မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၃)
Posted by admin on March 30, 2012 40 Comments
မြောက်ပိုင်းရဲ့ ယူဂျီ (ပင်မ)လမ်းကြောင်း က တနိုင်ငံလုံးရဲ့ ဆက်သွယ်ရေး
စုံချက်ဖြစ်တဲ့ မန္တလေး၊ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် (မန္တလေး အသတ်ခံရ) နဲ့ အတူ
အစီစဉ်ရှိရှိ ထိုးကျွေးတာခံခဲ့ရတဲ့ (ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးနဲ့ အချိန်
ကိုက် မြို့မှာနေလို့မရအောင် ဖန်တီးပြီးမောင်းပို့ခဲ့လို့
တောထဲကိုရောက်လာခဲ့ရတဲ့) ကိုချိုကြီး (မန္တလေး အသတ်ခံရ)၊ ကိုအောင်မင်း
(မန္တလေး၊ အသတ်ခံရ) တို့ဆိုတာ မြို့မှာယူဂျီလိုင်းတွေကို အဓိက
ကိုင်ထားသူတွေ။
ဖြစ်သွားတဲ့ အဖြစ်အပျက်က တောနဲ့မြို့ပြ ဆက်သွယ်ရေး လမ်းကြောင်းကို အပြီးအပိုင် ဖြတ်တောက်ခံလိုက်ရခြင်း၊ (ဒီ နေရာမှာ ကျမတခု ပြောချင်တာက မြောက်ပိုင်းဗဟိုကော်မတီတွေကလွဲရင် ကျမအပါအ၀င် မြောက်ပိုင်း ရဲဘော်ရဲမေ တွေဟာ ရောက်တဲ့နေရာမှာ ကိုယ်လုပ်ရမဲ့အလုပ်ကို လုပ်နေကြသူတွေဖြစ်တဲ့အတွက် အေဘီ (ဗဟို) နဲ့ပတ်သက်ပြီး ကိုမိုးသီး၊ ကိုနိုင်အောင်တို့ နာမည်တွေကို မကြားမဖြစ် ကြားဖူးနေတာကလွဲလို့ အဲဒီတုန်းက ဗဟိုနဲ့ပတ်သက်ပြီး တခြား ဘာကိုမှ သိလည်းမသိခဲ့ကြသလို စိတ်ဝင်စားမှုလည်းမရှိခဲ့ကြဘူး။ ကျမကိုယ်တိုင် ထိုင်းဘက်ရောက်မှ တချို့နာမည် တွေနဲ့ ရင်းနှီးခဲ့တာပါ။ လူ (၁၅) ယောက်ကို သတ်ပြီးတဲ့နောက် အဖမ်းခံထားရတဲ့ နန်းအောင်ထွေးကြည်၊ ဘိုဘိုတို့ မိဘ တွေ တောထဲလာကြတဲ့အချိန် ဥက္ကဋ္ဌ ကိုနိုင်အောင်ကို (၁၉၉၂) ခုနှစ် ဧပြီလထဲမှာမှ မြင်ဖူးတွေ့ဖူးခဲ့တာပါ)
သေချာတာကတော့ ရန်သူ့လူတွေ ရှိနေတယ်ဆိုတာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် ကိုညီညီကျော်တို့ကအစ မြောက်ပိုင်းဗဟိုကော်မတီတခုလုံးက လက်ခံခဲ့ကြတယ်။
သတင်းပေါက်ကြားမှုတွေကြောင့် စစ်ကြောင်းထွက်ချိန် မမျှော်လင့်တဲ့နေရာတွေကနေ ဖြတ်တိုက်ခံခဲ့ရတဲ့အတွက် ရဲ ဘော်တချို့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတာတွေ။ ရင်ဘတ်တည့်တည့်ကို မှန်ရမှာဖြစ်ပေမဲ့ အီကွေးမန့်မှာချိတ်ထားတဲ့ ဓါး မြှောင်ဓါးရိုးခံနေလို့။ ကျောတည့်တည့်ကို မှန်ရမှာ ဖြစ်ပေမဲ့ နောက်ကျောမှာ ချိတ်ထားတဲ့ ဟန်းကောခံနေလို့။ ဦးခေါင်း ဘေးနားရွက်အထက်မှာပဲ ရှပ်ထိသွားလို့ သေကံမရောက်အသက်မပျောက်ခဲ့တဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်။ ရှေ့တန်း ထွက်ချင်လို့ ပူဆာခဲ့တဲ့ ကျမတို့ရဲမေတွေတောင် ရှေ့တန်းမရောက်ခင်၊ ရှေ့တန်းအလယ်လောက် ဖျားနာကုန်လို့ လှည့် ပြန်ခဲ့ကြသူတွေရှိသလို နှစ်လနီးပါး တောထဲတောင်ထဲမှာ ရေငတ် ထမင်းငတ်နဲ့ ညတိုင်းဓါတ်မီးမပါ ဘာမပါနဲ့ ချီတက်ရ၊ ရောက်တဲ့နေရာထိုးအိပ်လို့မရ၊ ကင်းစောင့်ရနဲ့ တိုက်ပွဲတွေကြားမှာ တချို့ရဲမေတွေ စစ်ဆင်ရေးအစအဆုံး ပါဝင်ခွင့်ရခဲ့ ပေမဲ့ တကြိမ်ဆို တကြိမ်ပါပဲ နောက်တကြိမ် ရှေ့တန်းထွက်ချင်တယ်ပြောဖို့ အတော်လေး အားပြန်ယူရအုံးမယ်။ ဒါ တောင် ရှေ့တန်းထွက်တဲ့ ရဲဘော်တွေအပေါ် နောက်တန်းက ရဲမေတွေ ကိုယ်ချင်းစာနားလည်တတ်အောင် လုပ်ပေးတဲ့ အစမ်းသဘောပဲ ရှိပါသေးတယ်။
ရန်သူနဲ့ လက်တကမ်း (လူ့အခွင့်အရေးတွေ ခံစားခွင့်ရနေတဲ့ နိုင်ငံခြားမှာ နေကြရသူများမဟုတ်) အသက်ကိုဖက်နဲ့ ထုပ် ထားရသလို ကိုယ်မချရင် သူချတာခံရမဲ့ အမှန်တကယ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေအတွက်ကတော့ ဆိုဖွယ်မရှိပါဘူး။
ကျမတို့ရဲဘော်တွေဟာ နောက်တန်းမှာ မူးရူးပြီး အချင်းချင်း အော်ဟစ်ဆဲဆို ထိုးကြကြိတ်ကြလိမ့်မယ်။ ရှေ့တန်းရောက် ရင် အဲဒါတွေ သတိမရတော့ဘူး။ တက်ညီလက်ညီနဲ့ တယောက်ကိုတယောက် ကာကွယ်စောင့်ရှောက်ကြလိမ့်မယ်။ ရဲဘော်အချင်းချင်းကြားမှာရှိတဲ့ သံယောဇဉ်ကြိုးဟာ အိမ်ကမိန်းမတွေထက်တောင် ခိုင်မြဲပါသေးတယ်။ ဒါကို တကယ်အ သက်ပေးပြီး အမှန်တကယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူတွေသာ ခံစားနိုင် နားလည်နိုင်တယ်။ ဒီခံစားမှုမျိုးကို ပိုက်ဆံဘယ် လောက်ရှိရှိ ယူထားတဲ့နေရာ ဘယ်လောက်ကြီးကြီး အချောင်သမားတွေ ခံစားနိုင် နားလည်နိုင်မှာ မဟုတ်ဘူး။
ရွာတွေနဲ့မနီး နက်ရှိုင်းတဲ့တောတောင်တွေ တတောင်ပြီးတတောင် မြစ်တွေ၊ ချောင်းတွေ၊ ချောက်ကမ်းပါးတွေ တခုပြီး တခု ကျော်လွှားဖြတ်သန်းရင်း ရှေ့တန်းထွက်ခဲ့ရတဲ့ ရဲဘော်တွေရဲ့အသက်ဟာ “ဆန်နဲ့ ကျည်ဆံ” ဖြစ်သလို ရဲဘော်တွေ အတွက် အလေးဆုံး သယ်ပိုးရတဲ့အရာဟာလည်း ဆန်နဲ့ကျည်ဆံ ပါပဲ။ ရှေ့တန်းထွက်တဲ့ ရဲဘော်တိုင်း ဆန်ကြိုးပါရသ လို လက်နက်၊ ကျည်ဆံ၊ ဆေးဝါး၊ ရေဘူး၊ ရိက္ခာခြောက် သွားရမဲ့ခရီး တက်ရမဲ့တောင် အနေအထားနဲ့ နှစ်ရက်စာအပြင် ပိုမသယ်နိုင်ပါဘူး။ ဒါကြောင့် ချီတက်ရမဲ့ခရီးတလျှောက် တောတောင်ချောက်ကမ်းပါးတွေမှာပဲ ဆန်တွေကို ကြိုတင် လှောင်ထားရတယ်။ ဆန်ထုတ်ဖို့လိုပြီ ဆိုရင် ရှေ့တန်းထွက်ရင်း ခဏစခန်းချထားရာ နေရာကနေ အနည်းဆုံး (၁၀) မိ နစ်လောက် လမ်းလျှောက်ပြီ ချောက်တွေထဲမှာ အသင့်ဝှက်ထားခဲ့တဲ့ဆန်တွေကို ဆင်းယူကြရတယ်။ ကျမကိုယ်တိုင် အဲ ဒီလိုသွားယူခဲ့ဖူးတဲ့အတွက် သိနေတာပါ။
