ဘီလူးမလား ယမင်းလား (သို.) Mata Hari?
by Aung Myat Thu on Saturday, June 30, 2012 at 12:46am ·
ကိုအောင်မိုးဝင်း၏ မြောက်ပိုင်းမှအရိုးတွန်သံများ ဆောင်းပါးများမှ စတင်ဖေါ်ထုတ်ခဲ့သော ABSDF မြောက်ပိုင်းလူသတ်မှုသည် ပြည်တွင်းပြည်ပတွင် လူသိများလာခဲ့ပြီး ဖတ်ရသူတိုင်း သိရသူတိုင်း တောက်တခတ်ခတ်နှင့် ရင်ထုမနာခံစားခဲ့၇ပေသည်။
အမှုမှန်ပေါ်ပေါက်ရေး ဖြစ်စဉ်ကာလအတွင်းတွင်လည်း တရားခံများ၏ ဘက်တော်သားများ။ အမှုမှန်ကို မပေါ်ပေါက်စေချင်သူများ၏ ထိုးနှက်ချက်အမျိုးမျိုး စွပ်စွဲချက်အမျိုးမျိုးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်၍ အမှန်တရားနှင့် တရားမျှတမှုအတွက် ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးနှင့် မတရားစွပ်စွဲသတ်ဖြတ်ခံခဲ့ရသော သူများဖက်မှရပ်တည်၍ တိုက်ပွဲဝင်လာခဲ့သော သူများလည်း များစွာပေါ်ပေါက်လာခဲ့သလို ထိုအမှုနှင့် တရားခံများကို ကာကွယ်စေချင်သူများ၏ အသံများမှာလဲ တိုးတိတ်မှိန်လျော့သွားခဲ့ရသည်။
အားရမိပါသည် အမှန်တရားနှင့် တရားမျှတမှုအတွက်။
မြောက်ပိုင်းပြန်ထဲမှလဲ လေးစားစရာကေါင်းသော အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြီးစားသော သူများလည်းပေါ်ပေါက်ခဲ့ပါသည်။ လေးစားမိသောသူများမှာ ကိုညီညီကျော်နှင့် ကိုညီညီ (ဆမားညီညီ) ဖြစ်ပါသည်။ ကိုမောင်မောင်( ရွှေကရ၀ိတ်) သည်လည်း အမှုမှန်ပေါ်ပေါက်ရေးနှင့် မြောက်ပိုင်းတွင် အဖမ်းခံရသောသူများ လွတ်မြောက်ရေးအတွက် ကြိုးစားမှုများအတွက် လေးစားမိပါသည်။
ဟုန်းဟုန်းတောက် ပြင်းထန်လာသော တိုက်ပွဲအရှိန်သည် ဧပြီလမှစ၍ တဖြည်းဖြည်းချင်း လျော့ကျသွားခဲ့ရာ ယခုအခါတွင် မည်သည့်အသံမှ မကြားရသလောက် တိတ်ဆိတ်ပြီး လှုပ်ရှားမှုမရှိသည်ကို တွေ.မြင်နေရပေသည်။ ထို.အတူ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့သော သူများထံမှ တစ်စုံတစ်ဦးတစ်ယေါက်၏ လုပ်ဆောင်နေမှုအပေါ် အားရကျေနပ်မှုမရှိသော လုပ်ဆောင်နေမှုများအပေါ် သံသယ၀င်နေသော အသံများကို ထပ်မံကြားနေရပြန်သည်။ မည်သို.ဖြစ်နေသနည်း။ နားလည်ရန်ခက်လာပါသည်။
