Friday, August 24, 2012

ကိုသန်းဝင်း၏ မေးခွန်းများ....

  • ကျနော်သည် ကျောင်းသားတပ်မတော် တွင် တာဝန်ရှိသူတဦးဖြစ်ခဲ့ပါသောကြောင့်မတရားမှုမှန်သမျှ ၊မမှန်ကန်မှူဟူသမျှကို ကျနော်သိသလောက် ၊ ကျနော်လက်လှမ်းမှီသလောက် ၊ကျနော်စွမ်းနိုင်သလောက်ဖေါ်ထုတ်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ် ၊ကျနော်ဟာတကယ် ခံစားခဲ့ရတဲ့ကာယကံရှင်မဟုတ်ပါ ၊ကျနော်လုပ်နိုင်စွမ်းမှန်သမျှလုပ်ခဲ့ပြီးပါပြီ ၊ကျနော့်အမြင်အရဆိုရင် အခုအချိန်မှာ ကာယကံရှင် တွေ (သို့ ) ကာယကံရှင်မိသားစုတွေရှေ့ကိုတဆင့်သွားမှသာ ကျနော်တို့ရှေ့ဆက်သွားလို့ရမှာဖြစ်ပါတယ် ၊ခင်ဗျားတို့ကိုကျော်ပြီး ရှေ့သွားလို့မရပါ ။ ခင်ဗျားတို့ ရပ်နေရင် ကျနော်တို့ရပ်နေရမယ် ၊ခင်ဗျားတို့တလှမ်းသွားရင် ကျနော်တို့တလှမ်းလိုက်လို့ရမယ် ၊အဲဒီတော့ ကျနော် ကာယကံရှင် (သို့ ) ကာယကံရှင်မိသားစုများကို မေးခွန်းထုတ်ပါရစေ ..

    ( ၁ ) ခင်ဗျားတို့ ဒီပြဿနာကို ဘယ်လိုဆက်သွာဖို့စဉ်းစားထားကြပါသလဲ..?
    ဘယ်လိုဆန္ဒရှိကြပါသလဲ ..?

    ( ၂ ) ခင်ဗျားတို့ ရှေ့က ပြတ်ပြတ်သားသားသွားမယ်ဆိုရင် ကျနော်တို့က နောက်ကဘာလုပ်ပေးရမလဲ..?

    ( ၃ ) ဒီပြဿနာကို ခင်ဗျားတို့က အခုလိုဘဲ အီးရော အီးရော သွားနေမယ်ဆိုရင်မကြာခင်ကာလမှာမှေးမှိန် ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာကိစဉ်းစားမိကြရဲ့လား..?

    ကာယကံရှင်များအနေနှင့် အဖြစ်အပျက်တွေကိုကြုံဖူးသလောက် ရေးသားတင်ပြတာလိုအပ်သလို ၊ ဒီမတရားမှုကိုလက်တွေ့ဖေါ်ထုတ်ဘို့ လိုအပ်တယ်လို့ ထင်ပါတယ် ၊ဘယ်လိုစဉ်းစားလုပ်ဆောင်နေကြပါသလဲ သိခွင့်ရရင်သိချင်ပါတယ် ၊ ကျေးဇူးတင်ပါတယ် ။
    · · · August 16 at 3:15pm


No comments:

Post a Comment