Friday, July 27, 2012

တစ်တီးတူးတကောင်ရဲ့ ကယောင်ကတမ်း အိပ်မက်များ ( အပိုင်း-၂-)

တစ်တီးတူးတကောင်ရဲ့ ကယောင်ကတမ်း အိပ်မက်များ ( အပိုင်း-၂-)

by Aung Moe Win on Wednesday, April 4, 2012 at 12:15pm ·
စာတွေများများရေးကြတာကောင်းတယ်ဗျာ။ စကားထဲမှာ စရိုက်တွေ တွေ့လာကြတယ်။ အစ တွေ အများကြီး ထွက်လာတယ်။ မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်ပွဲအကြောင်းကို ချည်းကပ်ကြတဲ့အခါ၊ ယဉ်ကျေးပြီး ပညာတတ်တဲ့သူတွေက ဒီလို ရိုင်းစိုင်းယုတ်မာမှုဟာ မဖြစ်သင့်ဘူး။ မိသားစုတွေနဲ့အတူ ဝမ်းနည်းရပါတယ် ၊ ပူးပေါင်းပါဝင်သွားပါမယ် လို့ တောင်းပန်ကြတယ်။ အနာဂတ်နိုင်ငံရေးကို ဆက်သွားချင်တဲ့သူတွေကလည်း သူတို့မှာ တာဝန်မရှိကြောင်း ရှောင်ထွက်ဖို့ ကြိုးစားကြတယ်။
ဒါပေမဲ့ တောကျီးကန်းတချို့ကတော့ ရီရတယ်။ မီးပွိုင့်မရှိတဲ့ ရွာစွန်ရွာဖျားမှာ မွေးဖွားကြီးပြင်းခဲ့တဲ့သူတွေ ရန်ကုန်မြို့လည်ခေါင်ကို ရောက်သွားသလိုမျိုး။ ပျာယာခပ်နေတယ်။ လမ်းမကူးတတ်၊ ကားလာရင် တိုက်မယ်ထင်လို့ အော်ဟစ်နေရ။ တကယ်တော့  ဘယ်နေရာမှာ မွေးမွေး ပြည်သူက ပြည်သူပါပဲ။ ကံ အမျိုးမျိုးကြောင့် နေရာကွဲပြီး လူဖြစ်လာရကြတာမို့လား။  ဒါပေမဲ့  တချို့တောကျီးကန်းလေးတွေက သေးသိမ်ကျဉ်းမြောင်းတဲ့ အယူအဆတွေထဲမှာ နစ်မြှုပ်နေဆဲဆိုတာ သတိထားမိတယ်။ သူတို့က ကံကောင်းလို့ တတိယနိုင်ငံတွေကို ရောက်ကြပေမဲ့ အခုထက်ထိ  သူတို့ရဲ့မသိစိတ်မှာ သိမ်ငယ်မှုတွေရှိနေတယ်။ သူတို့ရဲ့ အရည်အချင်းကိုလည်း ကိုယ့်ဘာသာမယုံရဲသူတွေဖြစ်နေတယ်။ ဆယ့်နှစ်မျိုးဈေးသည်ဘဝနဲ့ တော်လှန်ရေးအော်ရင်း ထောက်လှမ်းရေး ကြောက်ရောဂါကို သစ္ဆေရုပ်ရှင်ကားတခုကြည့်နေသလို ရင်တလျှပ်လျှပ် ခံစားနေကြရရှာတယ်။  တစ်တီးတူးတကောင်ရဲ့ ကယောင်ကတမ်းများ အိပ်မက်တွေ တဲ့လေ----    ဒုတိယပိုင်းကို သီချင်းလေးနဲ့ စကြည့်မယ်။
ဘိုင်စကုတ်ကြည့်တော့ x x x x  လူကြမ်း ကိုအံ့ကျော်ကို x x x x  အလွန်တရာနှစ်သက်ခဲ့မိတယ်
ငါ့နံဘေးနားက ချစ်သူလေးကတောင် x x x x တဖြည်းဖြည်းထိတ်လန့်လာကာ x x x x  ကြင်နာတတ်တဲ့တယောက်ကို ရှာ


ဆရာစောဘွဲ့မှူးရေးခဲ့တဲ့ သီချင်းတွေထဲက “ မှားတဲ့ဘက်မှာ” ဆိုတဲ့ သီချင်းလေးကို လူငယ်တော်တော်များများ ရင်းနှီးခဲ့ကြပါတယ်။ သီချင်းဆိုတာကတော့ သံစဉ်ကောင်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ စိတ်ကူးဆန်းလေးတွေနဲ့ ဖွဲ့သီထားတဲ့အခါမှာပဲဖြစ်ဖြစ် နှစ်နှစ်ကြိုက်ကြိုက်ဆိုလို့ရပါတယ်။  လက်တွေ့ဘဝဆိုတာကတော့ အဲ့သလိုမျိုးမဟုတ်ဘူးလေ။
တကယ်လို့ ခင်ဗျားဟာ လူကြမ်းတွေ၊ ယုတ်မာကောက်ကျစ်တဲ့သူတွေကို လေးစားကြိုက်နှစ်သက်နေတယ် ဆိုရင်တော့   ခင်ဗျားမှာ စိတ်ရောဂါတခုခုရှိလို့ဖြစ်မယ်။ ( ဒါမှမဟုတ်) ဥာဏ်ရည်ဥာဏ်သွေး မမှီရှာလွန်း တဲ့ လူတယောက်လိမ့်မယ်။
ဖရိုဖရဲများ (၁)


“ မိုး ညှင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့ထဲအထိ ၀င်ချနိုင်၊ လက်နက်တွေ သိမ်းပိုက်နိုင်နေတဲ့အချိန်၊ ၀ါဒဖြန့်ချီရေးအနေနဲ့လည်း အအောင်မြင်ဆုံး အချိန်၊ စစ်ချီတဲ့ အခမ်းအနားတွေမှာတောင် ဘင်ခရာအဖွဲ့တွေ ဖွဲ့ထားနိုင် ရဲဘော်ရဲမေတွေကို တက်ကြွ မှုတွေ မြှင့်ပေးနိုင်တဲ့ အချိန်” ( ခင်ရွှေလှိုင်ရဲ့ဆောင်းပါး- အပိုင်း -၂-မှ )
“အစီစဉ်ရှိရှိလုပ်ခဲ့ကြတဲ့အပေါ် အစီစဉ်ရှိရှိ ပြန်အသုံးချနိုင်ဖို့ ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေထဲမှာ ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ။ ဓါတ်ပုံမှတ်တမ်းတွေ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊ ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ်ဆိုတဲ့ လူ တချို့ရဲ့ လက်ထဲကနေ အလျှိုလျှို ပလူပျံပြီး ထုတ်ဝေဖို့စာအုပ်အသင့်နဲ့အတူ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာနေပုံကလည်း “ဒါကို စနစ်တကျ လုပ်သွားခဲ့တဲ့ “သူလျှိုတစု ရှိနေတယ်” ဆိုတဲ့ သင်္ကေတကို ညွှန်ပြနေပါ တယ်။”     
  
