Friday, August 3, 2012
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၄)
(၃)
စစ်ဆင်ရေးနယ်မြေအတွင်းမှာ ဆန်တွေသိုလှောင်ထားတာတွေနဲ့ ပတ်သက်ပြီး သင်္ကာမကင်းဖြစ်ခဲ့တဲ့ လူတချို့ကို စောင့် ကြည့်ခဲ့ကြတယ်။ ထွက်ပြေးခဲ့တဲ့ စိုးမင်းအောင် (မန္တလေး) ဟာ အဲဒီလိုစောင့်ကြည့်ခံခဲ့ရသူတွေထဲက တယောက်ဖြစ်ခဲ့ သလို စိုးမင်းအောင် တယောက်ထဲကပဲ လူအယောက်ငါးဆယ်လောက်ကို ထွက်ဆိုသွားခဲ့တယ်။
စိုးမင်းအောင် (မန္တလေး) ဆိုတာ ရင်းမှူးသိုက်ထွန်းဦးရဲ့ (၅၀၁) တပ်ရင်းက ရင်းမှူးရဲ့ကိုယ်ရံတော်ဆိုပေမဲ့ တောင်ပိုင်းက မဟုတ်ဘူး။ မြောက်ပိုင်းကိုရောက်လာတဲ့ ရင်းမှူးသိုက်ထွန်းဦးနဲ့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်တို့အတွက် ကိုယ်ရံတော် တွေအဖြစ် စိုးမင်းအောင် (မန္တလေး) နဲ့ ရဲဘော်ခင်မောင်စိုး (ခ) ကိုစိုးကြီး (အင်းတော်) တို့ နှစ်ယောက်ကို ဗန်းမော်ရင်း ကနေ ထည့်ပေးလိုက်တဲ့သူက ခွဲမှူး စောသက်ထွန်း၊ သူဟာ သန်းထွန်းစိုး(ခ)တိုက်ပိတ်နဲ့အတူ ရှေ့တန်းနယ်မြေမှာ အ ဖမ်းခံခဲ့ရသလို မြစ်ကြီးနားထောင်မှာ အတူကျပြီး ပြန်လွတ်ခဲ့သူတဦး ဖြစ်တယ်။
အများကတော့ သန်းထွန်းစိုး (ခ) တိုက်ပိတ်ကို ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့တယ်လို့ပဲ ယူဆခဲ့တယ်။ (သန်းထွန်းစိုး (ခ) တိုက်ပိတ်အနေနဲ့ ရန်သူ့သူလျှိုမဟုတ်ကြောင်း သက်သေပြနိုင်ဖို့ ထောင်ကျဖို့လည်း လိုအပ်ပါတယ်။ ဒါမျိုးတွေကို တော့ လူမှန်တွေမို့ နှစ်ရှည်ထောင်ဒဏ်တွေကျခံခဲ့ရဖူးတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက ထောင်ထဲမှာ သူတို့ကြား “ကိုယ့်လူ သူ့ဘက်သား” လုပ်သွားခဲ့တဲ့ ထောင်ကျ (ရန်သူ့လူတွေ) နဲ့ ပတ်သက်တဲ့ ပုံပြင်တွေအများကြီး ရှိခဲ့တယ်ဆိုတာ ကို ပြောပြနိုင်ပါလိမ့်မယ်။
ရန်သူ့သူလျှိုတွေကို ဖော်ထုတ်ဖို့ နောက်တန်းမှာရှိနေတဲ့ ဗဟိုကော်မတီအားလုံး သဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက် ကို ထွန်းအောင်ကျော်၊ ကိုညီညီကျော် တို့ကိုယ်တိုင် အစပိုင်း စစ်ဆေးမေးမြန်းမှုတွေမှာ ပါဝင်ခဲ့ကြတယ်။
ဘာဖြစ်လို့ ကျမ အဲဒီလိုပြောရတာလဲဆိုတော့ ကျမကိုယ်တွေ့ ဥပမာလေးနှစ်ခုပဲ ပေးပါ့မယ်၊ အသတ်ခံရတဲ့အထဲမှာပါတဲ့ မန္တလေးက ရဲဘော် ရန်အောင် ကိုတော့ မန္တလေးကျောင်းသားတွေ ကောင်းကောင်း သိကြပါတယ်။ အထူးသဖြင့် ဘွဲ့ရ ကျောင်းသားများအဖွဲ့က လူတွေပေါ့။ မြို့မှာကတည်းက ကိုထွန်းအောင်ကျော်၊ ကိုညီညီကျော်တို့ ကိုညီညီ (ဆမား) တို့ ခိုင်းခဲ့တဲ့အလုပ်တွေကို လုပ်ပေးခဲ့တဲ့ ရဲဘော် လူငယ်တယောက်။ ကျမနဲ့က မြို့မှာတုန်းက မြင်ဖူးပေမဲ့ စကားမပြောဖူး ဘူး။ တောထဲရောက်မှ တမြို့တည်းသားချင်းမို့ စကားပြောမိရာက သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ဓါတ်ကိုသဘောကျပြီး ခင်မင် သွားခဲ့တဲ့ ရဲဘော်တယောက်။ ဒီအဖြစ်အပျက်တွေ စဖြစ်ချိန်က သင်းသင်း၊ နန်းစော၊ ရန်အောင်နဲ့ ကျမတို့က ကေအိုင် အေ ဆေးသင်တန်းကျောင်း တက်နေကြတဲ့အချိန်၊ သင်တန်းသားတွေကို တရားဝင်သွားလာခွင့် ပိတ်ထားတယ်။ ဒါပေမဲ့ မိုင်းထောင်ထားတဲ့ လမ်းကြားတွေကနေတဆင့် (ကိုအိုက်လျှံ အဲဒီလိုခိုးပြန်တုန်းက မိုင်းထိဖူးတဲ့လမ်း) ကနေ တပ်ကို ခိုးပြန်လို့ ရတယ်။
ရန်အောင်ကို ဆေးသင်တန်းမှာ လာဖမ်းတဲ့အချိန်တုန်းက ကျမ အဲဒီလိုခိုးပြန်ပြီး လက်ရှိအာဏာရှိနေဆဲ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော်ကို သွားတွေ့ခဲ့တယ်။ အဲဒီမှာ ဗန်းမော်ခရိုင်မှူး ကိုညီညီကျော်လည်း ရှိတယ်။ အတွင်းရေးမှူး ကိုအောင်နိုင် က အခန်းထဲမှာ လှဲနေတယ်။ ကျမက ရန်အောင် ဒီလောက်ရိုးသားဖြူစင်တာ မဖြစ်နိုင်ဘူးလို့ပြောတော့ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် ရော ခရိုင်မှူး ကိုညီညီကျော်ကပါ ရန်အောင်က ဟုတ်တယ်။ သေချာတယ်။ မြို့ထဲမှာတုန်းက ငါတို့နောက် လိုက်ရင် သူဘယ်လောက် ဘယ်လောက်ရတယ်လို့ နှစ်ယောက်စလုံး ကျမကိုပြန်ဖြေခဲ့ကြတယ်။ အဲဒီအချိန်မှာ အခန်း ထဲမှာလှဲနေတဲ့ ကိုအောင်နိုင်က ၀င်ပြီး “ဟုတ်လား ကျနော့်နောက်လိုက်ရင်ကော သူ ဘယ်လောက်ရသလဲဗျာ” လို့ ၀င် မေးခဲ့တယ်။
ကိုယ်ခိုင်းခဲ့တဲ့ ရဲဘော်တယောက်ကို ကိုယ်အာဏာ လက်ရှိရှိနေဆဲအချိန်မှာ ကာကွယ်မပေးခဲ့ဘဲ ဘာဖြစ်လို့ သူတို့ကိုယ် တိုင် ရိုက်စစ်တာမခံရသေးဘဲနဲ့ “ဟုတ်တယ်” လို့ အဲဒီအချိန်က ဖြေခဲ့သလဲဆိုတာကို မန္တလေးမှာ လက်ရှိရှိနေတဲ့ ဗန်း မော်ခရိုင်မှူးလုပ်ခဲ့တဲ့ ကိုညီညီကျော်ကို ကျေးဇူးပြုပြီး အချက်အလက်အမှန်တွေ ဖြည့်ရေးနိုင်ဖို့ မေးကြည့်ပေးပါ။ ရန် အောင်ဟာ ကိုညီညီကျော်တို့ပြောခဲ့သလို “ဟုတ်တယ်” ဆိုရင်လည်း ကိုထွန်းအောင်ကျော်တို့ ကိုညီညီကျော် တို့ကို ဆွဲ ထည့်သွားဖို့ မေ့နေမယ် မထင်ပါဘူး။
နောက်တယောက်က နန်းစော၊ နန်းစောနဲ့ ကျမနဲ့က ရဲဘော်တွေကြားမှာပဲ အမြဲနေထိုင်သွားလာနေတဲ့သူနှစ်ယောက်။ လူကြီးတွေထက် ကျမတို့ရဲ့ ရဲဘော်တွေကို ကျမတို့က ပိုချစ်တယ်။ အဲဒီအချိန်က တော်လှန်ရေးအတွက်ဆို အသက်ကို တောင် ပေးဖို့ဝင်မလေးအောင် တက်ကြွနေတဲ့ ရဲမေတွေ။ ကျမတို့ လူကြီးတွေကို ကျမတို့ယုံကြည်သလို သူတို့ကလည်း ကျမတို့ကို ယုံကြည်တယ်။ ဒါကြောင့် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကိုယ်တိုင် တောင်ထိပ်က သူနေတဲ့တဲမှာပဲ ကျမနဲ့ နန်းစောကို ပစ်မှတ်ကို မှန်အောင်နဲ့ မြန်အောင် အချိန်မှတ်ပြီး အနီးကပ် ပစ္စတိုပစ် လေ့ကျင့်ပေးခဲ့တယ်။ ဒီအလုပ်မျိုး လုပ်တဲ့သူတွေဆိုတာ အသက်ရှင်လျှက် ပြန်လာစရာအကြောင်းလည်း မရှိတာမို့ မှတ်တမ်းဝင်ဓါတ်ပုံတွေပါ လေ့ကျင့်ချိန် မှာ ကိုယ်တိုင်ရိုက် ပေးခဲ့သေးတယ်။ ကိုမင်းဌေး ဖေ့ဘုတ်ခ်မှာရှိတဲ့ ပစ္စတိုနဲ့ ကျမပုံဟာ ကိုထွန်းအောင်ကျော် ကိုယ်တိုင် မှတ်တမ်းတင်ဖို့ ရိုက်ပေးခဲ့တာပါ။ ကျမတို့နှစ်ယောက် အဓိက လုပ်ရမဲ့အလုပ်က ပြည်တွင်းကိုပြန်ဝင်ပြီး ရန်သူကြားမှာ လုပ်ရမဲ့ အထူးလုပ်ငန်းတခု။ အဲဒီအချိန်က ကျမတို့ ဘာလုပ်မလဲဆိုတာ နည်းနည်းပါးပါး အရိပ်အခြေနားလည်နေတဲ့ (၄၀၁) တပ်ရင်းက ရဲဘော်ကျော်စွာဝင်းမောင်က ကျမတို့အတွက် စိတ်ပူပြီး သတိလာပေးတာလည်း ရှိတယ်။ ကျမ အဓိ က ပြောချင်တာက ကျမတို့ရဲ့ခေါင်းဆောင်တွေကို ကျမတို့ရဲဘော်ရဲမေတွေ အသက်ပေးရဲတဲ့အထိ သူတို့ခိုင်းတာလုပ်ဖို့ ဘယ်လောက်တောင် ယုံကြည်မှုရှိခဲ့ကြသလဲ ဆိုတာကိုပါ။
