မြောက်ပိုင်းရဲ့ နိဒါန်းအစ
မြောက်ပိုင်းဟာ ရှစ်လေးလုံးနောက်ပိုင်း တက်လာခဲ့တဲ့ ဗန်းမော်အုပ်စု၊ မြစ်ကြီးနားအုပ်စု၊ မိုးကောင်းအုပ်စု၊ မိုးညှင်းအုပ်စု ကော်လင်းဝန်သို၊ စစ်ကိုင်းအုပ်စု စတဲ့ ဒေသခံကျောင်းသားတွေစုဆုံရင်း ဖြစ်တည်လာတဲ့ အဖွဲ့အစည်းတခုပါ။ အုပ်စု တွေကို ဦးဆောင်လာခဲ့ကြသူတွေကတော့ ထုံးစံအတိုင်း ကျောင်းသားအရွယ်ကို ကျော်လွန်နေပြီဖြစ်တဲ့ လုပ်ငန်းခွင်ပိုင်း က လူကြီးတွေပါပဲ။ အုပ်စုတစုစီမှာကို ဦးဆောင်လာတဲ့လူကြီးတွေကြား ပုံသ္ဂန်ချင်းလည်းမတူ အမြင်ချင်းလည်းမတူ ကွဲ ပြာခြားနားမှုတွေ ရှိခဲ့ကြတဲ့အတွက် အုပ်စုတစုစီအတွင်းမှာရော အုပ်စုလိုက်အနေနဲ့ရော နေရာလုပွဲတွေ ရှိခဲ့ကြတယ်။ ယူဂျီလမ်းကြောင်း ပွင့်ပြီးတဲ့နောက် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မုံရွာ၊ ရေကျပ်ဘို ကျောင်းသားတွေ တဖြေးဖြေး ၀င်ရောက် လာခဲ့ကြတယ်။
ဒေသခံကျောင်းသားဦးရေ တော်တော်များများပါဝင်တဲ့ စစ်သင်တန်းအပတ်စဉ် (၄) အထိ ပြဿနာအကြီးကြီးမားမား မ ရှိခဲ့ပေမဲ့ နန်းအောင်ထွေးကြည်နဲ့ အတူတူလာခဲ့တဲ့ တိုက်ပိတ် (ဒေါ်အောင်ဆန်းဆုကြည် ခြံထဲမှာ အမြဲလာရှုပ်ပြီး၊ ဖွဖွနေ လို့ ခြံလုံခြုံရေးတာဝန်ကျသူတွေက မသင်္ကာဖြစ်ပြီး ခြံထဲက တိုက်ပျက်ထဲကို ခေါ်စစ်ရာက တွင်ခဲ့တဲ့နာမည်) နာမည်အ ရင်းက သန်းထွန်းစိုး (မြောက်ပိုင်းမှာ သူတို့ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ဒေါ်အောင်ဆန်းဆုကြည်ထံ သွားပေးခဲ့လို့ ဒေါ် အောင်ဆန်းဆုကြည် တောတွင်းဆက်သွယ်မှုနဲ့ ပထမဆုံးစွပ်စွဲခံခဲ့ရသလို၊ မြောက်ပိုင်းရဲ့ တောတွင်းဓါတ်ပုံတွေကို မျက် ခင်းသစ်မှာ ဖော်ပြနိုင်အောင် ပထမဆုံး ဖန်တီးပေးခဲ့သူ။ ကိုသံချောင်းနဲ့ ရဲဘော်တွေ တိုက်ပွဲဝင်ရင်း အဖမ်းခံရစဉ်က အ စိုးရဘက်တော်သားလုပ်ခဲ့သူ) နဲ့ သူခေါ်လာခဲ့တဲ့ ရန်ကုန်၊ ပဲခူး၊ မြို့ပြကျောင်းသားတွေ အတော်များများပါဝင်ခဲ့တဲ့ စစ် သင်တန်းအပတ်စဉ် (၅) မှာမှ သင်တန်းသားတွေကြား အုပ်ချုပ်သူတွေအပေါ် ဆူပူမှုတွေ မကျေနပ်မှုတွေ စတင်ဖြစ်ပွား လာခဲ့တယ်။ ရဲဘော်ရဲမေတွေ အားလုံးကို ခေါ်ယူပြီး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ ရွေးကောက်ပွဲတွေ ပြန်လုပ်ခဲ့ ကြတယ်။
အဲဒီရွေးကောက်ပွဲကနေ ရန်ကုန် မန္တလေးက ကျောင်းသားတွေ အတော်များများ နေရာရလာကြတယ်။ ရွေးကောက်ပွဲပြီး မှ ကိုထွန်းအောင်ကျော်။ ကိုအောင်နိုင်။ ကိုစိုးလင်းတို့ နောင်ရာပါမှာ စစ်သင်တန်း အပတ်စဉ် (၆) ကို တက်ခဲ့ကြတယ်၊ ကျမ ရှမ်းပြည်မြောက်ပိုင်း (၄၀၁) တပ်ရင်းကနေ မြောက်ပိုင်းကချင်ကို ရောက်လာချိန်မှာ အပတ်စဉ် (၆) သင်တန်းပြီး ခါနီးချိန်ဖြစ်လို့ နောင်ရာပါမှာလုပ်တဲ့ ကိုထွန်းအောင်ကျော်တို့ရဲ့ သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တယ်။ စစ်သင်တန်း ဆင်းပြီးချိန်၊ ရှေ့တန်းစခန်းအသီးသီးက ရဲဘော်ရဲမေတွေ တဖွဲဖွဲပြန်ရောက်လာကြပြီးနောက် ရွေးကောက်ခံရသူ ဗဟို ကော်မတီဝင်အချင်းချင်း ပြန်လည်ရွေးချယ် နေရာချထားခြင်းအားဖြင့် (၁၉၉၀ ၁၉၉၁) ကျောင်းသားတပ်မတော် (မြန်မာ ပြည်မြောက်ပိုင်း) ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။ ဒါကို စစ်ရုံးမှာ မှတ်တမ်းလိုက်ယူခဲ့ရတဲ့ထဲမှာ ကျမ ကိုယ်တိုင်ပါခဲ့တဲ့အ တွက် အဲဒီအချိန်ထိ သူတို့ကြားမှာ ပြဿနာတစုံတရာမရှိ အားလုံးပျော်ပျော်ရွင်ရွင် တက်တက်ကြွကြွ ကျေကျေနပ်နပ်ပဲ ပြောဆို ဆွေးနွေးခဲ့ကြတာကို ကျမ တွေ့မြင်ခဲ့ရသလို၊ အဲဒီအချိန်တုန်းကပါဝင်ခဲ့တဲ့ ဗဟိုကော်မတီတွေ ကိုယ်တိုင်လည်း သိပါလိမ့်မယ်။
