Sunday, August 5, 2012

ကိုဇာဂနာ ကျနော် မြောက်ပိုင်းလူသတ်ကွင်းအကြောင်း စဉ်းစားနေပါပြီ...

ကိုဇာဂနာ ကျနော် မြောက်ပိုင်းလူသတ်ကွင်းအကြောင်း စဉ်းစားနေပါပြီ...

by ဘရာဇီး ငှက်ရိုး on Saturday, February 25, 2012 at 12:52pm ·
ကိုဇာဂနာက ကျနော့တို့ကို စဉ်းစားခိုင်းနေပါပြီ... ဘာပဲဖြစ်ဖြစ် ကိုဇာဂနာကို အပြစ်မမြင်ချင်ပါဘူး... သို့ပေမဲ့ "နှုတ်တစ်ရာ စာတစ်လုံး" ခောတ်က ကုန်သွားပြီ... အခုလို သတင်း၊ ဆက်သွယ်ရေးနဲ့ နည်းပညာခောတ်မှာ နှုတ်ကော စာကောက အားကောင်းမောင်းသန် ပေါက်ကွဲ နေကြပါတယ်... ဘယ်လို အကြောင်းအရာကိုပဲ သိချင်၊ကြားချင်၊ဖတ်ချင်၊မြင်ချင်ရင် အင်မတန်မှ လွယ်ကူတဲ့ ခောတ်ပါ... ကိုဇာဂနာ ပြောသွားတဲ့ ပုရွက်ဆိပ် ကလေးတွေ ဥပမာကိုတော့ ကြိုက်ပါသဗျာ... ပုရွက်ဆိပ်မှ မဟုတ်တာ (ရက်ရက်စက်စက် အလုပ်ခံရတဲ့ လူတွေလေဗျာ)... အဲ့ဒီထဲကမှ မသေတဲ့ လူတွေက ရွှေပြည်ကြီးကို ပြန်ရောက်ပြီး ထောင်နောက်တခါ ထပ်ကျပါသေးတယ် (စပိုင်တွေရဲ့ ထပ်ဆင့်အကယ်ဒမီတွေပေါ့)... မေ့ပစ်ရမတဲ့လား လူကိုလဲသတ်တယ် စိတ်ဓါတ်ကိုလဲ သတ်တယ် ဘဝကိုလဲ သတ်တယ်... မေ့ပစ်သင့်ပါသလား... ကိုဇာဂနာ ပြောတာက ဒီကေ့စ်က ဟုတ်ချင်လဲ ဟုတ်မယ် ဟုတ်ချင်မှလဲ ဟုတ်မယ်တဲ့... မကြားဖူး မမြင်ဖူးတိုင်း ဒီခေါင်း(ဦးနှောက်)နဲ့ ဆုံးဖြတ်ပြီလား... ဥပမာဗျာ... ကိုဇာဂနာ့ သားလေး မတော်တဆ ကားတိုက်ခံရပြီး သေသွားတယ် ဆိုပါစို့... တိုက်တဲ့သူက မောင်းပြေးသွားတယ်ဗျာ... ပြီးတော့ မိတယ်ဆိုပါတော့...      အဲ့မှာ ကိုဇာဂနာ ဒါမျိုး ဥပမာ ဥပမေယလေးတွေနဲ့များ ပြောပြီး မေ့ပြစ်နိုင်ပါ့မလား... မတော်တဆလို့ ကျနော့် ထည့်ရေးထားပါတယ်... လူသတ်မှု့မဟုတ်သေးပါ... လူသေမှု့ပေါ့ဗျာ အဲ့လိုဆိုရင် အကိုက သေတဲ့လူလဲ သေပြီ... ဒီ(မတော်တဆ)တိုက်မိသူကို ညီလေးရေ... မင်းကိုခွင့်လွှတ်ပါတယ်၊ သင်္ခါရသဘောနဲ့ မေ့ပစ်ပြီလို့ ပြောထွက်ပါ့မလား... ကွင်းလုံးကျွတ်လွတ်အောင် တရားရုံးမှာ ထွက်ပေးတာတို့၊ လျော်ကြေးမတောင်းတော့တာတို့ အကိုလုပ်ပေးမလားဗျာ... ဥပဒေကကော နေမလားဗျာ... တခါတလေ ပေါ့ပေါ့ပါးပါး ခံစားချက်ကို ဖောက်ထုတ်လိုက်တာ အခြားတပါးသူ ထိခိုက်နာကျင် မသွားစေနိုင်ဘူးလား... ဒီကြားထဲမှာ ဒီကေ့စ်လေးများ လာပြောနေသေးတယ် ဟိုးးး ဒီပဲယင်းတို့ ၈၈တို့ ရွှေဝါရောင်တော်လှန်ရေးကို ဘာလို့မပြောကြတာဒုံးးး ဆိုတဲ့လူကလဲ ရှိပါသေးတယ်... ဒီကေ့စ်တွေက နဲနဲကျယ်ပြောသွားပြီ လို့ကျနော်ကတော့ ထင်ပါတယ်... အဲ့လောက်ကြီးကြီးမားမား မပြောနဲ့ ဟိုတလောလေးက ပဲခူးဇိုင်းဂနိုင်းမှာ လူငယ်တွေချင်း မူးပြီး ထိုးကြိတ်ကြရာကနေ သေနတ်နဲ့ ပစ်ခတ်မှု့ကြီး မြို့ပေါ်မှာ ဖြစ်တာတောင် ဘယ်လိုပြီးဆုံးပါသလဲ... ကိုဇာဂနာကော အဲ့ဒီကေ့စ်ကို ဘယ်လိုထင်မြင်ယူဆမိတုန်း ဒါလဲလူသတ်မှု့ပါပဲ... အဲ့တုန်းက ကျနော်ထောင်ထဲမှာလေ လို့ ဖြေစရာရှိပါတယ်... ဒါလဲကျနော်တို့ မေ့ပေးရမှာပဲလား... ကျနော်မှမသိတာလို့ ဖြေမှာပဲလို့ ထင်ပါတယ်... ရွှေပြည်ကြီးက ထောင်တွေက ပါဂျောင်ထောင်လောက် အဆင့်မမြင့်ပါဘူး... နိုင်/ကျဉ်းတွေကို ရဲဘက်ဆန်ဆန် မခိုင်းပါဘူး... ညဘက်ညဘက် ခေါ်ထုတ်ပြီး မရိုက်ပါဘူး...
