မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁) မှ ကွန်မန့်များ
by ဘရာဇီး ငှက်ရိုး on Thursday, March 29, 2012 at 1:48pm ·
ကိုကောင်း March 27, 2012
သပ်လျှိုပြီးလုပ်လုပ် အစီအစဉ်ရှိရှိပဲလုပ်လုပ်
အာဏာလုလို့ပဲသတ်သတ်
သူလျှိုမဟုတ်သူကျောင်းသားသာမက
သူလျှိုပဲဖြစ်ဖြစ် သူလျှိုဝမ်းကွဲယောက်ဖပဲဖြစ်ဖြစ်
ကျောင်းသားဥပဒေအရတော့ခေါင်းဖြတ်သတ်လို့ရချင်
ရမယ် ယဉ်ကျေးလူ့အဖွဲ့အစည်းမှာတော့မရဘူး
လုပ်သူကိုအပစ်ပေးရမယ် လုပ်ဖို့တာဝန်ပေးသူကိုလည်း
ဖော်ထုတ်အရးသူရမယ်
လုပ်ရဲရင်ခံရဲကြပါ Reply
Phome March 27, 2012
မခင်ရွှေလှိုင်၊ခင်ဗျားတခုဘဲမေးမယ်၊စပိုင်ဟုတ်ခြင်းမဟုတ်ခြင်းကအဓိကကျသလား၊ညှင်းဆဲသတ်ဖြတ်ချင်တဲ့အကျင့်ဆိုးကအဓိကကျတာလား၊စပိုင်တယောက်မိဖို့ကိုယ်လူ့ဘယ်လောက်ဘဲစတေးရစတေးရလုပ်ရမှာလား၊ခင်ဗျားကအခုမှအသံကောင်းလာဟစ်မနေနဲ့၊အကြီးအကျယ်မှားခဲ့တာကိုဖုံးကွယ်ဖို့ခလေးညာဏ်လောက်နဲ့လာမဖြီးစမ်းပါနဲ့၊ခုတော့ကျနော်စမားပြောတာလုံးဝယုံသွားပြီ၊”ကျမကတော့ နှစ်ခုစလုံးကိုလက်မခံချင်တဲ့သူ”လို့မင်းကနှစ်ဖက်စလုံးကိုသရေပွဲချင်တယ်ပေါ့ဟုတ်လား၊ငါသာအဲဒါမျိုးအသတ်ခံခဲ့ရရင်ဆိုတဲ့ကိုယ်ချင်းစာစိတ်မင်းမှာမရှိတဲ့အတွက်မင်းဟာယောကျာင်္ံးတပိုင်းမိန်းမရိုင်းဘဲပေါ့
Reply
Thu Htut March 27, 2012
Based on hate and anger to military regime transformed to fear and suspicious then finally relinquish to each other in inhuman ways.
Immoral of the human’s dignity like as CPB Thakhin Than Tun’s manslaughter in 1967 and Red Flag Thakhin Soe’s Sinswe village homicide in 1958. Reply
ကိုဗမာ March 27, 2012
ကျွန်တော် မရှင်းတာလေးရှိလို့ မေးပါရစေ၊ ၁။အေဘီ (အနောက်ပိုင်း) တာဝန်ရှိသူက ရဲမေ လုပ်မလား အိမ်ထောင်သည်လုပ်မလား မေးခဲ့တဲ့အပေါ် အထဲကိုပြန်ဝင်ခဲ့တဲ့သူတယောက်အဖြစ် ကိုယ့်ကိုယ်ကို လိပ်ပြာ မသန့်တဲ့အတွက် အိမ်ထောင်သည်ကို
ရွေးချယ်ခဲ့တယ် … အဲဒါက ဘာကိုဆိုလိုတာလဲခင်ဗျာ။ ကျွန်တော် စဉ်းစားလို့ရသလောက် ရဲမေဆိုရင် အရင်လို ပြန်တိုက်ရမယ်ပေါ့ဗျာ။ဒါဆို အိမ်ထောင်သည်ဆိုတာကရော … ကျွန်တော် ဘယ်လိုမှ နားမလည်ဘူးဖြစ်နေတယ် … တချက်လောက်ဖြေပေးပါလား။ ၂။ ကျမကိုယ်ကျမ တာဝန်ခံရဲတာက ကျမတောထဲကိုလာခဲ့တာ တော်လှန်ရေးလုပ်ဖို့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ဒေသစွဲတွေ လုပ်ဖို့မဟုတ်ဘူးဆိုတာကိုပါ ။ ဒါဆို အမ တောထဲကို ဘာသွားလုပ်ပါသလဲ ခင်ဗျ … Reply
Set Set March 27, 2012
။နောက်တခါ မဒမ်သံခဲ ကလဲမန္တလေးမှာ အလင်းဝင်ပြီးရောက်လာ ချိန်မှာ“ဒီမှာကိုညီညီ ဒီသတ်ဖြတ် မှုတွေမှာ CS သံချောင်းမှားခဲ့တယ် ဆိုရင်တောင်စေတနာအမှားပဲဖြစ် ရမယ်ဆိုပြီး အဲဒီတုန်း ကမန္တလေး တရုပ်တန်းဈေးက ကျနော်.မိန်းမဆိုင်ရှေ. မှာ အော်ပြောတော့ကျနော်တောင်ဆဲလွှတ် လိုက်သေးတယ်။
အဲဒီမဒမ်သံခဲကပဲ ကိုထွန်းအောင်ကျော်ကို ကျမ ကိုယ်တိုင်ခေါင်းဖြတ်ပါရစေလို.သံချောင်း အီမ်ကို တက်ပြီးတောင်းဆိုတယ်ဆိုတာ အားလုံးပြောနေတဲ့ကိစ္စပါ။ (ညီညီ)
http://8-8-88.blogspot.com/2012/03/blog-post_15.html Reply
=== March 31, 2012
“အားလုံးပြောနေတဲ့ကိစ္စပါ။”
ဒါဆို အဲဒီ အားလုံးထဲက တစ်ယောက်လောက်ရဲ့ နာမည်ကို ပြောပြပါလား။
ရွာထိပ်က ဒေါ်ပုဟာ စုန်းမကြီးဆိုတာ လူတိုင်းပြောနေတဲ့ ကိစ္စပါ၊ ဟိုနေ့က အိမ်ဘေးမှာ အဝတ်လာလျှော်တဲ့ မပဲက အသေချာပြောသွားတာ။ ဒီတော့ ဒီကိစ္စဟာ ဟုတ်ကို ဟုတ်ရမယ်။ ကဲ ဟုတ်သလား။
Reply
မိုးနတ် March 27, 2012
အေဘီဆိုတာ ခေါင်းဖြတ်သတ်တဲ့အဖွဲ့ကြီးလား စစ်ဆေးပုံကတော့ စစ်တပ်ထက်လက်သံပြောင်ပါပေတယ် သူတို့ဥပဒေမှာကိုပြဌာန်ရေးဆွဲထားလို့ သတ်တဲ့သူတွေဘက် တရာမျှတတယ်လို့ ဒေါ်လှိုင်ပြောချင်ပုံရတယ်
ကောင်ပါပေ့ အေဘီ ရယ် ငါတို့တွေ ထောက်ခံအားပေ လာရတာ ရှက်တောင်လာပြီ Reply
AgKg March 27, 2012
No culture, all Myanmar under military! But this is history, not reading lovel poem! So we can stay but history will live always all the time in the world!
