ကျွန်တော်သိခဲ့သော ABSDF(NB) ကောက်ကြောင်း-အပိုင်း(၄)
by Maungmaung Skw on Tuesday, January 31, 2012 at 4:46pm ·
ကျွန်တော်သိခဲ့သော ABSDF(NB) ကောက်ကြောင်း-အပိုင်း(၄)
ဦးစီး လွှမ်းမိုးကို မျိုးဝင်းတို့ သံချောင်းတို့က သတ်လိုက်နိုင်ပေမဲ့ အများဆန္ဒနဲ့အညီ လွှမ်းမိုး ဖွဲ့ပေး ခဲ့တဲ့ ကော်မရှင်နဲ့ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့် တွေကိုတော့ တားဆီးလို့ မရတော့ပေ။
ကော်မရှင်က တပ်ဖွဲ့ဝင်ထုအတွင်း ရှေ့တန်းများပါမကျန် နေရာအနှံ့အပြားသို့ သွားရောက် ရှင်းလင်း ချပြပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး စည်းရုံးခဲ့ကြသည့်အတွက် မြောက်ပိုင်းရောက် ကျောင်းသားတပ်ဖွဲ့ဝင်များ အားလုံးပါဝင်မဲပေးနိုင်ခဲ့ကြပြီး ၁၉၉၀ခုနှစ်မေလအတွင်းတွင် ဗဟိုကော်မတီဝင်(၁၉)ဦးကို ရွေးချယ် တင်မြှောက် နိုင်ခဲ့လေသည်။
မဲဆန္ဒ ရရှိမှု အနည်းအများ အစီအစဉ်အတိုင်း ရေတွက်လိုက်တော့ မျိုးဝင်းအတွက် နေရာ မရခဲ့ပါဘူး။ မဲပေးလို့ပြီးပေမဲ့ ကော်မတီမဖွဲ့စည်းရသေးတော့ ယခင်ကော်မတီဖြစ်တဲ့ABSDF(KS)ဗဟိုကော်မတီက အာဏာ လက်ရှိဖြစ်နေတယ်။အဲ့ဒီအချိန်မှာ မျိုးဝင်းက သူမဲမရရှိမှုကို အကြောင်းပြုပြီး အဖွဲ့အတွင်း ရန်ရှာမှု ပြသနာရှာ မှုတွေကို လုပ်ဆောင်လာခဲ့ပါတယ်။
တပ်ဖွဲ့ဝင်များအတွင်း မျိုးဝင်းက “ငါတို့တောရွာ ကျေးလက်က လယ်သမား သားသမီးများကသာ မ.ဆ.လ ရဲ့ ၂၆ နှစ်တာ နှိပ်စက်မှုဒဏ်ကို ခံခဲ့ကြရတာ ၊မြို့ပေါ်က ကုန်သည်ပွဲစား ဝန်ထမ်းသားသမီးတွေဟာ ရေပေါ်ဆီတွေသာဖြစ်တယ်- မ.ဆ.လ ရဲ့ဒဏ်ကိုခံခဲ့ကြရတဲ့သူတွေ မဟုတ်ဘူး။ပြည်တွင်းစစ်ရဲ့ အနိဌာရုံတွေ ကို ငါတို့လို ပြည်နယ်မှာနေရတဲ့သူတွေသာ မျက်မြင်ကိုယ်တွေ့ တွေ့ကြုံ ခံစားရတာ- ရန်ကုန်တို့ မန္တလေးတို့ စစ်ကိုင်းတို့လို မြို့ကြီးတွေပေါ်ကလာတဲ့သူတွေထဲမှာ ပေါ်တာ ဆိုတဲ့စကားလုံးကို မသိတဲ့သူ မကြားဘူးတဲ့သူ တွေ အများကြီး----ဒါကြောင့် မြို့ပေါ်ကလူတွေရဲ့ တော်လှန်ရေးဆိုတာ သူတို့ကိုယ်ပိုင် အခွင့်အရေး အတွက် ဘဲဖြစ်တယ်----ငါတို့လို ပြည်နယ်မှာနေတဲ့ တောင်သူလယ်သမားသားသမီးတွေ လုပ်တဲ့ တော်လှန်ရေး သည် သာ စစ်မှန်တဲ့ တော်လှန်ရေးဖြစ်တယ် ”ဟုပြောဆိုပြီး စည်းရုံးလာပါသည်။