""(မျိုးဝင်းကသူ့ ဒေါသတွေကို ထုတ်ပြပါတော့တယ်။
မင်းလက်ရှေ့ ထုတ်လိုက်စမ်း။
မင်းလက်ရှေ့ ထုတ်လိုက်စမ်း။
ချိုကြီးကဒီအမိန့် ကိုဂရုမစိုက်ဘူး။ အစောင့်တွေရိုက်နှက်ထားတာ လည်း မွနေပြီ။
ငါအမိန့် ပေးနေတယ်။ ခု မင်းလက်ရှေ့ ဆန့် လိုက်စမ်း။
ချိုကြီး သူ့ ဘယ်ဖက်လက်ရှေ့ ဆန့် ထုတ်လိုက်တော့  မျိုးဝင်းက သူ့ ဓားနဲ့  လက်ကောက်ဝတ်က ခုတ်ဖြတ် လိုက်ပါတယ်။ ပြီးတော့ လက်ပြတ်ကို ဓားဦးနဲ့ ထိုးပြီး မြှောက်လိုက်တယ်။
ထွန်းအောင်ကျော် ကိုက်ထားစမ်း။ အဲဒီသွေးတွေမျိုချ။  အေး။ ငါ -ိုး။ ထွေးမထုတ် နဲ့ ။ ထွေးထုတ်ပစ်တာနဲ့  မင်းဇက်အပြတ်ပဲ။ ကဲ။အကုန် ထောင်ထဲပြန်ပို့ လိုက်။ ချိုကြီးကိုဆေးခန်းပို့ လိုက်။
ငါသူ့ ကို သွေး လွန်ပြီးမသေစေချင်သေးဘူး။ အကုန်လုံးကို ခေါင်းဖြတ်သတ်ပစ်ဖို့ ဆန္ဒရှိတယ်။)
အဲ့သလိုမျိုး ရွှေပြည်ကြီးက ဘယ်ထောင်မှာ ဖြစ်ဖူးသလဲ??? အဲ့လိုမျိုးဆင်ဆင်တူ အဖြစ်တွေ ရှိပါသလား... မနေ့က ကျနော်တို့ ခေါင်းဆောင်တွေထဲက ကိုကိုကြီး သရက်မြို့သွား ခရီးစဉ်မှာ လွမ်းလို့ လာတာပါ ဆိုပြီး ငိုပါတယ်... သူ့မျက်လုံးထဲမှာ ဝေဒနာတွေ၊ ခံစားချက်တွေ တွေ့ရပါတယ်ဗျာ... စိတ်မကောင်းဖြစ်စရာပါ... ပုံပြင်မဟုတ်တဲ့ ဇာတ်တော်တွေထဲမှာ မဟော်သဓာ သတို့သား ဖွားဖက်တော် တစ်ထောင်နဲ့ ငယ်နုစဉ်က တခုသော ကွင်းပြင်မှာ ဆော့ကစားသတဲ့ အဲ့အချိန် စွန်တစ်ကောင်က အသားတစ်(အသားတစ်တုံး)ကို ကိုက်ချီလာသတဲ့ ကလေးတို့ သဘာဝ အသားတုံး အောက်ပြုတ် ကျလာအောင် ပြေးလွှား ခြောက်လှန့် အော်ဟစ်ပြီး စွန်နောက်ကို လိုက်ကြသတဲ့... ပြုတ်မကျဘူးပေါ့ဗျာ... ဒါကို ဘုရားလောင်းသတို့သားက မြင်တော့ ဖွားဖက်တော်တွေ လုပ်လို့ မရတာကို သူဖြစ်အောင် လုပ်ပြသွားတာက လေလိုလျင်မြန်ခြင်းနဲ့ စွန်ရဲ့ နောက်ကို ပြေးပြီးလိုက်သတဲ့ ပြီးတော့ စွန်ရဲ့ အရိပ်ကို ဖနောက်နဲ့ ပေါက်ချလိုက်တာ စွန်ကိုက်ချီထားတဲ့ အသားတစ် ကျလာသတဲ့... ယုံပါသလား... မကြားဖူး မမြင်ဖူးတိုင်း မဖြစ်နိုင်ဘူး မယုံနိုင်စရာပဲလို့ ဆိုကြမလား... ဘုရားလောင်း မပြောနဲ့ ဘုရင်(နိုင်ငံကိုအုပ်ချူပ်ခွင့်ရသူ)တောင် ပါဝါတခုခုရှိပါတယ်... ဒါကိုလက်ခံရပါမယ်... မမြင်ဖူး မကြားဖူးတိုင်းသာ ပေါက်လွှတ်ပဲစား ပြောကြကြေးဆို ကုန်နိုင်ဖွယ်မရှိပေါ့... မယုံကြည်ရင်နေပါ မပုတ်ခတ်တာ ကောင်းပါတယ်... ကိုဇာဂနာဆိုရင် ပုံရိပ်တခု အခိုင်အမာ ရှိပြီးသားပါ... လမ်းဘေးသေးကော့ပန်းလို့ မဖြစ်တာလဲ သိသင့်ပါသေးတယ်... ကျနော့်လို အညတရကောင် အတွက် ဘာမှ မဆန်းပေမဲ့ ဟိုမှာလေ ဇာဂနာ လမ်းဘေးသေးပန်းနေလေရဲ့ ဆိုတာမျိုး နှောင်းလူတို့ အထင်ရောက်သွားရင် ကိုယ်ပေးဆပ်လာသမျှ အဟောသိကံ ဖြစ်သွားတတ်ပါတယ်... ဒါလဲ တခါတရံ ဖြစ်တတ်တဲ့ လူ့သဘာဝမို့ မဆန်းပြားပါဘူး... ကိုယ့်ရဲ့ ရန်သူစစ်စစ်က ကျောချင်းကပ်ထားတယ် သေနတ်ကိုယ့်ဘက် လှည့်ထားတယ်... ညီညွတ်နေကြတယ်... တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း မှန်မှန်ကြီး ချီတက်နေတယ်... ထူးထူးကဲကဲ ဆိုလို့ ရဟတ်ယာဉ်ပေါ်မှာ ပစ်ကြ ခတ်ကြပြီး တိတ်တိတ်ကလေး ကြိတ်ရှင်းကြတာ တခါပဲ ဒီအနှစ်နှစ်ဆယ်ကျော်မှာ ဖြစ်ဖူးသေးတယ်... ကိုယ့်မှာသာ တော်လှန်ရေး ခြေကျိုးဖြစ်သွားရရှာတာ... ထော့နဲ့ထော့နဲ့ ဖြစ်ပြီး မသေရုံ အသက်ဆက်နေရတဲ့ အေဘီအက်စ်ဒီအက်ဖ်ကို မြင်ရတော့ တော်လှန်ရေးရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ လက်နက်ကိုင်လမ်းစဉ်က အလကား ဖြစ်နေသလို အထင်ရောက်သွားမယ်... တော်လှန်ရေးတိုင်းမှာ ပြည်သူတွေရဲ့ သားသမီးဖြစ်တဲ့ ဒီကျောင်းသားတွေပဲ အစဉ်တစိုက် ဦးဆောင်လာတာ... နောက်မျိုးဆက်တွေမှာ နောင်တော်ကြီးတွေက ဒီလိုမျိုး အချင်းချင်း သတ်ပြီး နင်းတက်သွားတဲ့ တော်လှန်ရေးအမွေဆိုးကို မပေးချင်ဘူး... ပေးလဲမပေးချင်ကြပါနဲ့ မလုပ်ကောင်းပါဘူး ကိုယ်အသက်ရှင်ဖို့ သူများအသက် ချနင်းတာမျိုးကို ထောက်ခံအားပေးနေသူ အဖြစ် မည်သူ့ကိုမှလဲ မမြင်ချင်ပါ... အဲ့ဒါကြောင့် တခါတုန်းက ဘုရားရှင် လက်ထက်တော်က မလ္လတိုင်းမှာ သေနာပတိ ဗန္ဓုလ (စစ်သူကြီး မဟာဗန္ဓုလမဟုတ်)ရဲ့ ဇနီးက ဟိုဘက် တိုင်းပြည်ဖြစ်တဲ့ လိစ္ဆဝီ ပြည်က ဘုရင့်ဥယျဉ်တော်ထဲက မင်္ဂလာရေကန်မှာ ရေသောက် ရေချိုးချင်တဲ့ ချင်ခြင်းတက်ပါသတဲ့... အတားအဆီးတွေ ချိုးဖျက်ပြီး သူ့ဇနီး ကိုသောက်စေ ချိုးစေပါသတဲ့... စော်ကားခံရတယ်လို့ ထင်တဲ့ လိစ္ဆဝီက သူရဲကောင်း၅၀၀က စစ်မြင်းရထားတွေနဲ့ လိုက်သတ်မယ်ကြံတော့ သေနာပတိ ဗန္ဓုလ အကြောင်း ကောင်းကောင်းသိသူ သူငယ်ချင်း မဟာလိက လိစ္ဆဝီ သားတွေကို ပြောတာမှာ ဗန္ဓုလနောက် လိုက်ကြရင် သူ့ရဲ့ စစ်မြင်းရထား ပုံးတောင်းအချက်ထိ မြေကြီးထဲ မြုပ်ဝင်သွားရင် အဲ့နေရာက လှည့်ပြန်လာကြလို့ ဆိုပါသတဲ့... မလှည့်ပြန်ရင်ကော ဆိုတော့... မလှည့်ပြန်ပဲ ဆက်လိုက်ရင် ရှေ့တနေရာမှာ မိုးကြိုးသံလို အသံကြီးတသံ ကြားရလိမ့်မယ်... အဲ့ဒီနေရာက လှည့်ပြန်ကြလို့ ထပ်ဆိုသတဲ့... အဲ့နေရာကနေ မလှည့်ပြန်ရင်ကော ဆိုတော့... သင်တို့ရထားဦးမြှားကာမှာ အပေါက်ကလေးတွေ့ရင်လှည့်လာကြလို့မှာသတဲ့... အဲ့ဒါကို နားမထောင်ပဲ ဆက်လိုက်ကြတယ်ပေါ့ဗျာ... အဲ့လိုလိုက်လာကြတာ မြင်တော့ ဗန္ဓုလကလဲ သူ့ဇနီးကို မြင်းရထားပေါ်မှာ ရှင်မရေ နောက်ကို ကြည့်ထား ဒီမြင်းရထားတွေ တစီးတည်းလို မျိုးတန်းစီပြီး ညီညီညာညာ ဖြစ်သွားရင် ပြောလို့ဆိုသတဲ့ ဒီလိုနဲ့ ပြေးကြလိုက်ကြ ဆိုပါတော့ တနေရာမှာတော့ မြင်းရထား အားလုံးကို တစီးတည်းပဲလို မြင်ရသတဲ့ ဒါကိုမြင်တော့ ဇနီးက မြင်းရထားတွေတော့ တစီးတည်းလို မြင်ရပြီလို့ ပြောတဲ့အခါ ဒါဆို မြင်းဇက်ကို ကိုင်ထားပေတော့ ဆိုပြီး ဗိုလ်ခြေတစ်ထောင်လေးကြီးကို လေးညို့ကိုတင်သတဲ့ လေးညို့တင်လိုက်တဲ့ အားက စစ်မြင်းရထား ပုံးတောင်းအချက်အထိ နစ်မြုပ်သွားသတဲ့ ဒါပထမစကားတွေထဲက တခွန်းပေါ့ ဒါကိုမြင်ပေမဲ့ ဆက်လိုက်ကြသတဲ့... ဗန္ဓုလကလဲ လေးညို့ခတ်လိုက်သတဲ့... လေးညို့ခတ်သံက မိုးချူန်းသံလို ထစ်ချုန်းမြည်ပါသတဲ့.. ဒါဒုတိယစကားပေါ့... ပြီးတော့ ပစ်လွှတ်လိုက်ပါတယ်... အဟုန်ပြင်းပြင်းနဲ့ ပြေးသွားတဲ့မြှားက ရှေ့ဆုံးရထားရဲ့ မြှားကာကနေ ဖောက်ဝင်သွားလိုက်တာ ဟိုးနောက်ဆုံး ၅၀၀ မြောက်အထိ သိတောင်မသိလိုက်ပဲ ဖောက်ဝင်သွားသတဲ့... နောက်တနေရာမှာတော့ ဗန္ဓုလက မြင်းရထားရပ်ပြီး စောင့်နေပါသတဲ့... ဟေ့သေလူတွေ မင်းတို့နဲ့ စစ်မထိုးလို နောက်ဆုံးက အကောင်ကို ချပ်ဝပ်ဖြေကြည့်ကြလို့ ဆိုလိုက်သတဲ့... ဒါနဲ့ နောက်ဆုံးကကောင်ကို ချပ်ဝတ်ဖြေကြည့်တဲ့ အခါမှ သွေးထွက်နေတဲ့ ဒိုးယိုပေါက် အပေါက်နဲ့ လဲကျသေသွားသတဲ့... ဗန္ဓုလက ဟေ့လိစ္ဆဝီတို့ သင်တို့အားလုံး အဲ့လို ဒဏ်ရာရပြီး သေပြီးသူတွေ ဖြစ်နေပြီ... အကောင်းဆုံးကတော့ သင်တို့ အိမ်ကိုပြန် သားမယားကို မှာစရာရှိတာမှာကြ ပြီးမှ ချပ်ဝတ်တွေ ဖြေကြည့်ကြပေတော့...လို့ ဆိုသတဲ့... ဆိုလိုချင်တာက ပထမ ပုံးတောင်းအချက်ထိ မြေကြီးထဲ မြုပ်တုန်း နောက်ဆုတ်ကြပါ... ဒုတိယ မိုးချုန်းသံလို ကြားရင် အခြေအနေက သိပ်မသေချာတော့ဘူး... နောက်ဆုံး အပေါက်ကလေးတွေ့မှ ဆိုရင်တော့ အချိန်နှောင်းသွားပါလိမ့်မယ်... တော်တော်ကြာ ဇနီးသားမယား မှာစရာရှိတာ မမှာလိုက်ရ ဖြစ်နေပါဦးမယ်...
· · Share

  • You, Nang Kham Mhom, Kyi Yu, Soe Naing and 58 others like this.
