Sunday, August 5, 2012

အေဘီမြောက်ပိုင်းကေ့စ်ကို ဖြန့်ကျက်တွေးတောမိသောအခါ...

အေဘီမြောက်ပိုင်းကေ့စ်ကို ဖြန့်ကျက်တွေးတောမိသောအခါ...

by ဘရာဇီး ငှက်ရိုး on Wednesday, February 22, 2012 at 6:30am ·
2011 ရဲ့ ဒီဇင်ဘာညချမ်း တိတိကျကျ ပြောရရင်တော့ (18)ရက်နေ့ ညမှာ အမတစ်ယောက်တင်လိုက်တဲ့ လင့်ခ်ကိုဝင်ဖတ်မိပါတယ် ပန်းချီထိန်လင်းရေးတဲ့ ကျနော်သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က ဆိုတဲ့ ပို့စ်ကလေးပါ... ပန်းချီဆရာရဲ့ ပန်းချီကိုတခါမှ မကြည့်ဖူးပေမဲ့ ပန်းချီဆရာရေးတဲ့ပို့စ်က တော်တော်လေးပေါက်ပြီး အဖြစ်အပျက်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် စာဖတ်သူတွေကို ချပြနိုင်ခဲ့ပါတယ်... ဒါက ပထမဆုံး ခေါင်းလောင်းထိုးသံလေးပါ... ဒါတွေကို ကိုမောင်မောင်ဝမ်းကလဲ မှန်မှန်ကြီး တင်ဆက်ပေးနေပါတော့တယ်... အဲ့ဒီနောက်မှာတော့ ကိုကျော်ကြီးအေဘီ(ညီညီကျော်)၊ ကိုအောင်မိုးဝင်း၊ ကိုလင်းဝေအောင်၊ ကိုမောင်မောင်(ရွှေကရဝိတ်)၊ မနန်းအောင်ထွေးကြည်(မငယ်) စသည်ဖြင့် နာမည်အရင်းတွေနဲ့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ချရေးပြကြပါတယ် (ရေးကြသူတွေများ
လို့ကျနော် မေ့ကျန်သူတွေလဲရှိနိုင်ပါတယ်)၊ ပို့စ်ချရေးသမျှ လူတွေမှာ အေဘီလူဟောင်းတွေရော၊ အပြင်လူတွေပါ အားဖြည့် လာကြပါတယ်... နောက်ဆက်တွဲ အဖြစ်နဲ့ ပန်းချီထိန်လင်းက ကျနော်လူကက်ဆက် အပိုင်းနှစ်ခုကလဲ ခရေစေ့တွင်းကျ ချပြနိုင်လိုက်လေတော့ စာဖတ်သူတွေ ဟာကနဲ ဟင်ကနဲ ဖြစ်သွားကြရှာပါတယ်... စိတ်မကောင်းစရာပါ အဖြစ်အပျက်က ပြန်ရေးပြရတာတောင် ရင်နာစရာပါ... သို့သော်လဲ စာရေးသူတွေဟာ အေဘီအက်စ်ဒီအက်ဖ်ကို ထိခိုက်သွားစေခြင်း တစုံတရာမပါအောင် ဂရုတစိုက်ရေးချပြနိုင်ကြပါတယ် (သဘောထားကြီးကြပါတယ်.. ကျနော်ဆိုအဲ့လိုမလုပ်နိုင်ပါဘူး)... ခုချိန်မှာ အေဘီကမဟုတ်သူ ကျနော်ကသာ (အေဘီကို ဘာရုပ်မှ မပေါက်တော့ဘူး) (ကျီးအာသီးလိုဖြစ်နေပြီ) (ကင်ဆာပြန့်နှံ့နေတဲ့ လူမမာလိုပဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သေတော့မှာ) စသည်ဖြင့် အမနာပ ကွန်မန့်ရေးပါတယ်... ဘာကြောင့်ဒီလို ရေးသလဲ ဆိုတော့ ကျနော် အားကျခဲ့ဘူးတဲ့ အေဘီမှာ အေဘီဟောင်း/လက်ရှိအေဘီ တော်တော်များများတွေဟာ ရဲဘော်ရဲဘက်စိတ် မရှိကြပါဘူး အမတစ်ယောက် ရေးတဲ့ပို့စ်တခုပဲ ဖတ်ခဲ့ရဖူးပါတယ်... အေဘီကို အမည်ခံပြီး ကိုယ့်လွတ်မြောက်မှု့ကို ခုချိန်ထိ အားထုတ်နေကြလို့ပါ... စိတ်မနာပါနဲ့ ပြန်စမ်းစစ်ကြည့်ပါ... အခုကေ့စ်ကို ဖော်ပြနေသူအေဘီဟောင်းတွေက သမဂ္ဂရဲ့ အလံတော်အောက်မှာ သီချင်းဆိုနေကြတုန်း ချစ်နေကြတုန်းပဲ... စီနီယာတွေ၊ ရဲဘော်တွေ (ဘယ်သူမှ မကယ်လို့ ကိုယ်တိုင်ထွက်ပြေး လွတ်မြောက်လာသူတွေ) ကို မကဲ့ရဲ့ပါနဲ့... ဘယ်သူမှ လွှတ်မပေးလို့ ကိုယ်တိုင်ကြိုးစားခဲ့ရတာပါ... ပါဂျောင်ထောင်အပြင် ရွှေပြည်ကြီးက