ရဲဘော်ရဲမေတွေ အနေအထား
“တော်လှန်ရေး” ဆိုတဲ့ စကားလုံးလေးက သုံးလုံးလေးပဲရှိပါတယ်။ ဒါပေမဲ့ တဆင့်ပြီးတဆင့် စာမေးပွဲစစ်သလို အမျိုးမျိုး သော စစ်ဆေးစမ်းသပ်စိန်ခေါ်ဆွဲဆောင်မှုတွေကို မကျော်ဖြတ်နိုင်ဘဲနဲ့ ကိုယ့်ကိုယ်ကို တော်လှန်ရေးသမားပါလို့ ဘယ် သူမှ မပြောရဲအောင် သူ့ပင်ကိုယ်သဘာဝအရကို အစွမ်းသတ္တိရှိနေပြီးသား စကားလုံးလေးပါ။
“တောခိုတယ်” ဆိုတဲ့ စကားလုံးလေးကလည်း သုံးလုံးပဲရှိသလို တောင်တက်တယ်ဆိုတဲ့ စကားလုံးလေးကလည်း သုံး လုံးလေး ပါပဲ၊ ဒါပေမဲ့ မြို့ပြကလာခဲ့တဲ့ ကျောင်းသားတွေအတွက်တော့ ဒီစကားလေးသုံးလုံး နောက်ကွယ်က စစ်ဆေး စမ်းသပ်စိန်ခေါ်မှု အမျိုးမျိုး အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရတာပါ။
မြောက်ပိုင်းမှာ မြို့ပြကလာတဲ့ ရဲဘော်ရဲမေအများစုဟာ ကိုယ့်ရဲ့ခံနိုင်ရည်နဲ့ ပါလာတဲ့အရည်အချင်းလေးတွေအရ စစ်ရုံး။ ကော်မတီရုံး၊ ဆေးတပ်၊ စက်တပ်နဲ့ နောက်ပိုင်းထောက်ပံ့ရေး၊ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေ၊ စခန်းရုံး၊ ဂိတ်စောင့် ကင်း စောင့်၊ အဆောက်အဦဆောက်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြတယ်။ အနည်းစုလောက်သာ ရှေ့တန်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြတယ်။
ဒေသခံကျောင်းသား အများစုကတော့ သူတို့ရဲ့ ခံနိုင်ရည်နဲ့ နယ်မြေကျွမ်းကျင်မှု၊ တောတောင်တွေနဲ့ရင်းနှီးပြီး လုပ်တတ် ကိုင်တတ် ရှာဖွေစားသောက်တတ်ပြီးသားအပေါ် မူတည်ပြီး ရှေ့တန်းထွက်တိုက်ခိုက်တဲ့ ရဲဘော်တွေ ဖြစ်လာတယ်။ အဲဒီ ရဲဘော်တွေကြားမှာမှ တိုက်ရဲခိုက်ရဲရှိပြီး အမြဲလျှင်မြန်ဖြတ်လတ်တက်ကြွနေတဲ့ ရဲဘော်တွေက ကွန်မန်ဒိုရဲဘော်တွေ ဖြစ် လာတယ်။
ကျမဟာ နောက်တန်းရုံးတွေမှာ လုပ်ကိုင်နေတဲ့ရဲဘော်တွေကြားမှာ ကျင်လည်နေထိုင်ခဲ့သူတဦးဖြစ်သလို ဒီ ရဲဘော်တွေ နဲ့အတူ ရှေ့တန်းလည်း ထွက်ခဲ့ဖူးသူတဦးဖြစ်လို့ ရှေ့တန်းမှာ သူတို့အောက်က ရဲဘော်ရဲမေ အငယ်တွေကို ရန်သူကို တိုက်နေရင်း တဘက်နဲ့ သူတို့ဘယ်လို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြတယ်ဆိုတာကိုလည်း ကိုယ်တိုင် ခံစားဖူးခဲ့ပါ တယ်။
ဒေသခံ ကျောင်းသားတွေက ရန်ကုန်၊ မန္တလေးကျောင်းသားတွေကို ငပျင်းတွေလို့ မြင်တယ်။ ရန်ကုန်၊ မန္တလေးကျောင်း သားတွေကလည်း သေရင်တောင် လေတော့မလျော့ထဲကဆိုတော့ “မင်းတို့ ၀ါးအလုံးတရာကို တနာရီ ခုတ်နိုင်ရင် ငါတို့ နှစ်နာရီ သုံးနာရီ ခုတ်လို့ရပေမဲ့ ငါတို့ရေးတဲ့ စာတကြောင်းကို မင်းတို့ တနှစ်လည်းမရေးနိုင်ဘူး၊ နှစ်နှစ်လည်း မရေးနိုင် ဘူးလို့ ဆိုတတ်တယ်။ အဲဒီလို စကားလေးတွေ အောက်ခြေကရဲဘော်တွေကြား တခါတလေ အငြင်းအခုန်ရှိကြတာက လွဲလို့ သူအလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် ရှိနေကြတာမို့ ရဲဘော်ရဲမေတွေ ကြားမှာလည်း ပြဿနာရယ်လို့ ကြီးကြီး ကျယ်ကျယ် လက်ညှိုးထိုးပြစရာ မရှိခဲ့သလို တွေ့လည်းမတွေ့မိခဲ့ဘူး။
