Thursday, July 26, 2012

မနောမြေမှ ကျောင်းသားတပ်မတော် အပိုင်း ( ၁ )...

မနောမြေမှ ကျောင်းသားတပ်မတော် အပိုင်း ( ၁ )

by Nang Aung Htwe Kyi on Sunday, March 11, 2012 at 2:33pm ·
          မငယ်ရေ စာရေးပါဦးတဲ့ ။ ABSDF - NB မြောက်ပိုင်း ကျောင်းသားတပ်မတော် မှ ဘယ်လို လွတ်မြောက်လာလဲ ဆိုတာတဲ့ ။မှတ်တမ်း   အနေနဲ့ သိခြင်ပါတယ်တဲ့... ဆိုတော့ ကြိုးစားပြီးရေးလိုက်ပါတယ် ။ စာရေးဆရာ မဟုတ်တော့အရှေ့အနောက် ဟိုရောက်ဒီရောက် ဆိုရင်လဲ သီးခံပြီးသာ ဖတ်ကြပါတော့ ။

           အီးတီ ကပြောလာပြန်ရော .. လွမ်းစရာလေးတွေရေးဦးလေတဲ့ ... လွမ်းစရာဆိုတာ မငယ်တို့ ကျောင်းသားရဲမေဘဝမှာ ကြုံဆုံခဲ့တာ  တွေ ၊ ပျော်ရွှင်ခဲ့ကြတာလေးတွေ .. ဆိုးခဲ့ ဂျီကျခဲ့ကြတာတွေ .. ဒါတွေဟာ ခုချိန်မှာပြန်စဉ်းစားကြည့်တော့ လွမ်းစရာတွေပေါ့ ၊ ဆိုတော့ အီးတီ  က အေဘီ မြောက်ပိုင်းကကျေင်းသားရဲမေ ဘဝက ထင်ရှားတဲ့ဖြစ်ရပ် တချို့ ကိုဝေငှခံစားစေခြင်တယ် ထင်လို့လွမ်းစရာအ  ဖြစ်လေး တွေ ရေးလိုက်ပါတယ် ။

            အီးတီဆိုတာ ပဒူ ၅ ကောင်ထဲကတကောင်ပေါ့ ။ ရှင်းပြမယ်နော် ။ မငယ် တို့ ABSDF - NB မှာရဲမေတွေထဲမှာ ကလေး၅ယောက်     အုပ်စုလေးတစုရှိတယ် ။ ၁၆ နှစ်အရွယ်တွေပေါ့ ။ သူတို့ကို မငယ် နဲ့ အသေးလေး ( စိုးစိုးလွင် - အငယ်ကလေးတွေအခေါ် မမလေး ) က ပဒူ ၅ ကောင် လို့ခေါ်တယ် ။ သူတို့က နန်းစော ၊ သင်းသင်းညီ ၊ ထက်ထက် ၊ အေးအေးမြင့် ( အီးတီ )၊ အေးအေးသန်း ( အမ်း ) တို့ပေါ့ ။  သူတို့ ပဒူ ၅ ကောင်နဲ့ အမြဲ တတွဲတွဲ နေတာ မငယ်နဲ့ အသေးလေးပေါ့ ။ ဆိုတော့ မငယ်၊အသေးလေးနဲ့ ပဒူ ၅ ကောင် တို့ရဲ့ သံ ယောဇဉ်ကြီးတာဟာ ရှင်းပြလို့တောင်မရနိုင်ဘူးလေ ။ ရဲဘော်ရဲဘက်သံယောဇဉ် နဲ့ မောင်နှမသံယောဇဉ် ပေါင်းစပ်ထားတော့ စာနဲ့ရေးချ   ပြလို့ မရဘူးပေါ့ ။ မငယ် က ကလေးဘိုလုပ်တယ် ။ နောက်တယ် စတယ် ။ သူတို့ဆိုးလို့ စကားနားမထောင်ရင် ကိုယ်ကလည်း စိတ်မ ထင်ရင် ဆော်ထဲ့လိုက်ရော ။ နန်းစော အခံရဆုံးထင်တယ် ။

            ပဒူ ၅ ကောင်ကလဲ နေ့စဉ်နေ့တိုင်းအချင်းချင်း လှည့်ပတ်ရန်ဖြစ် ငြင်းခုန်ရောဘဲ ။ ပြီးရင်တိုင်ပြီ ။မမလေး မမငယ် သင်းသင်း  ကဒါလုပ်တယ် .. ဟုတ်ဘူးနန်းစောက စတာ .. အီးတီကလဲ သူ့အသံစူးစူးနဲ့ အသံကုန်အော်ဟစ်ငြင်း .. ထက်ထက် ကတော့ ဝင်မပါ ပွဲ ကြည့်ပရိသတ် .. အမ်း က တော့ရီနေတာ များတယ် .. ပြီးရင်လက်ကလေးချိုး က ပြီးရန်ပွဲထဲ ကထွက်လာ တခွိခွိနဲ့ရီ ။ အဲ့ဒါနေ့စဉ်ပုံ    မှန်ဖြစ်နေတာ ။ ပြီးရင်အမြဲ တတွဲတွဲ ၊ ခွဲပြီးတော့လဲ မနေနိုင်ကြဘူး ။ ၇န်ဖြစ်ပြီး အဆောင်ထဲဝင်လာကြ ။ ရန်ဖြစ်ပြီးအဆောင် ထဲကပြန် ထွက်သွားကြ ။ သူတို့အချင်းချင်းသာ ရန်ဖြစ်မယ် ။ ကြားလူအဝင်မခံ အပြောမခံ ။ တယောက်ကိုတယောက် ကူညီတယ် ။ တယောက်ကိုတွေ့ရင် တပြုံကြီးတွေ့ပြီဘဲ ။ ညအိပ်တော့လဲ တခန်းထဲမှာ စုအိပ်တယ် ။ ညတိုင်း အိပ်ယာထဲအထိ ငြင်းခုန်နေတတ်လို့   အသေးလေးက အိပ်ကြဖို့အော်ရတယ် ။

             မငယ်နဲ့အသေးလေးနဲ့ အတူအိပ်တယ် ။ နောက် ခင်ရွှေလိုင် ( ယခု ABSDF ဥက္ကဌ သံခဲ ရဲ့အမျိုးသမီး ) ၊ ဂျုဂျူး ( မာမာ   ထွန်း - ဂျိုးလင်းပြာစာစောင် နဲ့ သံချောင်း အမျိုးသမီး )၊ လုမိုင်၊ ခါးတောင်၊ စန်းစန်း၊ ခင်ချိုဦး ၊ဒေါ်သောင်းလှ။ ဘောက်မိုင် (ဆေးဆရာမ)၊ အားယမ်တီး(ဆေးဆရာမ)၊ နောက် ကေအိုင်အေ ကနေရဲမေအင်အားဖြည့်ဖို့လွှဲယူခဲ့တဲ့ မအေး ။မနွယ် ၊ မသွယ် ၊ မငွေ ၊ မမူ ၊အေးမိစံ စ သဖြင့်ပေါ့လေ ။