ထောင်တွေမှာပါ ကျခံရသူတွေပါ... ဒါတွေကို ရေးပြရတာက ဆင်ခြင်သုံးသပ်နိုင်အောင်ပါ ကိုယ်တဖက်တည်း မှန်ကန်ပါတယ် ထင်နေရင်လဲ ထောင့်ပေါင်းစုံကနေ လေ့လာပါ... မြောက်ပိုင်းကေ့စ်ကို ရေးကြသူတွေက ပြတ်ပြတ်သားသား စိန်ခေါ်နေတာပါ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါဗျာ... တဖက်ကလူတွေက ငြိမ်ပြီးတီးဖို့ မကြိုးစားလေတော့ သူတို့ခမျာ တဖက်တည်းနဲ့ ရသလိုတီးရတော့ လက်ဖျောက်တီးပြီး ခွေးခေါ်သလို ဖြစ်နေတယ်... တချို့တလေကတော့ ပို့စ်အနေနဲ့ မရေးရဲကြလေတော့ ကွန်မန့်ထဲမှာ လာလာအာတာမြင်ရပါတယ်... အထောက်အထားတွေ၊ သက်သေတွေ၊ စာရွက်စာတမ်းတွေ ရှိပါသတဲ့... ချပြပါမြင်ချင်ပါသေးတယ် ဗဟုသုတရတာပေါ့... နောက်ပြီး ဒီလူတွေ ရေးတာ အမှားတွေပါတဲ့ အမှန်သိချင်ရင် အေဘီမှတ်တမ်းရုံးမှာ လာလေ့လာဦးဆိုတော့ ဦးဇင်းဒသပြောသလို နောက်တခါ သတ်ချင်သေးလို့ ထင်ပါရဲ့ ထားပါတော့လေ... အေဘီအပေါ်မှာ စေတနာမှန်ရင် ရေးသားရဲကြပါလို့ တိုက်တွန်းလိုက်ပါတယ် အမည်လဲမပါ လိပ်စာလဲမသိ ဘယ်နိုင်ငံက လူတွေမှန်းမသိတဲ့ ကြေငြာချက်တို့ စာတမ်းတို့ လာမချပြပါနဲ့ တော်ကြာ ဟိုတလောက လူ၁၀၀ သတ်ဖူးတယ် လူ၁၀၀၀ သတ်ဖူးတယ်ဆိုတဲ့ ရီစရာကောင်းတဲ့ လူတွေလို ဖြစ်နေတယ်... အခုကေ့စ်မှာ 1992 ကနေ ယနေ့အထိ အေးရာအေးကြောင်း နေလာကြပြီးပြီပဲ ပါဝင်ပတ်သတ်သူတွေ ကိုယ်တိုင်ကလဲ မငြင်းကြပါဘူး လူတွေသတ်ခဲ့ပါတယ်တဲ့ သိကြကြားကြ သူတွေကလဲ အမှန်တကယ်ဖြစ်ခဲ့တာကို ပြောပေးကြလို့ ကျေးဇူးပါ ဒါဆိုလူသတ်မှု့ (လူသေမှု မဟုတ်ပါ) ဖြစ်ကြောင်း သေချာသွားပါပြီ... ပထမတော့ လူသတ်သမားက လက်ဆယ်ချောင်းတောင် မပြည့်ပါဘူး... အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်း၊ သန်းဇော်၊........။ နောက်တော့ သေသူတွေထဲမှာ ဗဟိုကလူတွေလဲ ပါတယ်ဆိုတော့ ဗဟိုပါ ပါသွားပြီ... တောင်ပိုင်းက လာရောက် ပူးပေါင်းသူတွေလဲ ပါတယ်၊ တယောက်ကိုပဲ ကယ်တင်ပြီး ကျန်သူတွေကတော့ မသိဘူးတဲ့ တောင်ပိုင်းပါ ပါဝင်လာပါတယ်... ဇာတ်ကတော်တော် ရှုပ်လာပါပြီ... အခြားအဖွဲ့အစည်းတွေကရော... လူတွေမေးလာကြပြီ ကေအိုင်အေက မငယ်ကို ကယ်သွားလို့ အခုမှ မချိတင်ကဲ မသတ်လိုက်ရလေခြင်း ဆိုပြီး စိတ်မကောင်း ဖြစ်နေကြတယ်ဆိုပဲ စိတ်ပျက်စရာပါ အေဘီဖွဲ့ကာစက အမတယောက်ရေးထားတာ ဖတ်ရတဲ့ အတွက် အေဘီကို ဘယ်လိုထူထောင်တယ် ဘယ်လို အခက်အခဲတွေကြောင့် နေရာတွေ ခွဲသွားကြရတယ် ဆိုတာ ဖတ်ပြီးတဲ့နောက်မှာ အေဘီဟာ မနုနယ်တော့တဲ့ သက်တမ်းလေးနှစ်သား အဖြစ် 1992က အဲ့ဒီကေ့စ်ဖြစ်နေစဉ် မြင်တွေ့ပြီးနောက်မှာ မတော်တဆ အမှား မဟုတ်ပါဘူး(ရည်ရွယ်ချက်ရှိရှိ)လို့ သုံးသပ်မိပါတယ်... အေဘီဟာ စည်းကမ်းတကျ ဖြစ်နေပြီ ဆိုတာ အဲ့ဒီအမက ချရေးပြလိုက်တာပါ... အေဘီမှာ အဲ့ဒီအဖြစ်ကို မဆွေးနွေးကြဘူးလား မသုံးသပ်ကြဘူးလား ဝက်တကောင်ကို ကြိုးတုပ်ပြီး ခုတ်သတ်သလိုမျိုး ဖြစ်မနေဘူးလား အေဘီကလူတွေက ဒီရဲဘော်တွေ (လက်တွဲလုပ်ကိုင်ဖူးသူတွေ ရှိနေပါသေးတယ်) မသိကြလို့လား သူလျိုဖြစ်နေရင်တောင်မှ ဒီလိုလုပ်ခွင့် ရှိပါသလား(သူလျိုမဟုတ်ဘူးလို့ ရေးတင်ကြသူတွေရဲ့ စာတွေ ဖတ်ကြပါဦး) ထွက်ပြေးလာသူတွေကတော့ ထားပါတော့ အသတ်ခံရသူတွေက တကယ့် တော်လှန်ရေးသမားစစ်စစ်ကြီးတွေ မြေပေါ်ကော မြေအောက်ကော(ဗကသ/အေဘီ) မှာပါ လှူပ်ရှားဖူးသူတွေ မဟုတ်ဘူးလား ထင်ရှားတဲ့ အမာခံကျောင်းသားတွေချည့်ပဲ ဖက်ဆစ်ဂျပန်ထက် ဆိုးတဲ့ နည်းတွေနဲ့ သတ်ဖြတ်ပြစ်ကြတယ် ချုပ်နှောင်ထားသူတွေကိုလဲ ထပ်သတ်ဦးမှာပဲ (ဒါကြောင့် ထွက်ပြေးကြတာ) အသတ်မခံရ အချူပ်နှောင်မခံရသူတွေကလဲ သူတို့ဘယ်နေ့ အဲ့ထဲကို ရောက်မလဲ တွေးပူနေရမှာပဲ... ဒါကြောင့် ဒီလိုမတရားလုပ်နေတာကို အံကြိတ်လက်ပိုက် ကြည့်နေကြရတာ ဖြစ်မှာပါ... ဗဟိုကလူတွေ လာတယ် သွားတယ် တောင်ပိုင်းက သိတယ် ကယ်တယ်/မကယ်ဘူး ဒါတွေအပြင် ကြားဖူး မြင်ဖူး တွေ့ဖူးသူတွေကရော နှုတ်ပိတ်နေကြတာ အင်မတန် ရှက်စရာ ကောင်းပါတယ် ရွံစရာလဲ ကောင်းပါတယ်... အေဘီပျက်စီးရာ ပျက်စီးကြောင်းဆိုရင် အဲ့လူတွေကို လက်ညိုးထိုးကြပါ... စသိကာစကတော့ ပိုက်ကွန်နဲ့ အုပ်လိုက်ရုံပဲ ထင်ထားတာ နောက်တော့ အဝိုင်းအဝန်းက ကျယ်လာပါတယ် ကမ်းနားမှာတင် ဆွဲပိုက်ဆွဲသလို ဆွဲတင်လိုက်ရင် ပြီးပြီလို့ ထင်ထားမိတာ... အခုတော့ ခောတ်မှီသင်္ဘောတစင်းနဲ့ ပင်လယ်ပြင်အနှံ့ သုံးထပ်ပိုက်ကြီးချပြီး ခဲကော သဲကော အမှိုက်ကော အကုန်ဆွဲတင်ဖို့ ဖြစ်သွားပြီ... ကျနော့်အမြင် လူတရာကျော်ကျော် ပါဝင်ပတ်သတ်နေပြီး တချို့ဆိုရင် သတင်းမှန်မှန်ကြီး တင်ပေးနေရာကနေ မြောက်ပိုင်းကေ့စ်ကို မပတ်သတ်တော့ဘူးတဲ့ အံ့သြစရာပါ... မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တယ်လို့ သုံးခါထက်မနဲ ပြောသွားတဲ့ သူကိုလဲ သနားလိုက်တာ "ကျနော် ကမ္ဘာမကျော်ချင်ဘူးဗျာ... အဲ့ဒါ တကမ္ဘာလုံးသိအောင် ဘယ့်နှယ့်လုပ်ရမတုန်း" ဆိုတာမျိုးဖြစ်နေတယ်... ပထမတော့ ဒီလူတွေ ဒေဝဒတ်ကို ဆရာတင်မိနေပြီလို့ ထင်ပြီးသနားနေတာ အပြောအဆိုတွေကလဲ ရွံစရာတောင်ကောင်းတယ် တိုင်းပြည်က ဒီမိုလမ်းကြောင်းပေါ် လျှောက်နေပြီမို့လို့ အေဘီက (အလင်းဝင်ဖို့) ကြိုးစားနေတာကို မသမာသူတွေက ဖျက်ဆီးနေသတဲ့... 1992 ကနေ အခုအထိ ပါဝင်ပတ်သတ် နေကြတယ်... အားနာပါးနာနဲ့ မေးလိုက်ဦးမယ် ဝါရင့်သဘာရင့်ကြီးတွေတောင် 1992 ကအမေရိကား ရောက်သေး/မရောက်သေး ဆိုတာကော သိဖို့မလိုဘူးလား... ဥက္ကဌကြီးကိုလဲ မေးလိုက်ပါဦး မှော်(ဖားကန့်)ထဲမှာ ကိုရန်ရှင်းနဲ့ မန္တလေးက ရဲဘော်တယောက် ဘယ်လို အသတ်ခံရသလဲ လဲသိချင်ပါသေးတယ်လို့... တလောက အမေရိကန်နိုင်ငံသားအဖြစ် ပြည်တော်ခဏ ပြန်ဝင်လာတဲ့ ကိုကိုတောင်မှ လေးလက်မသံကြီးကို အိပ်ကပ်ထဲက ထုတ်ပေးလိုက်သတဲ့ ဘယ်သူ့စအိုထဲကို မီးဖုတ်ပြီး ထိုးထဲ့ခဲ့ပါသလဲ...  အေဘီကို ချစ်တယ်ဆိုရင် ဒေဝဒတ်ကိုချည့် ဆရာတင်မနေကြပါနဲ့ အဇာတသတ်လို ဟိုးးးးးရှစ်ထပ်မှာ ဂျိုးကပ်ပြီးနေနေရဦးမယ်...
