Friday, August 24, 2012

Aye Aye Soe Win ၏ အမြင်များ...

အေဘီမြောက်ပိုင်းစခန်းက ရာဇ၀တ်မှုမြောက်သော လူသတ်ခေါင်းဖြတ်မှုများနှင်. စပ်လျှင်း၍ စဉ်းစားမိသမျှ----

by Aye Aye Soe Win on Tuesday, August 21, 2012 at 9:33am ·
အေဘီမြောက်ပိုင်းစခန်းက ရာဇ၀တ်မှုမြောက်သော လူသတ်ခေါင်းဖြတ်မှုများနှင်. စပ်လျှင်း၍  စဉ်းစားမိသမျှ----

၁၉၉၂ လူသတ်မှုမြောက်ချိန်မှစ၍ အမှုမှန်မပေါ်ရေး  ပွဲ့စားတို.နေရာတိုင်းမှာရှိသည်။ အထူးသဖြင်.( ဒီမိုကရစီ အမည်ခံထားသော ဒီမိုကရေစီအယောင်ဆောင် အချို.သည်)ပွဲစားပီပီ ဈေးပေါ၏။ သူတို.ဈေးပေါမှန်းလူသိမှာလည်းကြောက်၏။

လူသိသွားလျှင်ကြီးစွာရန်ပြုပြီး အောက်လည်းနည်းတွေသုံးပြီးစည်းရုံရေးလုပ်တော.သည်။ -နဲနဲပါးပါးစားလိုက်သောက်လိုက်ရလျှင် ဘယ်သူ.အတွက်မဆိုပွဲစားလုပ်ပေး၏။ သူတပါးပေးစာကမ်းစာ ယူထားပြီးဆိုလျှင် တရားမျှတမှု နှင်. အမှန်တရားရှာဖွေရေးမှာ အဂတိတွေပါနိုင်သည်။ နည်းနည်းပါးပါးမာန ထားနိုင်လျှင်၊ ကိုယ်.၀န်ကိုယ်ထမ်းနိုင်လျှင်။ မိမိကိုယ်မိမိ အားကိုးလျှင် ၊အများကိစ္စ မှာ စေတနာဦးဆောင်လျှင်၊  သူများပေးစာကမ်းစာဆို  ၁ပြားမှတောင် မယူသင်.။

လူတကာအပြောခံရသော ဘ၀ထက် ကြက်ခေါင်းဆိတ်မခံ လူစွာဘ၀ကပို တောက်ပြောင်သည်။ ကိုယ်ပိုင်အရောင်ရှိသည်။ ကိုယ်.အရောင်နဲ.ကိုယ် တွင်ကျယ်နိုင်လျှင် သူတပါးတွေနဲ.ဆက်ဆံရေးမှာ (သာမန်ခင်မင်ခြင်းဖေါ်ရွေပြူငှာခြင်းထက် ပို၍) အပိုစာသားတွေလုပ်စရာအကြောင်းမရှိ။

သန်.ရှင်းစွာပေးခြင်းတခုပဲ ကောင်းမွန်ခန်.ညားသည်။ ယူခြင်းနဲ.စပ်လျှင်း၍ ဘာပဲယူယူ၊ ယူသမျှဆိုတာ တနေရာရာမှာ ပြန်ပေးရစမြဲသာဖြစ်သည်။ ပေးသောသူဖက်ကလည်း  အလကားရလျှင် ယူတတ်သော သူမျိုးကို လူတွေက အထင်သေးတတ်၏။ အထင်သေးသည်ဆိုရာ၌ စိတ်ဖြင်.အထင်သေးခြင်းဖြစ်သောကြောင်. အထင်သေးခံရသောသူက သူ. ဆုံးရှုံးမှုကို သူမမြင်။ ဘာမှမဖြစ်ဘူးလို. မိမိကိုယ်မိမိ ဆက်လိမ်နေလို.ရသည်။ ပေးသူဖက်ကလည်း အ ပေါ်စီးကဆက်ဆံနိုင်ဖို. အခွင်.အလမ်းရှိသည်။ ယူထားလျှင် တချိန်ပြောစရာ ရှိလျှင် ပေးခဲ.သူအပေါ် မိမိဖက်က အားနာရစရာ တွေဖြစ်နိုင်သည်။ မဲဆောက်၊ချင်းမိုင် အတိုက်အခံ ပရောဂျက်နိုင်ငံရေးသမားတို.၏ အင်ပါယာ သေးသေးလေးထဲက သူတွေ ဒါမျိုးတွေ လုပ်ခဲ.သည်။ ထို.ကြောင်. လူတွေ ပါးစပ် က အမှန်တွေကို ဆိုရေးရှိရာမဆိုနိုင်အောင် အားနာပြီးပိတ်နေခဲ.ကြသည်။

