြီးပန်းအောင်ဆိုရင် ကိုယ်တိုင်က ထောက်လှမ်းရေးတာဝန်ခံတစ်ယောက်ဖြစ်တယ်။ကျောင်း သားတပ်က စွတ်စွဲစစ်ဆေးချက်တွေအရ တပ်မတော်ထောက်လှမ်းရေးဗိုလ်တစ်ယောက်ပါလို့ ဖြောင့်ချက်ပေး ထားတဲ့ ညီညီ့ကို အကာအကွယ်ပေးခေါ်ယူပြီး သူ့အနားမှာထားလိုက်တာ-ဘယ်ကိုသွားသွား ညီညီနဲ့ နှစ် ယောက် ထဲသွားကြလာကြ လုပ်နေလို့ ကချင်တွေကတောင် ပြောလာဆိုလာကြတဲ့ အဆင့်။ညီညီနေဖို့ အခန်း က စစ်ရုံးထဲမှာ အခန်းဖွဲ့ပေးထားတာ-ကျွန်တော်သွားတော့တောင် အဲ့ဒီအခန်းမှာဘဲတည်းရတာ။
          ဒီလိုအခြေအနေတွေကိုကြည့်ရင် သံချောင်းတို့ မျိုးဝင်းတို့ အောင်နိုင်တို့ရဲ့ လုပ်ရပ်-သူတို့ပြောဆိုမှု တွေကို လုံးဝလက်မခံဘူး အရေးအရာမထားဘူးဆိုတာသိသာလှပါတယ်။နောက်ပိုင်း မျိုးဝင်းတို့ အောင်နိုင်တို့ က ညီညီကိုပြန်လွှဲပေးဖို့ တောင်းဆိုတော့လည်းငြင်းခဲ့တယ်-နောက်ပိုင်းဇွတ်ဝင်ဖမ်းမယ်ဆိုတဲ့ သတင်းလည်း ကြားရရော ကျောင်းသားတပ်ဖွဲ့ဝင်တွေ ကချင်ဘက်လာရင် လက်နက်ကိုင်ဆောင်ခွင့် မပြုတော့ဘဲ ညီညီ့ကို သူကိုယ်တိုင်ကိုင်တဲ့  9mm ပစ္စတိုကိုပေးထားလိုက်တာတွေကြည့်ရင်ကျောင်းသားတပ်ကကောင်တွေလုပ်သမျှ လက်မခံဘူးဆိုတာထင်ရှားပါတယ်။ဒါပေမဲ့ ကျွန်တော်နဲ့တွေ့တဲ့အခါ ဒီအကြောင်းစကားစလိုက်တာနဲ့ ဒီမေးခွန်း ဘဲ “သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” လို့ မေးခွန်းနဲ့ တုန့်ပြန်တတ်ပါတယ်။
          ဒီတော့ ကျွန်တော်က သူတို့ နားလည်သဘောပေါက်သွားအောင် ပုံပြင်လေးတစ်ပုဒ်ပြောပြလိုက်တယ်။ မူရင်းပုံပြင်ကတော့ ပါကစ္စတန်က လူရွှင်တော် တစ်ယောက်ကပြောခဲ့တဲ့ ဟာသပုံပြင်ပါ။သူပြောခဲ့တာကတော့  သူတို့ပါကစ္စတန်ရဲတွေအကြောင်းပြောထားတာပါ။ကျွန်တော်ကအဲ့ဒီပုံပြင်ကိုဘဲမြန်မာမှုပြုပြီးပြောပြလိုက်တယ်၊
          ပုံပြင်က ဒီလိုဗျ...........................................................................................................
          တခါတုန်းကပေါ့ဗျာ....နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အတွင်းရေးမှူးတစ်၊တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာ အလွန်လှတဲ့ အမွှေးပွ ယုန်ကလေးနှစ်ကောင်  မွေးထားတယ်တဲ့။အဲ့ဒီယုန်ကလေးနှစ်ကောင်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အလွန်အင်မတန်ချစ်မြတ်နိုးလွန်းလို့ အလုပ်အားလပ်တဲ့အချိန်တိုင်းမှာ ယုန်ကလေးတွေနဲ့ ဆော့ကစားရင်း အပန်းဖြေလေ့ ရှိတယ်တဲ့။
          သူအလုပ်တာဝန်တွေနဲ့ မြန်မာနိုင်ငံ ဘယ်အရပ်ဒေသကိုသွားသွား သူ.တပည့်တွေက ယုန်လေးနှစ် ကောင်ကို သယ်ယူပေးသွားရတယ်တဲ့။ဗိုလ်ချုပ်ကြီးဟာ ဘယ်အရပ်ဒေသကိုဘဲရောက်ရောက် ဘာတာဝန် တွေဘဲထမ်းဆောင်ရ ထမ်းဆောင်ရ အချိန်အားရတာနဲ့ သူ့ယုန်လေးနှစ်ကောင်နဲ့ဆော့ကစား အပမ်းဖြေတတ် တာကိုး။
          တစ်ရက်တော့ အညာဒေသဘက်ကို ခရီးလှည့်လည်ရင်း လမ်းခုလပ်မှာ ခဏနားပြီးအပမ်းဖြေကြ တယ်။ထုံးစံအတိုင်း လမ်းဘေးတောစပ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ ယုန်လေးနှစ်ကောင်နဲ့ ဆော့ ကစားနေ တယ်တဲ့။အဲ့ဒီအချိန်မှာ ကားတစ်စီးရဲ့ အင်ဂျင်က Miss-fire ဖြစ်လို့ “ဒိုင်း” ဆိုတဲ့ အသံထွက်သွားတယ်တဲ့။ ဗိုလ်ချုပ်ကြီးနဲ့ သူ့ရဲ့သက်တော်စောင့်တွေ သတိအနေအထားဖြစ်သွားတဲ့ အချိန်မှာဘဲ ယုန်ကလေးနှစ်ကောင် ကတော့ လန့်ပြီး မဟာမြိုင်တောထဲကို ဝင်ရောက်ပျောက်ကွယ်သွားတော့တယ်တဲ့။