နောက်ပြီး မြောက်ပိုင်းမှာ ကြွေလွင့်သွားရရှာတဲ့ ကိုကြီး(ကိုထွန်းအောင်ကျော်)၊ မချို(မခင်ချိုဦး)နဲ့ အခြားရဲဘော်ရဲဘက်တွေ ခင်ဗျားတို့ စီနီယာတွေကို ၁၀ရက်နေ့ ရန်ကုန်ပွဲမှာ ကိုမင်းကိုနိုင်(ကိုပေါ်ဦး)၊ ၈၈မျိုးဆက် အသစ်ကလေးတွေကော အဟောင်းတွေကော လာပြီးဂုဏ်ပြုကြသတဲ့ နေမကောင်းတဲ့ကြားက ဘိုဘို့အမေတို့ ကိုကျော်နိုင်ဦး(ကိုကြာင်) တို့နဲ့ စကားလက်ဆုံကျနေသေး ဘာတွေပြောဖြစ်ကြသလဲ တောင်သိချင်မိသေးတယ် ကိုပေါ့်ဘေးနားမှာ ပန်းချီထိန်လင်း တရားနာနေလေတော့ ဘယ်နှယ့်လုပ်ကြမတုန်း... နောက်မန်းလေးပွဲ ၁၂ရက်ပြည်ထောင်စုနေ့မှာ ကိုမြအေး၊ ကိုထွန်းမြင်အောင်နဲ့ ၈၈မျိုးဆက် အသစ်တွေကော အဟောင်းတွေကော လာပြီး ဂုဏ်ပြုကြသတဲ့ သူလျိုမဟုတ်ပါဘူးဗျာ အသက်ချင်း လောင်းကြေးထပ်လိုက်ချင်ပါတယ်တဲ့... ... နောက်ပြီး ၁၃ရက်နေ့ ရန်ကုန်နောက်ထပ်တပွဲမှာ မနီလာသိန်းတို့တောင် လာသတဲ့ဗျာ... ပြည်သူတွေ အမြင်ရှင်းအောင် တိတိကျကျလေး ရှင်းလင်းကြရင် ပိုအဆင်မပြေဘူးလား ခုတော့ တခါလာလဲ သက်သေရှိတယ် အထောက်အထားတွေ ရှိတယ် ဘာရှိတယ် ညာရှိတယ်နဲ့... အေဘီအရိပ်ကို ခိုပြီး နဲနဲလေးလဲ ရှက်ကြပါဦး... တဖက်က ဟမ်ဘာဂါကိုင် တဖက်က ဆိုဒါပုလင်းကိုင်ပြီး ပြည်သူတွေလဲ ဒီလိုပဲ စားနေရမှာပါလေ လို့များ တွေးထားရင်တော့ ပြည်သူ့အတွက်ဆိုတာကြီးကို ခေါင်းထဲက ထုပ်ပစ်ပြီး ကိုယ့်တကိုယ်စာ ကိုယ်လွတ်ရုံးသူအဖြစ် တတိယနိုင်ငံတွေမှာ အပုန်း(အပုန်းတွေကိုတောင်အားနာပါရဲ့) ဘဝနဲ့ နေကြပါ... လက်မဆေးပဲနဲ့များ ထမင်းဝိုင်း ဝင်ချင်သေးသတဲ့လားဗျာ... ဆပ်ပြာနဲ့ မဆေးနိုင်ရင်တောင် ရေလေးနဲ့ပဲ ဆေးပြီးလာခဲ့စမ်းပါ ပြည်သူတွေက သူရဲကောင်းအဖြစ် ကြိုနေမှာပါ... အခုတော့ တချို့တချို့တွေက လင်တော့ ယူချင်သား ဗိုက်ကြီးမှာ ကြောက်တယ် ဆိုတာမျိုးဖြစ်နေပြီ... အပြစ်ရှိတယ် ထင်ပါသလား အချိန်မနှောင်းသေးခင် ဆေးကြောလိုက်ပါ... အလကား သွားပုပ်လေလွင့် ပြောနေမဲ့အစား အခုနေခါမှာ တိုင်းပြည်က တကယ်လုပ်အား လိုအပ်နေချိန်မှာ ဒါတွေမေ့ထား ငါတို့ ပြည်တော်ပြန်ရေး အဓိကထားဆိုတော့ တရားနည်းလမ်းကျပါရဲ့လား... သတင်းနဲ့ ဆက်သွယ်ရေး ခောတ်ထဲမှာ မီဒီယာကို