"ရာထူးမမက်ကြသူများ"
by Kyaw Gyi AB on Saturday, February 4, 2012 at 3:06am ·
' ခင်ဗျားအဆင့်ကဘာလဲ'
' ဟုတ်မဟုတ်အရင်မေးပါဗျာ '
' မလိုပါဘူး၊ကျွန်တော်တို့ အားလုံးသိပြီးသား၊ခင်ဗျားးရာထူးသာပြော '
ဇာတ်လမ်းရဲ့ အဖွင့်မှာ ပုံဖော်ထားတာကို ကျွန်တော်သိထားမြင်ထားပါတယ်၊တစ်ယောက်က ဝင်းမြင့် တဲ့အေးအေးဆေးဆေးပါဘဲ အပြုံးမပျက် ဖြူစင်စွာဟုတ်ပါတယ်လို့ ချက်ချင်းဝန်ခံထားပုံပေါ့ဗျာ
တစ်ယောက်ကတော့ ကျော်ဌေး စုတ်လို့ ပြတ်လို့ လူရုပ်တောင်မပီတော့ဘူး၊ပေါင်မှာလဲဒါးဒဏ်ရာထုပ်ချင်းပေါက်နဲ့ ခေါင်းမာသူပေါ့ဗျာ
ပြောသေးတယ် ဒီပုံနဲ့ တော့ မဟုတ်လဲအရှင်မထားနိုင်ဘူး အဖွဲ့ သိက္ခာကျမယ်တဲ့
အေးလေ စဖမ်းကတည်းက ကိုယ့်အဝတ်အစားတွေ ခွဲဝေဝတ်နေတာ မြင်နေရပြီဘဲ
ပြောနေလဲထူးမှာမဟုတ် သတ်ချင်လို့ လုပ်တာဆိုတော့
' ဒါဆိုလဲရိုးရိုး တပ်သားအဆင့်ပါဗျာ '
' အဲလိုလုပ်ပါ ခင်ဗျားလဲအသားမနာ ကျွန်တော်တို့ လဲအလုပ်မရှုတ် ကျွန်တော်တို့ ဖော်ထုတ်ရမှာတွေကလဲများတယ်ဆိုတော့'
' ဟေ့ သူ့ ကိုနေရာပြန်ပို့ လိုက်ပါကွာ '
အများထားတဲ့နေရာတော့ မပို့ ပါဘူး VIP နေရာဆိုတဲ့နေရာကိုပေါ့
သိပ်ကြာကြာမခံပါဘူး နောက်နေ့ 
' ဟေ့လူ ခင်ဗျားအဆင့်ရိုးရိုးမဟုတ်ဘူးတဲ့ '
' ဟုတ်ကဲ့ တစ်ရစ်ပါ '
' ဟေ့ကောင်တွေ မနေ့ ကလဲ အဟောက်ခံရပြီးပြီ ထပ်မေးစမ်း '
'နှစ်ရစ်လို့ ထားလိုက်ပေါ့ ဒါဆို ကျေနပ်လောက်ပါတယ်'
' ရှုတ်တယ်ဗျာ တခါတည်းပြတ်သွားအောင် သုံးရစ်လုပ်လိုက် ကျွန်တော်တို့ လဲခဏခဏမမေးချင်ဘူး ရိုက်နက်ပြီးလဲမမေးချင်ဘူး လူကြီးတွေခိုင်းလို့ သာ '
' ဟုတ်ကဲ့ပါ'
ပြန်ခဲ့ရပြန်တယ်
၊ဒီလိုဗျ အခုစစ်တယ်ဆိုပြီးမေးနေတဲ့ သန်ဇော်က ကျွန်တော်နဲ့ တပါတ်စဉ်ထဲ ပြီးတော့ မန္တလေးသားချင်း အဲ -နဂိုလ်အရှိန်နဲ့ နဲနဲလဲဖြုံနေပုံရတယ်။အရေးပေါ်ဆွဲခန့်  IO ဗျ အလုပ်သင်လေးပေါ့ဗျာ လက်ကလဲသိပ်မယဉ်သေးချိန်ပေါ့၊နောက်ကွယ်မှာကဇော်ဇော်မင်းနဲ့ ကျော်ထင်ဦး၊နမ္မားနဲ့ မိုးညှင်း
သိပ်တော့မကြာလိုက်ပါဘူး၊သုံးရက်မြောက်လောက်မှာထင်တယ်၊စစ်ကြောရေးတဲ့-
' ခင်ဗျားဗျာ ကျွန်တော်တို့ က လူကြီးလူကောင်းလို ဆက်ဆံနေတာ ခင်ဗျားမရိုးသားဘူးဘဲ '
