Friday, June 14, 2013

FREE Nyi Nyi Kyaw

░F░R░E░E░
Nyi Nyi Kyaw
======۩ NOW ۩=======

Kyaw Gyi AB
— with Kyaw Gyi AB and 2 others.

ကိုညီညီကျော်အားလွတ်မြောက်ရန်ဝိုင်းဝန်း တောင်းဆိုကြပါစို့။

ပုဒ်မ ၁၈ ဖြင့်ဖမ်းဆီးထိမ်းသိမ်းခံထားရသေ
ကိုညီညီကျော်အားလွတ်မြောက်ရန်ဝိုင်းဝန်း
တောင်းဆိုကြပါစို့။
2Like · · ·

ဂုဏ်ပြုလိုက်ပါတယ် ကိုညီညီကျော်.....

Thursday, June 13, 2013

အေးအေးဆေးဆေး ကိုညီညီကျော်...

သားနဲ့ ဖုံးပြောနေတာ။ငါ့ကိုလာမတွေ့နဲ့။ဘာမှလည်း လာမပို့နဲ့။ထောင်က အစားကောင်းကျွေးတယ်ကွတဲ့။ကိုစိန်အောင်က သားကိုမှာနေတာဗျ
1Unlike · ·
  • Aung Myin ဒို့ ကိုညီကျော် အတွက်တော့ ဆေးပေါ့လိပ် များများယူသွားရမယ်။
  • Ko Kyaw Tun ဒီမိုကရေစီကျကျဥပဒေအရလုပ်တာဆိုလို့ အရေးယူတာဘဲရှိတယ်။
  • Skyheart Winko ပုဒ်မ၁၈နဲ့ထောင်သုံးလကျသွားတဲ့ ရဲဘော်များကို ဦးညွတ်လိုက်ပါတယ် တာဝန်ကျေ လွန်နေပါပြီ။
အေးအေးဆေးဆေးပါပဲ။
ကိုညီကျော်နဲ့ကိုအေးသိန်ုး
Like · ·

မန္တလေးတွင် ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားသူများအား ထောင်ဒဏ် အမိန့်ချ။

မန္တလေးတွင် ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားသူများအား ထောင်ဒဏ် အမိန့်ချ။
*****************************************************
မန္တလေးမြို့မှ ကိုင်းတန်းညဈေး ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ခွင့်ပြုချက်မယူဘဲ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြသူ ၇ ဦးကို ချမ်းအေး သာဇံ မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ဆန္ဒပြသူများ ဖြစ်သည့် ကိုအေးသိန်း၊ ကိုစိန်အောင်၊ ကိုဝင်းဆွေမြင့် တို့အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လ စုစုပေါင်း ၁ နှစ် နှင့် ၃ လ ချမှတ်ကြောင်း၊ ကိုညီညီကျော် (အေဘီမြောက်ပိုင်းပြန် ၊ ပဋိပက္ခ ကြိုတင် ကာကွယ်တားဆီးရေး အဖွဲ့ဝင်)နှင့် မနွယ်နွယ်ဦး၊ မနီနီအောင်၊ မသဲသဲ တို့ကို ပုဒ်မ ၁၈ အရ ထောင်ဒဏ် (၃) လ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် သြဂုတ်လက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ ၏ အစီအစဉ်ဖြင့် ကိုင်းတန်းညဈေးအား ကမ်းနား ချော်ဆိပ် အနီးသို့ ပြောင်းရွှေ့ခိုင်းရာ ဈေးသူဈေးသားများက မကျေနပ်သည့်အတွက် ဈေးသူဈေးသား ၁၀၀ ခန့် မြို့တော်ဝန်ရုံးသို့ ချီတက် ဆန္ဒပြကြခြင်းဖြစ်သည်။

