Saturday, February 23, 2013

မြောက်ပိုင်းသုံးသပ်ချက် (၃)

မြောက်ပိုင်းသုံးသပ်ချက် (၃)မြောက်ပိုင်းဇတ်မှန်၊ ပေါ်စေငြား၊ သစ္စာပန်းများ ပွင်.ပါစေ။

by Aye Aye Soe Win on Tuesday, February 12, 2013 at 11:52am ·
 

နန်းအောင်ထွေးကြည်၏ အမေရိကားခရီး
ညီညွတ်မှုဖြိုခွဲဖို. ပထမခြေလှမ်း

မြောက်ပိုင်းကိစ္စအရှိန်မြင့်တက်လာတဲ့အချိန်မှာ စိတ်ဝင်စားဖို.ကေါင်းတဲ့ အမျိုးသမီးတစ်ယေါက် ပေါ်ပေါက်လာပါတယ်။
 မမိုးဆိုတာပါပဲ။ သူမ ဟာနေပြည်တော်အသိုင်းအ၀ိုင်းနှင့် အဆက်အသွယ်ကေါင်းသူ ဆိုတဲ့ နာမ၀ိသေသနာလေး နဲ. နန်းအောင်ထွေးကြည်ကို ကူညိဖို.ရောက်လာတာဖြစ်ပါတယ်။
အဲဒီအမျိုးသမီးဟာ သူမကိုယ်သူမ အသတ်ခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်ရဲ. ညီမ၀မ်းကွဲတစ်ယေါက်ဖြစ်ပါတယ်ဆိုပြီး မြောက်ပိုင်းကိစ္စမှာ ဦးဆောင်နေတဲ့ သူတစ်ချို.ကို မိတ်ဆက်လာပါတယ်။

သူမအမည်အပြည်.အစုံကကတော့ မမိုး (ခ) မမိုးအေးဖြစ်ပြီး ဂျပန်မှာနေထိုင်နေတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ တကယ့်အစစ်အမှန်မှာတော့ အဲဒီ. အမျိုးသမီးဟာ အသတ်ခံရတဲ. ကိုထွန်းအောင်ကျော်နဲ. မည်သည့်အမျိုးမှ တော်စပ်ခြင်းမရှိခဲ့ပါဘူး။
ဆွေမျိုးအသိုင်းအ၀ိုင်းခြင်းတော့ ရင်းနှီးသူတစ်ယေါက်သာဖြစ်ပါတယ်။အစပိုင်းမှာတော့ ကျနော်တို.တွေဟာ သူမကို ကိုထွန်းအောင်ကျော်ရဲ. ညီမ၀မ်းကွဲအနေဖြင့်သာ သိရှိထားခဲ့ပါတယ်။ ကျနော်တို.သာ မသိခဲ့ပေမယ့် နန်းအောင်ထွေးကြည်ကတော့ မမိုးအေးဟာ ကိုထွန်းအောင်ကျော်နဲ. အမျိုးမတော်စပ်ဘူးဆိုတာကို သိရှိနေခဲ့တယ်ဆိုတာကို နောက်ပိုင်းမှာ သိရှိခဲ့ရပါတယ်။

နန်းအောင်ထွေးကြည်ရဲ. အပြောအရတော့ မမိုးနဲ.သူဟာ လူချင်းမတွေ.ဖူးသေးပေမယ့် တော်တော်ရင်းနှီးသွားတယ်လို. ဆိုခဲ့ပါတယ်။ ဒါပေမယ့် မမိုးအေးဆိုသူဟာ မြောက်ပိုင်းကိစ္စတိုက်ပွဲစဉ်တစ်လျှောက်မှာ မည့်သည့်ဆွေးနွေးချက်၊ ရေးသားချက်တစ်ခုကို မှပါဝင်ဆွေးနွေးခဲ့ခြင်းမရှိခဲ့တဲ့ အပြင် သူမကိုယ်သူမလဲ လိမ်လည်မိတ်ဆက်ခဲ့သူ တစ်ယေါက်ဖြစ်ပါတယ်။ဘာဖြစ်လို. မမိုးအေးအကြောင်းကို ဖေါ်ပြရသလဲဆိုရင်တော့ သူမဟာ ယခုနန်းအောင်ထွေးကြည်ရဲ. ဆောင်ရွက်ချက်များကို အကြံပေး ဂိုက်လိုင်းချပေးနေသူ တစ်ဦးဖြစ်လို.ပါပဲ။

၂၀၁၂ ဧပြီလမှာပဲ နန်းအောင်ထွေးကြည်ဟာ အမှုကိစ္စ စတင်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် မမိုးကို မြန်မာပြည်ကို စေလွှတ်ခဲ့ပါတယ်။ တကယ်တော့ ဒါဟာ မြောက်ပိုင်းကိစ္စမှာ ပါဝင်ဆောင်ရွက်နေတဲ့သူများကို ပထုတ်ဖို.၊ ပြည်တွင်း မြောက်ပိုင်းပြန်များကို ထိမ်းချုပ်ရန်နှင့် ပြည်တွင်းမြောက်ပိုင်းပြန်များနှင့် ပြည်ပမှ အားပေးဝန်းရံနေသူများကို အဆက်ဖြတ်တောက်ပစ်ဖို.အတွက် နန်းအောင်ထွေးကြည်ရဲ. ပထမခြေလှမ်းဖြစ်ပါတယ်။

အထက်က ဆိုခဲ့သလိုပါပဲ မြောက်ပိုင်းကိစ္စ တိုက်ပွဲစဉ်တစ်လျှောက်လုံးမှာ ယုံကြည်ရလောက်သည့် မည်သည့်ဆွေးနွေးချက်။ ရေးသားချက်တစ်ခုမှ မရှိခြင်း။ လူခြင်းတွေ.ဆုံမှုမရှိသေးခြင်းနှင့် လိမ်လည်မိတ်ဆက်လာသူ မမိုးအေးအပေါ်တွင် နန်းအောင်ထွေးကြည်လို လူတကာအပေါ် သံသယနှင့် ပေါင်းသင်းဆက်ဆံတတ်သည့် လူတစ်ဦးမှ မျက်နှာလွဲရလောက်အောင် ယုံကြည်သွားသည့် အချက်ကိုလဲ စဉ်းစား၍မရသေးပါ။

မမိုးရန်ကုန်ရောက်သည့်အချိန်မှစ၍ ပြည်တွင်းရှိ မြောက်ပိုင်းပြန်များနှင့် ပတ်သက်သည့် အထူးသဖြင့် မစိမ်းစိမ်းသူ၊ ကိုညီညီကျော်။ ဆမားညီညီ။ ကိုမောင်မောင်။ မသင်းသင်း(ကိုချိုကြီးညီမ) အစရှိသောသူများ၏ မကေါင်းသတင်းများနှင့် ထိုသူများ မည်ကဲ့သို ညံ့ဖျင်းကြောင်းတွေကို နန်းအောင်ထွေးကြည်ထံမှ စတင်၍ကြားလာရပါတော့တယ်။ (စာထဲတွင် ဖေါ်ပြရန် မသင့်တော်သဖြင့် သိရှိလိုသော မြောက်ပိုင်းပြန်များ မတ်ဆေ့ခ်ျပို.၍ မေးမြန်းနိုင်ပါသည်၊)။ အမှုကိစ္စဆောင်ရွက်ရန် မဖြစ်နိုင်သည့် ဆင်ခြေများလည်း တောင်လိုပုံကာ ပေါ်ထွက်လာပါသည်။ထို.ထက်ပိုမိုဆိုးရွားသည့်အချက်မှာ မမိုးအေးနှင့် တွေ.ဆုံစကားပြောသည့် သူများ၏ အသံများ ပြောဆိုချက်များကို ခွင့်မတောင်းပဲ ခိုးယူ၍ အသံဖမ်းယူခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်တယ်။