' ဘာဖြစ်လို့ လဲ ကိုသန်းဇော် '
သူကကျွန်တော့ထက် အသက်နဲနဲကြီးတယ် နဂိုလ်ကတည်းက ကိုတပ်ခေါ်နေကြ
' ကိုယ့်အဆင့်ကိုယ်သိဗျာ ကျွန်တော်တို့ မရက်စက်ချင်ဘူး '
' ကျွန်တော့်အဆင့်က ဘာတုံး '
' ခင်ဗျားကအရာရှိဗျ ကိုယ့်အဆင့်ကိုယ်သိပါ '
' အေးဗျာ အမှန်အတိုင်းဘဲ ပြောပါတော့မယ် တစ်ပွင့်ပါ '
' ပြန်ပို့ လိုက်တော့ '
တိုတိုဘ၊ဲ သူ့ ကြည့်ရတာ တော်တော်လဲပင်ပန်းနေပုံရတယ်၊နေ့ မအိပ်ညမအိပ် အလုပ်လုပ်နေရပုံပဲ
ကျွှန်တော်လဲ မီးစင်ကြည့်ကရပေမဲ့ သိပ်မပင်ပန်းပါဘူး
အဲ ပင်ပန်းချင်တော့လဲ
လက်သီးတဲ့ နမ္မားက ကျွန်တော်တို့ အရာရှိရိပ်သာထဲ ကျူးကျူးကျော်ကျော်ဝင်လာပြီးဘာမပြောညာမပြော
တုတ်နဲ့ အဆက်မပြတ်ဆော်တော့တာပဲ
' စစ်မှာဖြင့်လဲ စစ်ပါဗျာ ကျွတော်ဘာမှမပြောရသေးဘူး '
' မလိုဘူး ရိုက်ချင်လို့ ရိုက်တာ '
' ညီညီကျော်က အားကြီးလည်တယ်မောင်ရေ သု့ ကိုတော့အဲလိုရိုက်မှပဲရိုက်ရတော့မှာ မောင် ၊မေးနေလို့ ကတော့ရိုက်ရမှာမဟုတ်ဘူး '
ကင်းစောင့်နေတဲ့ ရာဟုက ဝင်မှတ်ချက်ပေးတာပါ၊ဆက်ပြောသေးတယ်
' ငါတို့ ကတော့ဘာမှမသိဘူး၊ဆယ်အိမ်ခေါင်း ဓါတ်မီးနဲ့ ရိုက်မိလို့ တောထဲပြေးလာတာ၊ဒီရောက်မှ သူတို့ ပဲပြောလို့ တော်လှန်ရေးဆိုတာသိတာ၊မြို့ ကြီးကလဲလာသေး တက္ကသိုလ်ကျောင်းသားလဲဖြစ်သေး၊အခုကြတော့လဲထောက်လှမ်းရေးတဲ့၊ငါတော့နားမလည်နိုင်တော့ဘူး
မောင့် '
အော် ရီရမှာလိုလို ငိုရမှာလိုလို
ကြည့်လိုက်ရင် ကင်းသမားကလဲ ဘာမှမသိတဲ့သူတွေကြီးပါလား
' ဟေ့ကောင် မင်းကိုယ်မင်း ကော်မတီထင်နေတုန်းလား တရားခံကတရားခံလိုနေ၊မင်းကိုသတိဆွဲ အလေးပြုစရာမလိုတော့ဘူး ကြိုက်သလိုလုပ်လို့ ရတယ် သဘောပေါက် '
အင်း လေသံကတော့ပြောင်းသွားပြီ
' ဒါစစ်ကြောရေး ဒို့ လိုချင်တာကို လိုသလိုလုပ်လို့ ရတယ် ကောင်းကောင်းမေးတုံးကောင်းကောင်းဖြေ ကြားရတဲ့ရဲဘော်တွေ ဒေါသထွက်နေပြီ ငါတို့ တာဝန်မယူနိုင်ဖြစ်သွားမယ် '
ကောင်းကောင်းဖြေရမတဲ့
' မင်းတစ်ပွင့် မဟုတ်ဘူး '
' နှစ်ပွင့်ပါ '
' မင်းလားကွ နှစ်ပွင့် ၊ဟေ့ကောင် မင်း ဗိုလ်မှုး '