နအဖ ထိုးစစ်ဆင်တဲ့အချိန်ဟာ မိုးတွင်းအချိန်ပါ။ တောတောင်နယ်မြေအနေအထားက ဆိုးဝါး၊ ရာသီဥတုက ကြမ်းတမ်း၊ ရွှံ့တွေ ဗွက်တွေ ကျွတ်တွေ ဒက်တွေ မျှော့တွေနဲ့ အင်းဆက်ပိုးတွေမျိုးစုံကြား ငှက်ဖျား၊ တုပ်ကွေး၊ ၀မ်းရောဂါတွေက ပြင်းထန် ကိုယ်ခံအားကောင်းနေမှသာ တွန်းလှန်နိုင်တဲ့ အနေအထားမျိုးပါ။ အဲဒီလိုအချိန် အဲဒီလိုအခါမျိုးမှာမှ ခရီးစဉ်တ လျှောက် ဆန်တွေသိုလှောင်ထားရာနေရာတွေ (တနေရာတည်းမှာမဟုတ်) ကို ရန်သူက သိရှိရရှိသိမ်းပိုက်သွားနိုင်ခဲ့ဟာ မတော်တဆ တိုက်ဆိုင်မှုလို့ ယူဆနိုင်ပါသလား။ အပြင်းအထန် ထိုးစစ်ဆင်လာခဲ့တဲ့အပေါ် စားစရာဆန်တောင် မရှိတော့ တဲ့ ရဲဘော်တွေဟာ တောထဲမှာ တွေ့သမျှ စားလို့ရတာမှန်သမျှ အကုန်ကောက်စားရင်း ခရီးကြမ်းကို မရရအောင်ဖောက် ထွက် ကျော်ဖြတ်ခဲ့ကြရတယ်၊ အဲဒီအတွက် ကျဆုံးကျန်ခဲ့တဲ့ ရဲဘော်တွေ။ အဟာရငတ်ပြတ်ဖျားနာပြီး လမ်းခရီးမှာ သေ ဆုံးသွားခဲ့ကြတဲ့ ရဲဘော်တွေ စခန်းရောက်မှ သေဆုံးသွားတဲ့ ရဲဘော်တွေ၊ ဒါတွေကို ဒီရဲဘော်တွေနဲ့အတူ ဖြတ်သန်းရင်း မျက်စိရှေ့မှာတင် မြင်ရတွေ့ရ ကိုယ်တိုင်ခံစားခဲ့ရသူက ရဲဘော်မျိုးဝင်း။ ဒီလူဟာ ရန်သူလို့ သူထင်ခဲ့တဲ့ သူတွေအပေါ် ရက်စက်ချင် ရက်စက်လိမ့်မယ်(ရန်သူနဲ့ပတ်သက်တဲ့ သူရဲ့စိတ်ဓါတ်ကိုလည်း ရန်သူသူလျှိုတွေက ကြိုတွက်ထားပြီးသား ဖြစ်ပါလိမ့်မယ်) သူ့ရဲဘော်တွေကိုတော့ သူချစ်ခဲ့တယ်၊ ကာကွယ်စောင့်ရှောက်ခဲ့တယ်။ (ဘယ်သူပြောပြခဲ့တာလည်း မ မှတ်မိ) စားစရာ နောက်ဆုံးလက်ကျန်ဆန်ကို ရဲဘော်တွေ ဆန်ပြုတ်ပြုတ်စားကြတဲ့အချိန်မှာ လူကြီးဖြစ်တဲ့သူ့အတွက် ဟန်ကောချိုင့်လေးနဲ့ ထမင်းချက်ထားပေးခဲ့တယ်။ အဲဒီ ဟန်ကောချိုင့်ထဲကထမင်းကို ဆန်ပြုတ်အိုးထဲလာသွန်ထည့်ပြီး ရဲဘော်တွေနဲ့အတူစား အတူနေပြီး သေတဲ့အထိ တိုက်ပွဲဝင်သွားခဲ့တဲ့သူ။
ကျောင်းသားတပ်မတော်ရဲ့ အဓိကလိုအပ်ချက်က ကိုယ်ပိုင်သီးသန့်နယ်မြေဖြစ်သလို ရေမဲ့ငါးလို မဖြစ်ရအောင် ၀ိုင်းရံ ထောက်ပံ့ပေးမဲ့ မိဘပြည်သူတွေလည်း လိုပါတယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ ကော်လင်း၊ ၀န်သို၊ ကသာ၊ စစ်ကိုင်း တိုင်းဘက်က ကျောင်းသားရဲဘော်တွေ အများဆုံးပါဝင်တဲ့ ပထမအကြိမ် “စစ်ကိုင်းတိုင်းထိုးဖောက်ရေးစစ်ကြောင်း” ဆို ပြီး ထွက်ခဲ့ကြတာရှိပါတယ်။ သတင်းပေါက်ကြားမှုကြောင့် လမ်းမှာတင် ဖြတ်တိုက်ခံခဲ့ရပြီး စစ်ကြောင်းပျက်သွားခဲ့ရ တယ်။ ရဲဘော်တွေ ကစင့်ကလျားနဲ့ ဆုတ်ခွာခဲ့ရတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ရပြီး ရဲဘော်အနည်းစု လောက်ပဲ ဗဟိုကိုပြန် ရောက်လာခဲ့ကြတယ်။ (ဒီအဖြစ်အပျက်ကိုတော့ ကိုရဲလင်း (ဗဟိုကော်မတီ) ပိုသိပါလိမ့်မယ်)
ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ထိုးဖောက်ရေးစစ်ကြောင်းကို ရင်းမှူးအောင်ဆွေဦး ဦးဆောင်ပြီး ရဲဘော်မင်းဌေး (မိုး ကောင်း၊ ရမ်ဘိုကားရိုက်ခဲ့သူ) အပါအ၀င် ရဲဘော်တွေ ထပ်ပြီးကြိုးစားကြည့်ခဲ့ကြတယ်။ နယ်မြေအနေအထား ကြမ်း တမ်းခက်ခဲမှု၊ ရိက္ခာမလုံလောက်မှု၊ ငတ်ပြတ်ဆင်းရဲနေမှုတွေနဲ့အတူ ရှေ့ဆက်ရင် အားလုံးသေတွင်းထဲဝင်သွားသလို ဖြစ်နိုင်တဲ့ အခက်အခဲအမျိုးမျိုးတွေကြောင့် ပြန်ဆုတ်လာကြရတယ်။
ရဲဘော်သံချောင်းနဲ့ ရဲဘော်တစု အဖမ်းခံခဲ့ရတာက တတိယအကြိမ် “စစ်ကိုင်းတိုင်း ထိုးဖောက်ရေး စစ်ကြောင်း” ပါ၊ ရှမ်း ပြည်တောင်ပိုင်းကနေ စထွက်တဲ့စစ်ကြောင်းဟာ ပင်းပန်းဆင်းရဲတဲ့ဒဏ်မခံနိုင်တဲ့ ရဲဘော်တချို့ လမ်းခရီးမှာ ထွက်ပြေး ခဲ့တဲ့အတွက် သတင်းပေါက်သွားပြီး တပ်ရင်း (၂၀) လောက်နဲ့ ဖြတ်လေးဖြတ်ကိုသုံးပြီး လမ်းကြောင်းတလျှောက် ပိတ် ဖမ်းခဲ့တဲ့အတွက် အားအင်ကုန်ခမ်းငတ်ပြတ်ပြီး လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့တဲ့ ရဲဘော်သံချောင်းနဲ့ ရဲဘော်တွေကို ၀ိုင်းပြီးအဖမ်းခံခဲ့ရတဲ့နေရာက ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ်းခမ်းဘက်မှာပါ။
သေဒဏ်ကျခံနေရတဲ့ရဲဘော်သံချောင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်က စာရင်းဖျက်ပေးပါလို့ တောင်းဆိုနေတဲ့သူတွေ။ ကိုယ့်ခွင်ထဲက ကိုယ့်ဖီးတွေအကြောင်းပဲ ပြောမနေပါနဲ့ ဆိုတဲ့လူတွေကို “တောင်မတက်ခိုင်းပါဘူး။ အဲဒီလိုလူမျိုးတွေကို ပြေးပြီးတက်ခိုင်းကြည့်ချင်တာက ဒုက္ခသည်က တောင်ကုန်းလေး တကုန်းလောက်ပါပဲ။ လိုအပ်တဲ့အစာလည်း အ၀ကျွေး ပါ့မယ်၊ စိန်ခေါ်ရဲရင်ပေါ့၊
မြောက်ပိုင်းရဲ့တောတောင်တွေထဲမှာ ကျဆုံးသေဆုံးခဲ့ရတဲ့ ရဲဘော်ရဲမေပေါင်း (၇၀) ကျော်ရှိတယ်။ အများစုက ဒေသခံ ကျောင်းသားရဲဘော်ရဲမေတွေ။ အဲဒီ ရဲဘော်ရဲမေတွေမှာလည်း သူ့သားလိုချင်တဲ့ ဒီမိုကရေစီမရမချင်း ဆွမ်းသွပ်အမျှမဝေ ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကြက်ကလေးချီတစ် (ခ) ရဲဘော် မျိုးကိုကို (မိုးညှင်း၊ ရန်သူဖမ်းမိပြီး ညဉ်းပမ်းနှိပ်စက်အသတ်ခံ ခဲ့ရတဲ့အပြင် အလောင်းကို ရွာလည်ခေါင်ကအပင်မှာ ကြိုးနဲ့ချိတ်ဆွဲ အပြခံခဲ့ရသူ) ရဲ့ အမေလို အမေမျိုးတွေလည်း ရှိကြ တယ်။ အခု အသတ်ခံခဲ့ရတဲ့သူတွေနဲ့ပေါင်းရင် မြောက်ပိုင်းတခုတည်းမှာပဲ အနည်းဆုံး အမေတရာလောက် ငိုကြပေအုံး တော့။
ကိုယ့်ကိုယ်ကို တော်လှန်ရေးဘက်တော်သားပါလို့ ခံယူထားတာမှန်ရင် ရဲဘော်အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ မ ရမ်းပါနဲ့။ အဖွဲ့ကို မစော်ကားပါနဲ့။ အဖြစ်အပျက်ကို အဖြစ်အပျက်အတိုင်း ခွဲခြားပြီး မြင်အောင်ကြည့်ပါ။ မပြောမဖြစ်လို့ ပြောချင်ရင်လည်း ငါအချောင်သမားဟုတ်မဟုတ် ကိုယ့်ကိုယ်ကို မှန်ထဲ အရင်ပြန်ကြည့်ပါ။
နက်ရှိုင်းတဲ့ တောတောင်တွေထဲမှာ တွေ့ကြုံလာသမျှ အခက်အခဲ ဆင်းရဲဒုက္ခတွေကို လက်သီးဆုပ်တွေထဲမှာထည့် အ မှုန့်ခြေရင်း အသက်ပေးသွားခဲ့ကြရတဲ့ (တောထဲက ရဲဘော်တွေ ပိုင်ဆိုင်တဲ့အရာဆိုလို့ အမေတွေပေးခဲ့တဲ့ အဲဒီအသက် လေးတွေပဲ ရှိပါတယ်) မြောက်ပိုင်းက ရဲဘော်တွေ၊ ကေအိုင်အေ အပစ်အခတ်ရပ်ပြီးတဲ့နောက် ဘ၀ကို သုံညကနေ ဆင်း ဆင်းရဲရဲ အငတ်ငတ်အပြတ်ပြတ်နဲ့ ကုန်းရုန်းရှာဖွေရင်း ရပ်တည်ခဲ့ကြရတဲ့ လက်ရှိတရုတ်နယ်စပ်မှာ ကျန်ရှိနေတဲ့ တိုက်ပွဲ ၀င်နေဆဲ ရဲဘော်ရဲမေတွေကိုယ်စား အချောင်သမားတွေ အချောင်နာမည်ရဖို့ ပြောနေတာမျိုးဆိုရင် ရင်နာလွန်းလို့ပါ။