နန်းစောနဲ့ သင်းသင်းကို ဆေးသင်တန်းမှာ လာဖမ်းသွားတဲ့အချိန်တုန်းက အဲဒီခိုးလမ်းအတိုင်းဖြတ်ပြီး ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် နေတဲ့တဲကို နောက်တကြိမ်တက်ခဲ့တယ်။ ကျမ တက်လာတာကို လှမ်းမြင်တဲ့ ကိုညီညီကျော်က “ဥက္ကဋ္ဌ ပြောနေတယ် မယုံရင်ကြည့်နေ ခင်ရွှေလှိုင် တက်လာအုံးမယ်လို့ အဟုတ်ပဲ”။ အဲဒီအချိန်က အဲဒီတဲမှာ ကျောင်းသား ထောက်လှမ်းရေးထဲမှာပါတဲ့ မန္တလေးက ကိုသန်းဇော် (လက်ရှိ စစ်အစိုးရရဲ့အဖမ်းခံရပြီး ပြန်လွတ်မြောက်လာသူ)လည်း ရှိနေတယ်။ နန်းစောက ထောက်လှမ်းရေးဟုတ်တဲ့အကြောင်း သူ့ထွက်ဆိုချက်တွေ လက်မှတ်ထိုးထားတွေရှိတယ် ဖတ် ကြည့်မလားလို့ မေးတယ်။ ကျမက လူတယောက်ကို ရိုက်စစ်ပြီး မေးထားတာတွေအပေါ် မယုံကြည်ဘူး။ နှစ်ယောက် တည်း ပေးတွေ့ပါလို့ပြောတော့ ကိုသန်းဇော်က “ဟုတ်ရင် မင်းသူ့ကို ပါးရိုက်မလား” လို့ ဖြတ်မေးတယ်။ နှစ်ယောက်ထဲ ပေးတွေ့လို့ သူ့ပါးစပ်က ဟုတ်ပါတယ်လို့ ကျမကိုပြောခဲ့ရင် ကျမကိုယ်တိုင် သတ်ပစ်မယ်လို့ ပြန်ပြောခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ ဘူး။ အဲဒီလောက်ထိ ကျမ ယုံကြည်ချစ်ခဲ့တဲ့ ရဲမေကို ကျမယုံကြည်လေးစားခဲ့တဲ့ လက်ရှိအာဏာရှိနေဆဲ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် ကိုယ်တိုင်က ရိုက်စစ်နေစရာမလိုပဲနဲ့ “အဟုတ်ပဲ” လို့ အဖြေပေးနေတယ်။ ဘာကြောင့်လဲ။ ကိုထွန်းအောင် ကျော်ကို မေးခွင့်မရတော့တဲ့အတွက် အဲဒီအချိန်က ကိုထွန်းအောင်ကျော်နဲ့ အတူရှိနေခဲ့တဲ့ ကိုညီညီကျော် ပဲ ကျေးဇူးပြု ပြီး ဖြေပေးပါ။
ရဲဘော် ရန်အောင် (မန္တလေး၊ အသတ်ခံခဲ့ရ) ကို ဆေးသင်တန်းမှာ လာဖမ်းတဲ့အချိန်တုန်းက ဒါတွေဟာ အထက်ထိ ရောက်လာနိုင်တယ်လို့ ကျမစိတ်ထဲ သံသယ၀င်လာခဲ့ဖူးတယ်။ ဘာကြောင့်လဲဆိုတော့ စတင်အဖမ်းခံရသူတွေက မန္တ လေး၊ ရန်ကုန်ကလူတွေ ဖြစ်နေလို့ပါပဲ။ အဲဒါကို နန်းစော အဖမ်းမခံရခင်မှာ ကျမ ပြောပြခဲ့ဖူးတယ်။ သူသာ အဲဒါတွေကို ပြန်ပြောခဲ့ရင် ဒေါ်လှိုင်လည်း အဖမ်းခံရမှာ သေချာတယ်လို့ နောက်ပိုင်းမှာ နန်းစော ကျမကို ပြန်ပြောဖူးတယ်။ ဒါပေမဲ့ ကိုသန်းဇော် (ကျောင်းသားထောက်လှမ်းရေး၊ မန္တလေး၊ အစိုးရထောင်ကျပြန်လွတ်) နောက်တခေါက် ဆေးသင်တန်းကို ရောက်လာတဲ့ အချိန်မှာ “ဥက္ကဋ္ဌ (ကိုထွန်းအောင်ကျော်)နဲ့ (ကိုအောင်နိုင်) အဖမ်းခံရတယ်လို့ကြားရင် ကျမကို မဖမ်း လည်း ကျမ လာအဖမ်းခံမယ်” လို့ ပြောခဲ့တယ်။
ရဲဘော်ထွန်းအောင်ကျော် အဖမ်းခံထားရတာကို ကျမတို့ တော်တော်ကြာတဲ့အထိ မသိခဲ့ဘူး။ ဆေးသင်တန်းရဲ့ စားဖို ဆောင်ထဲမှာ သင်တန်းသားတွေအားလုံး မနက်စာစားနေချိန်မှာ ကေအိုင်အေ လူကြီးတချို့နဲ့ ထိစပ်မှုရှိတဲ့ ကေအိုင်အေ ရဲမေတယောက်က ကျမနားလာထိုင်ပြီး “နင်တို့ ဥက္ကဋ္ဌကို ဖမ်းလိုက်ပြီ နင်တို့သိလား” လို့ တိုးတိုးလေး လာမေးတယ်။ ကျမ ထမင်းဆက်စားလို့ မရတော့ဘူး။ မျက်ရည်တွေပဲ ကျလာတာနဲ့ အဆောင်ပေါ် ပြန်တက်လာခဲ့တယ်။ အဲဒီနေ့က အ လုပ်လုပ်တဲ့ရက်ဖြစ်လို့ ရဲမေအငယ်တွေ တောထဲကို ထင်းခုတ် ၀ါးခုတ်သွားကြတဲ့အခါ ငိုနေတဲ့ကျမကို ချန်ထားခဲ့ကြ တယ်။ ဆေးသင်တန်းကိုလည်း ကျမ စိတ်မ၀င်စားတော့ဘူး။ သူတို့သွားတာနဲ့ ထုံးစံအတိုင်း အဆောင်နောက်က တော လမ်းအတိုင်း ဆင်းခဲ့ပြီး ဖြတ်လမ်းကနေ ကျောင်းသားတပ်ကို လာခဲ့တယ်။
“ထောက်လှမ်းရေးရုံး” ကိုသွားဖို့ စခန်းရုံးမှာ အကြောင်းကြားခဲ့တယ်။ အဲဒီအချိန် စခန်းမှူးက ရဲဘော် ဆရာထိန် (ဗန်း မော်၊ လက်ရှိ ချင်းမိုင်) သူက ငိုထားတဲ့ကျမ မျက်နှာကို ကြည့်ပြီး ဘာမှမမေးဘူး။ ရဲဘော် မြင့်ဇော်ဦး (တိုက်ပွဲကျ) ကို လိုက်ပို့ခိုင်းခဲ့တယ်။ ကျမတို့နှစ်ယောက် လက်ချာဟောကို ဖြတ်တဲ့အချိန်မှာ အဲဒီမှာ အစောင့်ကျနေတဲ့ ဒူဝါး လှဆိုင်း (မြစ်ကြီးနား၊ နောက်တန်းမှူး) ထွက်လာပြီး “ဘယ်သွားမလို့လဲ” မေးတယ်၊ “ထောက်လှမ်းရေးရုံးကို သွားမလို့” ဆိုတော့ “အဲဒီမှာ အခု အလုပ်လုပ်နေတယ် သွားလို့မရဘူး၊ သွားချင်ရင် ဆေးခန်းမှာ CS (ရဲဘော်သံချောင်း) နဲ့ GS (ရဲဘော် အောင်နိုင်) ရှိတယ်” လို့ ပြောရင်း တလက်စတည်း “CS နဲ့ GS ဒီမှာ ခင်ရွှေလှိုင် လာနေတယ်” လို့ အော်ပြောပေးခဲ့တယ်၊ လက်ချာဟော နောက်ဘက်မှာရှိတဲ့ ဆေးခန်းကို ဆင်းလာခဲ့တယ်။
ဆေးခန်းထဲကို ၀င်လိုက်တာနဲ့ ကျမ ဘာမှမပြောရသေးခင် ငိုထားတဲ့ကျမ မျက်နှာကိုကြည့်ပြီး CS သံချောင်းက “ခင်ရွှေ လှိုင် ဥက္ကဋ္ဌ တယောက်ကိုဖမ်းဖို့ဆိုတာ ၉၀% မသေချာပဲနဲ့ ငါတို့မလုပ်ရဲဘူး။ မင်းတို့ ဥက္ကဋ္ဌကတောင် ဒီလိုလားဆိုပြီး မ ဟာမိတ်ယုံကြည်မှု အပျက်ခံပြီးလုပ်ရတာ။ ခင်မောင်ဇော် (မန္တလေး၊ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန် လွတ်) ဆိုကြည့်စမ်း ငါဘယ်လောက် ယုံကြည်ခဲ့သလဲ စစ်ရုံးကိုကိုင်ခိုင်းထားတာ ဒီကောင်က“ဒလမ” ဖြစ်နေတယ်။ ကြောင် (ကျော်နိုင်ဦး) သာယာဝတီ၊ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်) ဆိုလည်း GS က ယုံကြည် လို့ သူ့နားမှာတောင် ခေါ်ထားခဲ့တာပဲ” ပြောရင်းနဲ့ သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့ ကျမ မျက်လုံးကို သူသတိထား မိပြီး “မင်းက ငါပြောရင် ယုံမှာမဟုတ်ဘူး၊ GS ခင်ဗျာ့ပဲ ရှင်းပြလိုက်ပါ” လို့ ပြောပြီး ဆေးခန်းထဲက ထွက်သွားတယ်။