' ကိုသန်းဇော်ရာ ကိုထွန်းအောင်ကျော်အဆင့်တော့ မပို့ ပါနဲ့ ဗျာ အခုတောင် ဗိုလ်မှုးက သုံးယောက်ဖြစ်နေပြီ ကျွန်တော်တိုးလို့ ခင်ဗျားတို့ အလုပ်ရှုတ်ရုံပဲ ရှိမယ် နှစ်ပွင့်လဲ သေတာပါပဲဗျာ '
' အေးဒါဆို မင်းဗိုလ်ကြီး မှတ်ထား နောက်မပြောင်းတော့နဲ့ '
သူတို့ ကြားအောင်ပြောပေးလို့  သိနေရတာက တပ်မှုးကသုံးယောက် ဗိုလ်မှုးကြီးပဲ ဗိုလ်မှုးဦးစိန်တဲ့၊ဗိုလ်မှုးမောင်မောင်ချိုတဲ့၊ဗိုလ်မှုးထွန်းအောင်ကျော်တဲ့ အဲ ထူးခြားတာက ကိုချိုကြီးရော ကိုထွန်းအောင်ကျော်ရော ထောက်လှမ်းရေး( ၁ )က တပ်မှုးကြီးပဲ
အဲတာကြောင့်ပြောတာပေါ့ ကျွန်တော်ရာထူးမမက်ဖူးဆိုတာ
ဒီလိုနဲ့ အရာရှိရိပ်သာပြန်ရောက်ခဲ့ရတယ်
တနေ့  အရာရှိရိပ်သာကို မျိုးဝင်းရောက်လာတယ် ရီရီမောမောပါပဲ
' ဘယ်လိုလဲ စစ်ကြောရေးပြတ်ကြပြီလား '
' ပြတ်ပါပြီ '
' အေးဗျာ ကျွန်တော် တော်တော်စွန့် စားလိုက်ရတယ် အထူးသဖြင့် ကိုညီညီကျော်နဲ့ ကိုရဲ
ခင်ဗျားတို့ ကိုအောင်ကျော်သေတဲ့နေ့ ကတဲက ကျွန်တော်ကိုယ်တိုင်ဆင်းပြီး စောင့်ကြည့်ခဲ့တာ
နောက်ဆုံး ခင်ဗျားတို့ ကို ကျွန်တော့်တဲမှာခေါ်ထားပြီးစောင့်ကြည့်ခဲ့တာ ကျွန်တော် အဲဒီလောက်အထိစွန့် စားခဲ့တာပါ မတတ်သာလို့ ထည့်လိုက်ရတာပါ '
' ရပါတယ်ဗျာ '
သူပြောတာကို ကျွန်တော်တို့ သဘောပေါက်ပါတယ် ကိုအောင်ကျော် ဆုံးပြီ အာဆံကုန်းမှာမြုပ်မယ်ဆိုတော့ ကျွန်တော်တို့ ကမေးခဲ့တယ် IOကိုဖေဝင်းကို(သူက အပါတ်စဉ် ( ၁) KIA ကစတာဝန်ခွဲပေးစဉ်တုံးက IO ၊RIT ကျောင်းသား )
ကိုအောင်ကျော် ဟာထောက်လှမ်းရေးလား ကျောင်းသားလားလို့ ၊စစ်ဆေးတုန်း ပါတဲ့
ထောက်လှမ်းရေးမဟုတ်သေးရင် ကျောင်းသားကုန်းမှာ မြုပ်မယ်လို့ 
တစ်စခန်းလုံးလိုက်ပို့ ကြတယ်၊ခင်ချိုဦး ငိုတယ်၊ဒေါ်သောင်းလှ ငိုတယ်၊မျိုးဝင်း လက်နဲ့ ရေးတာကို ခြေနဲ့ ဖျက်ကြတာလေ
သူကဆက်ပြောတယ်
' အဆင်ပြေကြရဲ့ လား 'တဲ့
' ပြေပါတယ်၊ကျွန်တော်က ရောက်စက လူသစ်တွေရဲ့ အင်ချပ်၊ သင်တန်းတက်တော့ အလှည့်ကျမဟုတ်ပဲ တလျှောက်လုံးတပ်စိတ်မှုး၊
ပြီးတော့ ကော်မရှင်၊ နောက်တော့ ကော်မတီ၊အခုကြတော့ ထောက်လှမ်းရေးအရာရှိ ကျွန်တော်က အရာရှိဇာတာပါတာဗျ အခုထိထမင်းမချက်တတ်သေးဘူး သူများချက်ကြွေးတာပဲစားနေရတယ် 'လို့ 
