Sunday, August 5, 2012

"သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ ဒေါက်တာမြင့်ချို၏ မြောက်ပိုင်းကိစ္စ ပြောကြားချက်"

"သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ ဒေါက်တာမြင့်ချို၏ မြောက်ပိုင်းကိစ္စ ပြောကြားချက်"

by ဘရာဇီး ငှက်ရိုး on Sunday, March 18, 2012 at 2:32pm ·
ဒေါက်တာမြင့်ချို ပြောသွားတာက ""ကျနော်တို့ စစ်တပ်တွေမှာလို အဖွဲ့အစည်းတွေမှာလို သူကအောက် ငါကအထက် ဒီလိုမရှိပါဘူး... ဒေသ ပထဝီ အနေအထားအရ တောင်နဲ့မြောက် ကွဲကွာနေတဲ့ အပေါ်မှာ သီးသန့် လှုပ်ရှားတယ် သီးသန့် လုပ်ကိုင်တယ် သီးသန့် ဆုံးဖြတ်တယ်... "အနည်းငယ်စဉ်းစားပြီး ဆက်ပြောပါတယ်"... ကျနော်တို့ (တတိယအကြိမ်ညီလာခံ) တောင်ပိုင်းမှာ လုပ်ခဲ့တဲ့အချိန်တွေက ၉၁ခုနှစ် (Auguest)သြဂုတ်လ... အဲ့ဒီအချိန်မှာ မြောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ်က တောင်ပိုင်းနဲ့ ပူးပေါင်းတဲ့ တဖွဲ့တည်းသော အဖွဲ့ ဖြစ်ချင်တယ် ဆိုပြီးတော့ ကိုယ်စားလှယ် လွှတ်လာတယ်... အဲ့ဒီအချိန်မှ စပြီးတော့ အေဘီအက်စ်ဒီအက်ဖ် နှစ်ခြမ်းဟာ စပြီး သန္ဓေတည်တဲ့ အချိန်ကနေ သီးသန့်ဖြစ်ရာကနေ ပေါင်းပြီးတော့ တစ်ဖွဲ့တည်းဖြစ်ဖို့ အတွက် ကျနော်တို့ ကြိုးစားခဲ့တယ်... အဲ့ဒီအချိန်မှာပဲ ညီလာခံကာလမှာ မြောက်ပိုင်းမှာ လူပေါင်းများစွာကို သံသယနဲ့ စပိုင်ဆိုပြီးတော့ ဖမ်းတာတွေ ဖြစ်ခဲ့တယ်... အဲ့ဒီအထိ ကျနော်တို့ ညီလာခံက မပြီးသေးဘူး... ပြောချင်တာက ဘာလဲ ဆိုတော့ မြောက်ပိုင်းမှာ ဖြစ်တဲ့ ပြသနာသည် တောင်ပိုင်းဗဟိုကော်မတီက ဘာမှ (control)ကွန်ထရိုးလုပ်လို့ မရဘူး... သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး... သူ့ရဲ့ (command)ကွန်မန်းအောက်မှာ မရှိဘူး... (constitution)ကွန်စတီကျုးရှင်း
က သပ်သပ်ဖြစ်တယ်... အုပ်ချုပ်မှုက သပ်သပ်ဖြစ်တယ်... သို့သော် အဲ့ဒီကိစ္စတွေ ဖြစ်သွားတဲ့ အပေါ်မှာတော့ တောင်ပိုင်းမှာ ရှိတဲ့ ရဲဘော်တွေ အကုန်လုံးက တာဝန်ရှိသူ အကုန်လုံးက ဒီထိန်းသိမ်းထားတဲ့ သူတွေကို ဒီလောက် အများကြီး ဖြစ်နေတဲ့ ကိစ္စ အပေါ်မှာ မဖြစ်သင့်တာ မဖြစ်ရအောင် ဆိုပြီးတော့ ဘာမှမလုပ်ပါနဲ့ ထိန်းထားပါ... ဒို့ အဖွဲ့အစည်းက လူ့အခွင့်အရေးနဲ့(ဒီမိုကရေစီ တိုက်နေတဲ့) အဖွဲ့အစည်း... မသတ်ပါနဲ့ မညဉ်းဆဲပါနဲ့... လူများစားသလို စားရမယ်... နေမကောင်းထိုင်မကောင်း ဖြစ်ရင် စောင့်ရှောက်(ရ)မယ်ဆိုပြီးတော့ သဘောထားပေးထားတာ ရှိပါတယ်... အဲ့ဒီအချိန်မှာပဲ ကျနော်တို့ နှစ်ဖွဲ့ကွဲသွား(တယ်) အေဘီအက်စ်ဒီအက်ဖ်က... ကွဲသွားတော့ မြောက်ပိုင်းက ရဲဘော်တွေက ကျနော်တို့ တောင်ပိုင်းက ဘက်တစ်ဖက်ကို ထောက်ခံတယ်... ထောက်ခံတဲ့ ဘက်ကနေ (message)မက်ဆေ့ခ်ျပို့တယ်... ခဏထားထားပါ ဘာမှ မလုပ်ကြပါနဲ့ စီစစ်မယ်ဆိုပြီး ပြောတယ်... အဲ့ဒီအချိန်က စပြီးတော့ တောင်ပိုင်းရဲ့ (command)ကွန်မန်းတွေဟာ မြောက်ပိုင်းမှာ သွားပြီးတော့ သက်ရောက်မှုရှိတာကိုး... သို့သော် တရားဝင် သက်ရောက်ပေမဲ့ လက်တွေ့မှာ သူ့နည်း သူ့ဟန်နဲ့ (ဆက်)သွားနေတယ်... သွားတော့ တောင်ပိုင်း မြောက်ပိုင်းဟာ စက်နဲ့ အဆက်အသွယ် မရှိဘူး... ဆက်လို့လဲ မရဘူး... အဲ့ဒီကာလမှာ ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ မြောက်ပိုင်းမှာ ၁၅/၁၂ယောက်ကို သေဒဏ်ပေးပြီးတော့ အမိန့်ချပြီးတော့ သတ်လိုက်တယ်... ကျနော်တို့ မသိဘူး တောင်ပိုင်းမှာ... ဘီဘီစီတို့ဘာတို့ ကနေ အသံလွှင့်တဲ့အခါကျမှ တောင်ပိုင်းကလူတွေ သိတာ... မြောက်ပိုင်းက ပြောတာက မြောက်ပိုင်း ဗဟိုကော်မတီ မြောက်ပိုင်းစည်းကမ်း မြောက်ပိုင်းရဲ့ (commandနဲ့ပဲ) ဗဟိုကော်မတီက မြောက်ပိုင်းမှာပဲ ဆုံးဖြတ်ပြီးတော့ ဒီလူတွေဟာ အထောက်အထားတွေ တွေ့ရှိလို့ သေဒဏ်ပေးလိုက်တယ် ဆိုပြီးတော့ အဲ့ဒီလို သူတို့ ဖော်ထုတ်လိုက်တယ်... မီဒီယာကိုရော.. အဲ့ဒါပဲ ကျနော်တို့ သိတယ်... သိတော့ ကျနော်တို့က ဘာစဉ်းစားလဲ ဆိုတော့ တောင်ပိုင်းမှာ ရှိတဲ့လူတွေက ငါနဲ့မဆိုင်ဘူး လုပ်လို့ မရတော့ဘူး... သိတာ မသိတာ တကဏ္ဏပဲ... တာဝန်ခံ ရတော့မယ်... အဲ့ဒီတော့ (ရှင်းလင်းချက်) တစောင်ထုတ်လိုက်တယ် ဒါတွေအားလုံးကို နိုင်ငံတကာ အကူအညီနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ လိုတယ်ဆိုပြီးတော့ အဲ့ဒီပေါ်မှာ ကျနော်တို့က