ABSDF(NB) ကိစ္စနှင့် ပတ်သက်သူများသို့
by Maungmaung Skw on Sunday, January 22, 2012 at 4:58pm ·
“သိက္ခာရှိရှိ
ကာကွယ်ခုခံသောအားဖြင့်” “သတ္တိရှိရှိ ဗြောင်ထွက်ဆွေးနွေးကြပါ”
“စာတမ်းတွေတင်ကြဖို့ အချိန်ရောက်ပါပြီ” “သူများရေးတဲ့ ဆောင်းပါးတွေမှာ
ဝင်မှတ်ချက်ပေးတာမျိုး” “ပဟေဋိပုစ္ဆာ တပုဒ်တွက်သလိုမျိုး မေးခွန်းထုတ်နေတဲ့
လုပ်ရပ်” “ပြဇာတ်ထဲက ဒဏ်ရာ အနာတရမင်းသားတယောက် ကိုယ့်ရဲကြေကွဲမှုကို
အယားဖြေ တယောထိုး ငိုကြွေနေတာမျိုး” “ကိုယ့်နှလုံးသားကို
ကိုယ်ဘာသာသစ္စာရှိဖို့လိုပါတယ်” “မရှင်းမလင်းလုပ်နေသူများအတွက်
ကျွန်တော်တို့ရဲ့အသံတစုံတရာရှိမှာမဟုတ်ပါဘူး” “သူရဲဘောကြောင်စွာ
ဆက်လက်ငြိမ်သက်နေမယ်ဆိုရင်”
“ပိုပြီးအရှက်တကွဲအကျိုးနဲမဲ့ဖြစ်ရပ်တွေကိုကြုံတွေ့ရပါလိမ့်မယ်”....................များပြားလိုက်တဲ့
စွတ်စွဲချက်တွေ-ဆုံးဖြတ်ချက်တွေ- စီရင်ချက်တွေပါလားဗျာ။ကျွန်တော်က
သူတို့တစ်တွေနဲ့ နီးစပ်တဲ့သူ ပတ်သက်တဲ့သူ သူတို့အကြောင်း
အများထက်နဲနဲပိုသိတဲ့သူ တယောက် အနေနဲ့ရော
သူတို့စခန်းကိုနှစ်ခေါက်ရောက်ဘူးတဲ့သူတယောက်အနေနဲ့ရော ကျွန်တော်နားလည်တာလေး
နဲနဲတင်ပြချင်ပါတယ်။ ဒီကနေ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တက်ကြွလှုတ်ရှား
ရေးသားနေကြသူများ ခင်ဗျား- ရှေ့ဆက်ပြီး ဘာလုပ်ကြမှာလည်း။
နိုင်ငံတကာတရားရုံးမှာ အမှုဖွင့် ကြမှာလား-နိုင်ငံတော်အစိုးရကို
စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးဘို့တောင်းဆိုပြီး တာဝန်ရှိသူတွေကို
အရေးယူဘို့ လုပ်ကြမှာလား။ ခံရတုန်းက သူရဲဘောကြောင်စွာ အော်ဟစ်ငိုကြွေးပြီး
ခံခဲ့ကြတာ မဟုတ်သလို အခုလည်း အယာဖြေ တယောထိုး ငိုကြွေးမနေကြပါဘူး။
ကိုယ်ပြောလို့ ဘာမှဖြစ်လာဦးမှာမဟုတ်ဘဲ အဖွဲ့အစည်းရဲ့ သိက္ခာ ကျတာဘဲ
အဖတ်တင်မှာဆိုတာကိုကြည့်လို့ ရဲရင့်စွာ ငြိမ်နေကြတာပါ။
ရှင်းရှင်းလင်းလင်းငြိမ်နေကြတာပါ။ ဘယ်သူ့ကို ဦးတည်ပြီး
စာတမ်းတင်ကြရမယ်ဆိုတာကို သဘော မပေါက်ကြပါ။ လက်ရှိ ABSDF ခေါင်းဆောင်များက
သူတို့ အပေါ် မကောင်းပြောနေပေမဲ့ အဖွဲ့အစည်း၏ပုံရိပ် ထိခိုက်မည်ကို
စိုးရိမ်နေကြဆဲ ဖြစ်ပါသည်။ထိရောက်တဲ့ အလုပ်တခုကို ပီပီပြင်ပြင်
လုပ်နိုင်ပြီ ဆိုတဲ့ အချိန်ရောက်လာရင် အမှန်တရားကိုပြောပြဖို့ အားလုံး
အဆင်သင့်ရှိကြပါတယ်။ နန်းအောင်ထွေးကြည်နဲ့ သင်းသင်းညီတို့ကိုဘဲ
ကြည့်ပါ-သူတို့ ဘယ်သူကိုမှ လူသိရှင်ကြား
မလုပ်ခဲ့ကြပေမဲ့-လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အမှန်တရားကို ရေးသားခဲ့
ကြတာဘဲ မဟုတ်လား။သူတို့ရဲ့ ရဲဝန့်ကြပုံများ