မျိုးဝင်း၏ သွေးခွဲနေမှုများကို သိရှိခဲ့သော်လည်း အများပေးသော ဆန္ဒမဲ မရသဖြင့် ရှက်ရမ်း ရမ်းနေ ခြင်းသာ ဖြစ်မည်-အချိန်ရလာလျှင် ပြီးသွားလိမ့်မည် ဟု ထင်ခဲ့ကြသဖြင့် မည်သူကမှ တုန့်ပြန်ခြင်း ဖြေရှင်းခြင်း မလုပ်ခဲ့ကြပါ။
အဲ့ဒီအချိန်မှာ မျိုးဝင်းက သူ့ထက် မဲအရေအတွက် ပိုမိုရရှိခဲ့သူ တိုက်ပိတ်(ခေါ်)သန်းထွန်းစိုး အား ABSDF(KS) ဗဟိုကော်မတီ၏ အမိန့် အာဏာဖြင့် “စစ်အစိုးရ သူလျှို” ဟု စွတ်စွဲပြီး ဖမ်းဆီးလိုက်ပါသည်။ထိုသို့ ဖမ်းဆီးပြီးနောက် အရေးကြီးသော အမှုဖြစ်သဖြင့် မျိုးဝင်းကိုယ်တိုင် ကိုင်တွယ်မည်ဟုဆိုကာ သီးသန့်စစ်ကြော ရေး ကို မျိုးဝင်းကိုယ်တိုင် ကိုင်တွယ်ပြုလုပ်ပါသည်။
နောက်ထပ် ရွေးချယ်တင်မြှောက်ခံထားရသူများမှာ ကော်မတီမဖွဲ့ရသေး သဖြင့် ဘာမှ ၀င်ရောက်စွက် ဖက်ပိုင်ခွင့် မရှိကြပါ။
မည်သို့မည်ပုံ စစ်ဆေးလိုက်သည်မသိရဘဲ တိုက်ပိတ်(ခေါ်) သန်းထွန်းစိုးက “တပ်ဖွဲ့ဝင်များက မဲဆန္ဒ ပေး ရွေးချယ်လိုက်ကြသော်လည်း မိမိ တာဝန်မထမ်းဆောင်နိုင်ပါ-ဗဟိုကော်မတီမလုပ်လိုပါ” ဟု စာရေးပြီး လက်မှတ်ရေးထိုးပေးလိုက်သော အခါတွင်မှ မျိုးဝင်းက စစ်အစိုးရသူလျှို ဟု စွတ်စွဲမျုကို ရုတ်သမ်းပြီး အချုပ်မှ လွှတ်ပေးခဲ့ပါသည်။ချက်ချင်းပင် ဗဟိုစခန်းတွင်နေထိုင်မှု မပြုစေဘဲ ရှေ့တန်းသို့ ပို့လွှတ်ခဲ့ပါသည်။
ရှေ့တန်းစခန်းသို့ တိုက်ပိတ်အရောက် စခန်းသို့ တပ်မတော်မှဝင်ရောက်တိုက်ခိုက်သည်နှင့် ကြုံရ သဖြင့် တိုက်ပိတ် မှာ တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလေသည်။တပ်မတော်မှ တိုက်ပိတ်၏ ခန္တာကိုယ်ကို ရှာဖွေသောအခါ ရှေ့တန်းမှ တပ်ဖွဲ့ဝင်များထံ မျိုးဝင်းရေးပေးလိုက်သော အမိန့်စာ ချိပ်ပိတ်လျှက် တွေ့သွားခဲ့ သည်။ တပ်မတော် အရာရှိမှ စာကိုဖောက်ဖတ်လိုက်သောအခါ စာထဲတွင် တိုက်ပိတ်(ခေါ်)သန်းထွန်းစိုးအား သုတ်သင်ပြစ်လိုက်ရန် ရှေ့တန်း စခန်းမှုးထံ ညွှန်ကြားသောစာ ဖြစ်နေသည်ကိုတွေ့ရှိရသည်။