စာထုတ်လိုက်ပြီးတော့ ဒီကိစ္စကို ဥက္ကဌ ကိုနိုင်အောင်က မြောက်ပိုင်းသွားပြီးတော့ ဖြေရှင်းရတယ်... ကိုနိုင်အောင်က (April)အေပရယ်လမှာ ရောက်တယ် မြောက်ပိုင်းကို သတ်တာက ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ သတ်တာ... သို့သော် ကျနော်တို့ တာဝန်ရှိတဲ့ သူတွေ အကုန်လုံးက တာဝန် မရှောင်ကြဘူး... ဒီကိစ္စကို အမှန်အမှား ဖြစ်အောင် သေချာစီစစ် ပြီးမှ ဖော်ထုတ်မယ်... တချိန်ကျရင် ဘက်မလိုက်တဲ့ ပညာရှင်တွေ ကျွမ်းကျင်တဲ့ သူတွေနဲ့ အထောက်အထားတွေ အကုန်လုံးကို သေသေချာချာ ခံစားရတဲ့ရဲဘော်တွေကော ကျဆုံးသွားပြီးတော့ ကျန်ခဲ့တဲ့ မိဘတွေကော ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေ အကုန်လုံးကိုကော အမိန့်ပေးခဲ့တဲ့ သူတွေကော ကိုယ်တိုင်ကိုယ်ကျ သတ်ခဲ့တဲ့ သူတွေကိုကော တာဝန်ခံရတဲ့ တောင်ပိုင်းက ဗဟိုကော်မတီကော စသည်ဖြင့်ပေါ့ဗျာ အားလုံး စုံစုံညီညီနဲ့ ဒီကိစ္စတွေကို မျက်နှာချင်းဆိုင် ရှင်းဖို့တော့လိုတယ်... အဲ့ဒီအခါက ဘာလဲ ဆိုတော့ ဥပဒေလဲ မှန်မှန်ကန်ကန် ကြီးစိုးဖို့တော့ လိုတယ်... ဒီအချိန်မှာ သူလဲ မှန်တယ် ငါလဲ မှန်တယ် ကျနော်တို့ အမှန်တရား ဖော်ထုတ်(နိုင်မှာ) မဟုတ်ဘူး... ဒါကြောင့် မို့လို့ လက်ရှိဗဟိုကော်မတီ အနေနဲ့ သူတို့အနေနဲ့ ဒါတွေ မပါတ်သတ်ခဲ့ သော်ငြားလဲပဲ ရှေ့က အဖွဲ့အစည်း ဖြစ်ခဲ့တဲ့ ကိစ္စ အပေါ်မှာ သူတို့ တာဝန်ယူပြီးတော့ ခေါင်းခံပြီးတော့ ထုတ်ပြန်ချက် ထုတ်ရတယ် ကော်မရှင်ဖွဲ့ရတယ်... သူတို့နဲ့ ဘာမှ တိုက်ရိုက် မပတ်သတ်ခဲ့ပါဘူး... သို့သော် အဖွဲ့အစည်းရဲ့ ထုံးစံအရ အစဉ်အလာအရ ဆက်ခံလာတဲ့ အပေါ်မှာ ဒီတာဝန်ကြီးတွေဟာ နောက်ထပ် ခေါင်းဆောင်အသစ်တွေ အပေါ်မှာ သွားပြီးတော့ ပိနေတယ်... ဒါကြောင့်မို့လို့ ကျနော် ပြောချင်တာက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က ရင်နာစရာကောင်းတယ် ကြေကွဲစရာကောင်းတယ် ဝမ်းနည်းစရာကောင်းတယ်... (အမှားကြီးတခုလိုပဲ) ခံစားနေကြရတာ ဒါပေမဲ့ ဒီအမှန်တရားကို ကျနော်တို့ တနေ့ ဖော်ထုတ်ကြမယ်... ဒီကာလမှာ (အပြင်ကဘယ်)လောက်ပဲ ရေး ရေးပါ... လက်ရှိ တိုက်ပွဲဝင်နေတဲ့ အေဘီအက်စ်ဒီအက်ဖ် ရဲဘော်တွေကို ခွဲခြားပြီး မြင်စေ့ချင်တယ်... မြောက်ပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ အေဘီ တဖွဲ့လုံးကို ဖျက်သိမ်းလိုက်ပါ ဆိုတဲ့ (စွပ်စွဲချက်မျိုးတွေ)  အေဘီအက်စ်ဒီအက်ဖ် ရဲဘော်တွေကို လူသတ်သမားဆိုတဲ့ စွပ်စွဲချက်မျိုးတွေ မဖြစ်စေချင်ဘူး ကနေ့ ခေါင်းဆောင်တွေ ရဲဘော်တွေ နယ်စပ်မှာ အသက်စွန့်ပြီး တိုက်နေတာ တပြည်သား တပြည်ထောင်လုံး အတွက် တိုက်နေတာ ဖြစ်တယ် သူတို့ အတွက် မဟုတ်ဘူး... ဒါကြောင့်မို့လို့ ကျနော် နောက်ဆုံးပြောချင်တာက ဖြစ်ခဲ့တဲ့ဟာတွေ အမှန်ပဲ... သို့သော် အင်တာနက်မှာ ရေးသလိုတော့ မဟုတ်ဘူး ဖြစ်ခဲ့တယ် အဲ့ဒါကို ဖြေရှင်းဖို့လဲ ကျနော်တို့ ပရောဆက်ကို ကျနော်တို့ လုပ်နေတယ် အခုဥက္ကဌ ကိုသံခဲတို့ ဖွဲ့ထားတဲ့ ကော်မရှင်ကို မယုံဘူး ယုံတယ်ဆိုတာ တကဏ္ဏပေါ့ဗျာ ဒါက ရဲဘော်တွေနဲ့ ဖွဲ့ထားတာ ပါတ်သတ်ခဲ့သူ တယောက်မှ မပါဘူး... အဲ့တော့ ပါတ်သတ်ခဲ့သူ အားလုံးက ဒီကော်မရှင်ကို ပူးပေါင်း ဆောင်ရွက်ပြီးတော့ အချက်အလက်တွေ ပေးမယ်... အဲ့ဒါ အားလုံးစုပြီးတော့ တချိန်ကျရင် အဲ့ဒီကိစ္စကို တရားဝင် မြန်မာနိုင်ငံထဲမှာ ပြန်ရှင်းကြမယ် အဲ့ဒီ အခါမှာ နစ်နာသူတွေ ကျုးလွန်သူတွေ ဘယ်လို ကျနော်တို့ အနေနဲ့ ကုစားကြမလဲ... လူမှုရေးအရ ကျနော်တို့ ကုစားကြမလား ဥပဒေကြောင်းအရ ကုစားကြမလား ဒါကတော့ တချိန်ကျရင် အားလုံးက ဆုံးဖြတ်ကြမှာပါ... ဒီအချိန်မှာတော့ ဒီရဲဘော်တွေ ဒီခေါင်းဆောင်တွေ သူတို့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှု့တွေမှာ ဒီကိစ္စကြောင့်တော့ အမဲစက် မစွန်းထင်းစေချင်ဘူး သူတို့အပေါ်မှာ အထင်မလွဲ စေချင်ဘူး... ကျနော်အဲ့ဒါကို တောင်းပန်ပါတယ်...
""ဗီဒီယိုကို မိနစ် ၅၀ မှ ၅၇မိနစ်အထိ ကြည့်ရှု့ပြီး လိုအပ်သည်များ ကွန်မန့်ပေးကြပါ... ကျနော်မရှင်းလင်းသည်များကို ကွင်းစကွင်းပိတ် ချန်ပြီးရေးထားပါတယ်... သေချာ နားမရှင်းလို့ ချန်ထားခဲ့ပါတယ်... ပြောကြားသူ ဒေါက်တာမြင့်ချို၏ ပြောကြားချက်သာ ဖြစ်ပါတယ်""
· · · Share

  • 15 shares
  • 50 of 54
    • ဘရာဇီး ငှက်ရိုး ပေါ်လာဦးမဲ့ အမှု့တွေ အများကြီးပါလား.....