Reply
ုသံခဲ March 27, 2012
ကိုယ့် လူ ဘက်တော် သား အချင်းချင်း သတ်ပစ်တာ မြန်မာ့ တပ်မတော် မှာ တစ်ခါမှ မကြားဖူးဘူး၊ ဆောင်းပါးသော ခင်ရွှေလိုင် ခင်ဗျား အပြစ်မဲ့ လူတွေကို သတ်ခဲ့ တဲ့ အပြစ်ကို စစ်အစိုးရ လက်ချက်၊စစ် အစိုးရ ရဲ့ အကွက် ၊ စစ်အစိုးရ ကြောင့် ဖြစ်တာလို့ လှီးလွှဲ မချပါနဲ့၊ အပြစ်မဲ့ သတ်ခံခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ၀ိညာဉ်က ခင်ဗျားကို ဒဏ်ခတ်ပါလိမ့်ဦးမယ်၊
Reply
88 မျိုးဆက် March 27, 2012
မခင်ရွှေလှိုင်ရေ
မခင်ရွှေလှိုင်ရဲ့ ကောက်နုတ်ချက်ကို ကောင်း မကောင်း မပြောလိုပါဘူး။ ဒါပေမဲ့ လူတွေကို ရက်ရက်စက်စက်နှိပ်စက်၊ သတ်ဖြတ်တာကို အားပေးအားမြေုာက်လုပ်နေတာကို တော့ ကျမ နားမလည်တော့ပါဘူး။ ဖမ်းခံထားရသူတွေ ထွက်မပြေးနိုင်ခင် မန္တလေးက ထောက်တွေလက်ထဲမှာ ကိုထွန်းအောင်ကျော်တို့ပုံတွေရောက်နေတာကတော့ အမ အပြောအတိုင်းဆိုရင် လုပ်သူတွေထဲမှာ ထောက်လှမ်းရေးပါလို့နေမှာနော်။ ကျမက တောမခိုဖြစ်ပေမဲ့ တောခိုခဲ့သူတွေကို သိပ်လေးစားမိတာပါ။ ဒါပေမဲ့ အခုတော့ ဒီအဖြစ်အပျက်တွေ အပေါ်ရပ်တည်ချက်တွေကို သိရတော့ ကျမ ငါတောမခိုဖြစ်တာ သိပ်ကောင်းတာပဲလို့၊ ထောင်ကျတာက ငါ့အတွက် သိပ်ကောင်းတာပဲလို့ ယူဆမိတယ်။ အမ တို့ရဲ့ ရပ်တည်ချက်တွေက နောငက်လာနောင်သားတွေကို ကျမလိုခံစားမိစေပါတယ်။ Reply
အရိုးတွန်သံကိုအစမှအဆုံးဖတ်နေသူ March 27, 2012
ဘာခေါင်းစဉ်ပဲတပ်ပြီးသတ်သတ် ညှင်းဆဲသတ်ဖြတ်ခဲ့သူတွေကိုအရေးယူနိုင်အောင် ဆက်လက်လုပ်ဆောင်စေချင်တယ်။
သူလျှိုကသွေးခွဲလို့ အထင်မှားတယ်ဆိုရင်တောင် လူလူချင်း တိရိစ္ဆာန်လောက်တောင် အကြင်နာတရားမရှိတဲ့လုပ်ရပ်တွေကို ရွံရှာမိတယ်။ မခင်ချိုဦးအပေါ်လုပ်ရပ်တွေ ဖတ်ပြီးပြန်တောင်မတွေးနိုင်ဘူး။ ဆို့နင့်လွန်းလို့။ ကိုထွန်းအောင်ကျော်၊ ကိုကျော်ဝေ၊ ကိုချိုကြီး၊ ကိုအောင်မင်း။သေဆုံးခဲ့သူအားလုံးကိုယ်စားတောင်းဆိုပါတယ်။ တရားခံများအညှင်းဆဲခံရပြီး သေစားသေစေကျပါစေ။ Reply
kyaw March 27, 2012
၈၈၈၈အရေးခင်းတုန်းကလဲ စစ်ထောက်လှမ်းရေးဆိုပြီး စွပ်ဆွဲပြီး တက္ကသိုလ်ကျောင်းဝင်းထဲမှာ ခေါင်းဖြတ်အသတ်ခံရတဲ့ ကျောင်းသားတွေကိုလည်း သတိရသင့်ပါတယ်။
Reply
ဘီတူး(၂၁၄) March 27, 2012
ခင်ရွှေလှိုင်(ခ)မဒမ်သံခဲ ရေ -ဖုံးကာမှ အကုန်ပေါ်ကုန်ပြီ။ သေချာစဉ်းစားပြီးမှပြော။ ခင်ဗျားတို့ နိုင်အောင်အုပ်စုက လုပ်နေတာတွေက ရိုးစဉ်းလွန်းပါတယ်။ တခါဖတ်လိုက်ရတယ်။ မြောက်ပိုင်းကိစ္စပေါ်လာပြီး နိုင်ငံတကာရောက် အေဘီအဖွဲ့ဝင်တွေက အေဘီကိုမထိနဲ့။ အသက်နဲ့ရင်းကာကွယ်မယ်ပေါ့။ စာရင်းကြည့်လိုက်တော့ နိုင်အောင်ဘက်ကလူတွေချည်းဖြစ်နေတာတွေ့ရတယ်။ မြောက်ပိုင်းလူသတ်တရားခံ အောင်နိုင်ကို ဥက္ကလေး လို့အမြဲတမ်း အားပေးအားမြောက်ပြုနေသူတွေဖြစ်နေတယ်။ ဒါ စဉ်စားစရာတချက်ပါ။ နောက်တချက်က ၈၈ တောခိုကျောင်းသားအများစု ရောက်ရှိစုရုံးခဲ့တာ ကချင်ဒေသမဟုတ်ဘူး။ မွန်၊နဲ့ကရင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနယ်မြေတွေဘဲဖြစ်တယ်။ ဘာကြောင့် ရန်သူက ကျောင်းသားတော်လှန်ရေးအင်အားစု၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကို ဖြိုခွဲဘို့ မဟာဗျူဟာချမှတ်ထားတယ်ဆိုရင် ဘာမှအင်အားမရှိတဲ့ ကချင်ဒေသက ကျောင်းသားတွေဆီ သူတို့ သူလျှိုတွေကို ရာနဲ့ချီပို့လွှတ်မလဲ။ အေဘီ ဗဟိုဌာနချုပ်တည်ရှိရာဒေသ ကျောင်းသား သောင်းချီရှိတယ်။ ရန်သူ့လူဘယ်နှစ်ယောက်ဖမ်းမိတယ်ကြားလဲ။ မမိတော့ရော ဘာမကောင်းတာတွေဖြစ်ခဲ့တာကြားလဲ။ မြောက်ပိုင်းက ဆက်စပ်တယ်ဆိုပြီး စိုးလင်း၊ နေ၀င်းအောင်၊ အောင်သူ၊(နိုင်အောင်ဗဟိုကဖမ်းဆီးနှိပ်စက်၊ အောင်သူကို သတ်ပစ်)ဌေးနိုင်(မိုးသီးဗဟိုက စစ်ဆေးနှိပ်စက် သတ်ပစ် – ၀င်းနိုင်ဦး၊ အောင်သူငြိမ်းတို့အမိန့်နဲ့) ဒါဘဲရှိတယ်။ လုပ်ခဲ့ပြီးပြီမဟုတ်လား။ ကိုယ်ခံရမဲ့အလှည့်ကျတော့ မကြောက်မဒမ်သံခဲရေ။ မင်းအလှည့်တနေ့ရောက်လာလိမ့်မယ်။ လုပ်ခဲ့တဲ့သူတွေအလှည့်လဲ မကြာသောတစ်နေ့မှာ လာပါလိမ့်မယ်။ နိုင်အောင် ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးနောက်မှ ရေးဦးမယ်။ ဟိုလူ့လွှဲချ၊ ဒီလူ့ပတ်နဲ့ ရန်သူလုပ်ရပ်ဆန်တဲ့ ထုတ်ပြန်ချက်ကိုလဲ ကိုယ်ဟာကို ပြန်ဖတ် ပြန်သုံးသပ်ပါဦး နိုင်အောင်ရေ။
Reply
Mon March 27, 2012
TOTALLY AGREE with all the comments.. I don’t understand what you mean in some parts of your article… Look!!! We couldn’t stand what they had done to all the innocent student heroes. There’s no reason to torture and murder inhumanely to anyone… Most of all, why and how did the photos of Ko Tun Aung Kyaw and others arrive in the hands of the MI????