နန်းအောင်ထွေးကြည်က မမိုးကို အသုံးချလိုက်သလား။ မမိုးက နန်းအောင်ထွေးကြည်ကို အသုံးချသလား။ သူတို. အချင်းချင်းပိုသိပါလိမ်.မယ်။ ပြောချင်တာက တော. နှစ်ယောက်လုံး ကို ယုံလို. မရနိုင်ကြောင်းပါပဲ။

ထို.အပြင် မမိုးနှင့် မြောက်ပိုင်းပြန်များနှင့် ပြောဆိုသော စကားဝိုင်းများတွင် အသံဖမ်းရုံတင်မက နန်းအောင်ထွေးကြည်ကိုယ်တိုင် Australia မှ တိုက်ရိုက်နားထောင်ခဲ့ခြင်းများရှိခဲ့ပါတယ်။
သူတို. နှစ်ယောက်မှာ ဘယ်သူ က ဘယ်သူ. ကို ကို အသုံးချလိုက်သလဲ။ မည်သည့်အချက်က မှန်သည်လဲမသိ။နှစ်ယောက်စလုံကတော. လုံးဝမရိုးသားပါ။

သို.သော် မြောက်ပိုင်းကိစ္စလမ်းကြောင်းမှာ ထိုစဉ်မှ စ၍ လမ်းကြောင်းလွဲချော်လာသည်ကို တွေ.မြင်နိုင်သလို. ပြည်တွင်းရှိ မြောက်ပိုင်းပြန်များနှင့် ပြည်ပမှ အားပေးဝန်းရံတိုက်ပွဲဝင်ပေးသူများ၏ ဆက်ဆံရေမှာ လည်း နွေးထွေးမှုပျောက်ဆုံးခဲ့ပြီး မြောက်ပိုင်းကိစ္စအပေါ်တွင် နန်းအောင်ထွေးကြည်၏ လုပ်ဆောင်ချက်များ၊ ပြောဆိုချက်များအပေါ်တွင် စိတ်ပျက်ရွံရှာမှုများသာ တိုးပွားလာခဲ့ခြင်းကိုသာ ခံစားတွေ.မြင်နေရပါတော့တယ်။

နန်းအောင်ထွေးကြည်ရဲ. အမေရိကားခရီးစဉ်မှ အပြန်မှာလဲ အမေရိကားရှိ မြောက်ပိုင်းကိစ္စအပေါ် ၀န်းရံဆောင်ရွက်ပေးနေသူများအတွင်း ဟိုလူနဲ. ပူးပေါင်းလုပ်ဆောင်နေသလို၊ ဒီလူနဲ. ပူးပေါင်းလုပ်ဆောင်နေသလို ဟန်ဆောင်အလုပ်တွေပဲပြနေပြီး သူတကယ်လုပ်နေတာက လူအချင်းချင်း တယောက်နဲ.တယောက်မယုံရသင်.ဘူး ဆိုတဲ. သံသယများဖြင်. နားလည်မှုကွဲလွဲပြီး အထင်မှား အမြင်မှားမှုများ ဖြစ်ပေါ်ခဲ့တာဟာလဲ အမှန်ပါ။
ဒီတော.-မကမဒမှာ ကိုး လ နေခဲ.သူ၊ ပန်းမြိုင်လည် ဥယျာဉ်မှူးကြီး ဆိုတဲ. ကိုထွန်းအောင်ကျော်ဆိုရင်လဲ နန်းအောင်ထွေးကြည်ရောက်စဉ်က သူ.အားလာမတွေ.ရကေါင်းလားဟု စိတ်ဆိုးဒေါမနဿများထွက်ပြီး စာထုတ်၍ နန်းအောင်ထွေးကြည်ကို ဆော်မယ်အထိဖြစ်ခဲ့လို. ၀ိုင်းဝန်းတားလိုက်ရတယ်ဆိုတာကလဲ တကယ်ဖြစ်ခဲ့ခြင်းပါပဲ။ အမှန်က နန်းအောင်ထွေးကြည်က ကျနော်တို. ကို အသုံးချခဲ.တာပါ။

နောက် ရေး မဲ. အပိုင်း(၄)  မှာ မမိုး ကတဆင်. ပြည်ထဲရေးဝန်ကြီး နဲ. နိုင်ငံခြားရေး ရုံးက ဘာပြောတယ်။ သူတို.စာတင်ထားတဲ. နေရာ နိုင်ငံခြားရေး ဌာ န မှာ လူ ၂ စု ကွဲနေပြီ။ အမှုက ဘယ်လိုဖြစ်နေပြီ။ ဘယ်လူကြီးက ဘယ်လိုပြောတယ်ဆိုတဲ. သူတို. ၂ ယောက် ၏ ထွင်လုံးတွေ၊ပြီးတော.-  နန်းအောင်ထွေးကြည် သူ လျှောက်ထားတဲ. ဗီ ဇာ နဲ. ပါတ်သက်ပြီး သံ ရုံး က သူ. ကို ဘာတွေ ခေါ်ပြောတယ်၊ စသဖြင်. သူတို.နှုတ်ထွက် ဗားရှင်းအတိုင်း ဆက်တင်ပြပေးပါ.မယ်။

မိုးကျော်
****************************************************************

သူတို. တမင် ရှောင်လွှဲခဲ.သော တရားစီရင်ရေး အဖြေရှာမှု သို.မဟုတ် လုပ်ရမဲ. နည်း ၊

methodology နည်းက တနည်းပဲ ရှိပါတယ်။ ဒီနည်းကလွဲ ရင် တခြားနည်း မရှိပါ။ ၂၀၁၂ ဧပြီ ကထဲ က နည်းအရ မူ အရ ဘယ်လို ဆက်သွားလျှင်ကောင်းမယ်ဆိုတာ နန်းအောင်ထွေးကြည်  သိအောင် လူတွေက ကောင်းစွာ၊ ဖြောင်.တန်းစွာ ကူညီပေးခဲ.ပါတယ်။ဒီနည်းကိုငြင်းပယ်ပြီး မရိုးမသားတွေတောက်လျှောက်လုပ်ခဲ.သူဟာ အစောကြီးကထဲက ဘယ်သူပါလဲ။

အောက်မှာ စာတစ်စောင်တွဲထားပါတယ်။ ၂၀၁၂ ဧပြီ လ ရရက် မှာ အလုပ်ပိုင်းအရ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ အတိအကျ ရှင်းထားပြီးသားဖြစ်ပါတယ်။ မြောက် အမေရိက က ကျမတို.လိုပဲ  တက်ကြွနိုးကြားသူ  လူတစ်ဦးမန္ဒလေး က ပို. လိုက်တဲ. အီးမေး မှာ သူတို. ဘာ လုပ်သင်.သလဲ၊ ဘာလုပ်ရမှာလဲ၊ နှစ်ခါထပ်မေးစရာမလိုအောင် လမ်းကြောင်း ဖေါ်ပြထားပြီးသားပါ။ ဤသူက  ရန်ကုန် နဲ. မန်း နှစ်မြို.လုံးမှာ တွေ.သင်.တဲ.သူတွေနဲ.တွေ. ရှိပြီး၊ တိတိကျကျ အကြံပေးခဲ.ခြင်း ဖြစ်ပါတယ်။