ထိုစဉ်က အထက် ဗမာပြည် အလုပ်သမားအရေးဆောင်ရွက်သူ ကိုအေးသိန်း၊ ကိုင်းတန်းဈေး တာဝန်ခံ ကိုဝင်းဆွေမြင့်၊ ကိုညီညီ ကျော်တို့အား မြို့တော်ဝန် ဦးအောင်မောင်းက ခေါ်ယူဆွေးနွေးပြီးနောက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရုံးတင် တရားစွဲခဲ့ခြင်းဖြစ်ပြီး ထိုသို့ မန္တလေး ၈၄လမ်း ၊ ၂၈/၂၉/၃၀ လမ်း ကိုင်းတန်းဈေး မပြောင်းရွေ့ရေး တွင် ကူညီ ဆောင်ရွက်ခဲ့ကြသူများ ကို (၁၂-၆-၁၃)နေ့ နေ့လည်က ချမ်းအေးသာဇံတရားရုံးမှာ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ဆန္ဒပြခွင့်ပြုသော်လည်း ကြိုတင်ခွင့်တောင်းရမည်ဖြစ်ပြီး ခွင့်ပြုချက်ရယူခြင်းမရှိပါက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခွင့် ရှိသည်ဟု ပြဋ္ဌာန်းလျက် တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်များ ချမှတ်နေရာ ယမန်နေ့ကလည်း ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က သိမ်းဆည်းထားသည့် လယ်ယာမြေများပြန်လည်ရရှိရေး ၀င်ရောက်ကူညီသည့် မိတ္ထီလာ ပြည်သူ့ အကျိုးဆောင် ကွန်ရက် မှ ဒေါ်မြင်မြင့်အေး အပါအ၀င် (၃) ဦး ကို ပေါင်းတည် ထောင် တွင် ထိန်းသိမ်းကာ တရားစွဲဆိုရန် ပြင်ဆင်နေသည်။

ယခင်ကလည်း လက်ပံတောင်းတောင် သံဃာတော်များ မှ သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှု ကို ဆန့်ကျင်ရှုတ်ချပွဲတွင် ဝိုင်းဝန်းကူညီခဲ့ကြသော မန္တလေး မှ ဗကသ ကော်မတီဝင်များ ကို ပုဒ်မ(၁၈)ဖြင့် တရားစွဲခဲ့ပြီး ထောင်ဒဏ်(၁)လ ချမှတ်ခဲ့သည်။ ထိုအတူ ကိုနေမျိုးဇင် အား ပုဒ်မ(၁၈)ထောင်ချခြင်း၊ မုံရွာလက်ပတောင်းတောင် အရေး လှုပ်ရှားသူ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်မှ ကိုအောင်စိုးနှင့် ဒေသခံ ရွာသား(၂)ဦး အား လည်းကောင်း ၊ နိုင်ငံအဝန်း အကြမ်းဖက်မှုများ ဆန့်ကျင်ရှုပ်ချခြင်း၊ ဆုတောင်းပွဲကျင်းပခြင်း နှင့် တောင်ကြည့်ပွဲ ကျင်းပမှု တို့ကို အကြောင်းပြုပြီး မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသ) မှ ကိုနွေဦးကိုနှင့် ကိုဟိန်းဇော်ဝင်း တို့အား ပုဒ်မ(၁၈)ဖြင့် ဒဏ်ငွေ(၃၀၀၀၀)ကျပ် ချမှတ်ခဲ့ပြီး လက်ပံတောင်းတောင်ကယ်တင်ရေး ကော်မတီ မှ ဦးမြင့်အောင် ကိုမူ ထောင်ဒဏ် (၁)နှစ်ချမှတ်ခဲ့သည်။

ရန်ကုန်တွင်လည်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် အဖွဲ့ဝင်များ နှင့် ဦးဝင်းချို အပါအဝင် လယ်သမားအရေး ၊ အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသော သူများ ကို လည်း ပုဒ်မ(၁၈)ဖြင့် တရားရုံး အသီးသီးတွင် အမှုဖွင့်ထားပြီး ရန်ကုန်မှလိုင်ဇာ အထိ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ ကိုလည်း ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားပြန်သည်။ စစ်ပွဲရပ်ရေး ငြိမ်းချမ်းရေး ဆန္ဒ ဖော်ထုတ်သူများ ကို လည်း ပုဒ်မ(၁၈) ဖြင့် တရားစွဲဆိုထားသလို မနှစ်က ဖယောင်းတိုင် ထွန်းခဲ့သူများ အပါ အဝင် နိုင်ငံတဝှမ်း လှုပ်ရှားသူများ ကို ဤပုဒ်မဖြင့် တရားရုံးများတွင် အသီးသီး စွဲဆိုထားသည် တွေ့ရသည် ။