ကိုအောင်နိုင် က “လောလောဆယ်တော့ မင်းတက်နေတဲ့ ဆေးသင်တန်းကိုပဲ ပြီးအောင်လုပ်ပါ။ ငါ့ကိုဖမ်းခဲ့ရင်လည်း ငါတော့ အသားအနာမခံဘူး။ ဟုတ်တယ်လို့ ဖြေမှာပဲ။ မင်းလည်း မင်းအလှည့်ရောက်လာခဲ့ရင်သာ ဘယ်လိုရင်ဆိုင်မလဲ အသင့်ပြင်ထားပါတဲ့” ကျမ ဘာဆက်ပြောစရာ ကျန်ပါသေးလဲ။
အဲဒီအချိန်မှာ ကျမ နားလည်လိုက်တာက ရန်သူ့သူလျှိုတွေဟာ ယူဂျီလမ်းကြောင်းကတဆင့် ၀င်လာခဲ့သူတွေ ဖြစ်တဲ့အ တွက် ယူဂျီလမ်းကြောင်းမှာရှိနေကြတဲ့ ကျမ အပါအ၀င် အားလုံးကို မယုံသင်္ကာဖြစ်နေတယ်ဆိုတာလောက် ပါပဲ။ ဒီလိုနဲ့ တရက်၊ ဆေးသင်တန်း လက်ချာဟောမှာ စာသင်နေတုန်း ဧည့်သည်လာတယ်ဆိုပြီး သင်တန်းကြီးကြပ်က လာခေါ်ခဲ့ တယ်။ ဆေးသင်တန်းမှာ လာဖမ်းရင်လည်း ဒီပုံစံမျိုးနဲ့ပဲ ခေါ်ထုတ်သွားတတ်တာမို့ ကျန်ခဲ့တဲ့လူတွေက ကျမကိုဖမ်းသွား တယ်လို့ပဲ ထင်ခဲ့ကြတယ်။ ကျမတို့နေတဲ့အဆောင်ရှေ့မှာတော့ ကျမတက်လာတာကို စောင့်ကြည့်နေတဲ့ ကိုသန်းဇော်နဲ့ ဒူဝါလှဆိုင်း။ ကျမရောက်တာနဲ့ “ဘာမှမဟုတ်ပါဘူး၊ ဆေးသင်တန်းမှာ စိတ်ဝင်စားမှုလည်းမရှိ အမှတ်တွေလည်း ကျလာ တယ် ပြောလို့လာတွေ့တာ၊ သင်တန်းသားတွေ (ကျောင်းသားတပ်မှ ရဲဘော်တပ်စိပ်နှစ်စိပ်၊ ရဲမေတပ်စိပ်နှစ်စိပ်) အတွက် လည်း တခြားလိုအပ်တာတွေ ဘာတွေရှိရင်လည်း ပြောဖို့” တဲ့။ ဒါဟာ ကျမကို အကဲစမ်းနေတာ ဆိုတာလောက်တော့ ကျမနားလည်ပါတယ်။
ကျမ ဆေးသင်တန်းမှာရှိနေတဲ့အချိန် ရဲဘော်မြဇော် (ခ) ၀သုန် (ပုလိပ်မြို့၊ လက်ရှိအမေရိက၊ တောနဲ့မြို့ဆက်သွယ်ရတဲ့ ရဲဘော်တပိုင်း ယူဂျီတပိုင်း) အရက်မှူးပြီး ရောက်လာတယ်၊ “ကျနော် ကိုကြီး (ကိုထွန်းအောင်ကျော်) ကို ထိုးခဲ့ရိုက်ခဲ့ တယ်” လို့ပြောပြီးငိုတယ်။ ပြီးတော့ “ကိုကြီးက ဟုတ်တယ်၊ ကျနော် သူလွတ်လိုက်လို့ သူ့အိမ်ကိုသွားတဲ့အချိန်မှာ ကျနော် အ၀ိုင်းခံခဲ့ရတယ်။ မနည်းအသက်လွတ်အောင် ပြေးခဲ့ရတာ၊ မန္တလေး တီတီစီကျောင်းထဲက မြက်ရိုင်းတွေကြား မှာ မြက်ရိတ်သမားအယောင်ဆောင်ပြီး နှစ်ရက်သုံးရက်လောက် အောင်းနေခဲ့ရသေးတယ်” လို့ ဆက်ပြောတယ်။ ကျမ က “သူ ဟုတ်တယ်ဆိုရင်လည်း သူ့ဘာသာ သူခံလိမ့်မယ်။ မင်းကြားထဲက ဘာမှ သွားထိုးစရာ အကြောင်းမရှိဘူး” လို့ ပြောခဲ့တယ်။
တခါတလေ သူက ကျောင်းသား ထောက်လှမ်းရေးရုံးကလိုလို ဘာလိုလိုနဲ့ ကျမကိုစကားတွေ လာအစ်အောက်နေတာ ရှိတယ်။ ရင်းနှီးနေတဲ့ သူတွေဖြစ်လို့ “မင်းငါ့ကို စကားတွေ လာအစ်အောက်နေတာ ငါမသိဘူးများ မှတ်နေလား” ဆိုပြီး ဗြောင်ပြောလွတ်တော့ ရယ်နေတယ်။ ကျမ ဆေးခန်းမှာ တာဝန်ကျနေတုန်းက သူ တကိုယ်လုံးတုန်ပြီး ငှက်ဖျားထနေလို့ ဆေးခန်းလာပြတယ်။ ဆေးထိုးပေးရင်း အဲဒီကိစ္စနဲ့ စကားထများတယ်၊ “ဟုတ်လို့ မှန်လို့လုပ်တာ၊ မဟုတ်ရင် ကြိုးစင် တက်မယ်” ပြောပြီး ဆေးတောင်မယူတော့ဘူး၊ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတယ်။ ကျမကလည်း “အေး မင်းတို့ ကြိုး စင်တက်မယ့်အချိန်ထိ စောင့်ကြည့်နေမယ်လို့” ပြောခဲ့တယ်၊ အိန္ဒိယဘက်မှာပြန်တွေ့တော့ အဲဒီလိုမလုပ်ရင် ကျနော် လည်း ပါနိုင်လို့တဲ့။ ကဲ ကြိုးစင်တက်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သူရဲကောင်းများ ထွက်လာပြီး ရှင်းကြပါ။
ဆေးသင်တန်းတက်နေချိန်မှာပဲ နောင်ရာပါရွာလေးကို ခွပြီးစီးနေတဲ့ တောင်ကျချောင်းနှစ်ချောင်းက တချောင်းတည်း ပေါင်းပြီး တိုက်စားသွားလို့ လူတွေအများကြီး သေကြေပျက်စီးခဲ့ရတယ်။ အဲဒီထဲမှာ ကျမတို့ ကျောင်းသားရဲဘော် (၈) ယောက်လည်း ပါသွားခဲ့တဲ့အတွက် သူတို့အတွက် အမှတ်တရမှတ်တိုင်လေး အဲဒီနေရာမှာ စိုက်ထူခဲ့ကြတယ်။ တ ယောက်ကတော့ သဲတွေနုန်းတွေထဲမှာ ကိုယ်တပိုင်းနစ်ပြီး သတိလစ်နေတာပြန်တွေ့ခဲ့တယ်၊ အသက်ရှင်ခဲ့ပေမဲ့ ခြေ ထောက်တဘက် မသန်တော့ဘူး။ ရဲဘော်တယောက်ကတော့ ဆန်ထမ်းရင်း ကြိုးတံတားပေါ်က ပြုတ်ကျသေဆုံးခဲ့ရ တယ်။ ရွာသားတွေကို လွိုင်ဆာဘက်မှာ ပြောင်းရွှေ့နေရာချထားတာကို ဆေးသင်တန်းသားတွေသွားကူပြီး ဒူးလောက် နစ်တဲ့ ရွံ့တွေနွံတွေထဲမှာ နာရီဝက်လောက်သွားရတဲ့ တောထဲက ၀ါးတွေ၊ တိုင်တွေကို ထမ်းသယ်ရင်း အဆောက်အဦ တွေ ပြန်ဆောက်ပေးကြရတယ်။ အဲဒီ လွိုင်ဆာဆိုတဲ့ ရွာလေးဟာ နအဖဂိတ်တွေနဲ့ တနာရီတောင် မဝေးတော့ပါဘူး။ ထွက်ပြေးချင်ရင် ပြေးနိုင်ပါတယ်။ ဒါပေမဲ့ ကျမ မစဉ်းစားခဲ့ဘူး ရင်ဆိုင်ဖို့သာ ပြင်ထားခဲ့တယ်။
ကျမဆေးသင်တန်းပြီးလို့ တပ်ကိုပြန်လာတဲ့အချိန်မှာ အရင်က ကျမကို ခင်ခဲ့တဲ့ မဘေဘီ (မိုးညှင်း)၊ မနှင်းမေ (မိုးညှင်း) တို့ဟာ ကျမကို မခေါ်မပြောနိုင်တော့အောင် ရန်သူတယောက်လို သဘောထားဆက်ဆံလာတယ်။ အစကတည်းက သိပ်အတွဲ မဖြစ်ခဲ့တဲ့ တခြားရဲမေအကြီးတချို့ကတော့ သူတို့ပါအဆစ်ပါသွားမှာ ကြောက်တယ်ထင်ပါရဲ့ ကျမနဲ့ စကားမ ပြောဖြစ်အောင် ရှောင်ကွင်းနေကြတယ်။ ကျမအနားမှာတော့ နဂိုကတည်းက ကျမကို ခင်မင်နေတဲ့ ရဲမေအငယ်တွေပါပဲ။
တခါကတော့ ထောက်လှန်းရေးရုံးက လာခေါ်လို့ လိုက်သွားရတယ်။ အထဲကိုရောက်တော့ ကိုသန်းဇော်က “ဘာမှ မ ဟုတ်ပါဘူး ငါတို့စစ်တာကို မင်းကြည့်ချင်ရင် ကြည့်ရအောင်” တဲ့။ မျက်လွှာလေးတွေချပြီး ငုတ်တုတ်လေးတွေ ထိုင်နေ သူ သုံးယောက်က ရဲဘော်ရန်အောင်၊ မခင်ချိုဦး၊ သင်းသင်း၊ မျက်လုံးချင်းစုံကြည့်မိရင် ကျမအတွက် အန္တရာယ်ရှိနိုင်တာ ကို သူတို့သိနေလို့ ထင်ပါတယ်။ တချက်မှ ကျမကို မကြည့်ကြဘူး။ ကျမရှေ့မှာမို့ ဘာမှထူးထူးခြားခြား မေးမြန်းနေတာ မျိုး မရှိပါဘူး။ ဒါလည်း ကျမကို အကဲစမ်းနေတယ်ဆိုတာ သိနေတဲ့ ကျမက “အဲဒီအထဲမှာ ကျမကော မပါဘူးလားလို့” တမင်ဘုတောပြီး ၀င်မေးခဲ့တယ်၊ သုံးယောက်စလုံး “မပါပါဘူး” လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။ ပြန်ခါနီးမှာ ကိုသန်းဇော်က “မင်း သတ္တိရှိတယ်ဆိုတာကိုတော့ ဇော်ဦး (တိုက်ပွဲကျဆုံး၊ ရှေ့တန်းထွက်စဉ်က ကျမရဲ့တပ်စိပ်မှူး) ပြောဖူးတယ်” တဲ့။