ကိုအောင်မိုးဝင်းတည်ဆောက်ပေးခဲ့သော လမ်းကြောင်းသည် ရှင်းလင်းပြတ်သားပါသည်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် အင်နှင့်အားနှင့် ပြည်တွင်းပြည်ပ တိုက်ပွဲဝင်ခဲ့သလို တရားခံများကို တရားရေးလမ်းကြောင်းပေါ်တွင် အရေးယူရာတွင်လဲ အင်အားအပြည့်သုံး၍ ဆက်လက်တိုက်ပွဲဝင်ရမည်ဖြစ်သည်။
မိမိအရည်အချင်းဖြင့် အမှုမှန်ပေါ်ပေါက်ရေးကို မလုပ်ဆောင်နိုင်ခဲ့ပဲ။ ကိုအောင်မိုးဝင်းမှ အစပြု၍ မတရားမှု.ကို လက်မခံနိုင်သော သူများ၏ ပူးပေါင်းတိုက်ပွဲဝင်မှုကြောင့် ရရှိလာသော ရလဒ်ကို မရိုးသားသော စိတ်စေတနာဖြင့် လမ်းကြောင်းလွဲပြီး လွဲမှားစွာအသုံးချနေခြင်းကို အမှန်တရားနှင့် တရားမျှတမှုလိုလားသော မည်သူကမှ လက်ခံမည်မဟုတ်ပါ။ တရားရေးလမ်းကြောင်းပေါ် တရားခံများကို အရေးယူနိုင်ရန် လုပ်ဆောင်နေပါသည်ဟုဆိုကာ လူအများပါဝင်နိုင်မှုကိုလက်မခံ၊ မပါဝင်နိုင်အောင်ပိတ်ပင်ပြီး မိမိလုပ်ဆောင်ချက်ကို လှို.၀ှက်၍ အလုပ်မဖြစ်အောင်လုပ်ဆောင်နေခြင်း သက်သက်ဟု ထင်မြင်သံသယဖြစ်စရာများ ဖြစ်လာနေပါသည်။ ဟန်ဆောင်လုပ်ဆောင်နေခြင်းမျှသာဟု ယုံကြည်စရာအချက်များ ရှိနေပါသည်။
မြောက်ပိုင်းလူသတ်မှု အရေးသည် အမျိုးသားရေးကိစ္စဖြစ်သည်။ ထိုမျှအရေးကြီးသော ဖြစ်ရပ်ကို မတော်မတရား ရည်ရွယ်ချက်ဖြင့် ပပျောက်ရန်ကြိုးစားလုပ်ဆောင်နေပါက မည်သူပင်ဖြစ်ပါစေ ပြည်သူလူထုနှင့်တကွ ကျဆုံးသွားသော ၀ိဥာဉ်တို.၏ ဒဏ်ခတ်အရေးယူခြင်းကို ခံ၇မည်ဖြစ်ကြောင်း သတိပေးရေးသားလိုက်ပါသည်။
- 7 shares
- Min Tharr တော်တော်တော့ ရေးထားတာပဲ။ တစ်ခုတော့မေးပါရစေ ကျနော်ပဲ သေချာမသိလို.လား မသိဘူး Mata Hari ဆိုတာ ဘာလဲ။June 30 at 12:01pm · · 3
- Aung Myat Thu Mata Hari (Margaretha Geertruida "Margreeet" Zelle, က ဒတ်ခ်ျ် exotic dancer တစ်ယေါက်ပါ။ ပထမကမ္ဘာစစ်တုန်းက ဂျာမဏီကိုရော ပြင်သစ်ကိုရော double agent လုပ်ပေးခဲ့တဲ့သူတစ်ယေါက်ပေါ
့။ 1917 အောက်တိုဘာ ၁၅ မှာ ပြင်သစ်က သူ.ကိုစပိုင်မှုနဲ. ပစ်သတ်ခဲတယ်။ သူ. code name က H-21 ဆိုတာပဲ။ ဒါပေမယ့် သူတကယ်ဂျာမန်စပိုင်ဆိုတာကို ၁၉၇၀ ကျော်မှုဂျာမန်စာရွက်စာတမ်းတွေအရ တိတိကျကျသိခဲ့၇တာပါ။ June 30 at 12:09pm · · 5 - Nyunt Nyunt Wai 100% agree with you Ko Aung Myat Thu. Thank you for writing this article.June 30 at 9:33pm · · 1