မြောက်ပိုင်းမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ဂုဏ်ထူးတန်းကျောင်းသား) ဆိုတာ ရဲဘော်ရဲမေများရဲ့ (ကျမ က အက်စ်အက်စ်အေ (ရှမ်းပြည်) မှာ စစ်သင်တန်းယူခဲ့သူပါ) သင်တန်းဆရာ၊ သင်တန်းမှူးတဦးဖြစ်သလို ဒါတွေ မဖြစ်ခင်က နန်းအောင်ထွေးကြည်၊ ကျော်ခိုင်ဝင်း၊ သင်းသင်း၊ ဘိုဘိုတို့တွေနဲ့ သီချင်းဆိုဖော်ဆိုဖက် ဂစ်တာတီးဖော်တီး ဘက် ရဲဘော်တဦးဖြစ်ပြီး ရဲဘော်ရဲမေတွေကြားမှာ ဟာသလေးတပြောပြောနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင် နေ တတ်တဲ့ အားလုံးရဲ့ အချစ်တော်ထဲမှာပါခဲ့တဲ့ ဗဟိုကော်မတီဝင်ပါ။ ကျမတောင် ဒူဝါလှဆိုင်းနဲ့ အဖမ်းခံခဲ့ကြရတဲ့သူတွေ လောက် မရင်းနှီးခဲ့ပေမဲ့ ဒူဝါလှဆိုင်းရဲ့ ရိုးရှင်းတဲ့မျက်နှာ အပြောအဆိုတွေနဲ့တင် “ကျောင်းသား” ဆိုတာ ကျမယုံတယ်။
အပြောသက်သက် အချောင်သမားတွေမဟုတ်ဘဲ (အနုနည်းဖြစ်စေ၊ အကြမ်းနည်းဖြစ်စေ ကြိုက်တဲ့နည်းကိုသုံး) တိုက်ရဲ တယ်ဆိုရင်တော့ ဒီအဖြစ်အပျက်မျိုးတွေ တော်လှန်ရေးအင်အားစုကြားမှာ တကြိမ်မဟုတ် အကြိမ်ကြိမ် အခါခါဖြစ် အောင် ဖန်တီးနေတဲ့ တရားခံအစစ်က နေပြည်တော်မှာ အသင့်ရှိနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာက တရားခံ လိုက်ရှာနေတဲ့ သူတွေအားလုံး စနစ်ဆိုးအတွင်းက သားကောင်တွေချည်း ဖြစ်နေတာကိုပါ။
ပြောတော့ကျောင်းသား လုပ်နေတာကခွေးသား ခွေးကျင့်ခွေးကြံတွေနဲ့ ဒါတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ တရားခံအစစ် ကတော့ လက်ရှိရပ်တည်နေတဲ့အဖွဲ့ကိုပါ ဘယ်လိုနည်းနဲ့တွန်းပို့ ဇာတ်သိမ်းပေးရရင် ကောင်းမလဲဆိုပြီး ဖြစ်ပျက်နေသမျှ တွေကို အခုအချိန်ထိ စင်ပေါ်ကနေ အပြုံးမပျက် ကြည့်နေအုံးမှာပါပဲ။
“တခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုသလို ဘယ်သူတွေက အဖြစ်အပျက်အမှန်ကို နစ်နာခဲ့ရသူတွေအတွက် ရိုးသားစွာ ဖော် ထုတ်လိုတာ ဘယ်ကောင်တွေက အေဘီပျက်စီးရေးအတွက် ရည်ရွယ်လုပ်နေတာဆိုတဲ့ စာရင်းကို ပြောပုံဆိုပုံရေးသား တင်ပြနေပုံတွေနဲ့ အဲဒီလူတွေရဲ့နောက်ခံသမိုင်းတွေကို လေ့လာရင်း အခုကတည်းက ခွဲခြားပြီး ကျမ စာရင်းပြုစုနေပါ တယ်။ နောင်တချိန် “အေဘီကို ဘယ်သူတွေ ဖြိုခွဲဖျက်စီးခဲ့ကြတာလဲ” ဆိုပြီး တရားခံရှာကြတဲ့အခါ အသုံးပြုနိုင်ဖို့ပါ။
ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးတဲ့ “ကျောင်းသားတပ်မတော်” ဆိုတာ စစ်အစိုးရစကား ဌားသုံးပြောရရင် ကမ္ဘာ့အလယ် မှာ မြန်မာဟေ့လို့ ၀င့်ကြွားဂုဏ်ယူနေတဲ့နိုင်ငံမှာမှ သမိုင်းရဲ့လိုအပ်ချက်အရကို ပေါ်ပေါက်လာခဲ့ရတယ်။ သမိုင်းအဆက် ဆက် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတို့ရဲ့သင်္ကေတ ခွပ်ဒေါင်းဘက်တံဆိပ်တပ်ထားတဲ့ “ABSDF ဆိုတာ တစုတဖွဲ့တည်း က ပိုင်တဲ့နာမည် မဟုတ်ဘူး၊ သမိုင်းက ပေးခဲ့တဲ့နာမည် သမိုင်းက ပိုင်တဲ့နာမည်၊ တောထဲမှာ လက်ရှိရှိနေကြတဲ့ ရဲဘော် တွေ တင်မက ပါဝင်ပတ်သက်ဖူးခဲ့တဲ့ ထောင်ပေါင်းများစွာသော ပြည်တွင်းပြည်ပ ကျောင်းသားအားလုံးရဲ့ ရင်ထဲနှလုံး သားထဲက နာမည်၊ ထပ်တူပြုလို့လည်းမရ ရူပကအလင်္ကာလည်းမမြောက်တဲ့ “ကျောင်းသားတပ်မတော်” ဆိုတဲ့ ဒီနာ မည်ကို နောင်လာ နောက်သားတွေ သမိုင်းစာမျက်နှာတွေမှာ တွေ့နေရတိုင်း။ ကြားနေရတိုင်း စစ်အစိုးရဟာ မိဘပြည် သူတွေရဲ့ သားသမီးတွေဖြစ်တဲ့ တိုင်းပြည်ရဲ့အရင်းအမြစ် ကျောင်းသားလူငယ်တွေအပေါ် သူတို့လုပ်ခဲ့သမျှတွေအတွက် အမေပေါင်းများစွာ ငိုကျွေးခဲ့ကြရတာတွေအတွက် အမြဲတမ်း အရှက်ရနေစေရပါမယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
အပိုင်း (၁) ၊ အပိုင်း (၂) ၊

I know all about that and feeling of all of you but at the moment we need to support further of Burma. What they need compare the International and our country. How much we need to prepare for Democracy in Burma.
Please change the subject now, one day the truly Judgement day will be happen. Don’t you worry about that. please let them go now.Thanks
Myatthu (TBB)
တာဝန်ရှိသူတို့၏တာဝန်မခံမှုကိုပိုလို့ရွံမုန်းပါသည်
ခေါင်းဖြတ်သတ်ရတာမှန်တယ်ဟုယခုတိုင်ယူဆနေသူ
များနှင့်သားသတ်သမားများအားအကာအကွယ်ပေးနေသူတို့ကြောင့်စိတ်ပျက်မိရသလို ထိုလူရမ်းကားမျိုးတို့
မှာစစ်တပ်တွင်သာတွေ့ရတတ်ခြင်းမဟုတ်သည်ကို
လူထုအနေဖြင့်နိုးကြားသတိရှိနိုင်လိမ့်မည်ဟုမျှော်လင့်
ပါကြောင်း
ဒို့ ဘုရားစင်လှလှလေး တစ်ခု လက်ဆောင်ပို့လိုက်မယ်နော်။ ကိုကြီးမျိုးရယ်။ ကိုကိုသံရယ်ကို တင်ပြီးကိုးကွယ်ဖို့ပေါ့။ ဒီမိုကရေစီရသွားရင် အတွင်း ၃၇ မှ အတွင်း ၃၉ သို့ ပြောင်းလဲကိုးကွယ်ာပါရန် အမိန့်စာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြကြတာပေါ့
အားလုံး ရင်နင့်စွာ ၊ ထာဝရ အမှတ်ရ လေးစားနေမယ်
ဝန်းရံ အားပေးနေမယ် ၊ တောထဲမှာနေဘူးသူခြင်းချင်း
အေဘီ ဘ၀တွေ ၊ ဖြစ်ပျက်ပုံတွေ အခင်းအကျင်းအလည့် 
အပြောင်းတွေကို ပုံဖေါ်ကြည့် နားလည်ကြည့် လို့ ရပါ
တယ် ၊ သမိုင်း ဆိုတာ ဘာလဲ ဆိုတာ ယနေ့ ဗိုလ်ချုပ်
အောင်ဆန်းမိသားစုနှင့် ဦးစော မိသားစု မျိုးဆက်
တွေ သိလာကြမှာပါ ၊ ကမ္ဘာကြီးကကျဉ်းပါတယ်
သမိုင်း ကြွေးဆပ်တယ် ဆိုတာ မှတ်တမ်း တခုတည်း မဟုပ်
ပါဘူး..