ပြောရင်ယုံနိုင်စရာတောင်မရှိပါဘူးဗျာ-ကျွန်တော်ရောက်နေတဲ့အချိန်
မိဘတွေလည်းပါလာတဲ့အချိန် သူတို့အခြေအနေတွေလည်းဘာမှန်းမသိ-မိဘတွေလည်း
ပြန်နိုင်မပြန်နိုင် မသေချာ-သတ်နေဖြတ်နေတဲ့
သွေးညှီနံ့တွေထောင်းလမောင်းထနေတဲ့ အချိန်မှာတောင်
ကျော်နိုင်ဦးတို့-ဘိုဘိုတို့-နန်းအောင်ထွေးကြည်တို့ဟာ မိဘလူကြီးတွေကို
ဟာသတွေလုပ်ပြီးစိတ်ပြေပျောက်သွားအောင် စိတ်သက်သာရာရအောင် လုပ်နိုင်ခဲ့တာ
ကိုယ်တွေ့ဗျ။ဒီတော့ဗျာ
မရိုသေစကားပြောပါရစေ-ကျွန်တော့စကားမှားသွားလွန်သွားရင် ခွင့်လွှတ်ပါလို့တော့
ကြိုတင်တောင်းပန်ပါတယ်--အရသာခံဖို့သက်သက်တော့ ဒီကိစ္စတွေကို ပြောနေရေးနေတာ
မဖြစ်စေချင်ဘူး-တခုခုဖြစ်မြောက်အောင်လုပ်ကြမှ ဖြစ်လိမ့်မယ်။
မောင်မောင်-ရွှေကရ၀ိက်
· · Share
- 16 shares
Aung Moe Win စာတမ်းတင်ရမဲ့သူ ဆိုတာ ပြည်သူ့ဆီကိုပါ။ နိုင်ငံတကာမှာ ရှိတဲ့ပြည်သူတွေအားလုံးက ခံရသူတွေဘက်က နာကျင်ဒေါသထွက်နေကြတယ်။ အမှန်တရားအတွက် တခုခုလုပ်ပေးချင်ကြတယ်။ ကာယကံရှင်တွေက ရေးကြပြောကြမှ ပွဲက ပိုမြိုင်လာမှာပါ။
Aung Moe Win ခင်ဗျားက ရေးနေတာပဲ မို့လား ကိုမောင်မောင်၊ မရေးသင့်သေးဘူး လို့ ပြောနေတဲ့သူတွေကို ဆိုလိုတာပါ
Naing Aung ကျနော်လည်း ဒီကိစ်စဟာ ဖြေရှင်းမဲ့နည်းလမ်းကို စဉ်းစားဘို့ လိုတယ်လို့ မြင်တယ် ၊ ကျနော်အထင်တော့ ကာယကံရှင်နဲ့ ပါတဲ့သူတော်တော်များများကျန်သေးတယ် သူတို့ က ဖြေရှင်းရေးဘဲ စဉ်းစားဘို့ များတယ် ဖောက်ထွက်ပြီးရေးလာဘို့ က၊ နည်းလိမ့်မယ် ၊ ကျနော်တို့ က ဒီကိစ်စကို ရလာဒ်ဘယ်လိုထုတ်မလဲဆိုတာရွေးချယ်ဘို့ လိုလိမ့်မယ် ဆုံးဖြတ်ချက်ချနိုင်မဲ့နေရာ လည်း ပါဝင်ပါတ်သတ်ခဲ့သူအားလုံးအတွက်မျှတမဲ့နေရာဖြစ်ဘို့ လည်းလိုလိမ့်မယ်
Aye Aye Soe Win
အခု ဆိုရင် ကိုအောင် မိုးဝင်း ၏ အပိုင်း (၆) အထိ ရှိလာပါပြီ ဖြစ် တဲ့ အတွက် လူ ယုတ် မာ တရားခံတွေဆီက အမှန်တရားက မ ထွက် လာသေးလဲ သူတို့ ဖက် မှာ ကို မဟားဒရား အကြိတ်အနယ် လုတ်ပြီး စုတ်ပဲ့ နိမ့် ကျ တဲ့နည်းတွေကို သုံး ပြီး ရာဇဝတ်ကောင် တွေ ရဲ့ အာက် တန်: စား တ ပည့် တွေ က ကြိုးစား နေ တာ ရွံစရာကောင်း တာ က လွဲ ရင် အမှန်တရား အမြန်ဆုံး ပေါ ပေါက် ရေး မှာ မ ထိခိုက် ပါ။ အောက် လန်: နည်: သုံး တဲ့ ကျော် ကျော် ဆို တဲ့ ကောင် မှန် ထောင် ပြီး အ ရှက် နဲ့ နေ ထိုင် ပါ။ မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။
Htin Lin Aung also...မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။ DNA advertising team မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။ If you don't know BBC, မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။ IF you think that DNA is at the top of the democratic movement, မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။