ဦးဆောင်သူများနဲ့ ရဲဘော်ရဲမေတွေ အခြေအနေ
သေချာတာကတော့ မြောက်ပိုင်းက ရဲဘော်ရဲမေတွေကို အပြန်အလှန်နားလည်မှုနဲ့ အထက်အောက် အမိန့်နာခံတတ်သူ တွေ ဖြစ်လာအောင် စည်းကမ်းချက်တွေ တမျိုးပြီးတမျိုး ပြဋ္ဌာန်းပြီး ပုံသွင်းယူနိုင်ခဲ့ကြတယ်။ ရှေ့တန်းမှာလည်း ရှေ့တန်း အလျှောက် နောက်တန်းမှာလည်း နောက်တန်းအလျှောက် စနေ၊ တနင်္ဂနွေကလွဲရင် မနက် (၆) နာရီ အလံတင်ချိန် က စပြီး ညနေ (၄) နာရီ အလံချချိန်ထိ အားလုံးဟာ ယူနီဖောင်းကိုယ်စီ တာဝန်ကိုယ်စီ အလုပ်ကိုယ်စီ (အနည်းဆုံး မြေ ပေါက် မြေညှိ၊ ၀ါးခုတ်၊ တိုင်ခုတ်၊ ထင်းဖြတ်၊ ထမ်းကြသယ်ကြ၊ အဆောက်အဦတွေဆောက်၊ ရိက္ခာရှာ) တွေနဲ့ပါ။
ဦးဆောင်တဲ့သူတွေဟာ အပြောသမားသက်သက် အခွင့်အရေးခံစားနေသူတွေသက်သက် အာဏာရူးနေတဲ့လူတွေသက် သက် ဖြစ်နေလို့ကတော့ ဘယ်လိုနည်းနဲ့မှ ဒီလိုပုံစံတကျ ဖြစ်အောင် မဖော်နိုင်ပါဘူး။ သူတို့ပြောတဲ့အတိုင်း သူတို့ကိုယ် တိုင်လည်း လုပ်ခဲ့တဲ့သူတွေဖြစ်လို့ ရဲဘော်ရဲမေတွေ အားလုံးကလည်း သူတို့နဲ့အတူ လိုက်ပါခဲ့ကြတာပါ။ ဒီခေါင်းဆောင် တွေ သူတို့ရဲ့ ရဲဘော်ရဲမေတွေအပေါ် ဘယ်လိုသဘောထားခဲ့ ဆက်ဆံခဲ့ကြတယ်ဆိုတာကို ကိုယ်တိုင်သိမြင် ခံစားခဲ့ဖူး သလို ဗဟိုကော်မတီ ၀င်တွေဖြစ်တဲ့ ကိုညီညီကျော်၊ ကိုရဲလင်းတို့ကအစ အဖမ်းခံရတဲ့ထဲမှာပါဝင်ခဲ့တဲ့ အောက်ခြေ ရဲ ဘော် ရဲမေတွေအဆုံး ဒီအဖြစ်အပျက်တွေ မဖြစ်သေးခင်ထိ ဒီခေါင်းဆောင်တွေ သူတို့ရဲ့ရဲဘော်ရဲမေတွေဖြစ်တဲ့ သူတို့ တွေအပေါ် ဘယ်လိုသဘောထားခဲ့ကြတယ်၊ ဘယ်လိုတွေ ဆက်ဆံခဲ့ကြတယ်ဆိုတာကို သူတို့ကိုယ်တိုင်လည်း သိနား လည်နေကြလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဘိုဘို၊ ကျော်ခိုင်ဝင်း၊ ၀ဏ္ဏဇော်၊ နန်းစော၊ အီးတီ၊ ထက်ထက်၊ အန်း၊ သင်း သင်း တို့ဆိုတာ လူကြီးတွေအားလုံးက သာမက ရဲဘော်ရဲမေတွေအားလုံးကပါ ၀ိုင်းချစ်တာကို ခံခဲ့ရတဲ့ ရဲဘော်ရဲမေ အ ငယ်တွေပါ။
၁၃ နှစ်ကျော်အရွယ်နဲ့ တောထဲရောက်လာခဲ့တဲ့ သင်းသင်းကို ရွှေလီနယ်စပ်မှာကတည်းက သေချာစဉ်းစားအုံး ဒီနေရာ ကနေ လှည့်ပြန်လို့ရသေးတယ်။ တောထဲရောက်မှ ပြန်လို့မရတော့ဘူးလို့ အတန်တန် သတိပေးခဲ့တဲ့ကြားက ဆုံးဖြတ်ပြီး ပြီ သွားမယ်ဆိုလို့ နောက်တန်းဗဟိုကို ရောက်လာခဲ့တဲ့ သင်းသင်း။ ရေခဲတဲ့အထိ ခိုက်ခိုက်တုန်အောင် ချမ်းအေးတဲ့ ရာ သီဥတုအောက်မှာ အနွေးထည်ဖားဖားကြီးကြီးကို လက်ဖျားတွေဖုံးအောင် အတင်းစွဲဝတ်ထားရင်း နှာရည်တွေတရှုပ်ရှုပ် တငိုငိုတရီရီနဲ့ ပြန်ချင်တယ်ပြောလာတာကိုကြည့်ပြီး ဒီလိုအရွယ်ကလေးတွေ ဒီလိုတောထဲ ရောက်လာခဲ့ရတာကို သူ တော်တော် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း မြောက်ပိုင်းကို ကျမ စရောက်လာတဲ့အချိန်က ပြောပြခဲ့သူက ကိုမျိုးဝင်းပါ။
လုပ်တဲ့သူနဲ့ ခံရသူ နာကျည်းချက်တွေနဲ့ “ကိုတောင် တတ်မခေါ်နိုင်ကြတော့တဲ့အဖြစ်၊ စိတ်မကောင်းပါဘူး၊ ဒါတွေကို အ ကြားနဲ့ နားထောင်ရသူတွေအတွက်တော့ ကျမတို့ငယ်ငယ်က သတင်းစာတွေထဲမှာ လူတွေကို ရက်ရက်စက်စက် ဘက် နက်နဲ့ ထိုးသတ်နေတဲ့ ဗိုလ်မြဆိုပြီး ပုံနဲ့တကွ သူပုန်တွေ ရွာတွေကိုမီးရှို့တာတွေ၊ လူသတ်တာတွေ၊ မုဒိန်းကျင့်တာတွေ သတင်းစာတွေထဲမှာ လူကြီးတွေပြောတာ တွေ့ရကြားရတာနဲ့ “သူပုန်ဆိုတာ မမြင်ဖူးပဲနဲ့တောင် ကျမတို့အတွေးနဲ့ ကြောက်နေခဲ့ကြသလို ဖြစ်နေကြမှာပါ။