      March 18 at 3:42pm · · 5
    • Maungmaung Skw
      အဓိကက တာဝန်ရှိတဲ့သူတွေရှင်းလိုက်ကြ။ဘယ်သူကမှ အေဘီကို အပြစ်မပြောဘူး။အေဘီက ပုဂ္ဂိုလ်များကလဲ တာဝန်ရှိတဲ့သူတွေကို အရှင်းခိုင်းလိုက် “မင်းတို့ပြသနာ-မင်းတို့ရှင်း” လို့ပြောလိုက်။လွယ်လွယ်လေးရယ်။ဘာဇယားတွေရှုတ်ပြနေတာလဲ။ လူသတ်တဲ့အကြောင်းပြောတယ်-အေဘီကို
      မထိနဲ့တဲ့-လူသတ်သမားတွေအကြောင်းပြောတယ်-အေဘီကိုမထိနဲ့တဲ့-အသတ်ခံရတဲ့သူတွေ-အဖမ်းခံရတဲ့သူတွေ ထောက်လှမ်းရေးမဟုတ်ဘူးလို့ပြောတယ်-အေဘီကိုမထိနဲ့တဲ့-ဦးနှောက်သုံးပြီးစဉ်စားတတ်တဲ့သူတွေအတွက် ဘာတွေခဲခဲယဉ်းယဉ်း လိုက်ပြောနေရတာလဲ-မှန်ကန်တဲ့အေဘီ-ဘယ်တော့မှအရောင်မမှိန်ဘူး-ဘယ်တော့မှ နာမည်မသေဘူး-ဘယ်တော့မှ သမိုင်းမသေဘူး-ကျောင်းသားတပ်မတော်ဟာ-စစ်အာဏာရှင်ကိုတင် တိုက်ရဲတာမဟုတ်ဘူး-ငါတို့ထဲလာ-ကျောင်းသားအယောင်ဆောင်နေတဲ့ အာဏာရှင်တွေကိုလည်း တိုက်ရဲတယ်-တိုက်တတ်တယ်လို့ သက်သေမပြရဲဘူးလား-စစ်မြေပြင်တုန်းကသတ္တိတွေဘယ်ရောက်သွားကြတာလဲ။ကိုယ်ချင်းမစာတတ်တာကို အပြစ်မတင်ပါဘူး-ကိုယ်မှမခံရဘူးတာကိုး-ဒါပေမဲ့ အမှန်တရားကိုမြတ်နိုးတဲ့ စိတ်ဓာတ်တွေ ဘယ်နားကျကျန်ခဲ့တာလည်း နှမျောစရာကောင်းလှပါတယ်-ဘာကိုမှ မတိုက်တွန်းလိုဘူး-အေဘီတွေ အမှန်တရားကိုလက်ကိုင်ထားပါ။ရှာဖွေပါ-ကျင့်သုံးကြပါလို့တော့ တိုက်တွန်းချင်တယ်။“ကျွန်တော် အေဘီကို စိတ်မနာချင်ဘူးနော်-မကောင်းမပြောချင်ဘူးနော်-နာမကျန်းဖြစ်နေတဲ့ ကျောင်းသားတပ်မတော်ကို ဝိုင်းဝန်းကုသ သန့်ရှင်းလိုက်ကြရအောင်လားဗျာ”
      March 18 at 4:00pm · · 27
    • ဘရာဇီး ငှက်ရိုး ရဲရဲတောက် ပြောရဲဆိုရဲ အေဘီဟောင်းထဲက အကိုတွေ အမတွေ လက်ဆယ်ချောင်းတောင် မပြည့်ဘူး...
      March 18 at 4:04pm · · 5
    • Zarni Phonezaw
      ဒေါက်တာမြင့်ချိုကိုမေးချင်ပါတယ် ဒီမိုကရေစီအတွက်ပါဆိုပြီ စစ်အစိုးရကိုတိုက်ပွဲဝင်တဲ့သူတွေက ကွန်မြူနစ်တွေထက်တောင်ရက်စက်ကြမ်းကြုတ်မိုက်ရိုင်းနေတာ သဘာဝကျသလားပဲပြောပါ ရော်နယ်အောင်နိုင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကိုလဲမေးချင်ပါတယ် အဲဒီတုန်းက ဘယ်သူက မြှောက်ေ
      ပးလို့ အဲလိုလူမဆန်ရတာလဲလို့လေ သူကျတော့ အခုကောင်းစားနေလိုက်တာတဲ့ သတင်းကြားပါတယ် ကျွန်တော်တို့က လူငယ်တွေပါ ဒါတွေဖြစ်တဲ့အချိန်တုန်းက ကလေးပဲရှိပါသေးတယ် ဒါပေမယ့် ကြားရကြားရ နားဝမချမ်းသာဆိုတာလိုပဲဗျာ ရက်စက်ပါပေ့ ကိုယ့်အလှည့်ရောက်ရင်တော့မနွဲ့ကြနဲ့ပေါ့ဗျာ
    • Ko Baloi
      တချိနှ်ကြရင် မြန်မာနိုင်ငံမှာပြန်ရှင်းမယ်ဆိုရင်...ဘယ်အချိန်ကြမှ ပြန်ရှင်းမှာလဲ Dr မြင့်ချိုရယ်။ အမှန်မှာ ဒေါက်တာမြင့်ချိုတို့ သက်တမ်းမှာဖြစ်ခဲ့တဲ့ကိစ္စကို၊ ခင်ဗျားတို့ တာဝန်ယူခဲ့တဲ့ ဗဟိုတော်မီတီ သက်တမ်းမှာကတည်းက ပြတ်ပြတ်သားသား ဖြေရှင်းရမယ့်
      ကိစ္စကို၊ ကိုင်သွယ်မဖြေရှင်းရဲလို့....အချိန်တွေ ဒီလောက်ကြာခဲ့ရတယ်။ အခုလည်း တချိန်ကြရင်...ပြန်ဖြေရှင်းမယ်ဆိုတဲ့စကား၊ မပြောပါနဲ့တော့လား ကိုမြင့်ချိုရာ။ AB မှာလည်းဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်း ဥပဒေဆိုတာရှိတယ်ဆိုတာ မေ့ထားပြီးလား ??? မေ့ချင်ယောင်ဆောင်နေကြ တာလား ????? အချိန်ဆွဲထားခြင်းဖြင့်...ပြစ်မှုကျူးလွန်ထားကြသူ၊ လူသတ်သမားတွေကို ရေရှည်လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတာနဲ့ အတူတူပဲ။ ကျနော်ကတော့ ဟိုရွေ့- ဒီရွေ့ အချိန်ဆွဲထားပြီး ကြာတာမကြိုက်ဘူး။
      March 19 at 7:00am · · 7
    • Ko Baloi ဒေါက်တာမြင့်ချိုပြောတာက၊ ဒေါက်တာနိုင်အောင် ဧပရယ်လမှာရောက်တယ်၊ နရင်းအအုပ်ခံရတဲ့သူနဲ့ ညှင်းပမ်း၊ နှိပ့်စက်၊ သတ်ဖြတ်ခံခဲ့ရတဲ့သူတွေပြော တာက၊ ဒေါက်တာနိုင်အောင် ဖေဖော်ဝါရီ ၁၂ ရက်နေ့မတိုင်မှီရောက်ပြီး၊ ဖမ်းဆီးထားတဲ့သူတွေကို စစ်ဆေးခေါ်ယူမေးမြန်းတယ်လို့ ပြောထားတော့...အဲဒီပြောဆိုချက်တွေမှာ ကွာဟမှုတွေဖြစ်နေတာကို တွေ့ရှိနေရပါတယ်။ ကဲ....သက်ဆိုင်သူတွေ လုပ်ပါဦး...ကျနော်တို့က ဘယ်ဟာ အမှန်ယူရမလဲ ??? မရှုပ်- မရှင်းတော့ မလုပ်ကြပါနဲ့။
      March 19 at 7:33am · · 5
    • Zarni Phonezaw တချိန်ကြရင်ဖြေရှင်းမယ်ဆိုတာ ဘာလဲ တရားခံတွေသေသွားမှလား ဒေါက်တာမြင့်ချို အဲဒီအချိန် ခင်ဗျားလဲ သေချင်သေသွားပြီပေါ့
      March 19 at 9:31am · · 7
    • ဘရာဇီး ငှက်ရိုး တနေ့တော့ ဖြစ်လာမှာဘာာာာာာာာာာ(ကိုစိုးပိုင်သီချင်း)... ဒီစကားကိုပဲ မိုးတွင်းဖားတွေလို အော်နေကြတာ သံစုံတွေတောင် ထွက်လို့... မန်းလေးက ကိုထွန်းအောင်ကျော်တို့ ကိုညီညီတို့ရဲ့ wavy echo ဝိုင်းပြန်ထောင်ဖို့ ကြိုးစားနေတယ်လေ... တီးဝိုင်းပြန်ဖြစ်သွားရင် ဖားတွေကို ဟာမိုနီ လိုက်ဖို့ ခေါ်ထားဦးမှ...