နိုင်ငံတော် အခြေခံဥပဒေ အခန်း(၈) ပုဒ်မ (၃၅၄)တွင် ပြဌာန်းထားသော နိုင်ငံသား မူလအခွင့်အရေးများတွင် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် ပါရှိသော်လည်း ထိုအခြေခံ ဥပဒေ၏ အထက်တွင် ခွင့်ပြုခြင်း / ခွင့်မပြုခြင်းကို ပုဒ်မ (၁၈) ဖြင့် လုပ်ပိုင်ခွင့်ပေး၍ မြို့နယ်ရဲတပ်ဖွဲ့မှ အရေးယူ ဆောင်ရွက်ချက်များ ဖြင့် လွမ်းမိုးနေသည်ကို တွေ့ရသည်။


ကိုဝိုင်ဝိုင်ကေ
၁၂-၆-၁၃
Unlike · ·

မွှေခဲ့ပါကိုညီညီကျော်...

ကဲ-ကိုညီကျော် ရေ

သုံးလ အလကားတော့ မနေခဲ့နဲ့

တန်ဘိုးရှိအောင်

ဘာယာ တန်းစီးကစ

ထောင်ပိုင် ညွှန်မှူးထိအောင်

တ၀ကြီးသာ မွှေခဲ့ပေတော့-

ညွှန်မှူးဆိုတဲ့လူ-မျိုးဝင်းလောက် မဆိုးနိုင်ပါဘူး။

ထောင်ပိုင်ကလဲ-အောင်နိုင်လောက်
ကောက်ကျစ်မှာမဟုတ်ပါဘူး။

ထောင်မှူးကလဲ- သန်းဇော်လောက် တော့ ရက်စက်မှာမဟုတ်ဘူး။

တန်းစီးကလဲ- သက်လင်းထက်တော့သာမှာပါ။

ခင်ဗျား လွတ်အောင်ထွက်ခဲ့
ကျွန်တော်တို့ ၀ိုင်းမွှေရအောင်

အိုးဘိုထောင်ကြီးကို---

3Like · ·

ကိုပေါ်လွင်ပြောတဲ့ ကိုညီညီကျော်...

ကျနော့်လက်တွဲဖေါ်ကြီးအကြောင်း...ရှယ်ပါတယ်...အောက်ဆုံးအပိုဒ်ကတော့ ကျုပ်တို့နဲ့လားလားမှမပတ်သက်....
 
 
ရန်ကုန်မှာမြအေးမန္တလေးမှာညီညီကျော် ဟုကျွန်တော်ဖော်ပြဖူးသော
ကိုညီညီကျော် ယနေ့ရုံးချိန်းမှာ ထောင်သုံးလကျပါသည်

ပုဒ်မ(၁၈)အမှုအတော်များများကို
ရုံးချိန်းသွားနေရသူဖြစ်၍ ဒီပစ်ဒဏ်ဟာ နိဒါန်းမျှသာဖြစ်ပါလိမ့်မည်

ဒိထက်ကြီးသည့်ပစ်မှုများ သူကျူးလွန်ခဲ့ဖူးသည်
ရှစ်လေးလုံးအရေးတော်ပုံကြီး
ပေါက်ကွဲအုံကြွလာရန်
ဖောက်ခွဲလှုံ့ဆော်သူများထဲမှာ
သူပါသည်
88မန္တလေးGTIကျောင်းသမဂ္ဂတွင်
သူဒုဥက္ကဌဖြစ်သည်
ABSDF NB ဖွဲ့စည်းနိုင်ရန် စတင်လှုပ်ရှားသူများတွင်
သူပါသည်
AB NB ခြိမ့်ခြိမ့်သဲလူသတ်ပွဲကြီးမှ
မသေလို့ကျန်သူများထဲတွင်
သူပါသည်

သူ့အတွက် ကျွန်တော် စိတ်မကောင်းမဖြစ်ပါ
လမ်းခင်းကျောက်ဘဝကို
ကိုယ့်ဆန္ဒနှင့်ကိုယ် ရွေးချယ်ထားသူတို့အား
သနားသည်ဆိုတာ စော်ကားတာနဲ့အတူတူလို့
ကျွန်တော်ခံယူထား၍ဖြစ်ပါသည်

တစ်ခုဘဲအသိပေးချင်ပါသည်

အဲဒီလူဟာ …
ခင်ဗျားတို့အင်မတန်မုန်းတဲ့
ခင်ဗျားတို့အင်မတန်သတ်ချင်တဲ့
ခင်ဗျားတို့အိမ်မှာမနေစေချင်တဲ့
မွတ်စလင်မ် စစ်စစ်ကြီးဗျာ