          ကားအိပ်ဇောက မြည်လိုက်တဲ့ အသံဆိုတာ သိပြီးတဲ့နောက် အားလုံးအေးအေးဆေးဆေး ဖြစ်သွားတဲ့ အချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ သူ့တပည့်တပမ်းတွေနဲ့ အတူ မဟာမြိုင်တောစပ်မှာ ရှာဖွေကြပေမဲ့ ယုန်လေး နှစ်ကောင်ကတော့ ရှာမတွေ့တော့ဘဲ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့တယ်တဲ့။
          ဗိုလ်ချုပ်ကြီးလည်း ယုန်လေးတွေကိုချစ်တဲ့စိတ်နဲ့ အဲ့ဒီ မဟာမြိုင်တောစပ်မှာတင် စခန်းချလို့နေပြီး ဘာ အလုပ်မှဆက်မလုပ်နိုင်တော့ဘူးဖြစ်သွားတော့တယ်တဲ့။သူ့လက်ထောက်တွေက ဗိုလ်ချုပ်ကြီးရဲ့အဖြစ် အပျက် ကို မကြည့်နိုင်ကြလို့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အတော်ဆုံး ထောက်လှမ်းရေးသမားတွေကိုခေါ်ပြီး ယုန်လေး နှစ်ကောင်ကို တောနင်းရှာခိုင်းပေမဲ့ ယုန်လေးနှစ်ကောင်ကတော့ လုံးဝ ခြေရာပျောက်နေတယ်တဲ့။နောက်ဆုံး တော့ တပ်မတော်(ကြည်း)က ခြေလျှင်တပ်ရင်းတွေကိုအကူအညီတောင်းပြီး စစ်သည်ဗိုလ်ပါ အလုံးအရင်းနဲ့ တောနင်းရှာပေမဲ့လည်း ယုန်လေးနှစ်ကောင်ကို မတွေ့ကြဘူးတဲ့။ဒေသခံတောမုဆိုးတွေလည်း ဘယ်လိုမှ ရှာ လို့မတွေ့နိုင်တဲ့ ယုန်လေးနှစ်ကောင်ကို ဇွတ်ရှာခိုင်းမှာကြောက်လို့ တနယ်တကျေးကို ပြောင်းပြေးကုန်ကြတယ် တဲ့။
          အဲ့ဒီအချိန်မှာ ပုံမှန်အစည်းအဝေးတွေမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို မတွေ့ရလို့ မေးလာတာနဲ့ တပ်ချုပ် ကြီးကို အကြောင်စုံ ဖွင့်ပြော အသိပေးလိုက်ရတယ်တဲ့။ဒီအချိန်မှာ တပ်ချုပ်ကြီးက “ဒါလေးများကွာ-သူငြိမ်းချမ်း ရေးယူထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ ရှာခိုင်းပေါ့-သူတို့ကတောကျွမ်းပြီးသားတွေဘဲ” လို့ မိန့်တော်မူလိုက်သ တဲ့။ဒါနဲ့ အထူးဒေသများအဖြစ်သတ်မှတ်ပေးထားတဲ့နယ်မြေအသီးသီးကငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကို အကူအညီလှမ်းတောင်းလိုက်တော့ အဖွဲ့အားလုံးက တောနင်းတာကိုကျွမ်းကျင်ပါတယ်ဆိုတဲ့ လက်ရွေးစင် ကွန်မင်ဒိုတွေကိုစေလွှတ် အကူအညီပေးခဲ့တယ်တဲ့။
          တသက်လုံးတောထဲတောင်ထဲနေလာပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တောနင်းရှာကြပေမဲ့ အချိန်တွေသာကုန် အဖွဲ့တွေသာစုံသွားတယ် ယုန်လေးနှစ်ကောင် က တော့ ရှာလို့မတွေ့ ကြဘူးတဲ့။ နောက်ဆုံးအဖွဲ့အစည်းတွေအားလုံး လက်မှိုင်ချနေတဲ့အချိန်မှာ KIO ဥက္ကဌကြီး ဦးဘရန်ဆိုင်းက သတိရတာနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အကြံတစ်ခုပေးလာတယ်တဲ့။
          သူပေးတဲ့အကြံက ဘာလည်းဆိုတော့ “တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တွေ အားလုံးစုံသွားပြီဆိုပေမဲ့- ကျွန်တော့နယ်မြေထဲမှာ နေရာပေးထားတဲ့ ABSDF(NB) ဆိုတဲ့ ကျောင်းသားအဖွဲ့ ရှိပါသေးတယ်-သူတို့ကို အကူအညီတောင်းကြည့်ရရင် ကောင်းမလား”တဲ့။
          ဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က “မဖြစ်နိုင်ပါဘူးဗျာ-တောကျွမ်းပါတယ်ဆိုတဲ့ ခင်ဗျားတို့တောင် မရှာ နိုင်တာ-တစ်နေ့မနေ့ကမှတောထဲရောက်တဲ့ ကျောင်းသားတွေ-ဘယ်လိုလုပ်ရှာနိုင်ပါ့မလဲ” လို့ပြန်ပြောလိုက် တယ်တဲ့။ဒီတော့ ဦးဘရန်ဆိုင်းက “ဒီကောင်တွေကို အထင်မသေးနဲ့နော်-ကျွန်တော်တို့ ကချင်တွေ တစ်သက် လုံးမမိဘူးတဲ့ ထောက်လှမ်းရေးတွေ တပ်ခွဲလိုက်ကြီးမိအောင်တောင်ဖမ်းထားနိုင်တဲ့ကျောင်းသားတွေနော်-ဘာဘဲဖြစ်ဖြစ် ကျွန်တော်အကူအညီတောင်းကြည့်လိုက်တာမမှားလောက်ဘူးထင်တယ်” ဆိုပြီး ဇွတ်ပြောလာ တော့ ယုန်လေးနှစ်ကောင်ကို သံယောဇဉ်ကြီးလှတဲ့ ဗိုလ်ချုပ်ကြီးလည်း သဘောတူလိုက်ရတယ်တဲ့။
          ကျောင်းသားတပ်ကို ဦးဘရန်ဆိုင်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အလုပ်ဖြစ်ပေမဲ့ သူမျက်နှာကိုထောက် ထားပြီးအကူအညီပေးဖို့ တောင်းဆိုလိုက်တော့အောင်နိုင်၊သံချောင်း၊မျိုးဝင်းနဲ့ လှဆိုင်းတို့က တိုင်ပင်ပြီးတော့ သန်းဇော်၊ဇော်ဇော်မင်း၊ကျော်ထင်ဦး၊သက်လင်းနဲ့ ဖိုးနှောင်းတို့(၅)ယောက်ကို ယုန်ရှာဖို့ အမိန့်ပြန်တမ်းထုတ်ပြီး ထည့်ပေးလိုက်တယ်တဲ့။
          ကျောင်းသာတပ်ရဲ့လက်ရွေးစင် သန်းဇော်တို့ အဖွဲ့ရောက်ရှိသတင်းပို့လာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာတော်တော်စိတ်ပျက်သွားတယ်တဲ့။ “ဖြစ်ပါ့မလားကွာ-ဘာလက်နက်ကရိယာမှမပါဘဲနဲ့-တစ်ယောက်ဝါးဆစ် ပိတ်တစ်ချောင်းစီနဲ့-မင်းတို့ကဘယ်လိုလုပ် တတ်နိုင်မှာလည်း” လို့မေးတယ်တဲ့။သန်းဇော်က “မပူပါနဲ့အဘ-အဘရဲ့ယုန်နှစ်ကောင်ပြန်တွေ့ပြီလို့သာ သဘောထားလိုက်တော့-ခဏပါ-ကျွန်တော်တို့ အချိန်တွေ အများကြီး မယူပါဘူး” လို့အဖြေပေးတယ်တဲ့။
          ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း နောက်ဆုံးကျိုးစားတဲ့အနေနဲ့ သန်းဇော်တို့ ငါးယောက်ကို မယုံရဲရဲနဲ့ဘဲ ယုန် လေးနှစ်ကောင်ဝင်သွားတဲ့ မဟာမြိုင်တောအစပ်အထိ ပို့ပေးလိုက်တယ်တဲ့။
          သန်းဇော်တို့ အဖွဲ့ တောထဲဝင်သွားလို့ (၁၅)မိနစ်လောက်ဘဲရှိဦးမယ်-မဟာမြိုင်တောကြီးထဲက တော တိုးသံတွေ တဝုန်းဝုန်းကြားလိုက်ရလို့ အားလုံးဝိုင်းကြည့်လိုက်တော့-မဟာမြိုင်တောကြီးထဲက စွယ်စုံဆင်ကြီး နှစ်ကောင် အော်ရင်းဟစ်ရင်း အူယားဖားယား ပြေးထွက်လာတာကို အားလုံးတွေ့လိုက်ကြရတယ်တဲ့။ကြောက် အားလန့်အားနဲ့ သေးတဖြန်းဖြန်းပါရင်းထွက်ပြေးလာတဲ့ ဆင်ကြီးနှစ်ကောင်က ပြေးရင်းလွှားရင်း ပါးစပ်ကလည်း အော်ဟစ်လာသေးတယ်တဲ့။သူတို့အော်လာတာကတော့ “ဟုတ်ပါတယ်ဗျ-ကြောက်ပါပြီဗျ-ကျွန်တော်တို့ဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်မွေးထားတဲ့ ယုန်လေးနှစ်ကောင်ပါဗျ” တဲ့။ဆင်နှစ်ကောင်ကိုသေသေချာချာကြည့် လိုက် တော့ တစ်ကောင်က လက်တစ်ဘက်ပြတ်နေပြီးတော့ နောက်တစ်ကောင်က အစွယ်တစ်ဘက်ကျိုးနေပြီး ဖင်ပွင့်နေတာ တွေ့ရတယ်တဲ့။
          သန်းဇော်တို့အဖွဲ့ကတော့ တောထဲကထွက်လာပြီး ခတ်တည်တည်ဘဲ “ကဲ-ကျွန်တော်တို့တာဝန်ပြီး သွားပြီ-ပြန်တော့မယ်-ခင်ဗျားတို့ဘာမှစောဒကလာတက်မနေနဲ့-သူတို့ပါးစပ်က ဝန်ခံနေတာတွေ့လား-ဒါဘဲ” လို့ပြောပြီးပြန်သွားကြတယ်တဲ့။
          ကဲ-ဒီလောက်ဆို တျောင်းသားတော်လှန်ရေးသမားတွေ “ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေး ပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” ဆိုတဲ့မေးခွန်းရဲ့အဖြေ ရှင်းသွားလောက်ပါပြီ။
          သူတို့လိုချင်တဲ့ အဖြေကို နိမိတ်ပြမေးခွန်းတွေနဲ့မေးပြီး ဝန်ခံခိုင်းတယ်-ဝန်မခံမချင်း လူမဆန်တဲ့နည်း တွေနဲ့ နှိပ်စက်တယ်-သူတို့လိုချင်တဲ့အဖြေရမှ နှိပ်စက်တာတွေရပ်တယ်-ဒါဘဲပေါ့။