တိုက်ပိတ်(ခေါ်)သန်းထွန်းစိုးမှာ တပ်မတော်၏ ဖမ်းဆီးခြင်းကို (ကံကောင်းထောက်မစွာ)ခံခဲ့ရသဖြင့် အသက်ရှင်ခဲ့ရခြင်းဖြစ်ပါသည်။
ထို့နောက် မျိုးဝင်းက ဆန္ဒမဲ အများစုရရှိသူများထဲမှ အောင်ကျော်(ရန်ကုန်)ကို စစ်အစိုးရ၏သူလျှိုဟု စွတ်စွဲကာ ဖမ်းဆီးပြန်ပါသည်။အောင်ကျော်၏ အမည်ရင်းကို မသိရှိပါ-ရန်ကုန် လသာ အ.ထ.က (၂) မှ ဆရာမတစ်ဦး၏သား ဟုဆိုပါသည်။
အောင်ကျော်က အစောပိုင်းအချိန်က မျိုးဝင်းကို ဦးနေဝင်းနှင့်နှိုင်းယှဉ်ပြီး ကာတွန်းပုံရေးဆွဲကာ သင် တန်း ခန်းမတွင် ကပ်ခါ လှောင်ပြောင်ခဲ့ဘူးသဖြင့် မျိုးဝင်း၏ အမျက်သိုခြင်းကို ခံခဲ့ရသူဖြစ်သည်။
ထုံးစံအတိုင်း အရေးကြီးသော အမှုဖြစ်သဖြင့် မျိုးဝင်းကိုယ်တိုင် စစ်ဆေးရာ (၂) ရက်အကြာတွင် စစ်ကြောရေးအတွင်း သေဆုံးသွားခဲ့သည်။ တပ်ဖွဲ့ဝင်များအား မျိုးဝင်းက နှလုံး ရောဂါဖြင့် သေဆုံးသွားသည် ဟု ပြောသည်။နောက်ဆုံးနှစ် ဆေးတက္ကသိုလ်တက်ရင်း တောခိုလာခဲ့သူ ရော်နယ် အောင်နိုင်က မျိုးဝင်းပြော သော နှလုံးရောဂါ နှင့် သေတာ မှန်ကန်ကြောင်း ထောက်ခံ ခဲ့သည်။
ထိုအခြေအနေများအတွင်း ABSDF(NB) ဖွဲ့စည်းရေးကို မျိုးဝင်းက အကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည်ကို ထွန်းအောင်ကျော်က မရမနေ ညှိနှိုင်းပြီး ဆွေးနွေးမှုများ ပြုလုပ်ကာ ၁၉၉၀ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် အောက်ပါ တာဝန်များအတိုင်း ABSDF(NB)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြန်မာပြည်-မြောက်ပိုင်း) ကို ဖွဲ့စည်းနိုင်ခဲ့လေသည်။
(၁)ဥက္ကဌ-ထွန်းအောင်ကျော်-မန္တလေး-(နောက်ပိုင်း-အသတ်ခံရ)
(၂)ဒု-ဥက္ကဌ-၁-မြင့်စိုး(ခ)သံချောင်း-မိုးညှင်း-စစ်ရေးတာဝန်ခံ-(SSAစပ်ခွန်ကျော် အဖြစ်အဖမ်းခံရ)
(၃)ဒု-ဥက္ကဌ-၂-ကျော်ကျော်-မြစ်ကြီးနား-မာနယ်ပလောရောက်၊
(၄)ဒု-ဥက္ကဌ-၃-သံလွင်-လားရှိုး-(ရှမ်း-ရင်း ၄၀၁-နောက်ပိုင်း-အလင်းဝင်)