ဆန္ဒသည် အလွန်အရေးကြီးသည်။ ဆန္ဒ ပြင်းပြင်းထားတတ်ကြဖို.လိုသည်။ ပြင်းထန်သောအားထုတ်မှုလည်း အညီအမျှလိုသည်။ ဆန္ဒ ကလည်းညံ.၊ အားထုတ်မှုကလည်း မှားနေလျှင် တော်ရုံ ဘာပဲလိုလို ရဖို. မလွယ်။ အပြစ်တင်တာထက် အပြင်းစားဆန္ဒကို လူတိုင်းစီမှာ မြင်ချင်စိတ်ပဲဖြစ်သည်။ ဘယ်သူမှ မယှဉ်နိုင်တဲ.အပြင်းစား အားထုတ်မှုတွေ ၏ အရေးကြီးခြင်းကိုသာ ( မှန်ကန်သော အားထုတ်မှု တွေကို လူတိုင်းစီက ရမှာ မဟုတ်မှန်းသိနေသော်လည်း)အားလုံးအချိန်ကိုက်သိပါစေဟု  တောင်.တမိ၏။ သို.သော်-ဆင်ခြေတွေက စိတ်ပျက်စရာကောင်းသည်။

နှစ်၂၀ အတွင်း ဆင်ခြေပေးလို.ကောင်းသည်။ ဘယ်အလုပ်မျိုးလုပ်လုပ်၊ သူတို.လုပ်ချင်တဲ. အလုပ်မဖြစ်လျှင် လွယ်သား။ အစိုးရကိုသာ ပုံချလိုက်မည်။ အစိုးရကလုံးဝမကောင်းဖူး၊အားလုံးပိတ်နေတယ်။ စစစ တွေကြမ်းလို. လူတွေ ပြာနေတယ်။ လူတွေ ကြောက်နေတယ်။ဤသို.-ဤသို. အများအားကိုခွဲခဲ.လျှင်၊  တဖြည်းဖြည်းနှင်. တဦးစီပဲကျန်ခဲ.လျှင်စဉ်းစားစရာတွေဖြစ်လာသည်။

ကြောက်တတ်သော ဒါမှမဟုတ် အခွင်.အလန်းနည်းသော၊ အရင်းအမြစ်ရှားပါးသော အကန်.အသတ်ရှိသော သူများ လည်းသွေးရိုးသားရိုးရှိနေနိုင်သည်။ သူတို. ကြည်.သော ဒေါင်.မှ ဆိုလျှင် မဖြစ်နိုင်တာတွေ၊ ကြောက်စရာတွေ၊ လုပ်လို.မရအောင်ခက်တာတွေ တန်းစီရှိနေကောင်းရှိနေမည်။ အရေးကြီးတာက မဖြစ်နိုင်ဘူးဆိုတဲ.စိတ်ကို ဖျောက်ပြီး မဖြစ်ဖြစ်အောင်လုပ်ရမည်။  ခက်လွန်းလို.လုပ်မရတာကတပိုင်း၊ ပြင်းပြသောစိတ်ဆန္ဒ ကင်းမဲ.ခြင်းက တပိုင်းဖြစ်သည်။

လိုလျှင်ကြံဆနည်းလမ်းရဆိုသောစကားသည် သူတို. အတွက်မဟုတ်။
အဖြောင်.သွားလျှင်ဖြစ်ပါရဲ. ကောက်ကွေ.သွားသည်။ ဒီအတိုင်းဆိုလျှင် ဇီးရိုးဇီးရိုးဆဲဗင်း စီးရီးစ်ပိုင်ရှင် အီရန်ဖလင်းမင်း ကော်ပိုရေးရှင်းက ဇတ်ညွှန်းဝယ် ကောင်းဝယ်နိုင်သည်။ အလှည်.အပတ်လေးတွေများလေလေ ဒရာမာ ရုပ်ရှင်တွေက ကြည်.လို.ကောင်းလေလေ၊ သို.သော်-မတရားမှု သက်သက်ကို မည်သူမှ ဒရာမာ မဖြစ်ဖြစ်အောင် မလုပ်သင်.။