မီဒီယာနဲ့ တိုက်ချင်ရင်လဲ တိတိကျကျလေး လုပ်ပေါ့ဗျာ... ပတ်မကြီးထိုးဖောက်မဲ့ ကောင်က ဘယ်သူလဲ??? ဘယ်သူနွားလဲ ဘယ်သူကျားလဲ ပြည်သူကို အဆုံးအဖြတ်ပေးခိုင်းပါ... ပြည်သူကို ဒီကေ့စ်တရားဝင် ချပြလိုက်ရင် အကယ်ဒမီတွေ တလှေကြီး ရသွားဦးမယ်... စတုတ္တမဏိုင် မီဒီယာတွေကကော တိကျသေချာစွာ ပြည်သူကို သတင်းပေးနိုင်နေပြီလား ပြည်သူကကော ယုံကြည်လျှက်ပဲလား... ဝေဖန်စောကြောကြဦး... တခါတလေ ယုန်ထောင် ကြောင်မိ အဖြစ်ကိုလဲ ထည့်သွင်း စဉ်းစားဦး... ကိုယ်ကပြောနေတာက တမျိုး ပြည်သူသိထားတာက တမျိုး မခက်ဘူးလား... ကိုယ်ရှူးကိုယ်ပတ်နေဦးမယ်... အခုကိစ္စကို ဖော်ထုတ်သူတွေဟာ အပုန်းတွေ မဟုတ်ဘူးဆိုတာ သိထားပါ... ကျနော်တယောက်ပဲ နာမည်ပြောင်နဲ့ နေနေတာပါ... အချိန်မရောက်သေးတော့ ဒီနာမည်လေးနဲ့ပဲ သိထားပေးပါ... တိတိကျကျ ပြောပြပါ့မယ် ဆိုတာလဲ ဝန်ခံပါရစေ... နောက်ပြီးတော့ ကျနော်က ဒီလူတွေနဲ့ လက်တကမ်းမှာ နေနေရလေတော့ ကျနော့် လုံခြုံရေးအရပါ... နာမည်မကြီးချင်ဘူးဗျာ.ဒါကြောင့်ပါ... တိုင်းပြည်ပေါ်မှာ ပေါက်နေတဲ့ မြက်ရိုင်းတပင် နှုတ်မပေးဖူးတဲ့သူပါ... ဒါပေမဲ့ မြက်တွေ အားရပါးရ စားပြီး မင်းတို့ မြက်နှုတ်ပေးဖူးပါသလား လို့ မေးနေတဲ့ လူတွေထက်တော့ တိုင်းပြည်ကို ချစ်ပါသေးသဗျ..... အေဘီအက်စ်ဒီအက်ဖ်ကို ကယ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်ပါ ငါ့လက်တွေ သန့်ရှင်းပါသလားးး လို့..............
အခုတော့ ဒီနာမည်လေးပဲ သိထားပေးပါဗျာ
ဘရာဇီး ငှက်ရိုး(အေဘီအက်စ်ဒီအက်ဖ်ကို စေတနာထားရေးပါတယ်)
· · Share

  • 47 shares
    • Aye Aye Soe Win You are so brilliant! You are...
    • Maungmaung Skw တကယ်ပြောင်မြောက်တဲ့ အရေးအသား
      ပါဗျာ-လေးစားပါတယ်။
    • Min Tharr ကိုငှက်ရိုးရေ ခင်ဗျားသုံးသွားတာလေးတော့ အသဲခိုက်သဗျာ။ အေဘီကို ကယ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်ပါ။ ငါ့လက်တွေ သန်.ရှင်းပါသလားလို. ဆိုတာကို လေးစားသွားတယ်ဗျာ။
    • Kyi Yu I love it. You shot straight...
    • Yeyint Kyaw အချိန်မနှောင်းသေးခင် ဆေးကြောလိုက်ပါ...