  • 48 shares
    • အိုးဝေအောင် အိုးဘားမား ကောင်းလိုက်တဲ့ ဥပမာလေးတွေဗျာ.......မဟောသဓာ လောက်မှာ ဘာမှ မဖြစ်သေးဘူး။စစ်သူကြီးဗန္ဓုလနောက်ကို မျောပြီးလိုက်သွားမိတာ ((...အချိန်နှောင်းသွားပါလိမ့်မယ်... တော်တော်ကြာ ဇနီးသားမယား မှာစရာရှိတာ မမှာလိုက်ရ ဖြစ်နေပါဦးမယ်...)) ဆိုတဲ့ စာဆုံးမှ အော် ..လူသတ်တရားခံတွေကို မှာနေတာပါလားလို့ သတိပြန်ရသွားတယ်ဗျာ။(ဒီလို ဥပမာပေးတတ်တဲ့ သူကို ရေရှည် မိတ်ဆွေ ဖွဲ့သင့်တာပေါ့။ကိုသူရ သိအောင်လည်း သူ့ message ထဲဝင်ပြီး တမင်တကာ ပို့ပေးသင့်ပါတယ်။)
      February 26 at 2:28pm · · 6
    • Ship Lone အသတ်ခံရတဲ့သူတွေကိုမဟုတ်ဘူးမင်းတို့တွေကိုပုရွက်ဆိတ်လို့ထင်ပုံရတယ်။ခါချဉ်မှန်းသိအောင်ဇာဂနာကိုသွားကိုက်ကြကွာ။
      February 26 at 2:40pm · · 4
    • Htay Tint ကောင်းလိုက်တဲ့ အရေးအသား ။ ယုတ်မာစွာ ရက်စက်ခဲ့ကြတဲ့ လူသတ်သမားတွေကို အကာအကွယ်ပေးသူဟာ သူကိုယ်တိုင်လည်း လူသတ်သမားဖြစ်တယ်တဲ့ ။
    • Ship Lone မင်းတိုးကလည်းဇတ်သံတွေနဲ့ကွာ ပြဇတ်ကနေကြသလိုဘဲ
    • Sit Aung ကိုဇာဂနာက ကျောင်းသားချင်းသတ်တာနဲ့ စစ်တပ်က သတ်တာကို အရေအတွက်ချင်းယှဉ်ပြီး ပြောသွားတယ်။ လူသတ်တာဟာ တစ်ယောက်သတ်သတ်၊ တစ်ရာသတ်သတ် ရာဇ၀တ်မှုမြောက်တာ အတူတူပါပဲ။ မြောက်ပိုင်းကိစ္စက ဒီမိုကရေစီအတွက်၊ စစ်အာဏာရှင် စနစ်ကို ဖြုတ်ချဖို့အတွက် လုပ်မယ်ဆိုတဲ့လူတွေက စစ်တပ်ကတောင် မလုပ်ခဲ့တဲ့နည်းတွေသုံးပြီး ကိုယ့်သွေးကိုယ်ဖောက် သောက်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ မတူတာနှစ်ခု ကို နှိုင်းပြီး ကာကွယ်ပေးတဲ့သဘောပြောတာကိုလက်မခံနိုင်ပါဘူး။
    • Sit Aung
      အမှန်တရားဖော်ထုတ်ရေးဆိုတာ နှစ်ဘက်လုံးနဲ့ဆိုင်တယ်ဗျ၊ ဒီပဲရင်းအတွက် ခုံရုံးလုပ်ခဲ့ပြီးနိုင်ငံတကာကိုတင်ပြခဲ့ပြီးပြီ၊ မြောက်ပိုင်းကိစ္စလည်း ပြောရမှာပဲ။ ငါတို့အချင်းချင်းဖြစ်လို့ဖုံးထားကြဆိုတာ မှန်သလား၊ နှစ်နှစ်ဆယ်ကျော် အဲဒီလို ဖုံးထားခဲ့လို့ေ
      ငွမှု၊ လူသတ်မှု၊ လူပေါ်လူဇော်လုပ်မှု၊ ကြာခိုမှုတွေ ဒီမိုလှုပ်ရှားသူ တွေဘက်မှာ ဘယ်လောက်များခဲ့ပြီလဲ။ အရုပ်နဲ့ အသံ တွဲကြား ရလို့သာ ကိုဇာဂနာပြောတယ်ဆိုတာ ယုံလိုက်ရပါတယ်။ ဒီလိုပြောတဲ့အတွက် အတော်စိတ်ပျက်ရပါတယ်။ မြန်မာပြည်ပြန်ရောက်ရင် ကိုထွန်းအောင်ကျော်နဲ့ ကျဆုံးသူများရဲ့ မိသားစုများကိုသွားတွေ့ပြီး အခုအတိုင်းပြောကြည့်ပါလို့ပဲ အကြံပေးချင်ပါတယ်။
    • Monlaylay Laylay ဇာဂနာကြီးလည်းထောင်ကထွက်လာပြီးမှကြောင်သွားပြီထင်တယ်
    • Monlaylay Laylay အားလုံးရှော.ဖြစ်သွားတာပါ
      February 26 at 5:28pm · · 4
    • Ma Su Mon
      အဲ့ဒီ့နေ့က ထိုင်နားထောင်နေရင်းနဲ့ အရမ်းကိုအော်ဂလီဆန်လွန်းလို့ သမိုင်းနဲ့ချီပြီး ဖြစ်ခဲ့တဲ့ မတရားမူတွေအတွက် မေးခွန်း ထမေးခဲ့တယ်...တရားမျတမူ Justice နဲ့ပတ်သတ်ပြီး ပိုပေါ့ခေါင်းဆောင်လိုလူတွေ သေခါနီးအရွယ်ရောက်တာတောင် ဥပဒေဆိုတာ ရှိတယ် ခုံရုံးဆိ
ုတာ ရှိတယ် သူ့အတွက် အပြစ်ဒဏ်ဆိုတာရှိတယ်ဆိုတော့ ခင်ဗျားတို့ ဦးကြည်မောင်စကားတခွန်းနဲ့ ပြသနာတက်သွားတာသိလားတဲ့ ခင်ဗျားတို့ ပိုင်ရင်တော့ လုပ်ကြပေါ့ဗျာတဲ့ အဲ့စကားတခွန်းနဲ့တင် သူ ဘာလဲဆိုတာ သိလိုက်တယ်....အရင်က တကယ့်ကို လေးစားတန်ဖိုးထားတဲ့လူပါ....
    • Vi Ya Seem he doesn't know the value of history. Seem he never losses the love one. Seem he doesn't aware of the danger of those killers. The most important thing is he never knows the name of ABSDF and the victim leaders.
