မြောက်ပိုင်းကိစ္စနဲ.ပတ်သက်ပြီး
မျိုးဝင်း သံချောင်း အောင်နိုင်နဲ.တကွ တောင်ပိုင်းက
ဒေါက်တာနိုင်အောင်အပါအ၀င် ဒီကိစ္စမှာ တာဝန်ရှိတဲ့သူတွေကို ခင်ဗျားတို.
ဆန်.ကျင်တာထက်မလျော့အောင် ဆန်.ကျင်တယ်။ ရှုံ.ချတယ်။ ဒါပေမယ်
ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်မှာ ကြောက်သလို လုပ်နေကြတဲ့ လုပ်ရပ်တွေ
မြင်နေရတယ်။ ကြားနေရတယ်။ မေးကြည့်မယ်ဗျာ ၁၅ ယေါက်သတ်မယ့်နေ.က
သတ်မယ့်သူစာရင်းက အစောကြီးထဲက လုပ်ထားပြီးသား နာမည်မှားခေါ်စရာလဲ မရှိဘူး
နန်းအောင်ထွေးကြည်ကို အရင်ခေါ်ပြီး ခင်ချိုဦးကို တကယ်သတ်ဖို.ထုတ်သွားတာ
အဲဒါဟာ ဘယ်လိုလှည့်ကွက်မျိုးလဲ။ သတ်မယ့်စာရင်းထဲမှာ ခင်ချိုဦးဆိုရင်
နန်းအောင်ထွေးကြည်ကို ဘာလို.ခေါ်၇တာလဲ။ စာရင်းထဲမှာ နန်းအောင်ထွေးကြည်ဆိုရင်
ဘာဖြစ်လို. သူမသေပဲ ခင်ချိုဦးကို သတ်၇တာလဲ၊ ဘယ်သူကနန်းအောင်ထွေးကြည်ကို
ကယ်ထုတ်သွားတာလဲ၊ စဉ်းစားစရာ ဟုတ်မဟုတ်၊ ဖြေပေးပါ။ နန်းအောင်ထွေးကြည်
အဖမ်းခံစဉ်တလျောက်လုံး မျိုးဝင်းနဲ. သံချောင်း သူ.ကို လက်ဖျားနဲ.တောင်
မထိခဲ့ဘူး အဲဒါတွေကရော ဘာကြောင့်လဲ၊ သင်းသင်းညီကို ခင်ဗျားတို.ကို
စုံစမ်းဖို. ဟန်ပြဖမ်းခဲ့တယ် သင်းသင်းညီလိုမျိုး ဘယ်နှစ်ယေါက်လောက်
ခင်ဗျားတို.ထဲမှာ မျိုးဝင်းနဲ. သံချောင်း ထည့်ထားနိုင်လဲ စဉ်းစားမိတာလေး
မေးတာနော်။ လူဆိုတာ အခက်အခဲ ဒုက္ခနဲ.ကြုံလာရင် မိဘအိမ်ကို လွမ်းမိတာပဲ
ပြန်ချင်ကြတာပဲ။ နန်းအောင်ထွေးကြည် KIA ကနေ သူ.အကိုလာခေါ်တော့ တရုတ်မှာ
သူ.အမေနဲ.တပတ်ကျော်တွေ.တယ်။ ပြိးတော့ တောလမ်းခရီးကြမ်းကိုဖြတ်ပြီး
ထိုင်းနိုင်ငံကို အရောက်လာခဲ့တယ်။ အဲဒါက ဘာကြောင့်လဲ ဘာအတွက်လဲ။ ပြန်ရင်
အဖမ်းခံရစရာအကြောင်းလဲမရှိဘူး။ မိဘအသိုင်းအ၀ိုင်းကလဲ တောင့်တောင့်တင်းတင်း။
Australia လောက်ကိုလဲ သူတို.အနေနဲ. ကြိုက်တဲ့အချိန်သွားလို.
၇နိုင်တဲ့အနေအထား။ ဒီလောက်အသက်ဘေးအန္တရယ်တွေနဲ. တွေ.ကြုံခဲ့ပြီးတာတောင်မှ
အိမ်မပြန်ပဲ တောလမ်းခရီးကြမ်းကို မိန်းမပျိုလေးတစ်ယေါက်ထဲ စွန်.စွန်.စားစား
ဖြတ်ပြီး ထိုင်းနိုင်ငံအရောက်လာခဲ့တာ Australia သွားချင်လို.အတွက်
သက်သက်ရယ်တော့ မဟုတ်ဘူးလို. ကျနော်ထင်ပါတယ်။ သိတဲ့သူများ ဖြေပေးကြပါ။
No comments:
Post a Comment