(၅)အထွေထွေအတွင်းရေးမှုး-ရော်နယ်အောင်နိုင်-မန္တလေး-(နောက်ပိုင်း-ဥက္ကဌကိုသတ်ပြီးဥက္ကဌတက်လုပ်သူ)
(၆)တွဲဘက်အထွေထွေအတွင်းရေးမှုး(၁)-မျိုးဝင်း-မိုးညှင်း-ဒုစစ်ရေးတာဝန်ခံ(ဆားမှော်တိုက်ပွဲတွင်-သေဆုံး)
(၇)တွဲဘက်အထွေထွေအတွင်းရေးမှုး(၂)လှဆိုင်း-မြစ်ကြီးနား-စီတာပူ-(လက်ရှိမြောက်ပိုင်းခေါင်းဆောင်)
(၈)ဘဏ္ဍာရေးမှုး-အောင်ကြီး-မိုးကောင်း၊
(၉)နိုင်ငံရေး/စည်းရုံးရေးမှုး-စိုးလင်း-မန္တလေး-(မာနယ်ပလောရောက်-အဖမ်းခံရ-အလင်းဝင်)
(၁၀)စီးပွားရေးတာဝန်ခံ-နေထွန်း(ခ)နေဒွန်း-မြစ်ကြီးနား-(ဖားကန့်)
(၁၁)တရားရေးနှင့်စည်းကမ်းထိမ်းသိမ်းရေး-ဦးစိန်-ရန်ကုန်-(မှိုင်းရာပြည့်ဟောင်း/ဒီးဒုတ်ဂျာနယ်/အသတ်ခံရ)
(၁၂)လုပ်ငန်းစစ်ဆေးရေး-မြင့်ကျော်-မိုးညှင်း-(မြို့ပေါ်တာဝန်နှင့်မန္တလေးတွင်အဖမ်းခံရ)
(၁၃)ကျန်းမာရေး-ရန်နိုင်စိုး-စစ်ကိုင်း/တန့်ဆည်-(ရင်း-၇၀၂ သို့ရောက်သွား)
(၁၄)သတင်းနှင့်ပြန်ကြားရေး-တင်မောင်အေး(ခ)အားစိုက်-စစ်ကိုင်း/ကသာ-(စစ်ကြောရေးဒဏ်ဖြင့် သေ)
(၁၅)ကချင်ဒေသတာဝန်ခံ-စိန်အေး-မိုးညှင်း-(မိုးညှင်းခရိုင်မှူး)
(၁၆)ရန်ကုန်ဒေသတာဝန်ခံ-ရဲလင်း-ရန်ကုန်-(ရွှေကူခရိုင်မှူး)
(၁၇)မန္တလေးဒေသတာဝန်ခံ-ညီညီကျော်-မန္တလေး-(ဗန်းမော်ခရိုင်မှူး)
(၁၈)စစ်ကိုင်းဒေသတာဝန်ခံ-ဦးကျော်ကျော်အုန်း-စစ်ကိုင်း/တန့်ဆည်-(အသတ်ခံရ)
(၁၉)ရှမ်းဒေသတာဝန်ခံ-ဝင်းသိန်း-လားရှိုး(ဦးမထုနော်အဖွဲ့နှင့်အတူအလင်းဝင်)
အထက်ပါအတိုင်းဖွဲ့စည်းခဲ့ပါသည်။တပ်ရင်းမှူးများအဖြစ်(၁)၄၀၁-ရင်းမှူးဇော်နော်။(၂)၇၀၁-ရင်းမှူးအောင်သန်း။(၃)၅၀၁-ရင်းမှူးသိုက်ထွန်းဦး။(၄)၇၀၂-ရင်းမှူး-အမည်မသိ တို့အားလည်း ခန့်အပ်တာဝန် ခွဲဝေခဲ့လေသည်။
မောင်မောင်(ရွှေကရဝိက်)
ဆက်လက်ဖော်ပြပါမည်။

- 24 shares
- Maungmaung Skw အခုတင်ထားတဲ့
ကျွန်တော်သိခဲ့သောABSDF(NB)ကောက်ကြောင်း ဆိုတဲ့ဟာက ကျွန်တော်ရေး
တဲ့ စာအုပ်ထဲမှာ မပါဝင်ပါဘူး။ - Aung Khin Myint အော် ဟုတ်ကဲ့ ... ကျနော်က အခု အကိုထုတ်မယ့် စာအုပ်ထဲကဟာလို ထင်နေတာ ... ကျေးဇူး အကိုကြီး ...