             ကျောင်းသားရဲဘော်ထဲမှာဆို နောက်တန်းမှာရော ရှေ့တန်း မှာပါ အမြဲ အတူတူက ဘိုဘို( မိဘို- မိုးကျော်သူ )၊ ကျော်ခိုင်ဝင်း၊ စောမြအောင် ၊ ကိုစိန်သန်း ၊ ကိုလှထွန်း ၊ စသဖြင့်ပေါ့လေ ။စကြနောက်ကြနဲ့ ပျော်စရာတွေပေါ့ ။

              မှတ်မိသေးတယ်ကွာ.. လိုင်စင်မြေရဲ့ အေးမြတဲ့မနက်ခင်းတရက်ပေါ့ .. မင်းတို့ ပဒူ ၅ ကောင်ထဲကတကောင် မမငယ်နဲ့မင်း တို့မမလေး ကုတင်အောက်မှာ ထားထားတဲ့ ရေပုလင်းလာယူပြီး အိမ်သာသွားတာ .. မကြာပါဘူး အိမ်သာထဲကနေ အားဆိုတဲ့ အသံပြဲ  ကြီးနဲ့အတူ မမလေး ..  မမငယ် ဆိုပြီး အော်ဟစ် သံကြားတော့ ကိုယ်တို့တွေလဲ ထိတ်လန့်တကြားနဲ့ အိမ်သာထဲ ပြေးဝင်ကြည့်    တော့ ငိုအားထက် ရီအားသန်တဲ့အဖြစ် .. အိမ်သာထဲမှာ ပဒူတကောင် အိပ်ယာထကာစ ဆံပင်စုတ်ဖွားဖွားနဲ့ ငုတ်တုတ်ထိုင်နေပြီး ရေ  ပုလင်းနဲ့ ရေနံဆီပုလင်း မှားဆွဲသွားပြီး ရေနံဆီကို ရေအထင်နဲ့ အသုံးပြုလိုက်လေသတည်း ။ ရေးနေရင်းနဲ့တောင် ရီမိပါတယ် ။ အဲ့ဒီ  အဖြစ်က .. ရေချိုးပျင်းတဲ့ ပဒူတကောင် မနက်စောစော ရေနံဆီတန်ခိုး နဲ့ ရေချိုးလိုက်ရလေခြင်း ။ အိမ်သာထဲကနေ ရေချိုးတဲ့နေရာဆီ  သွားတဲ့ ပဒူတကောင်ပုံစံ .. လမ်းလျှောက်တာ ကားယားကားယားနဲ့ .. ဟားတိုက်ပြီးရီမိတယ် ။ သူကပြောတယ် မမငယ် ကအူပုတ်   တယ် တဲ့ ။ ဘာလို့ဆိုတော့ အဲ့ဒီဖြစ်ရပ်က ကေအိုင်အေ အထိပြန့်တာလေ ၊ ခု ဒီမှာရေးပြီဆိုတော့ ဘယ်အထိပြန့်မယ် မပြောတတ် ။   ခွင့်လွတ်ပါ ပဒူလေးရေ .. လွမ်းစရာလေးမို့ပါ ။ ရေနံဆီနဲ့ရေနဲ့ ကွာခြားချက် ခံစားမူ့လေး သိခြင်လို့ရှင်းပြပါဦး ပဒူလေးရေ ။

                    မငယ် ရဲမေဖြစ်ကာစက တချို့ရဲမေတွေက ရှေ့တန်းမှာလေ ။ နောက်တန်းဗဟိုမှာ အသေးလေး ၊ နန်းစော ၊ဒေါ်သောင်းလှ၊  အီးတီ ၊ ခင်ချိုဦး ၊ လုမိုင် ၊ ဘောက်မိုင် နဲ့ အားယမ်တီး ကကေအိုင်အေ မှာ ဆေးသင်တန်းတက်နေတော့ တခါတလေ ဗဟိုပြန်လာတယ် ။ အဲ့ဒီအချိန်က မငယ်တို့ ရဲမေဆောင်မှာ နေဝင်းစိုး ဆိုတဲ့ ခွေးလေးတကောင်ရှိတယ်လေ ။ ခွေးကလေးကိုတော့ ရဲမေတွေသိပ်ချစ်ကြတယ် ။ ခွေး နာမည်ကိုတော့ချစ်တာ မဟုတ်ဘူး ။ ခွေးနာမည် နေဝင်းစိုး ပေးခဲ့တာ အမှတ်စဉ် ၁ ကရဲမေတွေလေ ။ နေ ဆိုတာ နေဒွန်း (ယခု USA) ဝင်း ဆိုတာ မျိုးဝင်း ၊ စိုး ဆိုတာ မြင့်စိုး ခေါ် သံချောင်း(ပြည်တွင်း ထောင်ဒဏ် ခံနေရစဲ) ပေါ့ ။ ခွေး ကလေးကတော့တအားချစ်ဖို့ကောင်းပါ  တယ် ။

                  မငယ်တို့ ABSDF-NB ဟာ စတင်ဖွဲ့စည်းကာစအချိန်ဆိုတော့ စစ်စည်းကမ်းတအားတင်းကြပ်တယ် ။ ရဲမေဆောင် ကိုခွင့်မပါ ဘဲဘယ်သူမှ မသွားမလာရဘူး ။ အထူးသဖြင့် ညနေ ၆ နာရီ နောက်ပိုင်း ပေါ့ ။ ရီးစား ထားရင် အလုပ်ကြမ်း ၊ ထောင်ဒဏ် ၊ ထိတ်တုန်းပေါ့ ။ မြောက်ပိုင်းကျောင်းသားရဲဘော် တွေလဲ ကေအိုင်အေ ကသင်ကြားပို့ချပေးတဲ့ စစ်ရေးသင်တန်းတွေကို တက်ရောက်အောင်မြင်ခဲ့ပြီး တကဲ့ စစ်တပ်အသွင် စနစ်တကျ ထူထောင်နိုင်ခဲ့တယ် ။ အဆင့်ဆင့် အမိန့်နာခံမူ့ရှိတယ် ။

                  ဆိုတော့ တရက်မနက်စောစောပိုင်းမှာ ခွေးကလေး နေဝင်းစိုး ကို ရှာမတွေ့ဘူး ။ မငယ်တို့ ဝါးခုတ်၊တိုင်ထမ်း အာသံကုန်း (လူသတ်ကုန်း) ဘက်သွားတိုင်း နေဝင်းစိုး အမြဲလိုက်နေကြလေ ။ ခွေးပျောက်ရှာတာ နောက်မှသိရတာက ကျောင်းသားသင်တန်းဆရာ   ကိုခိုင် တို့ ညကြီးလာပြီး ခွေးလေး နေဝင်းစိုး ကိုသတ်စားလိုက်ကြတယ်လေ ။ မငယ် တို့နောက်တန်းမှာရှိနေတဲ့ ရဲမေတွေအားလုံး စိတ်မ  ကောင်းတွေဖြစ် ၊ မျက်ရည်ကျ ၊ ဒေါသတွေထွက်ပေါ့ ။ သံချောင်းတို့ မျိုးဝင်းတို့က ဒါကြတော့ အရေးမယူပေးဘူး ။ ဒါပေါ့ ခွေးက သူတို့နာ မည်တွေနဲ့ မှည့်ထားတော့ သဘောပေါက်ပေါ့ ။