ထိုအချိန်မှာ အထက်က ဂျပန်က မမိုးဆိုသူ က နန်းအောင်ထွေးကြည်ကို တရားမ မှု နှင်.သာ စ စွဲ သင်.တယ် လို. အကြံပေး ခဲ.တယ်။ ဒီလို အဓိက မကျတဲ.နေရာမှာ  နှပ်ကြောင်းပေးခဲ.သူတစ်ဦးဟာ လုပ်ရမဲ. အလုပ်နဲ. လားလားမှ မဆိုင်တဲ. သာမညတွေနောက်ကို တမင် လိုက်နေလို. ကျမတို. နဲ. သိပ်မကြာခင်မှာ ထိပ်တိုက်တိုးခဲ.ပါတယ်။ကျမတို. လွှတ်လိုက်တဲ. လူကို နိုင်အောင်. လူဆိုပြီး  အလုပ်တွေ မအောင်မြင်အောင် လည်ဆယ် လုပ်ကြံ ပြောဆိုခဲ.ပါတယ်။ နန်းအောင်ထွေးကြည် လန်.တာက တကယ် အလုပ်လုပ်မဲ.သူတွေရှေ.ထွက်လာမှာ ပါပဲ။

မန်းမှ ရောက်လာသော အီးမေး---၂၀၁၂ ဧပြီ ရ ရက်

 --ကျနော် အလုပ်တွေကို ပြောတဲ့အတိုင်း
လုပ်ပေးတာပါ။ ဒီနေ. သေခြာ ရှေ.နေ အဖွဲ.နဲ.
တွေ.တယ်။ ခင်ဗျားတို. အောင်မိုးဝင်းနဲ.စကား ပြောပါ။
သူ ဘာ လုပ်ချင်လည်း
ဘယ်လို လုပ်ချင်လည်း
ဘာ စီစဉ်ထားလည်း
နောက် အခု မန္တလေးမှာ ရှိတုန်း ကျနော်.ကို တခြား ဘယ်သူတွေ နဲ. တွေ.စေ ချင်လဲ
သံခဲ အမျိုးသမီးကတော့ ညီညီကျော်၊
ညီညီတို. မန်း အုပ်စုကို စွဲ ထည့်နေတယ်
ဒီကိစ္စကို ၀င် မပြော ၀င် မရေးပဲ
အမူ ပြင်ဆင်ပြီး တာဝန်ရှိသူ အပြစ် ရှိသူများ သူ.ဟာနဲ. သူ
ရုံးမှ ရှင်းစေတော့၊
အခုက လူသတ်မှု ဖမ်းသီး နှိပ်စက် ငြင်းပမ်းမှု
ကိုပဲ ရဲမှာ တိုင်ချက်ဖွင့်မယ်
ဒီတော့ ထောက်လှမ်းရေး ဟုတ် မဟုတ်
ရှင်းစရာ မလိုပဲ
ငြင်းပမ်း နှိပ် စက်မှုမှာ တာဝန် ရှိသူ
အပြစ် ရှိသူ သူ.ဟာနဲ. သူ
ရှင်းရမှာဖြစ်တယ်။

---ခု မန်းကို ရောက်နေပါတယ်။  ရှေ.နေတွေနဲ. စကား ပြောနေတယ်။
အခု မန်းရောက်တုန်း သူတို.မြောက်ပိုင်းပြန်ထဲက တချို.နဲ. လူချင်း တွေ.ပြီး စကား ပြောကြည့်ချင်တယ်။ ပြီးလျှင် အကြောင်းပြန်မယ်။ ရှေ.နေနဲ.လည်း စကား ပြောကြည့်ပြီး အခြေအနေကို ပြောပြမယ်။

---- ဒီနေ. ရှေ.နေတဖွဲ.နဲ. စကား ပြော ဖြစ်တယ် အမှု အခြေအနေကို ပြောပြလိုက်တယ်။
ဖြစ်ချင်တာ လုပ်ချင်တဲ့ ပုံစံနဲ. ကိုယ့်ဖက်က စိုးရိမ်တဲ့ ဟာပေါက်တွေ
လွတ်ထွက်မသွားအောင် ဘယ်လို လုပ်မလဲ ဘာတွေ လိုမလဲ
အမှုဘယ်လောက် ကြာနိုင်မလဲ ငွေ ဘယ်လောက် ကုန်မလဲ ဆိုတာ ရှေ.နေ
အထက်တန်း ဗဟိုတရားရုံးရှေ.နေ အမျိုးသမီးကြီးနဲ. တိုင်ပင်တယ်--
သူက သင်္ကြန်ပြီး ၁၀ ရက်လောက်နေရင် အကြောင်းပြန်မယ်
အမှုကို ရှေ.နေ အဖွဲ. Team of Lawyer( Ideal Team ) တခု သူ စဉ်းစားမယ်
နောက် ရှေ.နေတွေနဲ. တိုင်ပင်ပြီး ခန်.မှန် ကုန်ကျ စရိတ် ဘယ်လောက် ကုန်မယ်
အမှု ပြင်ဆင်ဖို. အချိန် ဘယ်လောက် ကုန်မယ်
ဒီအမှုအတွက် ရှေ.နေတွေကို ကူညီ ထောက်ပံ့ပေးမည့် ကိုယ်စားလှယ်နဲ.
အထောက်အထား အခိုင်အလုံ သက်သေ ခံမည့်သူ ရှိတယ်
( ကိုယ်တိုင် မြင်တာ ကိုယ်တိုင် ကြားတာ ကိုယ်တိုင် သိတဲ့
သက်သေသာ ခိုင်လုံတယ်ဆိုရင် ဒီအမှုကို လုံးဝ မလွတ်စေရဘူးတဲ့----
ရှေ.နေ လုပ်တာ ၁၉ ၈၃ ခုနှစ် ကတည်းက
လုပ်တဲ့ အပျိုးကြီး စွာစွာကျဲ ရှေ.နေ အဖွဲ. ဖြစ်တယ်---
အမှု ဖွင့်တဲ့အခါ နစ်နာသူ ခံရသူ တိုင်တန်းလိုသူ တရားလိုတွေက
တဦးချင်း သက်ဆိုင်ရာ အပိုင်မြို.နယ် တရားရုံးမှာ သီးသန်.စီ လူသတ်မှု
ဖမ်းဆီး နှိပ်စက်မှု တရားမ၀င် ချုပ်နှောင်မှု ခြိမ်းခြောက်မှု စတဲ့
အမှုတွေနဲ. နစ်နာသူတွေက အမှု ဖွင့်ဖို.လိုတယ်-- တကယ်လို.
မန္တလေးမှာ တရားလို တွေက အခိုင်အမာ ရှိတယ်
ဆိုရင် မန္တလေးမှာ စတင်ပြီး အမှု ဖွင့်သင့်တယ် လို.ပြောပါတယ်။