ကိုယ့်ကိုအုပ်ချုပ်နေတဲ့ အစိုးရကိုယ်တိုင်က လူတွေကိုအစုလိုက်အပုံလိုက် သေနတ်နဲ့ပစ်သတ်။ အသက်ရှူကြပ်ပြီး မွန်း သေကြတဲ့အထိ အချုပ်ကားတွေထဲ အတင်းတွန်းသိပ်ထည့်။ မသေမရှင်ကော သေပြီးသားတွေရော စစ်ကားကြီးတွေပေါ် အကုန်ကောက်တင်၊ ထောင်မရောက် တောမရောက် သဂြုင်္ိစက်မရောက် ပျောက်တဲ့သူတွေကပျောက်၊ မီးသဂြုင်္ိလ်စက် ကနေ မီးခိုးတွေ တလူလူ အဆက်မပြတ်ထွက်လာခဲ့ချိန်က ကျမတို့တတွေ “သူပုန်” ဆိုတာကိုတောင် ကြောက်ရကောင်း မှန်း မသိကြတော့ဘဲ ကိုယ်တိုင် “သူပုန်” တွေ ဖြစ်ခဲ့ရတယ်။ လောကကြီးကပဲ ဆန်းကြယ်နေသလား။ လူတွေကပဲ ဖန် တီးယူခဲ့ကြသလား မစဉ်းစားနိုင်သေးပါဘူး။
ရက်စက်ကြမ်းကြုပ်တဲ့ လူသတ်သမားလို့ အစိုးရက၀ါဒဖြန့်နေတဲ့ ဗိုလ်ချုပ်ကြီးစောဗိုလ်မြကို တောထဲမှာလည်းတွေ့ရော ကလိမ်ကကျစ်မရှိ ရိုးရိုးနဲ့ရှင်းရှင်း ဗြောင်ပြောတတ်လုပ်တတ်သလို ကျောင်းသားတွေအပေါ်မှာ သားသမီးနဲ့မခြား သ ဘောထားဆက်ဆံတာတွေ တွေ့ရတော့ ကျောင်းသားတွေကပဲ နာမည်ပြန်မှည့် ပေးခဲ့ကြတယ်။ ကျောင်းသားတွေရဲ့ အ ချစ်တော် အောင်ထွန်းလေး (ကလေးသရုပ်ဆောင်) တဲ့၊ ဖြစ်တတ်တဲ့သဘောလေးကို သတိရမိလို့ပါ။
ဒီအဖြစ်အပျက်တွေ ဖြစ်လာတဲ့အချိန်ဟာ ဦးဆောင်သူတွေနဲ့ ရဲဘော်ရဲမေတွေအားလုံး စည်းစည်းရုံးရုံးပျော်ပျော်ရွင်ရွင်နဲ့ အရာအားလုံးဟာ တက်ကြွပြီး အားမာန်အပြည့်ဖြစ်နေကြတဲ့ အချိန်ပါ။ ဥက္ကဋ္ဌ ထွန်းအောင်ကျော်က နောက်တန်းဗဟိုနဲ့ မဟာမိတ်ဆက်ဆံရေးကို တာဝန်ယူထားတယ်။ ရဲဘော်သံချောင်း၊ ရဲဘော်အောင်နိုင် ဦးဆောင်ပြီး စည်းရုံးရေးစစ် ကြောင်းအနေနဲ့ ဗန်းမော်ရင်းတ၀ိုက်က ရွာတွေမှာ တရွာပြီးတရွာ လယ်ကွင်းတွေ တကွင်းပြီးတကွင်း ရွာသားတွေကို စပါးတွေကူရိတ်ပေးတဲ့ ရဲဘော် ရဲမေတွေက ရိတ်ပေးကြ၊ ဆေးကုပေးတဲ့ သူတွေက ကုပေး၊ ၀ါဒဖြန့်ချိရေးအဖွဲ့က ရဲဘော် ရဲမေတွေကလည်း ကျောင်းသားတပ်မတော်သီချင်းတွေ သီကုံးရေးသားစပ်ဆိုရင်း တခွေပြီးတခွေ တရုတ်ပြည် ‘ရင်ကြမ်း’ မှာ ထုတ်နိုင်ခဲ့ကြသလို ကျောင်းသားတပ်မတော်သီချင်းတွေ တပုဒ်ပြီးတပုဒ် သီဆိုဖျော်ဖြေပေးကြနဲ့ ရွာသားတွေကော ကလေးတွေပါ ပါဝင်ခဲ့တဲ့ ရဲဘော်ရဲမေတွေနဲ့အတူ ကျေနပ်ပျော်ရွင်နေကြတဲ့ အချိန်ကာလလေးပါ။ ခရိုင်မှူးတွေနဲ့ ရဲဘော် ရဲမေတချို့ ရွာသားတွေရဲ့ လယ်အလုပ်ကို တဘက်ကကူရင်း ရွာသားတွေကြားမှာ မြှုပ်နှံနေထိုင်ရင်းနဲ့ စည်းရုံးရေး လုပ် ငန်းတွေ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တဲ့အတွက် ဗန်းမော်ခရိုင်ရဲ့တချို့ရွာတွေမှာ ပြည်သူ့စစ်တောင် ဖွဲ့ နိုင်ခဲ့ကြပါတယ်။
