Friday, July 27, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ - အပိုင်း ( ၁ )

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ

by Aung Moe Win on Wednesday, December 21, 2011 at 8:03am ·
(က)
ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသက ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီးချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။ ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြုမခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါလိမ့်မယ်။
လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုးကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။
တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း  တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်းအရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့
သူတွေဟာ၊ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ်ခံ ပျော်မြူးခဲ့ကြတယ်။ ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။
(ခ)
 ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော်ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊ “ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။ ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။
တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေအပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။
(၃)
ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို ပေးပို့လိုက်ပါတယ်။  လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။
တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ်ထားခဲ့တယ်။ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။  ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲစစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။
အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။
(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။
(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။
(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။
(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။
(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။
(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။
(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊
(၈) ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။
(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊
(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၂) ဗိုလ်သာဓု ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ
 ( ၁၃) ရဲဘော်အောင်အောင် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၄) ရဲဘော်အေးမြင့် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည် 
(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်
(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ
(၁၇)ပည်စိုးနိုင် ( ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။
အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက
(၁) ကိုကျော်ဝေ ( မန္တလေး)
(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။
(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊
(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်
(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) - ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်
ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူမျ
· · Share

  • 67 shares
  • 50 of 67
    • Nge Naing
      ကိုအောင်နိုင် ဒါဟာ တကယ်မဟုတ်ဘူး၊ စွပ်စွဲချက်သာ ဖြစ်တယ်ဆိုရင်တော့ မဟုတ်ဘူး၊ အမှန်က ဘာဆိုတာ သိတဲ့သူတွေနဲ့ တာဝန်ရှိသူတွေ ဖြေရှင်းဖို့လိုအပ်ပါတယ်။ ဖုံးလို့လည်း လုံမှာ မဟုတ်တော့တဲ့ ဖြစ်ရပ်မှန်တခုကို ရန်သူအကြိုက် ဖြစ်မှာစိုးလို့ဆိုပြီး ရေငုံနှုတ်ပိတ်ထားရင် ထင်ကြေးတွေ၊ စွပ်စွဲချက်တွေက ဒီထက်ပိုဆိုးသွားဖို့ ရှိပါတယ်။ ဒါဟာ ရန်သူက ၀ါဒဖြန့်ပြီး တော်လှန်ရေးအဖွဲ့အစည်းကို တမင် သူများအထင်မှားအောင် ပြောနေတာ မဟုတ်တဲ့အတွက် ရေးသူက တကယ်ရင်ဆိုင်ရတာ မဟုတ်ရင်တောင် တကယ်ရင်ဆိုင်ခဲ့ရသူတွေရဲ့ နှုတ်ထွက်တွေကို သုတေသန လုပ်ထားတယ်ဆိုတဲ့အတွက် အသိအမှတ်ပြုပြီး ထည့်သွင်းစဉ်းစားဖို့လိုသလို ABSDF ရဲ့ ဂုဏ်သိက္ခာကိုလည်း အဖတ်ဆည်ဖို့ လိုအပါတယ်။ ABSDF မှာ မူတွေ ဘောင်တွေ၊ စစ်ရေးလမ်းစဉ်၊ နိုင်ငံရေးလမ်းစဉ်တွေ၊ ပြစ်မှုဆိုင်ရာ ဥပဒေတွေ ရေးဆွဲထားပြီးသားအချိန်မှာ ဖြစ်သွားခဲ့တယ်။ ဥပဒေမရှိလို့ သေဒဏ်ကို ခေါင်းဆောင်လုပ်သူဆုံးဖြတ်တဲ့အတိုင်း ပေးရတဲ့အချိန်မဟုတ်ခဲ့ဘူး။ ဒီကိစ္စတွေဟာ ကျွန်မတို့ တောတွင်းမှာ ရှိစဉ်က ဖြစ်သွားခဲ့တာကို ရေးထားတာ ဖြစ်တဲ့အတွက် စွပ်စွဲတယ်ဆိုရင်လည်း အမှန်ကဘာလဲဆိုတာတော့ သိသင့်တာ အမှန်ပဲ၊ ကိုအောင်နိုင် သိရင်လည်း ကျွကို ပြောပြပါ၊ ကျွန်မတော့ လုံးဝမသိတာ အမှန်ပဲ။ ဒီကိစ္စကြောင့် ကျွန်မတို့ ABSDF မှာ ငယ်ရွယ်နုပျိုတဲ့ အရွယ်တွေကို ဆယ်နှစ်တာ ကုန်ခမ်းစေခဲ့တဲ့ သမိုင်းရလဒ်က လူသတ်တရားခံနောက်လိုက်တွေလို့ ပြည်တွင်းက မျိုးဆက်သစ်တွေ ထင်နေမှာကို နည်းနည်းလေးမှ မခံနိုင်တာလည်း အမှန်ပဲ။
    • Aung Moe Win aung naing- မပူပါနဲ့ ကာယကံရှင်ရဲ့လက်ရေးမူတွေအားလုံး၊ ဘီဘီစီ မှာ ရော်နယ်အောင်နိုင် လုပ်နေတုံး စာရေးခဲ့တဲ့ သူတွေအားလုံးရဲ့မူရင်းစာတွေ တင်ပေးပါမယ်
    • Min Min Aung တာဝန်ရှိသူတွေ တိတ်နေပုံထောက်တော့...အကြံထုတ်နေတာလား...ဝန်ခံနေတာလား...