အခု သင်္ကြန်ရောက်တော့မှာမို. သင်္ကြန် ပြီးတာနဲ.
၁၀ ရက်အတွင်း အကြောင်းပြန်မယ်။ ရှေ.နေတဖွဲ.ကို ဦးဆောင်ပြီး
သူတို. စဉ်းစား ရွေးချယ် ဖွဲစည်းမယ်။ ပြီးတော့ အမှုသွား အမှုလာနဲ.
အမှု ဖြစ်စဉ်ကို သူတို. အချင်းချင်း ဆွေးနွေးမယ်==
ပြီးတော့ သွားမည်. အမှု ပြင်ဆင်မှုနဲ. လုပ်ထုံး လုပ်နည်းကို
ဆွေးနွေးပြီး ကုန်ကျ စရိတ် ခန်.မှန်းကို သူတို.က ပြောမယ်==
အဲဒီအခါ သူတို.က အမှုကို လက်ခံမယ် ကိုယ့်ဖက်က
သူတို.ကို အမှု အပ်မယ် ဆိုရင် သူတို.က အမှုနဲ. ပတ်သက်တဲ့
အချက်အလက်တွေကို လေ့လာ စစ်ဆေးပြီး အမှုပြင်ဆင်ဖို.
Case Building လုပ်မယ်။ မရှင်းတာတွေ လိုအပ်တာတွေကို
မေးမြန်းနိုင်ဖို. သူတို.က တရားလိုတွေဖက်ကနေ ကိုယ်စားလှယ်တဦး
အမြဲတမ်း ရှေ.နေတွေနဲ. တိုင်ပင် ဆွေးနွေး အတူတူ အလုပ်
လုပ်ပေးမည့် ကိုယ်စားလှယ် တဦး လိုမည် ပြောသည်။
ပြီးတာနဲ. တရားလိုတွေက တဦးချင်း အမှု တွဲကို ရဲမှာ
တိုင်ချက် ဖွင့်မယ် ရှေ.ဆင့် နောက်ဆင့် ဖွှုင့်မယ် ရဲ၏ ကူညီမှု
ရရှိအောင် ငွေလဲ နည်းနည်း ပေးရမယ် ဥပဒေအကြံပေးကိုလဲ ပေးရမယ်==
ဒါ ဒီနေ. ပြောဖြစ်တဲံ ဆွေးနွေးတဲ့ အချက် ဖြစ်တယ်--
သူဖက်ကလည်း လုပ်ရဲ ကိုင်ရဲ စစ်ဆေး မေးမြန်ရဲပြီး နိုင်ငံရေးအရ
ဖိအားပေးတာကို ခံရဲတဲ့ သွက်သွက်လက်လက် ရှေ.နေတစုကို
စုစည်းပြီး ဒီအမှုအတွက် သူတို.က ဒိုင်ခံပြီး ဘယ်မှာပဲ အမှု စစ်စစ်
သူတို. အုပ်စုက တာဝန်ခံပြီး အမှုကို လိုက်မယ်။ အမှု တခုချင်းစီအတွက်
ဝန်ဆောင်ခ ပေးဖို. လိုသလို အမှုအတွက် အမှု ချိန်းတဲ့အခါ
ခရီးစရိတ်ကိုလည်း ရှေ.နေအတွက် ပေးရမည်။ တရားလို
အများစုရှိတဲ့ အရပ်မှာ အပိုင်နယ်မြေမှာ ရဲတိုင်ချက် ဖွင့်ရမည်--
အရေးကြီးတာကို မျက်မြင်သက်သေ ကိုယ်တိုင်းကြား ကိုယ်တိုင် မြင်
ကိုယ်တိုင် သိတဲ့ သက်သေ Witness က တရားရုံးကို သက်သေခံရဲ
ထွက်ဆိုရဲတယ် ခိုင်မာတဲ့ သက်သေ ရှိတယ် ဆိုရင် ဒီ လူသတ်မှု
ဖမ်းဆီး နှိပ်စက်မှုအတွက် မလွတ်အောင် သူတို.ဖက်က
မလစ်ဟင်းအောင် လုပ်ပေးမယ်လို. ပြောတယ်===
ကဲ သူတို.ဆီကနေ အကြောင်းပြန်ချက် ရလာရင်
နန်းအောင် ထွေးကြည်တို. ကို အောင်မိုးဝင်းတို.က
ဘာ လုပ်ချင်လည်း ==ဘယ်လို ဆက်သွားမလဲ==
စပြီး တိုင်ပင်ဖို. လိုတယ်==ရှေ.နေကတော့
အမှု ပြင်ဆင်တာက အနည်းဆုံး ၁ လ လောက် ကြာမယ်
ဒါပေမယ့် အမှုကို ၆ လ ထက် နောက် မကျပဲ ရဲကို တိုင်ချက်
ဖွင့်သင့်တယ်တဲ့။ ။ ရှေ.နေတွေကို ကိုယ့်မှာ ရှိတဲ့ အထောက်အထားတွေ
အမှု ဖြစ်စဉ်တွေ သက်သေ ထွက်ချက်တွေ အခြေအနေတွေကို
သူတို. ရှင်းရှင်းလင်းလင်း သိအောင် ပေးပြပြီး သူတို.က အချက်အလက်တွေ
ကို လေ့လာ စီစစ်မယ် မရှင်းတာတွေ မေးမြန်းမယ် ပြီးတော့
ဘောင်ဝင်အောင် အမှု ပြင်ဆင်မယ် အားလုံး စိတ်တိုင်းကျ ဖြစ်ပြီး
သေခြာပြီ ဆိုမှ ရဲကို တိုင်ချက် ဆက်တိုက် ဖွင့်ပြီး အမှုကို စတင်
စွဲချက် တင်ရမယ်လို. အကြံပေးတယ်-- ဘယ်လို လုပ်ချင်လည်း
ဘာ လုပ်မလဲဆိုတာ စတင်ပြီး လုပ်မည့်သူတွေကို ပွင့်ပွင့် လင်းလင်း
ဆွေးနွေးဖို. အချိန် ရောက်ပြီ-- ကျနော်ကတော.
အတတ် နိုင်ဆုံး ၀ိုင်းဝန်း ကူညီပေးမည်--ဒါပေမယ့်
ကာယကံရှင်တွေဘာလုပ်ချင်လို.
ဘယ်လို လုပ်မလဲ ဆိုတာကိုတော့
တရားဝင် စပြီး စကားပြောဖို. အချိန်ရောက်ပြီ----

×××××

အထက်ပါစာအတိုင်း မြောက်အမေရိက က လူတစ်ယောက် ညီညိကျော်နဲ. စကားတွေစေ.စေ.ငှငှပြောဖြစ်ခဲ.ပါတယ်။ မမိုးအေးစီကို လုပ်ပေးမဲ. ရှေ.နေ ၏ ဖုံးန့ပါတ် ရောက်သွားတဲ.အခါ ကွက် ကျော် လုပ်တတွေ၊ ၊လုပ်ပေးမဲ. သူတွေကို  ခြောက် လှန်.လိုက်တာတွေ  ဖြစ်ခဲ.တယ်။ ညီညီကျော်. အဆိုအရ မန်း က ရှေ.နေတွေ ဟာ တချက် ထဲရှောင်သွားတယ် လို. ကြားရပါတယ်။ ကွယ် ရာ မှာ တခုခု တော. ဖြစ်ခဲ.တယ်။ သေချာတာပေါ.။ ရှေ.နေ. ဆို နန်းအောင်ထွေးကြည် နှင်. သူ. ဂျပန်က အေးဂျင်.အထူး ရွေးထားတဲ. ဘားလမ်းက ဘာမှန်းမသိရတဲ. ရှေ.နေ ပဲသူတို. သုံးကြမှာလေ။ အရာ မထင် အောင်၊ဘာမှ မလုပ်မဲ.ရှေ.နေလေ။ ထိုသူ၏အထူးအကြ့ပေးချက်အရ အထူးလှို.၀ှက်ရမယ် လို. နန်းအောင်ထွေးကြည် အကြိမ် ၂၀ ထက် မနည်း ဆင်ခြေတွေပေးခဲ.ပါတယ်။

မြောက်ပိုင်းပြန်တွေ ထိထိရောက်ရောက်ဖြစ်စေဖို.၊ ကျမတို. မေတ္တာ ရပ်ခံချက်အရ ကျမတို.မိတ်ဆွေက ကိုယ်.ထမင်း ကိုယ်စား ကူညီပေးခဲ.ပါတယ်။
အသတ် ခံရတဲ. မန္ဒလေး ကိုထွန်းအောင်ကျော်၏ ညီမ တ၀မ်းကွဲဆိုတဲ. မမိုး ဆို သူနဲ. နန်းအောင်ထွေးကြည်က သူတို. သဘောနဲ. သူတို.
ဘာတွေလုပ်လိုက်လဲ မသိပါဘူး။ တပါတ်အတွင်းမှာပဲ ကျမတို. အဆက်အသွယ် ကွန်တက်ပါဆင် ကို မန်း က လူတွေ မယုံကြည် အောင်၊ တွေ. ချင်စိတ်မရှိအောင်၊ ဒီလူဟာ ဒေါက်တာနိုင်အောင်.လူ ဖြစ်နိုင်တယ်၊ မယုံရဘူး စသဖြင်. ရန်ကုန် နဲ. မန်း က လူတွေစီ ဖုံးခေါ်ပြီး ခြေထိုးသွေးခွဲမှုတွေ လုပ်ခဲ.ပါတယ်။ နောက်ပိုင်းမှပြန်သိရတာပါ။