We wish, we all can see the punishments to all those who were involved in these inhumane incidents…And I couldn’t understand why Ronald Aung Naing and Dr. Naing Aung are still doing well…And also, what about Madame Than Khae who requested to behead Ko TUn Aung Kyaw herself???? Most importantly, why is current AB chief, Than Khae so quiet about this??? Reply
kochit March 27, 2012
ရန်သူ့ရဲ့ပရိယာယ် ထောင်ချောက်ထဲကို ကျမတို့အားလုံး ၀င်မိခဲ့ကြတယ်ဆိုတာပါပဲ လို့ ပြောထားတယ်နော် — ရန်သူက ပရိယာယ် မိပြီး ကိုယ့်လူကို ဖမ်းမှားဖမ်းရင်တောင် အဲဒီလောက် ရက်စက်ဖို့လိုလို့လား– အခုမှ ဆင်သေကို ဆိတ်သားရေနဲ့ မဖုန်းချင်စမ်းပါနဲ့ဗျာ– ကိုယ့်အပြစ် လွတ်အောင် အများမုန်းပါတဲ့ဆိုတဲ့ စစ်တပ်ကို ဆွဲထည့် လည်း ခင်ဗျားတို့ ရက်စက်မှုကတော့ မလွတ်ပါဘူး– ရက်စက်တာက ရက်စက်တာပါပဲ–
Reply
အစမှအဆုံးဖတ်နေသူ March 27, 2012
No matter what the reason behind it.
They can give 1001 reasons, but shouldn’t done that way. What’s go around will come around. just the matter of time. Reply
စစ်မင်းအောင် March 27, 2012
အေးကွာ။မင်းတို့ပြောတော့လည်းအကောင်းသားပဲ။မင်းတို့ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့အလုပ်နဲ့ ကြီးကြီးတုန်းလုပ်တဲ့အလုပ်ဘာဖြစ်လို့မတူတာလဲ။ဥပမာ။ မင်းတို့ငယ်ငယ်တုန်းက နေ့တိုင်းပဲမျက်နှာသစ်တာဆပ်ပြာနဲ့ပါ။အခုတော့ မျက်နှာသစ်ဆေးတွေသုံးတော့ အရင်တုန်းရူးလို့လုပ်ခဲ့တာလား။ကိုယ်ကိုကိုယ်ဆန်းစစ်ကြည့်ကွာ။
Reply
အောင်ကြူး March 27, 2012
စစ်ထောက်လှမ်းရေးဗိုလ်မှူးဟောင်း အမေရိကန်နိုင်ငံ မြန်မာသံမှူးကြီးဟောင်း ဦးအောင်လင်းထွဋ်ဆီက မှတ်ချက်စကား တခုခု ကြားချင်သား…။ အဲဒီဖြစ်ရပ်ဆိုးမှာ စစ်ထောက်လှမ်းရေး လက်ချက်လည်း မကင်းဘူးလို့ ယူဆပါတယ်။ ကိုယ့်ဖက်က အသုံးမကျတော့ အပ်နဲ့ထွင်းရမှာ ပေါက်ဆိန်နဲ့ပေါက်မိသွားတယ် ထင်ပါတယ်။ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့မှုများအပေါ် စုံစမ်းဖော်ထုတ် အရေးယူရပါမယ်…။ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်အပေါ် ချစ်ခင်လေးစားမှုများ လျော့ကျသွားမည်မဟုတ်ပါ။။
Reply
ကျော် March 27, 2012
နေကြပါအုံးဟ ။ ဆုံးအောင် ပြောပါစေအုံး ။ တကယ်ခံရသူတွေတောင် ဘာမှမပြောရသေးဖူး ။ တကတဲ မိုးသံကြားရင်ဖါးတွေ ခေါင်းထောင်ထလာကြတယ်။ မခင်ရွှေလှိုင်ကိုပြောချင်တာက ၊ ကွန်မင့်တွေက ဖိအား မဖြစ်ပါစေနဲ့ ၊ ကိုယ်မှန်တယ်လို့ ထင်မြင်ရာကို ရိုးရိုးသားသား ရှင်းရှင်း လင်းလင်း ဆက်ရေးပါ။
Reply
zazawa March 27, 2012
ဒီစာဖတ်ရတော. ခေါင်းဖြတ်သတ်တဲ.သူမှာအပြစ်မရှိဘူး လက်စသတ်တော.တရာခံက အခုဒီအကြောင်းတွေအချိန်ကိုက်ဖေါ်ထုတ်နေတဲ.သူတွေဖြစ်နေပြန်ပေါ. တတ်လည်းတတ်နိုင်ကြပါတယ် သွေးရူးသွေးတန်းနဲ.ရှောက်မရေးနေနဲ.တော. ကျောင်းသားဘဲဖြစ်ဖြစ် သူလျွှိုဘဲဖြစ်ဖြစ် လူသတ်တာကလူသတ်တရာခံဘဲ သတ်တဲ.သူဘယ်သူလည်း ? ဘယ်သူအမိန်.ပေးတာလည်း? ဒါအဓိကပါ သာမညနဲ.အဓိကမှားနေတယ်
Reply
charlie March 28, 2012
ကျားကြောက်လို့ရှင်ကြီးကိုးမှရှင်ဆိုးနဲ့တွေ့နေသလိုပါပဲ၊
အာဏာရှင်တိုက်ရင်းအာဏာရူးဖြစ်လာကြတာတရားသံဝေဂရ
စရာပါပဲ၊တန်းမတူတော့တန်းညှိတယ်ပေါဗျာ။
သေချာတာတခုကတော့ကံတရားရဲ့တန်းပြန်ညှိတာကို
မည်သူမဆိုပြန်လည်ခံစားရမယ်ဆိုတာကိုပါပဲ၊ကြားဖူးတာကတော့ဝဋ္ဋ်မှာအမြဲဆိုတာရယ်၊နောက်တခုက
တော့၊ဗုဒ္ဓဘာသာဝင်တွေအတွက်ဆိုရင်ပေါ့၊သာသနာက
နှစ်ပိုင်းဗျ၊ဘုရားသာသနာ၊သိကြားသာသနာပေါ့ဗျာ၊ဘုရားက
တော့အင်မတန်စိတ်ရှည်၊သီးခံခွှင့်လွှတ်နိုင်ပေမယ့်၊ကိုယ့်ဆရာ
သိကြားကတော့သိပ်စိတ်ရှည်ပုံမရဖူးဗျ၊မချစ်ရင်ပြစ်မယ်ဆိုတာ
