Sunday, August 5, 2012

မကဒတ အဖွဲ့ဝင်များ သဘောထားထုတ်ပြန်ကြေငြာ ချက်။

နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများ၏ သဘောထားထုတ်ပြန်ကြေငြာ ချက်။

by ဘရာဇီး ငှက်ရိုး on Tuesday, July 3, 2012 at 11:39am ·
နေ့စွဲ။ ။ ၂၀ ၊ ၀၂၊ ၂၀၁၂စာအမှတ်- ၀၀၁။၂၀၁၂

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ - ကျောင်းသားတပ်မတော်) -ABSDF သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့ပြီး တိုင်း ရင်း သားပေါင်းစုံ၊ လူတန်းစားပေါင်းစုံဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် ကျောင်းသား လက်နက် ကိုင်တော် လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။
မကဒတ(ABSDF)သည် ခေတ်အဆက်ဆက် ဗမာပြည်ကျောင်းသားထု ကိုင်ဆွဲခဲ့သည့် “အမျိုးသားနိုင်ငံရေး လမ်းစဉ်” ကိုချမှတ်ပြီး ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လျက် ရပ်တည်လာခဲ့ သည့် ကျောင်း သားတပ်ဦး အဖွဲ့အစည်းလည်းဖြစ်ပေသည်။

မကဒတ(ABSDF)သည် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စံနစ်အောက်မှ လွတ်မြောက်   ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင် စုပေါ်ထွန်းရေးတို့အတွက် ၁၉၈၈ ခုနှစ် နိုဝင် ဘာလ (၁) ရက်နေ့မှစ၍ ယနေ့တိုင်အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်စွန့်လွှတ်၍ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက်တိုင်းရင်း သားလူမျိုးပေါင်းစုံဖြင့် လက်တွဲကာ ဖေါ်ဆောင်လျှက်ရှိသည့် ကျောင်းသားတပ်ဦး အဖွဲ့အစည်းလည်းဖြစ် သည်။

ယခုအခါ မကဒတ(ABSDF) စတင်ဖွဲ့စည်းစ အတွေ့အကြုံနုနယ်စဉ်ကာလတွင် ဖြစ်ပွားခဲ့သည့် အင်မတန် တုန်  လှုပ်ဖွယ် ကောင်းလှသည့် မြောက်ပိုင်းဖြစ်ရပ်ကို ဗဟိုပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မကဒတ၏ဂုဏ်သိက္ခာနှင့် သမိုင်းအစဉ်အလာ ကိုတိုက် ခိုက် စော်ကားနေသည်များကိုလည်းကောင်း၊ ဗကသ၊ မကဒတအပါအ၀င် ကျောင်းသား ထုညီညွတ်ရေး ကိုထိုးနှက် ဖြိုခွဲနေသည်များကိုလည်းကောင်း တွေ့မြင်နေရသည်။ မိမိတို့သည် တုန်လှုပ်ဖွယ် မြောက် ပိုင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ကာယကံရှင်များ၏နစ်နာမှုများအတွက် စာနာကာ အဖြစ်မှန် ပေါ်ပေါက်ရေးကို အထူး လိုလားသည်။

မိမိတို့ နိုင်ငံတကာရောက် မကဒတ(ABSDF) အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် အမှန်တရားအ တွက် တိုက်ပွဲဝင်ခဲ့သူများပီပီ အမှန်တရားပေါ်ပေါက်ရေးကို လိုလားသည်။ နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် ထိုတုန်လှုပ်ဖွယ်ရာ မြောက်ပိုင်း ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဆုံးရှူံးနစ် နာခဲ့မှုများအတွက် အပြည့်အဝကိုယ်ချင်းစာသည့်အပြင် ဖြစ်ပျက်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး အမှန်တရား ကို တာဝန်ရှိသူများ အနေဖြင့် ဖော်ထုတ်ရန် အလေးအနက် တောင်းဆိုသည်။

သို့သော် အဆိုပါဖြစ်ရပ်ကို အကြောင်းပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား (၂၃) နှစ်တိုင် တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အမြင့်မားဆုံးလွှင့်ခဲ့တင်သည့် မကဒတ(ABSDF)၏နိုင်ငံရေးနှင့် ဂုဏ်သိက္ခာအား နည်းမျိုးစုံဖြင့် ထိုးနှက် တိုက်ခိုက်နေမှု့၊ ကျောင်းသားထုညီညွတ်ရေးအား ထိုးနှက်ဖြိုခွဲနေမှုနှင့် ဗမာပြည်သူ လူထုအတွင်း မကဒတ(ABSDF) အဖွဲ့အစည်း တခုလုံးအပေါ် အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်နေမှုများ အားလုံးကို ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသားများ၏ ခွပ်ဒေါင်း စိတ်ဓာတ်အပေါ်အခြေခံ၍၊ မကဒတနှင့်အတူ အသက်သွေးချွေးပေး၍ တိုက်ပွဲဝင်ခဲ့သော၊ မိမိတို့ နိုင်ငံ တ ကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများမှပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေငြာအပ်ပါသည်။

- ကျောင်းသားထု ညီညွတ်ရေးကို ကာကွယ်ကြ။

- တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်နှင့် ကျဆုံးလေပြီးသော ကျောင်းသားအာဇာနည်အပေါင်းအား အလေးပြုလျှက်။

နိုင်ငံတကာရောက် မကဒတ (ABSDF) အဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်ဟောင်းများ (Stand for the ABSDF)။
· · Share

No comments:

Post a Comment