ဒီလို ညစ်ပတ်ပုံ နဲ.ဆို --ခု ပြောနေတဲ. အချိန်မှာ စစ်ပူကာလ ဖြစ်ကြည်.၊ ( အစိုးရနဲ. တော်လှန်သော ကျောင်းသားတွေ ကြား ၁၉၈၈ အလွန်) တဖက်နဲ. တဖက် လက်နက်ကိုင် တိုက်နေကြတဲ. ကာလတွေမှာ   ကျမတို. လွှတ်သမျှ ဆက်သား၊ ကွန်တက် မှန်သမျှ  နန်းအောင်ထွေးကြည် လက်ချက်က လွတ်ဖို.မမြင်ပါ။ မိမိ တို. အတွက် အလုပ်လုပ်ပေး မဲ. ဆက်သား ကို၊ တဖက်ခြမ်းမှာ--ဒီလူ. ကို မယုံရဘူး၊ ဒီ လူ ရောက်တာနဲ. ဟိုဖက်က လူတွေကို ----. လွှတ်လိုက်သောလူကို လက်မခံရ၊ လွှတ်လိုက်သောသူကို မယုံရ--ဆိုတဲ. မက်ဆေ.ခ်ျဟာ ကျောခြမ်းစရာပါ။  ဒီလို စည်းမဲ.ကမ်းမဲ. ဥာဏ်နီ ဥာဏ်နက်သုံး၊ လူကောင်းတွေကို ထိုးကျွေးတဲ.  အကျင်. ကြောင်. အပြောခံရတဲ.သူ ဟာ စစ်အတွင်းမှာ ဆို တချက်ထဲ နောက်ကျော ပွင်.  သေသွားနိုင်ပါတယ်။ ထောက်လှန်းရေး စကားနဲ. ဆို နောက် မိး ပွင်.တယ် ဆိုပဲ။ ဒါပေမဲ.× အပွင်.ခံလိုက်ရတဲ.သူဟာ၊ ဘာအပြစ်မှမရှိတဲ. လူကောင်းတဦး၊ ဆိုလျှင် ဘယ်သူက ဘယ်သူ. ရည်မှန်းချက်တွေအတွက် ဒီလို စွတ်စွဲခံရတာလဲ။

ကျမတို. မိတ်ဆွေထိုသူက ညီညီကျော် နဲ. ၂ ခါတွေ.ပြီး စကားပြောထားပြီးသားပါ။ ဒါပေမဲ.--နန်းအောင်ထွေးကြည် အမေရိက ခရီး အပြီး- ဘယ်သူမှ ဘာ မှ ၀င်ပြောလို. မရတော.ပါဘူး။
 ကိုယ်က သူ. အမှုကို ၀န်ဆောင်ပေးရတယ်။ စေတနာနဲ.လုပ်ပေးတယ်။ သူက ကွယ်ရာမှာ-ဒီလူတွေက မယုံရဘူး မကောင်းဘူးလို. စ တိုက်နေပြီ။  ဒီတချက် နဲ.တင်သေပြီ။ ဒီတော.- ကျမတို. အကူအညီတောင်းခဲ.တဲ. မိတ်ဆွေလည်း နန်းအောင်ထွေးကြည်ကို  တော် တော်စိတ်ကုန်သွားပြီး၊ မြောက်ပိုင်းပြန်တွေအကြောင်း စကား ထပ်ပြောလို.တောင် မရတော.ပါဘူး။

ကျမတို. စဉ်းစားတာက ဘာကြောင်. သူမ ဒါမျိုးတွေ ထပ်ခါထပ်ခါ လုပ်နေတာလဲ။ လုပ်စရာလိုလို.လား။ လုပ်စရာ မလိုပဲ ဘာကြောင်. လူတွေကို ခွဲပြီး တနေရာ တမျိုး ပြောခဲ.ရတာလဲ။ ဒါတွေကို ညီညီကျော် အား အသိပေးခဲ.တယ်။ ထူးထူး ခြားခြား အကြောင်း မပြန်လာပါ။

စေတနာနဲ. ကူ ညီပေးနေသူတွေ၊ အသိဥာဏ် ရှိပြီး ရှေ.ထွက်ရမှာ လုံးလုံး မကြောက်တဲ.သူတွေ၊ သူ.လူ ကိုယ်.လူ အုပ်စုစွဲ မရှိပဲ အဖြောင်.နည်းနဲ. သွားချင်တဲ. သူတွေ အားလုံး ဟာ သူတို.အပေါ် ဒီနည်းအားဖြင်. လက်လန်ခဲ.ရပါတယ်။ အကြောင်းကတော.- နန်းအောင်ထွေးကြည် ဒါရိုက်တာ လုပ်နေလို.ပါပဲ။ သူ လုပ်နေကြ ထုံစံ အတိုင်း ဟိုလူ. မယုံရဘူး၊ ဒီလူ. မယုံ ရဘူး မမှန်တာတွေ ပြောပြီး၊ လုပ်နိုင် ကိုင်နိုင် အစွမ်း ရှိတဲ. သူတွေ ၏ မာန်မာန နဲ. ရပ်တည်ချက်ကို ခပ်စောစောပိုင်း ကတည်းက တဆင်.ပြီးတဆင်. စော် ကား လာခဲ.လို.ဖြစ်တယ်။ ဒီတော.- မိတ်ဆွေကောင်းတွေ ဇရှိသူတွေ အရည်အချင်းရှိသူတွေက ဘာမှုစရာ ရှိတုန်း။  ကိုယ်.ထမင်းကိုယ်စားပြီးဧဧဆေးဆေးပေါ.။ ဘာပူစရာ ရှိလည်း။ သို.သော်--စစ်စစ်မှန်မှန်ခံလိုက်ရတဲ. တခြားသော မြောက်ပိုင်း ပြန်တွေ နဲ. ပရိသတ်ကိုတော.၊ အဖြစ်မှန်တွေ သိစေချင်တယ်။ မျက်နှာဖုံး  ဆိုတာ နဂိုလ် မျက်နှာကို အမြင် မခံဝံ.သူတွေပဲ တပ်ကြတာပဲ မဟုတ်ပါလား။

ဘာကို အလွန်အကျူး လှို.ဂှက်ထားချင်ရတာလဲ။ အောင်မိုးဝင်း စာတွေ ရေးစဉ်က ဘာတွေ လှို. ၀ှက်လို. လဲ။ ဗြောင်ပဲ မဟုတ်ပါလား။  အလားတူပဲ၊ လူတွေ က သူတို. ကို ထောက်ခံတော. လည်း။ ထင်ထင်လင်း လင်း အလင်းရောင် အောက်မှာပဲ ဗြောင်ပဲ မဟုတ်ပါလား။ ၂၀၁၂ နှစ်နောက်ပိုင်း သူတို. သတင်းစာ ရှင်းလင်းပွဲတွေလုပ်၊ အရေးမပါတဲ.ဆောင်းပါးတွေနဲ. အပ်ကြောင်းထပ်နေကြတာရော၊ ဗြောင်လုပ်နေကြတဲာ မဟုတ်ပါလား။

