Saturday, July 28, 2012

သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသား

သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသား

by Kyaw Gyi AB on Saturday, May 5, 2012 at 4:28am ·

CS သံချောင်း ကျောင်းသား (၃၀၀ )ကျော်ရဲ့ စစ်ဦးစီးချုပ်

သျှမ်းသံတော်ဆင့်ရဲ့ သူရဲကောင်းတပ်မဟာမှူးခွန်ကျော်(ခေါ်) သံချောင်း

(သျှမ်းသံတော်ဆင့်ကဖော်ပြထားတဲ့ သတင်းတပုဒ်ပါ။ အေဘီအက်ဒီအက်မြောက်ပိုင်းလူသတ်ပွဲမှာအဓိကတာဝန်ရှိသူတဦးဖြစ်တဲ့ သံချောင်း(ခေါ်)ခွန်ကျော်ရဲ့ အကြောင်းပါ။ ဒီသတင်းတပုဒ်လုံးမှာမြောက်ပိုင်းလူသတ်ပွဲအကြောင်းကိုတစိုးတစိမျှဖော်ပြထားခြင်း မရှိ တာကတော့ သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ်အနေနဲ့ ဒီအကြောင်းကို မသိလို့ ပဲလား၊ ရည်ရွယ်ချက်ရှိရှိ မဖော်ပြပဲထားခဲ့တာလား ဆိုတာ သူပဲသိနိုင်ပါလိမ့်မယ်။ CSသံချောင်းရဲ့ အင်မတန်ကြီးကျယ်တဲ့လူသတ်ပွဲကြီးကိုဖျောက်ပြီး တပ်မဟာမှူးခွန်ကျော်ရဲ့ သမိုင်း ကိုဖြတ်ညှပ်ကပ်လုပ်ဖို့ ဆိုတာကြိုးစားသလားဆိုတာကိုလည်း သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ်ကြီးကိုယ်တိုင်သာသိရှိနိုင်မည်ဖြစ် ပါကြောင်း။  )

လွယ်တိုင်းလျဲန်း၏တပ်မဟာမှူးမလွတ်မြောက်သေး
Monday, 23 January 2012 17:33 သျှမ်းသံတော်ဆင့်
အစိုးရသစ်က တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးသော်လည်း သေဒဏ် ချမှတ်ခံရသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် RCSS/SSA၏တပ်မဟာ ၂၄၁ တပ်မှူး လွတ်မြောက်လာခြင်းမရှိသေးကြောင်း သျှမ်းပြည်တပ်မတော်အသိုင်းအ၀ိုင်းမှသိရှိရပါသည်။
စစ်အစိုးရထံလက်နက်ချပြီးနောက် ၂လအကြာ ၂၀၀၆မတ် ၄ရက် သေဒဏ်ချမှတ်ခံရသည့် RCSS/SSA တပ်မဟာ တပ်မှူး ဒုဗိုလ်မှူးကြီးခွန်ကျော်နှင့် ၄င်း၏တပ်သား ၁၈ဦးမှာလွတ်မြောက်လာခြင်းမရှိသေးပေ။

ကချင်ပြည် မိုးညှင်းဒေသမှ ခွန်ကျော်သည် ဒီမိုကရေစီအရေးလှုပ်ရှားသော ၁၉၈၈ ကျောင်းသား သပိတ် နောက် ပိုင်းတောခိုခဲ့သည်။ ခွန်ကျော်သည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများဒီမိုကရက်တစ် တပ်ဦး ABSDF ၏ ဒုဥက္ကဌဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA လှုပ်ရှား  သည့်ဒေသ တွင် လှုပ်ရှားခဲ့သည်။
၁၉၉၄ KIA က စစ်အစိုးနှင့် အပစ်ရပ်စဲသဖြင့် ၄င်း၏တပ်သားများနှင့်အတူ သျှမ်းပြည်တပ်မတော်-မြောက် ပိုင်း SSA-N နှင့်ပူးပေါင်းလှုပ်ရှားရာ ၄နှစ်ကြာပြီးနောက် သျှမ်းပြည်တပ်မတော်-တောင်ပိုင်း SSA-S သို့   သွားရောက်ပူးပေါင်းခဲ့၏။
သျှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့်လက်တွဲလှုပ်ရှားစဉ် မြန်မာစစ်တပ်နှင့်ဝတပ်တို့ ပူးပေါင်းကာ SSA-S အား ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် ခွန်ကျော်နှင့်၎င်းတပ်သားများသည် ၂၀၀၂ပန်မိုင်ဆုန်တိုက်ပွဲနှင့် ၂၀၀၅လွယ်တိုင်းလျဲန်းတိုက်ပွဲတို့ တွင် ရဲရဲဝံ့ဝံ့ပါဝင်တိုက်ခိုက်ခဲ့သည်။
ခွန်ကျော်နှင့် ၄င်းတပ်သားများ၏ ယဉ်ကျေးမှု၊ သူတပါးအားရိုင်းပင်ကူညီတတ်မှုကြောင့် ဒေသခံလူထုက ၄င်းတို့ အားချစ်ခင်ကြသည်။ သို့ သော်သျှမ်းစကားအားနည်းခြင်းကြောင့် ၄င်းတို့ အားဗမာစစ်သားဟု ဒေသ  ခံ များကအထင်မှားကြသည်။
ခွန်ကျော်တို့ အဖွဲ့ စရောက်တုန်းက ဗမာစစ်သားလို့ ထင်နေတာ၊သျှမ်းစကားလဲမပီဘူး။ သူတို့ အချင်းချင်းလဲ ဗမာစကားဘဲပြောကြတာလေ။ ဟုဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြခဲ့ဖူးသည်။

