လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ အပိုင်း(၁)
by ဘရာဇီး ငှက်ရိုး on Thursday, April 5, 2012 at 3:09pm ·
လက်ရှိ
အေဘီအက်စ်ဒီအက်ဖ် ဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင် ဝရုန်းသုန်းကားနဲ့
မြောက်ပိုင်းကေ့စ်ထဲ မထင်မှတ်တဲ့ အချိန်မှာ ဝင်လာတဲ့အခါ လူတော့နဲနဲ
စုံလာပြီလို့ အမှုမှန်အဖြစ်နဲ့ အမှန်တရားအတိုင်း ပေါ်တော့မယ်လို့လဲ
ကောက်ချက်ဆွဲလိုက်တယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒေါက်တာနိုင်အောင်ရဲ့
တောင်းပန်စာ ဆိုတာကြီး ထွက်လာချိန်၊ ကိုမိုးသီးဇွန်ကလဲ ရှင်းလင်းချက်
ပြန်ထုတ်နေချိန်မှာ ဆိုတော့ မြောက်ပိုင်းမှာ အစုလိုက် အပြုံလိုက်
ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့မှုတွေကို ဝန်ခံနေကြချိန်မှ ထွက်ပေါ်လာတာလဲ
စောင့်ကြည့် လေ့လာနေသူများကို စဉ်းစားစရာ အတွေးများစွာ ပေးလာပါတယ်...
ပန်းချီထိန်လင်းရေးခဲ့ဖူးတဲ့ သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က, လူကက်ဆက် စသဖြင့်
ရေးသားသမျှတွေမှာ လက်ရှိဥက္ကဌကြီး ကိုသံခဲတို့ ဒေါ်လှိုင်တို့ မိသားစု
အင်မတန် ဆင်းရဲ ကျပ်တည်းနေသလိုလို ရေးထားတဲ့ အပြင်
ကိုဘုန်းကျော်(လူ့ဘောင်သစ်/ချစ်) ကပါ သနားစဖွယ် ချရေးလိုက်တော့ စာဖတ်သူတွေ
လက်ရှိဥက္ကဌကြီးကို ဂရုဏာ သက်မိ သွားကြပါတယ်... ကိုထိန်လင်းတို့က
ရင်းနှီးတဲ့ သံယောဇဉ်အခံလေးတွေ ရှိနေသေးလို့ ချန်ရေးသွားလို့
အပြစ်မမြင်မိပါ... မိတ်ဆွေအဖြစ် ရဲဘော်အဖြစ် သူငယ်ချင်းအဖြစ်
လက်တွဲဖူးကြသူချင်း ညှာညှာတာတာနဲ့ မထိပါးအောင် ရေးသားပေးတာ
မိတ်ဆွေကောင်းတို့ ကျင့်ဝတ်ပါ... ဒေါ်လှိုင်လဲ တပြုံးပြုံးနဲ့ ဖတ်နေမှာ
မလွဲပါဘူး... သနားစရာ လွမ်းမောဖွယ် ဘဝလေးပေါ့... ကျနော် ကိုယ်တိုင်လဲ ရှေ့က
သွားလေသူ ဥက္ကဌဟောင်းတွေနှယ် ဒို့ ဥက္ကဌကြီးကို လမ်းကြောင်းလေးတွေ ဘာလေးတွေ
မပေးလေချင်းလို့ ဒေါမနသတွေ ဘာတွေလဲ ပွားမိပါသေးတယ်... တကယ်ဆို
ကိုအောင်မိုးဝင်း အရိုးတွန်သံ အပိုင်းတွေ မရေးခင် ကတည်းကသာ ယခုလို
(ရိုးသားတဲ့ သာမာန် အောက်ခြေ ရဲမေလေး) အနေနဲ့ ဒေါ်လှိုင်