 ( ခင်ရွှေလှိုင် ရဲ့ဆောင်းပါး- အပိုင်း-၁- မှ)
ဘုရားရေ- ဗကပ ရဲ့ မိုင်းယမ်းတိုက်ပွဲထက်တောင် ကြီးကျယ်ခဲ့တဲ့စစ်ပွဲတွေ ငါတို့ဘာလို့မသိခဲ့ပါလိမ့်။  ဒီလောက် ထူးချွန်ထက်မြက် တိုက်ရည်ခိုက်ရည်ကောင်းတဲ့ ၊ ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) ထက် တိုက်စစ်ဆင်နိုင်တဲ့ ၊ ကျောင်းသားတပ်မတော်မြောက်ပိုင်းကြီးရဲ့ စစ်ရုံးကြီးထဲကနေ ဘယ်သူတွေက စာရွက်စာတမ်းတွေ၊ မှတ်တမ်းတွေ၊ ဗွီဒီယိုခွေတွေ ကို ခိုးထုတ်သွားတာလဲ။ စိတ်ဝင်စားစရာကောင်းလိုက်တာ။
အင်း ဘောလုံးစကားနဲ့ပြောရရင်၊ တိုက်စစ်ကောင်းပြီး ခံစစ်မကောင်းတာ နေမှာပေါ့လေ။ တကယ်ဆို ဘယ်တိုက်ပွဲမှာ ရန်သူ့လက်နက် ဘယ်နှစ်လက်သိမ်းပိုက်မိ၊ ဘယ်ကာလမှာ အဖွဲ့အစည်းရဲ့စာရွက်စာတမ်းတွေ ခိုးထုတ်ခြင်းခံရမိ စတဲ့အရာတွေကို သုတေသနလုပ်ပြသင့်တာပေါ့။  ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ အုပ်စုတွေထဲမှာ စစ်ထောက်လှမ်းရေးတွေ ပါနိုင်တယ် လို့ တဘက်က စွပ်စွဲသလို၊ ကျန်ရစ်ခဲ့တဲ့ ကျောင်းသားတပ်မတော်ခေါင်းဆောင်တွေ ထဲမှာလည်း ရှိနိုင်တာပါပဲ လို့ စဉ်းစားနေတဲ့သူတွေရှိတယ်။ လှဆိုင်း လား။ ရော်နယ်အောင်နိုင်လား။ သံချောင်းလား။ သန်းဇော်  နဲ့ ဇော်ဇော်မင်းလား။ အလင်းဝင်ခဲ့ဘူးတဲ့ “မဒမ်သံခဲ” လား။ ဒါမှမဟုတ် မဒမ်သံခဲရဲ့ စွပ်စွဲချက်အရ၊ စာအုပ်ထုတ်မဲ့ ကိုမောင်မောင် ( ကော့ကရိတ်) လား။ လဘက်ရည်ဆိုင်ထဲမှာ အီကြာကွေးကြော်နေတဲ့ ယူဆွတ် လား ။ နယ်စပ်မှာ ကာရာအိုကေဆိုင်ဖွင့် အရက်ရောင်းနေတဲ့ သူတယောက် လား။ ဒါဆိုလည်း ပြည်တွင်းကို ထွက်ပြေးသွားသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်ထုတ် စာမှာ တရားဝင် ရှင်းကြဖို့အတွက်  စိန်ခေါ်ထားတာပဲ။ သက်သေခံ ပစ္စည်းတွေ ရှိပါတယ် ဆိုသူတွေကလည်း စိန်ခေါ်ရင် တိမ်ပေါ်လိုက်ဖို့ ကောင်းတာပေါ့။ ဘာလို့ အချိန်ကုန်ခံနေတာလဲ။
ကဲ လောလောဆည် ရှိထားတဲ့ Statistics အရ၊ အချက်အလက်တွေပေါ်မှာ စဉ်းစားကြည့်ရအောင်။  
အရှင်ဖမ်းမိတဲ့ ရန်သူ့တပ်သားတယောက်ကိုတော့ ဗန်းမော်ရင်းမှာပဲခေါ်ယူ စစ်ဆေးမေးမြန်းပြီးနောက် လမ်းစရိတ်ပေးပြီး ပြန်လွတ်ပေးခဲ့တယ်။ “သောင်းကျန်းသူတွေ လက်ထဲရောက်လို့ကတော့ ခေါင်းဖြတ်ခံရမယ်၊ သူပုန်တွေဆိုတာ လူသား တောင် စားတယ်” လို့ ၀ါဒဖြန့်ခံထားရတဲ့ အဲဒီတပ်သားဟာ တောထဲမှာ သူနဲ့ရွယ်တူ ကျောင်းသား ရဲဘော်ရဲမေတွေကို တွေ့လိုက်တော့ အတော်လေးအံ့သြသွားခဲ့တယ်။”  
( ခင်ရွှေလှိုင် ရဲ့ ဆောင်းပါး -၂ - မှ)


ဒါဖြင့် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် ခေါင်းဖြတ်သတ်ခံမှုတွေဆိုတာ ဝါဒဖြန့်ခံရမှုတွေလို့ဆိုလိုချင်တာလား။ ကာကကံရှင်တွေ ပြောဆိုနေကြတာတွေဟာ မမှန်ဘူး လို့ ဆိုလိုချင်တာလား။ စစ်သားလေးတယောက်ကို ပိုက်ဆံပေး အိမ်ပြန်လွှတ်ခဲ့တယ် ဆိုရင်၊ ဘာလို့ ဒီမိုကရေစီရေးလုပ်တဲ့ ကျောင်းသားတွေကိုကျတော့ ခေါင်းဖြတ်သတ်ခဲ့တာလဲ။
ဆောင်းပါး (၄) မှာကျ ကျောင်းသား (၁၅) ယောက်ကို ခေါင်းဖြတ်သတ်တဲ့ညကို သွားကြည့်ခဲ့တယ် လို့ ဝန်ခံထားပြန်ရော။ မခက်ပေဘူးလား။ ဆောင်းပါးရေးမယ်ဆိုရင်၊ အရင်ဆောင်းပါးတုံးက ဘာရေးခဲ့တယ် ဆိုတာတွေကိုလည်း မှတ်မိစေချင်ပါတယ်။
 ဖရိုဖရဲများ (၂) 


“ဘယ်တုန်းကမှ ကျမကို အဖမ်းခံထားရတဲ့ဘက်မှာ တာဝန်မချပေးခဲ့ဘူး။ အမျိုးသမီးတွေအတွက် ဘယ်ရဲမေတွေကို အ စောင့်ချထားတယ်ဆိုတာလည်း ကျမ မသိဘူး။ ဆေးနဲ့ပတ်သက်တဲ့တာဝန်ကိုတော့ ဆေးတာဝန်ခံ ရဲမေ အန်ရမ်တီး (မိုးကောင်း) နဲ့ ဆေးဆရာမ တင်စန်းဦး (မိုးညှင်း) ပဲ တာဝန်ယူခဲ့တယ်။ အမျိုးသမီးတွေရဲ့ မအင်္ဂါကို စစ်ဆေးခဲ့သူက ဆေးတာဝန်ခံ ဆရာမ အန်ရမ်တီး ပါ။ စစ်ခဲ့တာကိုပဲပြောပြီး ဘယ်သူစစ်တာလဲ ထည့်မပြောတော့ လုပ်ခဲ့သူတွေကပဲ တဏှာရူးလို့ လုပ်ခဲ့သလို ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ ”