          ဒီလို ပုံပြင်လေးနဲ့ရှင်းပြလိုက်တော့ ဗိုလ်မှူးကြီးပန်းအောင်က ဟက်ဟက်ပက်ပက် ရီတယ်-“ကိုမောင် မောင်-မင်းစကားကို ကြံကြံဖန်ဖန် ပြောတဲ့ကောင်ဘဲ” တဲ့။
          ကျွန်တော်က သူ့ကိုပြန်ပြောလိုက်တယ် “ကျွန်တော်-ကြံကြံဖန်ဖန် ပြောတာမဟုတ်ဘူး-အခြေအနေ မှန်ကို-ဒူကမ္ဘာတို့ သဘောပေါက်အောင်ပြောပြတာ-အဲ့ဒီနည်းနဲ့ဆို ကြိုက်တဲ့ဖြောင့်ချက်ယူလို့ရတယ်-မယုံရင် မျိုးဝင်းတို့-သံချောင်းတို့-အောင်နိုင်တို့ အုပ်စုကို ကျွန်တော့လက် အပ်ကြည့်လိုက်ပါလား-နေ့မကူးစေရဘူး-ဒီကောင်တွေဖြောင့်ချက်ပေးလာအောင် ကျွန်တော်လုပ်ပြမယ်-ဘယ်လိုဖြောင့်ချက်မျိုး-ဒူကမ္ဘာ လိုချင်သလဲ ကြိုတင်ပြောထားလိုက်-အင်္ဂါဂြိုလ်ကလာတဲ့ ဂြိုလ်သားတွေပါလို့ ဝန်ခံခိုင်းချင်သေးလား-ရတယ်”လို့။
          ကချင်တွေနဲ့ ကျွန်တော်ပြောခဲ့ဆိုခဲ့တာတွေ ထားလိုက်ပါတော့ ကျွန်တော်အခုတင်ပြချင်တာက “သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေပါ။
မောင်မောင်(ရွှေကရဝိက်) ၂၁-၂-၂၀၁၂ ရက် အင်္ဂါနေ့။
· · Share

  • 68 shares
    • Ye Ni Well said, bro. Thnx for post.
    • Nang Aung Htwe Kyi ကိုမောင်မောင်ရေ .. ကြိုက်တယ်ဗျို့ .. ဗိုလ်ချုပ်ဇော်မိုင် က ပြောတယ်..မီးငယ် နင် ငါ့ကိုထောက်လှမ်းရေးကလို့ လာမပြောနဲ့ .. နင့် စစ်ချက်တွေမှာ နင်က ဗိုလ်ချုပ်နေဝင်း ထက်တောင် စီနီယာ ကျနေသေးတယ် တဲ့ ..ဟဲ ဟဲ .. စိတ်ကူး ယဉ်ဝတ္ထုရေး တာ တလွဲ တချော် တွေ ဖြစ်နေရော ...
    • Nang Aung Htwe Kyi ကြောင် ကို မေးကြည့် ဦး ။မြတ်သစ် တို့ ဇော်ဇော်အောင် တို့ ဝတ္ထုထဲက ဇာတ်ကောင် တွေ ရေးတဲ့သူတွေ ရှိသေးတယ် ..။ ဒါ ကြောင့်ပြောတာ ရယူထား တဲ့ စစ်ချက် တွေ ချပြလိုက် စမ်း လို့ ။ အဲ့ဒီ AB - NB က ဟာသ ဝတ္ထုတို ပေါင်းချုပ် တွေကို နယ်သလန် မြူဇီယမ် မှာ သိမ်းထားနေစရာ မလို ပါဘူးလို့ ။
    • Kyaw Soe Win good analogy bro:
    • Kyaw Hlaing Oo KIA ဗိုလ်ချုပ်ဇော်မိုင်က ဘယ်ရောက်သွားပါလဲ၊ အပြစ်အခတ်ရပ်စဲပြီးတဲ့ နောက်ပိုင်းမှာ သူ့အသံမကြားရတော့လို့ပါ။
    • K Ki Ki အဲလို ပုံပြင်လေးအနေနဲ့ ယှဉ်ပြလိုက်တော့မှ သဘောပေါက် လွယ်သွားတော့တယ်.. ဦးမောင်မောင် ရေ.. ကျေးဇူးပါ.. သဘောမပေါက်သေးတဲ့သူတွေ ဖတ်ဖို့ ရှယ် ခွင့် ပြုပါ နော်.. ( အဲဒီ ယုန် ၂ ကောင် က အမှန်တကယ် ဘယ်ကို ရောက်သွားသလည်း လို့ သိချင်နေတယ်..။ ယုန် သက်တမ်းကတော့ ခုချိန်ထိ မရှည်လောက်ဖူး နော်.. )
    • Nang Aung Htwe Kyi KIA မှာအာဏာသိမ်းမူ့ ဖြစ်ပြီးတော့ စခန်းမှာဘဲ ရှိတယ် ကြားတယ် ။ ဒီနေ့ဒီအချိန်တော့ မသိဘူး . ။အသက်ကြီးပြီလေ ။ စိတ်ထားဖြောင့်မတ် တည် ကြည် တဲ့ လေးစားထိုက် တဲ့ ခေါင်းဆောင် တဦးပါ ။
    • Maungmaung Skw အဲဒီယုန်နှစ်ကောင်အကြောင်းကတော့
      ရွှေမှော်ဝန်းဆိုလား ဘာလား အဲ့ဒီအဖွဲ့
      ထဲ သွားရှာရမှာဘဲ။
    • Hlaing Bwa Maung အတော်ကိုထိမိပါပေတယ် ကိုမောင်မောင်ရေ။
    • Thin Thin Nyi အရမ်းကို လက်တွေ့ကျတဲ့ပုံပြင်လေးပါပဲ ဒီပုံပြင်ကိုဖတ်နေတဲ့အချိန်မှာ ယုန်အဖြစ်အရှာခံနေရတဲ့ ပုံရိပ်တွေ ပြန်မြင်ယောင်နေမိတယ်ဗျာ ။
    • Thin Thin Nyi ကျွန်တော်လည်း ရှယ်မယ်နော်။
    • Min Tharr တော်တော်ထိရောက်တဲ့ ဥပမာလေးပါပဲ။
    • Mi Naing Let me share pls.....