ဝင်ရေးပေးလိုက်ရင်တော့ စာရှု့သူတွေ အတွက် ပွင့်လင်း လွတ်လပ်တဲ့
အတွေးအမြင်လေးတွေ ရသွားမှာ မလွဲပါဘူး... သို့သော် အရေးကောင်းတုန်း
ဒိန်းဒေါင်းဖျက် ဆိုသလို ဥက္ကဌဟောင်းများ ဖြစ်တဲ့ ဒေါက်တာနိုင်အောင်,
ကိုမိုးသီးဇွန်တို့နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းဖို့ အလိုအပ်ဆုံးနဲ့
အဖြစ်သင့်ဆုံး အချိန်ကောင်းမှာ ဒေါ်လှိုင့် အမြင်ကို ဝင်ရေးလိုက်တာ
တိုက်ဆိုင်မှု မဟုတ်လောက်ဘူးလဲ ထင်ပါတယ်... ဒေါ်လှိုင်သာ ရိုးသားမှု ပြချင်သူ
စစ်စစ် ဖြစ်ခဲ့ရင်တော့ ကိုညီညီ(ဆမား)ရဲ့ ပုဂ္ဂိုလ်ရေးပါတဲ့စာ မရေးခင်မှာ
ချမရေးသင့်ဘူးလား... ကိုယ့်မထိ သရွှေ့ ဘယ်သူသေသေ ဘယ်သူအပုပ်ချခံရ ခံရ
ငါနဲ့မဆိုင် သလို နေခဲ့ပြီးမှ ငါ့တော့ ဖဲ့လာပြီ ဒါကြောင့် ငါဝင်သမမယ်
ဆိုတဲ့ သဘောနဲ့ ရေးသွားတဲ့ သာမာန် အောက်ခြေ ရဲမေလေးစာက ထူးဆန်းမှု အပြည့်
ဖြစ်မနေဘူးလား... မနန်းစောရဲ့ ကွန်မန့်တခုထဲမှာ
ကိုကြီး(ကိုထွန်းအောင်ကျော်)နဲ့ အမ(မခင်ရွှေလှိုင်)တို့က ပညာရေးလိုက်စားဖို့
စာဖတ်ဖို့ တိုက်တွန်းခဲ့လို့ အကိုတွေ အမတွေကို အမြဲတမ်း
ကျေးဇူးတင်မိကြောင်းလေး ဖတ်လိုက်ရဖူးပါတယ်... ဒေါ်လှိုင့်ကို အများစုက
အမှုမှန် ပေါ်ပေါက်ရေးမှာ အတော်လေး မျှော်လင့်ချက် ထားတယ် ဆိုတာတော့ ယုံမှား
သံသယ ဖြစ်စရာ မလိုပါဘူး... ဖေဖော်ဝါရီ ၁၂ရက်က ခေါင်းဖြတ်သတ်ပွဲကို
ရဲရဲတောက် သွားကြည့်ဖူးသူ အဖြစ် မြင်ခဲ့ သိခဲ့ ကြားခဲ့ သမျှ
ရေးသားပေးလိမ့်မယ်လို့လဲ ထင်နေကြပါတယ်... ကျနော် ကိုယ်တိုင်လဲ ဒေါ်လှိုင်သည်
ရဲဘော် ရဲဘက် စိတ်ရှိသူ မဟုတ်မခံ စိတ်ရှိသူ အမှန်တရား အတိုင်း
ဖြစ်စေမဲ့သူလို့ အများကြီး မျှော်လင့်ခဲ့မိပါတယ်... အပိုင်း(၁)မှာတော့
စကားချီး အပါအဝင် မန်းလေးမှာ ဒေါ်လှိုင်က ကိုကြီးထွန်းအောင်ကျော်,
ရော်နယ်အောင်နိုင်, ကိုစိုးလင်းတို့နဲ့ လက်တွဲ လုပ်ကိုင်ခဲ့တဲ့ အခြေအနေကို
တင်ပြသွားခဲ့ပါတယ်... တောထဲသွားဖို့ အတွက် စီစဉ်ပေးသူတွေ ဖြစ်တဲ့
ကိုမောင်မောင်(ရွှေကရဝိတ်), ကိုချိုကြီး(ဖရက်ဒီ အောင်သန်း)တို့ကို
မိတ်ဆက်ပေးပါတယ်... တောထဲ ရောက်မှ ကိုမျိုးဝင်း, ကိုသံချောင်းတို့နဲ့
တွေဆုံရပုံတွေ ရေးသားပါတယ်... ရက်ရှည်လများ နှိပ်စက် ညဉ်းပမ်း သတ်ဖြတ်