' အေးဗျာ ခင်ဗျားတို့ ကိုတော့ ကျွန်တော်ကယ်ပါ့မယ် ကျွန်တော်က အလုပ်လုပ်တဲ့သူတော့ သဘောကျတယ်ဗျ '
နောက်ရက် ဒေါင်းမိခင် ခန်းမထဲ ရောက်တာပါပဲ
ဒေါင်းမိခင်ဆိုတာက အချုပ်ခန်းမဆန့် လို့  လူတွေကိုဖမ်းချုပ်ထားရတဲ့ ဟောခန်းကြီးလေ
ကောင်းစားပြီထင်ပါရဲ့ 
ကိုထွန်းအောင်ကျော်တို့ ကိုတော့ အပေါ်ဖက်ဆုံး လူမရောက်နိုင်တဲ့ ဥက္ကဌတဲကို ပြောင်းပို့ လိုက်တယ်တဲ့
အရာရှိရိပ်သာပျက်ပေါ့
မကြာပါဘူးဗျာ ညကျတော့ အောင်မင်း( မိုးညှင်း ) မူးပြီးအော်ဝင်လာတယ်
ဗိုလ်ကြီးညီညီကျော် ၊ ဗိုလ်ကြီးကျော်နိုင်ဦး ဘယ်မလဲ တဲ့ ရှိပေါ့
ဘာပြောကောင်းမလဲဗျာ ရိုက်လိုက်တာ G4 ပြောင်းမီးကာ ပြုတ်ထွက်သွားတဲ့အထိပါပဲ
ရင်ဘတ် တစ်ခုလုံးသွေးတွေရွှဲလို့ 
ခေါင်းကတော့ ကျဲကျဲချုပ်တာတောင် (၁၃ )ချက်ချုပ်ယူရတယ်
အဲဒီမှာသိလိုက်ရတာက ' ကြောင် ' လဲ ဗိုလ်ကြီးကိုး
အင်း သိရသလောက်
ဗိုလ်မှုးက ( ၃ ) ဦးစိန်၊ကိုချိုကြီး၊ကိုထွန်းအောင်ကျော်
ဗိုလ်ကြီးက ကျွန်တောာ် ၊ ကိုရဲ ၊ ကြောင်
မငယ်က ဒု ဗိုလ်
နောက်မှသိရတာက ကိုညီ က ဗိုလ်
ကျန်တာတော့ မသိပါဘူး သေချာတာက ရာထူးမမက်ကြပါဘူး မတပ်သာလို့ လက်ခံကြရတာပါ
ကြောင် နဲ့ မငယ် က NIB ကတဲ့ လက်ခံကြပါတယ် ခက်တာကစစ်တဲ့သူတွေ ဗြူရို မပေါင်းတတ်ကြဘူး
ကျွန်တော် ကတော့ ကင်းကင်းရှင်းရှင်းပါပဲ ထောက်လှမ်းရေး ( ၃၂ )က
သူက ရွှေဘို မှာရှိတာလေ
တပ်မှုးကတော့ ဗိုလ်မှုးတင်ထွန်းနဲ့  ဒုတပ်မှုးက ဗိုလ်ကြီးမြင့်မောင် တရေးနိုးထမေးလဲ မမှားပေါင်
ကျွန်တော့် ညီအကို ဝမ်းကွဲတွေကိုး တပ်တည်နေရာကတော့ ရွှေဘိုထောင်နေရာပေါ့ ဒါလဲ ဘယ်နှစ်ခါမေးမေးမမှားပေါင်
ကိုယ်ပိုင်နံပါတ်ကတော့ ထ/ ဆယ်တန်းခုံနံပါတ်
ထ ဆိုတာဘာလဲတဲ့ အထူးလေ ကိုယ်ပိုင်နံပါတ်က နဲလှချည်လားတဲ့ အထူးမို့ ပါ
ဒီနေရာမှာ သူတို့ ရှင်းမရတဲ့ပြဿနာကြီးရှိတယ်
မျဉ်းစောင်းရှေ့ က အက္ခရာမတူညီခြင်း နဲ့  ကိုယ်ပိုင်နံပါတ် အလုံးရေ မကိုက်ခြင်းပါပဲ
ကျွန်တော်ကို အကူအညီတောင်းလို့ ကူညီလိုက်ပါတယ်
ထောက်လှမ်းရေးဖွဲ့ စည်းပုံက ကြီးလွန်းလို့  ဒီလိုဖြစ်တာပါ၊ကျွန်တော်တောင် အထူးတာဝန်နဲ့ ကိုယ်တစ်ယောက်ထဲလို့ ထင်နေတာ