ကိုအောင်မိုးဝင်းမြောက်ပိုင်းဒေသကအရိုးတွန်သံများ
စရေးကတည်းက ကျနော်စိတ်ဝင်တစားဖတ်ရှုခဲ့ပါတယ်။
ကျနော်တို့ဒီလိုလမ်းကြောင်းတည်ကြရအောင်လား။
လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ကျောင်းသားတပ်မ
တော်အတွင်းမှာခေါင်းဆောင်အချို့ရဲ့
မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်။
သို့သော်လည်းမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့အသက်ပေးဆပ်
ခဲ့ကျတဲ့ရဲဘော်တွေကိုလေးစားသောအားဖြင့်အဖွဲ့အစည်း
တစ်ခုလုံးကိုမပုတ်ခတ်သင့်ပါဘူး။လက်မ မကောင်းလက်မ ခြေမ မကောင်းခြေမ မှားယွင်းခဲ့သူများမှာသာတာဝန်ရှိပါတယ်။
မြင့်မြတ်စွာကျဆုံးခဲ့ကျတဲ့ဒီမိုကရေစီတိုက်ပွဲဝင်
ကျောင်းသားရဲဘော်များကိုထာဝရလေးစားပြီးအမှန်
တရားကိုတ၇ားမျှတစွာဖေါ်ထုတ်တာကိုလေးစား
လျက်ပါ။
“မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ” ကို ဆက်မရေးသေးဘူးလား လို့ မေးနေတဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောပါရစေ။ ကျနော်ပြောခဲ့သလိုပဲ။ အဆင့် (၃) မှာ မျက်နှာဖုံးတွေ ကွာကျလာမယ်။ အဆင့်အတန်းတူရာ စုမယ်။ ဆွေးနွေးငြင်းခုန်ကြမယ်။ ဒီအဆင့်ကို ဖဲစကားနဲ့ပြောရင် ရှိုးဝိုင်းတခု လို စဉ်းစားကြည့်မယ်။ ပစ်ဖဲတခုချကြည့်မယ်။ ဘယ်သူတွေလိုက်မလဲ၊ ဘယ်သူ့မှာ ဘာဖဲရှိမလဲ တွက်ကြည့်ကြမယ်။ တချို့ဆို ဒေါသသင့်ပြီး ကြွမိုင်းတွေပေါ်မှာ ချေလှမ်းလာပြီဆိုတော့ —– ကာယကံရှင်တွေ ဆက်ရေးကြပါစေဦး။ လူတိုင်းမှာ ပြောရေးဆိုခွင့်၊ ငြင်းဆိုနိုင်ခွင့်ရှိကြရပါလိမ့်မယ်။ ဘယ်သူ့မှာ ဘယ်လိုဖဲမျိုးရှိနေတယ်ဆိုတာ သိနေပြီပဲ။ ဘာကို ပူစရာလိုတော့လို့လဲ။ အဆင်ပြေသွားမှာပါ။
ပြီးမှ ဆက်ရေးပါမယ်။ မြောက်ပိုင်းနဲ့ ပတ်သက်တဲ့ဆောင်းပါးတပုဒ်လေးကို အပိုင်းလိုက်တင်ကြည့်မယ်ဗျာ။
တစ်တီတူးတကောင်ရဲ့ ကယောင်ကတမ်းအိပ်မက်များ ( အပိုင်း -၁-)
တစ်တီတူး ဆိုတဲ့ ငှက်ဟာ လင်းဆွဲ လိုပဲ။ အိပ်ရင် ခြေထောက်နှစ်ချောင်းထောင်အိပ်ရတော့ မိုးပြိုမှာ အရမ်းကြောက်တယ် လို့ သုံးသပ်ကြတယ်။ ကိုယ့်နာမည်ဖေါ်ပြီး ပျံသန်းလေ့ရှိတဲ့ ငှက်ထဲမှာ တစ်တီတူးငှက်ရဲ့ အသံ ကို လာခြင်းမကောင်းတဲ့ငှက်အဖြစ် သိရှိကြတယ်။
“ ငါတို့လည်း စာပေ၊ အနုပညာနိုင်ငံရေးနယ်ပယ်ထဲမှာ နှစ်ပေါင်းများစွာနေလာတာပါကွာ။ နန်းတော်ရှေ့လူထု မိသားစုတော့ တခါမှ မကြားဘူးဘူး။ ”
“ အင်း– လူသတ်သမားရဲ့ ဝိညာဉ်က သူ့ကို လွှမ်းမိုးထားနိုင်ခဲ့တော့ ဖက်ဆစ်ရုပ်အလောင်းကို သနပ်ခါးလိမ်း၊ နန်းတက်ပွဲလုပ်ပေးနေတာကိုး ။ ”
ကျနော့ဘေးမှာ မှတ်ချက်တွေ ပလူပျံနေတယ်။ ကျနော်ကတော့ ဘာမှ မှတ်ချက်မပေးလိုက်မိဘူး။ ဒါပေမဲ့ ကျနော်တို့တတွေက အပေါစားပျက်လုံးတွေကို မကြိုက်တတ်သလို၊ မလိုလားအပ်တဲ့ မိတ်ဆက်မှုတွေကိုလည်း လက်ခံလေ့ရမရှိတော့
လူထု ဆိုတဲ့ ဝေါဟာရတခုကို စရှင်းဖို့လိုလိမ့်မယ်။
မန္တလေးမှာ ပြည်သူလူထုက “လူထု” ဆိုတဲ့ စာပေတိုက်ကို ဘာကြောင့်ချစ်ခင်မြတ်နိုးကြသလဲ။ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ၊ မျိုးချစ်စိတ်အပြည့်၊ အနစ်နာခံမှုအပြည့်နဲ့ သမိုင်းစဉ်တလျှောက် ပါဝင်ပတ်သက်ခဲ့ကြလို့ သူတို့ကို လေးစားကြတာဖြစ်တယ်။ ဆိုတော့ ကိုယ်ကိုယ်တိုင်က ခေါင်းဖြတ်သတ်ခံရတဲ့ကျောင်းသားတွေအပေါ် ရေငုံနှုတ်ပိတ်နေ၊ တလျှောက်လုံး မသိချင်ဟန်ဆောင်ပြီး၊ “ စိတ်ညစ်ပါတယ်နော်၊ ဘာတွေမှန်းမသိဘူး ခုမှ ပွထနေတာပဲ” လို့ ညီးညူနေတဲ့ သူတယောက်က “နန်းရှေ့ လူထု မိသားစု ” အဖြစ်သိကြတယ် လို့ မိတ်ဆက်မယ်ဆိုရင် မဖြစ်နိုင်တာတွေကို စိတ်ကူးမယဉ်ပါနဲ့ လို့ အကြံပေးပါရစေ။
လူထုမိသားစု ဆိုတဲ့ လိုဂိုဆိုတာ Franchise Business မဟုတ်ဘူး။ ကိုယ်မိတ်ဆက်ချင်တိုင်း မိတ်ဆက်လို့မရဘူး။ စာပေယဉ်ကျေးမှု၊ နိုင်ငံရေး၊ အနုပညာလောကမှာ လုံလောက်တဲ့ ယုံကြည်လေးစားခံရမှု ပူဇော်ကန်တော့ခံရ တဲ့ အရာဖြစ်တယ်။ အမျိုးစပ်တိုင်းသာ လူထု နာမည်သုံးလို့ရမယ်ဆိုရင် ကိုထွန်းအောင်ကျော်နဲ့ ရဲဘော်ဖိုးသံချောင်း ( ဗမာပြည်ကွန်မြူနစ်ပါတီ) ဘယ်လိုတော်စပ်သလဲဆိုတာ မေးကြည့်ကြပါအုံး။ “ကိုကြီး” လို့ အကြိမ်ဖန်များစွာခေါ်ခဲ့တဲ့သူ၊ အပြစ်မဲ့စွာသေဆုံးခဲ့ရတဲ့ လုပ်ဖေါ်ကိုင်ဘက်ကျောင်းသားတွေရဲ့ ဝိညာဉ်တွေအပေါ်မှာ တာဝန်မဲ့စွာ၊ လိပ်ပြာမရှက်စွာ တိတ်ဆိတ်စွာနေထိုင်လာခဲ့သူ၊ အလင်းဝင်လာလိုက် အမှောင်ပြန်သွားလိုက် ဆိုတဲ့စကားလုံးတွေကို ဝန်ခံနေတဲ့သူ တယောက်က ကြီးကြီးကျယ်ကျယ်မိတ်ဆက်တာတွေ သိတ်မလုပ်ဖို့လိုမယ်ထင်ပါတယ်။
အပိုင်း (ခ)
“ခင်ရွှေလှိုင်ကို သိလား” တဲ့။
“ကိုထွန်းအောင်ကျော် ကို “ကိုကြီး” လို့ ခေါ်ခဲ့တဲ့ မန္တလေးတက္ကသိုလ်က ကျောင်းသူတယောက်လား၊ မန္တလေးလှုပ်ရှားမှုမှာ ပါဘူးတယ် ဆိုတာ သိပေမဲ့ သူ့ကို ထူးထူးခြားခြားမှတ်မိတာ မရှိဘူး။ မကျော့၊ မစန္ဒာ၊ မဝေဝေထွန်း၊ မီမီလွင်၊ မမြင့်မြင့်ခိုင်၊ မအေးအေးမင်း၊ အမာနီ၊ မမာမာဦး၊ မဥမ္မာမြင့်၊ မာလာသိန်း— စတဲ့ စတဲ့ သူတွေကိုတော့ ပိုပြီးကောင်းကောင်းမှတ်မိတယ်။ ဘာလို့လဲဆိုတော့ အထက်ပါကျောင်းသူတွေက ဗကသညီလာခံ၊ သမဂ္ဂညီလာခံတွေမှာ၊ တက်တက်ကြွကြွဆွေးနွေးပြီး ကိုယ့်အတွေးအခေါ်ကို ရဲရဲရင့်ရင့်ထူထောင်ခဲ့သူတွေ၊ ထောင်အကြိမ်ကြိမ်ကျပြီး လက်ရှိနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဆက်လက်လုပ်ကိုင်နေကြသူတွေ။ ကိုထွန်းအောင်ကျော်နဲ့ မြောက်ပိုင်းဒေသမှာ ကြွေလွင့်သွားတဲ့ကျောင်းသားတွေအတွက် နှစ်ပတ်လည်အခမ်းအနားလုပ်တော့ သူတို့ရဲ့ မျက်နှာတွေကို ပြန်တွေ့ရတာ ဝမ်းသာမိတယ်။ ကျနော်တို့တတွေ ဘယ်နိုင်ငံမှာပဲရောက်ရောက်၊ ဘယ်နေရာမှာတွေ့တွေ့နွေးနွေးထွေးထွေး ရဲဘော်ရဲဘက်စိတ်ထားနိုင်ခဲ့ကြသူတွေ။ ယုတ်ယုတ်မာမာဖြစ်သွားတဲ့အရာတွေကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ပွဲဝင် ခဲ့ကြသူတွေ၊ ကိုယ်နေတဲ့ နေရာလေးမှာ လူရာဝင်ဖို့အတွက် သမိုင်းတွေကို အနှစ် (၂၀) ကျော် မသိကျိုးကျွံလုပ်၊ ရေငုံနုတ်ပိတ်နေခဲ့တဲ့သူတွေမဟုတ်ဘူး။ လိပ်ပြာသန့်အောင် အမြဲနေခဲ့သူတွေဖြစ်တယ်။