                    ရဲမေတွေနဲ့ သင်တန်းဆရာတွေနဲ့ရန်ဖြစ်ပြီ ။ ငါတို့ခွေးနင်တို့သတ်စားရင် နင်တို့ဝက် ငါတို့သတ်စားမယ်ပေါ့ ။ စိန်ခေါ်ခြင်း ပေါ့ ။ အဲ့ဒါနဲ့ဘဲ ရဲမေနှစ်ယောက် တပ်ပိုင်ဝက်ကို ရှေ့တယောက်ကကြိုးနဲ့ဆွဲ နောက်ကတယောက်က ဝက်ဖင်တွန်း နဲ့ စစ်ရေးလေ့  ကျင့် ကွင်းကနေ ဖြတ်ကျော်ပြီး အောင်မြင်စွာ ဘဲ ဝက်ကြီးကို ရဲမေဆောင် ခေါ်ဆောင်နိုင်ခဲ့တယ် ။ တတပ်လုံးက ဝက်နဲ့ ရဲမေ လုံးပန်းနေ တာ ကြည့်ပြီး နင်တို့ရဲမေတွေ ဝက်မသတ်ရဲ ပါဘူးပေါ့ ။ ဒီဘက်က ရဲမေတွေကလဲ အညံ့မခံ အရူံးမပေး စိတ်ဓါတ်နဲ့ ဝက်သတ်မူ့ကြီးကျုး   လွန်မိပါတယ် ။ ဆေးကျောင်းတက်နေတဲ့ အားယမ်တီးက ဒီမှာထိုးရတယ်ဆိုပြီးချက်ကောင်း လုပ်လိုက်မှဘဲ အဆုံးသတ်တော့တယ် ။

                    ဆိုတော့ နောက်နေ့ လူစစ်တန်းစီမှာ ညအချိန်မတော် ရဲမေဆောင် သွားတဲ့ရဲဘော်နဲ့ ဝက်သတ်တဲ့ရဲမေထွက်ဆိုတော့ အားလုံးဘဲ ဒုတ်နဲ့တင်ပါး နှစ်ပါးသွားကြရပါတယ် ။

           အဲဒါနဲ. မရှေးမနှောင်းမှာပဲ မငယ်တို.ရဲ. ရဲမေဆောင်ကို ရဲဘော်အချို. ရှေ.တန်းကပြန်လာတော့ လာလည်ကြတယ်၊ အတွေ.အကြုံတွေ ပြောကြ ဆိုကြနဲ. ကျောင်းသားရဲဘော်တစ်ယေါက်က ပွတ်ချွန်းလိပ်တော့  မငယ်လဲ ယူပြီးလိပ်ကြည့်တယ်၊ ပြီးတော့ တစ်ဖွာ နှစ်ဖွာ လုပ်ပြီး ချာတိတ်ကိုပေးလိုက်တယ်၊  အဲ မကြာပါဘူး နောက်နေ.လူစစ် တန်းစီမှာလေ နာမည်ခေါ်ပြီးအပြစ်ပေးတာ မဟုတ်ဘူးနော်၊ ပြောတာက “ရဲမေထဲက တစ်ယေါက် မနေ.က စည်းကမ်းဖေါက်တယ်ပေါ့ဆိုပြီး ဆေးလိပ်သောက်တဲ့ရဲမေရှေ.ထွက်”  ဆိုတော့ ဟာ သေရော ….. သွားပါပြီ…… လူစစ်တန်းစီနေတဲ့ လိုင်းထဲကနေ ရှေ.ထွက် တစ်နှစ်သုံးတစ် လုပ် ညာလှည့်၊ တစ်နှစ်သုံးတစ် လမ်းလျှောက်… ဟုတ်ကဲ့ စခန်းမှူးရှေ.ရပ်…… အပြစ်ရှိလား …. ဟုတ်ကဲ့ရှိပါတယ်……. အသံပြတ်ပြတ်နဲ.ပြန်ဖြေ၊ လက်နှစ်ဖက် အရှေ.ဆန်.တန်း၊ သတိအနေအထားဆွဲ၊ အသင့်ပြင်ထား၊ တင်ပါးပေါ်ကျလာမယ့် ၀ါးလုံးစိမ်းကို စောင့်နေလိုက်တယ်။ လာပါပြီ၊ ဂွမ်းကနဲ    နာလိုက်တာ (၃) ချက် တစ်နေရာထဲ ထိထိမိမိပဲ၊ သင်တန်းဆင်းပြီးကထဲက အရိုက်မခံရတာ၊ ရဲမေဘ၀မှာ ပထမဦးဆုံး စားရတဲ့ အီကြာကွေး၊ နင့်နေရော။ မှတ်မှတ်ရရပဲ။ မှတ်မှတ်ရရလို.ပြောတာနော် အမှတ်ရှိသွားတယ်လို. ပြောတာမဟုတ်ဘူး။

          အဲလိုရိုက်လို.နာရင် ရိုက်နေတဲ့အချိန် တင်ပါးကို လက်နဲ.မပွတ်ရဘူး၊ ပွတ်ရင် ပွတ်တဲ့လက်ပါ ခံသွားရမယ်၊ အီကြာကွေး သုံးချောင်းစားပြီး စခန်းမှုးကို သတိဆွဲ၊  အလေးပြု၊ တစ်နှစ်သုံးတစ် ညာလှည့်၊ လမ်းလျှောက် တန်းစီနေတဲ့ လိုင်းထဲပြန်ဝင်၊ အေးဆေး သက်သာ တန်းဖြုတ်၊ အမလေး အခုမှပဲ တင်ပါးပွတ်ခွင့်ရတော့တယ်။ တင်ပါးကို လက်နဲ.ပွတ်တဲ့အထိ မျက်နှာက စပ်ဖြည်းဖြည်း၊ ပြီးတော့ ရဲမေဆောင်ထဲပြေးဝင် အိပ်ယာပေါ်မှောက်အိပ်၊ အရိုက်ခံရတဲ့နေရာကို ရေနွေးပုလင်းနဲ.ကြိတ်၊ အမှတ်ကတော့ မရှိကြပါဘူး။

          ဒီတစ်ခါတော့ နောက်တန်းမှာ ရှိနေတဲ့ ရဲမေအားလုံးတစ်ယေါက်မကျန် အရိုက်ခံရတဲ့ပြစ်မှုတစ်ခုကို စုစည်းပြီး ပျော်ပျော်ပါးပါး ကျူးလွန်ကြပါတယ်၊ အဖြစ်ကဒီလိုပါ ။

          နောက်တန်းမှာရှိနေတဲ့ ရဲမေတွေ မငယ်၊ မလေး၊ နန်းစော၊ ခင်ချိုဦး၊ ဒေါ်သောင်းလှ၊ ET၊ လုမိုင်၊ (သင်းသင်းပါလားမပါလား သတိမရတော့ဘူး)။ တရုတ်ရွာ ရှားဟော့ပါ သွားဖို.စခန်းမှူးဆီခွင့်တောင်းပြီး သွားကြတာ၊  လိုင်စင်ကနေ ရှာဟော့ပါဆိုရင် တောင်အဆင်းကြီးပဲ ပြေးဆင်းသွားကြတာ၊ ရွာရောက်တော့ KIA ဒူးဝါးတစ်ယေါက်အိမ်မှာ ဟိုစားဒီစားနဲ. နောက်တော့ ဆပ်ဖီသောက်ကြရော ။ ဆပ်ဖီဆိုတာ ကောက်ညှင်းနဲ.လုပ်တဲ့  ကဇော်ရည်တစ်မျိုးပါ၊ သောက်လို.အရမ်းကေါင်းတယ်၊ ချိုချဉ်စူးလေး၊ များများသောက်မိရင် မူးတတ်ပါတယ်။