ချည်းပဲဆိုတော့၊တန်းပြန်ညှိတာမြန်တယ်ဗျ၊ဆိုတော့ကာ၊တရားမျှတမှုတကယ်လိုလား၊တောင်းဆို၊တိုက်ပွဲဝင်နေတဲ့သူတွေ
ဟာ၊သူများထက်ပိုပြီးတရားမျှတမှုရှိအောင်ကြိုးစား၊ရုံမျှမက၊မျှတ
လုံခြုံမှု၊တန်းတူရည်တူမှုကိုအာမခံ၊ကာကွယ်ပေးသော၊ဥပဒေ
များကိုကာကွယ်စောင့်ရှောက်၊လေးစားလိုက်နာရန်၊လူဂုဏ်သိ
က္ခာကိုထိခိုက်၊နာကျင်စေရန်၊ရည်ရွယ်၍လုပ်ဆောင်သောမည်
သို့သောအပြုအမူမျိုးကိုမဆို၊မည်သို့သောအကြောင်းပြချက်
ကြောင့်သော်မျှ၊မျက်နှာလွဲ၍မရှောင်ဖယ်သင့်ပေ၊ထိုသို့သော
လူသား၏ဂုဏ်သိက္ခာအပေါ်ကျူးလွန်သောအမှုအတွက်၊ယဉ်
ကျေးသော၊လူ့ဂုဏ်သိက္ခာကိုတန်ဖိုးထားသောကမ္ဘာမှာပြဌန်း
ထားသောစံနှုန်း၊ဥပဒေတွေအရပြဌန်းဆုံးဖြတ်ရမည်သာ
ဖြစ်ပြီး၊ဤကမ္ဘာတွင်၊ဤစံနှုန်းများတွင်၊ငါ၊ငါ့ရဲဘော်၊၊ငါ့လူမျိုး
အစွဲများကင်းကင်းဖြင့်ဆုံးဖြတ်နိုင်မှသာဖြစ်ပေမည်။
(တချို့များနေသောကမ္ဘာမှာယခုပြောနေသောကမ္ဘာနှင့်သီးခြား
ဖြစ်နေ၍သော်၎င်း၊ငါနှင့်ကြံရာပါဖြစ်နေလျှင်သော်၎င်း)ကျေးဇူး
ပြု၍ယခုကျွှန်နော်ပြောနေသောကမ္ဘာ၏စဉ်းမျဉ်း၊စံနှုံးများအ
ကြောင်း၊ကိုရုပ်ပြ၊ဟန်ဆောင်၊မပြောကြပါရန်၊ကိုယ်ကိုတိုင်
သော်မျှမကျင့်ကြံနိုင်သောတရားကိုသူတပါးကိုကြင့်ကြံခိုင်း
ခြင်းသည်အဓမ္ဓဝါဒီသာဖြစ်ကြောင်း၊သူတော်ကောင်းအပေါင်းတို့။ Reply
Guilty* March 28, 2012
Agree with most comments.
Even though they could have been true spies , they should not have been treated like this . In civilized world , this is unacceptable for any reason.
Anyway or for any reason , murder is murder.
Similar bad fortune would/should come to committers by other ways.
May God bless souls of victims..
Reply
ပီတာ ကြည်သာ March 29, 2012
အမှန်ကို ဖေါ်ထုတ်ချင်တယ် ဆိုရင် အမှန်အတိုင်း ကျိုးကြောင်းဆင်ခြင်ကြည့်ဖို့ လိုတယ်။ ခုဟာက ရန်သူ့လူ ရန်သူ့သူလျှိုဆိုပြီး အပေါစား စွပ်စွဲနည်းနဲ့ ပြော နေတဲ့ကိစ္စပဲ။ ၀ိပဿနာတရားရှု တရားထိုင်တဲ့အခါ မခံမရပ်နိုင်အောင် စိတ်ကော ခန္ဓာကိုယ်ကော အစပထမမှာ နာကျင်ကိုက်ခဲရသလို အခု အေဘီ မြောက် ပိုင်းကိစ္စမှာ အမှန်အတိုင်း ကျိုးကြောင်းဆင်ခြင်ကြည့်မယ်ဆိုရင် တွေ့နိုင်တဲ့ အချက်တွေကို ထောက်ပြတဲ့သူက ထောက်ပြရင် နာကျင်ကိုက်ခဲ မခံမရပ်နိုင် ဖြစ် ကြမယ် ဆိုတာ ကြိုပြောထားပါရစေ။ တရားထိုင်ရင်း ရလာတဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို တည့်တည့်ရှုရင်း နာကျင်ကိုက်ခဲမှုတွေ တစတစ သက်သာ ပျောက်ကွယ်ပြီး စိတ်တွေ ကြည်လင်သန့်ရှင်း တရားထူးတရားမြတ်ကို ခံစားရရှိသလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ပြောပါရစေ။ အစပထမမှာ မခံမရပ်နိုင် ဖြစ်ကြ ရပေမယ့် အမှန်အတိုင်း ကျိုးကြောင်းဆင်ခြင်ကြည့်ရင် အကျိုးသင့်အကြောင်းသင့် အချက်အလက်တွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
စစ်စည်းကမ်းတွေ အမိန့်နာခံမှုတွေ စနစ်တကျနဲ့ လေ့ကျင့်ထားပြီး နှစ်ပေါင်းများစွာ နိုင်ငံတကာစစ်တပ်တွေလို အသားကျနေတဲ့ မြန်မာနိုင်ငံက အစိုးရ စစ် တပ်အတွက်ကတော့ အေဘီအက်စိဒီအက်ဖ် ဆိုတာကို လေးလေးစားစား မရှုမြင်ပါ။ တခြားသော ဗကပ တို့လို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေလို တဦးချင်းမှာ နိုင်ငံရေးတွေ သဘောတရားရေးတွေ ခိုင်ခိုင်မာမာ ယုံကြည်မှုနဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ စနစ်တကျ လက်နက်ကိုင်စစ်တပ်တွေ လို လေးလေးစားစား မရှုမြင်ပါဘူး။ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရတေှာ့ မခံချင်စိတ်တွေ စိတ်ခံစားမှု emotion တွေနဲ့ တောထဲကို စနစ်မကျ အစီအစဉ်မဲ့ ကျောထောက်နောက်ခံ resources မရှိကြပဲ ပရမ်းပတာ ထွက်လာကြတဲ့ ကလေးသာသာလေးတွေလို့ပဲ အေဘီအက်စိဒီအက်ဖ်ကို အစိုးရစစ်တပ်က မြင်ပါ တယ်။ လက်နက်ကိုင်တိုက်ပွဲတွေ ဆင်နွှဲဖို့ နေနေသာသာ လက်နက်ကိုင်ခွင့်ရဖို့ကိုပဲ စိတ်ကူးယဉ်နေရတဲ့ မလောက်လေး မလောက်စား စစ်တိုက်တမ်း ကစား ချင်တဲ့ ကလေးအရွယ်တွေလို့ပဲ အေဘီအက်စိဒီအက်ဖ်ကို အစိုးရစစ်တပ်က သဘောထားပါတယ်။ ဘာကြောင့်လဲဆိုတာကို အစိုးရစစ်တပ် ပေါ်ပေါက် ပေါက် ဖွားလာပုံနဲ့ အေဘီအက်စိဒီအက်ဖ် ပေါ်ပေါက်လာပုံကို နှိုင်းယှဉ်ကြည့်ဖို့လိုတယ်။ အေဘီအက်စိဒီအက်ဖ် ခေါင်းဆောင်တွေ ဟိုနိုင်ငံသွားဒီနိုင်ငံသွား လုပ်နေ ကြတာကို ရန်သူက မျက်စေ့နောက်တာနဲ့ ဗီဇာတွေ မရအောင်ဆိုပြီး အေဘီအက်စိဒီအက်ဖ်ကို မတရားသင်းတို့ အကြမ်းဘက်အဖွဲ့တို့ အဖြစ် တခြားနိုင်ငံတွေ ကို အသံပေးချင်တာနဲ့ တံဆိပ်တပ်ထားတာပါ။ ဗကပ တို့လို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေလို ရန်သူက လေးလေးစားစား ရှိနေလို့ မဟုတ်ပါဘူး။ ဂလိထိုးထားတာလောက် လုပ်တာပါ။
ဒီကနေ့ အစိုးရစစ်တပ်ရဲ့ ဘီအိုင်အေ ဆိုတာက စတဲ့ သူ့သမိုင်းကို ပြန်ကြည့်ရင် လူရိုသေရှင်ရိုသေတဲ့ ခေါင်းဆောင်တွေရဲ့ နှစ်နဲ့ချီ အချိန်ယူ စဉ်းစားစီစဉ် ကြံဆမှုတွေနဲ့ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြလို့ ဒုတိယကမ္ဘာစစ်က ဘီအိုင်အေကို ပေါက်ပေါက်လာစေဖို့ အခင်းအကျင်းအနေအထား ပေးခဲ့လို့ ဒီအခင်းအကျင်းကိုလည်း မျိုးချစ်မြန်မာ့ခေါင်းဆောင်တွေ ဉာဏ်ပညာနဲ့ အသုံးချနိုင်လို့ ဆိုတာတွေကို ပြန်တွေ့ရလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ကျဆုံးခဲ့တဲ့ သခင်မြလို ဒေါက်တာသိမ်းမောင်တို့လို လူရိုသေရှင်ရိုသေ ခေါင်းဆောင်အကြီးပိုင်းတွေက ဒုတိယကမ္ဘာစစ်နဲ့ ဂျပန်နဲ့ကို အသုံးချပြီး နှစ်နဲ့ချီ အချိန်ယူ စဉ်းစားစီစဉ်ကြံဆမှုတွေနဲ့ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတာဟာ ဘီအိုင်အေတပ်ပေါ်ပေါက်လာစေဖို့ ရှေ့ပြေးအကြောင်းတရားဖြစ်တယ်။ ရဲဘော်သုံးကျိပ်ဆိုတာကို အသုတ်လိုက် စနစ်တကျ မြန်မာပြည်ထဲကနေ လျှို့ဝှက်ထွက်ခွာနိုင်အောင် သခင်ချစ်တို့လို ခေါင်းဆောင်လတ်တွေက အသက် စွန့်ပြီး စီစဉ်နိုင်ခဲ့ကြတယ်။ တခါ အင်္ဂလိပ်နဲ့ အမေရိကန်က တရုတ်ပြည်မှာ ဂျပန်တပ်တွေကို ခံချနေတဲ့ ချန်ကေရှိတ်တရုတ်တပ်တွေဆီကို တရုတ်-ဗမာလမ်း မကြီးကနေ လက်နက်တွေပို့ပြီးကူညီနေတာကို ရပ်သွားစေဖို့ ဂျပန်က အင်္ဂလိပ်ကိုလိုနီမြန်မာပြည်ကိုပါ စစ်တိုက်ရတော့မယ့် ဒုတိယကမ္ဘာစစ်ရဲ့ အခင်းအ ကျင်းတခုက ထပ်ပြီးပေါ်ပေါက်လာပြန်တယ်။ အဲဒီအချိန်မှာမှ သခင်အောင်ဆန်းလို အရည်အချင်းပြည့် တနိုငံလုံးသိပြီးသား ကျောင်သားခေါင်းဆောင်နဲ့ ဒို့ဗမာအစည်းအရုံးခေါင်းဆောင်ဟာ အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်ဖို့ တရုတ်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရဖို့ မြန်မာပြည်ပြင်ပကို ရောက်နေလို့ ဒီလိုလူတော်ခေါင်းဆောင်နဲ့ ဂျပန်နဲ့ ဆက်မိလို့ နောင်မှာ ဘီအိုင်အေတပ် ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။ မြန်မာပြည်ပြင်ပရောက်နေတာ ဘာကြောင့် ထည့်ပြောရလဲဆိုတော့ သခင်အောင်ဆန်းထက် ၀ါရင့်တဲ့ တခြားခေါင်းဆောင်တွေ တန်းတူခေါင်းဆောင်တွေ ထောင်တွေကျနေကြ နယ်စပ်ရောက်ပြီးမှ အင်္ဂလိပ်အစိုးရစုံထောက်တွေရဲ့ အဖမ်းခံရပြီး ပြည်ပကိုထွက်လို့ မရနဲ့ ဖြစ်ခဲ့ကြတာကြောင့်၊ အရည်အချင်းပြည့်ခေါင်းဆောင်တွေ ရှိပေမယ့် အခြေအနေ မပေးရင်လည်း ဘာမှ ဖြစ်မလာဘူးဆိုတာ ကျိုးကြောင်းဆင်ခြင်စေချင်လို့ပါ။ မြန်မာပြည်ပြင်ပကို ရောက်နေတဲ့ ခေါင်းဆောင်က ခပ်ညံ့ညံ့ဆိုရင်လည်း ဒီကနေ့ အစိုးရရဲ့စစ်တပ်ကြီးမပြောနဲ့ ဘီအိုင်အေတောင် ဖြစ်လာမှာ မဟုတ်ဘူ။ ခေါင်းဆောင်က ညံ့လို့ ဘီအိုင်အေလောက်ဖြစ်မလာပဲ ဒီကနေ့ အေဘီ အက်စ်ဒီအက်ဖ်လောက်ပဲ ဖြစ်ခဲ့ရင်လည်း ပါဂျောင်က လူသတ်ပွဲမျိုး အဲဒီတုန်းကတည်းက ဖြစ်ပေါ်နိုင်တယ်။ တခါ ကမ္ဘာ့တန်းမှီ စစ်ပညာသင်ကြားနိုင်တဲ့ ဂျပန်စစ်တပ်ရဲ့ လေ့ကျင့်ပေးခံရတဲ့ အထက်အောက်အဆင့်ဆင့် အမိန့်နဲ့ စစ်စည်းကမ်းလိုက်နာရိုသေမှု ဆိုတာကိုလည်း ဒီကနေ့ အစိုးရစစ်တပ်ကို ဖြစ်ပေါ် လာစေတဲ့ ရဲဘော်သုံးကျိပ်မှာ ရရှိခဲ့ကြတယ်။ ဒါတွေက စစ်တပ်တခုအတွက် ရုပ်ဝတ္ထုပစ္စည်းစစ်လက်နက်တွေထက် စိတ်ဓါတ်ရေးရာအရ ပိုပြီးအရေးကြီးတဲ့ သေရေးရှင်ရေး တမျှလိုအပ်မှု ဖြစ်တယ်။ ကျောထောက်နောက်ခံ resources အဖြစ် အင်္ဂလိပ် အမေရိကန်နဲ့ တန်းတူရည်တူ စစ်တိုက်နေတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ ကျင့်ပေးမှုကို ရဲဘော်သုံးကျိပ်က ရရှိခဲ့ကြတယ်။ ဒီလိုအကြောင်းတရားတွေနဲ့ ဘီအိုင်အေ ဘီဒီအေ မျိုးချစ်ဗမာ့တပ်မတော် နောက်ဆုံး ဒီကနေ့အစိုးရရဲ့ စစ်တပ်အထိ ဖြစ်လာခဲ့တယ်ဆိုတာကို ကျိုးကြောင်းဆင်ခြင်ကြည့်ရင် တွေ့နိုင်ပါပြီ။ ရဲဘော်သုံးကျိပ်တို့ စနစ်တကျ ရရှိခဲ့တာမျိုးတွေ အေဘီအက်စ်ဒီအက်ဖ်မှာ မရှိဘူး။ အခြေအနေအချိန်အခါတွေ မတူလို့ ဆိုတာကိုလည်း အချက်တချက်အဖြစ် တွေ့ရမယ်။
အခု ဒီကနေ့အစိုးရစစ်တပ် ပေါက်ဖွားလာပုံနဲ့ အေဘီအက်စ်ဒီအက်ဖ် ပေါက်ဖွားလာပုံက်ု အားမနာတမ်း အရှိကိုအရှိအတိုင်း နှိုင်းယှဉ်ကြည့်ပါ။ တူနေတာ ဆိုလို့ တစ်ခုပဲ ရှိတာကို တွေ့ရပါမယ်။ အဲဒီခေတ်က မျိုးချစ်ခေါင်းဆောင်တွေ အင်္ဂလိပ်အစိုးရကို မခံချစ်စိတ်နဲ့ လက်နက်ကိုင်တပ်မတော် တည်ထောင်ချင် တာဖြစ်သလို၊ ၁၉၈၈ မှာလည်း စစ်အစိုးရ မဆလကို မခံချင်စိတ်နဲ့ စွန့်စားရဲသူ ကျောင်းသားကျောင်းသူတွေနဲ့ အရပ်သားတချို့ လက်နက်ကိုင်တပ်မတော် တည်ထောင်ချင်ကြတာမှာ စိတ်အခံ emotion ချင်းမှာ တူညီနေကြပါတယ်။ ဒီတခုမှပဲ တူပါတယ်။
ကျန်တာတော့ တခုမှ မတူဘူး။
၁၉၈၈ လူထုအုံကြွမှု မတိုင်ခင်က ဘယ်ကျောင်းသားခေါင်းဆောင်ကမှ သို့မဟုတ် ကျောင်းသားတွေအပေါ် သြဇာလွှမ်းနိုင်သည့် ဘယ်အဖွဲ့အစည်းဖြစ်စေ လူပုဂ္ဂိုလ်တွေက ဖြစ်စေ၊ တနေ့မှာ လက်နက်ကိုင်တပ်မတော် တည်ထောင်နိုင်ရေး (သခင်မြတို့ ဒေါက်တာသိမ်းမောင်တို့လို) ရှေ့ပြေးစဉ်းစားစီစဉ် ကြံဆတာ တွေနဲ့ အေဘီအက်စ်ဒီအက်ဖ် ပေါ်ပေါက်ခဲ့တာ မဟုတ်ဘူး။ အပေါ်က ဘီအိုင်အေ ပေါ်ပေါက်လာစေတဲ့ အကြောင်းတရားတွေနဲ့ တချက်ချင်း တိုက်ဆိုင်နှိုင်း ယှဉ်ကြည့်ပါ။ စစ်အစိုးရနဲ့ တန်းတူရည်တူ စစ်မတိုက်နိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဆီ ကျောင်းသားတွေ ရောက်သွားခဲ့ခြင်းကလည်း မတူတဲ့ တချက်ဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ်က သူတို့အတွက် ကျောထောက်နောက်ခံ resource ဖြစ်တဲ့ ဂျပန်စစ်တပ်ကြီးဆီ ရောက်သွားခဲ့တာ ဖြစ်တယ်။ ဒီတော့ စစ်ရေးလေ့ကျင့်မှု military training အထက်အောက်အဆင့်ဆင့် အမိန့်နဲ့ စစ်စည်းကမ်းလိုက်နာရိုသေမှု ဆိုတာတွေမှာလည်း၊ ဒီကနေ့ အစိုးရစစ်တပ်နဲ့ အေဘီအက်စ်ဒီအက်ဖ်တို့ ကြားမှာ သိပ်ကို ကွာခြားသွားတယ်။
ဒါတွေကြောင့် ဒီကနေ့ အစိုးရစစ်တပ်က အေဘီအက်စ်ဒီအက်ဖ်ကို မလောက်လေး မလောက်စား စစ်တိုက်တမ်းကစားချင်တဲ့ ကလေးအရွယ်တွေလို့ပဲ သဘောထားတယ်။ ဒီလို အကြောင်းတရားတွေကြောင့် ဒီကနေ့ အစိုးရစစ်တပ်က အေဘီအက်စ်ဒီအက်ဖ်လို ပါချီပါချက်ကို သူလျှိုလွှတ်ပြီး ဖျက်ဆီးပစ်ဖို့ ထိ အချိန်ကုန်ခံ ကြံစည်စရာအကြောင်း မရှိပါ။