 မိမိလှုပ်ရှားခဲ့ဖူးသော သျှမ်းနီအများစုနေထိုင်သည့်ဒေသဉ် ပြန်လည်လှုပ်ရှားရန်အတွက် ၂၀၀၅ ခုနှစ်နှောင်း ပိုင်းခွန်ကျော်နှင့်အဖွဲ့ သည် လွယ်တိုင်းလျဲန်း သျှမ်းပြည်မြောက်ပိုင်းသို့ ခရီးထွက်ခဲ့သည်။

သျှမ်းစကားအားနည်းခြင်းကြောင့် သျှမ်းပြည်အလယ်ပိုင်းမှ မြောက်ပိုင်းဆီသို့ စတင်တက်ကတည်းက ဗမာ့တပ်မတော်မှထပ်ကြပ်မကွာ ခြေရာခံနိုင်ခဲ့ကြောင်းကို တရုတ်-မြန်မာနယ်စပ်မှဒေသခံတဦးက  ကဲ့သို့ ပြောကြားခဲ့သည်။ 

မြန်မာ့စစ်တပ်က သူတို့ ရဲ့ ရေဒီယိုလှိုင်းကို ဖမ်းယူနားထောင်တယ်။ အချင်းချင်းဗမာစကားနဲ့ ဆက် သွယ်ကြတော့ သူတို့ ဘယ်ရောက်နေတယ်။ဘာလုပ်မလဲဆိုတာ သိတာပေါ့။ တချို့ ဒေသခံရွာသားတွေလဲ သူတို့ ကို ဗမာစစ်သားလို့ ထင်ပြီး စားနပ်ရိက္ခာသွားမပို့ ပေးရဲကြဘူး။ တချို့ လဲ သူပုန်ကိုစားနပ်ရိက္ခာပို့ ရင် ဗမာစစ်သားတွေက ရွာကိုမီးရှို့ ၊ရွာသားတွေကိုရိုက်နှက်တာ ကြောက်ကြတော့ မပို့ ရဲကြဘူး။

မြန်မာစစ်တပ်ဖက်မှ ခွန်ကျော်တို့ အဖွဲ့ အားလက်နက်ချလျှင် ငြိမ်းချမ်းမည်ဟု ကတိပေးသောကြောင့် နမ့်ခမ်းမြို့ နှင့် မိုင်အနည်းငယ်ကွာဝေးသော နမ့်တီးရွာတွင် ၂၀၀၆ ဇန်န၀ါရီ ၁ ရက်တွင်လက်နက် ချခဲ့သည်။ နောက်တနေ့ တွင် ခွန်ကျော်နှင့်အဖွဲ့ အားစစ်တပ်မှ ဖမ်းဆီးကာလားရှိုးသို့ ခေါ်ဆောင်သွားခဲ့ သည်။