ဘယ်တုန်းကမှ ကျမကို အဖမ်းခံထားရတဲ့ဘက်မှာ တာဝန်မချပေးခဲ့ဘူး။ အမျိုးသမီးတွေအတွက် ဘယ်ရဲမေတွေကို အ စောင့်ချထားတယ်ဆိုတာလည်း ကျမ မသိဘူး။ ဆေးနဲ့ပတ်သက်တဲ့တာဝန်ကိုတော့ ဆေးတာဝန်ခံ ရဲမေ အန်ရမ်တီး (မိုးကောင်း) နဲ့ ဆေးဆရာမ တင်စန်းဦး (မိုးညှင်း) ပဲ တာဝန်ယူခဲ့တယ်။ အမျိုးသမီးတွေရဲ့ မအင်္ဂါကို စစ်ဆေးခဲ့သူက ဆေးတာဝန်ခံ ဆရာမ အန်ရမ်တီး ပါ။ စစ်ခဲ့တာကိုပဲပြောပြီး ဘယ်သူစစ်တာလဲ ထည့်မပြောတော့ လုပ်ခဲ့သူတွေကပဲ တဏှာရူးလို့ လုပ်ခဲ့သလို ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ တခါတော့ ကျမကို ကျောင်းသားထောက်လှမ်းရေးထဲက ကျော်ထင်ဦး (အထဲပြန်ဝင်သေဆုံး) လာခေါ်လို့ လိုက်သွားရတယ်။ အဖမ်းခံထားရတဲ့ လူတွေကိုထားတဲ့ ဟောကြီးရဲ့ ဘေးအပြင်ဘက် ထိုင်ခုံတွေလုပ်ထားတဲ့နေရာမှာ ရဲဘော်ထွန်းအောင်ကျော်နဲ့ အဖမ်းခံထားရတဲ့ရဲဘော်တစု နေပူဆာလုံ ရင်း စကားပြောနေကြတာကို တွေ့ရတယ်။ ကျမကိုကြည့်လိုက်တဲ့ မျက်လုံးရဲ့ အဓိပ္ပါယ်၊ ပြုံးလိုက်တဲ့ နှုတ်ခမ်းကို မမေ့ပါ ဘူး။ ကျမ ဘယ်လိုရဲမေလဲဆိုတာ သိတဲ့လူထဲမှာ ကိုထွန်းအောင်ကျော်လည်း ပါပါတယ်။ အထဲမှာ ဖျားနာနေတဲ့ ရဲဘော် တချို့ကို ဆေးထိုး၊ ဆေးပေးခဲ့တယ်။ မဖျားနာတဲ့ လူတွေအတွက် ကျမလက်ထဲမှာပေးစရာက ငါးကြီးဆီပဲရှိတာမို့ သူတို့ တောင်းတောင်း မတောင်းတောင်း အားလုံးရဲ့ လက်ထဲထည့်ပေးခဲ့တယ်။ ဒါလည်း အကဲစမ်းချက် တခုပါပဲ။
ကျောင်းသားထောက်လှမ်းရေးထဲမှာပါတဲ့ ရဲဘော်အောင်စိုးမြင့်က ကျမကို ယူဂျီလမ်းကြောင်းမှာ သုံးခဲ့တဲ့ တကျပ်တန် ငွေစက္ကူတွေနဲ့ပတ်သက်ပြီး မေးခဲ့တာရှိတယ်။ “သိချင်ရင် ဥက္ကဋ္ဌ ကိုအောင်နိုင်ကိုမေးကြည့်၊ သူ ခိုင်းခဲ့တာ” လို့ဖြေတော့ “မင်းကလည်း အလာကြီးပါလား” တဲ့။ အမှန်က ကိုအောင်နိုင်နဲ့ ကျမနဲ့ တိုက်ရိုက်မပါတ်သက်ပါဘူး။ ကျမ တမင်ဘုတော ပြီး ဖြေခဲ့တာ။ ရင်းမှူး သိုက်ထွန်းဦးဆိုရင်လည်း ကျမလိုပဲ သံသယနဲ့ အကြည့်ခံရတဲ့ထဲမှာ ပါပါတယ်၊ “ငါ့ကို ဒီလိုမဆက် ဆံနဲ့ ဖမ်းချင်ရင် တခါတည်းဖမ်းလိုက်” လို့ အရက်မူးပြီး ပေါက်ကွဲအော်ခဲ့တဲ့အထိ။
မယုံကြည်တာကို ကျမခံစားရကတည်းက ကောင်းကောင်းမွန်မွန်လုပ်ရင် ယုံကြည်အောင်လုပ်ပြသလို ဖြစ်နေမှာစိုးလို့ မ ကောင်းတာတွေ ဘဲ့တိုက် လုပ်ခဲ့တာရှိတယ်။ (ဒါကိုတော့ မရေးတော့ဘူး မိသားစုဝင်တွေ စိတ်မကောင်းမှာစိုးလို့) မယုံ ကြည်ပဲနဲ့ ဆေးလာထိုးခိုင်းတဲ့ လူကြီးတွေရှိရင် ဆေးထိုးသတ်မယ်လို့ ပြောခဲ့တာတွေရှိတယ်။ လူကြီးရော ရဲဘော်တွေ ရော တယောက်မကျန် ငါးကန်တူးရမယ်ဆိုရင်လည်း မသွားလို့ CS သံချောင်းက ရဲဘော်သက်လင်း (ကျောင်းသား ထောက်လှမ်းရေး၊ ဗန်းမော်) ကို လာခေါ်ခိုင်းတယ်။ “ဒေါ်လှိုင် မပါရင် ကျနော့်ကို ပြန်မလာနဲ့လို့ ပြောလိုက်တယ် လာပါ” လို့ အတင်းခေါ်ခဲ့ပေမဲ့ “မလိုက်ဘူးကြိုက်တာလုပ်” ဆိုပြီး ဇွတ်ပေနေတာမျိုးတွေလည်း ရှိတယ်။
ဒါတွေဖြစ်ပြီးနောက်ပိုင်း ရှေ့တန်းကပြန်ရောက်လာတဲ့ ခရိုင်မှူး ကိုစိန်အေးကလည်း (မိုးညှင်း၊ ကိုသန်းဇော်နဲ့အတူ စစ်အ စိုးရ အဖမ်းခံ၊ ထောင်ကျ ပြန်လွတ်) က ကိုမျိုးဝင်းတို့ ရှေ့တန်းထွက်ဖို့ ပြင်နေချိန် ကျောင်းသားထောက်လှမ်းရေးရုံးထဲမှာ ကျမကို ပြောခဲ့တာရှိတယ်။ “မင်းက အကုန်လုံးပြောစရာမရှိဘူး။ ကောင်းတယ်။ တခုလေးပဲ မှားနေတယ်” တဲ့၊ “အဲဒီ မှား နေတဲ့တခု က ဘာလဲ” လို့ ကျမ ချက်ချင်း ပြန်မေးတော့ ပြန်မဖြေခဲ့ဘူး။
လေ့ကျင့်မွမ်းမံ သင်တန်းတွေ ပြန်လုပ်နေတဲ့အချိန် သင်တန်းတက်နေရင်း တညနေမှာ ဖျားနာခြင်း လုံးဝမရှိဘဲ အ ကောင်းကြီးကနေ တကိုယ်လုံး ညောင်းကိုက်ပြီး အန်တာနဲ့ ၀မ်းလျောတာနဲ့ တပြိုင်တည်းဖြစ်ပြီး သတိလစ်သွားတယ်။ သတိရလာတော့ ခြေထောက်နှစ်ဘက် လက်နှစ်ဘက်စလုံးမှာ ပုလင်းကြီးတွေ ချိတ်ထားတယ်။ ခြေသည်းတွေ လက် သည်းတွေ အားလုံး ပုတ်ကုန်တယ်။ လူကအရိုးပေါ်အရည်တင်ပဲ ကျန်တယ်။ ဆေးရုံကဆရာဝန်တွေလည်း ဒါမျိုးလက္ခ ဏာ တခါမှမတွေ့ဖူးဘူးတဲ့။ အဲဒီအချိန်မှာ ရင်းမှူးသိုက်ထွန်းဦးနဲ့ ရဲဘော်မြဇော် ရောက်လာပြီး သတင်းမေးတယ်။ “ဆေးသောက်တယ်ဆို” တဲ့၊ “ဆေးရုံတက်နေပါတယ် ဆိုမှ ဆေးသောက်တာပေါ့” လို့ အူကြောင်ကြောင်နဲ့ ဖြေမိတော့၊ “အဲဒီဆေးကို ပြောတာမဟုတ်ဘူး။ ဆေးဖြုတ်ချတယ် ကြားလို့” တဲ့၊ ကဲ ကာယကံရှင်က အခုမှသတိရလာခါစ ကျောင်း သားတပ်မှာတော့ “ဖမ်းတော့မယ်မှန်း သိလို့ ဆေးဖြုတ်ချတယ်” ဆိုတဲ့ သတင်းက ပြန့်နေပြီ။ ဘယ်သူတွေက ဒါတွေကို ဖြန့်နေကြတာလဲ။ ဘယ်သူ့ကို သွားရှင်းပြ ရမှာလဲ။
ဒါတွေအားလုံးဖြစ်ပျက်ပြီး တပ်ထဲမှာ နေချင်စိတ်ကုန်သွားလို့ (၁၉၉၂ ၉၃) ဗဟိုနဲ့ (၁၇) ရက်လောက် မေခ မေလိခ၊ ချီ ဖွေလောခေါင်ကားလမ်းကို ဖြတ်ပြီးသွားရတဲ့ တပ်မဟာ(၁)နယ်မြေ အင်ဂွန်းလရွာကလေးမှာ ကျောင်းဆရာမသွားလုပ်ဖို့ ကျမနဲ့ အန်တီအေး (မန္တလေးမှာ အဖမ်းခံခဲ့ရတဲ့ တောထဲကနေ ကိုမျိုးဝင်း ပြန်လွတ်တဲ့ ယူဂျီ မမူရဲ့ညီမ ရဲမေ မခင်မာ အေး) ကိုသံချောင်းဆီ သွားခွင့်တောင်းတုန်းက သူက ကျမသွားမှာကို စိတ်မကောင်းဖြစ်ပြီး “ငါ မင်းကိုယုံတာပဲ မင်းက ဆေးဖြုတ်လိုက်တာကိုး” တဲ့။ ကိုသံချောင်းဆိုတဲ့လူက အဲဒီလိုလူမျိုး။
ကြောင် (ခ) ကိုကျော်နိုင်ဦးကို ဖမ်းတဲ့အချိန်တုန်းကလည်း ကိုသံချောင်းက ကျောင်းသားထောက်လှမ်းရေးတွေကို “ငါ့ ကြောင်လေးတော့ ဟုတ်မယ် မထင်ပါဘူးကွာ မင်းတို့ကြည့်လည်း လုပ်ပါအုံး” လို့ ပြောခဲ့တယ်။ အဖမ်းခံထားရတဲ့ ကြောင်ကိုလည်း “မင်း ငါတို့ကို ထမင်းချက်ကျွေးခဲ့တာပဲ ဘာလို့ အဆိပ်ခပ်မသတ်ခဲ့တာလဲလို့ သွားမေးသေးတယ်” အဲဒီတော့ ကြောင်က ပြန်ဖြေခဲ့တယ် “ကျနော် CS ကို ချစ်လို့” တဲ့။
အကျယ်ချုပ်ကနေ လွတ်လာတဲ့ ကြောင် (ခ) ကိုကျော်နိုင်ဦး (သာယာဝတီ၊ လက်ရှိထောင်ကျနေတဲ့ ကိုသံချောင်းကို ကူ ညီပေးနေသူ) အဆောင်ရှေ့မှာ ကျမကို လာပြောခဲ့တာ ရှိတယ်။ “မင်းကို မျက်မြင်သက်သေအဖြစ် ချန်ထားနိုင်ဖို့ အား လုံးက ၀ိုင်းကာထားကြတယ်။ (နောက်ပိုင်းမှာ ကိုသန်းဇော်ပြောပြတာက မင်း အဲလို ဗြောင်ပြော ဗြောင်ဖိုက် နေတာတွေ က မင်းကို ကယ်သွားတာတဲ့) ကိုအောင်နိုင်ကလည်း မသေချာဘူး။ သူ့ရဲ့ပစ္စတို အသိမ်းခံထားရတယ်။ ငါ သူ့ကို စိတ်မချ လို့ ထွက်မပြေးသေးတာ” တဲ့၊ သူပြေးခါနီးအချိန် ကေအိုင်အေ အပစ်အခတ်ရပ်ပြီး (၁၉၉၄ ၉၅) မှာ “ငါ မနက်ဖြန်ဆို ဒိုး ပြီ” လို့ ကျမ လိုက်ချင်လည်းလိုက်လို့ရအောင် ယုံယုံကြည်ကြည်နဲ့ အသိလာပေးခဲ့တယ်။
