Wednesday, August 1, 2012
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၇)
(၆)
လုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက သူတို့ မှားခဲ့ရင် အဲဒီအမှားအတွက် ကြိုးစင်တက်မယ်ဆိုတာ လုပ်ကတည်းက ပြောထားကြ ပြီးသား။ အဲဒီအတွက်တော့ စိတ်ပူနေစရာ အကြောင်းမရှိပါ။ လုပ်ရဲရင် ခံရဲကြပါလိမ့်မယ်။ ပြန်လွတ်မပေးသင့်ဘူးလို့ ကျောင်းသားထောက်လှမ်းရေးက ယူဆထားတဲ့ (၁၅) ယောက်ကို ကျန်ရှိနေတဲ့ ဗဟိုကော်မတီတွေ ဆုံးဖြတ်ချက်နဲ့ အား လုံးကိုယ်စား ကိုမျိုးဝင်း တယောက်ထဲက တာဝန်ခံလက်မှတ်ထိုးပြီး သေဒဏ်ချမှတ်ခဲ့တယ်။ (ကျန်တဲ့သူတွေကို နိုင်ငံတ ကာ ကြက်ခြေနီအသင်းကို လွဲအပ်ဖို့ ကြိုးစားခဲ့ကြတယ်။ တရုတ်ပြည်ထဲ ဖြတ်ပြီးလာခွင့်မရလို့ အစီအစဉ်ပျက်သွားခဲ့ တယ်လို့ ကြားရတယ်။)
စစ်ထောက်လှန်းရေးတွေရဲ့ လုပ်နည်းလုပ်ဟန်တွေအရဆိုရင် တော်လှန်ရေးအင်အားစု ဖရိုဖရဲဖြစ်အောင် လုပ်သွားတဲ့ တရားခံ အစစ်အမှန်ဆိုတာ နာမည်မပေါ်တာများတယ်။ ထောင်ထဲမှာနှစ်ရှည်လများရှိမနေဘူး။ အသက်အသေခံ လုပ်ဖို့ ထက် လုပ်ပြီးတာနဲ့ ကိုယ်လွတ်ရုန်းထွက်ဖို့ အစီအစဉ်တွေရှိထားပြီးသား။ အခြေအနေအချိန်အခါကို စောင့်မယ်။ အသုံးချ ခံရတဲ့ ရဲဘော်အမှန်တချို့ကို အမှားတွေဆက်တိုက်လုပ်မိအောင် ဖန်တီးပေးပြီး တရားခံအဖြစ် လက်ညှိုးထိုးဖို့ ပြင်ထား မယ်။
နန်းစော၊ သင်းသင်း၊ ဘိုဘို၊ ကျော်ခိုင်ဝင်း တို့လို ရိုးသားတဲ့ ရဲဘော်ရဲမေတချို့ကို ကိုယ့်ဘက်က ခိုင်လုံတဲ့သက်သေတွေ အဖြစ် ကာဗာယူပြီး ဆက်အသုံးချမယ် ထိုးကျွေးခဲ့တဲ့ သမိုင်းအထင်အရှားရှိခဲ့တဲ့ ရဲဘော် ထွန်းအောင်ကျော် တို့လိုလူမျိုး တွေကို ရှေ့တန်းပြန်တင် ကာဗာယူလှုပ်ရှားပြီး သမိုင်းစင်မြင့်ပေါ်မှာ နောက်ထပ်အကွက်တခု ထပ်ဆင်ခွင့်ရဖို့ အရေးပါ တဲ့ နေရာတခုအတွက် ခြေလှမ်းပြင်နေလိမ့်အုံးမယ်။
ရန်သူက သူ့အလုပ် သူလုပ်သွားတာ ရှင်းတယ်၊ ဒါကိုပြန်အသုံးချပြီး ကျောင်းသားတပ်ကို ရေမဲ့ငါးဖြစ်ရေး သူတို့ရဲ့ စီမံ ချက် ဆက်လက်အကောင်အထည်ဖော် လှုပ်ရှားနေဆဲ။
မရှင်းတာက ဘာလဲ။ မရှင်းတာက “ကျနော် ထောက်လှမ်းရေးကပါ” လို့ ဘယ်သူမှ လည်ပင်းမှာစာတမ်းချိတ်ပြီး မလာ ကြတော့ တရားခံအစစ်တွေက ကိုယ်ပျောက်နေတယ်၊ အဲဒီအတွက် အမှန်တရားကို အမှန်တကယ် ဖော်ထုတ်ချင်ပါ တယ်ဆိုသူများ ငွေကုန်လည်းခံနိုင်တယ်။ အချိန်ကုန်လည်းခံနိုင်တယ်ဆိုရင်တော့ နောက်ခံဘက်ကရောင်းတွေကို တူး ဆွကြည့်ချင်ရင် တာဝန်ရှိခဲ့တဲ့သူတွေက …