    • Aung Moe Win ဒေါက်တာနိုင်အောင်- ကျနော့ဆီကို (၂) ညလာအိပ်တုံးက ဒီကိစ္စတွေရှင်းရမယ် လို့ပြောခဲ့ပြီးသား။ ရော်နယ်အောင်နိုင်ကို ကာယကံရှင်တွေနဲ့တွေ့ပါ။ တောင်းပန်ပါ လို့မှာလိုက်တယ်။ ဘာမှအကြောင်းမပြန်တာနဲ့ ပြောသင့်တယ် ထင်လို့ပြောလိုက်တာ။ ကျနော်က မန္တလေး ဗကသ ကပါ။ ဒီအဖြစ်အပျက်တွေကြို ဘယ်မေ့မလဲ။ ဆက်ဖတ်ကြည့်ပါအုံး
    • Aung Naing
      ကျနော့်ကတော့ ABSDF မှာ မြောက်ပိုင်း၊တောင်ပိုင်း၊အလယ်ပိုင်းလို့ ခွဲခြားပြီး မမြင်ပါဘူး။ ကျနော်တို့အားလုံး(တာဝန်နဲ့လာသူထောက်လှန်းရေးမှအပ) ဟာ စစ်အာဏာရှင်စနစ်ကို လက်နက်ဆွဲကိုင်ဆန့်ကျင်ဘို့ အဆင်ပြေသလိုနီးစပ်ရာနယ်စပ်ဒေသတွေကို ထွက်လာခဲ့ကြတာဖြစ်တယ်။ အားလုံးကို ကျောင်းသားစိတ်ဓါတ်ရှိသူတွေလို့ဘဲ ယုံကြည်တယ်။ ကျနော်ရောက်ရှိခဲ့ဘူးတဲ့ဒေသတွေမှာ ဒီလိုအဖြစ်မျိုးတွေကို လုံးဝ မကြုံခဲ့ရဘူး။ ကျောင်းသားတွေထဲမှာ ဒီလောက်ထိ ရက်ရက်စက်စက်လုပ်မဲ့လူတွေရှိတယ်လို့လဲ မယုံဘူး။
    • Nge Naing
      ကျွန်မလည်း မယုံနိုင်စရာ ဖြစ်နေလို့ကို သက်ဆိုင်ရာ တာဝန်ရှိတယ်လို့ အစွပ်စွဲခံရတဲ့သူတွေကိုရော အစွပ်အစွဲမခံရပေမဲ့ အဲဒီအချိန်က အဖွဲ့အစည်းမှာ တာဝန်ရှိတဲ့ သူတွေကိုပါ ပုဂ္ဂိုလ်ရေးအရ Message ပို့ပြီးမေးထားပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။ အတွေ့အကြုံတခု ဥပမာ သန်းကြွယ်သူဌေး ဖြစ်တဲ့ဘ၀တုန်းကလို တစ်တစ်ခွခွ ရေးထားတဲ့ စာသားမျိုးကို လုပ်ကြံရေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာ သေသေချာချာ ဖတ်ရင် သိနိုင်ပါတယ်။ ဒါကြောင့် မယုံနိုင်စရာတွေ ဖြစ်ပေမဲ့ မယုံဘူးလို့တော့ မပြောရက်ဘူး။
    • Khin Nyein Thit မောင်မောင်ကြွယ်က ကျမတို့နဲ့ မောင်နုမလိုနေခဲ့တာပါ။ သူ့အကြောင်းကို ဒီထက်ပိုပြည့်စုံအောင်သိလိုပါတယ်။ သူ့မိဘတွေက မောင်မောင်ကြွယ်အသတ်ခံရလို့ ကျောင်းသားတပ်မတော်ကို အရမ်းနာကျည်းသြွးခဲ့ကြသလို၊ ဒီမိုကရေစီတော်လှန်ရေးအပေါ်လည်း အထင်အမြင်လွဲသွားကြပါတယ်။မောင်မောင်ကြွယ်ရဲ့ အဖေက ကျမ်းမာရေးဦးစီးဌာနကပါ
    • Ko Myo Min ”ကြွေလွင့်သွားသော ကြယ်ပွင့်များ” ဆိုတဲ့ စာအုပ်ကို တတ်နိုင်ရင် ပြန်လည်တင်ပေးစေချင်တယ်။
    • ကိုရွှေ အိုး https://smarnyinyi.wordpress.com/
      smarnyinyi.wordpress.com
      It has happened in early 1990s and you all are speaking big about the whole country, but never thinking to solve internal troubles.
    • Yazar Kyaw Min အောင်မိုးဝင်းရေ.. မျိုးဝင်း က ကချင်မျိုးဝင်းလား
    • Kyi Soe
      Aung Moe Win...ဒါတွေ ဖတ်နေတာ ၃ရက်လောက်ရှိပြီ။ကောင်းတော့မကောင်းဘူး။အချိန်နဲ့နေရာအရ ဒါမျိုးတွေ ရှိမှာကို မျှော်လင့်ပြီးသားပဲ။ဖြစ်ခဲ့တာတွေဟာတော့ ဖြစ်ခဲ့တာတွေပဲပေါ့။သမိုင်းဆိုတာ အချိန်ကာလများစွာ ဆန်ကာချယူရတာလို့ပဲထင်ပါတယ်။(တိုးလေးအကိုနာမည် တွေ့လိုက်တယ်)။(ကိုထိန်လင်းရေးတဲ့အထဲမှာရော) လိုင်စင်လို့တွေ့နေတယ်။လိုင်ဇာပဲ ဖြစ်ရမယ်ထင်တယ်။လိုင်ဇာမှ ဌာနချုပ်ကိုး။လိုင်စင်က ကန်ပိုက်တီးနဲ့နီးတာ။အဲ့ဒီနေရာတွေက ကေအိုင်အေနယ်မြေ မဟုတ်ဘူး။ဗကပနယ်မြေပဲ။ကျဆုံးသူများအတွက်လည်း စိတ်မကောင်းပါ။ဖြစ်သူတွေကတော့ အဟောင်းလို့ပဲခံစားကြမှာပေါ့။(အခု-မြန်မာ့သမိုင်း တစ်ခုလုံး/နိုင်ငံရေးသမားအားလုံးကို မယုံတော့သလို ဖြစ်နေတယ်။:))
