Sunday, August 5, 2012

နေ့သစ်ဆိုဒ်ထဲက အကိုတယောက်ရဲ့ ကွန်မန့်

နေ့သစ်ဆိုဒ်ထဲက အကိုတယောက်ရဲ့ ကွန်မန့်

by ဘရာဇီး ငှက်ရိုး on Saturday, March 24, 2012 at 10:57am ·
အဲဒီ မြောက်ပိုင်းလူသတ်မှုနဲ့ ပါတ်သက်ပြီး ငါတို့တပ်မှာ အကျေအလည် ရှင်းခိုင်းတော့ နိုင်အောင်က အခွေတစ်ခွေပို့ ပေးပြီး ငါတို့ အကုန်ကြည့်ခဲ့ရတယ်။ အဲဒီအခွေအရ ဒီလူသတ်မှုကို နိုင်အောင် ဗဟိုကော်မတီက တာဝန်ယူတယ်ဆိုတဲ့ ပါးစပ်ကတိ စကားကိုလဲ ကြားခဲ့ရတယ်။ ငါတို့ ကသာမာန်ရဲဘော်တွေပဲ။ ဒါပေမယ့် နိုင်ငံရေးမရှိတဲ့ စောက်ကန်းတွေ မဟုတ်တော့ နိုင်အောင့် ရှင်းလင်းချက်နဲ့ တာဝန်ယူချက်ကို ဘောပဲ ဆိုပြီး မိုးသီး ဖက်ပြောင်းခဲ့တယ်။ ပီးခဲ့တဲ့နှစ်က ငါချင်းမိုင်ရောက်တော့ အောင်နိုင်ဦးနဲ့ ကချင်အောင်နိုင်ကို ရှာပေးဖို့ ငါ့သူငယ်ချင်းကိုပြောတော့ ၊ ကိုယ်လုပ်စရာမလိုပါဘူး ဒီကောင်တွေကို ကောင်းကောင်းလုပ်မယ့်ကောင်ပေါ်လာလိမ့်မယ်စိတ်ချတဲ့ ငါ့သူငယ်ချင်းကပြောတယ် အောင်နိုင်တယောက် သွေးပျက်ပြီး ရူးမလိုလိုဖြစ်နေတယ် ဘာမှလုပ်မနေပါနဲ့လို့ ပြောတယ်။ ဒီခွေးမသားတွေသွေးပျက်ပျက် သတ်သေသေ ခွင့်လွှတ်လို့ ရမယ့်ကိစ္စတွေမဟုတ်ဘူး အဲဒီအချိန်က မာနယ်ပလောဖက်မှာလဲ နိုင်အောင့် ဖက်ရောက်သွားတဲ့ သူတွေက စစ်သားကွ နိုင်ငံရေးစကားမကြားချင်ဘူး ဆိုပြီး ကျောင်းသားချင်း ပစ်ကြခတ်ကြမယ့် အနေအထားအထိ လုပ်လာခဲ့ဖူးတယ်။ သူ့ ဦးလေးလဲ ပန်းသီးစားပြီးသေသွားပါတယ် လို့ ထပြီးဖောဖူးတဲ့ ထွန်းထွန်းအောင်တို့ မသေသေးပါဘူး ကချင်မှာ ငါတို့ ရဲဘော်တွေကိုသတ်ခဲ့တဲ့ကောင်တွေကို ရဲရဲကြီးအာမခံပြီး အောက်ခြေတပ်ရင်းတွေကိုတာဝန်ယူတယ်လို့ အာမခံခဲ့တဲ့နိုင်အောင့်နှုတ်စကားကို ငါကြားခဲ့တဲ့ ဒီနားက ပြန်တွေးတိုင်းကြားနေတုန်းပါပဲ။ အဲဒီအသတ်ခံရတဲ့သူတွေကို ငါလူချင်းမသိပါဘူး ။ ဒါပေမယ့် သွေးချင်းသိတယ်။ ငါတို့ ကျောင်းသားတွေ။ကျောင်း သားစိတ်နဲ့မတရားမှုကိုတော်လှန် ချင်သူတွေ။ အလစ်အငိုက်မှာ ကိုယ်နဲ့ယူနီဖောင်းတူ ၀တ်တဲ့ကောင်တွေကသတ်တာခံရတယ်။ နိုင်အောင့်ဗဟိုကပို့ တဲ့အခွေမှာ နန်းအောင်ထွေးကြည် ကို စစ်နေတာပါတယ် နန်းအောင်ထွေးကြည်က ခင်ညွန့် ရဲ့ ဘယ်လိုအမိန့် အရ ဘယ်လို recruit သူ့ ကိုလုပ်ခဲ့တယ် တာဝန်ပေးခဲ့တယ်ဆိုတာတွေကိုလဲပြောတယ်။ အဲဒီ ကျောင်းသူရဲမေ ကို သူတို့ က အဲဒါနန်းအောင်ထွေးကြည်လို့ ပြောတယ်။ ငါလဲမမြင်ဖူးဘူး နန်းအောင်ထွေးကြည်ကို အပြင်မှာ ။ ကြည့်ပြီးတော့လဲ ငါ မယုံဘူး စိတ်မကောင်းဘူး ။ အားလုံးသိအောင်ပြောချင်တာ အဲဒီအခွေကို နိုင်အောင့်လက်အောက်ခံတပ်တွေထဲက ငြိမ်မခံပဲ မေးခွန်းထုတ်တဲ့ ရဲဘော်တွေကို ပြခဲ့ပြီး justify လုပ်ခဲ့ကြတယ်။ ငါကတော့ ထွက်တယ် ၊ ဥက္ကဌ မိုးသီးဘက်ကို ပြောင်းခဲ့တယ်။ အမြဲလဲပြောခဲ့တယ် ဒီကိစ္စ ကို မရှင်းလို့ မရဘူး ။တချိန် ရှင်းကို ရှင်းရမယ် ရှင်းရင်လဲ တူသော အကျိုးနဲ့ရှင်းမှရမယ်ပြောခဲ့တယ်။ နောက်ပြီး အမျိုးသမီးရဲမေတစ်ဦးလဲတွေ့ ခဲ့ရတယ် သူ့ ကို NLD က စောင့်ရှောက်ထားခဲ့တယ် ။ သူ့ ခမျာ ဦးနှောက်တောင်မမှန်တော့ဘူး NLD လွတ်မြောက်နယ်မြေက ရဲဘော်တွေ သိကြမယ် အဲဒီအမကြီးကိုလဲ ပက်ပက်စက်စက် နှမချင်းမစာနာ လုပ်ခဲ့ကြတယ် ။ အဲဒါ နိုင်အောင်တို့ ၊ ဆယ်ပြားစေ့ ကျော်ကျော်တို့ ကို ရှင်းခိုင်းရမယ့်ကိစ္စပဲ ငါတို့ နှစ်ပေါင်းနှစ်ဆယ် မြိုသိပ်နေခဲ့ကြတယ်။အမြဲတန်းလဲ သတိရမနေနိုင်ခဲ့ဘူး။ မာနယ်ပလောကျပြီးချိန်မှာ ငါတို့  တွေနေစရာမရှိတော့ဘူး ။ ငါတို့ လှုပ်ရှားဒေသတွေ ဖိုးဝှီးကားတွေသိပ်ပေါလာချိန် တိုက်ပွဲဖော်ဖို့ မပြောနဲ့ ကိုယ့်ကို ရန်သူလက်ထဲ ထိုးမထည့်အောင်တောင်တော်တော်ကြိုးစားခဲ့ကြရပြီးနောက်ဆုံး အဖွဲ့ အစည်းနဲ့ဝေးရာ ကိုယ့်ဘ၀ကိုယ် ကျွဲကော်နဲ့ကပ်ပြီး ဒုက္ခသည်ဖြစ်မှန်းမသိဖြစ်ခဲ့ကြတယ်။ ပထမဆုံးငါ့မောင်းပြန်သေနတ်နဲ့ဝေးတဲ့ညဟာ၊ ငါတစ်ယောက်ထဲသားရဲတွင်းထဲပစ်ချခံခဲ့ရတဲ့ ကလေးတစ်ယောက်လို အားငယ်ခဲ့ဖူးတယ်။ ဒါပေမယ့် နေသားကျခဲ့ပါတယ်။ ဘ၀အသစ်မှာ ပန်းရံဆရာရဲ့အကူ အုတ်သည် ဘိလပ်မြေဖျော်ဘ၀နဲ့ပေါ့ ငါ့လက်ဟာ မြင်းတကောင်ရဲ့ ခွာတစ်စုံလောက်မမာကျောပေမယ့် ကြက်ဥကြော်လေးတစ်လုံး ထမင်းလေးတစ်ပန်းကန် ကျောချစရာနေရာလေးတစ်နေရာအတွက် ကြမ်းသင့်သလောက်ကြမ်းခဲ့ရတယ်။ အဲသလိုနဲ့ မွန်ဆရာတော်တစ်ပါးရဲ့ စောင့်ရှောက်မှုနဲ့ ငှက်ဖျားပြတ်ခဲ့ရပြီးသန်သန်မာမာအင်မတန်ခိုင်းကောင်းတဲ့ ထိုင်းနိုင်ငံရဲ့ ဈေးအပေါဆုံး workforce မှာ ထုံး အိတ် ဘိလပ်မြေအိပ်တွေထမ်းရင်းဟန်ရေးပြခဲ့ရတယ်။ တချို့ညတွေမှာ အင်မတန်နံစော်တဲ့ ထိုင်းတောအရက်ကို ငါ တန်ဘိုးထားတတ်လာပြီး ငါ့လက်ကြမ်းတွေနဲ့ငါ့ဆံပင်ရှည်တွေကို ငါ ပြန်ဖြီးသင်ရင်း တောထဲကငါတို့ ဘ၀တွေအကြောင်းတွေးမိတိုင်း မြောက်ပိုင်းလူသတ်မှုကိုချန်မထားခဲ့ဖူးဘူး။ ငါတို့ နှစ်နှစ်ဆယ်စောင့်ခဲ့ကြတယ်။ ငါတိုက်အမြင့်ကြီးတွေရဲ့ အရိုးစုတွေပေါ်က သူများနိုင်ငံကြီးရဲ့ ခန်းနားမှုတွေကို ၊ သူများသောက်ပြီးပစ်သွားခဲ့တဲ့ စီးကရက်တိုကလေးကိုမီးညှိရင်း အေးအေးဆေးဆေး ငေးခဲ့ဖူးတယ်။ အဲဒီတိုက်အမြင့်ကြီးတွေဟာအရိုးစုဘ၀က ဖက်ရှင်လှလှတွေနဲ့ရောင်းအားမြင့် အိပ်ယာကျယ်ကျယ်တွေဖြစ်သွားပြီဆိုတဲ့အချိန်မှာ အဲဒီတိုက်အမြင့်ကြီးတွေကို ငါပြန်ဝင်ခဲ့မရှိတော့ဘူးဆိုတာငါသိခဲ့ပြီးသားပါ။

ငါ့လိုပဲ ငါတို့ တောထဲကထွက်လာတဲ့ကျောင်းသားရဲဘော်တွေ သူတို့ ဇနီးရဲမေတွေနဲ့နှပ်တွဲလဲ ကလေးပေါက်စနလေးတွေဟာ သွပ်ပြားတွေနဲ့ ဆောက်ထားတဲ့အလုပ်သမားတန်းလျားလေးမှာ ဒီမိုကရေစီကို ပြန်အိပ်မက်မက်ကြတယ် ငါတို့ မျက်လုံးသေတွေနဲ့။ ငါတို့ အမိန့်ကိုဖီဆန်ခဲ့တယ်။ ငါတို့ ကျည်ဆန်တွေကို အာခံခဲ့တယ်။ ပြီးတော့ ငါတို့ အမိန့် ကိုနာခံခဲ့တယ်။ ငါတို့ ကျည်ဆံတွေကို ကျည်ဆံတွေနဲ့ရင်ဆိုင်ခဲ့တယ်။ အဲဒါအားလုံးငါတို့ အမိမြေလွတ်မြောက်ဖို့  : ပြည်သူတွေမငတ်ဖို့ ၊ သိက္ခာတရားတွေ၊ အေးချမ်းမှုတွေအတွက် ငါတို့ ယုံကြည်မှုအတွက် ငါတခါမှ မျက်လုံးချင်းဆိုင်မကြည့်ရဲဖူးတဲ့ ကောင်မလေးလဲ ငါ့မြို့ ကလေးမှာ သူ့သမီးတက္ကသိုလ်အပြန်ကို ဖုန်ထူထူကားဂိတ်ကလေးက ကြိုနေကျ ပို့ နေကျဖြစ်ခဲ့ပြီ။ ငါမွေးခဲ့တဲ့ငါ့ခွေးကလေးလဲ အိုသေသွားခဲ့တာ လေးငါးနှစ်ရှိခဲ့ပြီ။ မြောက်ပိုင်းလူသတ်မှု ၊ ပြည်တွင်း မှာ စစ်ထောက်လှမ်းရေးသတ်ခဲ့တာခံရသူတွေ၊ ထောင်ထဲမှာ သေခဲ့ရသူတွေလမ်းပေါ်မှာသေခဲ့ရသူတွေ၊ ဘယ်သူက ကျူးလွန်ကျူးလွန် အဲဒီကျူးလွန်မှုတွေအတွက် justice ကတော့ရှိရမှာပါပဲ။ ဒီနေရာမှာ မြောက်ပိုင်းလူသတ်သမားတွေကို ငါတို့ သင်ပုန်းမချေနိုင်ပါဘူး ။ ကဲ….ဘယ်လူသတ်မှုတွေကို ၊ ဘယ်သူတွေသင်ပုန်းခြေချင်ပါသလဲ.
· · Share

  • 28 shares
    • Ko Lin it lady is ma mimi khaing?
      March 28 at 6:26am · · 1
    • Ko Lin she in North Carolina some where ...
      March 28 at 6:28am · · 1
    • ဘရာဇီး ငှက်ရိုး အကို ကိုလင်းရေ... ကျေးဇူးပါအကို... ဆိုဒ်ထဲမှာ ဖတ်ရတာလေး မျှဝေချင်တာနဲ့ တင်ပေးလိုက်တာပါ... အဲ့ဒီအမကို အနူးအညွတ် တောင်းပန်ကြောင်း ပြောပေးပါဦး အကိုရေ... ပြီးတော့ အမှားကို ပြင်ဆင်လိုက်ပါဦးမယ်...
      March 28 at 6:32am · · 1
    • Aye Aye Soe Win Very nice and strong article indeed!...
      March 28 at 6:41am · · 4
    • Min Tharr အဲဒီအမျိုးသမီးနာမည်က မီမီခိုင်လို.ခေါ်ပါတယ်။ KNU ကလဲ ဖမ်းစစ်တယ်။ ပြီးတော့ ပြန်လွှတ်ပေးဖို. လုပ်နေတဲ့အချိန်မှာ နိုင်အောင်က ထပ်ဖမ်းပြီး လူမဆန်စွာနှိပ်စက်ခဲ့တာ။
      March 28 at 12:26pm · · 7
    • Pêrfêct Kiñg ဟုတ်လားအကို
    • ဘရာဇီး ငှက်ရိုး ကိုမင်းသား ပြောလိုက်မှပဲ ကျနော်ချစ်တဲ့ ဒေါက်တာကြီး ဒုက္ခရောက်တော့မှာပဲ... အမှုတွေက များတယ်ဗျာ...
    • Aye Aye Soe Win Don't worry..His propaganda team in Australia is launching a counter-image campaign against the victims---to be exact, quite unsuccessfully...