အခုမှ ဒီလောက်များမှန်းသိရတယ် ထောက်ဖွဲ့ စည်းပုံကို ဘယ်သူမှအကုန်မသိနိုင်ဘူး သီးခြားစီ ဒါ့ကြောင့် တစ်နေရာစီကလွှတ်တာတွေဒီမှာလာစုနေတာ လို့ 
နောက်တော့ မျိုးဝင်းက ပြောပါတယ် ကိစ္စမရှိပါဘူး ဟုတ်တယ်ဆို ပြီးပါတယ်တဲ့
အော် အဖွဲ့ အစည်း အသီးသီးက ရာထူးကြီးကြီးတွေ ကိုရွေးလွှတ်တာပဲ
ကျွန်တော်တို့ ချည်း ရာထူးမမက်တာမဟုတ်ဘူးဗျ ကျန်တဲ့သူတွေလဲငြင်းတာပါပဲ
ထူးထူးခြားခြားက OK ဗျ တစ်ပွင့်ပေးတာကို ငြင်းတာ နောက်ဆုံး တစ်ရစ်နဲ့ တဲ့တယ် ရှားပါးပဲ
ကျန်တဲ့သူတွေက သုံးရစ်တွေများပါတယ်
ဒီအထဲမှာ စံလွင်လေးက ' ဒီမျက်စိကြီးနဲ့ သုံးရစ်ဖြစ်မလားဗျ ' လို့ အရိုက်ခံပြီးပြောတယ်၊သူကမျက်စိစွေတာကိုး
မရပါဘူးဗျာ သုံးရစ်ပါပဲ
နောက် ရာထူးကို လုံးလုံးမလိုချင်တဲ့သူတွေလဲ ရှိတယ်
ဒဿ တဲ့ သူကပြည်သူ့ ကောင်စီက လွှတ်တဲ့ ထောက်လှမ်းရေး
နောက် ဇော်မိုး တဲ့ ဟန်ဝင်းအောင်တဲ့ ရ.ဝ.တ ကလွှတ်တဲ့ ထောက်လှမ်းရေး
အဲ အနိမ့်ဆုံးကတော့
အီနွတ် တဲ့ မီးသတ်ဗိုလ်ကြီးကလွှတ်တဲ့ ထောက်လှမ်းရေး၊ အဆင့်မရှိပုံများ
ရာထူးမမက်သူတွေပဲပြောနေတော့
မက်တဲ့သူတစ်ယောက်အကြောင်းလဲပြောအုံးမယ်
ဘာဘူ ခေါ် မြင့်သိန်းတဲ့ သူကထောက်လှမ်းရေးပါတဲ့
ပါယ်ချလိုက်တယ်ဗျား မင်းလားထောက်လှမ်းရေးဖြစ်မှာ
မင်းအဆင့်က အင်ဖော်မာ ပဲတဲ့ ၊ အော် ကံထူးပေစွ။
(သူငယ်ချင်းသို့ အမှတ်တရ )

- 44 shares
- ဘရာဇီး ငှက်ရိုး ကျနော်မေးချင်နေတာက သူတို့မှာ အဲ့ဒီလိုစစ်ဆေးမှု့မှတ်တမ်း
တွေ ရှိမှာပဲဗျ ဘာလို့ကျနော်တို့ကို ချမပြတာလဲ နားမလည် နိုင်အောင်ပဲဗျ အောင်နိုင်တို့ဘက်က မှန်တယ် ဆိုသူတွေကလဲ လေတွေပဲပစ်နေတာကြားရတော့ အေဘီအတွက် ရှက်မိတယ်
အော်။ ။ ဒါနဲ့ကျနော်က အေဘီက တခြားကလူမဟုတ်ပါ ပြည်သူတယောက်ပါ ဒီကေ့စ်ကို မတရားဘူးထင်လို့ စောင့်ကြည့်နေပါတယ်.... - Zaw Myo Lwin Please let me share, it was really touch and so sad. And am always wondering why they're doing this to those innocents with not consider humanity. A salutation to you and to all those who try to reveal its crime against humanity. Praying to those innocent victims be rest in peace. Thanks!
- မိုး စဲ ဆက်ရေးပါဦးဗျာ..ထွက်ပြေးတာ
.တွေ ရပ်ထဲရွာထဲပြန်ရောက်တော့ ကိုယ့်အဖြစ်ကို တကယ်ပြောပြတာတောင် မယုံကြည်ကြတာတွေ...ကြားချင် ဖတ်ချင်ပါသေး - Minthura Wynn ကျန်တာတော့ မသိပါဘူး သေချာတာက ရာထူးမမက်ကြပါဘူး မတပ်သာလို့ လက်ခံကြရတာပါ
- Minthura Wynn well written...it's not so stiff to read, but hilarious in a sarcastic way
- Soe Lwin :) Bo Gyi Kyaw Gyi !! နေကောင်းလား ဗျို့ .. ဖြစ်မှဖြစ်ရလေ..တတ်လဲတတ်နို
င်ကြပါပေ့.. - Aung Htun မီးခွက်အောက် တောတွင်းမှာ ပြဿနာ ရှာနေကျ ဇာတ်လမ်းဟောင်း တပုဒ်ကို မိုက်မဲစွာ ကပြအသုံးတော်ခံ ခဲ့တဲ့ လူသတ် ကောင် ခေတ်ပညာ တတ်တွေရဲ့  ဦးနှောက်ကို ကျနော် အနေနဲ့  ဘယ်လိုမှ နားမလည် နိုင်အောင် ဖြစ်ရ ပါတယ်။ တတ်နိုင်ရင် ကိုထိန်လင်း ထင်မြင်ချက်ပေး သလိုမျိုး ဖြစ်စဉ်ရဲ့  အခြေခံလေးပါ ထပ်မာန်ဖြည့်စွတ်ပေးစေချင်ပ
ါတယ်။ - Aung Htun အမှန်တရား အတွက်တိုက်ပွဲဝင် နေကြတဲ့ အတွက် အမှန်တရားကို သစ္စာဖေါက် တဲ့ လူတွေအပေါ် ဘာမှငြဲ့ကွက် စရာမလိုပါဖူး။ အခုအချိန်အထိ ကိုယ်ယုံကြည်လို့  လုပ်ခဲ့ တဲ့ လုပ်ရပ်တွေ မသမာသူ လူအချိ့ ကြောင်ု ထိခိုက်သွားမှာ ကို စိုးရိမ်ထိန်းသိမ်းခဲ့  သူများရဲ့  စိတ်ဓါတ် ကို တော့လေးစား တန်ဖိုးထားပါတယ်။
- Kyi Yuအခုလို ကိုကျော်ကြီးတို့ ကိုထိန်လင်း (သန်းကြွယ်သူဌေး၊ လူကက်ဆက်) တို့ မှတ်တမ်းအနေနဲ့ရေးတာ ကောင်းပါတယ်။ ဒါမှအသေးအဖွဲကအစ အများပြည်သူတွေ သိမှာပါ။ တချိန်ကျလို့ လူမဆန် ရက်စက် သတ်ဖြတ်ခဲ့သူတွေကို အရေးယူတဲ့အခါ အရေးကြီးသောမှတ်တမ်းအနေနဲ့ ရှိနေတော့ ရှောင်ထွက်ရန် ခက်ပါတယ်။ အမှန်တရားကို တင်ပြခြင်း အနေနဲ့ သော်၎င်း၊ သမိုင်းမှန်ဖြစ်ရပ် တကွက်ကို မှတ်တမ်းတင်ခြင်း အနေနဲ့၎င်း၊ ကိုကျော်ကြီးနဲ့ တကွ မတရားအပြုခံခဲ့ရသူများ ဒီလို ဖြစ်ရပ်မှန် ဆောင်းပါးများ ဆက်ရေးသင့်ပါတယ်။
- Khin Nyein Thit ကိုညီညီကျော်.......ဒီဘက်မှ
