Saturday, July 28, 2012

ရဟန်းသံဃာတွေကိုတောင်ထောက် လှမ်းရေးလို.စွပ်စွဲခံရတဲ့အကြောင်း

ABSDF မြောက်ပိုင်းမှာ ရဟန်းသံဃာတွေကိုတောင်ထောက် လှမ်းရေးလို.စွပ်စွဲခံရတဲ့အကြောင်း

by Baydar Lam on Saturday, July 28, 2012 at 9:15am ·
ABSDF မြောက်ပိုင်းမှာ ရဟန်းသံဃာတွေထောက်ကိုတောင် လှမ်းရေးလို.စွပ်စွဲခံရတဲ့အကြောင်း

ရဲမေ စိုးစိုးလွင် ရဲ. မိဘတွေက သူတို.သမီးကို ABSDF ကနေထွက်ခွင့်ရဖို.နဲ.အီမ်ပြန်ခေါ်ဖို.အတွက်ကျောင်းသားတပ်ကိုသွားခေါ်ရာမှာ သူ.မိဘတွေနဲ.အတူ သူတို.ဇာတိမိုးကောင်းက ဘုန်းကြီးတပါးကိုပါခေါ်သွားခဲ့ပါတယ်။အဲဒီမှာတင် ABSDF က အဲဒီဘုန်းကြီးကိုထောက်လှမ်းရေးလို.စွတ်စွဲပြီး သင်္ကံန်းဝတ် ကြီးနဲ.ရိုက်နက် နှိပ်စက်ပြီးသေမိန်.ချခဲ့ပါတယ်။ဘုန်းတော်ကြီးကိုသတ်ခါနီးမှာ သတ်မဲ့သူတွေက ဓါတ်ပုံထဲမှာပါတဲ့ ဘုန်းကြီး ဦးအိန္ဒြာစာရ ကိုသွားလျှောက်တော့ ဦးအိန္ဒြာစာရ ကချက်ခြင်း သံချောင်း ရဲ.တဲကိုလိုက်သွားပြီးပြင်းပြင်းထန်ထန်သွားရောက်အရေးဆိုရာမှာ အဲဒီဘုန်းကြီးကို သေဒဏ်ကနေလွတ်ငြီမ်းခွင့်ပေးခဲ့ပေမဲ့ဆက်ပြီးချုပ်ထားခဲ့ပါတယ်။ဒါပေမဲ့ ဦးအိန္ဒြာစာရက လွတ်အောင်ဆက်လက်ကြိုးပမ်းတဲ့အတွက် လွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီဘုန်းကြီးဟာ ကျောင်းသားတပ်ရဲ.ရိုက်နှက်နှိပ်စက်ခဲ့တဲ့ဒဏ်တွေကြောင့် စိတ်ဝေဒနာခံစားသွားခဲ့ရပြီး နောက်ပိုင်း မန္တလေးမြို.က မူလဆီးဘန်နီး ကျောင်းတိုက်မှာ သတင်းသုံးနေတာကို ဦးအိန္ဒြာစာရ ကတွေ.ခဲ့ပါတယ်။
နောက်တခါ နမ္မားက စုဆောင်းရေးနဲ.ပါလာတဲ့ ကလေးတယောက်ထွက်ပြေးမှုနဲ.ကျောင်းသားတပ်က လည်ပင်းဖြတ်သတ်လိုက်ပါတယ်။သေတဲ့သူရဲ.အမတွေကလိုက်လာပြီး ဆွမ်းသွတ်ချင်တယ်ဆိုလို. ဦးအိန္ဒြာစာရ ကဆွမ်းသွတ်ပြီးအသတ်ခံခဲ့ရတဲ့ အာဆမ်ကုန်းမှာ (ကျောင်းသားတပ်က လူကြီးဆိုတဲ့သူတွေမသိပဲ) အမျှဝေပေးခဲ့ပါတယ်။အဲဒီပြစ်ချက်နဲ. ဦးအိန္ဒြာစာရ ကိုထောက်လှမ်းရေးလို.စွပ်စွဲပြီးအရေးယူဖို.စီစဉ်နေချိန်မှာ ဆရာတော်က သံချောင်းတို. နေဒွန်း ပါတဲ့ဗဟို ကော်မတီဝင်များကို ထိုင်ပြီးရှိခိုးပြီး မင်းတို.တော့ ငါကြောက်ပါပြီကွာ ရှိကြီးခိုးပါရဲ.လို. ပြောလိုက်တော့ သံချောင်းနဲ.နေဒွန်းတို.က ထထွက်ပြေးကြတယ်။အဲဒီအချိန်မှာ ဆရာတော်ကတောင်အောက်ကိုဆင်းပြီးကားစီးဖို.လုပ်ပေမဲ.ကားမရှိတော့ လိုင်စင်အထိ ခြေလျှင်လျှောက်ပြီးကားစီးပြီးထွက်ပြေးခဲ့ရတယ်။ဆရာတော်ရဲ.နောက်က လဆိုင်းက လိုက်လာပါတယ်။ဆရာတော်က လဆိုင်းကို မင်း ငါ.ကိုထိရဲထိကြည့် ငါ.နောက်မှာ မန္တလေးက သံဃာတွေရှိတယ်လို.ပြောလိုက်မှ လဆိုင်း လည်းဘာမှမလုပ်ရဲပဲပြန်သွားခဲ့ပါတယ်။လိုင်စင်ရောက်တော့တရုပ်ကားပေါ်တက်ပြီး ချက်ချင်းမောင်းခိုင်းပြီးထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

                                                                             ဆမားညီညီ (OSC)
                                                                               ၂၇-၇-၂၀၁၂

ဦးအိန္ဒြာစာရ မူလက မိုးညင်းကဒီမိုကရေစီရေးအတွက် အကူအညီပေးခဲ့တဲံကျောင်းတကျောင်းကကျောင်းထိုင်ဆရာတော်ဖြစ်ပြီးနောက်ပိုင်း ABSDF (NB) ဘုန်းကြီးကျောင်းကကျောင်းထိုင်ဆရာတော်ပါ။ဆရာတော်နဲ.ကျောင်းသားတပ်ရဲ.အတွင်းရေးတွေကို ဖွင့်ချထားတဲ့ ဝံပုလွေများထံမှလွတ်မြောက်ခြင်းစာအုပ်ရေးသားသူ ဆမားညီညီတို.အမှတ်တရ
· · Share

No comments:

Post a Comment