ဖြစ်မှဖြစ်ရလေ ခင်ရွှေလှိုင်ရယ်။ အမျိုးသမီးတွေအတွက် ဘယ်ရဲမေတွေကို အစောင့်ချထားမှန်းလဲမသိ၊ အဖမ်းခံထားရတဲ့ဘက်မှာ တာဝန်ချပေးခြင်းမခံရပဲနဲ့ ယုတ်မာရက်စက်တဲ့ စစ်ကြောရေးကာလတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ ကျူးလွန်ခဲ့သူတွေက သူတို့ရက်ရက်စက်စက်လုပ်ခဲ့တဲ့ အရာတွေကို အရက်မူးလာတဲ့အခါတိုင်း ထုတ်ဖေါ်ဝန်ခံခဲ့ကြသလို၊ ပြည်တွင်းက အကျဉ်းထောင်တွေထဲမှာလည်း ဖြောင့်ချက်ပေးပြီးသားတွေ ရှိနေပါတယ် ။ နှိပ်စက်ခံခဲ့ရတဲ့သူတွေကလည်း သူတို့ရဲ့အတွေ့အကြုံတွေကို ပြောနေကြပါတယ်။  စစ်ကြောရေးခေါင်းဆောင် လှဆိုင်းနဲ့ ရက်စက်ကြမ်းတမ်းသူတွေ ကို ကာကွယ်နေတော့၊ မိုးကြိုးပစ်တာကို ထန်းလျှက်နဲ့ကာနေတဲ့ အရူးမ လို ဖြစ်မနေဘူးလား။  မိန်းကလေး အင်္ဂါတွေကို ရှာဖွေစစ်ဆေးစဉ်မှာ တလျှောက်လုံးရပ်ကြည့်နေသူက စစ်ကြောရေးအဖွဲ့ခေါင်းဆောင် “ သန်းဇော်” တယောက်လည်း ရှိနေပါတယ် ။ မျက်မြင်သက်သေတွေ၊ ကာယကံရှင်တွေဆီက ဖြောင့်ချက်တွေရထားပြီးသားပါ။ ( ကာယကံရှင်တွေက မကြာခင်မှာ  ပြန်ပြီးတုန့်ပြန်ကြပါလိမ့်မယ်)
ဖရိုဖရဲများ (၃)


“မျက်လွှာလေးတွေချပြီး ငုတ်တုတ်လေးတွေ ထိုင်နေ သူ သုံးယောက်က ရဲဘော်ရန်အောင်၊ မခင်ချိုဦး၊ သင်းသင်း၊ မျက်လုံးချင်းစုံကြည့်မိရင် ကျမအတွက် အန္တရာယ်ရှိနိုင်တာ ကို သူတို့သိနေလို့ ထင်ပါတယ်။ တချက်မှ ကျမကို မကြည့်ကြဘူး။”

“နောက်တခေါက် ဆေးသင်တန်းကို ရောက်လာတဲ့ အချိန်မှာ “ဥက္ကဋ္ဌ (ကိုထွန်းအောင်ကျော်)နဲ့ (ကိုအောင်နိုင်) အဖမ်းခံရတယ်လို့ကြားရင် ကျမကို မဖမ်း လည်း ကျမ လာအဖမ်းခံမယ်” လို့ ပြောခဲ့တယ်။”


အထက်ပါ စာကြောင်းနှစ်ကြောင်းကို ဖတ်ကြည့်ပြီး လုပ်ရပ်တွေနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင်  ခင်ရွှေလှိုင် မှာ ရဲဘော်ရဲဘက်စိတ်ရှိသလား။ တကိုယ်ကောင်းဆန်ပြီး ၊ သူများတွေရဲ့ နှလုံးလှမှုကို တန်ဘိုးမထားခဲ့တာ ထင်ရှားပေါ်လွင်နေပါတယ်။                                
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အဖမ်းခံရရင် ကျမကို မဖမ်းလည်း ကျမ လာအဖမ်းခံမယ် လို့ ပြောခဲ့တဲ့သူ၊  ခင်ရွှေလှိုင် ဒုက္ခရောက်မှာ စိုးလို့ ခင်ချိုဦး၊ရဲဘော်ရန်အောင် တို့က မျက်လုံးချင်းဆိုင်ပြီး မကြည့်မိအောင်ကြိုးစားခဲ့တဲ့ ရဲဘော်တွေ၊
ဒါပေမဲ့ ရဲရဲနီ ခင်ရွှေလှိုင်က “ သိချင်စိတ်” တခုတည်း နဲ့ ခေါင်းဖြတ်သတ်မဲ့နေရာကို အရောက်သွားပြီး ကြည့်ခဲ့သတဲ့။      
          ( သူမ ကြွေးကြော်ခဲ့သလို သွားအဖမ်းမခံခဲ့ပါ။ သူမ ဒုက္ခရောက်မှာကို စိုးရိမ်နေတဲ့သူတွေအပေါ် ကျေးဇူးတင် စကားတခွန်းမဆိုခဲ့ပါ။ )
ကိုယ့်အပေါ်ကောင်းခဲ့တဲ့သူတွေရဲ့ နောက်ဆုံးအချိန်တွေကို ဘယ်လိုနှလုံးသား နဲ့ ကြည့်ခဲ့ပါသလဲ။ စိတ်မကောင်းလိုက်တာ ဆိုတဲ့စကားတောင် တခွန်းမှ မဆိုပဲ၊ မြို့ကြီးသား လူလည်များ ကြောင့် တောသားတွေ လူသတ်သမားဖြစ်ခဲ့ရပါတယ် ဆိုတဲ့ ကောက်ချက်ကို ကြားမိတော့ ၊ “ အကိုရယ် ကျမက မယ်သီလရှင် လူထွက်လေးပါ။ ငတ်လွန်းလို့ ကျမ ဒီဘဝ ရောက်ရတာပါ၊ ခေတ်ကြီးက မကောင်းလို့ပါ။ ကျမ ဝါသနာပါလို့ မဟုတ်ပါဘူးရှင် ” ဆိုတဲ့ ညငှက်တယောက်ရဲ့ ဆင်ခြေကို သွားသတိယမိပါရဲ့။ ဒီလိုနဲ့ ရှေ့တန်းတွေ နောက်တန်းတွေမှာ မနားတမ်းတိုက်ပွဲဝင်ခဲ့ပါတယ် ဆိုတဲ့ ရဲနီ ခင်ရွှေလှိုင် တယောက် ကြွေးကြော်သံတွေ မှောက်ပြီး အလင်းဝင်သွားခဲ့ပါတယ်။
ဖရိုဖရဲများ (၄)


“တန်းစီနေရာကနေ တယောက်စီ နေရာတွေချပေးဖို့ ခေါ်ထုတ်တဲ့အချိန်မှာ ကိုထွန်းအောင်ကျော်က “VCS,CS တို့ မှား မယ်နော်” လို့ စကားတခွန်း ပြောသွားခဲ့တယ်”

“သတ်တော့မယ်ဆိုတာကို သေချာပေါက်သိနေတဲ့ အချိန်မှာတောင် “ဟုတ်ပါတယ်” ပဲ ၀န်ခံနေကြတယ်။ ဘာကြောင့် “ငါတို့ သူလျှိုမဟုတ်ဘူးကွ” လို့ ကျန်နေတဲ့ ရဲဘော် တွေကြားမှာ သံသယလေးတစွန်းတစ ချန်ထားနိုင်အောင် မအော်သွားခဲ့ကြတာလဲ။”  ( ဆောင်းပါး -၅- မှ)