ဒုစစ်ဦးစီးချုပ် (VCS) ရဲဘော်မျိုးဝင်း ဦးဆောင်ပြီး မိုးညှင်း ရင်း (၅) ဘက်မှာ ရဲဘော်တွေနဲ့ စစ်ကြောင်းတကြောင်း၊ စစ်ဦး စီးချုပ် (CS) ရဲဘော်သံချောင်း ဦးဆောင်ပြီး ဗန်းမော်ရင်းဘက်မှာ ရဲဘော်ရဲမေတွေနဲ့အတူ စစ်ကြောင်းတကြောင်း၊ စစ် ကြောင်းနှစ်ကြောင်း အပြိုင်ထွက်ပြီး “မင်းတို့ သေနတ် ဘယ်နှစ်လက်ရပြီလဲ ငါတို့ဘယ် နှစ်လက်ရပြီ” နဲ့ စကားပြောစက် ကတဆင့် တဘက်ကိုတဘက် မခံချင်အောင်ပြောရင်း အပြိုင်အဆိုင် တိုက်နေကြတဲ့အချိန်။ ရန်သူ့ဘက်က စစ်ဗိုလ် တ ယောက်ကျဆုံးပြီး (ကျန်ရစ်ခဲ့တဲ့ အဲဒီစစ်ဗိုလ်ရဲ့ ကျောပိုးအိတ်ထဲက ရွှေတိဂုံဘုရားပုံ၊ မိဘနှစ်ပါးပုံ၊ ချစ်သူပုံနဲ့ သိမ်းထား တဲ့ စာလေးတွေ ကျမတို့ ရဲမေတစု ဖတ်ကြည့်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ စစ်ရဲ့ခါးသီးမှုနဲ့ စစ်အစိုးရကို ပိုပြီး အော့နှလုံးနာမိ ပါသေးတယ်) ရန်သူ့တပ်သားတွေအများအပြား ဒဏ်ရာရခဲ့ လက်နက်တွေရခဲ့သလို ကျမတို့ဘက်မှာ လည်း ရဲဘော်သံချောင်း ဟာ မိုးညှင်းတိုက်ပွဲမှာ မျက်လုံးတဘက်။ မြစ်ကြီးနားဘက်မှာ ရွာထဲ ရန်သူတွေရောက်နေမှန်း မသိ ကိုယ့်လူတွေမှတ်လို့ အိမ်ထဲဇွတ်ဝင်သွားတာ ကံကောင်းလို့မသေနဲ့ ဒီဗန်းမော်တိုက်ပွဲမှာ လက်တဘက်ပေးခဲ့ရပြီး လက်ရှိမှာလည်း တိုက်ပွဲဝင်ရင်း ရဲဘော်တွေနဲ့အတူ အဖမ်းခံခဲ့ရလို့ သေဒဏ်အထပ်ထပ်ကျခံနေရဆဲနဲ့ ရဲဘော်တချို့ ဒဏ်ရာရခဲ့ကြတယ်။
အရှင်ဖမ်းမိတဲ့ ရန်သူ့တပ်သားတယောက်ကိုတော့ ဗန်းမော်ရင်းမှာပဲခေါ်ယူ စစ်ဆေးမေးမြန်းပြီးနောက် လမ်းစရိတ်ပေးပြီး ပြန်လွတ်ပေးခဲ့တယ်။ “သောင်းကျန်းသူတွေ လက်ထဲရောက်လို့ကတော့ ခေါင်းဖြတ်ခံရမယ်၊ သူပုန်တွေဆိုတာ လူသား တောင် စားတယ်” လို့ ၀ါဒဖြန့်ခံထားရတဲ့ အဲဒီတပ်သားဟာ တောထဲမှာ သူနဲ့ရွယ်တူ ကျောင်းသား ရဲဘော်ရဲမေတွေကို တွေ့လိုက်တော့ အတော်လေးအံ့သြသွားခဲ့တယ်။ သူ့ကို နားလည်မှုနဲ့ နွေးနွေးထွေးထွေးဆက်ဆံခဲ့တဲ့ ကျောင်းသား ရဲ ဘော်ရဲမေတွေအတွက် သူပြန်ခါနီးမှာ ကဗျာလေးတပုဒ် ရေးသွားပေးခဲ့တယ်။
ရှေ့တန်းစခန်းအသီးသီးက ရဲဘော်တွေရဲမေတွေတဖွဲဖွဲ နောက်တန်းဗဟိုကို ပြန်ရောက်လာချိန်
ရှေ့တန်းပြန်ကြိုဆိုပွဲတွေ၊ ရဲဘော်ရဲမေတွေအချင်းချင်း ပြန်လည်တွေ့ကြစုံကြ၊ အလွမ်းတွေသယ်ကြ၊ အားလုံးစုံစုံညီညီ တက်တက်ကြွကြွနဲ့ ပျော်ရွင်ခဲ့ကြပြီး ရှစ်လေးလုံးအခမ်းအနားကို အကြီးအကျယ် ကျင်းပပြီးကြတဲ့နောက်မှာပဲ။
(အဲဒီလို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပြီး ၁၉၉၁ ရှစ်လေးလုံးအခမ်းအနားပြီး နောက်ပိုင်းမှာတော့ စည်းရုံးညီညွတ်မှု ပြိုကွဲပြီး သံသယကိုယ်စီဖြစ်နေကြတဲ့ အချိန်မှာပဲ ဗန်းမော်ရင်းဟာ အကြီးအကျယ် ထိုးစစ်ဆင်တာခံခဲ့ရတဲ့အတွက် အ ဖမ်းခံထားရသူတွေထဲက မလိုက်နိုင်တဲ့ ရဲဘော်ဝင်းနောင် (ရန်ကုန်၊ သင်တန်းဆရာ) ကို သတ်ခဲ့ရပြီး ကျန်လူတွေကို အ ခက်အခဲအမျိုးမျိုးကြားကနေ ဗဟိုအရောက် ခေါ်လာခဲ့ကြရတယ်။ ဗန်းမော်ရင်းကတော့ ရန်သူ့လက်ထဲကျ ရောက်သွား ခဲ့ရတယ်။ တိုက်ဆိုင်မှုပဲ ဖြစ်မှာပါ)
(၂)
ဦးဆောင်သူ အချင်းချင်းကြားက ပါဝါ
ဥက္ကဋ္ဌ ရဲဘော်ထွန်းအောင်ကျော်၊ အတွင်းရေးမှူး ရဲဘော်အောင်နိုင်တို့က အစကတည်းက တိုက်ရေးခိုက်ရေးထက် နိုင်ငံ ရေး၊ စည်းရုံးရေး၊ မဟာမိတ်ဆက်ဆံရေး၊ ယူဂျီလုပ်ငန်းတွေဘက်ကို ပိုအားသာတဲ့သူတွေဖြစ်လို့ သူတို့လုပ်ချင်တာကို သူ တို့ လုပ်ကိုင်ခွင့်ရရှိနေတဲ့ အနေအထားမျိုးမှာ တိုက်ခိုက်ရေးကို ဦးဆောင်နေတဲ့ ရဲဘော်သံချောင်း၊ ရဲဘော်မျိုးဝင်းတို့ အ ပေါ် ပြဿနာတစုံတရာ မရှိနိုင်သလို၊ စစ်ဦးစီးချုပ် ရဲဘော်သံချောင်းနဲ့ ဒုစစ်ဦးစီးချုပ် ရဲဘော်မျိုးဝင်းတို့ကလည်း အစက တည်းက နိုင်ငံရေး၊ စည်းရုံးရေးတွေ သိပ်စိတ်ဝင်စားသူတွေမဟုတ် တိုက်ဖို့ခိုက်ဖို့လောက်ပဲ စိတ်ဝင်စားသူတွေ။ သူတို့ လုပ်ချင်တဲ့အလုပ်ကို သူတို့လုပ်နေရတဲ့အပြင် လက်နက်ကိုင်တပ်ကို အဓိကထားတဲ့အဖွဲ့ဖြစ်တာကြောင့် စစ်ရေးနဲ့ပတ် သက်တဲ့ အမြင့်ဆုံးအာဏာတွေကို ရရှိထားပြီး ရဲဘော်တွေကို လက်တွေ့ဦးဆောင်မှုပေးနေရတဲ့ အနေအထားမျိုးမှာ ရဲဘော်တွေကြား သြဇာအာဏာ ရှိနေပြီးသားဖြစ်တဲ့အတွက် ရဲဘော်ထွန်းအောင်ကျော်၊ ရဲဘော်အောင်နိုင်တို့ ဥက္ကဋ္ဌ၊ အ တွင်းရေးမှူးလုပ်နေတဲ့အပေါ် တစုံတရာ ပြဿနာရှိနေစရာ အကြောင်းမရှိသလို (၁၉၉၀ – ၁၉၉၁) ကျောင်းသားတပ်မ တော် (မြန်မာပြည်မြောက်ပိုင်း) ဗဟိုကော်မတီ ဖွဲ့စည်းပုံအရလည်း ပြဿနာမရှိခဲ့ပါဘူး။
ဒီအနေအထားအထိတော့ ဘာအရောင်အသွေးမှ မစွန်းထင်းခဲ့သေးတဲ့ ကျောင်းသားတပ်မတော်ပါပဲ။ ဒါပေမဲ့ အဲဒီခေါင်း ဆောင်တွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ လူတစုက တစုံတခုသောရည်ရွယ်ချက်အတွက် ABSDF(မြန်မာပြည်မြောက်ပိုင်း) ကို ABSDF (အထက်ဗမာပြည်) အဖြစ် ပြောင်းလဲနိုင်ဖို့ မြောက်ပိုင်းဗဟိုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ကြမယ် ဆိုရင်တော့ အဲဒီအရာသာလျှင် ပြဿနာရဲ့အရင်းခံ ဖြစ်လာမှာတော့ မုချမလွဲပါပဲ၊ ဒီအရိပ်အခြေတွေကို သိရှိနားလည်နေတဲ့ ယူဂျီ လမ်းကြောင်းကို စီးထားနိုင်တဲ့ ရန်သူ့သူလျှိုတစုကလည်း ဒီဟနေတဲ့အရာကိုအသုံးချပြီး လက်ဦးမှုယူ ဖြိုခွဲဖို့အတွက် ကြို တင်ပြင်ဆင်မှုတွေ ရှိနေပြီးသား ဖြစ်နိုင်ပါတယ်။
ဘာကြောင့် ကျမ ဒီလိုယူဆခဲ့ရတာလဲ။ ဘယ်သူမှ မငြင်းနိုင်တာက ဒီအဖြစ်အပျက်တွေ ဖြစ်လာတဲ့အချိန်ဟာ ခေါင်း ဆောင်တွေနဲ့ ရဲဘော်ရဲမေတွေအားလုံး တက်တက်ကြွကြွ ညီညီညွတ်ညွတ်နဲ့ အားမာန်အပြည့်ဖြစ်နေကြတဲ့အချိန် မိုး ညှင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့ထဲအထိ ၀င်ချနိုင်၊ လက်နက်တွေ သိမ်းပိုက်နိုင်နေတဲ့အချိန်၊ ၀ါဒဖြန့်ချီရေးအနေနဲ့လည်း အအောင်မြင်ဆုံး အချိန်၊ စစ်ချီတဲ့ အခမ်းအနားတွေမှာတောင် ဘင်ခရာအဖွဲ့တွေ ဖွဲ့ထားနိုင် ရဲဘော်ရဲမေတွေကို တက်ကြွ မှုတွေ မြှင့်ပေးနိုင်တဲ့ အချိန်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
အပိုင်း (၁) ၊

ဆွမ်းကြီးလောင်းမယ့်လူ၊
အချွန်နဲ့မ အဆင်းမှာ ဘီးတပ်ပေးမယ့်သူ၊
ခံစားမှုက အဓိက၊ ကျန်တာတွေက သာမညဆိုသူ၊
ဆိုသူ … ဆိုသူ … ဆိုသူတွေက အများစုမို့
အမကြီးရေ …
သံခမောက်သာ ဆောင်းထားပေတော့။
Thit Moe ရဲ့စနစ်တကျ ဝေဖန်ထောက်ပြမှုများကို အရမ်း သဘောကျမိလို့ဒီမှာဖေါ်ပြပါရစေ။
ရန်သူ့လူစစ်စစ်ကိုတောင် လမ်းစရိတ်ပေးပြီးပြန်လွှတ်ခဲ့တဲ့ ခေါင်းဆောင်တွေက
ကျောင်းသားအချင်းချင်း ဘာကြောင့် ရက်ရက်စက်စက် စစ်ဆေးခဲ့ကြတာလဲ?
ဘာကြောင့် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ကြတာလဲ?
ဘာကြောင့် အယောက်တရာလောက်ဖမ်းခဲ့တာလဲ?
ဘာကြောင့် မိဘတွေလာခေါ်တဲ့အခါမှာ ပြန်မလွှတ်ခဲ့ရတာလဲ?
ဘာကြောင့် ထွက်ပြေးမှလွတ်မြောက်ခဲ့ရတာလဲ?
ဒီလူတွေကိုရော ဘာကြောင့် လမ်းစရိတ်ပေးပြီး ပြန်မလွှတ်တာလဲဗျာ???