    • Kyaw Gyi AB
      နှိပ်စက်မှုချည်းကြောင့်တော့မဟုတ်ပါဘူး၊ကိုထွန်းအောင်ကျော်တို့ ကျွန်တော်တို့ က စဖမ်းကတဲက အရာရှိရိပ်သာဆိုတဲ့နေရာမှာနေခဲ့ရတာပါ၊ တချိ့ လဲဟုတ်တယ်တောင်မပြောလိုက်ရပါဘူး၊ နှိပ်စက်မှုကသတ်သတ်ပါ၊ငယ်တဲ့သူတွေ နဲ့ ရောက်စတချို့ ကပဲ အမှန်နဲ့  ရင်ဆိုင်လို့ နှိပ်စက်ခန်း မဆုံးခင် သေဆုံးတာတို့ နောက်ဆုံး လမ်းကြောင်းပေးတဲ့အတိုင်းပြောစေချင်တာကိုဟုတ်ပါတယ်လုပ်လိုက်ရတာပါ၊ဝန်ခံပြီးရင် တစ်ယောက်ကို ( ၅ )ယောက်နှုန်းထပ်ပြောရပါတယ်၊ ပထမတော့ ညှိထားသလိုပဲ သေပြီးသူတွေထွက်ပြေးပြိးသူတွေပြောကြတယ်၊နောက် မရတော့ ဖမ်းပြီးသူချင်းပြောကြတယ်။နောက်ဆုံး အသစ်( ၅ )ယောက်ပြောရမယ် ဆိုရော ဒုက္ခရောက်ကြတော့တာပါပဲ။
    • Yeyint Kyaw ဝန်ခံပြန်တော့လည်း ၅ယောက် ထပ်ဖော်ရမယ်ဆိုတော့.. များပြီပေါ့...။ ဗမာပြည်နေတာ ပီသတယ် မုန့်ဟင်းခါး အဆစ်တောင်းတာကျနေတာပဲ..၊ အကုန်ဝန်ခံလို့ နောက်ဆုံး ( နိုင်အောင်၊မျိုးဝင်း၊သံချောင်း၊အောင်နိုင်၊လှဆောင်(ခေါ်)လှဆိုင်း) တို့ ၅ယောက်ပဲ ကျန်ရင် သူတို့ ဆက်စစ်ပါ့မလား...ဟင်..။ တော်တော် တရားကျဖို့ကောင်းတဲ့ စစ်ကြောရေးပါပဲ... ။ (ခင်ညွန့်လက်လံ မြောက်ပိုင်းကအသံ )လို့ နာမည်ပေးလိုက်ချင်တယ်..။
    • အိုးဝေအောင် အိုးဘားမား
      ယုန်နှစ်ကောင်ပုံပြင်လေးကို မြန်မာမှုပြုပြီး စီကာပတ်ကုံးရေးပြတတ်တဲ့ စာရေးသူ ကိုမောင်မောင်ကို ချီးကျုးပါတယ်။အကြိုက်ဆုံးနောက်ဆုံးစကားလေးက---((”ဒူကမ္ဘာတို့ သဘောပေါက်အောင်ပြောပြတာ-အဲ့ဒီနည်းနဲ့ဆို ကြိုက်တဲ့ဖြောင့်ချက်ယူလို့ရတယ်- မယုံရင် မျိုးဝင်းတို့-သံချောင်းတို့-အောင်နိုင်တို့ အုပ်စုကို ကျွန်တော့လက် အပ်ကြည့်လိုက်ပါလား-နေ့မကူးစေရဘူး- ဒီကောင်တွေဖြောင့်ချက်ပေးလာအောင် ကျွန်တော်လုပ်ပြမယ်- ဘယ်လိုဖြောင့်ချက်မျိုး-ဒူကမ္ဘာ လိုချင်သလဲ ကြိုတင်ပြောထားလိုက်-အင်္ဂါဂြိုလ်ကလာတဲ့ ဂြိုလ်သားတွေပါလို့ ဝန်ခံခိုင်းချင်သေးလား-ရတယ်”လို့။))
    • KoKo Oo DOWN WITH MURDEROUS! DOWN WITH MTZ , NA AND RONALD AUNG NAING AND FOLLOWER MURDERER!