အောက်ပါ အချက်တွေက ကျမ နားလည်သလိုတွေးကြည်.ထားတာပါ။

သူမဟာ တကယ် ကူမဲ.သူတွေနဲ. ဆက်ဆံရမှာ ကြောက်သော သူ၊

မေရီလန်းကမောင် ရွှေထီး က နန်းအောင်ထွေးကြည် အမေရိကရောက်တုန်း လမ်းသင်.တုန်း၊ သူ. ကို ဗွီဒီ ယို အင်တာ ဗျူး လုပ်ချင် လို. ဆက်သွယ် လာပါတယ်။ နန်းအောင်ထွေးကြည် ဆင်ခြေ က ထုံးစံ အတိုင်း လှို. ၀ှက် ရမယ်ပေါ.။ မလုပ်ချင်ဘူး။ လူတွေ သိမှာ စိုးတယ် ဆိုပြီး ခါးခါးသီးသီး ငြင်းခဲ.ပါတယ်။ ကျမတို. လုပ်ချင်တဲ. အပိုင်း က အမေရိက က အခွန်ဆောင် အလုပ်လုပ်နေတဲ. သူတွေ အပိုင်း က လုပ်ပေးနိုင်တာ ရှိပါတယ်။ ပြီးတော.၊ ကာယကံရှင်က လိုလို လားလား ပြော ပြ လျှင် ဒီ ဗွီ ဒီ ယို ဟာ အသုံးဝင် ကောင်း ၀င်နိုင်ပါတယ်။NED ကိုဘယ်သူတွေကသာ တိုက်ရိုက်ချဉ်းကပ်နိုင်သလဲ။ စာတတ်တဲ. သူတွေသိကြပါတယ်။

အရေးအကြီးဆုံး အချက်က နန်းအောင်ထွေးကြည်ဟာ-သူ ကချင်က ထွက်လာပြီး သူနဲ.တွေ.ဆုံစကားပြောခဲ.တဲ.သူတွေ၊သူ. ကို တကယ် ကူညီခဲ.သူတွေကို နံမည်တပ်ပြီး ပြောလေ.မရှိပါ။ သူ.ဆင်ခြင်မှုမှာ အမှားအမှန် အဆိုးအကောင်း တရားတွေက ရှင်းလင်းမနေပဲ မသေချာ ရောထွေးနေသကဲ. သို. ပုံရှိပါတယ်။  ဘယ်သူတွေက သူ. ကို နယ်ခြားမှာ ကထဲက တစ်ခုခု လုပ်သင်.တယ်လို. တိုက်တွန်းခဲ.ပါလဲ။ အောင်မိုးဝင်း တစ်ယောက်ထဲဖေါက်ပြီး သူ. စာတွေ မရေးခင် သုံးလေး နှစ်က ဘယ်သူတွေက သူမ နဲ.မြောက်ပိုင်းပြန်တဦးကို ခင်ဗျားတို. တခုခု လုပ်ကြပါလားလို.ပြောခဲ.သလဲ။ သူမ ဦးလေး ဦး စိုင်းထွန်း က ဘယ်သူ တွေကို ၁၉၉၂မှာ အကူ အညီတောင်းလို.၊ ဘယ်သူတွေက ကူညီပေးခဲ.ပါသလဲ။ ဘယ်သူ ဘယ် အဖွဲ. က သူ. ကို လူလို သူ လို ငြင်ငြင်သာသာ စာနာစွာ နွေးထွေးစွာ ဆက်ဆံခဲ.ပါလဲ။ ဘယ်သူတွေက မန္ဒလေး နေ မြောက်ပိုင်းပြန်တွေစီ လိပ်ပြာလုံစွာ၊ တည်ကြည်စွာ သွားတွေ.ခဲ.ပါသလဲ။ အမှုမှန်ပေါ်အောင်ဆိုပြီး ရှေးဦး အစောကြီးကထဲက သူ. ကို အားပေးတိုက်တွန်းခဲ.တာ ဘယ်သူတွေပါလဲ။  နန်းအောင်ထွေးကြည် သူ. အပေါ် တကယ်ကောင်းခဲ.သူတွေကို မှတ်ဥာဏ်စွမ်းအား နည်းပါးပြီး  မေ. နေတယ် လို.တော. မထင်ပါ။ အကြောင်းတော. ရှိပါလိမ်.မယ်။ ကွေ.တိုင်းမှာသူ အဆင်ပြေသလို  လှော်ခဲ. ခတ်ခဲ. သုံးခဲ. တဲ. တက်မတွေက အရွယ်အစား အမျိုးမျိုး ဆိုလေတော.၊ ဒါကြောင်.သာ သူ. ခမြာ လူသိမခံဝံ.တာသာဖြစ်ပါလိမ်.မယ်။ ဒီတော.- နားလည်တဲ. သူတွေ၏မျက်လုံးထဲမှာ နန်းအောင်ထွေးကြည်  ၏ ဆင်ခြင်မှု ဆိုတာဟာ တော် တော်.ကို  သနားစရာကောင်းလှပါတော.တယ်။ မိမိကိုယ် မိမိ မကယ် နိုင်သူတဦးဟာ သူများတွေ ဘယ်လောက်စေတနာ ရှိရှိ ကယ်လို. မရပါ။ ကံမ္မ သဘောတရားဖြစ်ပါတယ်။ 

ဒီကွိုင်ပဲဖြစ်နေတဲ. နန်းအောင်ထွေးကြည်၏ ခရီး ရှည် ခရီးတိုတွေ၊ ဂိုက်လိုင်းပေးနေတဲ.သူတွေ၊ သူတို. ရည်ရွယ်ချက်တွေ၊ ရှေ.နေကခိုင်းလို. လုပ်ရပါတယ် ဆိုတဲ.  အကုန်အကျများလှတဲ. ဘန်ကောက်ခရီးစဉ်များ၊ မလိုအပ်တဲ. အပိုစာသားတွေ ဘာကြောင်. တမင် ရွေးလုပ်နေတယ် ဆိုတာ ဆက်တင်ပြပေးပါ.မယ်။