    • Kyi Soe လုပ်ပုံတွေတော့ ရက်စက်လွန်းတယ်။
    • Aung Moe Win ကိုကျော်မင်း- ဟုတ်တယ်။ မိုးညှင်း မျိုးဝင်း မှတ်မိလား။ အင်းလေးဆောင်မှာ နေသွားတဲ့သူ
    • Aung Moe Win ကိုကြည်စိုး-ဟုတ်တယ်။ တိုးလေး အကိုနာမည်ကိုလည်းတွေ့ရမယ်။ ဒါတွေကို ရေးတော့ ကျနော်လည်း ထိခိုက်ခံစားရတယ်။ မရေးချင်ဘူး။ ဒါပေမဲ့ ဗီလိန်တွေက မင်းသားလို နေ၊ အပြစ်မရှိသူတွေက အသေဆိုးသေ-ဘဝက မတရားဘူးထင်လို့ရေးလိုက်တာ။ စာရွက်စာတမ်းတွေသိမ်းထားတာက နှစ်ချီနေပြီလေ။ ကျနော်လည်း ထမ်းပိုးထားရတာ ပင်ပမ်းလှပြီ။ ဒါကြောင့် အနှစ် (၂၀) မှာ စာရင်းရှင်းကြည့်တာ။ သည်းခံပြီး စောင့်ဖတ်ပေးပါ။ အခုမှ အင်ထရိုလောက်ပဲ ရှိသေးတာ။
    • Sliv Mmc ဆက်ရေးပါ .. အားပေးပါတယ်... နောက်တော့ ABSDF နှစ်ခြမ်းကွဲရတဲ့ အကြောင်းရင်းနဲ. ခေါင်းဆောင်နေရာလုကြလို. ကြားထဲက ကျောင်းသားတွေ သေရတယ်ဆိုတာ အခုရေးတဲ့ အဖြစ်ကို ပြောတာလား... နှစ်ခြမ်းကွဲပြီးမှ ထပ်ပစ်ကြတာလား..သိချင်ပါ၏
    • မိုး စဲ ခုမှ အစပါ..အခြားအခြားသော သတ်၍ မသေ၍ လွတ်လာသော ရဲဘော်များ စွပ်စွဲခံရပြီး ထွက်ပြေးလာ၍ လွတ်လာသော ရဲဘော်များ ရှိပါသေးတယ်..သေဆုံးသွားတဲ့ ပြန်မပြောနိုင်တော့တဲ့ ရဲဘော်များအတွက် ပြောနိုင်တဲ့သူတွေက ပြောရမယ် လို့ မှတ်ယူပါတယ်..မတရားမှုတွေ ကျဆုံးပါစေ..တရာမှုတွေ ပေါ်ထွန်းပါစေ..
    • Nge Naing Sliv Mmc ABSDF က တတိယအကြိမ် ညီလာခံမှာ မူတွေဘောင်တွေ အကုန်ဆွေးနွေးအတည်ပြုပြီး နောက်ဆုံး ခေါင်းဆောင် နေရာလုလို့ ကွဲတာ ဖြစ်ပြီး ကွဲတုန်းက ရဲဘော်တွေက မိမိယုံကြည်တဲ့ခေါင်းဆောင်တွေဘက်ကို တပ်ရင်းအလိုက် (သို့) တသီးပုဂ္ဂအလိုက် လွတ်လပ်စွာ ရပ်တည်ကြပါတယ် ဘယ်သူမှ မသေဘူး။ အခု ဖြစ်တာ မကွဲခင် ဒုတိယအကြိမ် ညီလာခံသက်တမ်း ကာလမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ။
    • Sliv Mmc ဟုတ်ကဲ့ ကျေးဇူးတင်ပါ၏ သို.သော် အစကတည်းက လက်နက်ကိုင်တိုက်ခြင်းကို အားမပေးသည့်အပြင် အခုလို သိလိုက်ရလို. ပိုတောင် ဝေး ပါသေး၏ ..
    • Win Sai ဒါတွေအားလုံးတနေ.ကျရင်ပေါ်လာမှာပါ။ ရာဇ၀တ်မှု.ကျူးလွန်ထားတဲ့လူဟာတနေကျရင်ပြန်ခံရမှာမလွဲဘူး။
    • Nge Naing
      အာဏာရှင်ကို တော်လှန်ရာမှာ တိုက်ပွဲသဏ္ဍန်က လက်နက်ကိုင်တာ မကိုင်တာထက် မိမိနှစ်သက်ရာနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။ အဓိကက အာဏာရှင် အားပေးမဖြစ်ဖို့ပဲ အရေးကြီးပါတယ်။ ရှင်းပြရတာကလည်း ကွဲတဲ့အချိန်မှာ ပစ်ကြခတ်ကြတယ် ထင်နေတာကို မဟုတ်ဘူးလို့ ရှင်းပြတာပဲ ရှိပါတယ်။လက်နက်ကိုင်တော်လှန်ရေးဆိုတာ အခုလို အချင်းချင်း မသင်္ကာလို့ စွပ်စွဲခံရတဲ့ အန္တရယ်တွေအပြင် တခြားမရေတွက်နိုင်တဲ့ အန္တရယ်တွေလည်း အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ တိုက်ပွဲဝင်ခဲ့သူ တိုက်ပွဲဝင်နေသူတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ကို ခန့်မှန်းကြည့်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။
    • Naing N Naing အဲဒီနောက်ပိုင်း မန္တလေးထောက်လှမ်းရေး (၁ နဲ့ ၁၆)က မန္တလေးက ကျောင်းသားတွေကို ဖမ်းပြီး စစ်ကြောရေးလုပ်တဲ့အခါတိုင်း မင်းတို့ မြောက်ပိုင်း ကျောင်းသားတပ်မတော်ကို ခေါ်ပြီး စစ်ခိုင်းလိုက်ရမလားလို့ ပြောပါတော့တယ်။