ကဲ အထက်ပါ စာကြောင်းနှစ်ကြောင်းကိုသာ နှိုင်းယှဉ်ဖတ်ကြည့်ပါလေ။ အရူးလင်လုပ်ရသလို ဆိုတာ ဒါမျိုးနေမှာပါ။ ကိုထွန်းအောင်ကျော်ရဲ့ “မှားမယ်နော်” ဆိုတဲ့စကားတခွန်းရဲ့အဓိပ္ပါယ်ကို ခင်ရွှေလှိုင်တယောက် ကောင်းကောင်းနားလည်  နိုင်စွမ်းရှိပါရဲ့လား။
ဒါပေမဲ့ ဟော့ဒီစာကြောင်းမှာတော့ ဖြတ်ကနဲ ဝန်ခံသွားပြန်တယ်။
“ကိုအောင်နိုင် က “လောလောဆယ်တော့ မင်းတက်နေတဲ့ ဆေးသင်တန်းကိုပဲ ပြီးအောင်လုပ်ပါ။ ငါ့ကိုဖမ်းခဲ့ရင်လည်း ငါတော့ အသားအနာမခံဘူး။ ဟုတ်တယ်လို့ ဖြေမှာပဲ။ မင်းလည်း မင်းအလှည့်ရောက်လာခဲ့ရင်သာ ဘယ်လိုရင်ဆိုင်မလဲ အသင့်ပြင်ထားပါတဲ့” ကျမ ဘာဆက်ပြောစရာ ကျန်ပါသေးလဲ။ ( ဆောင်းပါး- ၄-)
လူယုံကယ်မှ ထောင်လုံးလုံးကျ ဆိုတာ ဒါမျိုးပေါ့။  ရော်နယ်အောင်နိုင်ရေ- လွတ်အောင်သာပြေးပေတော့။ ကျမဘာဆက်ပြောစရာကျန်သေးလဲ ဆိုသည့် ခင်ရွှေလှိုင်က ဆက်ပြီး ဝန်ခံပြန်တယ်။
“တကယ်လုပ် တော့မယ့် အချိန်မှာတော့ ကိုမျိုးဝင်းနဲ့ ကိုသံချောင်းက ကျမကိုပြန်ခိုင်းခဲ့သလို ကျမကိုယ်တိုင်လည်း လက် တွေ့ကျ ကြည့်နိုင်တဲ့အားမရှိတာမို့ ပြန်ဆင်းလာခဲ့…”


ခေါင်းဖြတ်သတ်ခံရသူတွေရဲ့နောက်ဆုံးအခြေအနေကို မမြင်တွေ့ခဲ့ရပါပဲနဲ့ ကိုယ်တုံးလုံးချွတ်မသတ်ပါဘူး လို့ တွင်တွင် ငြင်းနေရှာသူ၊ ကိုချိုကြီး၊ ကိုကျော်ဝေ နဲ့ ခင်ချိုဦး တို့ရဲ့ စကားသံတွေ၊ မျိုးဝင်းရဲ့ “ ထွန်းအောင်ကျော် အခုမင်း ဘာတတ်နိုင်သေးလဲ ဆိုတဲ့ တီတိုးစကားတွေ ကို မျက်မြင်သက်သေတွေက ပြောဆိုနေချိန်မှာ၊ ဒီအဖြစ်အပျက်တွေကို မမြင်ခဲ့တဲ့ ခင်ရွှေလှိုင်တယောက်ကတော့၊ ကမ္ဘာဦးမှာ ပလာတူးငါးတွေ နွံနစ်နေသလိုမျိုး၊ု လူးလွန့် ငြင်းဆန်နေရှာတယ်။ အကြောင်းတော့ ရှိလိမ့်မယ်။
ဖရိုဖရဲများ (၅)


“ပြောရင်းနဲ့ သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့ ကျမ မျက်လုံးကို သူသတိထား မိပြီး “မင်းက ငါပြောရင် ယုံမှာမဟုတ်ဘူး၊ GS ခင်ဗျာ့ပဲ ရှင်းပြလိုက်ပါ” လို့ ပြောပြီး ဆေးခန်းထဲက ထွက်သွားတယ်။”
 “ကိုသံချောင်းဆီ သွားခွင့်တောင်းတုန်းက သူက ကျမသွားမှာကို စိတ်မကောင်းဖြစ်ပြီး “ငါ မင်းကိုယုံတာပဲ မင်းက ဆေးဖြုတ်လိုက်တာကိုး” တဲ့။ ကိုသံချောင်းဆိုတဲ့လူက အဲဒီလိုလူမျိုး။”
 အော်- ကိုသံချောင်း ကိုသံချောင်း ---လူတွေကို ခေါင်းဖြတ်သတ်ပေမဲ့ ဒီလို ယုံကြည်ရမဲ့ ကောင်မလေးကို သံယောဇဉ်အငွေ့အသက်လေးတွေနဲ့ ပြောတတ်ရှာသားပဲ။
အဆိုတော် “မိုင်” ဆိုနေကျ သီချင်းတပုဒ်ကိုသာ သတိယနေမိရဲ့။
မလွမ်းပိုလေ x x x x  ဆောင်းနှင်းပွင့်လေးတွေကို မြင်တိုင်း x x x x  အကို့ကို သတိယလို့ ငိုနေရတယ်ပေါ့။
ဆက်လက်တင်ပြသွားပါအုံးမယ်
· · · Share