    • Aung Khing နှောင့်နှေးလွန်းအားကြီးရင် နောက်ထပ် ၀မ်းနည်းစရာတွေဖြစ်လာမှာကို စိုးရိမ်မိပါတယ်။ ကျောင်းသားသမိုင်းကို အရိုင်းအစိုင်းဖြစ်အောင် ဖန်တီးတဲ့လူသတ်ကောင်းတွေ ကမ္ဘာမြေပေါ်မှာ ရှင်သန်နေသေးတာ ၀မ်းနည်းစရာပိုဖြစ်နေပါတယ်။
    • Nang Aung Htwe Kyi အမှန်တရားပေါ်ပေါက်ရေး၏ရပ်တည်မူ့အတွက်အဖက်ဖက်မှဝိုင်းဝန်းပံ့ပိုးပေး ခြင်းကို လေးနက်စွာ ကျေးဇူးတင်ပါတယ်။ဆုံးဖြတ်ချက်တခုကို ခိုင်မာစွာချမှတ် ထားပြီးဖြစ်တဲ့အတွက် မည်သည့်အတားအဆီးကိုမှ ကြောက်ရွှံ့နာက်ဆုတ်သွားမည် မဟုတ်ပါ ။ KIA တပ်မတော်မှ ထွက်ခွာခဲ့ပြီး တရုပ်ပြည်
    • Nang Aung Htwe Kyi တရုပ်ပြည်မှတဆင့် လောနိုင်ငံ ၊ လောနိုင်ငံ မဲခေါင်မြစ်မှတဆင့် ရွှေတြိဂံ နယ် မြေ အထိ ရောက်အောင် လမ်းပြ အဆင့်ဆင့် နဲ့ ကိုယ့်လမ်းကြောင်းကိုယ် ရှာ ပြီး မိန်းကလေးတဦး ထဲ လျှောက်လှမ်းခဲ့သူပါ။ နောက်ဆုတ် တွေဝေလိမ့်မည် မဟုတ် ပါ ။
    • Flygon Thapyay ကိုငှက်ကြီးတို့ကတော့.......လုပ်ချလိုက်ပြန်ပြီ.......
    • Hla Yin Wine ကြိုက်တယ်ကွာ အသုံးအနှုံးကို ဘာတဲ့ "လက်ဖျောက်တီးပြီး ခွေးခေါ်သလို ဖြစ်နေတယ်..." ...လက်ဖျောက်တီး နေတယ်ထင်လို့ တအီအီ သံပေးနေကြတာလေ။
    • Maungmaung Skw မငယ်အနေနှင့် နောက်ထပ်တော်လှန်ရေးကြီး တရပ်
      ဆင်နွဲရန် အဆင်သင့်ဖြစ်နေပါပြီ။
      အမှန်တရားကို ချစ်မြတ်နိုးသူအားလုံး
      မငယ် ကို ဝိုင်းရံ စောင့်ရှောက် အားပေး
      သင့်ပါသည်။
    • ဘရာဇီး ငှက်ရိုး ကိုညီညီရေးထားတဲ့ မြောက်ပိုင်းလူသတ်ကွင်းကို ဘာသာပြန်ပေးနိုင်ကြရင် သိပ်ကောင်းမှာပဲလို့ ထင်ပါတယ်... ကျနော့်ညီအကို မောင်နှမတွေ မပါပေမဲ့ ပါသလိုခံစားရလို့ ဝမ်းနည်းမိပါတယ်... အေဘီကို သန့်ရှင်းစေချင်တဲ့ စိတ်က မြောက်ပိုင်းပြန်ရဲဘော်တွေ၊ သူတို့ကို ဝန်းရံပေးသူတွေနဲ့ ထပ်တူပါပဲ...
    • Maungmaung Skw
      ညီညီကိုယ်တိုင် သူ့စာအုပ်ကို မြန်မာလို
      ဘာသာပြန်နေတာ ပြီးခါနီးပါပြီ
      ကွန်ပျူတာစာစီပြီးရင် ထွက်လာမှာပါ
      သမိုင်းကြောင်းနဲ့ချီပြီး အမှန်တရားတွေ
      ကိုပြည့်ပြည့်စုံစုံ သိကြရမှာပါ။ဒီပြသနာ
      ...See More
    • Flygon Thapyay အယ်.... ပြည်ထောင်စုနေ့ကြီးကနေ စခဲ့တယ်....ဆိုဘာလား........
    • Kyaw Soe Win great! let me share!
    • Thant Zaw အဲဒီလို..သုံးသပ်ပေးမဲ့သူကိုမျှော်နေတာ ကြာပေါ့။ပြောသွားလိုက်တာအနှစ်တွေချည်းပဲ၊
      ဟို ခွားမသေးတွေကြားရဲ့လား။မင်းတို့အတွတ်အိပ်ရေးပျက်မဲ့ညတွေများလာတော့
      မယ်ဆိုတာငါတို့သိနေပြီကွ။
    • အိုးဝေအောင် အိုးဘားမား
      ဘရာဇီး ကငှက် က ဘယ်သူ့မှ မ တဂ် (tag) တော့ဘူးလား။ တက်ရင် ကျနော့နာမည်ထည့်တက်နော်။။အခုလို အနှစ်အသားလေးတွေ တက်စာလေးတွေ မလွတ်တမ်း စားချင်လို့ပါဗျာ..(အစားကောင်းချက်ရင် စားရင် မိတ်ဆွေကောင်းတွေကို အရင်ဆုံး သတိရတတ်တယ် ဆိုတဲ့ အဆိုအမိန့်လေးလည်း ရှိလေေ