    • Flygon Thapyay မနေနိုင်လို့......အကျယ်ကြီးထရီလိုက်တယ်ဗျာ....ယုံနဲအစွတ်စွဲခံရတဲ့ ..ဆင်ကလေး ၂ကောင်ရဲ့ အဖြစ်ကို မြင်လိုက်တာ.. ငိုအားထက် ရီအား က ပိုသလိုဗျာ.........ပိုင်သဗျားးးးး
    • Flygon Thapyay KIA က ဆရာကြီးတွေဟာလည်း ကျောင်းသားစစ်တွေဆိုတာ သိရက်နဲ့ ဘာကြောင့်များ (ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါ လို့ဖြောင့်ချက်ပေးခဲ့ကြတာလဲ ? ) ဆိုတဲ့ မေးခွန်းကို ဘဲ အခါခါ မေးခွန်းပြန်ထုတ်နေတာလဲ မသိပါဘူးဗျာ....KIA ကဆရာကြီးတွေ နှာဆေးနေပုံရတယ်.... မှောက်ထားတဲ့ ဖဲတစ်ချပ်တော့ မကြာခင်........လှန်တော့မှာပါ...
    • ဆရာ ဆယ် ခစ်ခစ်...၀ိုင်းမဖဲ့နဲ့နော်....ထိုင်စောင့်နေတာဘရားဇီးဌက်ရိုးမတွေ့လို့.....သူမပါဘူးလား....စိတ်ဝင်စားလို့အိပ်ရေးပျက်ခံပြီးထိုင်စောင့်နေတာပါ......ကျနော်က ကလေးပါ....
    • Gipsy Rocker ခုတော့ဦးခင် ညွန့် လဲ စိတ်ချမ်းသားသွားပါပြီ ဗျာ..ဘာလို့ လဲ ဆို တော့ ဇေကမ္ဘာ ကုမ္ပဏီ က အဲဒီယုန် ၂ ကောင်နဲ့  တပုံစံထဲ တူ တဲ့ ယုန်လေး ၂ကောင်ကို ပုံတူ မျိုး ပွား ပြီး တော့ ဦးခင် ညွန့် ဆီကို ပြန် ပို့ ပေးလိုက် လို့ ပါ ပဲ....
    • Ko Wunna Ko
      ငယ်တဲ့သူတွေ နဲ့ ရောက်စတချို့ ကပဲ အမှန်နဲ့  ရင်ဆိုင်လို့ နှိပ်စက်ခန်း မဆုံးခင် သေဆုံးတာတို့ နောက်ဆုံး လမ်းကြောင်းပေးတဲ့အတိုင်းပြောစေချင်တာကိုဟုတ်ပါတယ်လုပ်လိုက်ရတာပါ ။ ဆိုတဲ့ စကားကို နားမလည်ပါခင်ဗျား။ တုံးတယ်လို့ပဲဆိုဆိုပါ။ အမှန်နဲ့ရင်ဆိုင်လို့ ဆိုတာ ဘယ်လိုပါလဲ ..သူတို့က ထောက်လှမ်းရေးမို့လား။ ဒါဆိုလည်း လမ်းကြောင်းပေးတဲ့အတိုင်းပြောစေချင်တာကိုဟုတ်ပါတယ်လုပ်လိုက်ရတာပါ ဆိုတာက အရှေ့ကရေးထားတာကို ဆန့်ကျင်နေပါတယ်။ ကျွန်တော်ကတော့ ပြောချင်တာနဲ့ အရေးအသားမှားမိတယ်လို့ထင်ပါတယ်
    • Flygon Thapyay
      အမှန်တရားကို ယုံကြည်မြတ်နိုးစွာ အတူတကွ ဖေါ်ထုတ်နေချိန်မှာ ကိုညီညီကျော် နဲ့ ဆရာမောင်မောင်တို့ ရပ်တည်ချက်ခြင်းတူညီရင်းကနေ ဘယ်လိုသွေဖီသွားမှန်းမသိပါဘူးဗျာ..( များစွာစိတ်မကောင်းကြီးဖြစ်ရပါတယ်။ ) ဟုတ်ပါတယ် တစ်ခါတစ်ခါ.. ရဲဘော်ဟောင်းတွေရဲ့ ကော်မက်တွေကို ခေါင်းမူးအောင်ဘာသာပြန်တွေးဆရပါတယ်.. ရှင်းရှင်းကြီးကနေ မရှင်းဘူးဖြစ်တက်သလို...ဖတ်ရင်းဖတ်ရင်းနဲ့လည်း ရှုတ်ရှုတ်သွားတက်တယ် ကိုဝဏ္ဏကိုရေ့..........( ကိုယ်တိုင်ဘဲ ဥာဏ်မမှီတာလား ) ( ၀ှက်ဖဲလေးအသွင်နဲ့ အရိပ်အမွတ်ကလေးပဲပြောသွားတာလား ) ( ပြောချင်ဇောကြီးလို့ စကားလုံးတွေညှက် ကုန်တာလားတော့မသိပါဘူးဗျာ ) .....အားလုံးကို ညီညွှတ်စေချင်ပါတယ် သင့်မြတ်စေချင်ပါတယ် ခင်ဗျား........မငယ်တို့ဘက်မှလည်း အကြွင်းမဲ့ရပ်တည်ပေးသွားပါ့မယ်
    • အိုးဝေအောင် အိုးဘားမား