အခုနေပြန်စဉ်းစားရင် အဲဒီအချိန်က သတိလစ်ပြီးဆေးရုံရောက်သွားတာ အဆိပ်များမိခဲ့သလားလို့တောင် သံသယဖြစ် လာတယ်။ အဲဒီလိုဖြစ်ခဲ့တာဟာ ကျမအတွက်အကောင်းလား အဆိုးလား ကျမ မသိဘူး။ (၁၉၉၂) ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်၊ လေ့ကျင့်မွန်းမံသင်တန်းက ရဲဘော် ရဲမေတွေကို ဘွန်လွန်းဘက် တရက်ခရီးလွတ်လိုက်တယ်။ နောက်တန်း မှာ ယုံကြည်စိတ်ချရတဲ့ ရဲဘော်တချို့ပဲ ကျန်ခဲ့တယ်။ ရဲမေဆောင်မှာ နေမကောင်းလို့ သင်တန်းကထွက်ခဲ့တဲ့ ကျမနဲ့ ကျမကို စောင့်ကြည့်နေတဲ့ ရဲမေ ဂျူးဂျူး (ခ) မာမာထွန်း (မိုးကောင်း၊ နောင်မှာ ကိုသံချောင်းဇနီးဖြစ်လာသူ) နှစ်ယောက် ပဲ ရှိတယ်။ အဲဒီအချိန်မှာ အတွင်းရေးမှူး ကိုအောင်နိုင်နဲ့ ကိုယ်ရံတော် ကျားလေး (ခ) ရဲဘော်အောင်စိုး ရှေ့တန်းသွားသ လို ၀တ်စုံအပြည့်နဲ့ ရောက်လာပြီး “ခရာမှုတ်သံ မကြားဖူးလား” လို့မေးတော့ နှစ်ယောက်စလုံးက “မကြားဖူး ဘာဖြစ်လို့ လဲ” ပြန်မေးတော့ မဖြေဘဲ ပြန်ထွက်သွားတယ်။
ခဏနေတော့ အာဆန်ကုန်းဘက် တက်သွားတဲ့ လူတန်းရှည်ကြီးကို ကျမတို့နေတဲ့ ရဲမေဆောင်ကနေ လှမ်းမြင်လိုက် တော့ “မဂျူး အဲဒါ ဘာလုပ်တာလဲ” လို့ ကျမမေးကြည့်တော့ “သတ်လိမ့်မယ်ထင်တယ်” တဲ့၊ ကျမက သူ့ကို “သွားကြည့် မယ် လိုက်မလား” လို့ မေးတော့ “မလိုက်ချင်ဘူး” တဲ့၊ “ဘာပဲဖြစ်ဖြစ် ငါသိကို သိနေရမယ်” ဆိုတဲ့စိတ်က ကျမကို အမြဲ တွန်းအား ပေးနေခဲ့တယ်။
ကျမ သူတို့ရှိတဲ့နေရာ ကုန်းပေါ်ကိုရောက်တော့ ကိုသံချောင်းက “ဟာ မင်းကြည့်ရဲမှာ မဟုတ်ဘူး။ ပြန်ပြန်လို့ပြောတယ်။ ကျမက ရပါတယ်လို့ ပြောရင်း သူတို့နားမှာ ၀င်ထိုင်လိုက်တယ်။ တန်းစီလျက်ရှိနေတဲ့ အသတ်ခံရမဲ့လူ (၁၅) ယောက်ရဲ့ မျက်နှာတွေကို ကျမကြည့်ခွင့်ရခဲ့တယ်။ တူးထားပြီးသားတွင်းတွေရဲ့ ရှေ့မှာ အားလုံးကတည်တည်ငြိမ်ငြိမ်နဲ့။ တယောက် စီကို ဟုတ်သလား ထပ်မေးတော့ ခွဲမှူးသာဓု (မိုးကောင်း) တယောက်ပဲ သူဟာ ငယ်ငယ်ကတည်းက မိဘမဲ့မို့ ရဲရိပ်သာ က ခေါ်ယူမွေးစားခဲ့တယ်။ ဒီကိုတာဝန်နဲ့ လွတ်လိုက်တာ ဟုတ်ပေမဲ့ ဒီရောက်တော့ ကျောင်းသားရဲဘော်တွေကို သံ ယောဇဉ်တွယ်သွားလို့ သူ့ကိုခိုင်းခဲ့တာတွေ ဘာတခုမှ မလုပ်ခဲ့ပါဖူးလို့ ရှည်ရှည်ဝေးဝေး ရှင်းပြတာကလွဲရင် အားလုံးက “ဟုတ်ပါတယ်” လို့ပဲ ၀န်ခံခဲ့ကြတယ်။
အသတ်ခံရတဲ့ အထဲမှာပါတဲ့ မခင်ချိုဦး (ရန်ကုန်) ဟာ နန်းအောင်ထွေးကြည်၊ တိုက်ပိတ် (ခ) သန်းထွန်းစိုးနဲ့ အတူလာခဲ့ သူတဦး ဖြစ်သလို၊ တောထဲလာခဲ့တဲ့လမ်းမှာပဲ တိုက်ပိတ်နဲ့အိမ်ထောင်ကျခဲ့တဲ့ တိုက်ပိတ်ရဲ့အမျိုးသမီးလည်းဖြစ်ပါတယ်။ ကျမ မြောက်ပိုင်းရောက်စက ကျမနဲ့စားအတူ အိပ်အတူဖြစ်အောင် ခင်မင်သွားတဲ့သူတဦး ဖြစ်သလို သူ့မှာရှိနေတဲ့ ပဲပုတ် ခြောက်လေးတွေ မီးကင်ပြီး ကျမကို သုတ်ကျွေးတတ်တယ်။ ပြန်စဉ်းစားမိတော့ မခင်ချိုဦးဟာ နန်းအောင်ထွေးကြည်နဲ့ အတူလာခဲ့ပေမဲ့ သူတို့နှစ်ယောက် အတူတွဲပြီး နေထိုင်စားသောက် သွားလာဆက်ဆံတာမျိုးတွေ ကျမ တခါမှ မမြင်ခဲ့ဖူး တာကို သတိထားမိလာတယ်။ မခင်ချိုဦးက ရန်ကုန်တက္ကသိုလ် မြန်မာစာကျောင်းသူလို့ ပြောခဲ့ပေမဲ့ ရန်ကုန်တက္ကသိုလ် ရဲ့အနေအထားကို မေးကြည့်တော့ သူဘာမှမသိဘူး ဖြစ်နေတဲ့အပြင် သူရဲ့နေပုံထိုင်ပုံတွေအရ ကျောင်းသားထောက် လှမ်းရေးဘက်က သူ့ကို မကောင်းတဲ့မိန်းမသဘော ယူဆထားတာကို ကြားခဲ့ရတယ်။
ဒါနဲ့ပတ်သက်ပြီး နန်းအောင်ထွေးကြည်ကို ကျမမေးကြည့်တော့ “သူ တက္ကသိုလ်ကျောင်းသူ ဟုတ်မဟုတ် ငါမသိဘူး။ ငါ ကတော့ စိတ်ပညာနဲ့ စာပေးစာယူ ယူထားတာပဲ၊ သူနဲ့ငါက NLD မှာ လုပ်ရင်းတွေ့ကြတာ။ သူ အရမ်းဆင်းရဲတယ် ဆို တာတော့ ငါသိတယ်။ အခု ကျူးကျော်ရပ်ကွက်တွေ ဖျက်လိုက်တော့ သူတို့မိသားစုတောင် ဘယ်ရောက်နေလဲ မသိ တော့ဘူး။ (တိုက်ပိတ် (ခ) သန်းထွန်းစိုးတော့ သိနိုင်မယ်လို့ ကျမထင်တယ်)၊ ပြီးတော့ မိချို ထွက်ဆိုတာတွေမှန်သမျှ ငါ ကနောက်ကနေ ဒိုင်ခံလိုက်ဖြေနေရတာ။ ငါကတော့ အားလုံးကို သန်းထွန်းစိုး (ခ) တိုက်ပိတ်ကိုချည်းပဲ လွဲချဖြေခဲ့တာ” လို့ ပြောခဲ့တယ်။ သေချာတာကတော့ မခင်ချိုဦးဟာ လည်မလိုလိုနဲ့ အူတူတူအတတထဲက၊ အသုံးချခံလိုက်ရတာ ဖြစ်ဖို့ များပါတယ်။
တန်းစီနေရာကနေ တယောက်စီ နေရာတွေချပေးဖို့ ခေါ်ထုတ်တဲ့အချိန်မှာ ကိုထွန်းအောင်ကျော်က “VCS,CS တို့ မှား မယ်နော်” လို့ စကားတခွန်း ပြောသွားခဲ့တယ်” ကျည်ဆံကို အသုံးမပြုဘ၊ဲ ဓါးကိုအသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ သတ်မယ့်သူ (၁၅) ယောက်လုံးရဲ့ အ၀တ်အစားတွေကို ပခုံးအောက်ကျောလယ်လောက်ထိ ချွတ်ချခဲ့ကြတယ်။ (နန်းအောင်ထွေး ကြည် ပြောခဲ့သလို မခင်ချိုဦးကို တကိုယ်လုံးချွတ်ချပြီး ရဲဘော်တွေကို မုဒိမ်းကျင့်ခိုင်းတယ်ဆိုတဲ့အချက်က မမှန်ကန်ပါ။ မြောက်ပိုင်းက ရဲဘော်တွေအားလုံးကို သိမ်းကြုံးစော်ကားသလို ဖြစ်နေပါတယ်။ မလုပ်ရတာကြာပြီ လုပ်ချင်လုပ်လို့ ပြော ရအောင်လည်း အဲဒီအချိန်မှာ ရဲဘော်တွေအားလုံးက လူပျိုတွေချည်းပါ။ ကျော်ခိုင်ဝင်း အပါအ၀င် တခြားရဲဘော်တွေ လည်း အများကြီးရှိပါတယ်) ၁၅ ယောက်ကို သူလျှိုတွေအဖြစ် သေဒဏ်ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီထဲက ဘယ်သူတွေ ပါဝင်ဆုံးဖြတ်ခဲ့တာ ကျမ မသိခဲ့ပေမယ့် အမိန့်ပြဋ္ဌာန်းကိုတော့ အားလုံးကိုယ်စား ကိုမျိုးဝင်းတယောက်ပဲ တာဝန်ခံလက်မှတ်ထိုးပြီး ထုတ်ပြန်ချက်ကို ရဲဘော်တွေကြားအောင် ဖတ်ပြခဲ့တာကိုတော့ ကြားခဲ့ရတယ်။
