အမမနန်းစောသို့ အနူးအညွတ်တောင်းပန်အပ်ပါသည်...။
by ဘရာဇီး ငှက်ရိုး on Sunday, August 19, 2012 at 11:29am ·
အမမနန်းစောသို့ အနူးအညွတ်တောင်းပန်အပ်ပါသည်...။
ကျနော် ဘရာဇီးငှက်ရိုး အမည် သုံးစွဲပြီး မတ်လ(နေ့ရက်အတိအကျမမှတ်မိတော့ပါ)အတွင်းမှာ အမ မနန်းစောကို ဂုဏ်အသရေ ညိုးနွမ်းစေမဲ့ပို့စ် တခုကို ဆင်ခြင်တုံ့တရား အားနည်းစွာနဲ့ မသမာသူတွေ(တဦးမက) တွန်းအားပေးမှုကြောင့် ကျနော့်စာမျက်နှာမှာ တင်ခဲ့မိပါတယ်... ကျနော့်၏ မိုက်မဲမှုကြောင့် အမမနန်းစော အပေါ်မှာ စိတ်ထိခိုက်နစ်နာသွားစေမှု အားလုံးအတွက် ကျနော် အနူးအညွတ် တောင်းပန်အပ်ပါတယ်... ယခုအခါမှာတော့ ၄င်း မသမာသူများက အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် မြောက်ပိုင်း(ကချင်ဒေသ) ကျောင်းသားများ မတရားသတ်ဖြတ်ခံရမှုကို အမှုမှန်ပေါ်စေရေး လုပ်ကိုင်နေကြသူတွေကို ထပ်မံ၍ တိုက်ခိုက်စာများ ရေးသားလာနေပါတယ်... အများသူငါ ကျနော်ကဲ့သို့ မှားယွင်းမှု မဖြစ်ရလေအောင် သတိပေးတင်ပြရခြင်း ဖြစ်ပါတယ်... မသမာသူများအား အမည်ဖော်ထုတ် မရေးသားခြင်းသည် နောက်နောင် ယခုကဲ့သို့ ဖြစ်ရပ်မှန်များအား လမ်းလွဲစေမည့် တိုက်ခိုက်စာများကို ရေးတင်ခြင်းမှ ဆင်ခြင်နိုင်ရန် အတွက် ဖြစ်ပါတယ်... အမမနန်းစောအား အသေးစိတ် အချက်အလက်များနှင့်တကွ ရှင်းလင်းစာ ပေးပို့မှာ ဖြစ်ပြီး ယခုပို့စ်နှင့် ပတ်သတ်၍ မည်သူ့ကိုမျှ အသေးစိတ်ရှင်းလင်း မပြနိုင်ခြင်းကိုလည်း နားလည်ပေးကြပါရန် တောင်းပန်ပါသည်ခင်ဗျာ...
ဘရာဇီးငှက်ရိုး

- You and ဘရာဇီး ငှက်ရိုး like this.
- Shwelatyar Daw ငှက် ..အဲဒါဘယ်သူလဲ။တလောက ဖတ်ရတာ မြောက်ပိုင်းကေ့စ်မှာ ...တမျိုးပဲ။သေချာနည်းနည်း confirm လုပ်လေကွာ။ မင်းတို့ကောင်တွေမလွမ်းဘူးလ
ား....။အခုသည်မှာမိုးတွေရွာ နေတယ်။ 3 hours ago · · 1 - ဘရာဇီး ငှက်ရိုး ရေတွေကြီးနေတာ မြင်တွေ့ရလို့ စိတ်မကောင်းပါဘူးအကို...
No comments:
Post a Comment