      ကိုမောင်မောင်ခင်ဗျာ...Kyaw Gyi AB ရဲ့ ဓါတ်ပုံတွေကို လေ့လာမိတော့ ကိုထွန်းအောင်ကျော်နဲ့အနီးကပ် နေခဲ့သူလို့ ယူဆမိပါတယ်။သူက အသတ်မခံရဘဲ ( မသေဘဲ) မန္တလေးကို ဘယ်လို ပြန်ရောက်လာတာလဲ။ဘယ်နှစ်ခုနှစ်တုန်းက ပြန်လာတာလဲ။(သူနဲ့ရော်နယ်အောင်နိုင် တွဲရိုက်ထားတဲ့ပုံမှာ သူရေးထားတာတခုက ((လွမ်းလိုက်တာ ကိုအောင်နိုင်) လို့(အတိအကျမဟုတ်-အနီးစပ်ဆုံး ပြန်ရေးပြတာ။ ။) အဲဒီလို ရေးထားတာမျိုးကို ဖတ်မိခဲ့ကတည်းက သူဟာ ရော်နယ်အောင်နိုင်အပေါ် ရန်-ငါ-စည်း မပြတ်သား သူလား လို့ ...အဲဒီကတည်းက တမျိုးကြီးခံစားနေခဲ့ရတယ်။(အခု စကားစပ်မိတုန်း ၀င်ရေးမိတာပါ။တွေးမိ-ရေးမိတာ အမှားပါခဲ့ရင် ကိုမောင်မောင်နဲ့ကိုကျော်ကြီး(ညီညီကျော်)ကို တောင်းပန်လျှက်-
    • Flygon Thapyay ကိုအိုးဝေ.....ရေ........ကိုအိုးဝေ.........ဒီလိုဘဲခေါ်တော့မယ်
    • Maungmaung Skw
      ဟုတ်ပါတယ်
      သူက ထွန်းအောင်ကျော် တို့ အောင်နိုင်
      တို့နဲ့ ရင်းနှီးတဲ့ လုပ်ဖေါ်ကိုင်ဘက်ဖြစ်ခဲ့
      သူပါ။သူ ထွန်းအောင်ကျော်တို့နဲ့အတူ
      အဖမ်းခံရပြီး သုံးလလောက် အနှိပ်စက်
      အညှဉ်းပမ်းခံပြီးတော့ တစ်ယောက်ထဲ
      ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။ရက်
      စွဲနဲ့ အတိအကျကို ကျွန်တော်ရေးထားတဲ့ "ကောက်ကြောင်း" ၅ ထဲမှာ ရေးထားပါတယ်။အောင်နိုင်နဲ့ ပတ်သက်
      ပြီးသူ့စိတ်သဘောထားကပြတ်သားပါ
      တယ်။ ဘာမှတွေဝေတာ မရှိလောက်ပါဘူး။သူထွက်ပြေးပြီးတဲ့
      နောက် အလင်းဝင်-နောက်ရက်ပေါင်း
      ၇၀ လောက်နေမှအိမ်ပြန်ရောက်-ကျွန်
      တော့ကိုလာပြောပြလို့ သူထွက်ပြေးလာ
      တဲ့နေရာကို ကျွန်တော်က သွားခဲ့တာပါ။
      တခြားသု့ကိုမေးစရာရှိတာ တိုက်ရိုက်
      သာမေးပါဗျာ။
    • Maungmaung Skw အမှန်ကတော့ အောင်နိုင်နဲ့တွဲရိုက်ထား
      တဲ့ပုံစာ "လွမ်းလိုက်တာ"ဆိုတာက ရွဲ့
      ရေးထားတာပါ။
    • Flygon Thapyay ဟီးးးးး ကိုညီကျော်က ကျနော့်ကိုပြောပြခဲ့တုန်းက " ကျွန်တော်တို့ ထွက်ပြေးတာ မဟုတ်ဘူးဗျ လွတ်မြောက်လာတာ " ဆိုဘဲ...........ထွက်ပြေးတာနဲ့လွတ်မြောက်တာ အတော်ကြီးကွာခြားနေမှာပေါ့နော် ။
    • Maungmaung Skw
      ကျွန်တော်က ထွက်ပြေးလာတာလို့
      သုံးနှုန်းလိုက်တိုင်း သူက လွတ်မြောက်
      လာတာလို့ ပြောင်းခိုင်းပါတယ်။
      အမှန်ကတော့ ထွက်ပြေးတာရယ်-
      လွတ်မြောက်တာရယ် နှစ်မျိုးဟာ
      အဓိပ္ပါယ်လည်း နှစ်မျိုးပါဘဲ။ခင်ဗျားတို့
      ဘဲ မေးကြည့်လိုက်ပါတော့။
      မျိုးဝင်း ဒါမှမဟုတ် အောင်နိုင်ကများ
      သူ့ကို သံကြိုးတွေ သော့ခတ်ထားတာဖွင့် လွှတ်လိုက်တာ
      လားလို့။လုပ်ဖော်ကိုင်ဘက်တွေ မဟုတ်
      လား။
    • Flygon Thapyay ဟဟဟဟ ဟဟဟ ( လုပ်ဖော် နဲ့ ကိုင်ဘက် ) တွေ ဆိုဘဲ..ဘာတွေ ( လုပ် ) ပြီး ဘာတွေ ( ဖေါ် ) ခဲ့ကြတယ်...ဘာတွေ ( ကိုင် ) ခဲ့ကြသလဲ.... ဆိုတာ..အင်မတန် စိတ်ဝင်စားလိုက်တာာ..............မလွတ်တမ်းစောင့်ဖတ်မယ်နော်ဦးမောင်....