ပွဲဆိုလျှင် သူများစားရိတ်နဲ. လမ်းမရှိလမ်းရှာ လိုက်မျက်နှာပြနေသောသူတို.၏ မသေချာသော မဟာမိတ်ဖွဲ.ခြင်းက ကိုယ်နဲ.မဆိုင်သော်လည်း၊  မိမိကိုသူတပါးတွေ နှစ်သက်အောင် မဟားဒယားကြိုးစားကြရသူများသည် ဂုဏ်သိက္ခာမရှိ။ လူအသီးသီး ကိုယ်.ရုန်းကန်မှုနဲ.ကိုယ် ကြိုးစားနေထိုင်ရဆဲကာလတွေ မှာ စိတ်ရှိ သည်.အတိုင်းနေတတ်ကြခြင်းက သာ သန်.စင်သည်။လွတ်လပ်သည်၊ ကြားကောင်းအောင်ပြောနေကြခြင်း၊မုသားများ တွင်တွင်ပါနေခြင်းကို လုပ်သင်. မလုပ်သင်. စဉ်းစားကြဖို.ကောင်းသည်။ မိုးပြော ဂျိုးပြောဖြင်.- စကားလုံးတွေ နှင်.လုပ်ရပ်တို.သည် ဒင်္ဂါးပြားတချပ်၏ မတူသော မျက်နှာ၂ခု သာဖြစ်သည်။

ပွဲတွေများစွာ ဆက်ရန်ကျန်သေးသည်။ ခက်သောကြမ်းသော လမ်းတွေအတွက်ဆိုလျှင် တည်ကြည်သော လူကြီးလူကောင်းများ၊ သဘောတရား ကွန်မင်ဒိုများ၊ ကြံရဲသူ၊လုပ်ရဲသူ၊ မလိမ်တတ်သူတို.သာလိုသည်။
လူသတ်သမားတွေကို အားပေးအားမြှောက်ပြုခဲ.သူအားလုံး၊ ဆက်လက် အကာအကွယ်ပေးနေသောပြန်ကြားရေးဝန်ထမ်းအားလုံး ကျဆုံးပါစေ။
aye aye soe win august 20 2012  