မိုးဇော်အောင်
ကျနော်တို့ထောင့်စုံအောင်လေ့လာရတာပေါ့။
ဒါပေမဲ့ဗျာဒေါက်တာနိုင်အောင်တို့ကိုမိုးသီးဇွန်လို
လူမျိုးတွေကတောင်။သူတို့မသိပါဘူး။ဒါမျိုးတွေသူတို့
လက်မခံနိုင်ပါဘူးဆိုပြီးပြောနေရတယ်။
ခင်ဗျားရဲ့စေတနာကောင်းပေမဲ့တင်ပြပုံလိုအပ်ချက်
ကြောင့်ခံထားရသူတွေရဲ့ဒေါသကခင်ဗျားအပေါ်ကျလာ
မှာကျိန်သေပဲ။အသတ်ခံရသူတွေအားလုံးအာသူလျိုတွေပဲထားအဲဒိအထဲမှာကျောင်းသားတစ်ယောက်ပါသွားခဲ့ရင်
တောင်ခံရသူတွေဖက်ကနစ်နာလွန်းပါတယ်ဆိုတာကိုတော့မလှိုင်သတိပြုစေချင်တယ်။ဆက်ရေးပါ။စောင့်ဖတ်ပါမည်။
(ကို)သံချောင်းတို့၊(ကို)မျိုးဝင်းတို့ရဲ့စရိုက်တွေနဲ့၊ မခင်ရွှေလှိုင်ရဲ့ဆောင်းပါးမှာပါတဲ့သူတို့ရဲ့စရိုက်တွေက အစွန်း၂ဖက်ရောက်နေသလိုဘဲ တကယ်ခံခဲ့ရတဲ့သူတွေ ဘက်က မျမျတတတော့ ရေးစေချင်ပါ တယ်။ (ကို)မျိုးဝင်း မှာ သင်းသင်းအပေါ် ထားတဲ့ စိတ်ထားမျိုးတကယ်တန်း ရှိတယ်ဆိုရင် မခင်ချိုဦးဟာ ထောက်လှမ်းရေး က ဖြစ်စေအုန်းသူမအပေါ်နှိပ်စက်မှုပုံစံမျိုး(သူကိုယ်တိုင် ကျူးလွန် တာမဟုတ်တောင်)ကျူးလွန်တဲ့သူတွေအပေါ်တားမြစ် သင့်ပါ တယ်၊
ဖုံးလေ သမျှ ကုန်းလိုက်တိုင်း ပေါ်ပေါ်နေလို့ပါ။
မင်းတို့ပြန်ချင်ရင် ပြန်သာသွားကြတော့။
အော့နှစ်လုံး နာတယ်။
Look!! I address ‘Ko’ to Ko Tun Aung Kyaw as he deserves our repsect even though he was much younger than us…
Agree with most comments except some like Sit Min Aung who said emotionally.
Sit Min Aung! Never compare our students to Burmese army. You shoudln’t compete in bad things…I understand your feelings which came from being suppressed by those heartless militarymen…And we all already know how Burmese militray is cruel…
Khin Shwe Hlaing should stop taking side and covering up.
အဲဒါသူလုပ်ခဲ့တဲ့ ဇတ်လမ်း၊ ကျမက သူ.ကိုအကာအကွယ်ပေးပြီး အသားအနာခံ ကာကွယ်ပေးခဲ့ပြီး ရခဲ့တဲ့ ဇတ်လမ်း၊ ဟုတ်ပြီလား။ (နန်းအောင်ထွေးကြည်)
http://8-8-88.blogspot.com/2012/03/absdf_28.html
ဝါဒီတွေဘဲ
Please see the following of Bogyoke’s sincere confession, I prefer most is his sincerity and leadership responsibility.
“ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူမှု ဥပမာ နှစ်ခု”
“ဘုရင်ခံက သူကြီးကွပ်မျက်မှု အကြောင်းကို မေးမြန်းသောအခါ ဗိုလ်ချုပ်အောင်ဆန်းက ရှောင်လွှဲဖုံးကွယ်ခြင်း အလျဉ်းမပြုဘဲ ယင်းအမှုအတွက် သူ့တွင် တာဝန်ရှိသည်ဟု မဆိုင်းမတွ ပြောသည်။ ဣနြေ္ဒမပျက် တည်ငြိမ်စွာ ပြောခြင်းဖြစ်သည်။ ဘုရင်ခံပင် အံ့သြသွားသည်။ ထိုသူကြီးကို ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ခုံးရုံးက စစ်ဆေးပြီး သေဒဏ်အပြစ်ပေး၍ ကွပ်မျက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံကို ပြောသည်”
http://www.mingalarpar.org/2011/04/blog-post_17.html
ကြားဖြတ်ရွေးကောက်ပွဲလေးပြီး ပြီးလို့ဒေါ်စုနဲ့ပါတီကိုယ်
စားလှယ်များရွေးကောက်ခံရပြီးပါက အခုပြသာနာဖြစ်တဲ့
အေဘီမြောက်ပိုင်းကိစ္စက မြောက်ပိုင်းမှာပါဝင်ခဲ့သူအား
လုံးနဲ့ ကျန်ရစ်သူအားလုံး စားပွဲဝိုင်းမှာတွေ့ဆုံပြီးအဖြေ
ရှာနိုင်ရင်ပိုကောင်းပါလိမ့်မယ်၊အခုလို ၀က်ဆိုဒ်တွေ.ဖေ့
ဘုတ်ခ်တွေကနေ စာနဲ့ရေးပြီးတဖက်နဲ့တဖက်နဲ့ပြောဆို
နေရင်တော့ ဘယ်တော့မှပြီးမှမဟုတ်ပါဘူး ၊အမှန်အ
တိုင်းလည်း လက်သည်တရားခံပေါ်စေချင်ပါတယ်ဗျား.
ကျောင်းသားသမိုင်းမှာနံမည်အပျက်ဆုံးပါ။ ဖြစ်ရပ်မှန်အမြန်ပေါ်ပေါက်ပါစေလို့ ဆုတောင်းပါရင်းမျှော်လင့်လျှက်..
ရှုပ်လေ ဖြေမရ
ကျောင်းသားတပ်မတော် အပိုင်းအစ။
ငါတို့ကျောင်းသားရဲဘော်ကိုဓားနဲ့မွန်းပြီး သူအင်္ဂါကို
သူပါးစပ်ထဲထည့်ပြီး ရွာထဲလမ်းဘေးမှာထားတာ ကိုမြင်
ဘူးလားကွ။နောက်လည်းသတ်မယ်ကွာ။ပန်းနဲ့ပေါက်နေတာမဟုတ်ဘူး။စစ်တိုက်နေတာ။စစ်မြေပြင် စစ်ဥပဒေပဲ။
လူအခွင့်အရေးအော်ချင်ရင် စစ်တိုက်နေတဲ့အချိန် မင်းတို့ ကိုခေါ်လိုက်မယ်။ပြေးမယ်မကြံနဲ့။
မင်းတို့သတ်တာက စစ်မြေပြင်မဟုတ်ဘူးကွ မင်းတို့
စခန်းထဲမှာသတ်တာ။ စစ်တိုက်နေတုံးမဟုတ်ဘူးဟ
လနဲ့ချီဖမ်းထားပြီး တရိရိနှိပ်စက်ပြီးသတ်တာ။
လူမဆံမှုတွေပေါ်လာတာကပဲ
မအံသြတော့ပါလေ
လဲ ဘယ်သူလဲပြောဦးလေ မင်းလိုစောက်ရူးတွေ ကြောင့်
စစ်အစိုးရ သက်ဆိုးရှည်ခဲ့တာ
ထောက်လှမ်းေ၇းပါသည်ဖြစ်စေ..မပါသည်ဖြစ်စေ..