          ဟုတ်ပါတယ်၊ အလကားရတိုင်း နင်းကန်ပိတ်သောက်ပါတယ်၊ သူကလေတိုက်ရင် ပိုမူးလာတယ်လေ၊ သောက်တုန်းတော့ ဘယ်သူမှ ဘာမှ မဖြစ်ကြဘူး။ အချိန်တန်လို. စခန်းကို ပြန်ကြတော့ လမ်းမှာ ရီဝေေ၀လေး စဖြစ်လာကြပြီ၊ တောက်လျှောက် လိုင်စင်စခန်းက တောင်တက်လမ်း၊ ဆေးရုံကုန်းကလမ်းက ဖြတ်လမ်းသုံးပြီး တောင်တက်ကြတယ်၊ မူးလာကြပါပြီ၊ ခင်ချိုဦး အန်ပြီ၊ ကျမ မငယ်မူးပြီ၊ အားလုံးလဲ မူးလာကြပြီ၊ ရီတီတီလေး ဖြစ်လာကြပြီ၊ ပျော်လိုက်ကြတာလေ၊ မငယ်က မူးလေ သီချင်းအော်ဆိုလေပေါ့၊ အော်ကိုဆိုတာ၊ ကျောင်းသားရဲမေတစ်စု သံပြိုင်သီချင်းဆိုပြီး အချိန်တန်တော့ ကျောင်းသားတပ်ပြန်ရောက်၊ ပျော်ကြတယ်ကွာ၊ ရဲမေဆောင်ရောက်။ နောက်တစ်နေ. မနက်တော့ လူစစ်တန်းစီမှာ ထုံးစံအတိုင်းပေါ့ ကျောင်းသားရဲမေများ ကျောင်းသားတပ်မတော်မှ ချမှတ်ထားသော စည်းကမ်းဖေါက်ဖျက်မှု၊ အပြစ်ရှိသော ရဲမေများထွက်လဲဆိုရော မငယ်တို.ကျောင်းသားရဲမေတွေ တစ်ယေါက်ပြီး တစ်ယေါက်ထွက်ပြီး အီကြာကွေးအစားခံလိုက်ကြရတာ တဆောင်လုံး ရဲမေကုန်ရော။ လူစစ်တန်းစီအပြီး ရဲမေတွေ တစ်ယေါက်မျက်နှာ တစ်ယေါက်ကြည့်ပြီး မျက်နှာပိုး သိပ်မသေဘူး။ တင်ပါးနဲ.လက်နဲ. ပွတ်နေကြတယ် အနာပြေအောင် လုပ်နေကြတာလေ။

          ကဲ ဝက်သတ်တဲ့ ရဲမေတွေထွက်၊ ဆေးလိပ်သောက်တဲ့ ရဲမေ ထွက်၊ ဆပ်ပီသောက်တဲ့ရဲမေတွေထွက်၊ ပြုံးမိတယ် ပြန်စဉ်းစားမိတယ်၊ အရိုက်ခံရလဲ ပျော်နေတာပဲ၊ ကိုယ်လဲလုပ်ချင်တာလုပ် သူတို.လဲ ရိုက်ချင်သလိုရိုက်၊ မငယ်ဆို စစ်သင်တန်းမှာ ဒုတ်ချက်ပေါင်း ၆၀ ကျော်နီးပါး အစားခံခဲ့ရတာ။ လွမ်းစရာပေါ့၊ ကြွားစရာမရှိ ကြံဖန်ပြီး မင်းသင်တန်းမှာ ဘယ်နှစ်ချက် အရိုက်ခံရလဲဆိုတာ ပြိုင်ကြသေးတယ်။ အံ့ပါရဲ. တို.များရဲ. ကျောင်းသားစိတ်ဓါတ်၊ ခပ်ပျော်ပျော်ပဲ၊ ဖြစ်လေရာဘ၀မှာနော်။

          အော် ကြုံတုန်း ဂုဏ်ယူစွာ ပြောလိုက်ပါရစေ၊ ABSDF မြောက်ပိုင်းကျောင်းသားတပ်မတော်မှာ သင်တန်းဆင်း သေနတ်ပစ်ပြိုင်ပွဲမှာ ဆုရတဲ့ ရဲမေ  နှစ်ဦးပဲ ရှိတယ်လေ၊ အဲဒါ နန်းစောနဲ. မငယ်။ အဲဒါကြောင့်ပဲထင်ပါတယ် ဒို.တွေကို ထောက်လှမ်းရေးဆိုပြီး စွပ်စွဲတာ၊ သေနတ်နဲ. ရင်းနှီးမှုရှိတယ် ဆိုပြီးတော့လေ။ ရဲဘော်တွေနဲ. တပြေးထဲ ပစ်မှတ်ချိန်ပစ်ရတာနော်၊ အရည်အချင်းခေသူတွေ မဟုတ်၊

          နောက်ပိုင်းအချိန်တွေမှာတော့ ရှေ.တန်းထွက်တဲ့ ရဲမေတွေ ပြန်ရောက်လာ၊ နောက်တန်းမှာ ရှိနေတဲ့ ရဲမေတွေနဲ. ပြောကြ ဆိုကြ ပျော်စရာကြီးပေါ့၊ ရဲမေတွေပါတဲ့ စစ်ကြောင်းဗျူဟာ (၂)  ဗန်းမော်စစ်ကြောင်းနော်၊ CS စစ်ရေးတာဝန်ခံ သံချောင်း ညာဖက်လက် ဆုံးရှူံးရတဲ့ တိုက်ပွဲ၊ အတွှေ.အကြုံတွေ အများကြီးပဲ။ ပြောနေ ရေးနေရင် ၀တ္ထု အရှည်ကြိး ဖြစ်သွားမှာ သေချာတယ်။

          မှတ်မှတ်ရရတွေထဲက မငယ်၊ မလေး၊ ET၊ နန်းစော၊ သင်းသင်းညီ၊ မိဘို (ခ) ဘိုဘို၊ ကျော်ခိုင်ဝင်း၊ စောမြအောင်၊ လှထွန်း၊ စိန်သန်း၊ ရာကွတ် နောင်ပါရာ စခန်းဗျူဟာ ၃ ပေါ့။ အဲဒီတုန်းက ET က မငယ်ရဲ. ယူနီဖေါင်းအကျီင်္ အိတ်ကပ်ထဲကို ပင့်ကူတစ်ကေါင်ဖမ်းပြီး ထည့်လိုက်တာ၊ ဘာပြောကေါင်းမလဲ အော်ဟစ်ခုန်ပေါက်ပြီး ထမင်းတောင် မစားနိုင်တော့ဘူး၊ တခြားဘာမှ မကြောက်ဘူး ပင့်ကူနဲ.ပတ်သက်ရင် လုံးဝမရဘူး၊ ကြီးကြီးသေးသေး၊ အဆိပ်ရှိရှိ မရှိရှိ၊ ET ရဲ. ထိထိမိမိ စလိုက်တာ မငယ်ထမင်းငတ်သွားခဲ့တယ်။