- Maungmaung Skw မဟုတ်ပါဘူးဗျာ
ဒီ-ကောက်ကြောင်းရဲ့နောက်ပိုင်းမှာ
ထွန်းအောင်ကျော်ရဲ့အရည်အချင်းတွေကို
ရေးထားပါတယ်။ဘယ်လိုမှ စီစစ်ရေးက
ခွင့်ပြုမှာ မဟုတ်လို့ စာအုတ်ထဲမှာ
ထည့်မထားပါဘူး။January 31 at 6:06pm via · · 6 - Maungmaung Skw ကျိုးစားပြီး အမြန်ဆုံးရေးပေးပါ့မယ်။
ယူထားမိတဲ့ လူမှုရေးတာဝန်တွေကြောင့်
အချိန်ဆင်းရဲ နေလို့ပါ။ - Thein Seinရှင်မာကုခရစ်ဝင်။ 14
61. ကိုယ်တော်သည် တခွန်းမျှပြန်ပြောတော်မမူဘဲတိတ်ဆိတ်စွာနေ၏။ တဖန်ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်သလောဟု မြေးပြန်လျှင်၊
62. ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ျ...ာဘက်၌ထိုင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင်။ 4
40. နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည်ထို လူနာတို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့ အပေါ်၌လက်တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်းစေတော်မူ၏။
41. နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူ ၏ဟု ဟစ်ကြော်လျက်လူများမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသော ကြောင့် စကားတခွန်းကိုမျှ မပြောစေခြင်းငှါ မြစ်တားတော်မူ၏။
ရှင်မဿဲခရစ်ဝင်။ 28
18. ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင် သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။
http://ge.tt/8C7o9bB?c Burmese - Eternal Life (download)
http://ge.tt/8Mj33nC Myanmar (Burma) - God's Word (download by chapters)
http://video.google.com/videoplay?docid=88843103648 98277095&hl=en
VIDEO
http://video.google.com/videoplay?docid=-9137374172 126918206&hl=en
VIDEO
http://www.myanmarbible.com/bible/ search/parallel.php Burmese
Burmese - Eternal Life
www . 4shared . com/rar/yq8sRSg7/14_Burmese_-_Audio_MP3.html
Burmese - Audio MP3
ရှင်ယောဟန်ခရစ်ဝင်။ 10
27. ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။
28. ထာဝရအသက်ကိုလည်း ငါပေး၏။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။
29. ထိုသိုးတို့ကို ငါ့၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ သည်ဖြစ်၍၊ အဘယ်သူမျှထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှမနှုတ်မယူနိုင်ရာ။
30. ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင်။ 8
36. ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ် ကြလိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင်။ 3
16. ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။
17. လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြ ောင်း စေလွှတ် တော်မူ၏။
18. သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရား သခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏။
ရှင်ယောဟန်ခရစ်ဝင်။ 6
47. ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။
ရှင်ယောဟန်ခရစ်ဝင်။ 14
6. ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
ဟေဗြဲဩဝါဒစာ။ ၉
27. လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရသကဲ့သို့၊
ရှင်ယောဟန်ခရစ်ဝင်။ 20
31. ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း၊ ထိုသို့ယုံ၍နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။
http:// new-myanmar . blogspot . com - Kyaw Gyi AB ဂျိုးဖြူစစ်ကြောင်းအစ ရင်း(၇၀၂)စစဉ်က ရင်းမှူးမထားခဲ့ပါ၊ခွဲမှူးသ
ာခန့် ထာ့း ခဲ့။။စစ်ကိုင်းတိုင်းထိုးေ ဖာက်ရေးပျက်သွားပြီး နောက်မှ အောင်ဆွေဦး(မိုးညှင်း)အား ရင်းမှူးတာဝန်ပေးခဲ့ ပါသည်။ - Minthura Wynn What I heard is that becasue Myo Win was not elected, then automatically mandated by the central committee of ABSDF. I would like to confirm for that...thanks.