ဗကသ (အထက်ဗမာပြည်) အကြောင်းကို ပြန်စဉ်းစားကြည့်လိုက်မိတယ်။ ဗကသ (အထက်ဗမာပြည်) မှာ ကျောင်းသားလှုပ်ရှားမှုရဲ့ ဖြစ်နေကျအတိုင်း၊ အုပ်စုနှစ်စု အားပြိုင်မှုရှိခဲ့တယ်။ ကိုသန့်စင် ( ဆေးတက္ကသိုလ်) နဲ့ နီးစပ်တဲ့ အုပ်စုက မစိုးရိမ်တိုက်ထဲမှာ ဗဟိုပြု နေထိုင်လေ့ရှိတယ်။ ကိုထွန်းအောင်ကျော် ( ဂျီတီအိုင်) နဲ့ နီးစပ်တဲ့ အုပ်စုက ဒက္ခိဏရာမ ဘုရားကြီးကျောင်းတိုက်မှာ ပိုအနေများတယ်။ ကျနော်ကတော့ မစိုးရိမ်အုပ်စုနဲ့ အနေနီးစပ်ပါတယ်။ ကျနော်တို့ နဲ့ ကိုထွန်းအောင်ကျော် တို့ဆိုတာ အစည်းအဝေးမှာ ဆန့်ကျင်ဘက်က အမြဲငြင်းနေကျ သူတွေပါ။ ဒါပေမဲ့ သူ တို့တတွေ တောခိုတော့မယ် လို့ ဆုံးဖြတ်တဲ့ကာလမှာ ကျနော်ဆီလာပြီး စကားပြောဖြစ်ခဲ့ကြတယ်။ “ ခင်ဗျား နဲ့ ကျနော် ရန်ဆက်ပြီး ဖြစ်ရမှာလည်း မဟုတ်တော့ပါဘူးဗျာ။ နောက်ဆုံးတွေ့တဲ့ အနေနဲ့ ကိုယ့်ကို အာပူလျှာပူ တပွဲလောက် ကျွေးကွာ” တဲ့။ အဲ့ဒီတုံးက မစိုးရိမ်တိုက်ထဲမှာ ကျောင်းသားရံပုံငွေပွဲ ကျင်းပနေချိန်၊ ဆဲဗင်းဂျူလိုင် သွေးစွန်းတဲ့ဖြစ်ရပ်၊ သီချင်းတွေကို အသံချဲ့စက်ကြီး နဲ့ ဖွင့်ပြီး လွတ်မြောက်ဒေသတခုလို ထူထောင်ထားချိန်၊ သူ့လက်ထဲမှာ ကိုကျော်ဝင်း ( အမြဲစိမ်းလူငယ်များအဖွဲ့၊ ယခု- နာမည်ရ စာရေးဆရာ ကျော်ဝင်း) အတိုချုပ်ရေးထားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ သမိုင်း စာတမ်းတစောင်နဲ့။ သူလည်းပဲ သမဂ္ဂသမိုင်းပြုစုနေတာတဲ့။ ကျနော့ဆီကို မေးခွန်း (၄) ခု မေးတယ်။
ကျနော်က အချက် (၂) နဲ့ (၃) ကို အဓိကထားပြီးဖြေပါတယ်။ ဖြစ်နိုင်ရင် ယူဂျီလုပ်နေတယ် ဆိုတဲ့ သူတွေနဲ့ ခပ်ဝေးဝေး နေချင်တယ်။ ကျနော်တို့ဘဝမှာ ကြုံခဲ့ဘူးပြီ။ ပေါက်လိုက်ရင် ယူဂျီတာဝန်ခံနဲ့ထိပ်ပိုင်းကချည်း စ၊ သတင်းပေါက်တယ်။ ဒါကြောင့် မြေပေါ်နိုင်ငံရေးကို လုပ်မယ်ဆိုရင် မြေအောက်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ချက်ဘူး။ ဒါပေမဲ့ တခုတော့ ရှိတယ်။ ကိုစိုးဝင်းသန်းက ကျနော်နဲ့ ညီအကိုလို ခင်နေတော့ သူ့ဆီက တဆင့် မြေပေါ်ကျောင်းသားလှုပ်ရှားမှု နဲ့ ပတ်သက်တဲ့ သတင်းတွေကို အဆက်မပြတ်ပို့ပေးပါမယ်။ ခင်ဗျားတို့ကလည်း ခင်ဗျားတို့အနေအထားကို ပြောပြပေါ့။ ကိုစိုးဝင်းသန်း ဆိုတာ ကျနော့အိမ်မှာ နောက်ဆုံးတညအိပ်သွားတယ်။
ဗကသ ယူဂျီလုပ်ငန်းတွေ လုပ်ပေးခဲ့ဘူးပါတယ် ဆိုတဲ့ “ခင်ရွှေလှိုင်” တင်ပြချက်တွေမှာ စိတ်ဝင်စားစရာတချို့ရှိလာတယ်။ သူက ဒီလိုဆိုတယ်။
“ ဒီအရိပ်အခြေတွေကို သိရှိနားလည်နေတဲ့ ယူဂျီ လမ်းကြောင်းကို စီးထားနိုင်တဲ့ ရန်သူ့သူလျှိုတစုကလည်း ဒီဟနေတဲ့အရာကိုအသုံးချပြီး လက်ဦးမှုယူ ဖြိုခွဲဖို့အတွက် ကြို တင်ပြင်ဆင်မှုတွေ ရှိနေပြီးသား ဖြစ်နိုင်ပါတယ်။”
( ခင်ရွှေလှိုင်ရဲ့ဆောင်းပါး- မှ )
(က) မြို့ပေါ်က ကျောင်းသားတွေနဲ့ ဆက်သွယ်တဲ့ မြေအောက်လှုပ်ရှားမှုရဲ့ အဓိကကြိုးကိုင်တွေဖြစ်တဲ့ ခေါင်းဆောင်တွေကို သတ်ပစ်ခဲ့သူတွေက ဘယ်သူတွေလဲ။ ဆက်သွယ်ရေးတာဝန်ခံတယောက်ဖြစ်တဲ့ ကိုစိုးဝင်းသန်း ( မန္တလေးတက္ကသိုလ်) ဘာကြောင့် ထောက်လှမ်းရေး လို့ စွပ်စွဲသတ်ဖြတ်ခံခဲ့ရတာလဲ။ ကိုစိုးဝင်းသန်း ဆိုတာ တောခိုလက်နက်ကိုင်တိုက်မယ် ဆုံးဖြတ်ပြီးကတည်းက သူ့ကိုယ်သူ ပြင်ဆင်ခဲ့တယ်။ ခြင်တွေတသဲသဲ မဲ နေတဲ့ မစိုးရိမ်တိုက်ညတွေထဲမှာ ဗကသ က ထုတ်ဝေတဲ့ “ ဗဟိန်း” ဂျာနယ် ကို ကူညီ ရိုက်နှိပ် ဖြန့်ဖြူးပေးခဲ့သူဖြစ်တယ်။
ဒါဖြင့် မြေပေါ်ကျောင်းသားနဲ့ ဆက်သွယ်တဲ့ယူဂျီလမ်းကြောင်းကို ဖျက်ဆီးခဲ့တာ
ရန်သူ့ရဲ့ စစ်ထောက်လှမ်းရေးလား။(ဒါမှမဟုတ်)
ကျောင်းသားတပ်မတော် မြောက်ပိုင်းခေါင်းဆောင်တွေလား။
မြေအောက်လှုပ်ရှားမှုရဲ့ ခေါင်းတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူတွေထဲမှာ “မျိုးဝင်း” “ လှဆိုင်း” “ သန်းဇော်” “သံချောင်း”ဆိုတဲ့ အမည်ကို ကာယကံရှင်တွေက ထုတ်ဖေါ်ပြောနေကြတယ်။
စိတ်ဝင်စားပါတယ်။ ပြဿနာက ထင်သလောက် မလွယ်ကူသလို၊ ရှုပ်ထွေးနေတာတွေက အများကြီးပါ။
ဒါကြောင့် သတိထားပြီး ပြောဆို၊ ဖြေရှင်းကြစေချင်ပါတယ်။
မြောက်ပိုင်းဒေသမှာ အစုလိုက်အပြုံလိုက် လူသတ်မှုတွေကျူးလွန်ပြီးကတည်းက အထက်ဗမာပြည် ကျောင်းသားတွေဟာ တောခိုဖို့ ထိတ်လန့်သွားခဲ့ကြတယ်။ လက်နက်ကိုင်တော်လှန်ရေးကို ပတ်သက်ချင်စိတ် မရှိတော့တာ ၁၉၉၂ လူသတ်ပွဲကို ကြားလိုက်ရကတည်းကပါ။ ကိုထွန်းအောင်ကျော်ရဲ့ နီးစပ်တဲ့ ရဲဘော်တွေက ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ဆွမ်းသွပ်အမျှဝေ၊ စုဆုံပွဲလေးကျင်းပခဲ့တာလည်း ၁၉၉၂ ကတည်းကပါ။ ဗကသ အတွက် ယူဂျီလုပ်ခဲ့တယ်ဆိုရင် ဒီသမိုင်းတွေကို သိရမှာပေါ့။ ဒီသမိုင်းကို မသိသေးဘူး၊ လက်မခံချင်သေးဘူးဆိုရင် ပြည်တွင်းကို ပြန်ဝင်ကြည့်လေ။ ဘယ်သူဟာ ဘယ်လောက်တန်ဘိုးရှိသလဲ ၊ ဘယ်သူတွေက ဘယ်လိုဆက်ဆံသလဲ ဆိုတာ သိလိမ့်မယ်။
မျိုးဝင်း ဆိုတာ ဘယ်လိုလူလဲ
၈၈ အရေးတော်ပုံမတိုင်ခင်ကတည်းက “မျိုးဝင်း” ဆိုတဲ့ ပုဂ္ဂိုလ်ကို RIT က အဆောင်ကျောင်းသားတော်တော်များများ သိကြပါတယ်။ အကောင်းသိတာမဟုတ်ပါဘူး။ ကျနော်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းက မိုးညှင်းသား ကိုမြင့်ကျော် ( ယ္ခု တောင်ကိုရီးယား) ။ ကိုမြင့်ကျော်က ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာ အမှုထမ်းနေစဉ်၊ ပြည်တွင်းနဲ့ဆက်သွယ်မှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရတယ်။ ကျနော်တို့တတွေ ၁၉၉၃- ၉၄ စာသင်နှစ်မှာ ကျောင်းအတူတူပြန်တက်ခဲ့ကြတယ်။ ကျနော့ရဲ့ မန္တလေးအိမ်မှာ လိုက်လာပြီး မြောက်ပိုင်းလူသတ်ပွဲအကြောင်းတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်။ သူနဲ့ပတ်သက်ပြီးသိတဲ့သူက တင်စိုးဦး ( တတိယနှစ်၊စက်မှု) ဖြစ်တယ်။ နောက်– မြောက်ပိုင်းဒေသအဖြစ်ဆိုးကြီးထဲမှာ ပါဝင်ပတ်သက်သူတွေ ( စစ်ဆေးခဲ့တဲ့သူတွေ၊ စစ်ဆေးခံရသူတွေ) နဲ့ တဖြည်းဖြည်းသိကျွမ်းလာခဲ့တယ်။ တကယ်တော့မြောက်ပိုင်းအစုလိုက်အပြုံလိုက်လူသတ်မှုကြီးဆိုတာ ကြောက်ရွံဘွယ်ကောင်းလောက်အောင်မှားယွင်းခဲ့တဲ့ ရာဇဝတ်မှုကြီးဆိုတာ ကျူးလွန်ခဲ့တဲ့သူတွေကိုယ်တိုင် သိနေကြပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စကြီးကို ဖုံးဖိဖို့လုပ်ခဲ့ကြတယ်။ ဥာဏ်မမှီသေးတဲ့သူတွေကတော့ မျိုးဝင်း၊ သံချောင်း ကို အခုချိန်အထိ သနားကြင်နာတတ်သော သူရဲကောင်းအဖြစ် ပြန်လည်ပုံဖေါ်ပေးချင်ရှာတယ်။ အော်- သူ ဥာဏ်မှီသလောက်ကြိုးစားနေရှာတာကို နားလည်ပေးချင်ပါတယ် လို့ ပြောနေပေမဲ့ စိတ်ထဲမှာ တော်တော်လေးရီချင်နေတယ်။