  • 31 shares
    • Aung Khaing Myint Please let me share in blog.thanks.http://8888newgenerations.blogspot.ca/2012/04/blog-post_1761.html#links“နောက်တခေါက် ဆေးသင်တန်းကို ရောက်လာတဲ့ အချိန်မှာ “ဥက္ကဋ္ဌ (ကိုထွန်းအောင်ကျော်)နဲ့ (ကိုအောင်နိုင်) အဖမ်းခံရတယ်လို့ကြားရင် ကျမကို မဖမ်း လည်း ကျမ လာအဖမ်းခံမယ်” လို့ ပြောခဲ့တယ်။”
      April 4 at 12:26pm · · 2
    • Augustine Nge ‎:D :D so pathetic.
      April 4 at 12:35pm · · 3
    • Aung Kyaw Moe အရမ်းကောင်းပါတယ်ဗျာ။မဒမ်သံခဲတော့စကားစကားပြောပါများ၊စကားထဲက ဇာတိပြဆိုတာမျိုးဖြစ်နေပြီ။ပုတ်ရင်ပေါ် ၊ဟုတ်ရင်ကျော်မှာပဲဗျ။
      April 4 at 1:23pm · · 6
    • ဘရာဇီး ငှက်ရိုး ဘာမှ မပြောရဲပါခင်ဗျ... သူလျိုလဲ အဖြစ်မခံနိုင်ပါ...
      April 4 at 1:40pm · · 6
    • Than Win ခင်ရွှေလှိုင်ဟာ သံခဲမိန်းမဖြစ်တယ် ၊သံခဲဟာ ABSDFဥက္ကဋ္ဌ ဖြစ်တယ် ၊နေပါအုံး သံခဲ ဟာ သူမိန်းမကို ထိမ်းလို့မရလို့လား ၊?ထိမ်းဘို့မကြိုးစားဘဲလွှတ်ထားတာလား ၊ ဒါမှမဟုတ် သံခဲလည်း သူ့မိန်းမလိုဘဲရပ်တည်တာလား ? AB အမှန်တရားဖေါ်ရေးအဖွဲ့ကို သူတို့ရပ်တည်ချက်တွေသက်ရောက်မှုရှိနိုင်သလား ?မေးခွန်းတွေအများကြီးပေါ်လာပြီ သက်ဆိုင်သူတွေဖြေရှင်းကြပါအုံး ။
      April 4 at 1:41pm · · 22
    • Thu Rein Htun ကိုအောင်မိုးဝင် ထောက်ပြတဲ့ အချက်အလတ်တွေ အရမ်းကောင်းပါသည်။
      April 4 at 1:50pm · · 3
    • Thu Rein Htun အော် ကိုအောင်းမိုးဝင်းရေ မှားတဲ့ဘတ်မှာ သီချင်းက ဆလိုင်းသွအောင် ရေးတာပါ
      April 4 at 1:51pm · · 3
    • Thar Swe share သွားတယ်ခင်ဗျာ။
    • ဇို ဇို ဟိုတစ်လောက ကိုသံခဲက တောင် စာတွေရေးပြီး ကျနော့်ကိုတော့ စပြီးတိုက်ခိုက်လာပြီ တို့ သံချောင်းရေ အလှည့်ကျရင် မနွဲ့စတမ်းပေါ့ကွာ မင့်အစ်ကိုကြီး သံခဲ တို့ ဘာတို့ ရေးတယ်....အခု သူ့ မိန်းမ ခင်ရွှေလှိုင်က ဒါတွေ ရေးတယ်....ဘာတွေ လဲတော့ မသိဘူး....
      April 4 at 2:07pm · · 2
    • ဘရာဇီး ငှက်ရိုး ကိုဇိုဇို... လူမှားနေပါတယ်... ကိုသံဒုတ်ပါ... ကိုသံခဲရဲ့ အကိုအရင်းပါ... သူ့ညီအရင်းကို ဆုံးမထားတဲ့ စာစုကို အကိုဖတ်ပြီး အထင် မမှားစေချင်ပါ... အကိုကြီး ကိုသံဒုတ်က အမှုမှန် ပေါ်စေချင်သူပါ... မည်သူပါသည် ဖြစ်စေ မပါသည် ဖြစ်စေ ဖော်ထုတ်ပေးချင်သူပါ... တရားခံ တဦး ဖြစ်သူ သံချောင်းက ထောင်ထဲမှာပါခင်ဗျာ...
      April 4 at 2:17pm · · 10
    • Chitko Ko shareသွားတယ်ဗျာ/ very good ko aung moe win. If you were in Melbourne, some people would blame you like this why you attacked our MAMA KHIN SHWE HLAING personally.
      April 4 at 2:21pm · · 1
    • ဇို ဇို အော် ကိုသံခဲနဲ့ကိုသံဒုတ်က မတူဘူးပေါ့...ကိုသံဒုတ်က အေဘီနဲ့ ဘာမှ မပါတ်သက်ဘူးပေါ့...
    • Darli Pug မိုးကြိုးပစ်တာကို ထန်းလျှက်နဲ့ကာနေတဲ့လူကြမ်းတွေ၊ နွံနစ်နေတဲ့ ပလာတူးငါးတွေ အကြောင်း ဆက်ပြီးသိချင်ပါတယ်..
      April 4 at 2:56pm · · 1
    • Darli Pug Very Very GOOD ARTICLE..
    • Zar Ni ko than Doke (RIT) was one of the students leader of March and June students strikes at 1988 (before 8888). He lived in Mea Sot with his family.He protect immigrant workers' rights in Thai.
      April 4 at 4:08pm · · 1
    • ဇို ဇို သံချောင်းကတော့ ကိုသံခဲတို့ ကိုသံဒုတ်တို့နဲ့ ဘာမှ မတော်ဘူးပေါ့....ဒီမိန်းမရေးကာမှပဲ ရှင်းနေတာတွေ ရှုပ်ကုန်ပြီ
    • Zar Ni အင်း.....ကြာလာလေ...ခင်ရွှေလှိုင်ဟာ မေရီအင်တွိုင်းနက်နဲ့တူလာပြီး..သံခဲကတော့ လူဝီ(၁၆)တူလာသလိုဘဲ။
      April 4 at 4:55pm · · 5
    • Aye Aye Soe Win Thank you..Thank you..AMW for bringing it up.....it is the deep insecurity issue hitting a lot of pro-democracy advocates even in wealthy countries..Why? They are not confident at all or confident enough. They do not understand that no one owns them...They often act as if they were owned by someone or some organization..Their self-knowledge and sense of freedom is very very very limited...
      April 4 at 6:08pm · · 4
    • Naing Oo ဒီစာဟာ ရော်နယ်အောင်နိုင်ရေးခိုင်းတဲ့ အောင်နိုင်ရှင်းတမ်းလို့ မှတ်ယူနိုင်တဲ့ အချက်အလက်တွေ အများအပြားပါဝင်ပါတယ်..လူသတ်သမား အောင်နိုင်ဟာ လူလုံးထွက်မပြရဲလို့ ခင်ရွှေလှိုင်ကိုသုံးပြိး ရှဲဒိုး ရှင်းတမ်းတစ်စောင်ရေးနေတာပါ..
      April 4 at 6:11pm · · 10
    • Min Thit
      ဖြစ်နိုင်ပါတယ် ကျနော် ခင်ရွှေလှိုင်ရဲ့ အပိုင်းနှစ်စထွက်လာကထဲက
      သူ့ရေးသားမှုပုံစံမသိမသာစပြောင်းသွားတာကိုသတိပြုမိလို့ကွန့်မက်ေ
      ရးထားသေးတယ်။သူရေးထားတာကို တယောက်ယောက်ကတည်း
      ဖြတ်ပေးတာလဲဖြစ်နိုင်တယ်။ တယောက်ယောက်ကရေးပေးတာလဲဖြစ်နိုင်တယ်။
      တယောက်ထဲရေးတာမဟုတ်တာတော့သေချာတယ်။ သူတို့အထဲမှာလဲ
      ကဗျာဆရာ လွမ်းဏီနဲ့ ကမာပုလဲတို့တွေလဲရှိနေတယ်။ ကျနော်အမြင်က
      တယောက်ယောက် စီစစ်တီးဖြတ်သော်၎င်း၊ ရှဲဒိုးသော်၎င်း လုပ်မပေးဘဲ
      နဲ့ဒီမိန်းမဒီလောက်စာကိုဆွဲဆောင်မှုရှိအောင်မရေးတတ်ဘူး။
      April 4 at 8:07pm · · 3
    • Sein Soe Ko Than Win သံခဲကသူ့မိန်းမကိုမနိုင်တာမဟုတ်ဘူးဗျာ့၊ ကျတော့အထင်က သူလည်းသူ့မိန်းမနဲ့သဘောထားတခုထဲပဲဖြစ်မှာသေချာတယ်။အလိုတူအလို ပါမို့လို့တမင်လွှတ်ထားတာပဲ၊အဲဒါသိပ်အရေးကြီးတဲ့အယူအဆဖြစ်တယ်။ ဘာ့ကြောင့်လည်းဆိုရင် သံခဲရဲ့အယူအဆကသာမန်မဟုတ်ဘူး၊ အေဘီဥက္ကဌ ဖြစ်နေလို့၊ အေဘီတခုလုံး ရဲ့ဆန္ဒသဘောထားမျိုး သက်ရောက်နေတာ စဉ်းစားဘို့ကောင်းတယ်။