- Kyaw Hlaing Oo သံချောင်းက ဘာဖြစ်လို့ SSA ကိုရောက်သွားရတာပါလဲ။ ဘယ်အချိန်က ရောက်သွားတာပါလဲ?
- Maungmaung Skwကျွန်တော်နားလည်ထားတာလေးပြေ
ာပြ
ပါမယ်။၁၉၉၂ခုနှစ်အတွင်းမှာ အစုလိုက်
အပြုံလိုက်လူသတ်ပွဲ ကျင်းပခဲ့ခြင်း၊ ၅၅
ယောက်အုပ်စုလိုက် ထွက်ပြေးလွတ်
မြောက်သွားခဲ့ခြင်း၊ ကျောင်းသားအချို့
...See More - Kyaw Hlaing Oo အဲဒီအချိန်မှာ သံချောင်းက တိုက်ပွဲကြောင့် လက်တစ်ဖက်ပြတ်နေပြီဆိုတာ ဟုတ်ပါသလား၊ ကျွန်တော်ကြားဖူးတာပါ။
- မာမီ ထား လှဆိုင်လည်း သတ်ဖြတ်မူမှာ အဓိကအခန်းက ပါတယ်နော်။သံချောင်းက ထောင်ထဲမှာ လှဆိုင်ကလက်ရှိ မြောက်ပိုင်းခေါင်ဆောင်ေ၇ာ်နယ်အောင်နိုင်က ထိုင်းနိုင်ငံထဲမှာ နိုင်အောင်နဲု့မိုးသီးဇွန်က
ရှိနေဆဲ။ပြည်ပမှာ အေ၇းယူမူထက် ပြည်တွင်းဝင်လိုကတော့ ၇စ၇ာမရှိအောင် သမခံ၇မယ်။ ကိုမောင်မောင် ကျွန်မကတော့ လက်ရှိအေဘီမှာ ဆက်ရှိနေတဲ့ လှဆိုင်၇ဲ့ အခန်းကိုေ၇းစေချင်ပါတယ်။ကျွ န်မတို မှတ်တမ်းပြုစုလို၇အောင်ပါရှ င်။ - Maungmaung Skwမာမီထားခင်ဗျား လက်ရှိတော့ လှဆိုင်း
အကြောင်းသိပ်မသိပါ တင်ပြပေးနိုင်
အောင် ကျိုးစားပေးပါမည်။
ကိုကျော်လှိုင်ဦးခင်ဗျား ကျွန်တော်
သံချောင်းနှင့်ဆုံခဲ့စဉ် ၁၉၉၂ ခုနှစ်ဖေဖော်ဝါရီ လဆန်းကထဲက
သံချောင်းကို ညာဘက်လက် ဒဏ်ရာ
နှင့်တွေ့ခဲရပါသည်။သံချောင်း လက်
မပြတ်ပါ။ - Khin Maung Htway ကောက်ကြောင်းကို ကောက်စားလိုက်ပါပြီ (အဲယောင်လို့) ကောက်ရှယ်သွားပါတယ် အကိုရေ.... :)
- Kyaw Hlaing Oo ကောက်ကြောင်း အပိုင်း ၅ ဆက်တင်ဦးမှာပါလားခင်ဗျား၊ နောက်တစ်ခုက အဲဒီအချိန်မှာ တောင်ပိုင်းဥက္ကဌက ဘယ်သူပါလဲ၊ မိုးသီးဇွန်ပါလား၊ အဲဒီအချိန်တုန်းက AB ဗဟိုရဲ့ဥက္ကဌက အခု US ရောက်နေတဲ့ ကိုထွန်းအောင်ကျော်ပါလား