          ET ရယ်လေ မျက်နှာငယ်လေးနဲ.မမကြီးကို ဒီလိုမစတော့ဘူးနော်လို. တောင်းပန်တယ်၊ မငယ်ကို ET က တစ်ခါတလေ မကြီးလို.ခေါ်တယ်၊ သူများတွေ ခေါ်သလိုမျိုး မခေါ်ချင်လို.တဲ့၊ အားလုံးက မငယ်လို.ခေါ်တော့ နန်းစောက မမငယ်လို.ခေါ်တယ်၊ သူများတွေခေါ်ချင်သလိုမျိုး မခေါ်ချင်လို.တဲ့၊ ဘယ်လိုပဲခေါ်ခေါ် မငယ်ဟာ မငယ်ပါပဲနော်၊ လူအနည်းစုက ဘယ်လိုပဲ စွပ်စွဲ စွပ်စွဲ မငယ်ဟာ မငယ်ပါပဲနော်။

          ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်းက ကချင်နယ်မြေမှာ တည်ထောင်ခဲ့တော့ ကျောင်းသားရဲမေ ရဲဘော်တိုင်း ကချင်တိုင်းရင်းသားတွေလုပ်တဲ့ ခေါင်ရည်ကို အလကားရရင် သောက်ကြတာပါပဲ။ တစ်ရက်မှာ ET တစ်ယေါက် ဘယ်ကရတဲ့ ခေါင်ရည်သောက်လာလဲမသိဘူး၊ နောင်ရာပါမှာ သောက်ပြီးမူးပြီး ဂျီကျနေတော့ မငယ်က သူ.ကို ရေချောင်းထဲဆွဲနှစ်ထားတာ အမူးပြေအောင်လို.ပေါ့၊ ဒီလိုပဲလေ သူတို.မူးတော့ မငယ်ကပြန်ထိမ်းရတယ်၊ အပြန်အလှန်ပေါ့။ မငယ်က အကြီးဖြစ်ပြီး တစ်ရက်မှာ ဆပ်ဖီသောက်ပြီး မူးတော့ မှတ်မှတ်ရရ ညဖက်နဲနဲ အချိန်ရောက်နေပြီ။ အဲဒီနေ.က ပွဲရှိတယ်၊ အလကားရရင် အကုန်စား၊ အကုန်သောက်လေ ထုံးစံလိုဖြစ်နေပြီ။

          ဆပ်ဖီသောက်ရင် မူးတယ်ဆိုတာသိလဲ သောက်လို. အရမ်းအရသာရှိတော့ သောက်မိကြတာပါပဲ။ ဖျော်ရည်လေးလိုပဲလေ။ အဲဒီညက မငယ်မူးတော့ လုမိုင်ခမျာ သနားပါတယ်၊ မငယ် ယူနီဖေါင်းခါးပါတ်ကို သူ.ခါးပတ်နဲ. ဆွဲချိတ်ထားပြီး မငယ်ရေချောင်းထဲ မကျသွားအောင် သူဆွဲထိမ်းပေးနေရတယ်။

          သူ.အပြောအရဆိုရင် မငယ်ကမနေ.ည က အဲဒီရေချောင်းတံတားပေါ်မှာ လမင်းကြိးကိုကြည့်ပြီး စကားတွေစုံနေအောင်ပြောပြီး ငိုသတဲ့။ ပြန်မယ်ဆိုတာလဲ မပြန်ဘူးငြင်းလို. ခါးပတ်အပိုတစ်ချောင်းနဲ. သူ.ခါးပတ်နဲ. ချိတ်ထားပြီး ချောင်းထဲခုန်ချမှာကြောက်လို. တညလုံး မငယ်နားစောင့်နေရတာတဲ့ ကိုယ်ဖါသာတောင် ရှက်သွားမိတယ်။

          ငါဘာပြောလဲ လုမိုင်ဆိုတော့ ကျမလဲ မမှတ်မိတော့ဘူး၊ နာမည်တွေ ပြောပြောပြီး ငိုသတဲ့၊ တော်ပါသေးရဲ.လို. ဆိုရမယ်။ ကေါင်းကေါင်းသတိမရတာကိုပဲ။ ကိုယ်ကိုယ်တိုင်လဲ ဘာတွေများ ပြောမိလို. ဘယ်သူ.နာမည်တွေ ရေရွတ်ပြီး လွမ်းမိသလဲ၊ လမင်းကို ကြည့်ပြီး ဘာတွေစိတ်မကေါင်းဖြစ်လို. ငိုခဲ့သလဲ မသိ၊ မူးနေသကိုး။

          ခရီးတွေထွက်ရတော့ ခရီးစဉ်ထဲက တစ်ခုပေါ့လေ၊ ဗျူဟာ ၂ ဗန်းမော်ခရိုင်ဖက်ဆင်းတော့ ဆေးဆရာမ အားယမ်တီးလဲ ပါတယ်လေ၊ စစ်ကြောင်းတစ်လျှောက် စကားပြောလိုက် နောက်လိုက်ပြောင်လိုက်နဲ. ခရီးဆက်ကြတယ်။ မငယ်က ရေချိုးတာကြိုက်တယ်၊ဘယ်နေရာမှာ စခန်းချချ ရေချိုးဖို. နေရာလိုက်ရှာရတာ အမော၊ အဲဒီတုန်းက ညတော်တော်နက်မှ ရေချိုးဖို. အချိန်ရတော့ အားယမ်တီးနဲ. ရေချောင်းသွားဖို. တိုင်ပင်ပြီး သွားကြတာပေါ့။ ရေချောင်းရောက်တော့ တစ်ယေါက်မျက်နှာတစ်ယေါက်ကြည့်ပြီး အရမ်းညနက်နေပြီ ဘယ်သူမှ ရေချောင်းမှာ မရှိဘူး။

          ကဲ လုပ်လိုက်လေ ကြာသလားလို. လွတ်လွတ်လပ်လပ် ရေချိုးကြရအောင်ပေါ့လေ။ ပြောလို.ဆုံးရော အားယမ်တီးက မြန်တယ် ယူနီဖေါင်းချွတ်ပြီး ရေထဲဆင်းချသွားပြီ။ သိတယ်ဟုတ်၊ သဘောပေါက်၊ မငယ်တောင် ယူနီဖေါင်းအကျီချွတ်မလို. ပြင်နေတုန်း ကံကေါင်းချင်တော့ အချိန်မှီပဲ ရေချောင်းဟိုဖက် တရုတ်ကမ်းဖက်က တရုတ်တွေ ငါးဖမ်းဖို. မီးအိမ်လေးတွေနဲ. ဆင်းလာကြတာတွေ.တော့ မငယ်လဲ ရေချိုးမလို.ပြင်နေတာကို ရပ်ပြီး အားယမ်တီးကို သတိလှမ်းပေးလိုက်တယ် ရေထဲမှာ ငုံ.နေဖို.။