    • Aung Moe Win
      မ Nge Naing ရဲ့ ကော့မန့်တွေ သိတ်ကောင်းတယ်။ ကျနော်တို့လေးလေးစားစားဖတ်နေကြပါတယ်။ ABSDF ရဲ့ သမိုင်းဟာ ကြီးမြတ်သလို၊ တိုင်းရင်းသားတွေကြားမှာ နားလည်မှုရအောင်လုပ်နိုင်ခဲ့တာတွေအပြင်၊ စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ရဲဘော်တွေရဲ့ အခန်းကဏ္ဍကိုလည်း ဂုဏ်ပြုရမှာပါ။ ကျနော့ဆောင်းပါးတခုလုံးဟာ မရိုးသားတဲ့ လက်တဆုပ်စာ လူတစု နဲ့ ရိုးသားမြင့်မြတ်တဲ့ ABSDF ရဲဘော်တွေကြားကို ခွဲထုတ်တင်ပြနေတာပါ။ လက်နက်ကိုင်တော်လှန်ရေးဘဝဆိုတာ ကြမ်းတမ်းပါတယ်။ ပျော်လို့ဝါသနာပါလို့ရွေးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျောင်းသားအားလုံးရဲ့ ရည်မှန်းချက်က ဗမာပြည်လွတ်မြောက်ဖို့ပါ။ ကျနော်ရေးခဲ့တာတွေ မှန်မမှန် အကောင်းဆုံးသက်သေကတော့၊ လက်ရှိ အေဘီ ဥက္ကဋ္ဌ ကိုသံခဲရဲ့ အမျိုးသမီး၊ ခင်ရွှေလှိုင်ပါ။ မြောက်ပိုင်းဖြစ်စဉ်တခုလုံးမှာ သူရှိပါတယ်။
    • မိုး စဲ
      ကျနော်လဲ န၀တ စစ်ကြောရေးမှာ အပြင်းအထန်ကာလကို ဖြတ်ရဖူးပါတယ် လမ်းတောင် လချီပြီးမလျှောက်နိုင်ပါဘူး..ဒါပေမဲ့ အပြင်းအထန် သူတို့ လိုချင်တဲ့ သူကို နေ့ည တွန်းပြီး ဖေါ်ခိုငးတဲ့အခါမှာတော့ ကျနော်မသိဘူး ကျနော် မသိတာကို ဖေါ်ရမယ်ဆိုရင် ခင်ဗျားတို့ ကျနော်ပြောတိုင်း ဖမ်းမှာလား ဆိုတော့ မင်း မဟုတ်တာတော့ မပြောနဲ့ လေ ဆိုပြီး ဒုံရင်း ဒုံရင်း ပြန်ရောက်ပြန်ရိုက် ပြန်စစ် တာပါပဲ နောက်ဆုံး မရတော့ ထောင်လွှဲ မယ်ဆိုကထဲက မရိုက် မညှင်း ပဲ ပုံမှန် သူတို့ တပ်က ပဲဆိုပဲ အသားဆို အသား တပတ်လောက်ထားပြီး ထောင်ကို ပို့တာပါပဲ..ထောင်လဲရောက်ကော..ဘာပြောကောင်းမလဲ စိတ်ကို ချမ်းသာလို့..သူတို့ ကျောင်းသားဆိုပြီး အညိုးနဲ့ ရိုက်တာမျိုးလဲ ရှိသလို တချို့က လဲ တာဝန်အရပဲ လုပ်တာပါ ရိုက်တာပါ..မြောက်ပိုင်းကလိုမျိုးသာ စစ်မယ်ဆို ကျနော်လဲ မဟုတ်က ဟုတ်ကတွေ အကုန် လျှောက်ပြောမိရင်မိတော့မှာပါပဲ..နောက်ပိုင်းသတ်ကာမှ သတ် ကြိုးပေးကာမှ ပေးပေါ့..ဒီတော့ မြောက်ပိုင်းကရော တောင်ပိုင်းကရော ထောက်လှမ်းရေးပါ ၀န်ခံခဲ့ရတဲ့ သူတွေကို ဘယ်အချိန်မှာ ဖမ်းပြီး ဘယ်အချိန်မှာ ၀န်ခံရတာလဲ ဆိုတာ မေးယုံနဲ့ သိပါတယ် ..ဘယ်လို မေးတယ် ဘယ်လိုရိုက်တယ် ဘယ်လို ၀န်ခံခိုင်းတယ် ဆိုတာမျိုးတွေ ပဲ ကြားရပါတယ် ဆက်စပ် သတင်းဖေါ်ထုတ်တယ် ဆိုတာထက် ထောက်လှမ်းရေး ဖြစ်ကြောင်း ရိုက်ပြီးနှိပ်စက်ပြီး ၀န်ခံခိုင်းခဲ့တာတွေ များပါတယ်။ ထောင်ထွက်တွေ စစ်ကြောရေး ထွက်တွေ အဲ့ဒီအခြေအနေကို သိကြပါတယ် ကျန်သူတွေလဲ မှန်းဆမိကြမှာပါ..အဲ့ဒီလူတွေ ထောက်လှမ်းရေး တကယ်ဟုတ်လို့ လုပ်တယ် ဆိုရင်ထားပါတော့ အဲ့ဒီလူတွေ ထောက်လှမ်းရေး မဟုတ်ဘူးဆိုရင် စစ်ကြောတဲ့သူတွေကို ဘယ်လို အေ၇းယူမလဲ..အဲ့ဒီအခြေအနေကြောင့် ကျောင်းသားထုကြား ရဲဘော်တွေကြား ညီညွတ်ရေးနဲ့ စိတ်ဓါတ်ပျက်စရာဖြစ်တာကို ဘယ်သူတာဝန်ယူလဲဆိုတာ သိချင်ပါတယ် ပြောရရင် လက်နက်ကိုင်တော်လှန်ရေးအတွက် အများကြီးနစ်နာခဲ့ ရတာပါပဲ။
    • Maung Maung Wann