ာတော့ အဲဒီကိစ္စက ရှင်းရတာခက်လိမ့်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ဘက်ကနေ၀ိုင်းလိမ်နေသူ တွေက အများကြီးပဲကိုး။ ကျမဆုတောင်းပေးပါတယ်။ ခံရသူတွေဘက်ကနေ အမှန်တရား မြန်မြန်ပေါ်ပါစေလို့ - Thin Thin Nyiညီမလေး Khin Nyein Thit ရေ အမှန်တရားမြန်မြန်ပေါ်ပါစေဆု
တောင်းပေးတဲ့ အတွက် ညီမ ကို ကျေးဇူးတင်ပါတယ် ၊ ညီမ ဆုတောင်းပေးတဲ့ အမှန်တရားတွေကခုမှပေါ်လာတာမ ဟုတ်ဘူး အစ်မတို့ ရင်ထဲမှာ သိမ်းထားခဲ့ရတဲ့  အဲ့ဒီအမှန်တရားက ခုမှ မျိုးဆက်သစ် ကျောင်းသားပြည်သူတွေသိလာတာပါ ၊ သူတို့ ဖမ်းပြီးမတရားစစ်ဆေးခဲ့ တဲ့ ကျောင်းသားရဲဘော်ရဲမေတွေဟာ ထောက်လှမ်းရေးမဟုတ်ဘူးဆို တာသူတို့ကောင်းကောင်းသိပါတယ်၊ သူတို့ ကိုယ်သူတို့ မသိချင်ယောင်ဆောင်နေကြတာပါ ၊အဲ့ ဒီအတွက် သူတို့ လိပ်ပြာသူတို့ မလုံဖြစ်နေကြမှာပါ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ သူတို့သာလျှင် ထောက်လှမ်းရေးစစ်စစ်တွေပါလိုပြန်ပြီးမစွတ်စွဲချင်တော့ ပါဘူး ၊ ဒါပေမဲ့  AB မြောက်ပိုင်းဘာလို့ ပျိုကွဲခဲရလဲလို့ မေးရင် ဖြေစရာ တစ်ခုပဲရှိပါတယ် 1992 လူသတ်ပွဲသာမဖြစ်ခဲ့ရင် လည်း........... - Htar Htar Lwinသိပ်စာရေးကောင်းတဲ့သူဘဲ ဖြစ်စဉ်ကိုအစအဆုံးသိချင်တယ်
ဟာသလေးစွက်ပြီးရေးတော့ ခံစားရတာနဲနဲတော့သက်သာသလိုဘဲ လူကက်ဆက်လည်းဟာသစွက်ပြီးရေး တာဘဲ ဒါပေမယ့် ရက်စက်မှုတွေကကြောက်စရာကောင်းတော့ တစ်ခါဖတ်ပြီးနောက်တစ်ခါထပ်ဖ တ်လို့ ရက်၂စက်၂နှိပ်စက်တဲ့နေရာရော က်ရင် မဖတ်ရဲ မဖတ်ရက်သလိုတောင်ဖြစ်ရတယ် အထူးသဖြင့် ကိုကျော်ဝေအကြောင်းဖတ်ရရင် ရင်ထဲမှာနင့်နေတာဘဲ မျက်ရည်ကျမတတ်ပါ မိသားစုဝင်တွေဖတ်မိရင်ဘယ်လိုနေမယ်မသိဘူး မဖတ်မိပါစေနဲ့လို့ဆုတောင်းမိတယ် မခံစားရစေချင်လို့ပါ ကိုကျော်ဝေကိုလုပ်တဲ့ပုံကစိ တ်ဓါတ်အောက်တန်းကျလွန်းတယ်ေ နာ် သူမသေခင်ကျောင်းသားအစစ်ဖြစ် ကြောင်းအော်သွားတယ်ဆိုတာသိရ တော့သိပ်သဘောကျတယ် နှိပ်စက်ခဲ့တဲ့သူတွေကိုအသား နာအောင်ပြန်မလုပ်ချင်ပါဘူး ဒါပေမယ့် တစ်ခါလောက်တော့ သူတို့မျက်လုံးကိုစေ့စေ့ကြည့်ပြီး စကားလေးတစ်ခွန်းလောက်တော့ြေ ပာကြည့်ချင်တယ် March 13 at 9:51pm · · 1 - Htar Htar Lwin လူ့ပတ်ဝန်းကျင်မှာဘယ်လိုလိပ