ကြသူတွေကလဲ ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခံရသူများကို ရန်သူ့သူလျိုတွေ
ဖြစ်ကြောင်း စွပ်စွဲခဲ့သလို (ခိုင်လုံ)တဲ့ သက်သေ အထောက်အထားတွေ ရှိကြောင်း
ထို့အတွက်ကြောင့် ကြိုးစင်တက်ရလျှင် ကြိုးစင်တက်မယ်လို့
ပြောကြောင်းရေးလာပါတယ်... စိတ်ဝင်စားစရာက နှိပ်စက် သတ်ဖြတ်သူ အားလုံးက
တညီတညွတ်တည်း ပြောခဲ့ကြသလား? ဆိုတာလေးတော့ စာဖတ်သူတွေကို ညွှန်ပြပေးပါ...
ရက်ရှည်လများ နှိပ်စက် ညဉ်းပမ်းခံရသူ တွေကလည်း ၄င်းတို့သည်
ရန်သူ့သူလျိုများ မဟုတ်ကြကြောင်း မတရားလုပ်တာ ခံခဲ့ရတဲ့ ကျောင်းသား
အစစ်အမှန်တွေပါလို့ ပြောကြောင်း ရေးလာပြန်ပါသေးတယ်... ရက်ရှည်လများ
နှိပ်စက် ညဉ်းပမ်းခံရသူ အားလုံးက တညီတညွှတ်တည်း ပြောခဲ့ကြပါသလား? ဒေါ်လှိုင်က
နှစ်ဖက်စလုံးရဲ့ အဆိုကို မထောက်ခံသူ (ကြားနေသူ)ဟုလည်း ထည့်ရေးလာပါတယ်... (ရန်သူ့သူလျှိုကို
ထွက်ပေါက် အသင့် ပေးထားပြီးသား ကာကွယ်ထားပြီး သားဖြစ်တဲ့ ကျောင်းသားကို
ကျောင်းသားက သတ်တဲ့အဖြစ်မျိုး ဖန်တီးခြင်း)လို့
လဲရေးထားပါသေးတယ်...အာဏာလုခြင်း ဆိုတာထက် ပိုပြီး ဖြစ်နိုင်ခြေ ရှိတဲ့
သုံးသပ်ချက်ပါ... အမှန်တရား အတိုင်း ဖြစ်စေချင်သူတွေ သတိချပ်သင့်တဲ့
သုံးသပ်ချက်ပါ... (((ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေထဲမှာ
ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ။ ဓါတ်ပုံမှတ်တမ်းတွေ
စစ်ထောက်လှမ်းရေးတွေလက်ထဲ၊ ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ်ဆိုတဲ့ လူ
တချို့ရဲ့ လက်ထဲကနေ အလျှိုလျှို ပလူပျံပြီး ထုတ်ဝေဖို့စာအုပ်အသင့်နဲ့အတူ
လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာနေပုံကလည်း “ဒါကို
စနစ်တကျ လုပ်သွားခဲ့တဲ့ “သူလျှိုတစု ရှိနေတယ်” ဆိုတဲ့ သင်္ကေတကို
ညွှန်ပြနေပါ တယ်။))) ဆိုတော့ ဗီဒီယိုမှတ်တမ်းတော့ (လုံးဝ)
မကြည့်ဖူးသေးပါ... ဓါတ်ပုံမှတ်တမ်း ဟုဆိုရာမှာ ကိုညီညီကျော်,
ကိုရဲလင်းတို့ နှစ်ယောက်ဆီက အပြင် ကိုမင်းဌေးဆီက ပုံတွေလောက်ပဲ
မြင်တွေ့ခွင့် ရကြပါသေးတယ်... ဘယ်ဓါတ်ပုံတွေကို ဆိုလိုမှန်း မသိပါ...