      လူမဆန်သူမဆန် အရက်စက်ခံနေရင်းက ထွက်ပြေးလွတ်မြောက် အသက်ရှင်ကျန်နေရစ်လို့...ဒီအကြောင်းအရာတွေကိုအစဖော်ပေးခဲ့တဲ့..ပန်းချီ ထိန်လင်းဟာ..စစ်ထောက်လှမ်းရေး သူလျှိုမို့ ဒီလိုလုပ်ရပါတယ်ဆို...ကျနော်ပြောပရစေ...ယခုလက်ရှိ ABSDF ဗဟို ဥက္ကဌ ကိုသံခဲ ဟာ...ထိန်လင်းနဲ့ ညီအစ်အကိုထက်တောင်ချစ်ခင်ရင်းနှီးသူတစ်ယောက် ထိန်လင်းနဲ့သူခွဲရတုန်းက..မျက်ရည်တောင်ကျမိတယ်လို့..ထိုင်းမှာတုန်းက ကိုသံခဲက..ကျနော့်ကိုပြောဘူးတယ်.....လွန်ခဲ့တဲ့သိပ်မကြာခင်လများဆီက....ကျနော်တို့ဆီလာသွားတုန်းကလည်း ထိန်လင်း အကြောင်းပြောဖြစ်တယ်.....ဒါဆို...AB ဥက္ကဌက သူလျှိုနဲ့ ညီအစ်ကိုတမျှဘာလို့ချစ်ခင်ကြတာလည်း၊ .မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန် သံအမတ်ကြီး....ဗစ်ကီဝူမင် က ဒီသူလျှိုကို လင်မှတ်မှတ်သားမှတ်မှတ် လက်ထပ်ယူတာလည်း ( သမီးလေးတယောက်တောင်ရပြီ ) အဲသလောက်တောင် အ...ရသလား၊ သူတို့ မင်္ဂလာင်္ဆောင်မှာ...မင်းကိုနိုင် အပါဝင် ၈၈ မျိုးဆက်ခေါင်းဆောင်တွေ..ဘာလို့တပြုံးပြုံးတပျော်ပျော်နဲ့ရောက်လာကြတာ လည်း......ကိုဇာဂနာ ဟာ ခုထိ မကြာခန..ထိန်လင်းနဲ့ အဆက်သွယ်လုပ်နေတုန်း....မြောက်ပိုင်းက အသက်ဘေးနဲ့လွတ်မြောက်လို့အပြီးမှာပဲ...ဘာလို့ စစ်အစိုးရက..နိုင်ငံရေးပြစ်မှု့နဲ့ ထောင်နှစ်ရှည်လများချခံခဲ့ရတာလည်း......အခု သူက စရေးလို့...ဒီစာကို အစိုးရက ပရိုပဂမ်နာ လုပ်တာပါဆိုတာမဟုတ်ပါဘူး။ နည်းနည်းလေးစဉ်းစားကြည့်ပါဗျာ။ ဒီဖြစ်ရပ်မှာ ခံခဲ့ရပြီး...အသက်ရှင်ကျန်ရစ်နေသူများမှာ...စိတ်ဒဏ်ရာတွေကြီးတယ်ဆိုတာယုံပါ။ ကိုယ်ချင်းစာကြည့်ပါဗျာ.....။
    • မိုး စဲ ကိုသံဒုတ်လဲ ပြောဘူးပါတယ် ကိုထိန်လင်းက ကျနော့်သူငယ်ချင်း မသေလို့ ပြန်တွေ့ရတာ ကိုထိန်လင်းကလဲ ထိုင်းရောက်တိုင်း ၀င်တွေ့ပုံရပါတယ်..ထောက်လှမ်းရေးလို့ အသေ စွပ်စွဲထားမှ သူတို့ပြစ်မှုတွေ ဖုံးမိမယ် ထင်လို့ပါ..ဒီအချိန်မှာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးလဲ မလုံပါဘူး..
    • Nge Naing
      တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ABSDF ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတာ ကျေးဇူးတင်ပါတယ် ကိုအောင်မိုးဝင်း။ အရင်က ခွဲထက်ရေးလို့ ထင်ထားတဲ့ ဖက်ဒရယ်မူကို ABSDF ကို ရောက်လာသူ ဗဟိုအဆင့်ကနေ အောက်ခြေရဲဘော်အဆင့်ထိ ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို တောထဲရောက်မှ လေ့လာပြီး ရှင်းရှင်းလင်းလင်း နားလည်ခဲ့သူတွေချည်းပဲ။ ကျွန်မတို့ဟာ တိုင်းရင်းစား အဖွဲ့အစည်းတွေနဲ့ တွဲပြီး ဒီအေဘီ စစ်ကြောင်းတွေနဲ့အတူ ရှေ့တန်းဒေသမှာ နယ်မြေတွေ ထိုးဖေါက်ပြီး လူထုအကျိုးပြု လုပ်ငန်းတွေ အများကြီး လုပ်နိုင်ခဲ့တာလည်း အမှန်ပဲ။ ဒါမေပဲ့ ဒီလိုတိုက်ပွဲဝင်ရာမှာ ပါဝင်လာခဲ့သူတွေထဲက အခုချိန်မှာ အခုမြောက်ပိုင်းကိစ္စလို အဖြစ်အပျက်တွေ အဖွဲပအစည်းထဲမှာ ဖြစ်သွားခဲ့မှုကြောင့် တပ်ဖွဲ့ဝင်ဟောင်းတွေကြားထဲမှာ လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့မိတာကိုက မှားပါတယ်လို့ ယူဆနေကြတဲ့ သူတွေကိုလည်း ရှိနေသလို တခြားလူတွေအနေနဲ့ ABSDF ဆိုတာနဲ့ မကောင်းဆိုးဝါး မြင်နေတဲ့သူတွေလည်း ရှိတော့ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ အမှန်က ဘာမှအမှားမလုပ်ခဲ့တဲ့သူတွေအနေနဲ့ ABSDF မှာ မိမိလုပ်ခဲ့တဲ့ အလုပ်ကို မှားတယ်လို့ လုံးဝသတ်မှတ်စရာအကြောင်း လုံးဝ မရှိပါဘူး။ ကို Maung Maung Wann ဒီဖြစ်ရပ်တွေက သိပ်ကို ယုတ်မာ ရက်စက်လွန်းတော့ မိမိဘ၀ဖြတ်သန်းမှုမှာ ဒီလိုမျိုးလည်း တခါမှ မကြုံဖူးတဲ့ တော်လှန်ရေး သက်တမ်းကို သိပ်ခါးခါးသီးသီး မဖြတ်သန်းဖူးဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဖြတ်သန်းလာရသူတွေအနေနဲ့ ဒါဟာ ယုံနိုင်စရာ မရှိဘူး၊ ရန်သူ့လှည့်ကွက်တွေသာ ဖြစ်နိုင်တယ်လို့ အခုချိန်မှာ ထင်နေသူတွေလည်း ရှိနေဦးမှာတော့ အမှန်ပဲ။ ဒါမေပဲ့ နောက်ထပ် တိကျခိုင်လုံတဲ့ အချက်အလက်တွေနဲ့ ဒီထက်ပိုခိုင်ခိုင်မာမာ တင်ပြလာနိုင်ရင်တော့ ငါတို့ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းမှာ ဒီလို ရုပ်ဆိုးအကျည်းတန်လှတဲ့ ဖြစ်ရပ်တွေ တကယ်ဖြစ်ခဲ့တာပါလားဆိုပြီး ကျွန်မလိုပဲ မျက်ရည်ပေါက်ပေါက်ကျအောင် မငိုမိရင်တောင်မှ ယူကျုံးမရ ခံစားရမှာတော့ သေချာတယ်တယ်လို့ ကျွန်မယုံတယ်။ ဒါကြောင့် မယုံဘူးဆိုတဲ့သူတွေကိုလည်း အပြစ်မတင်ဘူး။ တာဝန်ရှိတယ်လို့ စွပ်စွဲခံရသူရော စွပ်စွဲခံရရာမှာ မပါပေမဲ့ အဲဒီတုန်းက အဇွဲ့အစည်းမှာ တာဝန်ရှိသူတွေကိုပါ ကျွန်မက ဒီဖြစ်ရပ်တွေအပေါ် တကယ်ဟုတ်မဟုတ် အမှန်တိုင်း သိပါရစေ၊ အမှန်တိုင်း ဖေါ်ထုတ်သင့်ပြီလို့ မေးမြန်းထားတာ ဖြစ်ပျက်သွားတာနဲ့ ပတ်သက်ပြီး မကြာခင် အများသိအောင် အမှန်အတိုင်း ထုတ်ဖေါ်ဖို့ စီစဉ်နေပြီဆိုတာ အကြောင်းပြန်လာတဲ့အတွက် ဘယ်လိုဖြစ်ပျက်သွားတယ်ဆိုတဲ့ တာဝန်ရှိသူတွေဆီက တုံ့ပြန်မှုကို မကြာခင် သိရတော့မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။
    • Khin Zai ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်ရတယ်..။ဒီကိစ္စဒေါက်တာထုဂျာတို့ လည်းသိမှာဘဲ..။သူတို့ ကိုပါရှင်းပြခိုင်းဖို့ လိုတယ်..။
    • Lwin Aung Soe
      Ni Lynn ရဲ့ကွန်မန့်အရ ICC ကိစ္စကတော့ လက်ရှိအစိုးရ အဖွဲ့ဝင် (သို့) အစိုးရ ဝန်ထမ်းဟောင်း မဟုတ်တဲ့အတွက် အကြုံးဝင်နိုင်ပါ့မလား မသေချာလှပါဘူး။ ဒါပေမယ့် Geneva Conventions နဲ့ အကြုံးဝင်တာကတော့ ရှင်းနေပါတယ်။

      Ko Baloi ရဲ့ ကွန်မန့်မှာ ရေးထားတဲ့အတိုင်း ရဲသီဟ(ခ) ဆန်းနိုင် ယူလာတဲ့ The Nation သတင်းစာ ထုတ်တဲ့ရက် အကြမ်းဖျဉ်းလောက် သိနိုင်ရင် ဓါတ်ပုံနဲ့ သတင်း သက်သေခံ နောက်တခု ရနိုင်စရာ ရှိပါမယ်။

      Moe Sal ရဲ့ ကွန်မန့်တခုမှာ ပါတဲ့ “…..မြောက်ပိုင်းကနေ ထွက်ပြေးလာတဲ့ စွပ်စွဲခံရသူတွေကို န၀တက ဆက်ပြီး ထောင်နှစ်ရှည်ချ လိုက်ပါသေးတယ်။ ခုတော့ အဲ့ဒီလူတွေ အသက်ထင်ရှား နေရာအနှံ့မှာ ရှိနေပါသေးတယ်…..” အဲဒီလူတွေက လက်ရှိ အကျဉ်းကျခံဆဲ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်နေတုန်းလား၊ လွတ်သွားပြီလား။ သူတို့ဟာ သိပ်အရေးပါတဲ့ မျက်မြင်သက်သေတွေလို့ ယူဆနိုင်စရာပါပဲ။

      အခုလို (မြောက်ပိုင်းဒေသ) ကျောင်းသားတပ်မတော်မှာ ဖြစ်ခဲ့တာတွေကြောင့် အခုလက်ရှိနဲ့ နောင်ဖြစ်လာဖို့ ရှိကောင်းရှိနိုင်တဲ့ ကျောင်းသားတပ်မတော်မှာ ဒီလို စရိုက်ဆိုးတွေကို ဖျောက်ဖျက်ပြီး အစစ်အမှန် ပိုမို ပီပြင်နိုင်ဖို့ ဖြစ်လာတယ်လို့ ဆိုရမှာပါပဲ။ ဒါကြောင့် အမှန်တရားကို ဖော်ထုတ်ပြီး ပြုပြင်ယူနိုင်ခြင်းကို ကျနော်အနေနဲ့ အားပေးထောက်ခံပါတယ်။
