Sunday, August 5, 2012

မြောက်ပိုင်းလူသတ်မှုကိစ္စကို တစ်နှစ်အတွင်း စုံစမ်းဖော်ထုတ်သွားမည်

မြောက်ပိုင်းလူသတ်မှုကိစ္စကို တစ်နှစ်အတွင်း စုံစမ်းဖော်ထုတ်သွားမည်ဟု ABSDF ပြော

Thursday, March 8, 2012

မြောက်ပိုင်းလူသတ်မှုကိစ္စကို တစ်နှစ်အတွင်း စုံစမ်းဖော်ထုတ်သွားမည်ဟု ABSDF ပြော

မတ် ၈၊ ၂၀၁၂
၁၉၉၂ ခုနှစ်က ဖြစ်ပျက်ခဲ့သော သတ်ဖြတ်မှု၊ သွေးထွက်သံယိုဖြစ်မှုအပါအ၀င်၊ ယင်းကိစ္စနှင့် ဆက်နွယ် ပတ်သက်ခဲ့သော ဖြစ်စဉ် များနှင့်ပတ်သတ်၍ အဖြစ်မှန်ကို စုံစမ်းခြင်း၊ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်းကို၂၀၁၃ခုနှစ်မေလတွင်အပြီးသတ်ဆောင်ရွက်သွားမည်ဟုမြန်မာနိုင်ငံလုံးဆိုင် ရာ   ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ကယခုလ၇ရက်တွင်ထုတ်ပြန်ကြေငြာလိုက်သည်။
၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မကဒတ (မြောက်ပိုင်း) ဒေသတွင် ကိုထွန်းအောင်ကျော် အပါ အ ၀င် တပ်ဖွဲ့ဝင် ၁၅ ဦးသတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းကိစ္စကို စုံစမ်းဖော်ထုတ်ရန် ABSDF က အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို၂၀၁၂၊ဇန်န၀ါရီလတွင်စတင်ဖွဲ့စည်း ခဲ့ပြီးနောက် ယခုကဲ့သို့ထုတ်ပြန်ကြေငြာလိုက်ခြင်းဖြစ်သည်။
“အမှန်တကယ်နစ်နာခဲ့ရသူတွေ ရှိနိုင်ပါတယ်။ တကယ်တမ်းနစ်နာခဲ့ရတဲ့ လူတွေအတွက် ABSDF က တစုံ တခုပြန်လုပ်ပေးရမဲ့ တာဝန်ရှိပါတယ်။ သူတို့တွေအတွက် အမှန်တရားကို ဖေါ်ထုတ်ပေးရမယ်။ သူတို့တွေအတွက်တရားမျှတမှုကိုဖေါ်ထုတ်ပေးရပါမယ်”ဟုအမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေး အလုပ်အဖွဲ့မှတာဝန်ခံညှိနှိုင်းရေးမှူးကိုကျော်ကျော်လင်း က ပြော သည်။
အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ABSDF အတွင်းရေးမှူး (၁) ကိုမြင့်ဦးက ဦးဆောင် ၍ အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
အလုပ်အဖွဲ့၏တာဝန်မှာအချက်အလက်စုဆောင်းမှုများပြုလုပ်၍ တွေ့ရှိချက်များကိုအခြေခံပြီး သမာသမတ် ကျသည့် အစီရင်ခံစာကိုထုတ်ပြန်သွားရန်ဖြစ်ကာ ဆက်လက်လုပ်ဆောင်သင့်သည့် အကြံပြုချက်များကိုပါ ထည့်သွင်းဖော်ပြသွားမည်ဟု ကိုကျော်ကျော်လင်းက ပြောသည်။
၎င်းက “ အလုပ်အဖွဲ့မှာ အရေးယူနိုင်တဲ့အခွင့်အာဏာမရှိပါဘူး။ အဲဒီနောက်မှာမှ ဒုတိယပိုင်းအနေနဲ့ သက် ဆိုင်ရာဥပဒေကြောင်းအရ လုပ်ရမှာဖြစ်ပါတယ်” ပြောသည်။
လုပ်ငန်းစဉ်များအားအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်မြန်မာနိုင်ငံနှင့်နိုင်ငံတ ကာတွင် နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူများနှင့်အမှန် တ ရား နှင့် တရား မျှ တမှု ကို မြတ်နိုးသူအားလုံး အလုပ်အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ကိုယ်တိုင်တွေ့ ဆုံရန်လိုအပ်ပါက လည်း အလုပ်အဖွဲ့က ကြိုးစားတွေ့ဆုံသွားမည်ဟု ကိုကျော်ကျော်လင်းက ဆိုသည်။
၁၉၉၂ခုနှစ်ကသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်     တစ်တပ်ဦး(မြောက်ပိုင်း)ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သူဦးရော်နယ်အောင်နိုင်ကအဖြစ်မှန် များပေါ်ပေါက်လာရေးအတွက်အလုပ်အဖွဲ့နှင့်အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြော သည်။
“ မေးမြန်းဖို့လိုအပ်လို့ခေါ်ရင်သွားမှာပါ။ ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ လွဲချော်ပြီးလုပ်ခဲ့တာ ဘာမှမရှိပါဘူး” ဟု ၄င်းကပြောသည်။
ABSDFသည်ငြိမ်းချမ်းရေးအတွက်အစိုးရနှင့်တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီးလာမည့်ဧပြီလဆန်းပိုင်းတွင်        လည်း ရန်ကုန်မြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
လက်ရှိအချိန်တွင်ABSDFမှာတရားဝင်အသင်းအဖွဲ့တစ်ခုအဖြစ်ရပ်တည်နိုင်ခြင်းမရှိသေးသည့်အတွက် တရားခုံရုံးနှင့် ဥပဒေရေးရာကိစ္စရပ်များတွင် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုမူ ပြောကြား ရန်စောသေးကြောင်း ကိုကျော်ကျော်လင်းက ပြောသည်။
“ တရားရုံးတင်အမှုစစ်တဲ့ဟာကလည်းတရားမျှတမှုဆိုတဲ့အထဲမှာပါသလို နစ်နာခဲ့သူတွေရဲ့နစ်နာမှုတွေ ကိုအသိအမှတ်ပြုပေးတာ၊ သူတို့ဘ၀တွေပြန်လည် ပျိုးထောင်ပေးတာ၊ နောက်ဆုံး လူသိရှင်ကြား ၀န်ချတောင်း ပန်တာအထိ ပါပါတယ်။ ဒါတွေကလည်း တရားမျှတမှု ပုံစံတခုပါပဲ ” ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)သည်၁၉၈၈အရေးတော်ပုံနောက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းထူထောင်ခဲ့သော ကျောင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ် သည်။
Messenger News Journal မှကူးယူဖော်ပြသည်။ 
 
( လင်္ကာမှ ကူးယူဖေါ်ပြပါသည် )

No comments:

Post a Comment