၂၀၀၆ မတ် ၄ရက်တွင်ခွန်ကျော်အားလူသတ်မှု၊မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ဆူပူသောင်းကြန်းမှု၊ကလေး  စစ်သားစုဆောင်းမှုနှင့်အခြားသောစွဲချက်ပေါင်း ၁၁ ချက်နှင့် ၄င်း၏တပ်သား ၂၈ဦးနှင့်အတူ သေဒဏ်ချမှတ် ခဲ့သည်။ အသက်ငယ်ရွယ်သောတပ်သား ၃ ဦးကိုမူ ထောင် ၇ နှစ်စီချမှတ်ခဲ့သည်။
ကျနော့်တပ်သားနဲ့ ပြည်သူတွေ အန္တရာယ်မရှိ အေးချမ်းမယ်လို့ ကတိပေးခဲ့တဲ့ ဗမာစစ်တပ်ကို ယုံကြည်ခဲ့မိပြီး လက်နက်ချခဲ့တာ ကျနော့် အမှားပဲ။ ကျနော်ဟာ အပြစ်မရှိတဲ့ သူတွေကို တခါမှ မသတ်ခဲ့ဖူးဘူး။ မူးယစ်ဆေး  ၀ါးနဲ့ လဲ မပတ်သက်ခဲ့ဘူးဖူး။ မတရားတာမကောင်းတာတွေလဲ တခါမှမလုပ်ခဲ့ဖူးဘူး ဟုခွန်ကျော်က တရားရုံး  တွင်ပြောဆိုခဲ့သည်။

ထို့ ကြောင့်တော်လှန်ရေးတပ်ဖွဲ့ များအား ခွန်ကျော်က စကား၃ခွန်းမှာကြားခဲ့သည်။ ၄င်းတို့ မှာ ၁ လက်နက် မချရန်။  ၂။ ဆက်လက်တိုက်ပွဲဝင်သွားရန် ၃။ ၄င်းကဲ့သို့ စစ်တပ်၏လိမ်လည်မှုမခံရစေရန်တို့ ဖြစ်သည်။

ယခုအခါ ဒု-ဗိုလ်မှူးကြီးခွန်ကျော်သည် ပဲခူးတိုင်းဒေသကြီးသာယာဝတီထောင်တွင်အကျဉ်းကျနေသည်။ ၄င်း၏ဇနီးနှင့်သမီး ၂ ယောက်မှာ ထိုင်းနယ်စပ်တနေရာတွင် နေထိုင်လျက်ရှိ၏။