    • Ma Su Mon သူပြောချင်တာက ပြည်သူတွေက မျက်စိလှည့် နားလှည့်လို့ သိပ်လွယ်တယ်ပေါ့ အဓိက နဲ့သာမညကို ခွဲမမြင်ဘူးလို့ဆိုချင်တာ..သူ နားမလည်တာလည်း သတင်းနဲ့ သမိုင်း ကိုပဲ....အဲ့သလိုပဲ ကျမတော့မြင်တယ် သူစာတွေသိပ်ဖတ်ခဲ့တယ် စာဖတ်သိပ်နာခဲ့တာ ကျမတော့ သူ့စကားနဲ့တင် ဆုံးဖြတ်လို့ရလိုက်တယ်...
      February 26 at 6:24pm · · 4
    • Vi Ya သူ့စကားဟာ သူ့ကိုလေးစားခဲ့ရတဲ့ ကျွန်တော်တို့ကို ၀မ်းနည်းစိတ်ပျက်စေခဲ့ပါတယ်ဗျာ။
    • Min Thuyein ဇာဂနာဆိုတဲ့ သူက နိုင်ငံရေးသမားမှ မဟုတ်တာဗျာ .... သူ့အဆင့်က နိုင်ငံတော်ကို ဟာသ လုပ်တဲ့ အဆင့်ပဲ ရှိပါတယ် ... ကြီးကြီး ကျယ်ကျယ်တွေ ပြောတိုင်း လွဲမှားစွာ ပြောနေတ်တဲ့ ငကြောင် တစ်ကောင်ပါ ... ခင်ညွန့် လွတ်လာတော့ ပြောကြိုတဲ့ထဲပါတဲ့ ငကြောင်ပါ .... ဇာဂနာရဲ့  ပြောရပ်တွေ ကို လုံးဝ ရှုံချပါတယ် ......
    • Min Thuyein မြောက်ပိုင်းကိစ္စကို ကိုမြအေး ... ဘယ်လို ပြောသွားလည်း ... ကိုပေါ် ဘယ်လို ပြောသွားလည်းဆိုတာအရင် ဖတ်သင့်တယ် မောင်ဇာဂနာရေ ... လွတ်လာမှ ကြောင်တောင်တောင် စကငားတွေနဲ့ နာမည်ကြီးအောင် လုပ်မနေနဲ့ .......
    • Kyaw Soe Win မြောက်ပိုင်းက လူမဆန်တဲ့ လူသတ်မှုကိုဖော်ထုတ်လို့
      ကချင်ပြည်နယ် က ပြဿနာ မှိန်သွားမယ်၊ စစ်တပ်က
      လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသတ်မှုတွေကို
      မေ့သွားမယ် ဆိုတာ ကိုသူရတယောက်ထဲရဲ့ အထင်သာဖြစ်ပါတယ်။
      ပြည်သူတွေရယ်၊ နိုင်ငံရေးလောက က လူတွေရယ် ကတော့
      ဘယ်လိုမှ မေ့မှာ၊ လိုင်းပြောင်းသွားမှာ မဟုတ်ပါဘူး။
      (ကျနော်ပြောတာ" နိုင်ငံရေးလောက က လူတွေ" နော်။)
    • Kyaw Soe Win ကိုသူရ ရေ-
      ကောင်းတာလုပ်နေတယ် ဆိုပြီး
      ဟိုလူကို စော်ကား၊ ဒီလူကို ပုတ်ခတ် လုပ်လို့တော့
      မရဘူးနော်။
      February 26 at 6:40pm · · 9
    • Philosophermg Myathar ပြည်တွင်းထဲက လက်ရှိပကတိအခြေအနေကိုမျက်ခြေမပြတ်ဖို့အရေးကြီးတယ်လို့မြင်တယ်. အတိတ်ကအဖြစ်အပျက်အားလုံးကိုလုံးဝမမေ့ပါနဲ့..အချိန်ဟာသိပ်အရေးကြီးတယ်.သိပ်တန်ဖိုးရှိတယ်. ပကတိအခြေအနေဟာ သမိုင်းမှာအပြောင်းအလဲဖြစ်သွားနိုင်တယ်ဆိုတာနားလည်ထားသင့်ပါပြီ။
    • Ma Su Mon အစ်ကိုကျော်စိုးဝင်းရေ သူ့ပြောနေတဲ့စကားထဲမှာကို အဓိကနဲ့ သာမညကို မခွဲခြားတတ်တာလို့မြင်တယ် မြန်မာပြည်သူတွေက သူထင်ထားသလို မညံ့ဘူးဆိုတာ သူမသိသေးဘူးထင်တယ်
    • Ma Su Mon
      သတင်းရယ် သမိုင်းရယ်ကို သူ သိပ်ကိုယ်တိုင်ကို နားမလည်သေးဘူးထင်တယ် လူတွေက အခုဖြစ်ပျက်နေတဲ့ သတင်းတိုင်းကို သိချင်တယ် မျက်ခြေမပြတ်လေ့လာတယ် ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွေအတွက်လည်း ဘယ်တော့မှ မမေ့ကြဘူးဆိုတာ သူကိုယ်တိုင် နားလည်ခံစားပေးမယ်ဆိုရင် မြန်မာပြည
်သူတွေဟာ ဒီလိုမျိုး မျက်စိလှည့် အာရုံလှည့်လွဲတယ်ဆိုတဲ့စကားကို လွယ်လွယ်နဲ့ပြောထွက်မယ်မထင်ဘူး မြန်မာပြည်သူတွေကို အချဉ်ထင်နေပုံရတယ်.. အချိုကျွေးလို့စားတာ သူ ကိုယ်တိုင် ပရုတ်ကွင်းသတ်လို့ရခဲ့တဲ့ ပုရွတ်ဆိတ်လေးတွေပဲ ရမယ်
    • Hmwe Kyu d kg ....zar ganar..chee brain
    • Hmwe Kyu u cha pyee ... yin wa sout kan mae kg myo.