    • Zarni Phonezaw ဒေါက်တာနိုင်အောင်ကအခု ချင်းမိုင်မှာဆို
    • Htun Aung Gyaw
      ဒေါက်တာမြင့်ချိုပြောတာအတော်လွဲနေတယ်ဘာလဲဆိုတော့ အေဘီအက်ဒီအက်စဖွဲ့တော့ကချင်ဥက္ကဌကြီးဘရန်ဆိုင်းကကျွန်တော့်ကိုမယ်နယ်ပလောက ကချင်ကုန်းကရုံးကိုလာခဲ့ဖို့ လှမ်းခေါ်တယ်အဲဒီမှာစက်နဲ့ကချင် အေဘီအက်ဒီ အက်ကရဲဘော်တွေနဲ့စကားပြောစေတယ်၊ ကချင်ကရဲဘော်တွေက ကချင်နယ
်မြေဗဟိုကော်မီတီဖွဲ့စည်းမဲ့အကြောင်းတင်ပြလာလို့၊ ကချင်နယ်မြေကော်မီတီဘဲဖွဲ့ရမယ်၊ ဗဟိုနှစ်ခုမဖြစ်စေနဲ့၊ဗဟိုကတောင်ပိုင်းမှာဘဲရှိရမယ်ဆိုပြီးအမိန့်ပေးခဲ့တယ်၊ ဒါဟာကျုပ်ကိုယ်တိုင်အမိန့်ပေးခဲ့တာဖြစ်တယ်၊ ဒေါက်တာမြင့်ချိုကအဲဒီအ ချိန် မှာ ဝမ်ခစခန်းမှာစစ်သင်တန်းတက်နေတဲ့ရဲဘော်အဆင့်ဘဲရှိသေးတယ်၊ ဒီကိစ္စ တွေ ကိုသူဘယ်လိုမှမသိနိုင်ဘူး။
      March 19 at 12:52pm · · 20
    • ဘရာဇီး ငှက်ရိုး အကိုကြီးကိုထွန်းအောင်ကျော်(၇၄)ခင်ဗျား အခုလိုမျိုး ကူညီဖြေကြားပေးတာ ဝမ်းသာပါတယ်... အမှန်တရားအတိုင်း ဘယ်သူ့ဘယ်သူမှ မျက်နှာမလိုက်ပဲ အားလုံးကို ဖြေရှင်းပေးဖို့ ကြိုးစားနေလို့ ကျေးဇူးတင်ပါတယ်... လတ်တလော အခြေအနေက ဖြစ်ပျက်သမျှအားလုံးကို တင်ပြပေးနေခြင်း အဆင့်ပဲ ရှိပါသေးတယ်... အေဘီအက်စ်ဒီအက်ဖ် အတွက် အားလုံး ဝိုင်းဝန်းဆောင်ရွက် ကြရပါမယ်...
      March 19 at 1:25pm · · 6
    • အိုးဝေအောင် အိုးဘားမား အကိုကြီး ထွန်းအောင်ကျော် ရဲ့ ကွန်မန့်ကို like တဲ့ အပြင် ထပ်ပြီး ထောက်ခံတာကို ပြချင်လို့ ဒီနေရာမှာ ကွန်မန့် မှာ ထပ်မံ ဖြည့်ရေး ထောက်ခံအားပေးလိုက်ပါတယ်။မြောက်ပိုင်းအမှုမှန်ပေါ်ပေါက်ရေးအတွက် အကိုနဲ့အတူ ကျနော်တို့နဲ့အတူ ရပ်တည်နေတယ်လို့ ဒီနေရာကနေ ကြေငြာလိုက်ပါတယ်။”တရားမဲ့စွာ သတ်ဖြတ်ခံလိုက်ရတဲ့ ၈၈မျိုးဆက် ကိုထွန်းအောင်ကျော်အတွက် =တရား ဥပဒေဘက်က ရပ်တည်ပေးနေတဲ့ ၇၄မျိုးဆက် ကိုထွန်းအောင်ကျော်ကို ထောက်ခံလျှက်-”(အိုးဝေအောင်)
      March 19 at 5:43pm · · 7
    • အိုးဝေအောင် အိုးဘားမား မကဒတ မြောက်ပိုင်း လူသတ်မှုကြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ၇၄မျိုးဆက် ကိုထွန်းအောင်ကျော်နဲ့အတူ ကျနော်တို့ ရပ်တည်နေတယ်လို့ ဒီနေရာကနေ ကြေငြာလိုက်ပါတယ်။ ”တရားမဲ့စွာ သတ်ဖြတ်ခံလိုက်ရတဲ့ ၈၈မျိုးဆက် ကိုထွန်းအောင်ကျော်အတွက် =တရား ဥပဒေဘက်က ရပ်တည်ပေးနေတဲ့ ၇၄မျိုးဆက် ကိုထွန်းအောင်ကျော်ကို ထောက်ခံလျှက်-”(အိုးဝေအောင်)
      March 19 at 5:47pm · · 2
    • အိုးဝေအောင် အိုးဘားမား ရော်နိုင်အောင်နိုင်နဲ့မြောက်ပု­ိင်းဗဟိုကော်မီတီအားလုံး သူတို့အ­ပြစ်ကို တနေ့ကျရင် လုံးဝခံရမယ်လို­့ ယုံကြည်တယ်၊
      ဒီအပြင် သူတို့ကိုထောက်ခံပေးခဲ့­တဲ့၊ဒေါက်တာနိုင်အောင်၊ကိုအောင်­ထူးတို့ကလည်း သူတို့ရဲ့မှားယွင်း­တဲ့ လုပ်ဆောင်မှုတွေအတွက် လုံးဝပေး­ဆပ်ကြရအုံးမှာပဲ၊လောလောဆယ်တော့ သ­ူတို့သမိုင်းကတော့သေနေပါပြီ၊
      (GIBurma ကွန်မန့်မှ)
      March 19 at 6:37pm · · 8
    • မိုး စဲ
      ဒေါက်တာမြင့်ချိုကိုပြောလိုက်ကြပါဗျာ..မြောက်ပိုင်းက လူသတ်မှုတွေကို စစ်ချက် ဗွီဒီယိုဖိုင်တွေကို ကြည့်ပြီး ဖတ်ပြီး မဖြစ်နိုင်တဲ့အကြောင်း ကန့်ကွက်တဲ့ တရားဝင်ကန့်ကွက်တဲ့ အေဘီဗဟိုအလုပ်အမှု့ဆောင်လူကြီး နှစ်ယောက်ထဲမှာ ကိုနေ၀င်းအောင်နဲ့ ဒေါက်တာမြင့်ချ
ိုတို့က မဖြစ်နိုင်ဘူးဆိုပြီး ကန့်ကွက်ခဲ့ပါတယ် ကိုနေ၀င်းအောင်က ကျင်းထဲ ရောက်သွားတယ် ထောက်လှမ်းရေးလို့ ၀န်ခံလိုက်ရတယ် ကိုနေ၀င်းအောင်က တောက်လျှောက်ကန့်ကွက်နေခဲ့လို့ပါ ဒေါက်တာမြင့်ချိုကတော့ ငြိမ်သွားတယ် အသက်ဘေး ထောက်လှမ်းရေးဘေးကနေ လွတ်သွားတယ် လွတ်သွားရာကနေ ခု...ဒီလိုမျိုးတွေပြောတာပါပဲ..ဒီတော့ ဒေါက်တာမြင့်ချိုကိုပြောလိုက်ပါဗျာ..နားလည်ပါတယ်လို့..ခု...မပကိစ္စမှာ ဘယ်သူတွေ ဘယ်လိုရပ်တယ်ဆိုတာ ပိုရှင်းသွားပါတယ်.လို့..လူစည်း ဘီလူးစည်း ကွဲသွားပါတယ်လို့..