    • Maung Maung Wann ကိုလွင်အောင်စိုး ကျနော်သိသလောက်....ရက်ရက်စက်စက်အနှိပ်စက်ခံရလို့ထွက်ပြေးလွတ်မြောက်လာတဲ့အထဲမှာ ပြည်ပမှာရှိနေတာ...ထိန်လင်း ( အင်္ဂလန် ) ၊ နန်းအောင်ထွေးကြည် ( သြဇီ ) ၊ ဖိုးကျော် ( ထိုင်း- နို့ဘိုး စခမ်း )၊ နန်းစော ( ထိုင်း -နို့ဘိုးစခမ်း ) သူတို့တော့သိတယ်.....ကျန်တာတွေက ပြည်တွင်းမှာ။
    • San Yu ဂျက်ကီရေ။ငါ့သူငယ်ချင်းရေ။အောင်မိုးဝင်းရေလို့ငါအော်ခေါ်ပြီးအားပေးလိုက်ပါတယ်။ငါတို့အသေအချာယုံကြည်ရတဲ့လူတွေကတောထဲမှာထောက်လှမ်းရေးဆိုပြီးအသတ်ခံရတော့ငါတို့တွေမှာသူတို့မိဘတွေကိုသေတဲ့အထိမျက်နှာသွားမပြရဲဘူး။ဆက်ရေးပါ။ငါတို့မ။။
    • Maung Maung Oo ကိုအောင်ဟိန်း ဒီကိစ္စက ဗကသ နဲ့လုံးဝမဆိုင်ပါ။ကောက်ချက်ကိုအလွယ်မဆွဲစေလိုပါ
    • Shwe Zaw Naing မန်တလေးမှာမြောက်ပိုင်းပြန်နှစ်ယောက်ရှိတယ် တစ်ယောက်ကမှန်ကြောင်းပြောတယ် တစ်ယောက်ကရူးချင်ယောင်စောင်နေတယ်.......
    • Aye Aye Soe Win save the comments pls.....we need all of them..
    • Aye Aye Soe Win
      Htay Aung current ABSDF said these word on his FB page.Htay Aung first blamed Ko Thar Swe for posting Ko Htein Lin article. To him, the discussion on the killings is tooooo EARLY. Htay Aung said early...
      [ကျွန်နော်လဲ အမှန်တရားကို ဖေါ်ထုတ်ခွင့်မရှိဘူးလို့ ပြောနေတာ မဟုတ်ဘူးလေ။ ဖေါ်ကောင် ဘညွန့် လုပ်နေတဲ့သူတွေက ပညာတတ်တွေပါပဲ။ အရပ်ဖက်ဆိုင်ရာ ရာဇ၀တ်မှုနှင့် စစ်ဘက်ဆိုင်ရာ ရာဇ၀တ်မှုကို ဘယ်အချိန်ကာလမှာ ဘယ်လို အပြစ်ဒဏ် စီရင်သလဲဆိုတာကိုလဲ သူတို့ ဖတ်ဖူးမှတ်ဖူးမှာပါ။ မသိဘူးဆိုရင်တော့ တမျိုးပေါ့။ သိတယ်ဆိုရင်တော့ ဖြေရှင်းခြင်း နောက်ကွယ်မှာ မရိုးသားမှုတခုခု ရှိတယ်လို့ ကောက်ချက်ဆွဲရမှာပဲ။ ယောင်ဝါးတွေပါ လုပ်ချင်တာ တခုပဲ သိတယ်။ သေနတ်ကိုင်တယ်ဆိုတာ ဥပုတ်စောင့်ပြီး လူသတ်နေတာမှ မဟုတ်တာ၊ ဒီဇာတ်လမ်းက နိုင်ငံပြု ၀စ်ဆိုက်မှာ ကိုထိန်လင်း ( ပန်းချီ ) မှ သူခံစားခဲ့ရတာကို ဆောင်းပါးလုပ်ပြီးရေးတယ်။ ဒီကနေ ဖေါ်ကောင်တွေက ပွားလိုက်တာပါ။ အခုက ဆောင်းပါးရှင်ကိုယ်တိုင်က ငြိမ်နေတယ်။ သိတယ်ဟုတ် ဘီဘီစီ ကိစ္စလို အွန်လိုင်းပေါ်တင်ပြီး အဖွဲ့အစည်းကို ၀ိုင်းနိပ်ကွပ်မဲ့ အနေအထားဗျ။ ဖေါ်ကောင်တွေမှာ လောလောဆယ် သတ်ကွင်းမရှိ ဖြစ်နေတယ်လေ။ ဒါကြောင့် ဒီပြသာနာကို ဆွဲထည့်လာတာ ဒီသတ်ကွင်းကို ဘယ်လို ကာကွယ်မလဲဆိုတာကိုပဲ စဉ်းစားကြပါ။ အားလုံး သိအောင် ဇာတ်လမ်းအကျဉ်း ပြောပြမယ်။ နိုင်ငံပြု ၀စ်ဆိုက်က တင်ထားတာကို ကိုထိုက်နှင့် ကိုသားဆွေက စဖေါ်တယ်။ ဒါကို ကျွန်နော်က ခင်ခင်မင်မင်ရှိတဲ့ ကိုသားဆွေရဲ့ ဖဘမှာ စောလွန်းတယ်လို့ ပြောမိတယ်။ နောက် ကိုနိုင်အောင်နဲ့ ကိုမောင်မောင်ဝမ်းတို့ စကားတွေ ပြောကြပြီး ဘာတွေ မကြေနပ် မဖြစ်သလဲတော့မသိ၊ မောင်မောင်ဝမ်းက ကိုအောင်မိုးဝင်းရေးထားတဲ့ မြောက်ပိုင်းက အရိုးတွန်သံ ဆောင်းပါးကို လူတကာ လိုက်ပို့တာပဲ...လူကြီးလူကောင်းလဲ ဆန်ချင်သေး .. စိတ်လေတယ်] My question is why is Ko Htay Aung စိတ်လေတယ် ???? Is it againt Dr. Naing Aung's interest? Shame on you Htay Aung..Shame on you...Shame on you..