သျှမ်းသံတော်ဆင့်  မှကူးယူဖော်ပြသည်။





လင်္ကာ

There is nothing good, nothing bad; thinking makes it so.
· · · Share

  • 20 shares
    • ဘရာဇီး ငှက်ရိုး ခင်ရွှေလှိုင်တောင်မှ သံချောင်းကို အေဘီကနေပဲ လက်နက်ချသယောင်ယောင် ရေးထားမှတော့ ရှမ်းသံတော်ဆင့်က အခုလို ရေးတာ ဘာမှ မထူးဆန်းတော့ပါဘူး... သံချောင်းလွတ်မှာ မပူပါနဲ့... လွတ်ဖို့ သိပ်မရှိဘူးထင်ပါတယ်... လက်နက်နဲ့ မိထားတဲ့ တော်လှန်ရေးလုပ်သူတွေ အားလုံးနီးပါး သေဒဏ်ကျပါတယ်... တော်တော်များများက လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်တသက် ဖြစ်ကုန်တာ... သေဒဏ်၅ခါကျ သံချောင်းဆိုတော့ ပူစရာတောင် မလိုပါဘူး...
      http://www.naytthit.net/?p=26016
      www.naytthit.net
      မြောက်ပိုင်းရဲ့ ယူဂျီ (ပင်မ)လမ်းကြောင်း က တနိုင်ငံလုံးရဲ့ ဆက်သွယ်ရေး စုံချက်ဖြစ်တဲ့ မန္တလေး၊ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် (မန္တလေး အသတ်ခံရ) နဲ့ အတူ အစီစဉ်ရှိရှိ ထိုးကျွေးတာခံခဲ့ရတဲ့ (ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးနဲ့ အချိန် ကိုက် မြို့မှာနေလို့မရအောင် ဖန်တီးပြီးမောင်းပို့ခဲ့လို့ တောထဲကိုရောက်လာခဲ့ရတဲ့) ကိုချို...
      May 5 at 7:56am · · 4
    • Flygon Thapyay CS လွတ်ခဲ့မယ်ဆိုရင် သာ ယာ ၀ တီ ထောင် ရှေ့မှာပွဲကြီးပွဲကောင်းပဲဟေ့ :P .. ကျောင်းသား ပြည်သူများ ချစ်ခင်ပေါများတဲ့ အချစ်တော်ဆိုတော့ ... ထွက်ထွက် ခြင်း ပန်းခွေ ၀ိုင်း ချလိမ့်မယ် ( လွမ်းသူ့ပန်းခွေ )
      May 5 at 10:18am · · 5
    • အိုးဝေအောင် အိုးဘားမား သံချောင်းရဲ့အဖေက ဦးသိန်းစိန် (ခ) ဦးကံကောင်း ဆိုရင် ..ဦးသိန်းစိန်ရဲ့နောက်ထပ် လွတ်ငြိမ်းချမ်းသာကြေငြာချက်မှာ သံချောင်းဟာ ကံကောင်းလို့ မသေ သံချောင်းတို့အဖေ ကျေးဇူးကြောင့် လွတ်လာနိုင်ပါတယ်။(သို့သော်..) အသေထွက်နဲ့ မထွက်လာပါစေနဲ့ ဆုတောင်းကြပါ ။မြောက်ပိုင်းအမှုအတွက် ပြန်ပေးဆပ်စေချင်လို့ပါ။ (သူကိုယ်တိုင် ရှင်းလင်းချေပတဲ့ အမှုကိစ္စကိုလည်း ကြားနာစေချင်လို့ပါ။)ပြီးမှ ကြိုက်တဲ့နည်းနဲ့စီရင်ကြပေါ့ဗျာ။
      May 6 at 12:10am · · 8
    • Chan Nyein Moe ကျနော်ဟာ အပြစ်မရှိသူတွေကို တစ်ခါမှ မသတ်ခဲ့ ဖူးဘူး ၊ သနားစရာ ကောင်းလိုက်တဲ့  အသံလေးပါလား ။
      May 6 at 12:30am via mobile · · 4
    • မာမီ ထား
      ၂၀၀၆ မတ်လ ၄၇က်နေ့က တ၇ားရုံးမှာ သံချောင်း(ခေါ်)ခွန်ကျော်က အပြစ်မရှိတဲ့သူတွေကို တစ်ခါမှမသတ်ခဲ့ဖူး မကေါင်းတာလည်း တစ်ခါမှမလုပ်ခဲ့ဖူးဟု တ၇ားရုံးမှာပြောကြားခဲ့သတဲ့ ပြီးတော့စကါးကြီး(၃)ခွန်ကိုလည်း နံပါတ်စဉ် တစ်၊နှစ်၊သုံးနဲ့ မှာကြာခဲ့သေးတယ်ဆိုတော့ တ၇ားရုံးမှာ အမူရင်ဆိုင်နေ၇တုံးက သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ်က အမူလိုက်ပေးခဲ့လို့ အထက်က သံချောင်းအမှာချွေခဲ့တာကို သိတဲ့သဘောလား ဒါမှမဟုတ် မြောက်ပိုင်းလူသတ်ပွဲး ဟိုလေတကြော်ဖြစ်လာလို့ သံချောင်းဟာ အဲ့ဒီလူသတ်ပွဲးမှာ အပြစ်ကင်းတဲ့သဘောလို ထင်စေမြင်စေချင်တဲ သဘော်နဲ့ေ၇းသားတာလား စဥင်္းစား၇မဲ့အပိုင်းပေါ့နော်။ အယ်ဒီတာချုပ်ကြီးလဲ ပြည်ပအသံလွင်ဋ္ဌာနတွေနဲ့ အမြဲဗျူးနေကျပါ အဲ့တော့အသံလွင့်ချက်တွေလည်း နာထောင်မှာတော့ ကျိန်းသေပေါ့။အဲ့တော့ မသိ/မကြားဆိုတာမဖြစ်နိင်။ဒါဆို အယ်ဒီတာချုပ်ကြီးက မြောက်ပိုင်းလူသတ်ပွဲးကို မေ့ပြစ်လိုက်တာလား..........