Maungmaung Skw
ကျွန်တော်နားလည်ပါတယ်။ကိုအောင်မိုးဝင်းကိုရော ကိုမောင်မောင်
ဝမ်းတို့ကိုရော နားလည်ပါတယ်။သူတို့
စေတနာကိုလည်း သဘောပေါက်ပါတယ်။ကျွန်တော့်ကိုလာပြောပြတဲ့ လူငယ်တွေ
က တောင်းဆိုလာကြလို့ ရေးတင်လိုက်
ရတာပါ။လူအများ အခြေအနေကို သဘောပေါက်စေချင်တာလည်းပါတာ
ပေါ့လေ။ဒီလိုရေးကြတဲ့သူတွေ ရှိမှလည်း
အမှန်တရားဆိုတာက ပေါ်ပေါက်လာမှာ
ဆိုတာကိုလည်း သိပါတယ် မအေးအေး
စိုးဝင်း။ကျွန်တော်အခြေအနေကိုလည်း
သဘောပေါက်ပေးပါ။
Maungmaung Skw
ကျွန်တော်နားလည်ပါတယ်။ကိုအောင်မိုးဝင်းကိုရော ကိုမောင်မောင်
ဝမ်းတို့ကိုရော နားလည်ပါတယ်။သူတို့
စေတနာကိုလည်း သဘောပေါက်ပါတယ်။ကျွန်တော့်ကိုလာပြောပြတဲ့ လူငယ်တွေ
က တောင်းဆိုလာကြလို့ ရေးတင်လိုက်
ရတာပါ။လူအများ အခြေအနေကို သဘောပေါက်စေချင်တာလည်းပါတာ
ပေါ့လေ။ဒီလိုရေးကြတဲ့သူတွေ ရှိမှလည်း
အမှန်တရားဆိုတာက ပေါ်ပေါက်လာမှာ
ဆိုတာကိုလည်း သိပါတယ် မအေးအေး
စိုးဝင်း။ကျွန်တော်အခြေအနေကိုလည်း
သဘောပေါက်ပေးပါ။
Ko Baloi အဲဒီတုန်းက တာဝန်ယူထားတဲ့ AB ဗဟိုရဲ့ တာဝန်ရှိသူတွေက ဒီလောက် ရက်ရက်စက်စက် ညှင်းပမ်း- နှိပ့်စက် သတ်ဖြတ်မှုတွေအပေါ် လာရောက်ဖြေရှင်းခြင်းမရှိပဲ....လက်လီရှုပြီး ဝေ့လည်ကြောင်ပတ်လုပ်နေတာ အံ့ပါရဲ့....ဗျာ....ဒီလူတွေ ဟာ တော်တော်အရှက်အကြောက်တရား မဲ့သူတွေပဲ..။
Johnny Lynn အခုဆိုရုပ်လုံးပေါ်နေပါပြီ၊သူရဲဘောကြောင်တဲ့ခေါင်းဆောင် တစ်ယောက်အကြောက်ကြီးမှုကနေအြ ပစ်မရှိတဲ့ရဲဘော်တွေသေခဲ့ကြ ရတာတွေကိုစဉ်းစားမိတိုင်းရင့်နင့်ရပါတယ်၊ဒါကိုအများရှေ့ မှာအမှန်အတိုင်းဖွင့်ဟသင့် နေပါပြီ၊၀န်ခံလိုက်ခြင်းအား ဖြင့်တကယ်တန်းတရားဥပဒေနဲ့ရင်ဆိုင်ရရင်အထောက်အကူပိုပြီး ဖြစ်လာနိုင်ပါမယ်၊မြုံပြီးေ နပါကပိုပြီးဆိုးဝါးတဲ့ရလဒ်ေ တွကိုရနိုင်ပါတယ်
Kyaw Soe Win
ကျနော့် သဘောထားကိုတင်ပြချင်ပါတယ်။
ကိုအောင်မိုးဝင်းတို့ ကိုမောင်မောင်ဝမ်းတို့ဆီမှာသက်ဆိုင်တဲ့
အထောက်အထားတွေ တော်တော်ရှိနေမယ်ထင်ပါတယ်။
အဲဒီရှိနေတဲ့ အထောက်အထား တွေကိုအသုံးပြုပြီး
နိုင်ငံတကာမှာ ဥပဒေကြောင်းအရ ဘယ်လိုအရေးယူလို့ ရမလဲဆိုတာကို
နားလည်သူတွေနဲ့တိုင်ပင်ပြင်ဆင်ထားသင့်တယ်ထင်ပါတယ်။
(စီစဉ်ထားပြီးလဲဖြစ်နိုင်ပါတယ်)
သက်ဆိုင်သူအားလုံးလဲ ပိုမိုပူးပေါင်းပါဝင်ကြစေချင်ပါတယ်။
ပုဂ္ဂိုလ်ရေး အာဃာတနဲ့မဟုတ်ပဲ အမှန်တရားအတွက်ပါ။
No comments:
Post a Comment