Monday, May 7, 2012

အမှတ်တရ ပုံရိပ်လွှာ - ၁

ဒီနေရာလေးမှာ ကြီးမားတဲ့လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ လူသားဆန်မှုကင်းမဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တယ်ဆိုရင်.....အံ့သြမိကြမှာအသေအချာပေါ့......ဒါတွေဟာABSDF (NB) မြောက်ပိုင်း ကချင်ပြည်နယ် - ပါဂျောင်ဒေသ - လိုင်စင်စခန်းမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့ပါတယ်.....
၁၉၉၁ - ၁၉၉၂ ကာလတွေမှာပေါ့....ABSDF တပ်ဖွဲ့ဝင်(၁၀၀)ကျော်ဟာ န၀တ အစိုးရရဲ့စစ်ထောက်လှမ်း ရေးတွေလို့ စွပ်စွဲဖမ်းဆီးခံကြရပြီး မတရားညှင်းပန်း နှိပ်စက် ခံခဲ့ကြရပါတယ်.....တပ်ဖွဲ့ဝင်(၃၈)ဦးသေဆုံးခဲ့ရပြီး (၇၀) ကျော်ဟာနည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်....အထက်မြန်မာပြည် ဗကသ ခေါင်းဆောင် ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားလူငယ်( ၁၅ )ဦးဟာ ၁၉၉၂ခုဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ တပြိုင်တည်း ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်....တပ်ဖွဲ့ဝင်(၁၄) ဦးဟာ ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ကြရပါတယ်... ဒီလိုရက်စက်တဲ့ပြစ်မှုကြီးကို ဘယ်သူတွေက ကျူးလွန်ခဲ့ကြပါသလဲ.....ဘာကြောင့်ပါလဲ.....  အသေးစိတ်သိလိုသူများ
https://sites.google.com/a/8888linker.com/nothern/ မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်.....