      April 4 at 8:07pm · · 5
    • Htun Aung Gyaw Good analysis Aung Moe Win, thanks for sharing point by point analysis, I am looking forward your analysis in the future. Keep up the good work.
      April 4 at 8:08pm · · 3
    • Kyaw Kyaw Myo Swe thanks Ko AMW.
    • KoKo Oo Aww! ABSDF c h a i r m a n f i r s t l a d y????? w h a t a n d w h o a n d w h e r e???
    • မိုး စဲ
      ကိုအောင်မိုးဝင်းရေ ခင်ဗျားထောက်ပြမှပဲ ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်သွားတယ် အစက ခင်ရွှေလှိုင်ရေးတာ ရှုပ်နေတာပဲဗျာ အဓိကကတော့ သတ်တဲ့သူတွေ မမှားဘူး ဆိုတာမျိုး ဖတ်နေရတာ အော့နှလုံးနာတယ် စနစ်တကျ အပိဲုဒ်လိုက်ခွဲထုတ်ပြီး ထောက်ပြတာ ကျေးဇူးပါ.ဟိုလူလိုလို ဒီလူလို စွပ်စွဲချင်နေတုန်း စစ်ကြောရေးတွေ မှာတောင် ကိုထွန်းအောင်ကျော်တို့ တာဝန်ရှိနေသလိုမျိုး ရော်နယ်အောင်နိုင်ပဲ အမှုမှာ မပါတော့သလိုလိုမျိုး အဓိက တရားခံတွေဘယ်သူဆိုတာ အားလုံး မှန်းဆလို့ ရပါတယ် ခင်ရွှေလှိုင်ရေ ကျနော်တို့ ဗမာစကားပုံ ရှိတယ်လေ စကားစကားပြောပါများ စကားထဲက ဇာတိပြ ဆိုတာလေ ခင်ဗျားစာတွေကတော့ ဇာတိတင်မကဘူး တနယ်လုံး ထင်ရှင်းနေတော့တာပဲ ကိုယ့်ဘက်က လူတွေ မတရားတာကျတော့ အချိန်မကျသေးလို့ အဖွဲ့အစည်းကို ထိခိုက်တိုက်ခိုက်တယ်တို့ ပြောထွက်ကြတယ် တော်လှန်ရေး လုပ်တယ် ဆိုတဲ့သူတွေက မတရားတာကို တိုက်နေတာ မဟုတ်ဘူးလား ဒါမှမဟုတ် စစ်တပ်တတပ်နေရာကို နောက်အရည်အချင်းတူ လုပ်ရပ်တူ စစ်တပ်တတပ်အစားထိုးနေတာလား အဲ့ဒီလို မတရားတာကို မတရားဘူး မပြောကြကြေးဆို စစ်အာဏာရှင်တွေကိုလဲ မပြောကြ မတိုက်ကြရုံပဲ မြန်မာတမျိုးသားလုံးကို လွတ်လပ်ရေး အရယူပေးခဲ့တဲ့ တပ်မတော်ကြီးမဟုတ်လား မုဒိန်းကျင့်တာ လူသတ်တာ မီးရှို့တာ တိုင်းပြည်ကို မွဲအောင်လုပ်တာ မဲလိမ်မဲခိုးတာ ကအစ ထောက်ခံကြရုံ ရေငုံနှုတ်ပိတ်နေကြရုံပဲ ခုတော့ ခင်ရွှေလှိုင်စကားအရ စစ်တပ်တွေရဲ့ ကျေးဇူးတော်ကို ကျနော်တို့ ရေရွတ်နေကြရုံပဲ..
      April 5 at 1:34am · · 11
    • Nicky Shein မန္တလေးသူ ခင်ရွှေလိုင်ကို အဲ့လိုပြောတော့ ကျန်တဲ့မန္တလေး သူ/သားတွေသိက္ခာကျသပေါ့၊ နန်းတော်ရှေ. လူထုအမျိုးလုပ်ခဲ့တာ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့တွေ သေ၇ာကပြန်ထလာပြီး ၂ ခါပြန်သေချင်တယ်လို့ပြောသွားတာ တလောကမကြားလိုက်ဘူးလား ?
      April 5 at 3:28am · · 3
    • Maungmaung Skw
      Ko Aung Moe Win
      Ko Mainframe PO
      Ko Min Thit
      ခင်ဗျားတို့ရေးတာတွေဖတ်ရတော့မှ
      သေချာပါတယ်။ဒီစာက ရော်နယ်အောင်
      နိုင်လက်ချက်ပါ။ကျွန်တော်က ဘယ်တုန်းကမှ ခင်ရွှေလှိုင်နဲ့မဆုံဘူးပါ
      ဘူး။ချိုကြီးနဲ့လဲ ဘာအလုပ်မှမလုပ်ဘူးပါ
      ဘူး။ခင်ရွှေလှိုင်တောထဲကို မြို့လမ်းက
      သွားဘို့ ကျွန်တော်လုပ်မပေးခဲ့ဘူး။ခင
      ရွှေလှိုင်ကို ကျွန်တော်မသိဘူး။ကျွန်တော်ရဲ့ မပကိုဒုတိယအကြိမ် မိဘ
      တွေခေါ်ပြီးသွားတဲ့အချိန်မှာ ဆုံဖြစ်ကောင်း ဆုံဖြစ်နိုင်တယ်။သူနဲ့ပတ်
      သက်သမျှ ဒါဘဲ။ကချင်အတွက် အလုပ်
      လုပ်ပေးတယ်ဆိုတာ လုံးဝအခြေအမြစ်
      မရှိတဲ့စကားပါ။သူမြို့ကိုပြန်လာတော့
      ကျွန်တော့အကြောင်းမပြောရဘူးလို့မှာ
      လိုက်တယ်တဲ့။ဘယ်သူကမှာလိုက်တာ
      ပါလိမ့်။မျိုးဝင်းကသေပြီဆိုတော့ သံချောင်း၊အောင်နိုင်၊သန်းဇော်၊လှဆိုင်း၊
      ယောရှု၊ကျော်ထင်ဉီး၊ဇော်ဇော်မင်း၊ကျော်
      ကျော်၊မြင့်ခိုင်၊သက်လင်း၊ဖိုးနှောင်း ဘယ်
      သူများဖြစ်မလဲမသိဘူး။သူပြောသလို
      ကျွန်တော်သာ တရားခံဖြစ်ရင် အဲ့ဒီတ
      ယောက်ကလဲကြံရာပါဖြစ်မှာကိုး။ကျွန်
      တော်ကတော့ ခင်ရွှေလှိုင်ကို ကျေးဇူး
      တင်တယ်။စာအုပ်နောက်တအုပ်ရေးဖို့
      ကုန်ကြမ်းပေးလို့။မန်းလေးနန်းရှေ့မှာနေ
      ပြီး ပုသိမ်ကြီးဆိုတာမသိတဲ့ နန်းရှေ့က
      လူထုမိသားစုကိုလည်းရှာပြီး အင်တာဗျူးရဉီးမယ်။အခုထပ်တိုးလာ
      တာက ခွဲစိတ်အထူးကုဆရာဝန်ကြီး
      ဒေါက်တာသန်းအောင်ရယ်၊မေ့ဆေးဆရာဝန်မကြီးဒေါက်တာစန်း
      စန်းမြင့် ခေါ် ရှီလာဝီလျှံ တို့ကိုလည်း
      သွားဗျူးရဉီးမယ်ဗျ။ရော်နယ်အောင်နိုင်
      လိုသားမျိုးကိုဘယ်လိုမွေးပြီး ဘယ်လိုပြုစုပျိုးထောင်ခဲ့တယ်ဆိုတာကို
      လေ။သူ့အဖိုး ကျွန်တော်တို့ဆရာကြီး
      ဘီအေဝီလျှံကတော့ အသက်တရာကျော်မှာ ပြီးခဲ့တဲ့နှစ်ကဆုံး
      သွားပြီ။နာလိုက်တာဗျာ၊မသေခင်သွားမတွေ့လိုက်ရဘူး။ဒီကောင်က ဘီဘီစီကအလုပ်ပြုတ်တော့
      ထွန်းအောင်ကျော်တို့သေတဲ့ကိစ္စကြောင့်
      ပြုတ်တာဆိုတာသူ့အမျိုးတွေသိသွား
      တော့ အုပ်စုနှစ်စုကွဲပြီးအချင်းချင်းပစ်ကြ
      ခတ်ကြတာတခြားကောင်တွေသေသွား
      တဲ့အချိန်သူကလူကြီးဖြစ်နေလို့နာမည်
      ပျက်သွားရသလိုမျိုးပြောထားတာ။ဒါတွေ
      က နောက်စာအုပ်အတွက်ပါ။ကျွန်တော့
      စာအုပ်က ဘယ်ဆီနေမှန်းမသိသေးဘူး။
      သူတို့က ကြိုတင်သွေးပျက်နေလိုက်ကြ
      တာ။ကျွန်တော့စာအုပ်က ခရီးသွားမှတ်
      တမ်းလေးသဘောပါ။ဒါပေမဲ့ သူတို့ကို
      ကြိုးစင်တင်ဘို့တော့ လုံလောက်ပါတယ်။
      April 5 at 3:59am · · 11
    • Nicky Shein သွေးပျက်နေတဲ့သူတွေဆိုမှတော့ လေလည်သံကြား၇င်တောင် ထထခုန်နေမှာပေါ့
      April 5 at 4:45am · · 1
    • Ship Lone ခင်ရွှေလှိုင်ကံကောင်းလို့တတိယနိုင်ငံရောက်တယ်ဆိုတာမလိုပါ။အောင်မိုးဝင်း အမေရိကလာတာလည်းသူ့ဘကြီးခေါ်လာတာမဟုတ်ပါ။ပိုတောင်ရုပ်ပျက်ဆင်း ပျက်နိုင်ပါသေးတယ်။