worm's pride
· · Share

  • 21 shares
    • ဘရာဇီး ငှက်ရိုး ဖတ်လို့ကောင်းပါတယ်...
    • Aye Aye Soe Win အဆု့းမသတ်ချင်ကြရင် ညာသံပေးပြီးမစခဲ.ကြရင်ကောင်းမယ်လို.လဲတွေးမိတယ်။
      Tuesday at 10:19am · · 4
    • Tun Wai I don t like aye aye soe win but you are crazy ;
      Tuesday at 10:21am via mobile · · 1
    • Aye Aye Soe Win ဘယ်သူက ရျင်.ကို ကျမကို ကြိုက်ခိုင်းလို.လဲ။ ဟာသပါပဲ။
      Tuesday at 10:24am · · 3
    • Khine Khine Saw Lwin မပ သမိုင်းဟာ အချိန်တွေအကြာကြီးစောင့်ပီးမှ ထွက်လာခဲ့ပါတယ်။
      ပါဝင်သူတွေ အားလုံး အဲဒီအချိန်ကို ထိုင်စောင့်နေတာ မျိုးမဟုတ်ပေမယ့်
      စောင့်တော့ စောင့်ခဲ့ကြတယ်။ အခုလဲ မမြင်ရတဲ့ မမြင်ရသေးတဲ့ အရာအတွက်
      အချိန်ပေးရပါလိမ့် အုန်းမယ်။ မနက်ခင်း နေရောင်ထွက်လာသလိုပေါ့ ။
      အလင်းရောင် ပြူထွက်လာရင်း တစတစ အားလုံးလင်းသွားမှာပါ။
      Tuesday at 10:53am · · 1
    • Aye Aye Soe Win မှန်န်ပါတယ်။ ကျမတို.ဆို လုံးစေ.ပတ်စေ. အောင်မိုးဝင်းဆောင်းပါးတွေ ထွက်လာမှသိရတာပါ။ ကျမပြောချင်တာက စောင်.ရင်းနဲ.လည်းအသီးသီး အားထုတ်မှုမှန်ဖို.ပါ။ စာမေးပွဲ တခုမှာလို ဂုဏ်ထူးတန်းနဲ.အောင်တာမျိုးက အကောင်းဆုံးပါ။
      Tuesday at 10:57am · Edited · · 2
    • Aung Khaing Myint Please let me post in blog,thanks.http://8888newgenerations.blogspot.ca/2012/08/blog-post_3398.html#linksပွဲတွေများစွာ ဆက်ရန်ကျန်သေးသည်။ ခက်သောကြမ်းသော လမ်းတွေအတွက်ဆိုလျှင် တည်ကြည်သော လူကြီးလူကောင်းများ၊ သဘောတရား ကွန်မင်ဒိုများ၊ ကြံရဲသူ၊လုပ်ရဲသူ၊ မလိမ်တတ်သူတို.သာလိုသည်။
    • Aye Aye Soe Win PLS help yourself KO AKM...no need to ask..thanks
      Tuesday at 11:37am · · 1
    • Lu Bo မအေးအေးစိုးဝင်းရေ အောင်မိုးဝင်းဆောင်းပါးက အမှန်တွေပါလို့ ယုံမိတာကို နောင်တ မရစေချင်ပါ။
      Tuesday at 3:00pm · · 1
    • Lwin Aung Soe မြန်မာ့ကျောင်းသားသမိုင်းမှာ အရုပ်ဆိုး အကျည်းတန်စေခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့တာကို ဝန်ခံရပါမယ်။ အမှန်တရားကို လူသိရှင်ကြား ဖော်ထုတ်တာဟာ ပုဂ္ဂိုလ်ရေး အငြိုးထားတာ မဟုတ်ဘဲ နောင် သားစဉ်မြေးဆက် ရှောင်ရန် သင်ခန်းစာကောင်းတခုကို လက်ဆင့်ကမ်းပေးနိုင်ဖို့သာ ဖြစ်ပါတယ်။
      Tuesday at 4:03pm · · 5
    • Nyunt Shwe
      မှန်တယ်။ မုန်းလို့ လက်စားချေချင်လို့မဟုတ်ဘူး၊ ဒါပေမဲ့ တရားဥပဒေ စိုးမိုးဖို့လိုတယ်။ ဘယ်သူမဆို အပြစ်ကျူးလွန်ရင် အပြစ်ကို ကျကျနန ခံရမယ်။ အဲလို အစဉ်အလာမရှိပဲ၊ ဟိုကပ်သည်ကပ် ဟိုရှောင် သည်ရှောင် လုပ်နေရင် ယောက်ျားမဟုတ်ဘူး။ အဲလို တာဝန်မယူရဲသူဟာ လော
      ကမှာ ဘယ်သူ့အတွက်မှ ကောင်းကျိုးပြုမဲ့သူမဟုတ်ဘူး။ တရားမျှတမှုအတွက်၊ အရှက်တကွဲအကျိုးနဲ မချိမဆန့်သေဆုံးသူများအတွက်လဲ တရားမျှတမှုကို တောင်းဆိုရမယ်။ ကျန်တဲ့ မသေမချင်းခံစားနေကြရတဲ့ မိသားစု၊ ပြီးတော့ ခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက်လဲ တရားမျှတမှုကို တောင်းဆိုရမယ်၊ နောက်ဆုံး လူ့အဖွဲ့အစည်းအတွက်လဲ တရားမျှတမှုကို တောင်းဆိုရမယ်။ ကျနော် ဘယ်သူ့မှ မမုန်းဘူး၊ လက်စားချေဖို့ မတိုက်တွန်းဘူး။ ဒါပေမဲ့ အားလုံးအတွက် တရားမျှတမှုကို ဒီနေရာကနေ ထပ်ပြီး တောင်းဆိုလိုက်တယ်။
      Tuesday at 5:22pm · · 6
    • Aye Aye Soe Win LuBo read between the lines---have you been following the whole story? I believe in the credibility of the story. However, people should not back off. No one should back off directly or indirectly.
      Tuesday at 5:28pm · · 1
    • Ma Sa La ခင်ဗျား စဉ်းစားချက်တွေထဲမှာ ဘာတခုမှမပါပါလား လူသတ်တဲ့ ကိစ္စနဲ့ တလွဲ
      ကြီးတွေ သေချာလေးရေးပါဗျာ...ဖတ်ချင်လို့ ပါ....အခုတော့ ခင်ဗျားရေး တာချည်းက လူသတ်တဲ့ ကိစ္စက သဲလွန်စတွေလဲတခုမှမပါပါလားဗျာ သေသေချာချာလေးရေးစေချင်ပါတယ
    • Ma Sa La လူသတ်တဲ့ ဇာတ်ကောင်တွေကတော့ စဉ်းစားလို့ ရနေပြီ....၀န်ခံကြပါစေလို့ ပဲ ဆုတောင်းရမယ်နဲ့ တူတယ်
    • ( Aye Aye Soe Win ဖေ့စ်ဘွတ်မှ ကူးယူဖေါ်ပြပါသည် )

No comments:

Post a Comment