      March 19 at 9:44pm · · 8
    • Ko Oo
      Here is central committee members of Dr Naing Aung.Dr Naing Aung
      Kyaw Kyaw(10cents)
      Myo Win
      Hla Htay
      Aung Htoo
      ...See More
      March 20 at 7:52am · · 3
    • ဘရာဇီး ငှက်ရိုး ကျေးဇူးပါအကို ကိုဦးခင်ဗျာ.....
    • အိုးဝေအောင် အိုးဘားမား ဒေါက်တာနိုင်အောင် ဦးဆောင်ခဲ့တဲ့ အေဘီအက်စ်ဒီအက်ဖ် ရဲ့ ဗဟိုကော်မတီစာရင်း မူရင်း အပြည့်အစုံ အထောက်အထား ခိုင်လုံအောင် ထပ်မံရှာဖွေဖြန့်ဝေပေးကြစေချင်ပါတယ်(ကိုကိုဦးနဲ့တောင်ပိုင်းရဲဘော်များ ခင်ဗျာ)
    • Ko Baloi ကိုကိုဦး...ရုံးအဖွဲ့မှူးက ဘယ်သူလဲ...သိရင် တစိတ်လောက်ပြောပေးပါ။
    • Smile Pyone maung maung gyi i think Ko Oo
    • Ko Baloi aမာင်မောင်ကြီးဆိုရင်....ဒေါက်တာ နိုင်အောင်ဘယ်အချိန်က ဘယ်ကိုသွား တယ်ဆိုတာ မောင်မောင်ကြီးသိမယ်။ ရုံးအဖွဲ့မှူးမှတ်တမ်းတွေထဲမှာ ဥက္ကဌ ဘယ်နေ့က ဘယ်ကိုသွားတယ်ဆိုတာ ရေးထားရင်လည်းရေး ထားမယ်၊ မရေးထားရင်လည်း၊ ဥက္ကဌ ဘယ်နေ့က ဘယ်ကိုသွားလည်း ဆိုတာ မောင်မောင်ကြီး သိကိုသိရမယ်။ မောင်မောင်ကြီးက လိမ်မယ်မထင်ဘူး။
    • Aye Aye Soe Win Ko Myint Cho was either lying or saying something to separate the north case fromDNA and Aung Htuu.
      March 21 at 7:07am · · 1
    • Ko Oo
      သေချာတာတစ်ခုကိုကျနော်ပြောပြမယ်၊စစ်ကော်မရှင်ကသူတို့ဘယ်သွားတယ်၊ဘာလုပ်တယ်၊ဘာလုပ်နေတယ်ဆိုတာကိုရုံးအဖွဲ့မှုးကိုမလိုအပ်ရင်ဘယ်တော့မှမပြေဘူး၊ရှင်းရှင်းပြောရရင်ဗဟိုကော်မီတွေတောင်မသိရပါဘူးဗျာ၊ပြသနာတွေတက်တော့မှသာဗဟိုကော်မီတီအဆုံးအဖြတ်ကိုယူမှသာသိရတာပါ၊က
ျနော်တို့ဗဟိုနှစ်ခုမကွဲခင်တုန်းကဆိုအပေါ်ပိုင်းခေါင်းဆောင်တွေလက်သိပ်ထိုးလုပ်နေကြတာအများကြီးပင်၊ဥပမာကိုသောင်းထွန်းအမေရိကန်မှာအကြာကြီးနေပြီးဘာလုပ်နေသလည်းဆိုတာဘာမှမသိရဘူး၊NCGUBကိုပြောင်းသွားပြီးတော့မှသာသိရတာပင်၊မောင်မောင်ကြီးလိုရုံးအဖွဲ့မှုးလိုမျိုးအားလုံးသိဖို့ဆိာတာအလွန်အလှမ်းသေးပါတယ်၊
      March 21 at 9:20am · · 5
    • Ko Baloi ကိုကိုဦးက ကျနော်တို့ထက်ပိုသိမှာပါ...အခုလိုပြေပြတဲ့အတွက် ကျေးဇူးပဲ။
    • Hlamin Kyaw ကိုထွန်းအောင်ကျော် ကို တချက်လောက် မေးချင်တယ် ကိုကိုဦး၊ ကိုသန်းဝင်း လည်းဖြေ လို ရပါတယ် ဒီအမှန် တရားဖော်ထုတ်ရေးကို ကိစ်စ ကို လက်ရှိ မကဒတ နဲ့  ပူပေါင်း လုပ်ဆောင်မှူ့ ရှိပါ သလား ကျနော် မေးတာ စိတ်မရှိပါနဲ့ ဖြေနိုင်ရင်လည်း ဖြေပေးပါ
    • Maung Maung Than I wonder why Dr Thaung Tun is quiet in the whole process. In Wankha camp everyone know DR Thaung Tun is related to Ko Thein Tun ( Medic) . I am surprised DR Thaung Tun did not say anything about Dr Naing Aung slapping his cousin Ko Thein Tun face after accusing as being military spy.
      March 22 at 8:41am · · 2
    • Ko Oo ကျနော်တိုကပူးပေါင်းဆောင်ရွက်ချင်တဲ့ဆန္ဒအပြည့်အ၀ရှိပါတယ်၊လက်ရှိABSDFကအမှန်တရားဖေါ်ထုတ်ရေးကသာကမ်းလှမ်းမယ်ဆိုရင်အတိုင်းထက်အလွန်ပေါ့ဗျာ၊ကျနော်အမြဲတန်းအဆင်သင့်ရှိနေပါတယ်၊ဒါနဲ့မသိလို့မေးပါရစေHlamin Kyawကရေဘယ်သူပါလဲခင်ဗျာ၊အေဘီကလား၊
      March 22 at 8:51am · · 1
    • Hlamin Kyaw တချိန်တုန်းက တော့ မကဒတ ပေးဆပ် ခဲ့ဘူးတဲ့ မသန်မစွမ်း ရဲဘော် တယောက်ပါဘဲ
      March 22 at 8:57am · · 1
    • ဘရာဇီး ငှက်ရိုး
      ကိုလှမင်းကျော်... အကို့ အတွက် စိတ်မကောင်းပါဘူး... လက်ရှိအေဘီကသာ အစကတည်းက စိတ်ရှင်းခဲ့မယ်ဆိုရင် ဒီကိစ္စ ဒီလောက်ဖောင်းပွလာစရာ ရှိပါ့မလားအကို... ရဲဘော်အချင်းချင်းပဲ အဆင်ပြေအောင် လုပ်ဆောင်ပေးမှာပေါ့... အခုဒေါက်တာ မြင့်ချို ပြောသလို လက်ရှိအေဘီက လ
ူတွေကရော သန့်ရှင်းနေကြပါသလား??? ဒီပြသနာ ရှင်းဖို့ ကျတော့ ဘာလို့ နှောင့်နှေးသွားတာလဲ??? လက်ရှိ အေဘီက လူတော်တော်များများမှာလဲ အလားတူ ပြသနာ ကိုယ်စီလေးတွေ ရှိနေတယ် ထင်ပါတယ်အကိုရာ... အကို့ကို ရည်ရွယ်ပြီး ကျနော်တင်ထားတဲ့ပို့စ် ပြန်ဖြုတ်ပေးပါ့မယ်... အကိုနဲ့ ကျနော်တို့က နဲနဲလေး လွဲချော်နေကြပေမဲ့ နှလုံးသားချင်း နီးကြပါတယ်... ပူးပေါင်းဆောင်ရွက်ကြရင် ဒီပြသနာက အဆင်ပြေသွားလိမ့်မယ်လို့လဲ ထင်ပါတယ်... ဘာပဲဖြစ်ဖြစ် မတူတဲ့ အမြင်တွေ ပေါင်းလိုက်ရင်လဲ အဖြေကောင်းထွက်မှာပါ...