- Aye Aye Soe Winသူ.ကို French firing squad တွေ က မောင်းမဖြုတ်ခင် မှာ မဒီ မာတာဟာရီ ကပြောတယ်။ ---စစ်သားလေးတွေ၊ ငါ မျက်နှာဖုံးမလိုဘူး။ ငါမျကိလုံးကို မဖုံးပါနဲ.။ မျက်နှာဖုံး မအုပ်ပဲ သေမယ်တဲ.။ စစ်သားတွေ ပစိချလိုက်တဲ. အချိန်မှာ မမ က အပြုံး တပွင်.နဲ. သူတို.ကို ကြည်.သွားတယ်။ သတ္တိကတော. မခေဘူးနော်။ လှလဲ လှ တယ်။ ကလည်းကတယ်။ ယုတ်ညံ.တဲ. မြန်မာ အစိုးရ အတွက်လား။ ၊ အလားတူပဲ ယုတ်ညံ.တဲ. သွေးဆာနေတဲ. မြောက်ပိုင်း စခန်း က လူသတ်သမားတွေအတွက်လား။ သွေးများစွာ စွန်းခဲ. သော ဖတ်ဝင်ခနိး အချို.ကို ဆရာ. အလိုကျ က ပြ အသုံးတော်ခံ သွားတဲ. သူ တဥိး သို. မဟုတ် အချို. ကရော မာတာဟာရိ လို သတ္တိ ရှိ မယ်လား။ မထင်ဘူး။ သတ္တိ ချငိးက တခြားစီ။June 30 at 10:31pm · · 8
- Nicky Shein အမှန်ပါပဲ၊ အားမလိုအားမရဖြစ်ရလွန်းလို့
ဘေးက အမုန်းခံ ဝင်အော်ပေးနေတဲ့သူတွေလဲ၊ မြင်းကမှ မလှုပ်လေတော့၊ မယ်ဘော်တို့လဲ ကဲခွင့်မရပါဘူး ခင်ဗျား။ July 1 at 12:26am · · 5 - Aye Aye Soe Winဒီ ဇတ်လမ်းတွဲ ကြီး ကို က မ္ဘာပေါ်ကအကောင်းဆုံးလှို. ၀ှက်ဆန်းကျယ် စီးရီး တွဲ တခုလို ရင်နာစွာ စိတ်ထိခိုက်မှု များစွာ နဲ. ဖတ်ပြီး--စိတ်ဆင်းရဲ ခဲ. တဲ. မိမိ ကိုယ်မိမိပဲ အပြစ်တင်လိုက်ပါတယ်။ မရိုးသားတဲ. သူတွေ အ များကြီးရှိတယ်။ ။ သူတို.ကတောင် ကိုယ်တွေ ကို ငါတို.လုပ်တာ မပိုင်ဘူးလားဆိုပြီး သူတို.ကောက်ကျစ်မှု အပါ် မှာ ဂုဏ်ယူနေကြမှာပါ။ လိမ်ညာလှည်.ဖျားသူမှန်သမျှ အနှေး နဲ. အမြန် ကျဆုံးပါစေ။ မျက်နှာ ၂ခုနဲ. လူတွေ လည်း သူတို.နဲ.အတူရောပါသွားပါစေ။
ရွံတယ်။ ဒါနောက်ဆုံးပြောတာပဲ။ July 1 at 7:09pm · · 1 - Nyunt Shwe သူ့အချိန်ရောက်လာမှာပါ၊ မမေ့မလျော့ချီတက်နေဖို့ပဲ အရေးကြီးပါတယ်။ ပါဝင်ပတ်သက်သူတွေ အကောင်ကြီးလေ ဖုံးဖိမှုတွေများလေပေါ့။ ဒါပေမဲ့ အခုသေတာက တဖြည်းဖြည်း ရုပ်လုံးပေါ်လေ ဆင်ဖြစ်လေဆိုတော့ နဂိုက လုံအောင်ဖုံးနိုင်ခဲ့တဲ့ဆိတ
်သရေဟာ ကျုံ့သွားပြီ၊ မကြာခင် မိုးကြိုးပစ်ခံရတော့မယ်။ ချီတက်ကြ။ July 3 at 8:01am · · 3Aung Myat Thu ဖေ့စ်ဘွတ်မှ ကူးယူဖေါ်ပြပါသည်
No comments:
Post a Comment