    • Min Min Aung ခုလောလောဆယ်တော့ ကျမတို့က လေ့လာသူတွေ၊ အမှန်တရားကို ဝိုင်းဝန်းရှာဖွေနေကြသူတွေ...တင်လာသမျှ မြောက်ပိုင်းကိစ္စတွေအားလုံးကို စောင့်ဖတ်ရင်း သုံးသပ်တယ်...မမှန်ကန်တဲ့သူက ကိုယ့်စကားနဲ့ကိုယ် ကြိုးကွင်းစွပ်ပါလိမ့်မယ် ...ကို့ရှူး ကိုပတ်လာမှာပါ.. ...အမှားတွေ များလာလေ...ရှေ့ကဖုံး နောက်ကပေါ်ဖြစ်လာမှာပါ...စောင့်ဖတ်ပါအုံးမယ်...
      April 5 at 6:26am · · 7
    • Flygon Thapyay ‎" ( လူမိုက်တွေအဖြစ် လက်ညိုးထိုးပြခံနေရတဲ့ ကိုမျိုဝင်းနဲ့ ကိုသံ ချောင်း။
      အရပ်သားစကားနဲ့ပြောရရင် ရန်သူဆိုတိုက်ဖို့လောက်သာသိတဲ့ တောထဲက ဒေသခံရဲဘော်တွေကြားမှာ
      မီးပွား လာချ၊ ဓါတ်ဆီလောင်းပေးခဲ့တာ မြို့ကကျောင်းသားနာမည်ခံ လူလည်တစု။ ) "
      ဟိုက်.....လကာင်္ာဒီပသူရဲကောင်းတွေပါလား ...
      April 5 at 9:23am · · 5
    • Flygon Thapyay
      မဒမ်သံခဲ ကြီးက ဒီကိစ္စကို ကြားဝင်ဖြေရှင်းနေတဲ့သဘောလား...... ဇာတ်လမ်းကို အာရုံလွဲပြောင်းစေချင်တဲ့သဘောလား......တန်ပြန်တိုက်စစ် ဆင်နေတဲ့သဘောလား .... အခြားလူဆိုရင် ကိစ္စမရှိပါဘူး ... ဥက္ကဌ ကတော် ဖြစ်နေလို့ ကိစ္စရှိနေတာပါ............ဆိုလိုတာက.. ဗဟိုက တစ်နှစ်အတွင်း အမှန်တရားပေါ်စေရမယ် ဘာညာ ကြေငြာထားတော့.... သူတို့က ဆောင်ရွက်မပေးနိုင်ဘူး ....ဒေါ်လှိုင်ပြောတာ အမှန်တရားဘဲလို့.......အားလုံးကို ကြေငြာချင်တဲ့ သဘောလား .... မငယ်လည်း လူလိမ်ကြီးဖြစ် ကိုညီညီတို့ညီအစ်ကိုတွေလည်း ရစရာ မရှိ .. မခင်ချိုဦးလည်း လမ်းဘေးက စားရမဲ့သောက်ရမဲ့ဘ၀နဲ့ တောခိုလာသလိုဖြစ်....... စာဖတ်သူတွေ မျက်စိလည်း နဝေတိန်တောင်တွေဖြစ်ကုန်ပြီဗျာ........
      April 5 at 11:32am · · 6
    • Than Win သြော်..ခင်ရွှေလှိုင် .. ခင်ရွှေလှိုင်..ဖြစ်မှဖြစ်ရလေ..ကိုယ်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေကို ရဲဝံ့စွာသစ္စာရှိရှိရပ်တည်တာကိုတာ့ လေးစားပါတယ် ၊ဒါပေမဲ့ ဘယ်ဟာအမှန်တရားလဲ ၊ ဘယ်ဟာမမှန်တရားလဲ ၊ဘယ်သူဟာ မတရားခံရသူလဲ၊ ဘယ်သူဟာရက်စက်သူလဲ ဆိုတာကို မခွဲခြားတတ်တာကိုတော့ မင်းကိုငါအံ့သြမိပါတယ် ၊အရိုးခံစိတ်နဲ့ပြောတာပါ ၊အမှား ၊အမှန်ကိုခွဲခြားနိုင်ပါစေ ။
      April 5 at 11:38am · · 3
    • Flygon Thapyay သွားမပြောနဲ့ ကိုသန်းဝင်းရေ ... မြို့ပေါ်ကျောင်းသားအမည်ခံ လူလည်တွေ ကြောင့် ရက်စက်ရပါသတဲ့လေ...ဟုတ်ပါတယ် လူသတ်သမားတွေက သူတော်ကောင်းကြီးတွေပါ မြို့ပေါ် ယူဂျီကျောင်းသားတွေ မွေးတဲ့မီးကြောင့် ဖြစ်ရတာပါ.( မှတ်တောင်ထားရဦးမယ် ).....ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့........
      April 5 at 11:51am · · 4
    • Than Win မြို့ပေါ် လူလည်ကြီးတွေကြောင့်ရက်စက်ရတယ်ဆိုတော့ လူလည်ကြီးတွကိုသူ့အထင်ရိုးသားပါတယ်ဆိုတဲ့လူအုပ်စုက လပေါင်းများစွာ ညှင်းပမ်း ၊နှိပ်စက် ၊ လူမဆန်စွာသတ်ဖြတ်တာတွေကို မှန်ပါတယ်လို့ ကာကွယ်ပြောဆိုရပ်တည်တာကိုတော့ အင်မတန်မှ အံ့သြ မိပါတယ် ၊ဒီလုပ်ရပ်ကိုဘယ်ရှု့ထောင့်ကနေစဉ်းစားပြီး မှန်တယ်လို့ဆုံးဖြတ်တာကို တော့နားမလည်နိုင်အောင်ပါဘဲ
      April 5 at 12:05pm · · 2
    • Nang Wun Hein မလွမ်းပိုလေ x x x x ဆောင်းနှင်းပွင့်လေးတွေကို မြင်တိုင်း x x x x အကို့ကို သတိယလို့ ငိုနေရတယ်ပေါ့။ :D
      April 5 at 8:36pm · · 1
    • Aung Zawီလူဟာ အတိတ်ရဲ့ခရီးကို သွားတဲ့တစ်ညမှာ လူတွေဟာ အိပ်မက်ကောင်းနေဆဲပေါ့ကွယ် ဒီလူဟာ ဒုက္ခလမ်းကို သွားတဲ့အခိုက်မှာ လူတွေဟာ စကားပြောကောင်းနေဆဲပေါ့ကွယ်
      April 6 at 8:48am · · 1
    • Yoke Ga Zoe တစ်တီတူး အပိုင်း(၃) စောင့်မျှော်လျက်ပါ.. ။
      April 6 at 11:42am · · 1
    • Aung Khing
      လူ့ယဉ်ကျေးမှုနဲ့ နှိုင်းယှဉ်စဉ်းစားရင် စည်းစနစ်ကြီးပါတယ်ဆိုတဲ့ စစ်အစိုးရကြီးကိုတောင် အမျိုးသားရေးအပေါ် တာဝန်မဲ့လွန်းလို့ ကျက်သရေမင်္ဂလာကင်းမဲ့လွန်းတယ် - ဒီလို မြင်တယ်။ အခု ဒီအေဘီဆိုတာကလည်း အနှစ်သာရဘယ်လို ရှာရမလဲ - မသိဘူးဖြစ်နေတယ် - အတော်လေးကို လူ့ယဉ်ကျေးမှုနဲ့ဝေးလွန်းတယ် - တော်သေးတယ် ဆက်လက်ရှင်သန်ကြီးထွားမလာခဲ့လို့ - ကျေးဇူးတင်ရသေးတယ်။ စိတ်ပျက်စရာ - မသတီစရာ အဖွဲ့အစည်း။ အခြေခံခိုင်မာမှုမရှိတော့ ခွေးချင်းကိုက်သလိုဘဲ - ဟိုပြေးကိုက် ဒီပြေးကိုက် - ကိုက်ကြပါ - အချိန်တန်တော့ အရိုးနဲ့ဘဲ ကြေနပ်နေရမယ့် အဖွဲ့အစည်း။ (စိတ်မရှိကြပါနဲ့ - စိတ်ထဲရှိသလို ဒီထက်ပိုမို ပြင်းထန်စွာ ရေးနေမိဦးမှာပါဘဲ)။
      April 6 at 12:32pm · · 1
    • Shwe Khay ကမ္ဘာဦးမှာ ပလာတူးငါးတွေ နွံနစ်နေသလိုမျိုး၊ု လူးလွန့် ငြင်းဆန်နေရှာတယ်။ အကြောင်းတော့ ရှိလိမ့်မယ်။
      April 6 at 3:37pm · · 1
    • KoKo Oo I would like to know Ko Than Khae is still Chairman of ABSDF.?
    • အိုးဝေအောင် အိုးဘားမား ” နှိပ်စက်တာ မခံနိုင်လို့ စစ်ထောက်လှမ်းရေးပါလို့ ပြောလိုက်ရသူတဦး၏ လောကငရဲအကြောင်း” (ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး) apr10,12http://www.hittai.net/index.php?show=rm&fileid=112&t=home7&id=7
    • Zan Tha အင်းဒီအမျိုးသမီးကြည့် ရတာ စာလည်းမရေးတတ်သလို စိတ်ကူးနဲ့ ရေးနေသလိုဘဲ။ ဘာမှရေရေရာရာ မတွေ့ ရဘူး။ အံသြစရာဘဲ။ ပြောခံမရမယ်ဆိုတာသိသိနဲ့ ရေးနေတာကိုပါ။ သူ့ ကိုလူတိုင်းအပြစ်တင်နေတာပါ
    • ဇို ဇို
      မခင်ရွှေလှိုင် တစ်ယောက်ထဲရေးတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး......သေချာပါတယ် ဘယ်လိုမှကို မဖြစ်နိုင်ပါဘူး....ကျနော်ထင်တာက သူ စာမရေးတတ်ဘူး နောက် မရိုးသားဘူး ဒီကိတ်စမှာ.....သူမရိုးမသားနဲ့ ရေးတတ်သလို ရှေ့နောက်မညီ ဒီတစ်ပိုင်းနဲ့နောက်တစ်ပိုင်း မတူ တာတွေ ရေးထားတာတွေကို လူ သုံးလေးယောက်က တတ်နိုင်သလောက်ပြင်နေပုံပဲ.....ခက်တာက နဂိုထဲက လဒဆိုတော့ ဘယ်လောက်ပြင်ပြင် လဒ ကြီးမှန်း လူတိုင်းက သိနေတော့တာပဲ.....