      March 22 at 9:13am · · 1
    • Hlamin Kyaw ကိုကိုဦး ကို တခုတော့ ပြောချင်တယ် ကျနော် တို့ က မကဒတ နဲ့  မပါတ်သက်ဘဲ နေလို ရတယ်လူတွေ မဟုပ်ပါဘူး မကဒတ နဲ့  ပူပေါင်းဆောင်ရွက်မယ် ဆိုတော့ ကျနော် ၀မ်းသားပါတယ် ကျနော်က တော့ မကဒတ အပေါ် မှာ ဘယ်တော့ မှ သစွာမဖေါက်ဘူး ဒီကိစ်စ ကိုလည်း ကျနော် ဖုံးဆက် ပြီးမေးမှာပါ
    • Htay Tint ပြန်ပြီး ဖြေကြားရင်တော့ ရင်ကော့ပြီး ကမ္ဘာကြီးကို ကြွားလိုက်မယ် ။ ငါတို့  တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မကဒတ က တပ်ဖွဲ့ ဝင်ဟောင်း တဦးခြင်းစီနဲ့  ပူးပေါင်းဆောင်ရွတ်နေတယ်လိုhttp://www.facebook.com/note.php?note_id=320447021330363
      နံပါတ် ၁၂၇ ပြန်လည်စစ်ဆေးစေလိုပါတယ်။‏   2/22/2010  ( ဖေဖေါ်ဝါရီလ ၂၂ ၂၀၁၀ )  htay
      sukmai To dawngwin@cslxoinfo.com     သို့ စစ်ရေးချုပ် (စစ်ရုံးချုပ်) (ကျောင်းသားတပ်မတော်)   လေးစားစွာ အကြော...
    • ဘရာဇီး ငှက်ရိုး
      ကိုဌေးတင့်ခင်ဗျာ... အောက်ဆုံးကလင့်ခ်မှာ အောက်ပါအတိုင်း ဝန်ခံထားပါတယ်....
      ""အဲဒီမြောက်ပိုင်းမှာဖမ်းထားသလို မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေ မိတဲ့အပေါ်မှာမူတည်ပြီးတော့ တောင်ပိုင်းမှာရှိတဲ့ လူ နှစ်ယောက် သုံးယောက်ကိုလည်း ကျနော်တို့ ဖမ်းထားတယ်ဗျ
      ။ အဲဒါကြောင့်မို့လို့ ကျနော်တို့က မြောက်ပိုင်းအဆက်အသွယ်နဲ့ တောင်ပိုင်းမှာဖမ်းတဲ့အတွက်ကြောင့်မို့လို့ မြောက်ပိုင်းက အဲဒါကြောင့်မို့လို့ ကျနော်တို့က သိရတာ။ ဒါပေမယ့် မြောက်ပိုင်းမှာလည်း ကျနော်ရှိမနေဘူး။ ဒါပေမယ့် အသေးစိတ် အတိအကျ ဘယ်လိုသတ်ခဲ့သလဲ ဘယ်လိုအပစ်ပေးအရေးယူခဲ့သလဲဆိုတာကိုတော့ ကျနော် အကြမ်းဖျင်းပဲ ပြောလို့ရတယ်ခင်ဗျ။ သူတို့မှာလည်း အထောက်အထားတွေရှိပါတယ်။ ဒီအချိန်မှာလည်း သူတို့ကလည်း ပြောဖို့မလိုဘူး သူတို့ကလည်း အခုချိန်မှာတော့ ဘာမှ ပြောဦးမှာမဟုတ်ဘူး အချိန်မတန်သေးတဲ့သဘောဖြစ်ပါတယ်။""
      http://www.oway8888.com/2012/02/blog-post_7025.html
    • Htay Tint
      မြန်မာပြည် ဆိုရှယ်လစ်ခေတ်မှာ ဘိုးတော်တို့  နတ်ကတော်တို့ လူလိမ်တို့ ဆိုတာ လူတွေ အထင်ကြီးအောင် အခန်းအပြင်အဆင်။ ပြောမဲ့အကြောင်းအရာ။ အသံနေအသံထား ။ စတာတွေကို သေသေချာချာ ပြင်ဆင်ထားကြတာ ။ ပြီးရင် ဒလံတို သူလျှိုတို့ ကိုပါ မွေးထားရသေးတယ် ။ အဲဒီအတွေး
      အခေါ်နဲ့ အကျင်းတွေက နယ်စပ်တောတွေ တောင်တွေက တဆင့် နိုင်ငံတကာကိုပါ ရောက်သွားတယ် ။ ဖေ့လုတ်ကြီးပေါ်လာရော နိုင်ငံတကာကို လိမ်ခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန်ကြီးလဲ ဘွားကနဲ့  မိနစ်အတွင်း ပေါ်လာတာဘဲဗျို့  ။ အခုတောင် ရော်နယ်နိုင်အောင် ထိုင်းနိုင်ငံမှာ အရက်မူးပြီး ရင်ဖွင့်တာကို နားထောင်ခဲ့ဖူးတဲ့ သူက အသံမဖမ်းခဲ့မိတာ နောင်တရနေတယ် ။လူသတ်မိန့် ပေးခဲ့တဲ့သူကို အမှန်အတိုင်းပြောရင် ကျေးဇူးတရားတွေ အုပ်စုတွေက ကြီးလွန်းလို့ မပြောရဲဖူးတဲ့ ။ အဲဒီ လူသတ်မှုမှာ ပါဝင် ပတ်သက်သူတွေက တိုင်းပြည်နဲ့  လူထု အတွက် အော်နေရေးနေကြပြီး လူသတ်မှု အစဖျောက်ရေး လုပ်နေကြတာဗျ ။ မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေ မိတဲ့အပေါ်မှာမူတည်ပြီးတော့ တောင်ပိုင်းမှာရှိတဲ့ လူ နှစ်ယောက် သုံးယောက်ကိုလည်း ကျနော်တို့ ဖမ်းထားပြီး ဝန်ခံတဲ့ အခွေ လူထုသိအောင် မထုတ်ရဲပါဖူး။ တကယ့် ထောက်လှမ်းရေးနဲ့  တပ်မေတ်ာက အရာရှိတွေမိရင် KNU ကသတင်းထောက်တွေခေါ်လွတ်ပေးနေတာဘဲ ။ အခု ကိစ္စက အချင်းချင်းဖြစ်လို့  ဝင်မရှုပ်တာ ။ ဒါတောင် သတိပေးနေတာဘဲ ။ အဲဒီအခွေ ထုတ်ပြလိုက်ရင် သူတို့ ကိုယ် သူတို့  လည်ပင်း ကြိုးကွင်း စွပ်နေမှာပေါ့ ။ဘီဘီစီ က ဆရာကြီး ဝင်းနိုင်ဦး အမိန့် စောင့်ရသေးတယ်လေ ။
      March 22 at 2:37pm · · 3
    • Wai Lin Aung ဥပဒေဆိုတာသတ်မှတ်ချက်။ဘယ်လောက်ကောင်းတဲ့မူဖြစ်ဖြစ်လူမကောင်းပျက်တာသဘာဝပဲ။ဘယ်အာဏာမဆို မူကိုတည်ဆောက်ဖို့ လက်လွပ်စပယ်လုပ်လေ့၇ှိတတ်တာ ကိုတိုင်အော်နေတဲ့ ကိုယ့်ဒီမိုကေ၇စီကို ကိုယ်တိုင်စော်ကားလိုက်ကြတာပဲ။
      March 22 at 9:24pm · · 1
    • Hlamin Kyaw ကိုဌေးတင့် ဟာ ကိုဌေးနိုင် ရဲ့ အကိုလား
    • ဘရာဇီး ငှက်ရိုး ဟုတ်ပါတယ် ကိုလှမင်းကျော်... ကိုဌေးတင့်က ကိုဌေးနိုင်အကိုပါ... သူ့ညီရဲ့ဖြစ်ပျက်ပုံကို တိတိကျကျ သိခွင့်ရချင်နေတဲ့သူပါ...