- Maungmaung Skwကောက်ကြောင်းအပိုင်း ၅ ကို ဆက်လက်တင်ပြပေးပါ့မယ်။၁၉၉၂ခ
ုနှစ်
ဆန်းပိုင်းမှာ မိုးသီးဇွန်က ဥက္ကဌ အဖြစ်
ရှိနေခဲ့ပြီး နိုင်အောင် မြောက်ပိုင်းက
ပြန်လာချိန်မှာ မြောက်ပိုင်းရဲ့ထောက်ခံ
မှုနဲ့ နိုင်အောင်က ဥက္ကဋ္ဌဖြစ်သွားတာလို့
ကျွန်တော်နားလည် ထားပါတယ်။USA
မှာရှိနေတဲ့ ကိုထွန်းအောင်ကျော် ဆိုတာ
အစောပိုင်းက ABSDF မှာ ဥက္ကဋ္ဌ လုပ်ခဲ့
တဲ့သူလို့ သိထားပါတယ်။ - ဆရာ ဆယ် ဗဟုသုတရပါတယ်....စဉ်းစားမရတ
ာကအခုမှဘာကြောင့်အထုပ်ဖြည်ေ နရတာလဲပေါ့..facebook ပေါ်မှာဒီအကြောင်းဆူညံ့နေတာပါပဲ..ခါတော်မှီတွေဆို၇င်တော့ ဝမ်းနည်ပါတယ်...ဆိုလိုတာက. ..legally. ပြောရရင်အခုမှပြောလို့ရလို့ ပြောတာပါဆိုရင်ပြောတဲ့သူရဲေ ကာင်းတွေကိုဆယ်စုနှစ်လောက်ေ နာက်ကျခဲ့တဲ့အတွက်ကျနော်လေးစားပါတယ်.အခုမဟုတ်ပါဘူး..ေ နာင်ဆယ်စုနှစ်ကြာမှ....ပါ။အ ကြောင်းကြောင်းသောအကြောင်းေ ကြာင့်ပါ.... - Maungmaung Skw ဟုတ်ပါတယ်
ဆရာ အထောက်တော်လှအောင် ရဲ့
စကား ငှားပြောရမှာပါဘဲ
အကြောင်းကြောင်းသော
အကြောင်းကြောင်းများကြောင့်-------==- - ဆရာ ဆယ် မုန်တိုင်းမှာလဲအောက်စီဂျင်
ပါတယ်ဆိုတာကိုလက်ခံပေးတဲ့အစ်ကို.ကိုကျေးဇူးတင်ပါတယ်... ..လူငယ်တွေကိုပြန်ဖြေပေးတဲ့ အတွက်လေးစားပါတယ်ခင်ဗျား.. - Nang Kham Mhom လှဆိုင်းကလက်ရှိမြောက်ပိုင်
းခေါင်းဆောင်လား..အဲလောက်ရက်စက်ယုတ်မာတဲ့လူကြီးကခေါင်း ဆောင်ပြန်ဖြစ်တယ်..တွေးမိတာ နဲ.ကိုကြက်သီးထမိတယ်ကြေက်စရာကြီး..နောက်ထပ်လူဘယ်နှစ်ယောက်များအသတ်ခံရမလဲမသိဘူး..
No comments:
Post a Comment