တည်ကြည်စွာဖြင်.
အေးအေးစိုးဝင်း
22Like · ·
  • Nweni Tun ဟူး... ဖတ်ပြီးသွားပါပြီ..ထပ်ဖတ်ပါဦးမယ်... မသိတာတွေ သိခွင့်ရတဲ့အတွက် ..စာရေးသူများကို ကျေးဇူးတင်ပါတယ်...
  • Aye Aye Soe Win ရေးရတာလည်းပင်ပန်းတယ်။ ဒီကွိုင်တွေများနေလွန်းလို.သာ---((း-
  • Nweni Tun ဘယ်လောက်ပင်ပန်းမလဲဆိုတာ ခန့် မှန်းလို့ ရတယ်.. စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာတွေပါ.. အမတို့ အားထုတ်မှုအတွက် ကျေးဇူးပါ..
  • Min Tharr ရေးရင်းနဲ. စာတွေက ရှည်လာလို. ဖြုတ်ချခဲ့တာတွေလဲ တော်တော်များတယ်။ သိချင်တဲ့ ကိစ္စတွေ ဒီကွန်မင့်တွေမှာ မေးလို.ရပါတယ်။
  • Moe Wit Yee မြောက်ပိုင်းမှ လွတ်မြောက်လာတဲ့ အကိုအမများကို အမှန်တရားကိုလိုသားသူ တစ်ယောက်အနေနဲ့ တစ်ခုလောက် တိုက်တွန်းချင်ပါတယ်။ ကျွန်မက မြောက်ပိုင်းကိစ္စကို စိတ်ဝင်းစားလို့ တင်သမျှ စာတွေ လိုက်ဖတ်နေသူတစ်ယောက်ပါ။ အေဘီနဲ့ မပါတ်သက်သလို။ နိုင်ငံရေးသမားလဲ မဟုတ်ပါဘူး။ အကိုတို့ အမတို့ကို ဘာအကူအညီမှ မပေးနိုင်တဲ့အတွက် ဘယ်သူမှားလို့ ဘယ်သူမှန်တယ်လို့ ဝေဖန်ခွင့် မရှိဘူးလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပါတယ်။ ဒါပေမယ့် ဖြစ်စေချင်တဲ့ ဆန္ဒလေးတစ်ခုကို ပြောပြရုံသက်သက်ပါ။ အကိုတို့ အမတို့ တကယ် ခံခဲ့ရပြီး လွတ်မြောက်လာတဲ့သူအချင်းချင်းနဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ အတူလက်တွဲပြီးတော့ တတ်စွမ်းသလောက် လုပ်ကြပါ။ ဘယ်သူတွေ ဘာတွေပြောပြော အကိုတို့ အမတို့ ညီညွတ်နေရင် တစ်နေ့ အကိုတို့ အမတို့ လိုချင်တဲ့ ပန်းတိုင်းရောက်မယ်လို့ ယုံကြည်ပါတယ်။
  • Aye Aye Soe Win တခါမှမကြားဘူးဖူး။ တရွာလုံးညီညွတ်မှ မှုခင်းဖြစ်သတဲ.။ အစိုးရနဲ.အတိုက်အခံညီညွတ်ရင် ဒီမိုကရေစီရနိုင်တယ်ဆိုတဲ. အလုံးမျိုးပဲ။ ကိုယ်လုပ်စရာကိုယ် မလုပ်ပဲ၊ ညီညွတ်ရေးဆိုတာ ဆင်ခြေပါ။ ညီညွတ်ပြီးသားကို တမင်ဖြိုထားပြီးမှ၊ ပြန်ညီညွတ်ခိုင်းနေတာ၊ ဘာလဲ။ ဘာကိုကြောက်နေတာလဲ။ ကိုယ်လုပ်စရာကိုယ်လုပ်ချင်ရတာပဲ။ ဆွမ်းဆန်နဲ.ဲကြွက်ချေးရော နေသရွေ.တော. ချက်လို. ရမှာ မဟုတ်ဘူး။ ၊ စည်းရုံးရေးဆိုတာလည်း ကလိန်ကကျစ်သွားလို.မရဘူး။ အူကြောင်ကြားလုပ်မနေနဲ. အကောင်.တုတွေရေ။
  • Aye Aye Soe Win သူမ က လက်လဲမပြတ်၊ ခေါင်းလဲ မပြတ်၊ ခြေလည်းမပြတ်၊ ကချင်က လည်း သူမ ကို ကယ်ခဲ.ပါတယ်။ ဘာကြောင်.-ခံရတဲ. မိသားစုတွေ နဲ. လူအများကြီး၏ တရားရေးလုပ်ပိုင်ခွင်.ကို ဘာကြောင်. ဒီတစ်ယောက်ထဲက လက်ဝါးကြီးအုပ်ထားလဲ။ ဘာကြောင်. စကား အမှန်မပြော မတည် ကြည် သူတစ်ဦးက ဒီ ဇတ်လမ်းကြီး တစ်ခု လုံး ၏ ပင်တိုင် အခရာ ဖြစ်နေရတာပါလဲ။ သူ. ကို မြောက်ပိုင်းပြန်တွေက တော် တော် ကြောက်ရပါသလား။ သူ မုန်. ဘိုး လှမ်းပေး လိုက် ရင် ချို. တဲ. ရှာ တဲ. အထဲက လူ အချို. က ပါးစပ် ပိတ်သွားတာပါလား။ ဘာ ကြောင်.လဲ။ အပြင်က လူတွေ ဖြစ်တဲ. ကို ဇာ နည် တို. ကိုကိုဦးတို. ကျန်တဲ. သူတွေအားလုံး က ထောက်ပံ. ရေး ပိုင်း ကို တရားဝင်တာ ၀န်ယူလိုက်ရင်၊ အထဲ က အလုပ်လုပ်မဲ. သူတွေ နဲ. အပြင် က ပံ. ပိုး ပေးနိုင် တဲ. သူတွေ တသားထဲ ဖြစ် တက်ညီ လက်ညီ လုပ်ကြမဲ. အနေ အထား ကို မရောက် ခင် ဖြိုခွဲုခဲ. တာပဲ ဖြစ်တယ်။
  • Min Tharr Moe Wit Yee ညီညီညွတ်ညွတ်နဲ.လုပ်ကြဖို. အားလုံးက သဘောထားရှိတယ်။ တိုက်တွန်းခဲ့တယ်။ မညီညွတ်အောင်။ ပြိုကွဲအောင်။ ပါဝင်နေတဲ့သူတွေ စိတ်ပျက်အောင် မပါဝင်အောင် တားခဲ့တာ နန်းအောင်ထွေးကြည်ပဲ။ ၀န်းရံအားပေးနေတဲ့သူတွေကို မဆိုထားနဲ. မြောက်ပိုင်းပြန်အချင်းချင်းမှာတောင် သွေးခွဲတာလဲ သူပဲ။ သူပြောခဲ့တာတွေရှိတယ်။ ငါတို.က မပပြန်ရဲဘော်အချင်းချင်းပဲ ယုံတယ် (စစ်သင်တန်းတက်ခဲ့သူများကိုသာယုံတယ်။ မတက်ခဲ့သူများကို မယုံဘူး) ဆိုတဲ့စကားကို ပြောခဲ့တယ်။ ရန်ကုန်မပပြန်နဲ. မန်းမပပြန်ခွဲတယ်။ မန်းထဲမှာလဲ ထပ်ခွဲတယ်။ ဘယ်သူ.ကို မသုံးဘူး။ ဘယ်သူပဲ ပါရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ သူပဲလုပ်တယ်။ ငါတို. ရန်ကုန်အုပ်စုက ပိုခံရတာဆိုတဲ့ စကားမျိုးနဲ. ကျန်တဲ့ ရန်ကုန်မဟုတ်သူတွေကို လိုတမျိုး မလိုတမျိုး ဆက်ဆံတာလဲသူပဲ။အသံဖမ်းတာတို. ခိုးနားထောင်တာတို. လုပ်တာမျိုးက ဘယ်လိုလူမျိုးတွေလုပ်သလဲ။ ရိုးသားမှုမရှိတဲသူတွေရဲ.လုပ်ရပ်။ ချတ်ထားတာတွေကို လ်ုတဲ့အပိုင်းလေးတွေ ယူပြီး ဟိုလူ.ပို.လိုက် ဒီလူ.ပို.လိုက်နဲ. တစ်ယေါက်နဲ. တစ်ယေါက် မယုံကြည်အောင် လုပ်ခဲ့တာတွေက ဘာသဘောတွေလဲ။