်ပြာမျိုးနဲ့အသက်ဆက်ရှင်နေနိုင်တာလဲလို့ March 13 at 9:59pm · · 2 - Min Thuyein မြောက်ပိုင်းက ကျောင်းသားတွေကို ဖမ်းတဲ့ကောင်တွေက စာလည်းမတတ်၊ စစ်ဗျူဟာလည်း နားမလည် အာဏာရချင်တာ တစ်ခုထဲနဲ့ ကျောင်းသားတွေကို မတရား စွပ်စွဲပြီး သတ်လိုက်တာ .... သူတို့ပြောသလို စပိုင်က ၃ ပုံ ၁ ပုံရှိမှတော့ စစ်ကြောင်းတောင် စောင့်နေစရာမလိုဘူး .... ဒီကောင်တွေ အိပ်နေတုန်း ထိပ်တုံးခတ်ပြီး စစ်ကြောင်းကို ထိုင်စောင့်နေရုံပဲ။March 29 at 8:53am · · 2
- Harry Lwinဗိုလ်မှူးတွေပဲ သုံးယောက်တောင် ဆိုကိုး ... ထောက်လှမ်းရေးမှာ ဗိုလ်မှူးတွေ ဆိုတာ တပ်မှူးတွေ ခင်ဗျ ... ခင်ညွန့်တန်ခိုးထွားတဲ့အချိ
န် ထောက်လှမ်းရေးတွေ ကောင်းစားပုံများတော့ မပြောချင်ပါဘူး .. သူတို့တွေဘယ်လိုနေကြစားကြ ချမ်းသာကြတယ်ဆိုတာ လာကြည့်စေချင်လှသကွယ် ... စစ်ထောက်လှမ်းရေးမှာ တပ်ကြပ်ကြီး ဆိုတဲ့ ကောင်တွေတောင် ဖင်ကောက် နှစ်စီး သုံးစီးနဲ့ မြို့ပေါ်မှာ ငြိမ့်နေကြတာ ... ဘယ်တော့မှ တကယ်ဆင်းလုပ်တဲ့ကောင် မရှိဘူး ... အဲလိုတောထဲ လာပါလိမ့်မယ် ... စိတ်ချ ... - Min Thuyeinရန်ကုန်က နယ်မြေကောင်းရင် တပ်ကြပ်ကြီးတောင် လင်ခရူစားဝယ်စီး ကြတယ် .... ဖင်ကောက်လောက်တော့ အသာလေးပဲ။ ထောက်လှမ်းရေးက ဗိုလ်မှူး ၃ ယောက်တောင်လွှတ်ရအောင် သူတို့ကိုသူတို့ ကြယ် ၄ ပွင့်ရ ဗိုလ်ချုပ် တွေ ဦးစီးနေတဲ့ တပ်တော်များထင်နေလားမသိဘူး။
မာနယ်ပလောကိုတောင် ထောက်လှမ်းရေးက ဗိုလ်ကြီးတစ်ယောက်ပဲ လွှတ်တယ်။ သူတို့ကို ထောက်လှမ်းဖို့ တပ်ကြပ်ကြီးတစ်ယောက် လောက်နဲ့ရတယ်။ ..... အဲဒါကို ကြည့်ရင် မြောက်ပိုင်းက ကျောင်းသားတွေကို စစ်တဲ့ ကောင်တွေက စောက်ရူးတွေ ဆိုတာ အထင်အရှားပဲ ......
No comments:
Post a Comment