ဝမ်းသာကြပါကုန် ……
3Unlike · ·
  • Maung Than Swe like ပေးတာ ကိုလင်းဝေအောင်ရဲ့ မှတ်ချက်ကို ပေးတာပါ ။ တင်ထားတဲ့ပို့စ်ကို ပေးတာမဟုတ်ပါဘူး ။ ပို့စ်တင်ထားသူရဲ့ခံစားချက်ကို စာနာ နားလည်ပါတယ် ။ အောက်ဆုံးပိုဒ်က ခင်ဗျားတို့ ဆိုတဲ့ရည်ညွှန်းဟာ ရောထွေးလုံးဝါးနေပါတယ် ။ အငြင်းပွါးစရာ ပေါ်လာဖို့၊ ပိုရှုပ်ထွေးလာဖို့ပဲအကျိုးသက်ဖို့ရှိတယ်မြင်ပါတယ်။ လက်ရှိ တရားမဲ့ခံနေရတဲ့ အဖြစ်ကိုတောင်ဖုံးသွားနိုင်ပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့(၇)ဦးမှာ မီးတွင်းထွက်စ၊ သွေးနုသားနု သားသယ်အမေ တစ်ဦးပါနေတာကို သတိမလွတ်ပဲ ၊ တရားမဲ့ပြုကျင့်တဲ့အမှုကို ဖေါ်ထုတ်ဆန့်ကျင်ဖို့လိုပါတယ်။ လမ်းမလွဲစေချင်ပါ ။
     
    Paw Lwin'sဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။
     

မန္တလေးက ဆန္ဒပြသူများ ထောင်ဒဏ် ချမှတ်ခံရ

မန္တလေးက ဆန္ဒပြသူများ ထောင်ဒဏ် ချမှတ်ခံရ
Wednesday June 12. 2013

မန္တလေးမြို့မှ ကိုင်းတန်းညဈေး ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ခွင့်ပြုချက်မယူဘဲ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြသူ ၇ ဦးကို ချမ်းအေး သာဇံ မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ဆန္ဒပြသူများ ဖြစ်သည့် ကိုအေးသိန်း၊ ကိုစိန်အောင်၊ ကိုဝင်းဆွေမြင့် တို့အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လ စုစုပေါင်း ၁ နှစ် နှင့် ၃ လ ချမှတ်ကြောင်း၊ ကိုညီညီကျော်၊ မနွယ်နွယ်ဦး၊ မနီနီအောင်၊ မသဲသဲ တို့ကို ပုဒ်မ ၁၈ အရ ထောင်ဒဏ် ၃ လ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ တရားခွင်ကို သွားရောက်ခဲ့သည့် သတင်းသမားတဦးက“အမျိုးသမီးတွေက ထောင်ဒဏ်တွေချမယ်လို့ မထင်ဘူး၊ ဒဏ်ငွေ လောက်ပဲ ချမယ်ထင်တာ၊ ထောင်ဒဏ်ချတယ်ဆိုတော့ သူတို့လည်း စိတ်ထိခိုက်သွားတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ကိုင်းတန်းညဈေးအား ကမ်းနား ချော်ဆိပ် အနီးသို့ ပြောင်းရွှေ့ခိုင်းရာ ဈေးသူဈေးသားများက မကျေနပ်သည့်အတွက် ဈေးသူဈေးသား ၁၀၀ ခန့် မြို့တော်ဝန်ရုံးသို့ ချီတက် ဆန္ဒပြကြခြင်းဖြစ်သည်။

ထိုစဉ်က အထက်မြန်မာပြည် အလုပ်သမားအရေးဆောင်ရွက်သူ ကိုအေးသိန်း၊ ကိုင်းတန်းဈေး တာဝန်ခံ ကိုဝင်းဆွေမြင့်၊ ကိုညီညီ ကျော်(ပဋိပက္ခ ကြိုတင် ကာကွယ်တားဆီးရေး အဖွဲ့ဝင်) တို့အား မြို့တော်ဝန် ဦးအောင်မောင်းက ခေါ်ယူဆွေးနွေးပြီးနောက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရုံးတင် တရားစွဲခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ဆန္ဒပြခွင့်ပြုသော်လည်း ကြိုတင်ခွင့်တောင်းရမည်ဖြစ်ပြီး ခွင့်ပြုချက်ရယူခြင်းမရှိပါက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