    • အိုးဝေအောင် အိုးဘားမား စာရင်းအတိအကျ ပြုစုတင်ပေးတာ သိပ်တန်းဖိုးရှိတယ်။(မကောင်းမြင်သူတချို့ကတော့ ဒီစာရင်းအတိအကျ ဖြစ်ပျက်ပုံအတိအကျကို ဘယ်လိုသိတာလဲ။အခင်းဖြစ်နေချိန်မှာ ရှိနေခဲ့တဲ့ စစ်ထောက်လှမ်းရေးအရာရှိတွေ မှတ်တမ်းတင်ထားခဲ့လို့ အဲဒီကတဆင့် သိတာလား..တဲ့)ကိုအောင်မိုးဝင်းရေ...။
    • အိုးဝေအောင် အိုးဘားမား Aye Aye Soe Win ကွန်မန့်ထဲမှာ မေးထားတဲ့ ဌေးအောင်က အေအေပီပီက ထင်တယ်။ထိုင်းကို စောစောကတည်းက ရောက်နေတဲ့ ဌေးအောင်(ဇော်ထွန်း)ရယ်၊နောက်မှရောက်လာတဲ့ ကိုဌေးအောင်ရယ် ၂ယောက်ထဲက တယောက်ယောက်ပါပဲ။
    • အိုးဝေအောင် အိုးဘားမား သင်္ကန်းကျွန်း အကသ က မောင်မောင်ကြွယ်တို့ကို သတ်ခဲ့တဲ့ လူသတ်တရားခံတွေထဲက တယောက်ဖြစ်တဲ့ သံချောင်းဟာ မြန်မာပြည်ထောင်ထဲမှာ သေဒဏ်ကျနေတယ်လို့ သိရတယ်။(သူ့ကို နိုင်ငံရေးအကျဉ်းသားစာရင်းထဲ ထည့်ထားလား)ထည့်ထားရင် ပယ်ဖျက်ပေးပါ။မကြာခင်နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးခဲ့လျှင် သူလိုလူ ပါမလာစေချင်ပါ။ထောင်ထဲမှာပဲ မြောက်ပိုင်းလူသတ်မှုအတွက် ဆက်လက်ရုံးထုတ်စစ်ဆေးသွားစေချင်လို့ပါ။
    • Ko Myo Min ဖို့ဝိန်းရောက်နေတဲ့ ဒေါ်ခင်စမ်းနွယ်လဲ မြောက်ပိုင်းပြန်တစ်ယောက်လို့ ထင်တယ်။ မြောက်ပိုင်းပြန် ဟုတ်မဟုတ် သေချာအောင်သူ့ကို မေးကြည့်စေချင်တယ်။
    • Soe Than ကိုအောင်မိုးဝင်းရေ မခင်စန်းနွယ်လဲမြောက်ပိုင်းကပြန်လာပြီး ထောင်ကျတဲ့သူပါ သူနဲ့အတူ သူ့ယောကျား ထွန်းထွန်းဦးလည် ပါပါတယ် ထွန်းထွန်းဦးက တာမွေမှာ အခုနေနေပါတယ် သတ်တဲ့သူတွေဘက်က တတ်ကြတ်ကြီး ကိုသန်းဇော်ကလည်း မန္တလေးမှာ ပါ ၉၉၉၉မှာ ကိုစိန်ဝင်းနဲ့အတူ တရုပ်ပြည်မှာ အဖမ်းခံရပြီး သာယာတီမှာ ကျနော်တို့နဲ့အတူနေခဲ့ရတယ် သူထောင်ကလွတ်တာ အတော်ကြာပြီ သူကိုဆက်သွယ်လို့လည်းရနိုင်ပါတယ်
    • Soe Than စောသက်ထွန်းလည်း မြောက်ပိုင်းက အဲဒီကိစ္စနဲ့ပြန်လာသူပဲ အခုသူလည်းတာမွေမှာပါ
    • Nan Wut Yi
      I've been waiting for that truth to come out for our generations of painful history. I can't describe how painful I was listening when I got in Thailand in 1998 and until now. I heard about our student's leaders are arrested in border when I was in prison in 1992 but I didn't know the whole story until 1998. That is going to occupy as the black shadow of our student's history in our mind. I am truly so sorry for who had to give their life by their own comrade.
    • Soe Than သတ်တဲ့သူတွေဘက်က ကိုစိန်ဝင်းလည်း ထောင်ကလွတ်ပြီကြားတယ်
    • အိုးဝေအောင် အိုးဘားမား ကိုစိုးသန်းတို့နယူးယောက်က ကိုဖြိုး(ထိုင်းမှာ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှာ လုပ်ခဲ့သူ)တယောက်လည်း မြောက်ပိုင်း အေဘီ ထွက်လို့ကြားဖူးတယ်။ဟုတ် မဟုတ် မသေချာပါ။(ပြန်လာသူတွေထဲက ဘယ်သူဆိုတာ ပြန်စိစစ်ပေးပါ။အသတ်ခံရတဲ့ဘေးက လွတ်ပြီး ပြန်လာတာလား၊သတ်တဲ့ဘက်ကရပ်တည်ပြီး ပြန်ရောက်လာတာလား ဆိုတာ စိစစ်ပေးပါ။)
    • Ko Ko Gyi Let me share these notes in my FB and WP blog

No comments:

Post a Comment