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အပါအ၀င် နောက်တန်းမှာရှိနေတဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ စခဲ့ ပြီး ကျန်ရှိနေတဲ့ ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အဆုံးသတ်ခဲ့တဲ့အတွက် မြောက်ပိုင်း ဗဟိုကော်မတီဝင်တွေ အားလုံးမှာ ပထမအဆင့်အနေနဲ့ တာဝန်ရှိတယ်။ ရှင်းအောင်လို့ အဓိက တာဝန်ရှိတယ် ထင်ရသူများကိုသာ ဖော်ပြထား ပါတယ်။
၁၊ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (မန္တလေး၊ ဂျီတီအိုင်၊ အသတ်ခံရ)
၂၊ ဒုဥက္ကဋ္ဌ (၁) စစ်ရေးတာဝန်ခံ ကိုသံချောင်း (မိုးညှင်း(မိုဟန်)မြစ်ကြီးနားတက္ကသိုလ်၊သေဒဏ်အထပ်ထပ်နဲ့ထောင်ကျ)
၃၊ အထွေထွေအတွင်းရေးမှူး ကိုအောင်နိုင် (မန္တလေး၊ ဆေး၊ လက်ရှိချင်းမိုင်)
၎၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ကိုမျိုးဝင်း (မိုးညှင်း-နမ္မား) အာအိုင်တီ ပဉ္စမနှစ်၊ ကျဆုံး)
၅၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ ဂုဏ်ထူးတန်းကျောင်းသား၊ လက်ရှိ မြောက်ပိုင်း)
၆၊ သတင်းနှင့်ပြန်ကြားရေးဌာန ကိုတင်မောင်အေး (ခ) ကိုအားဆိုက် (ကသာ၊ စစ်ကြောရေးမှာ သေဆုံး)
ရ၊ ရန်ကုန်ဒေသတာဝန်ခံ (ရွှေကူခရိုင်မှူး) ကိုရဲလင်း (ရန်ကုန်၊ အဖမ်းခံရပြီးနောက်ပြန်လွတ်)
၈၊ မန္တလေးဒေသတာဝန်ခံ (ဗန်းမော်ခရိုင်မှူး) ကိုညီညီကျော် (မန္တလေး၊ အဖမ်းခံရပြီးနောက် လက်ပြန်ကြိုး တုပ်ထားတဲ့ ကြားက ပထမဆုံး ထွက်ပြေးလွတ်မြောက်ခဲ့သူ)
၉၊ (မပ) ကိုယ်စားလှယ်အဖြစ် တောင်ပိုင်းရှိနေ ကိုလှဌေး (ဗန်းမော်၊ လက်ရှိ အိန္ဒိယ)
၁၀၊ ဘဏ္ဍာရေးမှူး ကိုအောင်ကြီး (မိုးကောင်း၊ လက်ရှိ အက်စ်အက်စ်အေ)
၁၁၊ စီးပွားရေးတာဝန်ခံ ကိုနေထွန်း (မြစ်ကြီးနား၊ လက်ရှိအမေရိက၊ ရှေ့တန်းမှာ သူ့ရဲ့ပစ္စတိုလည်း အသိမ်းခံခဲ့ရတယ် ကြားတယ်)
၁၂၊ မိုးညှင်းဒေသတာဝန်ခံ ကိုစိန်အေး ( မိုးညှင်း၊ တရုတ်နယ်စပ်မှာ အဖမ်းခံရပြီး ပြန်လွတ်)
၁၃၊ (မပ)ကိုယ်စားလှယ်အဖြစ်တောင်ပိုင်းရှိနေ ကိုကျော်ကျော် (မြစ်ကြီးနား၊ လက်ရှိမြောက်ပိုင်း)
လုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ကိုမျိုးဝင်း ဦးဆောင်တဲ့ ကျောင်းသားထောက်လှန်းရေးအဖွဲ့ကို အာဏာကုန်လွဲအပ် ပေးခဲ့တဲ့အတွက် ကျောင်းသားထောက်လှန်းရေးအဖွဲ့မှာ ပါဝင်ခဲ့သူတွေ စစ်ကြောရေးမှာ ပါဝင်ခဲ့တဲ့သူတွေအားလုံး ဒုတိ ယ အဆင့်အနေနဲ့ တာဝန်ရှိတယ်။
တိုက်ရိုက်ကွက်ကဲသူ  ဒုစစ်ရေးတာဝန်ခံ ကိုမျိုးဝင်း (မိုးညှင်း၊ တိုက်ပွဲကျဆုံး)
