Ko Nicky Shein ရဲ. ကွန်မင့်လေးပါ၊ အရမ်းကေါင်းမွန်တဲ့အတွက် တင်လိုက်ခြင်းဖြစ်ပါတယ်။
ကိုထိန်လင်းကို ကျွန်တော်တခါမှ တိုက်ရိုက် မပြောခဲ့ဘူးပါ၊ ခုတော့ ကြုံလာလို့ တိုက်ရိုက်ပဲ ပြော လိုက်ပါရစေ၊ ခံခဲ့ရတာ ခင်ဗျားတို့ကိုယ်တိုင်ပါ၊ ပေါ့ပေါ့လေး ဟာသလုပ်ပလိုက်တာက စာရေးတဲ့ တင်ပြပုံမှာဖတ်လို့်ကောင်းနေပေမဲ့ အပြင် က လက်တွေ့ မှာ အင်မတန် နာကြည်း ကျေကွဲစရာ ကောင်းတာကို ခင်ဗျားတို့က ပိုသိမှာပါ၊ ဒိနေရာမှာတော့ ဘေးလူတွေက အ
ကိုထိန်လင်းကို ကျွန်တော်တခါမှ တိုက်ရိုက် မပြောခဲ့ဘူးပါ၊ ခုတော့ ကြုံလာလို့ တိုက်ရိုက်ပဲ ပြော လိုက်ပါရစေ၊ ခံခဲ့ရတာ ခင်ဗျားတို့ကိုယ်တိုင်ပါ၊ ပေါ့ပေါ့လေး ဟာသလုပ်ပလိုက်တာက စာရေးတဲ့ တင်ပြပုံမှာဖတ်လို့်ကောင်းနေပေမ
လေးအနက်
ထားတာထက် ကာယကံရှင်က ပိုလေးနက်သင့်တာ သဘာဝကျပါလိမ့်မယ်၊ ခံခဲ့ရတဲ့
ခင်ဗျားအပါအဝင်က ဒီကိစ္စကို အလေးအနက် မထားသလိုမျိုး လုပ်နေပုံက
အလေးအနက်ထားနေတဲ့ ဘေးလူတွေရဲ့ စာနာမှုကို စော်ကားသလိုသက်ရောက်နေတာ
သတိထားမိဖို့လဲလိုပါတယ်၊ ခင်ဗျားက ဇာဂနာ မဟုတ်ပါဘူး၊ ခင်ဗျားကို
ကျွန်တော်တို့က ဇာဂနာထက် အများကြီးတန်ဖိုးထား လေးစားစရာလူလို့
ရှုမြင်ပါတယ်၊ ဒါဟာ ပြဇာတ်တပုဒ်ကို အပျင်းပြေကပြနေတဲ့ အရပ်ဇာတ်ပွဲ
မဟုတ်သလို ဗမာ့နိုင်ငံရေးရဲ့ အင်မတန် အရေးပါတဲ့ အချိုးအကွေ့ တခုကို
ဖန်တီးခဲ့မှု တခုပါ၊ မဆိုင်သူတွေလို့ပြောလို့ရတဲ့ ကျွန်တော်အပါအဝင်
အခြားသော လူများကအလေးအနက်ထားပြီး ခုကိစ္စအပေါ် အာရုံစိုက်နေကြတဲ့ အချိန်
ကာယကံရှင် ခင်ဗျားတို့က ခုချိန်ကျမှ ရူးချင်ယောင်ဆောင်နေလို့မရတော့ပါဘူး၊
ဒီပြသနာကို ပထမဆုံး စပြီး လူအများသိအောင် ဖွတာက ခင်ဗျားပါ၊ အောင်မိုးဝင်း
လဲ ဘေးလူပေမဲ့ ဒီဇာတ်လမ်းကို သူသိသလောက်အမုန်းခံပြီး ဝင်ရေးလို့