ဒီမိုကေ၇စီအေ၇းအတွက် တိုက်ဖို. အမှန်တ၇ားဘက်က၇ပ်တည်ပေးဖို.အတွက်..
သူပုန်လုပ်လာတဲ.ကျောင်းသားခေါင်းဆောင်တွေက
ခြေဖြတ်.လက်ဖြတ် .. ခေါင်းခုတ်ဖြတ်တယ် ဆိုတာတော.မဖြစ်သင်.ပါဘူး…
ထောက်လှမ်းေ၇းလို.မသင်ကာသူကို တပ်ကထုတ်ပယ်
ိုနိုင်တာပဲ..ထောင်ချထားနိုင်တာပဲလေ..တ၇ားဥပဒေအ၇စီ၇င်နိုင်တာပဲ…ဘာကြောင်.သတ်၇တာလဲလို. မဖြေပဲ..ထောက်လှမ်းေ၇းကြောင်.ပါ..ဟိုဟာကြောင်.ပါအကြောင်းပြတာကတော. ကလေးကလားဆန်လွန်းပါတယ်..လက်နက်ကိုင်တိုက်နေကြတဲ. လူတွေ တပ်တွေက တော. သူလျှို လွတ်တာဆန်းတာမှမဟုတ်တာ..ဒါကို သိအောင်ဖော်ထုတ်ပြီး အေ၇းယူယုံပါပဲ…ဒီမိုကေ၇စီအေ၇းအတွက်တိုက်နေတဲ. လူ(အထုးသဖြင်.ဒေါ်ခင်ေ၇ွလှိုင်က ဘယ်လိုတိုက်ခိုက်မှူမျိုးကိုမဆို တုန်.ပြန်မှာမဟုတ်ဘူးလို.ပြောတာက အဝေဖန်မခံနိုင်တာကိုပြတာ..ငါ.စကားနွား၇ ပြောတဲ.
လေသံပါပဲ..ဒါမျိုးစိတ်ဓာတ်နဲ. ဒီမိုကေ၇စီအေ၇းတိုက်ပွဲဝင်နေတယ်ဆိုတာ မယုံနိုင်စ၇ာပါပဲ)….၇န်သူသူလျိုမပါဘူးလို.ဘယ်သူမှ
မငြင်းပါဘူး..လူတွေမေးခွန်းထုတ်ချင်.သိချင်နေတာက ဘာကြောင်. လူပေါင်းများစွာကိုသတ်၇တာလဲ..ဖမ်းထား၇တာလဲ.
ဒေါ်ခင်ေ၇ွလှိုင်ပြောသလို ကိုထွန်းအောင်ကျော်.ကိုချိုကြီးနဲ. ဦးစိန်တို.က အစီအစဉ်၇ှိ၇ှိထိုးကျွေးခံလိုက်၇တာ သိနေတုန်းနဲ.ဘာလို.သတ်၇တာလဲ..ထောက်လှမ်းေ၇းမှန်း၇ိပ်မိနေတာတောင် ပေါ်အောင်မဖော်နိုင်ပဲနဲ.
ခေါင်းဆောင်တတ်လုပ်နေတာ အ၇ည်အချင်းမ၇ှိတာ
ပေါ်လွင်လွန်းပါတယ်.. ဖွတ်မိကျောင်းဖြစ်မြစ်မချမ်းသာတာ သဘာဝပါ…ကျတော်ေ၇းတာလဲများသွားပြီး
စာတစ်စောင်ကိုဖတ်လိုက်ရင်ရေးတဲ့သူရဲ့အာဘော်ကိုသိနိုင်ပါတယ်။ ဘယ်ဘက်ကရပ်တည်တယ်ဆိုတာလည်းပေါ်လွင်ပါတယ်။ ကိုသံချောင်းနဲ့ ကိုမျိုးဝင်းတို့ရဲ့ စွမ်းရည်တွေကိုဖော်ထုတ်တာမှာ ကျန်နေတာတွေရှိပါသေးတယ်။ စွပ်စွဲခံရသူတွေကိုဘယ်လို သွေးအေးအေးနဲ့ခေါင်းဖြတ်သတ်ခဲ့ပုံတွေကိုလည်းထည့်ပြောမှပြည့်စုံမှာပေါ့။အဲ့ဒီတုန်းကအ၀တ်အစားမပါဘဲအသတ်ခံခဲ့ရတာ မခင်ချိုဦးမဟုတ်ဘဲ မခင်ရွှေလှိုင်ရဲ့ညီမရင်းချာဆိုရင်ရော (ဒီလိုစာမျိုးရေးပါဦးမလား)
ကနားထောင်ပြီးတဖြည်းဖြည်းနဲ့နားလည် လာတယ်။
သန်းဇော်တို့ ဇော်ဇော်မင်းတို့ကကောထောက်လှမ်းရေး မဖြစ်နှိုင်ဘူးလား ဒေါ်လှိုင်
ကျနော်ကတော့ထောက်လှမ်းရေးဟုတ်လား မဟုတ်လားဆိုတာကိုသိတ်စိတ်မဝင်စားဘူး
အမှန်တကယ်လဲ အဖမ်းခံရတဲ့သူတွေက ဓာတ်ပုံလဲမပို့နိုင်ဘူး။ အရေးကြီးတာက
အေဘီ အဖွဲ့ဟာ လူတွေကို လက်တွေခုတ်ဖြတ်၊ ခေါင်းတွေခုဖြတ်၊ မိန်းမတွေကိုအရှက်တကွဲဖြစ်အောင်လုပ်
မုဒိန်းကျင့်ပြီးသတ် တာတွေ လုပ်ခဲ့သလား မလုပ်ခဲ့ဘူးလားဆိုတာဘဲစိတ်ဝင်စားတယ်ဗျ
ကျန်တဲ့ ဘုန်းတော်ဖွဲ့တွေသိပ်မဖတ်ချင်ဘူးဗျာ
လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလားဆိုတာဘဲရှင်းရှင်းလင်းလင်းပြောပါဗျာ
စကားမစပ်
ဒီတခါစာရေးတာလက်နဲနဲတက်လာတယ်။ ပထမတခုကဒီလောက်အရေးအသားမကောင်းဘူး
တယောက်ယောက်ကများဝိုင်းရေးပေးထားသလားဘဲ