ကိုထွန်းအောင်ကျော်တောမခိုခင်က မျိုးဝင်း နဲ့ ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။ ကျနော့အယူအဆက ရှင်းပါတယ်။ “ မျိုးဝင်း လို ကောင်မျိုးနဲ့လက်နက်ကိုင်တော်လှန်ရေး လုပ်လို့မဖြစ်ဘူး၊ သူရှိတဲ့နေရာမှာတော့ သွားမလုပ်နိုင်ဘူး” လို့ ပြောခဲ့တယ်။ ကျနော့မှာ အကြောင်းရှိပါတယ်။
မျိုးဝင်းဆိုတာ ရန်ကုန်စက်မှုတက္ကသိုလ်မှာကတည်းက၊ လူ နှစ်ခါ သတ်ခဲ့ဘူးတဲ့သူ။ မဆလ စစ်သင်တန်းတက်၊ စစ်အင်္ကျီ တကားကားဝတ်ပြီး စစ်သွေးကြွလေ့ရှိသူ။ ရန်ကုန်စက်မှုတက္ကသိုလ်အဆောင်တွေမှာ သူခိုးမိရင် ဘယ်လိုဖြစ်တတ်တယ် ဆိုတာ နယ်မြေခံရဲတွေကအစသိတယ်။ အဆောင်နေကျောင်းသားဆိုတာကလည်း သိတဲ့အတိုင်းပဲ။ တယောက်က ညာသံပေးလိုက်လို့ကတော့ ဘာမှ မစဉ်းစားတော့ဘူး။ ဝိုင်းပြီး ဆွမ်းကြီးလောင်းတော့တာပဲ။ သေသွားရင်လည်း ရဲစခန်းက ဘာမှမသိသလို လက်ခံလိုက်တယ်။ စာရင်းဖျောက်ခံရတဲ့ လူသတ်မှုတွေဆိုတာ ဥပဒေ စိုးမိုးမှုမရှိတဲ့ ဗမာပြည်လိုနေရာမှာ အများသား။ တရက်မှာ ထုံးစံအတိုင်း အဆောင်မှာ သူခိုးတယောက်မိတယ်။ သူခိုးကလည်း ကျနော်တို့အဆောင်မှာ အလုပ်လုပ်နေတဲ့ ထမင်းစားပွဲထိုး၊ ကရင်ကြီး ရဲ့ သားလေးတယောက်ပါ။ ကော်ရစ်တာလက်တန်းမှာ လှန်းထားတဲ့ လုံချည်ကို ခိုးတယ်။ ကျောင်းသားတွေက မိသွားတယ်။ ပစ္စည်းက တန်ဘိုးလည်းရှိတာမဟုတ်။ တကယ်လို့ ဥပဒေအရလုပ်ချင်ရင်လည်း ရဲလက်ကို အပ်လိုက်ပေါ့။ ဒါပေမဲ့ မျိုးဝင်းအပါအဝင် ကျောင်းသားတချို့က မရဘူး။ ဖမ်းမိတဲ့သူခိုးကို နံကျိုးသည်အထိ မသေမချင်းလက်သီးနဲ့ထိုးသတ်ခဲ့တယ်။ အရှင်လတ်လတ်သတ်ပစ်ခဲ့ကြတယ်။ စားပွဲထိုး ကရင်ကြီးက မျက်ရည်တွေကြားကနေ သူ့သားအလောင်းကို ပြန်ယူရရှာတယ်။
ဒီလို မိုက်ရူးရဲ၊ လူစိတ်မရှိတဲ့ကောင်တွေက တော်လှန်ရေးလုပ်တဲ့အခါ တော်လှန်ရေးသမားမဖြစ်ပါဘူး။
လူမိုက်ဂိုဏ်းတွေပဲ ဖြစ်ပါမယ်။
လူမိုက်ဂိုဏ်း နဲ့ ခြစားအကျင့်ပျက်သူတွေ ဦးဆောင်တဲ့အဖွဲ့ဆိုတာ “မူ” မရှိနိုင်ပါဘူး။ စိတ်ဓါတ်စံထားနှုန်းတွေ မရှိနိုင်ပါဘူး။ ဒါကြောင့်လည်း ကျောင်းသားတပ်မတော် မြောက်ပိုင်းကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေရဲ့ ဓါတ်ပုံတွေကို ကြည့်ပါ။ ရေဘင်မျက်မှန်တပ်ပြီး မာဖီးယားဂိုဏ်းဆန်ဆန် ဟန်ပန်တွေဖမ်းနေ ကြတာ အားလုံးအမြင်ပဲမို့လား။
အပိုင်း(ဂ)
လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရင် ရန်သူနဲ့တိုက်ရမယ်။ မြေပေါ် လူထု တိုက်ပွဲလမ်းကြောင်းကို ရွေးချယ်ရင် အဓိကရုဏ်း နှိမ်နှင်းရေးရဲတွေ၊ အကျဉ်းထောင်တွေနဲ့ ရင်ဆိုင်ရမယ်။ ဝရမ်းပြေးဖြစ်ရင် အနာဂတ် ဘာမှန်းမသိတော့လောက်အောင် ဒုက္ခရောက်ခဲ့ကြရတယ်။ တောင်တွေကျော်တာတွေ၊ လျှိုတွေဖြတ်တာတွေ၊ ရန်သူနဲ့ ပစ်ခပ်၊ ငှက်ဖျားတော နဲ့ ဒုက္ခသည်စခန်းမှာ ဘယ်လို အနစ်နာခံခဲ့တာတွေ— တောင်ပြောမြောက်ပြော ကိုယ်ရည်သွေးနေတာတွေ ကို ရပ်သင့်ပါပြီ။ စစ်အာဏာရှင်တွေရဲ့လက်အောက်မှာ ဝရမ်းပြေးဖြစ်တဲ့သူကဖြစ်၊ ထောင်ကျတဲ့သူက ကျ၊ တောခိုတဲ့သူက ခို ကြတဲ့ ကိစ္စ ဘာမှ မထူးဆန်းပါဘူး။ ၁၉၈၈ အရေးတော်ပုံကြီးအတွင်းမှာ လူငယ်တော်တော်များများ လုပ်ခဲ့ကြဘူးတဲ့အရာတွေပါ။ ရုန်းကန်မှုတွေထဲမှာ တယောက်နဲ့တယောက်အနစ်နာခံကြ တယ်ဆိုတာ အဆန်းတကြယ်ကြီး မဟုတ်ပါဘူး။ ကြိမ်ဖန်များစွာ ကိုယ်ရည်သွေးပြောနေဖို့ မလိုဘူး လို့ ထင်ပါတယ်။
အလင်းဝင်တယ် ဆိုတဲ့ဝေါဟာကို စသုံးနေကတည်းက ရန်သူ့ဆီမှာ ကိုယ့်ယုံကြည်ချက်ကိုအသနားခံနေသလိုမျိုးဖြစ်မနေဘူးလား။ ကျနော်တို့ကတော့ အလင်းထဲမှာ အမြဲတမ်းနေထိုင်နေတယ် ယုံကြည်တဲ့အတွက် အမှောင်ဆိုတာ စစ်အစိုးရနေထိုင်နေတဲ့ ကမ္ဘာပဲဖြစ်ပါလိမ့်မယ်။
ဖက်ဆစ်တော်လှန်ရေးကာလမှာ “ ဗိုလ်နေဝင်း” လည်း ရဲဘော်သုံးချိပ်အဖွဲ့ဝင်ဖြစ်ခဲ့တယ်။
တိုင်းပြည်လွတ်လပ်ရေးကို ငါတို့ရအောင်လုပ်ခဲ့တယ် ဆိုပြီး မောက်မာရိုင်းပြစွာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့လို့ ဒီကနေ့ ဗမာပြည် ဘာဖြစ်နေသလဲ။ ထို့အတူပဲ အနစ်နာခံတာတွေကို ပြောပြီး ခေါင်းဖြတ်သတ်ခွင့် ကို တရားဝင်တောင်းဆိုချင်တယ်ဆိုရင်တော့ နိုင်ငံရေးလောကမှာ ဆက်မပါပါနဲ့လို့ တိုက်တွန်းပါရစေ။
“ ငါဘယ်လို အနစ်နာခံခဲ့ကြောင်း ဂုဏ်ဖေါ်ပြောဆိုနေသူတွေဟာ မရိုးသားတဲ့ဇိမ်ခံမှု မှာ မျောပါနေတဲ့ စိတ်ဝေဒနာရှင်တွေရဲ့ နောက်ဆုံး စိတ်ဖြေရာနေရာ တခု ဖြစ်တယ်” တဲ့။ စိတ်ဖြေနေတဲ့ ခပ်ညံ့ညံ့လူတွေ အင်တာနက်မှာ တွေ့တွေ့နေရတယ်။
ဆိုတော့ ဒီလို မိုက်ရိုင်းယုတ်မာ၊ ကြမ်းကြုတ်တဲ့ အကျင့်စရိုက်တွေကို တခုမှ မပြောပဲ၊ “ကျောင်းသားလူငယ်တွေရဲ့ အတွေ့အကြုံနုနယ်မှုနဲ့ ရဲစိတ်ရဲမာန်ထက်သန်နေကြမှုကို အသုံးချပြီး တိုက်စရာမလိုဘဲ ကိုယ့်လူကိုယ်ပြန်စားနည်း (ရန်သူ့သူလျှိုကို ထွက်ပေါက်အသင့်ပေးထားပြီးသား ကာကွယ်ထားပြီး သားဖြစ်တဲ့ ကျောင်းသားကို ကျောင်းသားက သတ်တဲ့အဖြစ်မျိုး ဖန်တီးခြင်း) နဲ့ ဖြိုခွဲဖို့ ဆင်ထားတဲ့ ရန်သူ့ရဲ့ပရိယာယ် ထောင်ချောက်ထဲကို ကျမတို့အားလုံး ၀င်မိခဲ့ကြတယ်ဆိုတာပါပဲ။” ဆိုတဲ့ ကောက်ချက်ဟာ အပေါစား ဆန်လွန်းပါတယ်။
အရည်အချင်း မရှိတဲ့အခါတိုင်း“ ရန်သူလုပ်လို့ ညီညွတ်ရေးပြိုကွဲရပါတယ်” ဆိုတဲ့ အညံ့စားပျက်လုံးတွေကို ဆက်မပျက် ဖို့ လိုပါလိမ့်မယ်။ ရယ်စရာမကောင်းလို့ပါ။
ဆက်လက်ဖေါ်ပြသွားပါမယ်
ဆိုတဲ့..လေသံပါလား အော်လူတွေကလက်နက်လက်ထဲ
ရောက်သွားရင် အတူတူပါပဲလား?နိုင်ငံခြားမှာအခွင့်ထူး
ခံတွေမသိဘူး ဟုတ်လား ငါတို့လူမသတ်ဘူးခင်ဆွေ
လှိုင် နင်တို့ကော နင်တို့စိတ်နဲ့ နင်တို့လာတပဲမို့ နင်လဲ
န.အ.ဖ စိတ်ဓာတ်နဲ့ တတန်းထဲပဲ နင်ဆီကစကားသံတွေ
ကြားရတာ ကြံ့ဖွတ်က ဌေးဦးရဲပ လေသံတွေအတိုင်ပဲ
လက်နှက်ကိုင်ရေးလမ်းစဉ်ကိုဘယ်လိုယု့ရတော့မှာလဲ
ဂျပန်ကိုတော်လှန်တော့ နေ၀င်းလို လူပေါ်လာတယ်
နင်တို့လက်နက်ကိုင်တော်လှန်ရးနဲ့ တော်လှန်ရေးကြီး
အောင်မြင်တယ်တယ်ဆိုရင်တောင် နေ၀င်းလို နအဖ
စိတ်ဓာတ်နဲ့ နင်လိုမိန်းမတွေပေါ်လာဦးမှာပဲ လက်နှက်ကိုင်တော်လှန်ရေးမှာ တကယ် စိတ်ဓာတ်
မှန်ကန်တဲ့သူတွေဟာ ကျဆုံးကျန်၇စ်ခဲ့ပြီ လူယုတ်မာ
တွေပဲ ကြီးစိုးခဲ့တယ်ဆိုတဲ့ သာဓကတွေကလဲ၇ှိခဲ့
တယ် အနီစပ်ဆုံး ရဲဘော်သုံးချိတ်ပဲကြည့်ပါ အဖိနှိပ်ခံ
ပြည်သူတွေကိုစာနာလို့ တော်လှန်ရေးလုပ်တဲ့သူနဲ့ သူတို့ဖိနှိပ်တာကိုမခံနိုင်လို့ ငါတို့လဲဒီအခွင့်အရေးမရ
လို့တော်လှန်တဲ့ ရေရှည်မှာ ဘွာဘွာကြီး အစွယ်တွေ
ပြူးလာလာတာပါပဲ တော်လှန်ရေးသမာအမည်ခံ
နအဖစိတ်ဓာတ်နဲ့ ခင်ဆွေလှိုင်ရေ့..