တကယ်လုပ် တော့မယ့် အချိန်မှာတော့ ကိုမျိုးဝင်းနဲ့ ကိုသံချောင်းက ကျမကိုပြန်ခိုင်းခဲ့သလို ကျမကိုယ်တိုင်လည်း လက် တွေ့ကျ ကြည့်နိုင်တဲ့အားမရှိတာမို့ ပြန်ဆင်းလာခဲ့ပေမယ့် ကျမခေါင်းထဲမှာတော့ မေးခွန်းတွေ တခုပြီးတခု ရောက်လာခဲ့ တယ်။ ဒါတွေ စဖြစ်ကတည်းက “ဘာတွေဖြစ်နေတာလဲဆိုပြီး အဖြစ်အပျက်အမှန်ကို အသိချင်ဆုံး လူထဲမှာ ကျမရှေ့ ဆုံးက ပါခဲ့တယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့ 
အပိုင်း (၁) ၊ အပိုင်း (၂) ၊ အပိုင်း (၃) ၊
26 Responses to “မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၄)”
  1. မိုးဇော်အောင် April 5, 2012
    လူထုမဒမ် ပြောတဲ့ ထိုးကျွေးတာနဲ့၊အသုံးချခံရတာရယ်….ဘယ်လိုပဲရေးရေး ဒီမြောက်ပိုင်းမတရားလူသတ်မှုတွေကို မြောက်ပိုင်းဗဟိုကော်မတီတခုလုံးမှာတာဝန်ရှိသလို၊လူတချို့က လူထုမဒမ်တောင် ပူးပေါင်း ပါဝင်ပတ်သက်နေတယ်လို့ ပြောလာရင် ကျနော်အံဩမိမယ်မထင်ဘူး။သေချာတာတခုတော့ရှိတယ်၊ကျနော် မြောက်ပိုင်းကလွတ်မြောက်လာတဲ့ ကိုထင်းလင်းတို့ပြောပြတာ ပိုပြီယုံကြည်တယ်။နောက်ပြီး၊မြန်မာပြည်သူလူထုကလဲ အလင်းဝင်လူထုမဒမ်ပြောတာထက် ကိုထင်းလင်းတို့ပြောတာကိုပဲယုံကြည်ကျတယ်။ဆိုလိုတာက လူထုမဒမ်ရဲ့အတွေ့အကြုံက ဖတ်လို့တော့အကောင်းသား၊ဒါပေမဲ့ ပြည်သူတွေရဲ့ထင်မြင်ယူဆချက်အောက်မှာ ကျဆုံးခဲ့ပါတယ်။
    ဥက္ကဌဟောင်းတောင် ပြောသွားပြီး “မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အမှန်တကယ် သူလျှိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ အသက်ဆုံးရှုံးသွား သူများ၏ မိဘဆွေမျိုးအားလုံးကိုလည်း မဖြစ်သင့်မဖြစ်ထိုက်သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် ကိုယ်ချင်းစာမှုအခြေခံဖြင့် လေးနက်စွာ တောင်းပန်အပ်ပါသည်။”
    နောင်တချိန်ကြရင်လည်း အဲဒီပြည်သူတွေကျေနပ်အောင်၊ကျေအေးအောင် ဘာလိုလုပ်မယ်ဆိုတာ တင်ပြတာကမှ ပိုပြီးသဘာဝကြဦီးမယ်။
    Reply
  2. smiling face April 4, 2012
    ကြည့်လဲလုပ်ပါအုန်း၊မင်းပြောတာနဲ့တင် မခင်ချိုဦးလည်း အပျက်မလုံးလုံးဖြစ်သွားပြီ၊မခင်ချိုဦးအကြောင်းသိသူဘယ်သူမှမရှိကြတော့ဘူးလား၊သိသူရှိရင် တင်ပေးကြပါအုန်း၊ရန်ကုန်မှာ သူ့ဆွေမျိုးတွေရောမရှိကြတော့ဘူးလား၊ရန်ကုန်ကတို့တွေနဲ့
    ကျောင်းနေဘက်သူငယ်ချင်းမိန်းကလေးတွေလည်း အဲဒီတုန်းက တောခိုခဲ့ကြတာ၊ တို့သူငယ်ချင်းနဲ့အမည်တူနေလို့၊ ဒါကြောင့်မြောက်ပိုင်းကိစ်စကို စိတ်ဝင်စားတာပါ။
    Reply
  3. ခင်မောင်သန့် April 4, 2012
    ဘက်မလိုက်သူ/ စစ်မင်းအောင်
    ခင်ဗျားတို့.. မြောက်ပိုင်းမှအရိုးတွန်သံများကို (၁)ကနေစပြီး အခုနောက်ဆုံးအထိဖတ်၊ ပြီးတော့ အဲဒီထဲက သက်ဆိုင်သူတွေရဲ့ ပြောစကား၊ ရေးတဲ့စာတွေကိုဖတ် အဲဒါမှ ဇာတ်ရည်လည်လိမ့်မယ်။ ကျွန်တော်လည်း အဲလို လိုက်ဖတ်ရင်း သိလာရတာပါ။ တစ်ဖက်သတ်အမြင်လည်း မဖြစ်တော့ဘူး။ စစ်ထောက်လှမ်းရေးဆိုပြီး လူမဆန်တဲ့နည်းတွေနဲ့ ညှင်းပမ်းနှိပ်စက် ပြီး ၀န်ခံခိုင်း၊ ဒါကို မှတ်တမ်းဆိုပြီး လုပ်ထားတာ အခုသတ်လိုက်တဲ့ ၁၅ယောက်ထဲ မဟုတ်ဘူး။ လူ၁၀၀ကျော်တယ်။
    ဆိုလိုတာ စာတွေအကုန်ဖတ်မှ ဇာတ်ရည်လည်မယ်။ အဲဒီအခါ ပိုပြီး နားလည်လာလိမ့်မယ်။ မခင်ရွှေလှိုင်ပြောတာက အဖြောင့်ကွယ်ကွယ်နေသလိုပဲ။ ညှင်းပမ်းနှိပ်စက်သူတွေကပဲ မှန်နေသလိုလို..
    Reply
  4. ဖိုးခွား April 3, 2012
    ဒီသူလျိုကိစ္စ သာမန်လူတွေ သိပ်နားမလည်နိုင်ပါဘူး အဲဒါကြောင့် ကိုယ်တိုင်ပါဝင်တဲ့ စစ်ထောက်လှမ်းရေးတွေ(NIB) ဘက်က ရှင်းလင်းချက်တွေလည်း လိုချင်ပါတယ် ။
    လက်ရှိအဖွဲ့အစည်းတွေမှာ မြုတ်နှံထားတဲ့သူတွေနဲ့ သတင်းလမ်းကြောင်းတွေ တိုက်ပွဲစီမံချက်တွေကိုတော့ ဖေါ်ပြဖို့မလိုပါဘူး ။ ၁၉၉၂ ခုနှစ်က မြောက်ပိုင်းမှာ လုပ်ခဲ့တဲ့ကိစ္စလောက်ကို ကွက်ပြီးရှင်းပြပေးစေချင်ပါတယ် ။
    ဗမာဆိုရိုးစကားရှိတယ်မဟုတ်လား အရူး ၊ စုန်းမနဲ့ ဘုန်းကြီးမပါရင် ရွာတည်လို့မရဘူးဆိုတာ သူလျိုမရှိတဲ့အဖွဲ့ရယ်လို့ မရှိပါဘူး ။ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်ထဲမှာ ဂျာမန်သူလျိုတွေ ခြေခြင်းလိန်ခဲ့သလို ဂျာမန်တွေထဲမှာလည်း အမေရိကန်သူလျိုတွေ ခြေခြင်းလိန်ခဲ့တာပါပဲ ။ အဲဒီသူလျိုတွေ ကောင်းမွန်စွာလွတ်မြောက်ခဲ့တာရှိသလို ဖေါ်ထုတ်သတ်ဖြတ်ခံခဲ့ရတာတွေလည်း အများကြီးရှိပါတယ် ။ မဆိုင်ပဲအသတ်ခံခဲ့ရသူတွေအတွက်တော့ မိသားစုနဲ့အတူ ကြေကွဲဝမ်းနည်းမိပါတယ် ။ နှစ် ၂၀ ကျော်ကြာမှ ဒီကိစ္စဟိုးလေးတစ်ကျော်ဖြစ်လာတာ နောက်မှာကြိုးကိုင်တဲ့ သူ (သို့) အဖွဲ့ရှိနေတယ်ဆိုတာ သာမန်စဉ်းစားကြည့်ရုံနဲ့သိသာပါတယ် ။
    Reply
  5. Maung Min April 3, 2012
    Hello Madam Than Khe,
    Your writing appears to be very honest on the surface but your story is fabricated. You don’t really want to talk about Aung Naing’s responsibility, do you? Because Aung Naing is still one of the godfathers of ABSDF norminally led by your husband Than Khe. Didn’t your husband tell you that he became an heir of ABDF because of his beloved friend Aung Naing (Ronald Aung Naing)? I understand why you cannot speak against certain people. I am sure Myo Win and Than Gyaung wanted to shut your mouth so bad at the time but Aung Naing apparently saved your neck for some reason. I thought you were brave and honest and I was assuming that you could be one of the key witnesses in future. Your credibility as a key witness is gone. You are being manipulated and used!
    Oh! One more thing, you are also digging your husband grave with your fabricated writing.