  • Khu Daun ဖတ်ရင်း ဖတ်ရင်... ခေါင်းတွေမူးလာတယ်... စကောထဲမှာ ဂေါ်လီလုံးတင်လှိမ့်ခံသလိုခံစားလာရတယ်...၊ မူးနောက်လာတယ်..အန်ချင်လာတယ်... ဒါကြောင့်.. တချိန်ကပြောခဲ့သည့်အတိုင်း... ကြောခိုင်းတော့မယ်ဆိုသည့်အတိုင်း..ကြောခိုင်းတာအကောင်းဆုံးဖြစ်တယ်...။
  • Soe Moe Nai အဲဒီ မမိုးအေးဆိုတဲ့ အမျိုးသမီးဖုံးနံပါတ်တွေ ရှိရင် ဖေါ်ပြပေးပါလား။ ကျနော့်ရဲ. ဂျပန်က မိတ်ဆွေတွေကို စုံစမ်းခိုင်းချင်လို.ပါ။ ညီညွတ်ရေးကို ဖြိုခွဲပြီး သူတို.နဲ.စကားပြောတဲ့သူတွေရဲ. အသံတွေဖမ်း ခိုးနားထောင်တာတွေက ယုံတောင် မယုံနိုင်ဘူး။
  • Hmone Shwe Yi ခိုးချောင်ခိုးဝှက်လုပ်တယ်ဆိုတာတကယ်.ကိုအောက်တန်းကျပါတယ်-အထူးသဖြင်.ယုံကြည်မှု.-ခင်မင်မှု.ကိုအခွင်.ကောင်းယူရင်ပိုဆိုးပါတယ်
  • Nweni Tun မမိုးအေးဆိုတဲ့ နံမည်ကို က ခပ်ဆန်းဆန်းရယ် နံမည် အစစ် လူအစစ်တွေလား..
  • Min Tharr အင်း ခိုးနားထောင်တယ်ဆိုတာ ကျနော်လဲ သိသိချင်း ယုံတောင်မယုံဘူး။ သူတို.တကယ်လုပ်ခဲ့တာ။ မမိုးရယ် ဆမားညီညီရယ် ကိုထွန်းအောင်ကျော်အမေကို သွားတွေ.တုန်းကရယ်။ မမိုးရယ် ကိုညီကျော်ရယ် သူတို..ငှားထားတဲံ ရှေ.နေနဲ. စကားဝိုင်းကိုလဲ နားထောင်ခဲ့တယ်။
  • Aye Aye Soe Win NLD ပေ.ခ်ျမှာ ကြော်ငြာထားတာတွေ.လို.။ မန်းကသူအချို.တောင် ငြိမ်သွားတယ် ကြားတယ်။ အဖြစ်မှန်ကတော.၊ သူ တို. လိပ်ပြာ သူတို. သာ အသိဆုံး။
  • Htay Tint ကျောင်းသားတွေကို အစုလိုက် အပြုံလိုက်သတ်ပြီး တကမ္ဘာလုံးက လူ့ အခွင့်အရေးအဖွဲ့ တွေကို နှစ်ပေါင်း ၂၀ ကျော် အောင်မြင်စွာလိမ်လာသူတွေကို ဥပဒေ အပြင်ကနေပြီး ပေါ့ပေါ့လေး မစဉ်းကြပါနဲ့  ။
  • Tin Maung Tun အရေ:မပါတာတွေကို ပုံကြီးမချဲ့နဲ့။ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်နဲ့၊ ကပ်သီးကပ်သတ် လိုက်မလုပ်နဲ့၊ စိတ်မ၀င်းစားဘူး။
  • Kotoe Gyi တင်မောင်ထွန်းဆိုတဲ. သောက်ကုလား-မင်းပါးစပ်ပိတ်ထားပါလား။ မင်း စာတောင်ဖတ်တတ်ရဲ.လား။ အရှေ.အနောက်မသိပဲ။ ၀င်ပြူးပြဲမနေနဲ.။ နန်းအောင်ထွေးကြည် ကူညီလိုက်လို. ဌေးတင်. အမှုစွဲလို.ရသွားတယ် ကြားတယ်။ အဲတာ ကို ဌေးတင်.ဘယ်လိုပြောမလဲ။ နန်းအောင်ထွေးကြည် ၏ဇတ်ဆရာများ က နိုင်အောင်လွတ်သွားတာ မှိန်းပြီး ဘီဟာသောက်အောင်ပွဲခံနေကြတယ်။ ဌေးတင်. ကလည်း၊ မြောက်ပိုင်း ကိစ္စ နဲ. မှိန်းပြီး နန်းအောင်ထွေးကြည်မိန်းမလယ်သိန်းကြွယ် ပေးတဲ. အထောက်အထားနဲ. ဌေးတင်.ကိုကူညီပေးတယ်။ အဲတာ ပူးပေါင်းကြံ့စည်မှုတွေ မဟုတ်ဘူးလား။ အဲ တာ ပါဆင်နယ် လား။ မင်းတို. သောက်ပေါက်တွေပိတ်ထားကွာ။ မိန်းမ ကျင်. မိန်းမကြံဝင်မရေးနဲ.။ ထောက်လှန်းရေး မယားတွေ နဲ. ပါဆင်နယ် အတွက် မြောက်ပိုင်း ကိစ္စတခုလုံးကို အသုံးချသွားတဲ. ခွေးသားတွေ ပေါင်းကြံတဲ.ပွဲ။ ထပ် ၂ နှစ်လောက်စောင်.။ အကုန် လိုက် မျက် ခွက်တွေ တွေ ထိုးပစ်မယ်။ စောက်ဆင်.မရှိတဲ.ကောင်တွေ။
  • Maverick Aung မြောက်ပိုင်းပြန်ဇာတ်လမ်းကြီးပါလား Tempoျေတွက တက်လိုက်ကျလိုက် ဒီကြားထဲ ခုထိဖတ်ကြည့်ပြီးခဲ့သမျှလေးနဲ့ ကောက်ချက်လေးချကြည့်မိတာက အစတုန်းကတော့ သိပ်မသိဘူး နောက်မှ နည်းနည်းချင်းသိလာ၇တာက ကိုယ့်အသားထဲကပဲ လောက်ကောင်းတွေပေါက်လာတတ်တာကိုပါပဲ အပြင်အပကလာတဲ့ ပိုးတွေမဟုတ်ဘူး ကိုယ့်အသွေးအသားထဲက မကောင်းတော့တဲ့ဆဲလ်တွေ သွေးပုပ် ပြည် ပုပ်တွေကနေပဲ အဲဒီ (ရွံ၇ှာဖွယ်လောက်ကောင်တွေ) ဖြစ်တည်လာတတ်ပါလားဆိုပြီး မြောက်ပိုင်း ၇ိုလာကိုစတာ ဇာတ်၇ှုပ်ကြီးကနေအများကြီးသင်ခန်းစာတွေ၇လို့ ခုချိန်ထိ အမှန်တ၇ားကိုမြတိနိုးလို့ အမှန်ကိုအမှန်အတိုင်းတ၇ားမျှတမှုကိုလိုလားလို့ ကိုယ့်ထမင်းကိုယ်စားပြီးလိုက်ပါဝန်း၇ံကူညီပေးကြသူများ . ကိုယ့်ထမင်းကိုအ၇င်စားပြီးမှသူများထမင်းကိုပါလုယူစားသောက်ချင်ကြသူများကော ခုထိကို ပြောပြောဆိုဆိုဆူဆူဆဲဆဲစေတနာစစ်စစ်တွေနဲ့မနေနိုင်ပဲအဖြစ်မှန်ကိုတငိပြပေးကြသူများအားလုံးက်ုကျေးဇူးတင်ပါတယ် ဒီဇာတ်လမ်းမှာ လူပြောများတဲ့ နန့်အောင်ါထွေးကြည် ၇ဲ့ လာ၇ာလမ်း နဲ့ ခုထိ လား၇ားလမ်းကြောင်းလေးတွေကို သူမအကြောင်းကောင်းစွာသ်သူများမှ စစ်တမ်းလေးတခုထုတ်ကြည့်သင့်ပါတယ် အသံခိုးဖမ်းတာတို့ ခိုးနားထောင်တာတို့ စတဲ့လုပ်၇ပ်တွေဟာ သူမ၇ဲ့ အဖေ ဆီကနေ သင်ယူလေ့ကျင့်တတ်မြောက်ခဲ့တာလား အဲ သူမအဖေကိုသင်ပေးခဲ့တဲ့သင်တန်းဆ၇ာကြီးတွေကပဲ အဖေတူသမီး နန့်အောင်ထွေးကြည် ကိုထပ်မံေ၇ွးချယ်လေ့ကျင့်သင်ကြားပေးခဲ့ပြန်တာလား ဆိုတာကတော့.....ဘယ်သူကကော သိနိုင်မှာပါလည်းဗျာ....



    a few seconds ago



    Write a comment...
     
    Aye Aye Soe Win  ဖေ့စ်ဘွတ်မှ ကူးယူဖေါ်ပြပါသည်။