အစိုးရစစ်တပ်က သူတို့လိုပဲ စစ်ရေးအရ တန်းတူထားတဲ့ ဗကပနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဆီတောင် သူလျှိုလွှတ် ဖျက်ဆီးခဲ့တဲ့ သမိုင်း မရှိခဲ့ပါ။ ဒီနေရာမှာ အစိုးရစစ်တပ်ဘက်ကို ကြည့်ရင်လည်း သူ့ရန်သူတွေထဲ တသီးတသန့်လွှတ်ပြီး သူလျှိုထည့်ထားနိုင်လောက်တဲ့ အနေအထားကော အရည်အချင်းကော အစိုးရစစ်တပ်မှာ မရှိပါ။ ဒေသခံနယ်မြေခံ သတင်းပေး မွေးထားတာတွေပဲ အာဏာကုန်လုပ်နိုင်တယ်။ ဒါကလည်း အရည်အချင်း မရှိ တာထက် ၁၉၀၅ မှာ ရုရှကို ဂျပန်က အနိုင်မတိုက်ခင် ဂျပန်မှာလေ့ကျင့်ထားတဲ့ နဂါးနက်သူလျှိုတွေကို နှစ်နဲ့ချီပြီး ရုရှနိုင်ငံထဲမှာ မြှုပ်ထားပြီးမှ စစ်တိုက်နိုင်တဲ့ ခေတ်မျိုး မဟုတ်တော့လို့ ပါ။ အေဘီ မြောက်ပိုင်းမှာ ရန်သူစစ်အစိုးရက လာမြှုပ်နှံထားတဲ့ သူလျိုတွေလို့ စွပ်စွဲခံရသူတွေဟာ ရန်ကုန်လို မန္တလေးလို မြို့ကြီး တွေက ရောက်လာကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြပြီးတော့ ရုရှဆိုက်ဘေးရီးယားမှာ ဂျပန်က နဂါးနက်သူလျှိုတွေ လွှတ်ပြီးနှစ်နဲ့ချီ မြှုပ်နှံထား တာမျိုး စွပ်စွဲခံကြရတာပါ။ ပါဂျောင်လိုဒေသနဲ့ (ရန်ကုန် မန္တလေးလိုနဲ့) နှိုင်းယှဉ်ပြောရင် စွပ်စွဲသူတွေကမှ အဲဒီဘက်နဲ့နီးတဲ့ နယ်သားတွေပါ။ ရန်သူစစ်အစိုး ရက သူ့ရေသူ့မြေ ရန်ကုန် မန္တလေးလို နေရာတွေမှာ လေ့ကျင့်ထားတဲ့ (ဂျပန်နဂါးနက်လို) သူလျှိုတွေကို ပါဂျောင်လိုနေရာမှာ လာပြီြးဲမှုပ်နှံဖို့ ဘယ်လိုမှ မဖြစ် နိုင်ပါ။ မဖြစ်နိုင်တဲ့ အကြောင်းက ခုနကပြောသလို ရန်သူစစ်အစိုးရက သူတို့လိုပဲ စစ်ရေးအရ တန်းတူထားတဲ့ ဗကပနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဆီမှာတောင် ဂျပန်နဂါးနက်လို သူလျှိုတွေကို (ရန်သူစစ်တပ်က အရည်အချင်းမရှိလို့ပဲ ဖြစ်ပါစေ) မြှုပ်နှံတဲ့ အလုပ်မလုပ်တာမှာ၊ သူတို့အတွက် ပါချီပါချက် အေဘီ မြောက်ပိုင်းကို သူလျှိုလွှတ်စရာ အကြောင်းမရှိပါ။ ဒါ့အပြင် ဂျပန်နဂါးနက်တွေလို သူလျှိုတွေကို ပါဂျောင်လိုနေရာကို သွားပြီးမြှုပ်နှံဖို့ဆို တာ အဘက်ဘက်က ဘယ်လိုပဲတွက်တွက် ရန်သူအတွက် အမြတ်မရှိပါ။ ရန်သူက သူလျှိုတွေပို့မယ့်အစား ပါဂျေယင်ကို မီးလောင်ဗုံးတွေ ကြဲချဖို့သာ စဉ်းစားမှာ ဖြစ်တယ်။
ဗကပ ပြိုကွဲသွားတာကို ရန်သူအစိုးရက သူလျှိုလွှတ်လို့ပါလို့ သက္ခိာမဲ့စကား ဗကပဆီက မကြားဖူးပါ။ ကိုယ့်အချင်းချင်း ပညာပေးစည်းရုံးနိုင်မှု လစ်ဟင်း ပျက်ကွက်ခဲ့လို့ စစ်တပ်ကြီးအဖြစ်ကနေ ပြိုကွဲသွားပြီးတော့ အခု ယူဂျီမြေအောက်ပါတီအဖြစ် ရပ်တည်နေ ပါတယ်လို့ အကြောင်းတိုက်ဆိုင်တိုင်း ဗကပက ဂုဏ်သိက္ခာရှိရှိ ၀န်ခံရေးသားပြောဆိုပါတယ်။ ၁၉၆၆ – ၆၈ သခင်သန်းထွန်း အချိန်အခါက ဖြုတ်-ထုတ်-သတ်တွေ ဖြစ်ခဲ့တာမှာလည်း ရန်သူလွှတ်ထား တဲ့သူလျှိုမို့ သတ်ပစ်လိုက်ရပါတယ်လို့ (ဒီကနေ့ အေဘီမြောက်ပိုင်းလူသတ်ပွဲတာဝန်ရှိသူတွေကို ကာကွယ်နေတဲ့ စကားမျိုး) ဗကပက မပြောခဲ့ပါ။ ဖြုတ်-ထုတ်-သတ်တွေလုပ်ခဲ့တာမှာလည်း ဟုတ်တာမဟုတ်တာ အပထား နိုင်ငံရေး သဘောတရားရေးအရ ဖေါက်ပြန်သူတွေအဖြစ် စွဲချက်တွေတင်ပြီးမှ (ပါဂျောင် မှာလို လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်တာတွေ မလုပ်ပဲ) သတ်ပစ်ခဲ့တာကြောင့် အေဘီမြောက်ပိုင်း ပါဂျောင်လူသတ်ပွဲနဲ့ နှိုင်းယှဉ်ရင် ဗကပရဲ့ ဖြုတ်-ထုတ်- သတ်က အများကြီးဂုဏ်ရှိပြီး ဖြုတ်-ထုတ်- သတ်ခံခဲ့ရသူတွေမှာလည်း အေဘီမြောက်ပိုင်း ချစ်သူတွေ fan တွေလို သူတို့ခေါင်းဆောင်တွေ သတ်ခဲ့သူတွေ ဟာ ရန်သူ့သူလျှိုပါလို့ ထပ်ပြီး သိက္ခာချခံနေကြရတာမျိုး မဖြစ်ခဲ့ပါ။