    Reply
  6. စစ်မင်းအောင် April 2, 2012
    အင်းဖတ်ရတော့ ကြာလေ ဘ၀မှန်တွေ ပေါ်လာလေပဲ။ အမှန်တရားက လက်ပိုက်ကြည့်မနေပါဘူး။ ပိုကောင်း
    အောင် ဖြစ်နိုင်မယ်ဆိုရင် စစ်ဆေးစဉ်က ၀န်ခံချက်တွေ
    ကိုပါတင် ပြီး ရေးစေချင်ပါတယ်။ ပြည်သူ့အတွက် တိုက်ပွဲဝင်တဲ့ သူတိုင်း ကိုတော့(ကျောင်းသားရဲဘော်) ဒီမိုကရေစီရေး တိုက်ပွဲဝင်သူ အာဇာနည် သူရဲကောင်းအ
    ဖြစ် အလေးပြုနေမှာပါ။ ဘယ်လိုအကြောင်းနဲ့ သေဆုံး၊
    ကျဆုံး သွားပေမယ့် ဒီမိုကရေအရေးမှာ တကယ်တိုက်ပွဲ
    ပြောချင်ပါတယ်။
    Reply
  7. kachin myutsaw April 2, 2012
    အမှန်တွေဘဲပြောနေတာဟုတ်ရဲ့ လား
    Reply
  8. ဘက်မလိုက်သူ April 2, 2012
    အခုဒေါ်ခင်ရွေလှိုင်တင်ပြတာတွေဟာ မြင်တွေ့ခဲ့ရတဲ့အပေါ်မှာ ရိုးသားစွာနဲ့တင်ပြနေတယ်လို့ ခံစားမိပါတယ် ။
    ကျနော့်အမြင်ပြောရရင် ဒီကိစ္စမှာ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကသာ တာဝန်ရှိတာမဟုတ်ပါဘူး ။ အဲဒီအချိန်က စစ်ထောက်လှမ်းရေးတွေ စေလွတ်ခဲ့တဲ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ NIB မှာလည်း တာဝန်ရှိပါတယ် NIB မှာတာဝန်ယူခဲ့သူတွေဘက်ကလည်း ဖြေရှင်းဖို့တာဝန်ရှိတယ်လို့မြင်ပါတယ်
    Reply
  9. myutsaw April 2, 2012
    အရင်တုံးက တောမှာ အချင်း၂ သတ်ကြ တယ်၊ ခုတော့လဲ online ပေါ်သတ်ပြန်တယ်နော ?????
    Reply
  10. Set Htun April 2, 2012
    Ma Khin Shwe Hlaing, your more braver than your husband Ko Than Ge (present AB chair) that you exploit what you believed.
    A poor thing is shown the favor descriptions to the criminals and hide on long term torturing and investigation to detainees.
    Such stubborn and extreme hate to army changed to psychopathic nature and let thrusting to commit inhuman crimes.
    Judgement is coming soon by natural laws “Kama”.
    Reply
  11. ကိုကောင်း April 2, 2012
    ကေအိုင်အေလူကြီးတချို့နဲ့ထိစပ်မှုရှိတဲ့ ကေအိုင်အေ ရဲမေတယောက်က ကျမနားလာထိုင်ပြီး “နင်တို့ ဥက္ကဋ္ဌကို ဖမ်းလိုက်ပြီ နင်တို့သိလား” လို့တိုး တိုးလေး လာမေးတယ်။CS သံချောင်းက “ခင်ရွှေလှိုင် ဥက္ကဋ္ဌ တယောက်ကိုဖမ်းဖို့ဆိုတာ ၉၀% မသေ ချာပဲနဲ့ ငါတို့ မလုပ်ရဲဘူး။ မင်းတို့ဥက္ကဋ္ဌကတောင် ဒီလိုလားဆိုပြီး မဟာမိတ်ယုံကြည်မှုအပျက်ခံပြီးလုပ်ရတာ။့  ဆိုပါလား
    လူသတ်သမားတွေကိုကာကွယ်ဖို့တခုတ်တရအား
    ထုတ်နိုင်တဲ့သူတွေပါလား၊ သူလျှိုစွဲချက်တင်သတ်ဖို့ KIA ရဲ့ထောက်ခံမှုကိုပါအတင်းရယူခဲ့ရပုံပါပဲ
    ရွံစရာကောင်းလိုက်တာ
    Reply
  12. တောင်ပြင်က မောင်ထင် April 2, 2012
    စူဠ သုဘဒ္ဒါ ခင်ရွှေလှိုင်
    မောင်မင်းသခင်
    မုန်းပင်စိုက်ပျိုး
    ပြေချိန်တန်၍မှ
    မပြေနိုင် ငြိုးတတ်သည့်
    မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးကို
    ငါမှာတိုင်း ပြောပါလေ။
    သုဘဒ္ဒါ နှမရေ —
    အင်ကြင်းတောရဂုံ ခါချဉ်တုတ်ပုံကို ကျားကိုက်သလိုဋီကာချဲ့ရော့။
    လက်ရှိ လူမင်းမယားပေမို့ (အေဘီ ငှက်ကဋ္ဌ မယားပေမို့)
    စိတ်ဘဝင် ထိပ်တွင်ရောက်လျက်
    ကျီးကို ဒေါင်းလို့ ကဗျည်းတပ်လိုတပ်
    မြေခွေးကို ခြင်္သေ့သွင် ဘုန်းတော်ဘွဲ့ ဖွဲ့လိုကဖွဲ့
    နှမ အမြင် အထင်ကိုတော့ဖြင့်
    ဆင်မင်းမောင် ကွက်နိုင်ပါဘု။
    ဒါပေမဲ့ -
    အစွယ်သမိုင်း မင်းတို့ဖြတ်တိုင်း ပျက်ခဲ့ရတဲ့
    ဆဒ္ဒန်ဆိုတဲ့ ငါဟာ
    ဓမ္မစစ် မင်းယောက်က်ျားပါလို့
    နှလုံးမသွင်း နှုတ်ဟမရှင်းတာကတော့ဖြင့်
    ခြစ်ခဲ့တဲ့ ကြက်ခြေတွေ ဖျက်ချေဖို့ ရှိနေတာလား
    ဒါမှမဟုတ်
    အဝိဇ္ဇာတွေ သွက်သွက်ခါအောင် လွှမ်းနေရော့သလား။
    အခင်မပျက် ကြင်ဖက် ဆဒ္ဒန်
    စကားအမှာ ပါးလိုက်ပါရဲ့
    ခေတ်သစ် စူဠ သုဘဒ္ဒါ ခင်ရွှေလှိုင် သို့။
    (မန္တလေးမှ ရဲဘော်များ)
    Reply
  13. နတ်သမီး April 2, 2012
    မခင်ရွှေလှိုင်
    မခင်ရွှေလှိုင်ရဲ့ ဆောင်းပါးမှာ တချို့နေရာတွေ အချိတ်အဆက်မမိဘူး။ စာရေးသင်တန်းလေးဘာလေးတက်ပြီး ရေးရင် ပိုပြီး ထိထိမိကာကွယ်နိုင်မှာပါ။ ဒါမှ မဟုတ်ရင်လည်း မြသန်းတင့်ရေးတဲ့ စာရေးနည်း တွေဘာတွေဖတ်လိုက်အုံးလေ။
    Reply
  14. မန္တလေးသူ April 2, 2012
    ဒေါ်ခင်ရွှေလှိုင် တယောက် မန္တလေးကို ပြန်တော့ ဘာတွေလုပ်ခဲ့လဲ။ ဘယ်သူနဲ့တွေ့ခဲ့လဲ ။ ရီပို့တင်ပါအုံး။ ဒီလောက်ရဲရဲတောက်တဲ့ ရဲမေကြီးက တိုက်ပွဲရှိရာ ထိုင်းနယ်စပ်ကို မလာပဲ ဘာကြောင့် အန္ဒိယဘက်ကို သွားရတာလဲ။ ကြောက်စရာအကောင်းဆုံးကတော့ ဒေါ်ခင်ရွှေလှိုင်ပါပဲ။ ရော်နယ်အောင်နိုင်တော့ ကြိုးစင်တက်ရတော့မယ်။ ခင်ရွှေလှိုင်က ဖေါ်နေပြီ ငါ့ကိုစစ်ရင်လည်း အသားအနာမခံနိုင်ဘူး။ ငါကတော့ ဝန်ခံရမှာပဲ။ မင်းအလှည့်ရောက်ရင်လည်း မင်းပြင်ထား တဲ့။ ကဲ ပြင်ထားကြပေတော့
    Reply
  15. မိုးဝေ April 2, 2012
    ခင်ရွှေလှိုင်ရေ- နင်ပြောနေတာ ကျော်ခိုင်ဝင်း ပြောသလောက် မပြည့်စုံသေးဘူး။ ကျော်ခိုင် ဟာ လူသတ်တဲ့နေရာမှာ အစောင့်ကျနေတဲ့သူ။ မျိုးဝင်းပြောခဲ့တယ်လေ။ ဟေ့ကောင် ထွန်းအောင်ကျော် မင်းဘာတတ်နိုင်သေးလဲဆိုတာတွေ၊ တယောက်ခြင်းစီရဲ့ အော်ဟစ်သံတွေ ဘာလို့မထည့်တာလဲ
    Reply
  16. အောင်ကြူး April 2, 2012
    ဆက်ဖတ်နေပါတယ်။ လောလောဆယ် နှစ်ဖက်ပြောမို့ ဘယ်ဟာအမှန်မှန်းမသိပေမဲ့ မဝေးတော့ တချိန်မှာ အမှန်တရားပေါ်ပေါက်ဖို့ အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်…။ စစ်ထောက်လှမ်းရေးဟောင်းများရဲ့ ဖွင့်ဟဝန်ခံချက်ရရင် ပိုရှင်းသွားပါမယ်။ အခုထိ နားလည်သလောက်တော့ စစ်ထောက်လှမ်းရေးများရဲ့ ပယောဂ အများကြီးပါနေပုံပေါက်တယ်။ အဲဒါကို ခေါင်းဆောင်တချို့ရဲ့ ဆင်ခြင်တုံမဲ့မှုနဲ့ ပေါင်းစပ်မိသွားတော့ သမိုင်းနာခဲ့ရတယ်ထင်ပါတယ်။
    Reply
    • စစ်ဘုန်း April 2, 2012
      သိပ်ကောင်းတဲ့မှတ်ချတ်ပါပဲ
      Reply
  17. “တကယ်လုပ် တော့မယ့် အချိန်မှာတော့ ကိုမျိုးဝင်းနဲ့ ကိုသံချောင်းက ကျမကိုပြန်ခိုင်းခဲ့သလို ကျမကိုယ်တိုင်လည်း လက်တွေ့ကျ ကြည့်နိုင်တဲ့
    အားမရှိတာမို့ ပြန်ဆင်းလာခဲ့ပေမယ့်” ဒီစာအရဆိုရင် ဒေါ်လှိုင်က အသတ်ခံရတာ
    မမြင်လိုက်ရဘူးပေါ့။ မခင်ချိုဦး ဘယ်လိုနှိပ်စက်ခံရသလဲဆိုတာကိုလဲ မမြင်ခဲ့ရဘူးပေါ့။
    ဒါဆိုရင် မခင်ချိုဦး မုဒိမ်းကျင့်မခံရဘူးလို့ ဘာလို့ အာမခံပြီး ပြောနိုင်သလဲ..
