The Messenger Vol 2, No. 43 ( 12.03.2012 ) ပါABSDF(မြောကိပိုင်း)နှင့် ကိုကိုကြီး(၈၈)၏မှတ်ချက်-
by Ko Lin Wai Aung on Sunday, March 11, 2012 at 5:29pm ·
![](https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/s720x720/423433_260210417396328_1356006701_n.jpg)
![](https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/s720x720/426215_260210650729638_683097554_n.jpg)
![](https://fbcdn-sphotos-a.akamaihd.net/hphotos-ak-ash4/s720x720/424900_260210980729605_1273555465_n.jpg)
ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားခေါင်းဆောင်များ သတ်ဖြတ်ခံရမှုအပေါ်
ကိုကိုကြီး ( ၈၈ မျိုးဆက်ကျောင်းသား ) ၏ မှတ်ချက်
အဓိကကသေတဲ့လူက သေပြီးသွားပြီ။ သေတဲ့လူကပြန်မရှင်တော့ဘူး။ ဒါပေမယ့် ဖြစ်ရပ်အမှန်
ကတော့ အမှန်အတိုင်းပေါ်ပေါက်စေချင်တယ်။ဒါကျနော်တို့ အားလုံးရဲ့ဆန္ဒပါ။ ကျဆုံးသွားတဲ့ လူတွေက
မြေပေါ်မှာရှိစဉ်ကတည်းက လက်တွဲခဲ့ဘူးတဲ့သူတွေ၊သူတို့ကကျောင်းသားလှုပ်ရှားမှုမှာ တကယ်ဦးဆောင် ပါဝင်ခဲ့သူတွေ၊ အဓိက ဘာကြောင့်ဖြစ်လဲဆိုတော့ ပိတ်ဆို့ထားတဲ့ကာလတစ်ခုမှာ သူ့ကိုယ်မယုံ ကိုယ့်သူမ ယုံနဲ့ သံသရတွေနဲ့ အလုပ်တူလုပ်နေချင်းတူတာတောင် ဘယ်သူကထောက်လှမ်းရေးဖြစ်နိုင်တယ်လို့။ ဘယ်သူကသတင်းပေးဖြစ်နိုင်တယ်လို့ ဆိုတဲ့ဟာကို မြေပေါ်မှာပဲ တစ်ယောက်နဲ့တစ်ယောက် သဘောထား ကွဲလွဲမှုတွေဖြစ်ခဲ့ကြတယ်။ တောတွင်းမှာ လက်နှက်ကိုင်တဲ့အခြေအနေမှာဆိုတော့ ပိုဆိုးတာပေါ့၊ သံသယရဲ့ ဓါးစာခံတွေ သားကောင်တွေ ဖြစ်သွားတယ် ။ ပိတ်ဆို့ထားတဲ့ စနစ်ဆိုးကြီးတစ်ခု ကြောင့်မို့လို့ စတေးခံလိုက်ကြရတဲ့ သားကောင်တွေအဖြစ်နဲ့ ကျနော်တို့ မြင်တယ် ။
ဒီလောက်ကြီးကျယ်တဲ့ ပြဿနာကြီးဟာ ဒီကိစ္စမှာပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအနေနဲ့ ဖြေရှင်းရ မှာ အမှန်ဘဲ ။ ဒါသူတို့တာဝန်ယူရမှာ ။ ကျနော်တို့မြင်တာတော့ သူတို့က ကျောင်းသားတွေဘဲလေ။ လူတွေပါ ဒီလောက် ဆိုးဆိုးဝါးဝါးခံစားခဲ့ရပြီးပြီ။ သေဆုံးခဲ့ကြရပြီးပြီ ။ နောက်ပိုင်းမှာ ဖေါက်ပြန်လို့ ထောက်လှမ်းရေးမို့ လို့ ဖြစ်ပါတယ်ဆိုတဲ့ နိုင်ငံရေးအရထပ်ပြီး လုပ်ကြံခံရတာကိုတော့ မဖြစ်သင့်ဘူးလို့မြင်တယ် ။ အဓိကကတော့ ဒီလောက်အကျယ်တ၀င့်ဖြစ်ဘို့တောင်မလိုဘူး ။ ဒီကိစ္စနဲ့ပတ်သက်ပြီး နင့်နင့်နဲနဲခံစားခဲ့ကြရ တဲ့ လူတွေက ၊ ဒီလူတွေကထောက်လှမ်းရေးမဟုတ်ဘူး ၊ ခေတ်ကာလအခြေအနေမှာ မှားယွင်းမှုဖြစ်ခဲ့တယ်။ အဲဒီအတွက် သူတို့တွေဟာ စတေးခံခဲ့ကြရတယ်ဆိုတာလောက် အသိအမှတ်ပြုခဲ့ရင်တောင်မှ သူနဲ့ရင်းနှီးတဲ့ သူတွေအားလုံးက နည်းနည်းသက်သာမဲ့ ၊ စိတ်ခံစားမှု ဖြေလျှော့မယ့်သဘောရှိတယ် ။ ဒီအပေါ်မှာ ကျနော် တို့ဟာ ဘယ်သူ့ဘက်ကဘဲဖြစ်ဖြစ် ဒီကိစ္စဟာမှန်မှန်ကန်ကန်တော့ ဖေါ်ထုတ်ဘို့လိုတယ်။ ဒီလူတွေဟာ ခေတ်ဆိုးစံနစ်ဆိုးတစ်ခုတည်းမှာ သူတို့ဓါးစာခံဖြစ်ခဲ့ကြရတယ်။ အဲဒါကိုပေါ်လွင်ဘို့လိုတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူလည်းသေသေး၊ နာမည်လည်းသေ၊ နိုင်ငံရေးလည်းအသတ်ခံရတဲ့ဟာမျိုးက အသတ်ခံရတာထက်ပိုဆိုးတယ် ။ အဲဒါမျိုးကမဖြစ်သင့်ဘူးလို့မြင်တယ် ။