          အားယမ်တီးခမျာမှာတော့ တစ်ယေါက်ထဲ ရေချောင်းတိမ်တိမ်လေးထဲမှာ လရောင်ကလဲ လင်းထိန်လို. သူ.မှာလဲ အ၀တ်အစားမရှိ ဗလာ၊ တရုတ်တွေကလဲ ရေချောင်းထဲဆင်းလာ၊ မငယ်က သူ.ကိုပြန်ခေါ် သူကလဲ ရေချောင်းထဲက ထလာလို.မရ၊ လာနိုင်သလောက် ရေနဲ.ဖုံးကွယ်ပြီး လာရှာပါတယ်။ ရေကလဲ ခြေသလုံးတောင်မှ မမြုပ်တော့ အားယမ်တီးခမျာ လုံမလားထင်ပြီး မှောက်လို. . မငယ်ကလဲ သူ.ကိုအော်ပြီး မှောက်လိုက် မှောက်လိုက်လို. ပြောပါတယ်။ မပြောလို.မှ မဖြစ်တော့တာ လရောင်အောက်မှာ အကုန်ထင်ထင်ရှားရှားကြီးဖြစ်နေတာ၊ အားယမ်တီးလဲ မငယ် ကျမကို အကျီတွေယူပေးအုံးလို. အော်ဟစ်တောင်း၊ မငယ်ကလဲ ရယ်ကေါင်းကေါင်းနဲ. ရယ်နေတော့ မယူပေးနိုင်ဘူး သူ.ကိုပဲကြည့်ပြီး တဟားဟားနဲ. အော်ရယ်၊ အားယမ်တီးက ရေတိမ်တိမ်လေးထဲမှာ အားယားမှောက်ပြီး ပေါ်နေတဲ့ အစိတ်အပိုင်းတွေကို ရေနဲ.ပက်ပြီး လုံလေမလားလို. ဖုံးအုပ်၊ မငယ်ကတော့ ဘာမှ မကူညီနိုင်ပဲ ချောင်းစပ်ကနေ ခွက်ထိုးခွက်လန် အော်ရယ်နေတော့တယ်။ အားယမ်တီးရေစိတ်မဆိုးနဲ.နော် မင်းကိုကြည့်ရတာ ချောင်းထဲမှာ ရေဆေးငါးကြီးလိုပဲလေ၊ လရောင်အောက်မှာ ဆင်းဆင်းကြီး လဲနေတာ ရယ်ရတယ်လေ၊ အခုထိပဲ တွေးလိုက်ရင်။ အမှတ်တရလေးတွေပါ၊ လွမ်းပါတယ် အမှတ်တ၇လေးတွေ ရေးဖြစ်တာပါ။

          ပဒူတစ်ကေါင်အကြောင်း အမှတ်တရလေး ပြောပါရစေနော်၊ အဲဒီဗျူဟာ ၂ ဗန်းမော်ခရိုင် ခရီးစဉ်ပဲထင်ပါတယ်၊ တရုတ်ရွာဖက်မှာ စခန်းချတယ်လေ၊ ညဖက်ပေါ့၊ မငယ်တို. ရဲမေတွေလဲ အားလုံးစုပြီး အပေါ့အပါးသွားဖို. နေရာရှာကြတာပေါ့၊ အဲဒိဒေသက ရွာတွေမှာက အိမ်သာမထားကြဘူးလေ ထားစရာလဲ မလိုလောက်အောင် မြူနီစပယ် ၀က်တွေ ရှိနေတာကိုး။

          ဂဃနဏ မရှင်းပြပါရစေနဲ.နော်၊ အဲဒီရွာတစ်ရွာရဲ. ညတစ်ညပေါ့၊ မငယ်တို.ကျောင်းသားရဲမေတစ်စု အတူတူ တောထိုင်ဖို.နေရာကေါင်းရှာတော့ ဟုတ်ပြီ တွေ.ပြီ အားလုံးစုထိုင်တော့ မရွှေပဒူတစ်ယေါက် ရှည်လျားပြီး မငယ်တို.နဲ. မလှမ်းမကမ်း သွားထိုင်တယ်။ မသွားနဲ.လို. ပြောလဲမရဘူး၊ အဲဒီ ပဒူ ငါးကေါင်ဟာတစ်ခါတလေ သူတို.လုပ်ချင်တာ လုပ်တယ်၊ ပြောလို. ရချင်မှရတာ၊ အဲဒီတော့ အဲဒီ ဟာသဇတ်လမ်းလေး ပေါ်လာတာပေါ့။

          အဲဒီ ပဒူလေးဟာ သူ.နေရာသူသွားထိုင်တာ ယူနီဖေါင်းချွတ် သူကိစ္စသူရှင်းပေါ့၊ ထိုင်နေရင်း အမှောင်ထဲမှာ မျက်လုံးက ကျင့်သားလဲရရော အဲဒီပဒူလေး မဟာ့ မဟာ အမှားကြီးကို မြင်လိုက်ပါပြီ ။ သူ.ရှေ.မှာ သူမသွားခင်ထဲက ရဲဘော်တစ်ယေါက်က ထိုင်နေတာ။ သူသွားတော့ ဟိုရဲဘော်လေးကရှက်ပြီး ငြိမ်နေတာ။ သဘောပေါက်နော် မရွှေပဒူ ဘယ်လိုထိသွားလဲဆိုတာ။ ဟာသပေါ့ ။ မမေ့ဘူး။

          အဲ့ဒီအချိန်လေးတွေပြန်ရယူကြည့်ခြင်ပါတယ်။ တောထဲမှာ အနေဆင်းရဲခဲ့ကြပါတယ်။ဒါပေမဲ့ အဲ့ဒီအတွေ့အကြုံတွေဟာ ငွေပေးဝယ်လို့ မရတဲ့ အတွေ့အကြုံတွေလေ။တယောက်နဲ့တယောက် အနစ်နာခံတယ်။ကူညီတယ်။နောက်ကြ ပြောင်ကြနဲ့ ဘာနဲ့မှမတူဘူး ၊ ရဲဘော် ရဲဘက်စိတ်ဆိုတာလေ။ဖြတ် သန်းခဲ့တဲ့ ကာလတွေမှာ လွမ်းစရာတွေ ပြောလို့မှ ကုန်မှာမဟုတ်တော့ အီးတီ ရေ ဒီလောက်နဲ့ကျေနပ်ပါကွာ။ နောက်ပိုင်းတော့ ၁၂ရက်နေ့ ဖေဖော်ဝါရီလ ၁၉၉၂ ခုနှစ် ( ပြည်ထောင်စု နေ့ ) ရဲ့ ခံစားမှု တွေ ရေးသားတင် ပြပါ့မယ် ။