    • Sithu Myo အတွေးအခေါ်များ တိုးတိုက်မိခြင်း ...... :((((
    • Myint Myint Khin Pe ကိုချိုကြီးရဲ့ ညီမနဲ့ ကျမ နှစ်ခါတွေ့ဘူးတယ်။ တွေ့တိုင်းသူ့အစ်ကိုအကြောင်းပြောပြီး မျက်ရည် ကျတတ်တာကို ကျမအရမ်းကိုယ်ချင်းစာ စိတ်မကောင်းဖြစ်ရပါတယ်။
    • Maung Myay Zar ရက်ရက်စက်စက် လုပ်ခဲ့တဲ့လူတွေ ရက်ရက်စက်စက် ပြန်အလုပ်ခံရပါစေလို့  ဆုတောင်းပါတယ်။
    • Aung Kyaw Thu ဒီစကားပြောတာတော့အံ့သြမိပါရဲ့ ဒါပေမယ့် အခုအချိန်မှဒီကိစ္စ ဘာကြောင့်အရမ်းနာမည်ကြီးသွားသလဲ ဖော်ထုတ်တဲ့လူတွေကလဲ အခုမှဘာလို့ဖော်ထုတ်ကြသလဲ အစကတည်းကဖော်ထုတ်တော့ရော ဘာဖြစ်မှာလဲ ကျွန်တော့်ဦးနှောက်သေးသေးလေးနဲ့ စဉ်းစားမိတာလေးပါ....
    • Joshua Min Htut ဗိုလ်ခင်ညွန်.ကို လက်ဆွဲပြီး သဘောထားကြီးခဲ့သူက အမြင်မတူလို. ပြန်ပြောတဲ့ အချင်းချင်းကိုတော့ ပြန်ရန်တွေ.တတ်သဗျ။ ဘလော့ လုပ်တတ်ပါသဗျ။ ရယ်တော့ရယ်ရသား။ သူလုပ်သမျှကတော့ နေရာတိုင်း ဟာသတွေပါပဲ ... :)
    • Min Thuyein ကျွန်တော် အစက ... အစိုးရ ၀ါဒဖြန့်တယ် ထင်နေတယ် ... ထောင်က လွတ်လာတဲ့ အေဘီတွေကို မေးကြည့်မှ တကယ် ဖြစ်မှန်း သိရတယ်။ နောက် FB ပေါ်မှာ ဖတ်ရမှ ပဲ တော်တော်လေးသိခဲ့ရတယ် ... အဲဒီအချိန်က ကျွန်တော်တို့က မြို့ ပေါ်မှာ အစိုးရနဲ့ စိမ်းပြေးတမ်းကစားနေရတဲ့ အချိန်ဆိုတော့ တောထဲက အကြောင်းတွေကို တကယ် မသိခဲ့တာပါ .... အခု FB မှာ ဖေါ်ပြတော့မှာပဲ အကုန်လုံးသိကြရပြီး စိတ်မကောင်းတွေ ဖြစ်နေရတယ် ....
      February 27 at 7:13am · · 3
    • Myint Myint Khin Pe I've shared, thanks.
    • Myint Myint Khin Pe ကိုချိုကြီး ညီမနဲ့ ၂၀၀၉ခုနှစ် နှစ်လယ်မှာပထမဆုံးတွေ့ဖူးပြီး တစ်ညလုံးနီးပါး သူ့အစ်ကိုအကြောင်းတွေပြောပြီး မျက်ရည်ကျခဲ့တာကိုကျမစိတ်မကောင်းစွာ သတိရနေခဲ့တယ်။ ဒီလဆန်းမှာတစ်ခါ အသင်းကို အလှူငွေလာထဲ့ရင်းနဲ့ ထပ်ပြောဖြစ်ကြပြန်တယ်။ ကျမပြောချင်တာက ဒီလောက်နှစ်တွေကြာတဲ့ အထိ သူ့ရင်ထဲမှာ မမေ့ မပျောက် ခံစားနေရတုံးဆိုတာပါ။
      February 27 at 1:47pm · · 8
    • အိုးဝေအောင် အိုးဘားမား ကလောင်ရှင် ဘရာဇီးငှက်ရိုးရေ........ဒီတပုဒ်ထဲနဲ့ မြောက်ပိုင်းကိစ္စမှာ တော်တော်ပေါက်သွားတယ်လို့ ယူဆပါတယ်။ဇာတ်တော်ဥပမာလေးတွေနဲ့ဝေဖန်စာရေးတဲ့သူအဖြစ် ဆက်လက် ထွန်းပေါက်ပါစေဗျာ။
      February 27 at 2:02pm · · 4
    • ဘရာဇီး ငှက်ရိုး စာလာဖတ်သူ၊ ကွန်မန့်ပေးသူ၊ ရှယ်သူ အားလုံးကို ကျေးဇူးပါ... မတော်တဆများ ကျနော့်စိတ်ခံစားချက် တအားမြင့်တက်လာပြီး အမနာပ အသုံးတွေ သုံးမိသွားရင် ခွင့်လွှတ်ပေးကြစေချင်ပါတယ်ခင်ဗျာ..
      အမMyint Myint Myint Khin Peရေ... ကာယကံရှင် မိသားစုတွေ ဘယ်လိုနေမလဲ ခံစားမိပါတယ်... အဲ့ဒါကြောင့်ပဲ ဒီကေ့စ်ကိုပဲ နေမအိပ် ညမအိပ် လိုက်နေတာပါ... ကိုချိုကြီးအကြောင်းဖြစ်ဖြစ်၊ ပုံလေးတပုံ ဖြစ်ဖြစ် မြင်ရချင်ပါတယ်...