ဒေါ်လှိုင်ကသာ မည်သည့်ပုံ ဖြစ်ကြောင်း ထောက်ပြ လိုက်ရင် ရှင်းလင်း မြင်သာ
သွားနိုင်ပါတယ်... ထုတ်ဝေဖို့ စာအုပ် အသင့် ဆိုတာကတော့
ကိုမောင်မောင်(ရွှေကရဝိတ်) ထုတ်ဝေမဲ့ စာအုပ် တစ်အုပ်ပဲ ရှိပါတယ် (ကျနော်ဆို
စာအုပ် နာမည်တောင် မသိပါ)... သို့သော်လဲ ကိုရဲလင်း မိခင်ကြီးရဲ့
မြောက်ပိုင်းသွား ဗလာစာအုပ်က မှတ်တမ်းလေးကို ကျနော်စာမျက်နှာမှာ
တင်လိုက်တဲ့ အခါ ကိုမောင်မောင်(ရွှေကရဝိတ်)က ပုံပါအတိုင်း စာလာပြီး
ရေးသွားတာလေးကိုပါ သံသယ များကင်းရှင်းစေရန် တင်ပြပေးလိုက်ပါတယ် ခင်ဗျာ...
အပိုင်း(၁) အတွက်တော့ ဒီလောက်ပါပဲ ခင်ဗျာ...


- 17 shares
- Ni Lynnကျနော်နဲနဲပါးပါး ဝင်ဖတ်ကြည့်တယ်။ တော်တော်စိတ်ပျက်စရာကောင်းတ
ယ်ဗျာ။ လူသတ်သမားတွေကို ကာကွယ်နေတာ။ ထောက်လှမ်းရေးဟုတ်စေဦး၊ ခြေထောက်ထဲ သံချောင်း မီးဖုတ်စရာမလိုဘူး။ လက်မှာ မိုင်းချည်ပြီးဖောက်လို့မရဘူး။ ဒါ့ထက်ဆိုးတာတွေရှိသေးတယ်။ ဒီမိန်းမလဲ တရားခံဖြ စ်နိုင်တယ်။ ထောက်လှမ်းရေးဖြစ်နိုင်တယ်။ထောက်လှမ်းရေးစစ်စစ် ဖြစ်တယ် မဖြစ်ဘူး ဆိုတာထက် “ဘာကြောင့် ဒီလို နှိပ်စက် ညှင်းပန်း” ခဲ့တာလဲ ဆိုတာ ပိုစိတ်ဝင်စားတယ်။ သေသူမခင်ချိုဦးကို သိတ်ခါချထားတာကလဲ အောက်တန်းကျတဲ့ သူ့စိတ်ကိုပေါ်လွင်စေတယ်။ April 5 at 6:56pm · · 10 - San Yu မခင်ရွှေလှိုင်ရေ၊ငါတို့ကအမှ
န်တရားရဲ့မျက်နှာစာတစ်ခုကို ပဲ ကြည့်ပြီးစောင့် ဖတ်နေတာမို့ ခိုင်လုံတဲ့အချက်အလင်တွေကို ပဲ တင်စေချင်ပါတယ် April 5 at 7:25pm · · 6( ဘရာဇီးငှက်ရိုးဖေ့စ်ဘွတ်ခ်မှကူးယူဖေါ်ပြပါသည် )
No comments:
Post a Comment