နန်းအောင်ထွေးကြည် ။
· · Share

  • 65 shares
    • Ah Yan ဗန်းမော်ခရိုင်ရွာတစ်ရွာမှာတည်သီးစားပြီးတစ်ညလုံးမငယ်ဝမ်းလျောခဲ့သေးတယ်လေး
      March 11 at 8:06pm · · 1
    • Ah Yan အိမ်သာမှာချော်လဲခဲ့တာတွေမှတ်မိနေတယ်လေ
    • မိုး စဲ မငယ်ရေ.. စာရေးဗျာ..စောင့်ဖတ်နေပါတယ်.
      March 11 at 8:35pm · · 1
    • Ah Yan မငယ်ကလက်ရေးလဲအရမ်းလှတယ်ရုပ်ပြောင်လဲတော်တယ်မြောက်ရုပ်လုပ်လဲတူတယ်ကျမ မငယ်ကိုအရမ်းတော်တဲ့သူလို့ကင်မွန်းတပ်ချင်ပါတယ်အတူနေခဲ့ရတဲ့အချိန်တွေကိုလွမ်းရပါတယ်လေး ပြီးတော့မငယ်ရဲ့လက်စွပ်ကိုလဲတရုတ်ဝက်သားသည်ဆီမှာလဲနှိမ်ဈေးနဲ့ရောင်းခဲ့ရသေးတယ်အခုပြန်စဉ်းစားကြည့်လိုက်ရင်မလည်မ၀ယ်နဲ့ရောင်ရပြီးရောနဲ့တရုတ်တွေကြားမှာလိုက်ရောင်းခဲ့တာမှတ်မိသေးတယ်မငယ်ရေ့
      March 11 at 8:49pm · · 2
    • Khin Nyein Thit I like your artical.
    • Min Tharr အော် တည်သီးစားပြီးတော့ ပန်းမမဖြစ်ခဲ့သေးတာကိုး
    • Aye Aye Soe Win They did not even spare a little pet dog...What is the condition of soul and heart of those who killed a pet of their fellows?
      March 12 at 1:43am · · 2
    • Khine Khine Saw Lwin မငယ်ရေ. .. ET ကို မမြင်ဖူးပေမယ့် သူ့သမီးလေးနဲ့ ဆုံဖူးတယ်။
    • Nang Aung Htwe Kyi ET သမီးလေးနဲ့မဆုံဖြစ်သေးဘူး။ ETနဲ့နောက်ဆုံးတွေ့တာ ၂၀၀၉ ချိန်းမိုင် မှာ။ မင်းဌေးနဲ့ ပါတွေ့လို့ မျိုးဝင်းဘယ်လိုသေလဲဆိုတာ တိတိကျကျပြောသွားသေးတယ်။ကိုရဲ အရမ်းပိန်သွားတယ်နော်။
    • Khine Khine Saw Lwin ဟုတ်တယ်မငယ်ရေ။ ပခုက္ကူထောင်ကို ရောက်ကထဲက လွတ်လာတဲ့ အထိအဲဒီလိုဖြစ်တာ။ ထောင်ဆရာဝန်က အရောင်ပါတဲ့ စားစရာဘာမှစားလို့ မရဘူးပြောလိုက်တာ၊ ခုထိ စွဲနေတယ်။ အသားငါးကို ဆနွင်းမှုန့်နယ်ထားရင် မစားဘူး။ ရေလုံပြုတ်တွေပဲ စားနေတာ။ ဖြစ်ရင် ဆေးကုမယ်၊ စားပါဆိုလဲမစားရဲဘူး။ အာဟာရမပြည့် သလိုဖြစ်နေယ်။ မငယ်လဲ သူနဲ့ဆုံရင် ပြောပါအုန်းနော်၊
    • Moe Lay ညီမငယ် ဖတ်ပြီးတယောက်ထဲအော်ရယ်နေမိတော့တာဘဲ။ ဆက်ရေးပါအုံး။ ပဒူကောင်တွေက ပိုရယ်ရတယ်။
    • Flygon Thapyay မမငယ် မှုးရင်မလွယ်ဘူနော်.. ခံစားချက် အတော်ပါတယ်... ဟီးဟီး အခုလည်း ဒီလိုဘဲလား...... ချီယား..
      March 12 at 7:17pm · · 1
    • Nang Aung Htwe Kyi ဟေး ချာတိတ် . မနောက်နဲ့ . ပဒူတုတ်ရင် မင်းအတောင်ပြုတ်သွားမယ် ..
      March 12 at 7:22pm · · 2
    • Moe Lay ညီမငယ် အခုရောသောက်ဖြစ်သေးလား။ မူးပြီး ရစ်တာတော့သဘာဝကျပါတယ်။ ရွှေကိနဲ့ တော့တူသွားတာပေါ့ ဟဲဟဲဟဲ။
    • Nang Aung Htwe Kyi မသောက်တော့ဘူးလေ..
      March 12 at 7:44pm · · 1
    • Nang Aung Htwe Kyi ချာတိတ် .. ဒါ ဒို့ အမ .. ဒုက္ခ ပါလားနော်
      March 12 at 8:05pm · · 1
    • Lily Htut ama sat yayy per shin... arr pay nay per tel ... Love u!
    • Lily Htut u look the same Tint Tint Tun.
    • Nang Aung Htwe Kyi Thank u n love u back . Who is Tint Tint Tun?
    • Khin Yu Yu တင့်တင့်ထွန်းထက်တောင်ပိုကြည့်ကောင်းပါတယ်။တင့်တင့်ထွန်းဆိုတာ ကျနော်တို့ ငယ်ငယ်က နာမည်ကြီးမင်းသမီးပါ။ ကိုယ်လုံးလှတယ်လို့ နာမည်ရတယ်။မမက ပိုကြည့်ကောင်းပါတယ်။
      March 15 at 2:34am · · 2
    • Htay Thanhtwaykyu
      လာဖတ်သွားတယ်မငယ်ရေ မြောက်ပိုင်းကရဲမေလေးတွေအကြောင်းအခုလို ချစ်စရာဓလေးလေးတွေ အတွေ့အကြုံလေးတွေ ဖတ်ရတာ ကြည်နူးမှုတွေ ကူးစက်စေပါတယ် ဒါပေမယ့် တန်းစီချိန် အပြစ်ရှိသူကို ရိုက်တာကတော့ လုံးဝမတူဘူး ကျမတို့မင်းသမီးစခန်းမှာ အဲလိုသာ တပ်မှူးက ရဲဘော်ကို အပြစ်ရှိလို့ ရိုက်ရင်တော့ ကွင်းလည်မှာပဲ ပြန်နဘမ်းလုံးမလားပဲ အပြစ်ပေးတာတွေတော့ရှိပါတယ် မြက်နှုတ်တာတို့ရေခပ်ခိုင်းတာတို့လိုပေါ့ ရိုက်တာမပြောနဲ့ အော်တောင်မအော်ကြပါဘူး သင်တန်းမှာဆိုရင်လည်း ကျမတို့ မီးကျောင်းတွားနဲ့ ဒိုက်ထိုးခိုင်းတာပဲ ခံရပါတယ်