    • Maungmaung Skw
      ကျွန်တော်က မန္တလေးကဆိုပေမဲ့ သူတို့
      နဲ့ မတွဲဖြစ်ခဲ့ဘူးဗျ။အရေးအခင်းထဲမှာ
      တုန်းက မန္တလေးမြို့လုံးဆိုင်ရာသပိတ
      တပ်ပေါင်းစု အဖွဲ့ချုပ်မှာ ကျွန်တော်က
      တဦးတည်းသော မွတ်စလင်မ်(ခင်ဗျား
      တို့အခေါ်-ကုလားပေါ့ဗျာ) ကိုယ်စားလည်၊ထွန်အောင်ကျော်က
      ကျောင်းသားခေါင်းဆောင် ကိုယ်စားလည်၊ဆရာတော်ဦးကဝိန္ဒ က
      ဥက္ကဌ၊ဆရာတော်ဦးရေဝတ က အတွင်း
      ရေးမှုး၊ ထွန်းအောင်ကျော်က ဆရာတော်ဦးရေဝတနဲ့ အမြဲတွဲနေတော့
      ကျွန်တော်နဲ့ အမြဲဆုံဖြစ်တယ်။ရင်းရင်း
      နှီးနှီးမရှိပေမဲ့ တယောက်နဲ့တယောက်သိ
      နေကြတယ်။အရေးအခင်းပြီးတော့ ကျွန်တော် အထိမ်းသိမ်းခံရတယ်။
      စစ်အကျဉ်းထောင်ကလွတ်လာတော့
      မိသားစု စားဝတ်နေရေး ရုန်းကန်နေရတယ်။သမီးက ဦးနု စင်ပြိုင်
      အစိုးရ ဖွဲ့တဲ့နေ့က မွေးတာလေ။အထိမ်း
      သိမ်းမခံရခင်ကတော တောင်ပိုင်းကို
      သွားမလို့ဘဲ။ရန်ကုန်မှာ အခြေအနေဆင်းကြည့်တုန်း အမေစုနဲ့
      သွားတွေ့လိုက်တော့ အိမ်ပြန်ဆိုလို့ပြန်
      လာခဲ့တာ။ပြန်လွတ်လာတော့ ဘယ်လှုတ်ရှားမှုထဲမှမပါဖြစ်ဘူး။
    • Maungmaung Skw
      ထွန်အောင်ကျော်က ကျွန်တော့ညီ ညီညီနဲ့အတူ အိမ်ကိုအမြဲဝင်ထွက်သွား
      လာနေတတ်တယ်။သူနဲ့အတူ လူငယ်
      တွေအတော်များများပါလာပြီး အိမ်မှာ
      အစည်းအဝေးတွေအမြဲ လာလုပ်ကြတယ်။ကျွန်တော်ဝင်မပါဖြစ်ဘူး။တရက်မှာ အောင်နိုင်ပါလာတယ်။
      သူ့မိဘတွေက ဝန်ထမ်းတွေဆိုတော့
      သူ့ကိုအိမ်မှာမထားရဲကြဘူး။ဒီကောင်က
      နေမကောင်းဖြစ်နေတာ။အိမ်မှာဘဲထား
      ပြီး ဆေးကုပေးလိုက်ရသေးတယ်။ကျွန်
      တော့ညီအငယ်ဆုံးက ဆရာဝန်လေ။
      ချိုကြီးက ယူဂျီ တာဝန်ခံလေ။နောက်ပိုင်းမှာ သူကအချိန်ပြည့် အိမ်မှာ ရှိနေတာဘဲ။
      ညီညီကျော်ကိုတော့ အဲဒီအချိန်က သိပ်
      သတိမထားမိပါဘူး။သူတောထဲကထွက
      ပြေးလာပြီးမှ စကားပြောဘူးတာပါ။
    • အိုးဝေအောင် အိုးဘားမား ကိုမောင်မောင်ရေ-အကို့စာ ဟစ်တိုင်မှာ တင်ထားတာ-လင့်ခ်က ဒီမှာ-http://hittai.net/?show=rm&fileid=121&t=home9&id=9
    • Maungmaung Skw Flygon Thapyay ပြောသလို ထင်သလို
      ဝှက်ဖဲ တစ်ချပ် ရှိနေရင်လည်း
      မကြာခင် ကွဲကွဲပြားပြားဖြစ်သွားမှာပါ။
    • Flygon Thapyay ဟဟဟဟဟဟဟဟ.......ဆိုင်းတီးကုန်ပြီဟေ့...........
    • Kyaw Hlaing Oo မငယ်ရေ အစ်မဖြတ်သန်းခဲ့ရတဲ့ဘ၀အကြောင်းကို ရေးစေချင်ပါတယ်၊ သမိုင်း မှတ်တမ်းတစ်ခုဖြစ်အောင်လို့ပါ။
    • Flygon Thapyay ဦးမောင်ရေ...စာအုပ်ထွက်ရင်...အားလုံးကိုသံချောင်းခေါက်ပေးနော်.....အေဘီက သံချောင်းကို ခေါက်ခိုင်းတာမဟုတ်ဘူးနော်....အားလုံးကို အချက်ပေးသံချောင်းထိုးခိုင်းတာ...ဟီး .....ဖေဖေါ်ဝါရီလထဲဆိုတော့ အခုတောင်ကုန်တော့မယ်နော်..............

No comments:

Post a Comment