    • Zarni Phonezaw ရော်နယ်အောင်နိုင်ကိုမေးချင်ပါတယ် ကိုယ်နဲ့သေတူရှင်မကွာလက်တွဲတဲ့ ညီအစ်ကိုမောင်နှမတွေကိုသစ္စာဖောက်ပြီးရက်ရက်စက်စက် သတ်ရလောက်အောင်ကျေးဇူးတရားကြီးတယ်ဆိုတဲ့အဖွဲကဘာလဲ စီအိုင်အေလား ခင်ဗျားကြောက်နေတယ်ဆိုရင်တော့ လက်တံတော်တော်ရှည်လို့ပဲဖြစ်မယ်သူများကိုတော့မညှာမတာ ညှင်းပန်းပြီးတော့သတ်တယ် ကိုယ့်ကျတော့ သေမှာကြောက်သားပဲ သွေးကောင်းတယ်နော်
      March 23 at 1:42pm · · 1
    • Htay Tint
      Hlamin Kyaw ကျွန်တော်တို့ ညီအကို ၂ ယောက် လူပျိုပေါက် ဘော်လီဘောပြီုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်စဉ်က ပုံပါ။ စိတ်ကူးထဲက ထင်တာတွေကို တိုင်းပြည် ကောင်းကျိုး အတွက်တည်ဆောက်တာကို လက်ခံတယ်။ စိတ်ကူးရှိတိုင်း နှိပ်စက် ညှင်းပန်း သတ်တာကိုတော့ မြန်မာပြ
      ည်အနာဂါတ် အတွက် ၈၈မျိုးဆက်မှာ နောက်ဆုံးဖြစ်စေချင်တယ်။ လူမှုရေးအရ ခွင့်လွတ်တယ်။ ဘာသာအရ အပြစ်လွတ်နိုင်တယ်။ လူ့ အခွင့်အရေး နဲ့ တည်ဆဲဥပဒေတွေ အရ အပြစ်မရှိဖူးဆိုရင် လူ့ လောကကြီး မကြာမှီ ပျက်စီးတော့မယ်။ http://www.facebook.com/photo.php?fbid=1556703641661&set=a.1531540252592.2071549.1357340814&type=3&theater
      ‎1980 အထည်အလိပ်ကော်ပိုရေးရှင်း စက်ရုံပေါင်းစုံ ပြိုင်ပွဲဝင်ရန်
      March 23 at 3:00pm · · 2
    • Hlamin Kyaw
      စိတ်မရှိနဲ့ ကျနော်အားနာတယ် ကိုဌေးနိုင် ကိုယ်တိုင် က တကယ်တော့ သူ အာဏာ ရှိတဲ့ အချိန်မှာ အပြစ် မရှိတဲ့ ကလေးတယောက် ကို ရက်ရက် စက်စက် သစ်ပင်မှာုကိုးနဲ့  တွဲလောင်း ချီထားပြီး ထမင်းမကျွေး ရေမတိုက် ဘဲ အသေ ရိုက် သတ်လိုက်ုကတယ် ဒီကိစ်စ ကို မကျေနပ်တဲ
့ လန့် ဆဲ ခဲ့တဲ ဗိုလ်သင်တန်က ပြန်လာတဲ့ ရဲဘော် ၅ ယောက်ကို လိုက်ဖမ်း အတွက် ထွက်ပြေးရာမှ လမ်းမှာ အသတ် ခံလိုက်ရတယ် ဒါတွေက အချိန်မတန် သေလို့ပါ သေသွားတဲ့ ရဲဘော် ၅ ယောက် ဟာ ကျနော်နဲ့ အင်မတန် ချစ်တဲ့ သူငယ်ချင်းတွေပါ ပြီးတော့ အဲဒီ ၅ယောက်ထဲမှာ ရဲဘော် သုံုးကိပ် ၀င် ဗိုလ်မှူးအောင် ရဲ့ မည်းအရင်း တယောက် ပါသွားတယ် ကိုဌေးနိုင် သေသွားတာတော့ ကျနော် နှမျောတယ် ဒီကိစ်စ တွေကို တရက်တော့ ရှင်းရမှာ ဒါပေမဲ့ တချို့ ကျန်ပါ သေတယ် သွေးနဲ့ ရေးထားတဲ့ ရဲဘော်တွေ အတွက် ရှင်းရမဲ့ ကိစ်စ တခုဘဲ
    • Htay Tint
      Hlamin Kyaw ပြောတာ စိတ်ဝင်စားဖို့ ကောင်းတယ် ။ ခင်ဗျားပြောတာ အခုမှကြားဖူးပါတယ်။ ဌေးနိုင်နဲ့ တချိန်လုံးနေထိုင်ခဲ့တဲ့ . သန်းဝင်း ကိုကိုဦး မိုးသီး ဝင်းချို ဝင်းနိုင်ဦးတို့ အပြင် ဌေးနိုင်နဲ့ တွဲခဲ့တဲ့ ကျောင်းသားရဲဘော်တွ ဆီက တခါမှ မကြားဖူးပါဖူ
း ။ သေသေချာချာပြောပြပါလား။ ကျွန်တော် ကိုယ်တိုင်လဲ ဒီကိစ္စမျိုးကို လက်မခံပါဖူး ။ အခုလဲ ရှုင်းပြလို့ ရရင် ပိုကောင်းတာပေါ့ ။ ဗိုလ်သင်တန်းက ပြန်လာတယ်ဆိုတာ ဘယ်ကပေးတဲ့ ဗိုလ်သင်တန်းလဲ ။ ဘယ်နှစ် ခုနှစ်ကလဲ ။ဌေးနိုင် နောက်ဆုံး နေခဲတဲ့ နေရာက မယ်နပလောဒေသ KNU ဌါနချုပ်မှာ ဖြစ်ပါတယ် ။ တိုင်းပြည် ပြန်လည်တည်ဆောက်ရေး စတင်ချိန်မှာ မကာင်းတဲ့ နမူနာတွေကို မျိုးဆက်သစ်တွေကို သမိုင်း အမှန် အတိုင်း ရှင်းပြဖို့  လူဟောင်းတွေမှာ တာဝန်ရှိပါတယ် ။
      March 25 at 2:22am · · 3
    • Hlamin Kyaw
      ဒီရဲဘော် ၅ ယောက် ဟာ မယ်ပေါမူထ သံလွင် တဖက်ကမ်း ရွာတရွာမှာ စနစ်တကျ သတ်လိုက်ုကတာပါ လမ်းပြ အဖြစ် ပါးသွားတဲ့ ကရင်လူမျိုး လူငယ် တယောက် ပြန်ပြောပြ လို သိရတာပါ သူကို လည်း ဘာမှမသိသေတဲ့ ကလေးတယောက် ဖြစ်တဲ့ အတွက် လွတ်ပေး လိုက်တာပါ ဒီဗိုလ်သင်တန်ကို ဗိ
ုလ်စွန်ညို ခေါ ဗိုလ်မှူုးကီး အေးမြင့်က တပ်မှူးငယ် သင်တန်းအဖြစ် ကေအမ်းယူ ကော် ကျောင်းသားတွေကိုပါ ပေးထားတဲ့ အထူးသင်တန်း တခုပါ ဒီသင်တန်းဟာ မယ်နယ်ပလောမှာပါ ဒီကေဘီအေ မှာ တာဝန် ရှိနေတဲ့ ဗိုလ်ချစ်သူ ဟာ အဲဒီ သင်တန်းက ဆင်းလာတဲ့ တပ်မှူး ငယ်ပါ ၊ ဒီ အဖြစ် အပျက်တွေက သံလွင် စခန်းတွေက အဖြစ် အပျက်တွေပါ အချိန် တန်ရင် အသေးစိတ်ကို ရှင်းပေးပါမယ် ဒီရဲဘော် ၅ယောက်ကို သတ်တဲ့ သူကော် သတ်ပုံ သတ် နည်းကော် ဘယ်သူက အမိန့် ပေးတာလည်းကိုပါ စနစ် တကျ ဖော်ထုတ် ပေးမှာပါ