      May 6 at 12:49am · · 6
    • ဘရာဇီး ငှက်ရိုး လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်တောင်မှ ကျောင်းသားတပ်ကနေပဲ အဖမ်းခံရသလိုလို ရေးမှတော့ ရှမ်းသတင်းစာလောက်ကတော့ ပြောမနေနဲ့တော့... စတုတ္တမဏ္ဍိုင် မီဒီယာတွေ ပြိုလဲချက်ကတော့ အံ့မခန်းပါပဲ...
      May 6 at 1:57am · · 6
    • Ah Mar Ni လွတ်လာပါစေ သူများသတ်သလိုသူလဲသေစေရမယ်အလွန်ယုတ်မာကေက်ကျစ်အာဏာရူးတဲအကောင် သျှမ်းနီအချင်းချင်းကာကွယ်ပြောမှာပေါ့
      May 12 at 2:33pm · · 4
    • Khin Maung Lwin ဒီ ရုပ် မျိုး ကဘယ် လို လုပ် ကျောင်းသားခေါင်းဆောင် ဖြစ်ရတာလဲ? မသေ ခင် စကား လေး နဲနဲ ပြော ချင် တယ်။
      May 13 at 2:58pm · · 4
    • အိုးဝေအောင် အိုးဘားမား လူကြမ်းရုပ်နဲ့မင်းသားခန်းသရုပ်ဆောင်လို့ ရုပ်ရှင် အကယ်ဒမီရတာဆိုလို့ ကွယ်လွန်သွားတဲ့ ဦးအံ့ကျော်ဆိုတာ မြန်မာနိုင်ငံမှာရှိခဲ့သလို..လူသတ်သမားတွေ ကျောင်းသားခေါင်းဆောင်နာမည်ခံခဲ့တဲ့ ၁၉၉၂ ပြည်ထောင်စုနေ့ ခေါင်းဖြတ်ပွဲမှာ ကြိုးဒဏ် အကယ်ဒမီဆု မရသေးသူတွေထဲမှာ မကွယ်လွန်သေးတဲ့ သံချောင်း၊ရော်နယ်အောင်နိုင်နဲ့သူ့ဆရာ တပည့်တွေ အများကြီး ရှိသေးတယ်။ကြိုးအကယ်ဒမီဇာတ်ကားကြီး မကြာမီ လာတော့မည်။မျှော်...............................။
      May 13 at 10:38pm · · 8
    • Nang Aung Htwe Kyi သံချောင်းကို ရှမ်းဖြစ်မှန်းလုံးဝမသိဘူး။ ရှမ်းဖြစ်ပြီးရှမ်းစကားတောင်မတတ် ဘူးဆိုတော့ဘာရှမ်းပါလိမ့်.။ လမ်းရှုပ် လုပ်ရှမ်း..လား ။ ရှမ်းတရုပ် ရှုပ်တရမ်းလား ။ ပြောရင်းနဲ့ ဇက်ယားသလို ..လို ၊နားထင်ပူလာသလို လိုပါဘဲ ။
      May 25 at 12:58am · · 1
    • အိုးဝေအောင် အိုးဘားမား
      ရှမ်း ကပြား မို့ ရှမ်းစကားမပီ- ရှမ်းစကား မတတ်တာတောင် ရှမ်းသံတော်ဆင့်က မြှောက်စားလွန်းရင်၊ ရှမ်းစကားပီ ရှမ်းစကားတတ်တဲ့ ရှမ်း ကပြားမဟုတ်သူတွေရဲ့ စစ်မှန်တဲ့လုပ်ရပ်တွေ၊မတရားမှုကို ဆန့်ကျင်ရင်း ကျောင်းသားတပ်မတော်သို့ ၀င်ရောက်ခဲ့တာတွေ၊ကျောင်းသားတပ်ထဲမှာ အမျိုးသမီးတန်မဲ့ မတရား အနိုင်ကျင့် စစ်ကြောရေးဝင်ခံခဲ့ရတာတွေ၊ပါဂျောင်ထောင် အကျဉ်းသားအဖြစ် မိမိအသက်ဘယ်နေ့ စွန့်လွှတ်ရမလဲလို့ လူ့အခွင့်ရေးဆုံးရှုံးခဲ့တာတွေကို ရှမ်းသံတော်ဆင့် သိပါလေစ။ကြားပါလေစ။ (ရှမ်းအစစ်တွေရဲ့ မတရားအနိုင်ကျင့်ခံရတာတွေကိုလည်း သိစေ။မြင်စေ။ကြားစေ။စစ်မှန်တဲ့ သတင်းတွေ မေးမြန်းစုံစမ်း တင်ဆက်နိုင်ပါစေ သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ်မှုးကြီးရေ။)
      May 25 at 3:40am · · 2
    • Smile Pyone nan aung kyi, do you satify to talk about NB at FB? what can you do next? i guess that you and than khe'wife is drinking blood as like comarade so you don't want to sue them.
    • Nang Aung Htwe Kyi Smile pyone , တော်လှန်ရေး လုပ်ဖို့ တောခိုမယ်
      ဆုံးဖြတ်တော့ မြန်မာတနိုင်ငံလုံး သိအောင် စစ်အစိုး
      ရသိအောင် plan ကိုမောင်းထုကြေညာပြီး လုပ်ခဲ့တာလား။
      ဟုတ်တယ်ဆိုရင်တော့ ချီးကျုးပါတယ်။ :)
      May 25 at 9:24am via mobile · · 4
    • Chan Nyein Moe nice reply အမ။
      May 25 at 10:08am via mobile · · 2

No comments:

Post a Comment