တွက်ရေးသားချက်များမှာလိုအပ်ချက်များရှိမှာပါပဲ။
ကျနော့်အနေနဲ့အကြံပေးချင်တာကမလှိုင်ရဲ့စာထဲမှာ
ခိုင်လုံတဲ့အချက်အလက်တွေများများပါဘို့ပါပဲ။
ဒီမြောက်ပိုင်းအရေးကိုအင်တာနက်ပေါ်မှာစတွေ့က
တည်းကစိတ်ဝင်တစားနဲ့ရေးသမျှအားလုံးကိုဖတ်ဖြစ်ပါ
တယ်။ကျနော်နောက်ဆုံးသိချင်တာကအချုပ်ထောင်က
နေလူသုံးဆယ်ထွက်ပြေးလွတ်မြောက်သွားတဲ့အကြောင်းပါ။ရမ်ဘိုရုပ်ရှင်မဟုတ်တဲ့အတွက်တော် လှန်ရေးအဖွဲ့အစည်းတစ်ခုရဲ့ဗဟိုကနေလူသုံးဆယ်ထွက်ပြေးဘို့ဆိုတာအနည်းဆုံးကေအိုင်ကေရဲ့ သဘောတူညီချက်ရှိရမယ်ဆိုတာကျောင်းသားတပ်မတော်တပ်မှုးဟောင်း
တစ်ယောက်အနေနဲ့ကျနော်နားလည်ပါတယ်။
သို့သော်လည်းအစောင့်ကျတဲ့ရဲဘော်ကိုကွက်မျက်ခဲ့တယ်လို့လည်းစာတွေကဆိုပါတယ်။
အဲဒိအချက်ကိုရှင်လင်းအောင်ရေးသာပေးဘို့တောင်ဆိုပါတယ်။
ဒီလူတွေကို သိဒ္ဓိတင်ဖို့ ဒီလောက် လက်ညောင်းခံပြီး ရိုက်နေစရာ မလိုပါဘူးဗျာ၊ သူတို့တွေလည်း အတိုင်းအတာ တစ်ခုအထိ အနစ်နာ ခံခဲ့တာ ကျနော်တို့ ယုံကြည်ပြီးသားပါ၊ ခေါင်းဆောင်တွေ ဖြစ်ခဲ့တယ်ဆိုတာ အကြောင်းမဲ့မှ မဟုတ်ဘဲ၊ ငယ်သားရဲဘော်တွေကို ညှာတာတယ် ဆိုတာလည်း ယုံတယ်၊ ဥပမာတွေ ထပ်မပေးနဲ့တော့၊ မြောက်ပိုင်းကို သူလျှို အစစ်တွေ ရောက်လာခဲ့တယ် ဆိုတာလည်း ယုံတာပဲ၊ ၅ ယောက်ဆိုလည်း ယုံသလို အယောက် ၅၀ ဆိုလည်း ယုံတယ်၊ အခု လူတွေ အားလုံးက (အော့နှလုံး နာနာနဲ့) သိချင်နေကြတာက
(၁) ဒီလူတွေ ဘာဖြစ်လို့ အဲဒီလို လူစိတ်ကင်းမဲ့တဲ့ နည်းတွေနဲ့ သတ်ရတာလဲ?
(၂) အေဘီဥပဒေမှာ သူလျှိုဆိုရင် ခေါင်းသာဖြတ်ဟေ့ လို့ တကယ်ပဲ ရေးဆွဲထား တာလား?
(၃) စစ်အစိုးရရဲ့ ကောက်ကျစ်၊ ရက်စက်မှုတွေကို ရွံလို့ သေနတ်ကိုင် တိုက်တဲ့ လူတွေက ဘာဖြစ်လို့ စစ်အစိုးရ ထက်တောင်မှ ပိုပြီး ရက်စက်၊ ကောက်ကျစ်၊ လူမဆန်တဲ့ နည်းတွေနဲ့ နှိပ်စက်ရတာလဲ?
အချုပ်အနေနဲ့ ထပ်ပြောမယ်၊ သူလျှိုတွေ ရှိခဲ့တယ် ဆိုတာကို ယုံတယ်၊ အဲဒီလို သူလျှိုလို့ ယူဆခံရသူတွေကို ခေါင်းဖြတ်သတ်တဲ့ အထိဖြစ်သွားအောင် ရဲဘော်၊ ရဲမေတွေ အပေါ် လူသားချင်း စာနာထောက်ထားတတ်တဲ့ ခေါင်းဆောင်ကြီး တွေကို ဘယ်အရာတွေက တွန်းပို့ခဲ့သလဲ ဆိုတာပဲ သိချင်တာ..။
Take care, she has co-operated with him.
Lin
လှမ်းလျှောက်နေတာကိုသေနတ်နဲ့ပစ်ခံရတာထက်တော့သာပါတယ် ကြားဖြတ်ဘဲတိုက်တိုက် တောင်ကုန်း၁၀၀၀ဘဲတက်တက် ပြန်ချဖို့သေနတ်တော့ရှိသေးတာဘဲ ပြန် ချခွင့်ရသေးတယ် အဖမ်းခံရတဲ့သူတွေသာ အချုပ်(ထောင်)ထဲလဲထည့်ထားသေး လက်ထိပ်(ကြိုး)လဲတုတ်ထားသေး ဘာမှပြန်မလုပ်နိုင်တဲ့သူကို လုပ်ရဲတဲ့သတ္တိကိုပြောနေတာ
……စစ်တိုက်တိုင်းလေးစားရမယ်ဆိုရင်
မဆလ နဝတ နအဖ စစ်သားတွေလဲ ဒီထက်မကဆင်းရဲတာတွေ အပုံကြီးပါ
ကြည့်လဲလုပ်ပါဦး ရန်သူတောင်ခေါင်းဖြတ်သတ်ခဲ့တယ်မကြားမိဘူးထင်တာဘဲ…..ရန်သူတဲ့ဆိုးတဲ့ လူယုတ်မာတွေဘဲလုပ်ခဲ့တာ ..ဆန်ပြုတ်စားတာနဲ့ ခေါင်းဖြတ်သတ်တာနဲ့လာချေနေသေးတယ် အေဘီသမိုင်းကရှိပြီးသားပါ (အာဏာရှုးများမပါ)မခင်ရွှေလှိုင် အခုဘယ်မှာနေတယ် ဘာလုပ်နေတယ်ပြောပါဦး တွေ့ချင်လို့ပါ……
ဒါပေမယ့် နအဖ က လုပ်ခဲ့တဲ့ ရန်သူမဟုတ်တဲ့ပြည်သူလူထု တောနေတောင်သူတွေကို တပ်ဖွဲ့ လိုက်မုဒိန်းကျင့်သတ်၊ မိန်းမအင်္ဂါကို နှစ်ချောင်းပြူးထည့် ၊ ယောက်ျား ကို ရင်ခွဲပြီး တရွာလုံးရှေ့ မှာ အသည်းထုတ်ကြော်ပြတာတွေက ခွင့်လွှတ်စရာတွေမဟုတ်သလို ခု လို သတ်ခဲ့တာတွေကလဲ ခွင့်လွှတ်စရာမဟုတ်ဘူး။
ခင်ရွှေလှိုင် ခင်ဗျားပြောခဲ့သလို ကျုပ်တို့ လဲ သံချောင်းတို့ လိုပဲ တောထဲမှာ ငတ်ခဲ့တိုက်ခဲ့သူတွေပါပဲ ၊ မ.က.ဒ.တ က ရဲဘော်ပါပဲ ။ ကျုပ်တို့ ကတော့ ကျောင်းသားတပ်မတော် မိုးသီးဘက်ခြမ်းကဖြစ်တယ် ။ ဒါပေမယ့်ကျောင်းသားတပ်မတော်ဆိုတာနဲ့ကျုပ်တို့ ပါရောခံရတာပဲ။
ဒါမျိုးကမှ ကျောင်းသားအဖွဲ့က အစစ်အမှန်သမား တစ်ယောက်က ရေးတာဆိုတာ သိသွားအောင် အူကြောင်ကြား လုပ်နေသူတွေကို ပြောချင်တယ်။
ဖတ်ပြီး ကိုယ်ညာဏ်မီသလောက်လေ့လာသုံးသပ်နေပါ
တယ်..ကွန့်မန့်ရေးသူများကလည်း နံမည်အစစ်အမှန်နဲ့
သို့…ဓါတ်ပုံအစစ်အမှန်တင်ပြီးရေးစေ့ချင်ပါတယ်.ပါဝင်
ခဲ့သူများကိုဆိုလိုတာပါ…အဖြစ်အပျက်မှာမပါဝင်ခဲ့သူများ
ကတော့ အစစ်အမှန်ဓါတ်ပုံနဲ့.နံမည်ဖေါ်ပြစ၇ာမလိုပါဘူး
အားလုံးကဒီမိုကရေစီကိုလိုချင်လို့တိုင်းပြည်ကောင်းစေ
ချင်လွန်းလို့ လက်နက်ကိုင်လမ်းစဉ်ကိုယုံကြည်လို့လက်
နက်ကိုင်ပြီးတော်လှန်ခဲ့ကြတာပါဆိုတာယုံပြီးသားပါ.