      တာ့ မမေ့သင့်ဘူးပေါ့ဗျာ။) ကျနော့ တက်စာတွေလည်း ခင်ဗျားကို အရင်ဆုံး ကျွေးဖို့ မေ့ မေ့ သွားတယ်ဗျ.အဲဒါမလိမ်ဘူး။ဘာလို့လဲ ဆိုတော့ tag bar ထဲမှာ ဘိုလို ရိုက်ထည့်ပြီး တက်တာများတော့ --ဘရာဇီး ဆိုတာကြီးက တကူးတကကြီး ရှာမနိုင် ဖြစ်မြဲမို့ပါ။)( ဖြစ်နိုင်၇င် အင်္ဂလိပ်နာမည် တွဲမှည့်ပြီး setting မှာ ပြန်ပြင်ပေးပါလားဗျာ။)(ပြောမယ့်သာ ပြောတယ် -ကျနော့်နာမည်ကလည်း မြန်မာလို စ ထားတာဆိုတော့ လူတော်တော်များများလည်း တက်ဖို့ မေ့နေမှာ သေချာပါတယ်။)း (အိုးဝေအောင်)
      March 1 at 11:52am · · 3
    • ဘရာဇီး ငှက်ရိုး တက်ဂ် သိပ်မပေးတတ်ဘူး အကို... မဖတ်ချင် ဘယ်နှယ့်လုပ်မလဲ ဆိုတဲ့ အတွေး ဝင်နေတယ်... ပြီးတော့ မလုပ်တတ်ဘူး.. ဘယ်နားက လုပ်ရမှန်းတောင်မသိဘူး။ ဒီပို့စ်က ဖြစ်နိုင်ခြေရှိတဲ့ လူစာရင်းပါ. နောက်ထပ်တင်တဲ့ ပို့စ်က ကျူးလွန်သူ၊ အားပေးသူ၊ သတင်းကွယ်သူတွေကို သတိပေးထားတာပါ အကို။ တော်ကြာမှ မိသားစုကို နှုတ်မဆက် လိုက်ရဘူး ဖြစ်မှာစိုးလို့..။ နောက်မကြာခင် နာမည်အစစ်လေးနဲ့ ပြန်နေမှာပါ. ဒါကနာမည်ပြောင်ပါ..။
      March 1 at 11:59am · · 3
    • Flygon Thapyay ဗျို့...........အင်ကယ်.ဦးမောင်ရေ.....ဟင်္သာကိုးသောင်းပုံပြင်စာအုပ်ရော...ကိုညီညီဘာသာပြန်ထားတဲ့စာအုပ်တွေရော.... ထွက်ရင်သံချောင်းခေါက်ဖို့ မမေ့နဲ့နော်........ဒီစာအုပ်ကိုကိုင်ပြီး ရပ်ကွက်ထဲမှာ အင်တာနက် မသုံးတဲ့လူတွေကို လိုက်ပြောပြမလို့..............
      March 1 at 12:01pm · · 4
    • ဘရာဇီး ငှက်ရိုး ကိုညီညီတင်တဲ့ အမြည်းလေးမှာတင် ဟိုဘက်မှာ ငရံ့ပြာလူး ဖြစ်နေပြီ... အပြည့်အစုံဆိုရင်တော့..... ဒိုးရတော့မယ်... အချစ်ရေ.... အာာာာ ဟ အာာာာာာ ဟ.....
      March 1 at 12:06pm · · 2
    • Flygon Thapyay
      အခုတော့ လက်ကိုင်ဖုန်းထဲမှာ ဆိုင်ရာဆိုင်ရာ ဓါတ်ပုံတွေထည့်ပြီး လိုက်ပြောနေရတဲ့အခြေအနေ....ပြောနေတဲ့အချိန်တိုင်းမှာ လူတိုင်းရဲ့ မျက်လုံးလေးတွေများ ၀ိုင်းစက်ပြီး နားရွက်ကလေးတွေများ ထောင်နေတာ...ဘယ်လောက်အထိ စိတ်ဝင်စားနေသလဲဆိုတာသိသာတယ်ဗျာ့...ခံစားတ
      က်တဲ့ နှလုံးသားရှိသူတိုင်း တထွီထွီနဲ့.......အင်တာနက်မသုံးတဲ့လူတွေကိုလိုက်ပြောနေတာ အမျိုးတွေအပါအ၀င်....လူပေါင်း တစ်ဒါဇင် လောက်ရှိနေပြီ...တစ်ချိုကလည်း ပထစိတ်မ၀င်စားပေမဲ့......ဦးမောင် ပြောတဲ့ ပုံပြင်လေးကိုလည်း ပြောပြလိုက်ရော..ချက်ခြင်း ငေါက် ငခနဲ ထထိုင်ပြီး ရီတယ်...ပြီးမှ လေးလေးနက်နက်တွေ မေးခွန်းထုတ်လာပါရော.....ကျတော်တော့ ပြောထားတယ်နော်.....ဦးမောင် တို့ ကိုညီညီတို့ စာအုပ်တွေ မကြာခင်မှာ ခင်ဗျားတို့ကိုယ်တိုင် ဖတ်ကြေည့်ပေတော့လို့.....ကျနော့် ပိုက်ဆံနဲ့ နိုင်သလောက် ၀ယ်ပြီး........စိတ်ဝင်စားသူမှန်သမျှ အခမဲ့လိုက်ဝေပြစ်မယ်...အေးရော............