အားလုံးကို ခြုံကြည့်လိုက်ရင် နိုင်ငံရေးသဘောတရားရေးအခံ မရှိပဲ စိတ်ခံစားမှု emotion သက်သက်နဲ့ အစီအစဉ်မရှိ ကျောထောက်နောက်ခံမရှိ တောခို လာခဲ့ကြပြီး စစ်ရေးအရ အမိန့်နာခံမှုတို့ စစ်စည်းကမ်းရိုသေ လိုက်နာမှုတို့ကို စနစ်တကျလေ့ကျင့်ပေးထားတဲ့ professional လက်နက်ကိုင်တပ် မဟုတ်တဲ့ အေဘီအက်စ်ဒီအက်မှာ ဒေသစွဲ ကျောင်းစွဲ အဆင့်အတန်းစွဲတွေနဲ့ အတွင်းကြိတ်ပဋိပက္ခတွေ ရှိလာရာကနေ professional စစ်တပ်လို တကယ့်သေအတူ ရှင်မကွာ ညီအစ်ကိုစိတ်ဓါတ် ရဲဘော်ရဲဘက်စိတ်ဓါတ်လည်းမရှိ အထက်ကနေ မှန်မှန်ကန်ကန် အမိန့်ပေးကွပ်ကဲနိုင်မှုလည်း မရှိကြပဲ အာဏာရူးထာထက် စာမတတ် ပေမတတ် ရပ်ကွက်လူမိုက်လို ရပ်ရွာလူမိုက်လိုလူတွေက ပဋိပက္ခအတွင်းမှာ လက်နက်အားကိုးနဲ့ အထက်စည်းနေရာရအောင်ယူပြီး ရွေဘရုပ်ရှင် ကားတွေထဲက ဆင်ခြင်တုံဉာဏ်ပညာမဲ့ တောလူမိုက်တွေလို ကိုယ်မကျေနပ်ကြည့်မရခဲ့သူတွေကို မိုက်ဂုဏ်ပြ သောက်စားမူးရူးရင်း ရမ်းကားနှိပ်စက်ပြီးမှ သတ်ဖြတ်ပစ်တဲ့ အဆင့်အတန်းမရှိ လူတွေသတ်တဲ့လုပ်ရပ်ဆိုးကြီးကို အဓိပ္ပါယ်မဲ့ ကျူးလွန်ခဲ့ကြတာ ဖြစ်တယ်။ လူသတ်ပွဲကြီးကျူးလွန်ပြီးခါမှ အရိုးတွန် ချိန်တန်လို့ တွန်သံတွေထွက်လာတေှာ့ လူသတ်သမားတွေနဲ့ မကင်းရာမကင်းကြောင်းတွေ ဒီလို လနဲ့ချီ နှစ်နဲ့ချီဖြစ်ခဲ့တဲ့ ပါဂျောင်လူသတ်ပွဲကြီးအတွက် တာဝန်ရှိသူတွေက ဒီလူသတ်မှုကြီးထက် ပိုမိုအောက်တန်းကျလှစွာ ပိုမိုဆိုးရွားစွာ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာလိုကာ အရိုးတွေတွန်လာတာကို မတွန်ရဘူးလို့ ခြိမ်းခြောက်လိုခြောက် တော်လှန်ရေးအကြောင်းပြီး ဒါတွေ မပြောနဲ့တော့နော်လို့ မိန်းမသံနဲ့ ချော့လိုချော့ အသတ်ခံသွားရတဲ့လူတွေကို တကယ့်သူလျှိုတွေလိုလို ထပ်ထပ်ပြီးစွပ်စွဲချင်သလိုလို ထမင်းရည်ပူကို စစ်ထောက်လှမ်းရေးဆီ လျှာလွှဲလိုလွှဲနဲ့ ဖြစ်ပျက်နေကြတာ အင်မတန်ရွံဖို့ ကောင်းနေတယ်။
ရန်သူအစိုးရစစ်တပ်က အေဘီအက်စ်ဒီအက်ဖ်ကို ပါချီပါချက်ကလေးကလား ဖုတ်လေတဲ့ငါးပိ ရှိလေတယ်တောင် သဘောမထားတာမှာ ကိုယ့်ကိုယ်ကို ရန်သူအစိုးရ စစ်တပ်က တလေးတစားအရေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလို အိုက်တင်ထုတ်ပြီး အေဘီအေဘီနဲ့ လုပ်နေကြတာ သိက္ခာ ကို လုံးဝမရှိဘူး။ အခုလည်း ရန်သူအစိုးရက ငြိမ်းချပ်းရေးဆွေးနွေးဖို့ဖခ်ါတယ်ဆိုတာ ကေအင်ယူက သူတို့ထဲမှာ ၀င်ကစွပ်ကောင်လို လာပြီး အငှားခန္ဓာ မြှောင်နေတဲ့ အေဘီအက်စ်ဒီအက်ဖ်ကို မြန်မာပြည်ထဲ သိက္ခာလေး တပဲသားလောက်နဲ့ လက်နက်ချပြန်ဝင်သွားနိုင်အောင် ရန်သူအစိုးရကို ပွဲစားလုပ်ပြော ပေးထားလို့ ရန်သူကလည်း သူ့အကွက်နဲ့သူ လက်ခံလိုက်တယ်ဆိုတာ ရန်သူအစိုးရကော ကေအင်ယူကော အေဘီအက်စ်ဒီအက်ဖ်ပါ သိပြီးသားပါ။ ကိုယ့် ကိုယ်ကို ရန်သူက လေးစားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလို ပဲများမနေပဲ မြောက်ပိုင်းလူသတ်ပွဲက အမှန်တရားကို ဖေါ်ထုတ်ဝန်ခံတဲ့ အလုပ်ကို ရန်သူ့ဆီ ခေါင်းလေးငုံ့ ပြန်မသွားခင် အရင်လုပ်သွားလိုက်ကြဦး။
အခုလို ရှင်းရှင်းလင်းလင်းထောက်ပြလိုက်လို့ ၀ိပဿနာတရားရှု တရားထိုင်တဲ့အခါ မခံမရပ်နိုင်အောင် စိတ်ကော ခန္ဓာကိုယ်ကော အစပထမမှာ နာကျင် ကိုက်ခဲကြသလို မခံမရပ်နိုင် ဖြစ်ကြမှာပဲ။ တရားထိုင်ရင်း ရလာတဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို တည့်တည့်ရှုရင်း ဝေဒနာတွေ တစတစ သက်သာ ပျောက် ကွယ်ပြီး စိတ်တွေ ကြည်လင်သန့်ရှင်း တရားထူးတရားမြတ်ကို ခံစားလာရမယ် ဆိုတာ မမေ့ကြနဲ့။ Reply
ColinLynn March 30, 2012
I like your analysis. Good. Sharp. Precise.
Reply
Htun Htun Oo March 30, 2012
ပီတာ ကြည်သာ ခင်ဗျား
ကျွန်တော် တော်တော်လေး သဘောကျပါတယ်။ ကျွန်တော့်ရဲ့ FB မှာ တင်ဖို့ ခွင့်တောင်းပါရစေ။ အ
- Htar Htar Lwin ဦးနေ၀င်း၏လုပ်ရပ်မှားများက
ို ဝေဖန်ဆန့်ကျင်ခဲ့ကြတဲ့ ၈၈ ကာလမှာ ဒီလိုမပြောကြပါနဲ့ သူလည်းရဲဘော်သုံးကျိပ်ဝင်တစ်ယောက်ပါ တိုင်းပြည်လွတ်လပ်ရေးအတွက်လုပ်ခဲ့တဲ့သူပါဆိုပြီး ထ ပြောရင် လူထုကဘယ်လိုနေမလဲ သူလုပ်ခဲ့တာတွေကိုသမိုင်းကမှတ်တမ်းတင်ပြီးသားပါ သူမှားတာတွေကိုလည်းထောက်ပြရ မှာဘဲ လူတစ်ယောက်ကောင်းခဲ့ဘူးတာနဲ့ ဘဲ မကောင်းတာတွေကိုထောက်မပြရတော့ဘူးလား March 29 at 7:51pm · · 3
No comments:
Post a Comment