အခုဖြစ်နေတဲ့ဖြစ်ရပ်မှာအထက်ကတင်ပြခဲ့သလိုဓါတ်ပုံနဲ့ နံမည်အမှန်နဲ့ ရေးကြပါလို့ တိုက်တွန်းချင်ပါတယ်
မင်းမယုံသလို ငါလည်း မင်းကို မယုံဘူး။ ဒါပေမယ့် နာမည်ခွဲတွေ တစ်ပြုံတစ်မကြီးနဲ့တော့ တစ်မိုးလုံး ဖျောက်ဆိပ်ဖြစ်အောင် ငါမလုပ်ဘူး။ မင်းယုံချင်တာယုံ ငါလည်း ငါယုံချင်တာယုံမယ်။
မင်းလိုလူ အပေါ်ကလူတွေ အောက်ကလူတွေ ဘာပြောပြော၊ ငါကတော့ မခင်ရွှေလှိုင်ဖက်က ရပ်မယ်။
ငါဘယ်သူလဲဆိုတာ မသိချင်နဲ့၊ ငါလည်း မင်းဘယ်သူလည်းဆိုတာ မသိချင်ဘူး။ တစ်ခုသေချာတာက ငါဟာ ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး။
ထပ်ပြောပါမယ်၊ အပေါ်ကကော အောက်ကလူတွေအားလုံး …
ကျုပ် မခင်ရွှေလှိုင်ဖက်က ရပ်တည်မယ်။
ကိုယ့် ကိုကိုယ် ရင် ရပါပြီ ၊ ကျုပ် ဟာ အမြဲတမ်း ကျွန်
တော်အမေဖက့် ရပ်တည်ပါတယ်၊ ဆက်နွယ်မူ့ ကြောင့်
ပါ ၊ အမှန်တရားကြောင့် တော့ မဟုတ်ပါဘူး၊ အဲ လူဖက်
က ၇ပ်တယ်ဆိုတာ ထက် အမှန်တရားဖက်ကရပ်တယ်
ဆိုတာ ပို အရေးကြီသလို ၊ ဘာအမှန် ဘာ အမှားဆိုတာ
လည်း သ နိုင်သော အခြေအနေ မျိုးမှာ ရှိဖို့ ကပိုအရေး
ကြီးကြောင်း ခင်မင် ရှိးသာစွာတင်ပြလိုပါတယ် ၊
ဘင်လာဒင်ကြီးဖက်က နေ ရပ်တည်ခဲ့ သူတွေကျုပ်အ
များကြီး တွေ့ ဘူးပါတယ် ဗျာ…
၂။ တင်ပြချက်တွေဟာ သိထားတဲ့အတိုင်း ရိုးရိုးသားသား တင်ပြနေတယ်လို့ ယုံကြည်တယ်၊ ပြီးတော့ မပြီးသေးဘူး။ သူ့အနေနဲ့ သံသယရဲ့ အကျိုးကို ခံစားခွင့်ရှိတယ်။ သူ့အမှား အတိကျ ထောက်ပြနိုင်တဲ့ အချိန်ကျ တည့်တည့်ပြောမယ်။
၃။ တိုက်ခိုက်နေကြသူ အများစုဟာ အရူးချေးပန်း ငါ့စကားနွားရ လူမသိသူမသိတိုင်း ကျိုးကြောင်း မပြနိုင်ပဲ ပြောချင်ရာပြော လုပ်နေကြတာ များတယ်။ မမှားရင်တောင် မမှန်ဘူး။ ဒီတော့ အမှန်တရား မြတ်နိုးရင် ဆန့်ကျင်သင့်တယ်။
၎။ ဘင်လာဒင် ယေဘုယျအားဖြင့် မှားတယ်၊ ဒါပေမယ့် သူဟာ အမေရိကန်နဲ့ secularism ရဲ့ ထုတ်ကုန်ဖြစ်တယ်။ imperialist အမေရိကန်လည်း အမှားတွေ အများကြီးရှိတယ်။ ဒါပေမယ့် lesser devil ဖြစ်တဲ့အတွက် သူ့ကို လက်ခံရတယ်။
အနှစ် ၂၀ လောက်ကြာတာတောင်မပြီးသေးဘူးဆိုတော. နာမည်စာ၇င်းတော်တော်၇ှည်မယ်ထင်တယ်..ကွန်မန်.ပေးတဲ.လူတွေစာ၇င်းပါထည်.တွက်နေတာ လားမသိဘူး..ဟီးဟီး ကြက်သီးထလိုက်တာ..ကိုယ်တုံလုံးနဲ. အနှိပ်စက်ခံ၇မယ်ဆို၇င်တော. second world war မတိုင်ခင်က နာဇီက ဂျူးတွေကို နှိပ်စက်တဲ. အကြောင်း၇ိုက်ထားတဲ.ဇာတ်ကားထဲကလိုများဖြစ်နေမလား..ကျောချမ်းလိုက်တာ..ဟီး..ဟီး..
ကျတော်က မြန်မာစာသိပ်မတက်လို.လားမသိဘူး
ဖတ်၇တာဘာကိုဆိုလိုမှန်း၇ှင်း၇ှင်းလင်းလင်းကိုမသိ၇ဘူး…ခေတ်သစ်စကားပြေေ၇းနည်းထင်တယ်..
၇ှင်းပြချင်လွန်းအားကြီးတော. ၇ှူပ်သွားတာနေမယ်ထင်တယ်…
ကနားထောင်ပြီးတဖြည်းဖြည်းဇတ်ရည်လည် လာတယ်။
ဆောင်းပါးကိုပြန်တည့်ဖို့ လိုနေပြီ ။
ထဲက မိသားစုတခုကိုသွားသတိရတယ်။ မိသားစုစုစု
ပေါင်းငါးယောက်ရှိတယ်။ သားသမီးသုံးယောက်ပေါ့ဗျာ။
အဖေလုပ်သူက အရက်သောက်၊ ဖဲရိုက်၊ ဖါပွေတယ်။
ဒါပေမဲ့သားသမီးတွေမိန်းမတွေကိုတော့လဲချစ်တယ်။
ထမင်းဆိုသားသမီးတွေစားပြီးမှစားတယ်။ မလောက်မှာ
စိုးလို့တဲ့။ တနေ့တော့ သားအကြီးဆုံးကအဖေအရက်
သောက်၊ ဖဲရိုက်၊ ဖါတွေနဲ့အိပ်လုပ်နေတာမကောင်းဘူး။
သားတို့သိက္ခါကျတယ်၊ သားတို့မိသားစုသုံးဖို့ပိုက်ဆံ
ကုန်ကုန်တယ်လို့ ပြောမိလို့ ရိုက်လိုက်တာဗျာ။ ကလေးမှာ ဆေးရုံကိုတင်ယူရတယ်။ မသေယုံတမယ်ဘဲ။ ကျန်တဲ့သားသမီးတွေကလဲ
သူတို့ကိုလိုချင်တာလေးတွေငမြောက်ငခြောက်ဝယ်
ပေးထားတဲ့အဖေကိုဝေဖန်တဲ့သားကို မကြေနပ်ကြ
ဘူးတဲ့။ အရိုက်ခံရတာတောင်
နဲသေးတယ်ဆိုဘဲ။
ဒီလိုဆိုရင်တော့ ခင်ဗျားသဘောမကျတဲ့ (ဒါမှမဟုတ် ကြိတ်ပြီးသဘောကျနေတဲ့)
စစ်ဗိုလ်ချုပ်တွေ ပြောပြာနေတဲ့ “ငါတို့ က အသက်သွေးနဲ့  ရင်းပြီး တိုင်းပြည်အတွက် ပေးဆပ် လာတာ အဲဒီ့မိန်းမက တိုင်းပြည်အတွက် မျက်တပင်တောင် နှုတ်ပေးဖူးလို့ လား” ဆိုတဲ့ စကားလုံးနဲ့ ဘာများကွာတော့လို့ လဲဗျာ။ ခင်ဗျားတို့ အာဏာသာရရင် ခင်ဗျားကတော့ ဒေါ်ကြိုင်ကြိုင် ထက်ယုတ်မာမဲ့ ပုံပဲ။ ဘုရား ဘုရား ကျနော် ABSDF ကိုကျနော့်လခလှူဘူးတယ်ဗျ ၊ အဲဒီပိုက်ဆံက ကျနော့်လက်မှာ ကပ်ချည်မယ့် ယမ်းဖိုးမဖြစ်ပါစေနဲ့ ။
ခင်ဗျားဒီစာရေးတဲ့အချိန်မှာ ABSDF ဥက္ကဋ္ဌ ရဲ့ ဇနီးဖြစ်နေတော့ ဒီစာဟာ တဦးတယောက်ရဲ့ ခံယုချက်လား အဖွဲ့  အစည်းရဲ့ ခံယူချက်လားဆိုတာ ခွဲရခက်တယ်ဗျ။
သူရဲကောင်းတွေရှိသေးတဲ့အကြောင်း ထုတ်ဖော်ပြနေတာလား။
အကယ်၍ အထက်ပါခေါင်းဆောင်များက ရဲဘော် ရဲဘက်အချင်းချင်း မနှိပ်စက်ခဲ့ပဲ၊ ရဲဘော်တွေနဲ့အတူ စားအတူတူ၊ ငတ်အတူတူ၊ သေအတူတူ ဆိုပြီး တော်လှန်ရေးကို ဦးဆောင်ခဲ့တယ် ဆိုပါက၊ (အများက မသတ်မှတ်တောင်) ကျွန်တော်အနေနဲ့ သူတို့ကို သေသည်အထိ လေးစားသွားမှာပါ။ ဒါပေမဲ့ အေဘီမြောက်ပိုင်းရဲ့ ခေါင်းဆောင်တွေက အဲဒီလိုမဟုတ်တဲ့ အတွက် ရွံရှာတယ်။
လည်း Group Email, မီဒီယာတွေမှာ ဖြန့် ပါ ၊ စာဖတ်သူ
နှင့် စာရေးသူ လွန်ဆွဲကြပါလိမ့် မယ် ၊ အမှန်တရားဟာ
တနေ့ ပေါ်လာပါလိမ့် မယ် ၊ အဲဒီသူတွေဟာထောက်
လှမ်းရေး အစစ်တွေ ဖြစ်နေရင်တောင် စံနစ်တခုရဲ့ သား
ကောင်တွေ မြန်မာလူမျိုး အခြင်းခြင်းတွေ ဒီလောက်ဘာ
လို့ ရက်စက် ရိုင်းစိုင်း နိုင်ခဲ့ ကြသလဲဆိုတာ တောထဲမှာ
နေဘူးတဲ့ သူခြင်း ၊ ကျောင်းသားခြင်း ၊မြင်နိုင်ပါတယ်
သိနိုင်ပါတယ် ၊ တိုက်ပွဲထဲက တိုက်ပွဲများကို ပါဝင်ဘူးသူ
များသာနားလည်နိုင်ကြမှာပါ ၊ ရုပ်ရှင်ကြည့် သူဟာ ရှုပ်
ှရှင်ရိုက်ကွင်းအကြောင်းကိုနားမလည်နိုင်ပါဘူး