      ငယ်ငယ်က သတင်းစာရှင်းလင်းပွဲမှာ ကြည့်ရတဲ့ လွတ်မြောက်ကျောင်းသားတွေရဲ့ ရင်ပေါင်ကျမ်းနဲ့ ရိုက်ခံရတဲ့ဒဏ်ရာ၊ ကိုထွန်းအောင်ကျော်ကို သွေးစုပ်ခိုင်းတာ၊ အင်းတော် ဘက်ရောက်တော့ မိုးညှင်းမှာ ကချင်တွေက အလင်းဝင်တဲ့လူတွေကိုလာသတ်သွားတယ်ဆိုတာတွေ...အခုဖေ့စ်ဘွတ်မှာ .....ကျနော်ကတော့ နိုင်ငံရေးသမားလည်းမဟုတ် ကျောင်းသားရဲဘော်လည်း မဟုတ် အဲဒီအချိန်က ကလေး....ဒါပေမယ့် ကောင်းကောင်းမှတ်မိတယ် အစိုးရရဲ့ လှိုင်းကြီးလေထန်ရယ်၊ အဲဒီသတင်းစာရှင်းလင်းပွဲရယ်ကို

      အခုကိတ်စမှာ ကိုညီညီ တို့ အယူအဆကို သဘောတူတယ်....ဥပဒေအရ အပြစ်ခံယူရေး.....ရှေးထဲက မြန်မာ့သမိုင်းမှာ သတ်လာတာ အာဏာလိုချင်လို့....နောက်တော့ ခွင့်လွှတ်ကြပြန်ရော....အခုထိလည်း သတ်တုန်း.....ဒါဟာ ခွင့်လွှတ်စရာမဟုတ်ဘူး.....အပြစ်လုပ်ရင် တရားဥပဒေအရ အပြစ်ခံရမယ် လူမှုရေးအရ ခွင့်လွှတ်တာက တစ်ပိုင်း ဖြစ်ရမယ်ဆိုတဲ့ အယူကို ကျနော် အခု လက်ခံပြီ။ (ဟိုတစ်လောက တစ်နေရာမှာ ဦးခင်ညွန့်ကို အပြစ်ပေးဖို့ ဝိုင်းပြောနေကြတဲ့နေရာမှာ ကျနော်က ရွှေပြည်အေး တရားဝင်ဟောခဲ့ဖူးလို့ပါ)..။

      ပြောချင်လွန်းလို့သာပြောရတယ် ကြောက်လည်း ကြောက်ရသေးတယ် အခုခေတ်အွန်လိုင်း တယ်မလွယ်တော့ဘူး ။

No comments:

Post a Comment