    • Nang Aung Htwe Kyi
      စစ်တပ်တခုရဲ့ စစ်စည်းကမ်းချမှတ်ချက်တွေကွာမှာပေါ့။ မြောက်ပိုင်း ရဲမေတွေမှာ ရှေ့တန်းထွက်ပြီး စစ်အစိုးရကို ခြုံခိုတိုက်ကြရတဲ့ ၊ လက်နက်အပြည့်အစုံကိုင်ဆွဲပြီး စစ်တိုက် ထွက်ကြရတဲ့ ရှေ့တန်း အတွေ့အကြုံတွေရှိတယ်လေ။ စစ်သားတယောက်ဖြစ်လာရင် အမိန့်နာခံရမှာပေါ့။ on duty မှာ ယူနီဖောင်းသေသေသပ်သပ် အမြဲဝတ်ဆင်ထားရပြီး off duty မှာတော့ ကိုယ့် သဘောပေါ့။ ပျော်ဖို့ လွမ်းဖို့အရမ်းကောင်းသလို ဘာမဟုတ်တဲ့ ပါဝါ အာဏာ၇ှုးပြီး တဖက်စွန်းကျတဲ့ အညှိုးကြီးတဲ့ ခေါင်းဆောင် အနည်းစုကြောင့်သာ ရင်နင့်ဘွယ် အဖြစ်တွေဖြစ်ပွားခဲ့ကြ ရတာပါ။ရိုးသားဖြုစင်တဲ့ အောက်ခြေပိုင်းက ကျောင်းသားရဲဘော်တွေနဲ့ အာဏာရူးတဲ့ ခေါင်းဆောင်ပိုင်း ခွဲခြားမြင်ပေးပေါ့နော်။
    • Thu Rein Tun မြင်ပါတယ်ဗျာ။၈၈မှာလူတိုင်းနီးပါးမြို.ပေါတော်လှန်ရေးလုပ်ဖူးကြပေမဲ.လူတိုင်းတောထဲမရောက်ပါဖူး။အားလုံးစွန်.လွတ်ပြီးမှတော်လှန်ရေးနယ်မြေရောက်ကြရတာ။လေးစားပြီးသားပါ။Ambush အတွေ.ကြုံ၊ရှေ.တန်းအတွေ.ကြုံတွေစိတ်လိုလက်ရရှိတဲ.အခါရေးပါဦးဗျာ။
    • Thu Rein Tun အပိုင်း(၁)ကိုဆွတ်ပျံ.ဖွယ်အောင်၊(၂)ကိုရင်ဘတ်ကြပ်အောင် ၊ခံစားရအောင်နလုံးသွေးဖြင်.ရေးဖွဲ.နိုင်ပါပေတယ်။ဒါနဲ. ၈လေးလုံးအပြီးရန်ကုန်စူနီရမ်ပတ်ရပ်ကွက်ထဲကနေတောခိုသွားတဲ.ကျောင်းသူလေးတစ်ယောက်အကြောင်းကနေသမိုင်းမှတ်တမ်းရုပ်ရှင်လေးတစ်ကားလောက်ရိုက်ဖြစ်ရင်သိပ်ကောင်းမှာဘဲ။လူကက်ဆက်အခန်း။သန်းဂျီးမအခန်းတို.ဆိုအကယ်ဒမီရလောက်တယ်။ဇတ်လိုက်အစုံအလင်အချစ်အလွမ်းဇတ်ကြမ်းတွေနဲ.။ဇတ်သိမ်းခန်းတော.ဘယ်လိုလာမယ်မှန်းမသိ။
    • Nang Aung Htwe Kyi ရန်ကုန် စူနီယမ်ပတ်အိမ် ကနေစထွက်တော့ တိတိကျကျ ဆိုရင် ဒို့ကျောပိုးအိတ်ကို ကိုသားကြီး (ဝေလင်း) ရုပ်ရှင်မင်းသားကြီးဦးအောင်လွင်သား ကိုယ်တိုင်ထမ်းပြီး မန္တလေးကားဂိတ်ကိုလိုက်ပို့ပြီးနှုတ်ဆက် ခဲ့တယ်။မန္တလေးမှာ ကိုညီညီကျော်တို့နဲ့တွေ့တယ်။လားရှိုး မူဆယ်လမ်းကနေ တရုပ်ပြည် ရွှေလီသွားတယ်။အဲ့ဒီကနေပါဂျောင်-လိုင်စင်အထိ ကားလမ်းပေါက်တယ်။ ကိုအောင်မိုးဝင်း ရေးတဲ့ မြောက်ပိုင်းအရိုးတွန်သံ အားလုံးဖတ်ကြည့်နော်။
      May 16 at 4:45pm · · 3
    • Nang Aung Htwe Kyi ဇာတ်လိုက်အစုံအညီနဲ့ အချစ်အလွမ်းလုံးဝမရှိဘူး။ အဲ့ဒီလောက်မစွန်ဘူး။ ဇာတ်ကြမ်းကတော့ရာနှုန်း ပြည့်ဘဲ။ဇာတ်သိမ်းခန်းကတော့ ခု Sydney မှာလေ
      May 16 at 4:51pm · · 2
    • Kyi Moe let me share , thanks.
    • Kyi Moe waiting to part 2
    • Aung Naing ဒါ သမိုင်းတွေပဲ...အကုန် ရေးပေးကြပါ...။
    • Thiha Oo အစ်မက မရေးတတ်လို့ သည်းခံပြီး ဖတ်လို့သာပြောတာ...
      ရေးထားတာ အတော်ကောင်းတယ်... ကျွန်တော်တောင် ဖတ်ရင်းအစ်မတို့ ဘ၀တွေထဲကို ပါသွားသလိုပဲ။
      တစ်ကယ်တော့လည်း ဒါတွေဟာ drama သက်သက်မဟုတ်တဲ့ သမိုင်းမှတ်တမ်းတွေပါ....
      May 16 at 9:21pm · · 2
    • Thiha Oo အပေါ်က ကို Thu Rein Tun ပြောသလိုပဲ..
      ဖြစ်နိုင်ရင် Schindler's List, The Bridge on the River Kwai တို့လိုမျိုး သမိုင်း ကိုထင်ဟတ်စေတဲ့ မှတ်တမ်း ဇာတ်ကားကောင်းတွေ အနေနဲ့ ရိုက်ကူး ဖန်တီးသင့်ပါတယ်။
      May 16 at 9:24pm · · 3
    • KyawLwin San ဆက်လက်ရေးသားမဲ့ သမိုင်းမှတ်တမ်း များကို စောင့်မျှော်လျှက်ပါ..မငယ်..
    • Kyaw Gyi AB မငယ် ကျုပ်ပို့ တာထည့်မရေး နဲ့ လေ တရားခံ အစစ်ပေါ်သွားဦးမယ်
      May 19 at 12:03am · · 2
    • Nang Aung Htwe Kyi ဟဲ.. မေ့လို့ကိုညီကျော်ရေ့.. ရေးပြီးသွားပြီ ။ ပြန်ပြင်လို့မရတော့ဘူး။
      May 19 at 12:14am · · 2
    • Kyaw Gyi AB ဒါဆိုရင်လည်း ဂေါစတာ ကနေ သွားတဲ့အကြောင်း ထပ်မရေးနဲ့ 
    • Nang Aung Htwe Kyi ကျေးဇူး.. သတိပေးတာ.. ဘုန်းကြီးကျောင်းမှာ ပုန်းခဲ့တာနဲ့ ဟို အမကြီးအိမ် မှာ ခိုခဲ့တာတွေ မရေးတော့ဘူး။

No comments:

Post a Comment