    • Nicky Shein AB မှာ တချိန်တုံးက ပေးဆပ်ခဲ့လို့ မသန်မစွမ်း ဖြစ်နေတယ်ဆိုတဲ့ လှမင်းကျော်၊ ဒီတခါ မဟုတ်တာတွေပြောမိလို့ ထပ်ပြီးမသန်မစွမ်းဖြစ်ယင် က်ုယ့်ပယောဂ နဲ့ ကိုယ် နော်၊ ဒီအထဲမှာ အားလုံးနီးပါးဟာ AB ကလူတွေဖြစ်တယ်၊ မကြားဘူးမသိဘူးတာတွေ ပေါက်ကရလာပြောယင် ပြောတဲ့သူပဲ ဒုက္ခရောက်နိုင်စရာအချိန်မှာ ခုလိုလာပြောတော့ မင်းဘာလဲ၊ မင်းဘယ်သူလဲလို့ တွေးနေကြပြီဆိုတာ သတိပေးလိုက်ချင်ပါတယ်။ လိုက်စုံစမ်းရင် သိပ်မခက်တော့တဲ့ ကာလကြီးကို မထေမဲ့မြင် မပြုမိစေဖို့ပါကွာ။
    • Htay Tint Hlamin Kyaw မင်းပြောတဲ့ စနစ်တကျ ဖေါ်ထုတ်မယ်ဆိုတာကလဲ ။ စရေးထဲက လွဲနေပါလား ။ ကျောင်းသားတွေ တိတ်တိတ်လေး အသတ်ခံရတာ ခဏခဏဘဲလေ ။ကနေဒါက ကျောင်းသားတွေ စနစ်တကျ စာရင်းပြုစုနေကြတယ် ။ကျောင်းသား ခေါင်းဆောင်တွေက မသိဖူးဆိုရင် လူမသိသူမသိ ကျွန်းပင်အောက် ရောက်တာဘဲလေ ။ မဟာမိတ်တွေနဲ့ ကျောင်းသားတပ်ဖွဲ့ မှာ နားလည်မှု စည်းရှိတာ သိလား ။ မသေချာဘဲရေးရင် တန်ဖိုးမဲ့တဲ့ စာဖြစ်မှာစိုးလို့ ပါ ။ တခြားလူတွေလို သေသေချာချာ စုံးစမ်းပြီး တင်ပြတာ ပိုကောင်းတာပေါ့ ။
      March 25 at 9:06am · · 1
    • Hlamin Kyaw ဒါဆိုရင်လည်း ကောင်းတာပေါ့ ကျနော်ရှင်းပြစရာ မလိုတေားဘူးပေါ ထပ်ပြီး မရေးချင်တော့ ဘူး ခင်ဗျာ တို့ က ဘာမှမသိသူတွေ ဘဲ ဆက်လုပ်ုကပါ အောင်မြင်ပါစေ
    • ဘရာဇီး ငှက်ရိုး ယခုပို့စ်အတွင်း ကျနော်ရေးသားသော စာပိုဒ်များထဲမှ နားမရှင်းလင်းသဖြင့် ကျကျန်ခဲ့သော စာလုံးများကို ကိုဇော်လင်းထံမှ ရရှိသော မက်ဆေ့ခ်ျ အတိုင်း ပြင်ဆင်ပေးထားပါတယ်... အမှားပြင်ဆင်ပေးသော ကိုဇော်လင်းကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ...
    • Maung Kyaw Maungmaung Skvက... ဟိုလိုလိုဒီလိုလိုဖြစ်နေကြတဲ့...ABဟောင်း“ဒေါက်တာ” တွေကို မေးနေ တယ်- “တိုက်ရဲတယ်-တိုက်တတ်တယ်လို့  သက်သေမပြရဲဘူးလား-စစ်မြေပြင်တုန်းကသတ္တိတွေဘယ်ရောက်သွားကြတာလဲ”.....တဲ့။
      မသိကြလို့ ပါ.... AB မှာခေါင်းဆောင်နေရာရဖို့  မကျိုးစါးဘဲ... .စစ်မြေပြင်ထွက်တိုက်တဲ့ “ဒေါက်တာ” တယောက် ဘဲ ရှိတယ်။ ကျဆုံးသွားတဲ့ ကိုမင်းသိမ်း ပါ။ ဓါတ်ပုံပြန်ရှာနေပါတယ်တွေ့ ရင်.... မြင်ဘူးတယ်ရှိအောင်တင်ပေးပါမယ်။
      March 27 at 4:07pm · · 4
    • Maung Kyaw
ူံHlamin Kyaw မင်းကိုတော့မသိသေးဘူး..... ။အေး ဟုတ်တယ်….အဲဒီကိုမင်းသိမ်းဘဲ။ ဒါဆို…ခိုင်းတုံးကခိုင်းပြီး တာကြီး တို့  ၁၁ယောက်အစုလိုက်ဘိတ်ထားဝယ်ဖက် မှာရက်ရက်စက်စက် အသတ်ခံရတာအခုထိနှုတ်လံ
ုနေကြတာ မင်းသိရမယ်။ဒီကိစ္စငါ တင်စိုးကိုလဲမေးခဲ့တယ်။ နိုင်အောင်နဲ့ ဆယ်ပြားကိုလဲမာနယ်ပလောမကျခင်လေး မှာမေးခဲ့တယ်။ အံ့သြစရာကွာ..မေးတဲ့ငါကမဆီမဆိုင်မျက်ရည်မဆည်နိင်နဲ့ ။ သူတို့ ကအေးဆေးဘဲ စိတ်မကောင်းပါဘူးဗျာ..လို့  တလေထဲထွက်ပြီးတပြိုင်ထဲမျက်နှာလွှဲသွားခဲ့ကြတယ်။ AB၂ရက်တပိုင်းဖြစ်ဖူးရုံနဲ့  ABအကြောင်းငါသာအကုန်သိ…မဆိုင်သူတွေမထိနဲ့ ဆိုသူတွေ..သူတို့  အကုသိုလ်သံသယာနဲ့ သူတို့ လယ် နေကြပါစေ။မေ့ထားလိုက်ပါ။ မင်းငါ့ကိုသီးသန့် ဆက်သွယ်ပါလား။ကိုယ် ဘာများလုပ်ပေးနိုင် မလဲ လူမှုရေးသန့် သန့် လေးပေါ့ ။ လိပ်ပုငါ့ ကိုအပ်သွားတဲ့ဓါတ်ပုံနဲ့ စါရွက်စါတမ်းတွေရှိနေတယ်။
    • Maung Kyaw Hlaminn Kyaw…မင်းနာမည်ကိုနဲနဲသိလာသလိုဘဲ။ ၂၁၀ က ရဲဘော်သူငယ် ခြင်း၂ယောက်၊ တယောက်တိုက်ပွဲကျပြီး….အလောင်းရန်သူရသွားလို့ …အလောင်းလိုက်လု…လိုက်တိုက်ရင်းသူပါထပ် ကျသွားတယ်။သူတို့ ဘယ်သူတွေလဲ။မြင့်နိုင် ကိုပြောတာမဟုတ်ဘူးနော်။သူက..ရန်သူ့ စစ်ကြောင်းကို.. စစ်ဦး လား….. စစ်မြီးလားမခွဲခြားလိုက်နိုင်လို့ ထိသွားတာ။
    • Kyawnaing Oo မပကျောင်းသားဟောင်းတွေကြေငြာချက်မှာပါပါတယ်ABနဲ့ရပ်တည်ချက်သဘောထားထပ်တူရှိပါတယ်
    • Nyo Mintun for Dr Naing . Dr Myint Cho and Aung Htoo “ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” မေးစရာတွေလဲ တပုံကြီးရှိသေးတယ်” ဖြိုခွဲ ရေး ဆိုတဲ့ (စွပ်စွဲချက်မျိုးတွေ) ကိုနေ၀င်းအောင် အခမ်းဆက် အကြောင်းတရားနဲ့ မယ်နယ်ပလောမှာ ခေါင်းစားခံရတဲ့ ဖြိုခွဲ ရေး ခေါင်းစဉ် ဥပဒေဆို တဲ့။
      သတ်မှတ်ခံ ရဲဘော်တွေရှိပါသေးတယ် သူတို့  တွေကိုပြောလိုက်ကြပါဗျာ..

No comments:

Post a Comment