    • Myint Myint Khin Pe I'll try my best.
    • အိုးဝေအောင် အိုးဘားမား ကိုချိုကြီးပုံကို Kyaw Gyi AB ရဲ့ ဓါတ်ပုံတွေထဲမှာ ရှားရှားပါးပါး တွေ့ခဲ့ဖူးတယ်။သွားကြည့်ကြည့်ပါ။ရှိသေးရင်တော့ မြင်ရမှာပါ ကိုငှက်ရိုး(ဘရာဇီး)။
    • Sein Soe ဖေါ်စရာရှိတာတွေလည်းပေါ်အောင်လုပ်ဘို့လိုတာပဲ၊ ပြည်တွင်းကအခုလက်ရှိ ကိစ္စ အခုဖြစ်နေတဲ့ကချင်ကိစ္စ သူ့ကဏနဲ့သူပါ၊ တခုကိုလုပ်နေကြလို့ တခြားဟာတွေလျော့သွားမယ် အားနဲသွားမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့အပိုင်းနဲ့သူလုပ်နေကြတာ လိုအပ်ပါတယ်။
    • Henry Tin
      တောခိုတယ်၊လက်နက်ကိုင်တော်လှန်ရေးလုပ်တယ်၊ တိုက်ပွဲမှာ ကျဆုံးသွားတယ် ဆိုတာမျိုးဆိုရင် ကျုန်ရစ်သူမိသားစုအတွက် နဲနဲ ခံသာအုံးမယ်လို့ ထင်တယ်၊ သူယုံကြည်မှုလမ်းစဉ်အတွက် သူအသက်စွန့် တိုက်ပွဲဝင်သွားတာပါလားဆိုပြီး ဂုဏ်ယူလို့  ဖြေလို့ ရသေးတယ်၊ ဒါပေမယ့်
      အခုလို လနဲ့ ချီပြီး လူမဆန်အောင် နှိပ်စက် ညှင်းပန်းခံရ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတယ့် အကြောင်းကို ကြားသိလိုက်ရတယ့် ကာယကံရှင် မိသားစုတွေ ဘယ်လောက်တောင်မှ ဘယ်လောက်တောင်မှ ရင်ကွဲ ပက်လက် ခံစားရမလဲ ဆိုတာ ကိုယ်ချင်းစာကြည့်လို့ ရပါတယ်၊ သူတို့ ရဲ့ စိတ်ဝေဒနာဟာ တသက်လုံး Nightmare ခံစားသွားရမှာ သေချာပါတယ်၊ သူတို့ ရဲ့ စိတ်ဝေဒနာကို ပိုပြီးထိခိုက်နာကျုင်စေမယ့် အပြောမျိုးတွေ၊ အထင်အမြင် ဝေဖန်ချက်မျိုးတွေ အလွယ်တကူ၊ ပေါ့ပေါ့ဆဆ မလုပ်သင့်ပါဖူး၊လူတယောက်ကိုပဲ သတ်သတ်၊ လူတရာကိုပဲ သတ်သတ် လူသတ်မှုပါပဲ၊ ဘယ်သူကပဲ ကျူးလွန်ပါစေ၊ ဘယ်အဖွဲ့ အစည်းကပဲ ကျူးလွန်ပါစေ လူသတ်မှုက လူသတ်မှုပါပဲ၊ တရားဥပဒေအရ အပြစ်ရှိသလို ယဉ်ကျေးသော လူအဖွဲ့ အစည်းက လုံးဝ လက်မခံပါဖူး...။
    • Htar Htar Lwin ဇာဂနာရဲ့အမ၀မ်းကွဲတစ်ယောက်နဲ့စကားပြောဘူးပါတယ် သူများတွေပြောနေကြသလို ဇာဂနာဟာထောင်ထဲမှာ နှိပ်စက်ခံရလို့သွားတွေကျိုးကုန်ပြီး အတုတပ်ထားရတယ်ဆိုတာဟုတ်ပါသလား ဆံပင်လည်းလုံးဝပြန်မပေါက်တော့လို့ ကတုံးကြီးဖြစ်နေတယ်ဆိုတာဟုတ်ပါသလားလို့မေးကြည့်လိုက်ပါတယ် သူ့အမကရယ်ပြီး မဟုတ်ပါဘူးလို့ပြောပါတယ်
      May 14 at 12:10pm · · 1
    • ဘရာဇီး ငှက်ရိုး ကိုဇာဂနာက ဒီမိုကရေစီ ကတုံး အစစ်ပါ... ဒီမိုရမှ ဆံပင် ပြန်ထားမယ် ဆိုတော့... နှစ်ပေါင်းများစွာ ခေါင်းအအေးပတ်နေတာပေါ့...
      May 14 at 1:23pm · · 1
    • အိုးဝေအောင် အိုးဘားမား ကိုဇာဂနာ ခေါင်းမွှေးရိတ်တာက ကိုကျော်သူနဲ့ပြောင်းပြန်ပေါ့။ကိုကျော်သူက မုတ်ဆိတ်မွှေး+နှုတ်ခမ်းမွှေး+(ခေါင်းမွှေး)တွေကို ဒီမိုကရေစီရမှ ရိတ်မယ့်ပုံပဲ။း-)(ဟုတ် မဟုတ် မ မြင့်မြင့်ခင်ဖေ Myint Myint Khin Pe (မရွှေဇီးကွက်)ကို မေးကြည့်လေ။)း-)

No comments:

Post a Comment