      March 1 at 12:12pm · · 4
    • Maungmaung Skw Flygon Thapyay
      သံချောင်း တင်ခေါက်မှာမဟုတ်ဘူး
      နိုင်အောင်ရော အောင်နိုင်ရော မိုးသီးရော လှဆိုင်းရော သန်းဇော်ရော
      အားလုံးခေါက်လိုက်မယ်။ကမ္ဘာ့တရားရုံး
      အလုပ်ရှုပ် သွားစေရမယ်။စိတ်ချ။
      March 1 at 12:17pm · · 7
    • Flygon Thapyay ဟားဟားဟားးးးးးးးး အချက်ပေးသံချောင်းပါဗျာ့....ဟားဟားးးးးးးးးးး သာယာဝတီက သံချောင်း ပါ အဆစ်ပါတွားဘီ......ဟီး
      March 1 at 12:21pm · · 2
    • အိုးဝေအောင် အိုးဘားမား
      ဘရာဇီး ငှက်ရိုး က tag မလုပ်တတ်ဘူး ဆိုတော့ လုပ်တတ်အောင် ပြောပြမယ်။(မလုပ်တတ်ချင်ယောင်ဆောင်ရင်လည်း မသိသလိုနေ..တကယ်မသိသေးတဲ့သူတွေ လုပ်တတ်အောင်)။ tag တက် လုပ်တာ ဘာမှမခက်ပါဘူး။တခါပြတာနဲ့ တတ်တာပါပဲ။ ခင်ဗျားnote ရေးတဲ့ ကွက်လပ်ကြီးရဲ့အောက်မှာ ဘောင်ေ
      သးသေးလေးနဲ့ရေးထားတဲ့ tag ဆိုတာတွေ့ မယ်။ အဲ့ဒီအကွက်လေးထဲမှာ မောက်စ်နဲ့ကာဆာကို ထောက်ထားပြီး၊ ခင်ဗျား တက်ချင်တဲ့ သူတွေရဲ့ နာမည်ကို တဦးချင်းရှာပြီး တက်ပေတော့။ ဘိုလို ဖြစ်စေ -မြန်မာလိုဖြစ်စေ - အစ တလုံးလောက် နာမည်ချရေးတာနဲ့ တူရာနာမည်ဆင်တူတွေ တတန်းကြီး ပေါ်လာမယ်။အဲဒီအထဲက ကြိုက်တဲ့သူကို ကလစ်ပြီး ရွေးလည်းရတယ်။ အယောက်၂၀လောက် တက်ပြီးရင် တော်လောက်ပြီ။အောက်မှာ photo အကွက်ထဲမှာ ပုံထည့်ချင်ထည့်-မထည့်ချင်နေ။ပြီးတာနဲ့ အောက်ဆုံးမှာ save (သို့) post ဆိုတာကို နှိပ်-ပို့စ်တခုပြီးပြီပေါ့။(အကယ်၍ သိပ်စိတ်တိုင်းမကျသေးရင် ..edit ကိုပြန်ဝင်-ဆက်လုပ်ပေတော့။-
      March 1 at 12:29pm · · 3
    • အိုးဝေအောင် အိုးဘားမား
      ငှက်ရိုးရဲ့ တသက်မရိုးတဲ့ လက်ရာထဲက ကျန်ေအကြိုက်ဆုံး စာပိုဒ်များ=( မြောက်ပိုင်းမှာ ကြွေလွင့်သွားရရှာတဲ့ ကိုကြီး(ကိုထွန်းအောင်ကျော်)၊ မချို(မခင်ချိုဦး)နဲ့ အခြားရဲဘော်ရဲဘက်တွေ ခင်ဗျားတို့ စီနီယာတွေကို ၁၀ရက်နေ့ ရန်ကုန်ပွဲမှာ ကိုမင်းကိုနိုင်(ကို
      ပေါ်ဦး)၊ ၈၈မျိုးဆက် အသစ်ကလေးတွေကော အဟောင်းတွေကော လာပြီးဂုဏ်ပြုကြသတဲ့ နေမကောင်းတဲ့ကြားက ဘိုဘို့အမေတို့ ကိုကျော်နိုင်ဦး(ကိုကြာင်) တို့နဲ့ စကားလက်ဆုံကျနေသေး ဘာတွေပြောဖြစ်ကြသလဲ တောင်သိချင်မိသေးတယ် ကိုပေါ့်ဘေးနားမှာ ပန်းချီထိန်လင်း တရားနာနေလေတော့ ဘယ်နှယ့်လုပ်ကြမတုန်း... နောက်မန်းလေးပွဲ ၁၂ရက်ပြည်ထောင်စုနေ့မှာ ကိုမြအေး၊ ကိုထွန်းမြင်အောင်နဲ့ ၈၈မျိုးဆက် အသစ်တွေကော အဟောင်းတွေကော လာပြီး ဂုဏ်ပြုကြသတဲ့ သူလျိုမဟုတ်ပါဘူးဗျာ အသက်ချင်း လောင်းကြေးထပ်လိုက်ချင်ပါတယ်တဲ့... ... နောက်ပြီး ၁၃ရက်နေ့ ရန်ကုန်နောက်ထပ်တပွဲမှာ မနီလာသိန်းတို့တောင် လာသတဲ့ဗျာ..)
      March 1 at 12:37pm · · 3
    • Sithu Myo ကိုညီညီ့စာမူကို ကင်တားနားဆီပို့ပစ်မယ် ။
      March 3 at 8:50pm · · 3
    • Maung Than Swe ဘရာဇီးအစ်ကိုလေး လက်ဖျောက်ကတော့ အံလောက်တယ်ဗျာ။ ခွေးတင်မဟုတ်ဘူး၊ တွင်းအောင်းပွေးတွေကော၊ ကြွက်တွေရော ကားကားကြီးကိုမိကုန်ကြတာပဲ။
      March 16 at 6:14pm · · 2

No comments:

Post a Comment