    • Min Tharr အများကြီးကျန်သေးတယ် ကိုငှက်ရိုးရေ။ ကိစ္စတစ်ခုမပြီးသေးလို. ငြိမ်နေကြတာ။ သူတို.ဌာနချုပ်ဒေါင်းခွင်မှာဆိုရင် တရားသံတွေ ညံနေတာပဲ သဘောပေါက်တယ်မဟုတ်လား။ အဖမ်းခံထားရသူတွေ အသက်ဘေးက လွတ်ပါစေကြောင်း ဘုရားကိုတိုင်တည်ပြီး ဆုတောင်းနေကြလို.လေ
    • ဘရာဇီး ငှက်ရိုး ကိုမိုးဆယ်.. အကိုရေ... ဘုရား ဘုရား ဘယ်နှယ့်တွေ ရေးချပစ်လိုက်တာတုန်း... ကာယကံရှင်ကို အားနာစရာဗျာ... ကျနော်တို့ သိထားကြပါတယ်... ချမရေး ရက်လွန်းလို့ ချန်ထားရတာ.....
    • Nicky Shein
      မီမီခိုင် ကို မနီလွိုင်စခန်းထဲမှာတွေ့ခဲ့ဖူးပါတယ်၊ အဲ့ဒီတုံးကတဲက တောထဲမှာ အနှိပ်စက်ခံခဲ့ရလို့ ကြောင်နေတဲ့ NLD က ရဲမေဟောင်းတယောက်အဖြစ် နှမချင်းစာနာစွာတွေ့ခဲ့ရဘူးပါတယ်၊ ခုမှလက်သည် အစစ် ဟာ ကမ္ဘာကျော်လူယုတ်မာ နိုင်အောင်မှန်းသိရတာပိုပြီးအသဲနာပါတယ
်။ အနှစ်နှ်ဆယ်ကျော်ကြာ သူတော်ကောင်းယောင်ဆောင်ခဲ့တဲ့ တော်လှန်ရေးရဲ့ ပဲ့ကိုင်နေရာကို ဒီလိုနည်းလမ်းတွေသုံးခဲ့လို့ ဒီနေရာကို ဒင်းတို့ရ လာခဲ့တာပေါ့။ တကယ်ရိုးသားစွာနဲ့ အသက်ကိုတောင်စတေးဖို့ လာခဲ့ကြတဲ့ တော်လှန်သူအပေါင်းဟာ ဒင်းတို့ကြောင့် မိမိတို့ ချစ်မြတ်နိုးတဲ့ သေနတ် နဲ့ တပ်တွေက အသီးသီးစွန့်ခွာခဲ့ကြရတာဟာ ဒင်းနဲ့အပေါင်းအပါတို့ရဲ့ နေ၇ာရူး အာဏာရူးခြင်းတွေရဲ့ အကျိုးဆက်တွေပါပဲ။ တော်လှန်ရေးကြီး တကယ်အဓွန့်ရှည်စေချင်ကြတာ ဒီမသမာကောင်နဲ့ ဝေစားမျှစား အပေါင်းအပါတစုကြောင့်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလွန်းလှပါပြီ။ ဒင်းတို့သာလျှင် တော်လှန်ရေးကို ခါးဖြတ်ရိုက်ချိုးသူများစစ်စစ်အဖြစ် သမိုင်းမှာ တွင်ကျန်စေရတော့မှာပါ၊ နိုင်အောင်အပါအဝင် ၈၈၈၈ ရဲ့ သစ္စာဖေါက်တွေ အလျင်အမြန်ကြဆုံးကြပါစေ။။။
    • Khin Maung Htun အားလုံးသိတဲ့ top secret......
      May 14 at 9:51am · · 1
    • Nyo Mintun ‎... ကျနော်တို့ သိထားကြပါတယ်... ချမရေး ရက်လွန်းလို့ ချန်ထားရတာ.....
      မီမီခိုင် မနီလွိုင်စခန်းထဲ မသွားခင် အားငယ်ရသူ မီမီခိုင် ကို bangkok suthi san မှာ နှမချင်းစာနာစွာတွေ့ခဲ့ဘူးပါတယ်၊ အများကြီးကျန်သေးတယ်ဗျာကာယကံရှင်ကို အားနာတယ်ဗျာ လူယုတ်မာတွေ ကိုးအသဲနာပါတယ်ဗျာ...
      May 14 at 10:49pm · · 2
       
      ( ဘရာဇီးငှက်ရိုးဖေ့စ်ဘွတ်ခ် မှကူးယူဖေါ်ပြပါသည် )

No comments:

Post a Comment