    Reply
  18. ဗန်းမော်သား April 1, 2012
    ခုဆက်ရေးတဲ့ အပိုင်းကိုဖတ်ရတာ တောထဲတောင်ထဲနာမည်ကျော် ကချင်ငှက်ဖျားမိပီး ကျောင်းသားတွေ အမေရိကန်စိတ္တဇလူသတ်ရုပ်ရှင် ထဲကလို ဟိုမယုံဒီမယုံတွင်ဖြစ်ပီး အချင်းချင်းသတ်ကြတာနဲ့ပိုတူလာပီ။ မခင်ချိုဦးကလည်းလမ်းဘေး ပြည့်တန်ဆာ ဘ၀ကနေတောခိုလာသလိုလို။ မနန်းအောင်ထွေးကြည်လျှောက်ပြောနေတာတွေက လိမ်ဆင်တွေလိုလို။ မိန်းမတန်ဆာထဲမှာ ဘာတွေဖွက်ထားနိုင်မှာမို့ အဲ့လိုရှာဖွေရေးလုပ်ရတာလဲခင်ဗျ။ ဘဇူကာတွေဘာတွေဝှက်ထားမယ်စိုးလို့ထင်ပါရဲ့။ မြောက်ပိုင်းဇာတ်လမ်း အပိုင်းဆက်တွေဖတ်ကြည့်တာ ကျန်တဲ့သူတော့မသိဘူး။ ကျနော့်မျက်လုံးထဲတော့ ခင်ဗျားဟာ ရမ်ဘိုမ ကြီးဖြစ်ဖြစ်လာတယ်။ စတားလုံး ရမ်ဘို အပိုင်း၅ ဆက်ရိုက်ရင် ခင်ဗျားကိုလာငှါးဖို့သေချာသလောက်ပဲ။ ဒီတစ်ခါတော့ရမ်ဘိုသေမယ်။ ကိုထွန်းအောင်ကျော်နေရာကနေ သရုပ်ဆောင်ရမှာမို့လို့.. ဟားဟား။
    Reply
  19. ခင်ရွှေလှိုင်ရဲ့  ရေရောထားတဲ့ တထာင့်တညပုံပြင်ရှည်ကြီးကို မဖတ်ချင်ဘဲနဲ့  သူတို့ ဘက်က ဘာများဆက်ပြီးလိမ်မလဲလို့ သိချင်လို့ ဖတ်နေရတာလဲ တဒုက္ခပါလား
    Reply
  20. trueview April 1, 2012
    I want to cry. Why kill so many people( students)?. May not be.
    Reply
  21. Htay Tint April 1, 2012
    ခင်ရွေလှိုင်ရေးလာတဲ့ ဆောင်းပါးက မကြာခင်မှာ မြန်မာဒေသကြီးကို အစိတ်စိတ် အမွာမွာ ကွဲစေတဲ့ ယမ်းနံ့ တွေ ရလာပြီ ။ ကေအိုင်အေ လူကြီးတချို့နဲ့ ထိစပ်မှုရှိတဲ့ ကေအိုင်အေ ရဲမေတယောက်က ကျမနားလာထိုင်ပြီး “နင်တို့ ဥက္ကဋ္ဌကို ဖမ်းလိုက်ပြီ နင်တို့သိလား” လို့ တိုးတိုးလေး လာမေးတယ်။CS သံချောင်းက “ခင်ရွှေ လှိုင် ဥက္ကဋ္ဌ တယောက်ကိုဖမ်းဖို့ဆိုတာ ၉၀% မသေချာပဲနဲ့ ငါတို့မလုပ်ရဲဘူး။ မင်းတို့ ဥက္ကဋ္ဌကတောင် ဒီလိုလားဆိုပြီး မ ဟာမိတ်ယုံကြည်မှု အပျက်ခံပြီးလုပ်ရတာ။ ( ကျွန်တော်သိဖူးတဲ့ တပ်မတော်ထောက်လှမ်းရေး ။အသက် ၁၇နှစ် ၁၀တန်းအောင် အသက်၂၃နှစ် မှာ ဒုဗိုလ်ဖြစ်ပါတယ် ။ တိုက်ခိုက်ရေးကောင်းသူ အမိန့် နာခံမှုကောင်းသူတွေ တပ်ရင်းမှုးထောက်ခံချက်နဲ့ မှ တပ်ရင်းနဲ့ ရှေ့ တန်းသတင်းထောက်လှမ်းရေးအဖြစ်စတင် တာဝန်ယူရပါတယ် ။ ၃နှစ်လောက်လုပ်မှ MI ကရွေးတော့မှ သင်တန်းတက်ရပါတယ် ။ အဆင့်ဆင့် သင်တန်းပြီးလို တရားဝင် တာဝန်ထမ်းဆောင်ချိန်မှာ ဗိုလ်ကြီးတွေဖြစ်နေပြီး အသက် ၂၈ ဝန်းကျင်ဖြစ်ပါတယ် ။ အရပ်ဖက် ထောက်လှမ်းရေး ရွေးချယ်တဲ့ စနစ်က ဘွဲ့ ရပြီး ၂၄ ဝန်းကျင်မှာ ဒုရဲအုပ်ဝင်ခွင့်ဖြေရပါတယ် ။ သင်တန်းတက်နေတုံး ထူးချွန်တဲ့ ဘာသာရပ်အလိုက် စသုံးလုံးသင်တန်း သွားရန် ရာထားခြင်းခံရပါတယ် ။သတင်းပေးတပ်ဖွဲ့  အထူးစုံစမ်းစစ်ဆေးရေးမှာ ရဲအုပ်အဖြစ် တာဝန်ယူချိန်မှာ အသက်အရ ၂၉ ၃၀ ဖြစ်နေတတ်ပါတယ် ။ သတင်းပေးနေသူတွေကို ရဲစခန်းမှ တပ်ကြပ်ကြီးဆားပုလင်းတွေက တဆင့်ထမ်းချုပ်တယ်လို့ နားလည်ပါတယ် ။ ဒါမျိုးတွေကို တော့ လူမှန်တွေမို့ နှစ်ရှည်ထောင်ဒဏ်တွေကျခံခဲ့ရဖူးတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက ထောင်ထဲမှာ သူတို့ကြား “ကိုယ့်လူ သူ့ဘက်သား” လုပ်သွားခဲ့တဲ့ ထောင်ကျ (ရန်သူ့လူတွေ) နဲ့ ပတ်သက်တဲ့ ပုံပြင်တွေအများကြီး ရှိခဲ့တယ်ဆိုတာ ကို ပြောပြနိုင်ပါလိမ့်မယ်ဆိုတာ မိမိနဲ့ မတည့်တဲ့ သူတွေကို မိမိအသိုင်းအဝိုင်းကြားက မောင်းထုတ်တဲ့ နည်းပါ ။ လခစားနေသူထောက်လှမ်းရေးတဦးကို ဂျိမ်းစဘွန်းဆန်ဆန် အထက်က ဘယ်သူမှ မခိုင်းပါဖူး။ စိတ်ကူးယဉ်ပြီး ပြောနေကြတယ် တခုတော့ရှိတယ် သတင်းလိုက်ယူပြီး ရောင်းစားသူတွေလည်းရှိတတ်ပါတယ် ။ တက္ကသိုလ်ကျောင်းသားတွေတော့ မဖြစ်နိုင်ပါဖူး ။ မဆလခေတ်က ဆင်းရဲသူတိုင်း ထောက်ပံ့ကြေးလျှောက်ခွင့်ရှိတယ် ။မိဖကဆင်းရဲလို့ အစိုးရထောက်ပံကြေး ရတာနဲ့  ထောက်လှမ်းရေးလဲ မဖြစ်နိုင်ပါဖူး။ သေချာတာက ပညာသင်ဆဲမှာ ဘွဲ့ ရ ပညာတတ် လို့ မခေါ်နိုင်လောက်အောင် အတွေ့ အကြုံနူနယ်တဲ့ အတွေးအခေါ်ညံ့ဖျင်းနေတဲ့ အရွယ်ပါ ။ ။
    Reply
  22. phone mu April 1, 2012
    ဒေါ်ခင်လှိုင်ကိုယ်တိုင် ရဲဘော်ရဲမေဆိုပြီး အခုထိ တဖွဖွခေါ်နေခဲ့သူတွေက ကျောင်းသားထောက်လှမ်းရေးတွေလို့ ဒေါ်ခင်လှိုင် ယုံကြည်ခဲ့တယ်ပဲ ထားအုံး၊ ခေါင်းခုတ်သတ်ဖြတ်ပွဲကို သွေးအေးအေးနဲ့ သွားကြည့်ရဲလောက်အောင် ဘယ်လိုသတ္တိတွေ ရှိနေခဲ့ပါသလဲ။ လူလူချင်း သတ်ဖြတ်ညှင်းပမ်းနှိပ် စက် သွေးသံတရဲရဲတွေ မြင်ချင်တဲ့စိတ်တွေ ဘာလို့များနေခဲ့ရလဲ။ တိုက်ရဲမှ၊ သေရဲမှ၊ သတ်ရဲမှ ဆိုပြီး ရန်သူမှန်သမျှ သတ်တာတရားတယ်၊ ကိုယ်ဦးကိုယ်သတ် သူဦးသူသတ်မှာပဲလို့ ခံယူထားပါသလား။ မင်းရဲ့စိတ်ကို ပြုပြင်အုံး..ဟေ့။
    Reply
  23. ဇာတ်လမ်းကတော့ အထွတ်အထိပ်ကိုရောက်နေပြီ။ ဒေါ်လှိုင်ရဲ့ တင်ပြမှုဟာ ရိုးသားမှုရှိတဲ့ ၊ ဘက်လိုက်မှုမရှိတဲ့ တင်ပြမှုလို့ ကျနော် ခံစားရတယ်။ နောက်ဆက်တွဲကို ဆက်ဖတ်ဖို့ စောင့်နေပါတယ်။
    Reply
  24. တောလူသစ် April 1, 2012
    မခင်ချိုဦး အကြောင်း မခင်ရွှေလှိုင်ပြောတာ အမှန်ဆိုရင် မနန်းအောင်ထွေးကြည်ပြောတာ အမှားဖြစ်နေပြီ တဆင့်ကြားသူနဲ့ တိုက်ရိုက်ကြားသူ ဘယ်သူက အမှန်ဖြစ်မလဲ အမှန်ကြားထဲမှာကော အမှားတွေ ရောနေမလား တချိန်ချိန်တော့ ပိုပေါ်လာမှာပါ ဘာပဲဖြစ်ဖြစ် စောင့် ဖတ်နေပါတယ် အခြား ကာယကံရှင်တွေ ရေးတာလဲ ဖတ်ချင်ပါတယ်
    Reply
    • ၁) ဘယ်သူအမှန် ဘယ်သူအမှားဆိုရင် ရန်တိုက်ပေးသလိုဖြစ်တတ်တယ်။ မငယ်ရဲ့ ကိုယ်တွေ့ နဲ့ ခံစားမှု ကို စာနာရမှာဖြစ်သလို မလှိုင်ရဲ့ အမြင်ကိုလဲ နားလည်ဖို့လိုမယ် ။
      သူတို့လိုသူတွေ ပေါင်းမိရင်အမှန်တရား ပေါ်လာရမယ် ။
      ၂)သူတို့ကို ဖိအား ပေးမိတာမျိုး သတိထားဖို့လိုမယ် ။
      ၃) Carry on Ma Ngae & Ma Hlaing.
      Reply
      ( နေ့သစ်မှကူးယူဖေါ်ပြပါသည် ) 
No comments:
Post a Comment