ဇာတ်ထုပ်တခုလုံးနီးပါး ရုပ်လုံးကြွလာခဲ့ရတာပါ၊ ခင်ဗျားတို့ အကြောင်းနဲ့
ခင်ဗျားတို့ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ခင်ဗျားတို့ ဒီ လူသတ်ကောင်တွေကို
ဖေါ်ထုတ်အရေးယူဖို့ တာဝန်ရှိနေပါတယ်၊ ဒါဟာတိုင်းပြည်ရဲ့ အနာဂါတ် ကိစ္စနဲ့
တိုက်ရိုက်သက်ဆိုင်နေသလို တာဝန်ရှိတဲ့ ခင်ဗျားတို့က မဖေါ်ထုတ်ပဲ
ဝေ့လည်ကြောင်ပတ်လုပ်နေရင်၊ လက်သစ် ဗိုလ်နေဝင်း တွေအများကြီး ကို
တိုင်းပြည်ရဲ့ အနာဂါတ်အတွက် မွေးထုတ်ပေးတဲ့ သူတွေအဖြစ်
ခင်ဗျားတို့အားလုံ်းသမိုင်းမှာ တွင်ကျန်နေရစ်လိမ့်မယ်လို့
ထောက်ပြချင်ပါတယ်၊ တကယ်လို့ ခင်ဗျားတို့ကာယကံရှင်တွေက
ပေါ့ပေါ့ဆဆနေသွားကြမယ်ဆိုလဲ ပြသနာတော့ မရှိပါ၊ ထုတ်ဖေါ်ရေးသားမှုရဲ့
အထောက်အထားတွေအရ ရော၊ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေရဲ့
ရုပ်လုံးပေါ်နေမှုတွေအရရော ကျွန်တော်တို့ ဆက်ကျိုးစားနိုင်လောက်တဲ့
အထောက်အထားနဲ့ သက်သေတွေ ကာယကံရှင်တွေနဲ့ ဆက်ပြီး
ဖေါ်ထုတ်သွားနိုင်စရာတွေရှိနေပြါ ပီ၊ ဒီနေရာမှာ တခုလောက်ထောက်ပြချင်တာက ခုလို ခင်ဗျားတို့ ဝေ့လည်ကြောင်ပတ်လုပ်နေမှုတွေကြောင့်
တခြားသူတွေဖေါ်ထုတ်မှ ဒီအမှု ပြသနာရှင်းပြီးတဲ့အခါမှာ၊ လုပ်သင့်တာကို
မလုပ်ခဲ့ပဲ အလကား ၂ပဲ ၆ပြား စာတွေရေးပြီးသက်သက်ဖွသွားတဲ့ လူတွေအဖြစ်ရော၊
ခံလဲခံခဲ့ရသေး တာဝန်မကျေမှုကြောင့် အပြစ်လဲ အပြောခံ၇သေးဆိုတဲ့ မိအေးထက်
ဆယ်ခါပြန်နာတဲ့ ဘဝမျိုး ခင်ဗျားတို့ မကြုံသင့်ကြဘူးလို့ ကျုပ်က
ပူပန်မိပါတယ်။ ဘာပဲဖြစ်စေ ခုပြသနာဟာ ခင်ဗျားတို့ရဲ့ ကိုယ်ရေးကိုယ်တာပြသနာ
အဖြစ် မရှုမြင်ပဲ အနာဂါတ်မြန်မာပြည်ရဲ့ အင်မတန်အရေးပါတဲ့ အချိုးအကွေ့တခုမှာ
ပါဝင်ခဲ့တဲ့ ABSDF နဲ့ မြန်မာ့သမိုင်းရဲ့ ဖြစ်စဉ်တခုအဖြစ်
အလေးထားသင့်ကြောင်းထောက်ပြ ဆွေးနွေးလိုက်ကြောင်းပါ ခင်ဗျား..။
No comments:
Post a Comment