ကျနော်တို့ကတော့ ဖြစ်နိုင်ရင် ဘယ်သူ့ဘယ်သူကိုမှ နစ်နာတာ ထိခိုက်တာကို မလိုလားဘူး ။ အဓိက ကအဖြစ်မှန်ပေါ်ပေါက်ဘို့ဘဲ။ ပေါ်ပေါက်ဖို့က လူ့အဖွဲ့အစည်းမှာ ကျနော်တို့က တစ်ချို့ကျူးလွန်ခဲ့ တဲ့ အပြစ်တွေနဲ့ ပတ်သက်ပြီးတာတောင်မှ ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့်ဒါတွေက မေ့ပစ်ဖို့တော့မဟုတ်ဘူး ဆိုတဲ့ Forgive လုပ်နိုင်တယ် ၊ Forget လုပ်လို့မရဘူး၊ ဒါတွေက သမိုင်းမှာ ဒါတွေဖြစ်ခဲ့တယ်ဆိုတာတော့ မှတ်တမ်းမှတ်ရာတွေ ကျန်ခဲ့ဘို့ ကြိုးစားနေတယ်။ အားလုံးကဆန္ဒရှိတယ်။ ကိုယ့်ဘက်မှာဖြစ်နေတဲ့ ဟာကျမှ ဒါကြီးကိုဖုံးကွယ်ပစ်လိုက်ဘို့ မဖြစ်သင့်ဘူး။ ကိုယ်တွေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ရဲရဲရင့်ရင့် ဖေါ်ထုတ်တာမျိုး ၊ တာဝန်ယူတာမျိုးတော့ ကိုယ်ကနမူနာ ဖြစ်သင့်တယ်လို့မြင်တယ် ။ ။
The Messenger ဂျာနယ် Volume 2 , No. 43 ( 12.03.2012 ) မှ ကူးယူဖေါ်ပြပါသည်။
- 47 shares
- မိုး စဲဒီလောက်အထိ အကျယ်တ၀င့်တွေ ဖြစ်လာရတာဆိုတာကလဲ ရိုးသားမှု့ မရှိသူတွေကြောင့်ပါ ခံရတဲ့ သူတွေက နှစ် ၂၀ လုံးလုံး အကျယ်တ၀င့် လုပ်ခဲ့တာ မဟုတ်ပါဘူး တချို့သူတွေ မပြောခဲ့တာတွေက တစုံလုံးအပေါ်မှာ ထိခိုက်မှာ စိုးလို့ ငြိမ်နေခဲ့ကြတာပါ ကိုယ့်ဖက်က လူတွေနဲ့ ရန်သ...See MoreMarch 11 at 8:51pm · · 7
- Aye Aye Soe Win There are a lot of hypocrites in the student army; birds of the same feather flock together, but it will end soon when everyone asks for truth and justice...March 12 at 1:35am · · 1
- Thar Sweကိုထွန်းအောင်ကျော်တို့ဟာ ဦးခေါင်း သက်သက် အဖြတ်ခံခဲ့ရတာမဟုတ်ဘူး ... သမိုင်းမှာပါ နာမည် အဖျက် ခံခဲ့ရတာဖြစ်ပါတယ်။ ကိုထွန်းအောင်ကျော်တို့ရဲ့ ဦးခေါင်းတွေကို ကျနော်တို့ ပြန်ဆက် မပေးနိုင်ကြ တော့ပါဘူး။ လူဟာ သေသွားရင် ဦးခေါင်းရှိမှ တင့်တယ်တာမဟုတ်...See MoreMarch 12 at 3:50am · · 5
- San Chaung Bobo ဒီနေ့ American Center မှာ self-help က ဦးဆောင်ကျင်းပတဲ့ the art of witness ပွဲမှာ ကိုကိုကြီးနဲ့တွေ့စဉ် မြောက်ပိုင်း ကိစ္စနဲ့ပါတ်သက်ပြီး မက်စင်ဂျာ ဂျာနယ်မှာ ကိုကိုကြီး ရဲ့ စကားနဲ့ ရပ်တည်ချက် ကို မြောက်ပိုင်းကျောင်းသား ရဲဘောဟောင်းများကိုယ်စား ကျနော် ကျေးဇူးစကားပြောခဲ့ပါတယ်။March 15 at 10:05pm · · 7
No comments:
Post a Comment