အစိုးရသစ်လက်ထက်တွင် တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်များ ချမှတ်နေရာ ယမန်နေ့ကလည်း ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က သိမ်းဆည်းထားသည့် လယ်ယာမြေများပြန်လည်ရရှိရေး ၀င်ရောက်ကူညီသည့် ပြည်သူ့ကွန်ရက် အဖွဲ့ဝင် ဒေါ်မြင်မြင့်အေး အပါအ၀င် ၃ ဦးကို ပေါင်းတည်ထောင်တွင် ထိန်းသိမ်းကာ တရားစွဲဆိုရန် ပြင်ဆင်နေသည်။

သမ္မတဦးသိန်းစိန်က အမေရိကန်နိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ ဆန္ဒပြသူများသည် နေ့စားခရသည့်အတွက် ဆန္ဒပြသူများ ဖြစ် သည်ဟု စွပ်စွဲ ပြောဆိုခဲ့သေးသည်။

ဧရာဝတီ
အချုပ်ကားပေါ်တွင် လက်ပြနေသော ကိုညီညီကျော် ကို ယနေ့ တွေ့ရစဉ် (ဓာတ်ပုံ – Shwezin Zawwin / Facebook)

ZinYawNews
1Like · ·

ကိုညီညီကျော်ပုဒ်မ၁၈ နဲ့ထောင် ၃ လ

မန္တလေး ကိုင်းတန်းဈေးမပြောင်းရွှေ့ရေးဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ဦးဆောင်သူ( ၇ )ဦးကို
ပုဒ်မ၁၈/ပုဒ်မ ၅၀၅-ခ တွေနဲ့ ထောင်အသီးသီးချလိုက်ပါပြီ....


( မြန်မာပြည်ကြေိုညီညီကျော်ပုဒ်မ၁၈ နဲ့ထောင် ၃ လမာက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ)

မနီနီအောင် ပုဒ်မ၁၈ နဲ့ ထောင် ၃ လ

မသဲသဲ ပုဒ်မ၁၈ နဲ့ ထောင် ၃ လ

မလွင်လွင်ဦး ပုဒ်မ၁၈ နဲ့ ထောင် ၃ လ

ဦးစိန်အောင်၊ဦးအေးသိန်း၊ဦးဝင်းဆွေမြင့် တို့ကို ပုဒ်မ၅၀၅-ခနဲ့ ထောင်၁နှစ်၊

စီတန်းလှည့်လည်ပုဒ်မ ၁၈ အရ ထောင်၃ လ .....ပေါင်း၁နှစ်၃လဖြစ်ပြီး

မန်းလေးတိုင်းချမ်းအေးသာဇံမြို့နယ်တရားရုံးက ဒီနေ့( ၁၂.၆.၂၀၁၃ )မှာအမိန့်

ချမှတ်ခဲ့တာဖြစ်ပါတယ်....
60Like · ·
  • K Ki Ki နောက်ပြန်မလှည့်ဘူးဆို ...ဘဘပြောင်စိန် ...ညာ တယ် ပေါ့
  • Ko Lin Wai Aung ဓာတ်ပုံမှာ မင်းကွန်းခရီးစဉ် (ဒဏ်ရာထဲကနှလုံးသား) ခရီးစဉ်မှ ကိုညီညီကျော်(ယာအစွန်) ၏ ပုံဖြစ်ပါသည်။
  • Cho Tu Zal ရှယ်ပါတယ်
  • Zaw Myo Win · Friends with Khin Nyein Thit and 43 others
    အစိုးရအဖွဲ့ဆိုတာ ငှက်ဖမ်းသမားနဲ့ ဘုရားမှာ စာကလေးရောင်းတဲ့လူ အဖွဲ့ဖွဲ့ထားသလို မဖြစ်သင့်ဘူးဗျာ၊ အပြစ်မရှိဘဲ ဖမ်းလိုက် တော်ကြာလွှတ်လိုက်နဲ့ ကြက်ကလေး ငှက်ကလေး မဟုတ်ဘူး၊ လူတွေဗျ။ သိပ်မပြောချင်ဘူးဗျာ