ထောက်လှမ်းရေးတပ်ဖွဲ့
၁၊ တပ်ကြပ်ကြီး သန်းဇော် တာဝန်ခံ (မန္တလေး၊ တရုတ်နယ်စပ်မှာ ကိုစိန်အေးနဲ့အဖမ်းခံရပြီးပြန်လွတ်)
၂၊ ဒုတပ်ကြပ် ဇော်ဇော်မင်း (မိုးညှင်း၊ စစ်ထောက်လှမ်းရေးက ကာကွယ်စောင့်ရှောက်ထား)
၃၊ ဒုတပ်ကြပ် အောင်စိုးမြင့် (မိုးညှင်း၊ အထဲပြန်ဝင်)
၎၊ ဒုတပ်ကြပ် ကျော်ထင်ဦး (မိုးညှင်း၊ အထဲပြန်ဝင် သေဆုံး)
၅၊ ရဲဘော် သက်လင်း (ဗန်းမော်၊ အထဲပြန်ဝင်)
၆၊ ရဲဘော်ဖိုးနှောင်း (ဗန်းမော်၊ အထဲပြန်ဝင် ရထားပေါ်ကကျသေ)
၇၊ ရဲဘော်ကိုထွေး (ဗန်းမော်၊ အထဲပြန်ဝင်)
ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့တဲ့ မြောက်ပိုင်းဗဟိုနဲ့ ပတ်သက်ပြီးတာဝန်ခံခဲ့တဲ့ အဲဒီ အချိန်က အေဘီတခုလုံးရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင်တွေမှာလည်း တတိယအဆင့်အနေနဲ့ တာဝန်ရှိတယ်။
ဒါဆို အဖမ်းခံခဲ့ရသူတွေ အားလုံးကတော့ ခံခဲ့ရသူတွေဖြစ်လို့ လူမှန်တွေချည်းပဲပေါ့။ သူတို့မှာတော့ ဘာတာဝန်မှ မရှိဘူး လို့ ယူဆရနိုင်သလား။
(ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျမနဲ့ နန်းစော အကြီးအကျယ် အငြင်းပွားခဲ့ရသလို။ ကျမအတွက် ဘူးခံပေးလို့ အသားအ နာခံ အရိုက်အနှက်ခံခဲ့ရတဲ့ (၄၀၁) တပ်ရင်းက ကျမရဲ့ရဲဘော်တွေက ကျမကို လူကြုံနဲ့ လှန်းဆဲလိုက်တာလည်း ခံရဖူး တယ်။ မန္တလေးကျောင်းသားတွေ အမြင်မကြည်ဖြစ်တာလည်း ကြုံရဖူးတယ်။ ဒါပေမဲ့ ကျမလိုချင်တာက အမှန်တရားကို ပဲ) အဖမ်းခံရတဲ့ အုပ်စု (၃) မျိုး (၃) စားရှိတယ်။
၁၊ ကိုထွန်းအောင်ကျော် တို့လို ကိုချိုကြီး တို့လို ဦးစိန် တို့လို လူတကာယိုတဲ့ချီး ပုဇွန်ထုပ်ခေါင်းမှာ စုဆိုသလို ငြင်းလို့မရ ရုန်းလို့မရအောင် ခေါင်တည်ထားကြလို့ (ဖမ်းတဲ့သူတွေထဲကလား၊ အဖမ်းခံရသူတွေထဲကပဲလား၊ နှစ်ခုစလုံးဖြစ်နိုင် တယ်) ထိုးကျွေးတာခံလိုက်ရတဲ့ အုပ်စုနဲ့ အစီစဉ်တကျ မဖြေတတ်ခဲ့လို့ အသားပိုနာ ပိုသံသယအဖြစ်ခံရတဲ့ ရဲဘော်အ မှန်တွေ ပါနိုင်တယ်။
၂၊ အဖမ်းမခံရသေးတဲ့ အချိန်တုန်းကလည်း ဒီအုပ်စုဝင်တွေဟာ ခေါင်ဆောင်အသီးသီးရဲ့ ယုံကြည်မှုခံခဲ့ရတဲ့အဖွဲ့ရဲ့ ဒုတိ ယအဆင့်နေရာတွေမှာ ရှိကြတယ်။ အဖမ်းခံရပြီးနောက် ရန်သူ့ရာထူးစာရင်းဆိုတာမှာလည်း ဒုတိယအဆင့် နေရာတွေ မှာပဲ အခု ကျမရေးနေတဲ့ အချိန်မှာတောင် ဒုတိယအုပ်စုပဲ ဖြစ်နေတဲ့အတွက် ဒီဒုတိယအုပ်စုကိုတော့ ကျမ အရမ်းစိတ် ၀င်စားတယ်။
ကော်မတီရုံး၊ စစ်ရုံးတွေမှာ အဖွဲ့ရဲ့မှတ်တမ်းမှတ်ရာတွေ ကိုင်ထားပြီး လူဦးရေ၊ လက်နက်စာရင်း၊ ငွေရေးကြေးရေးကအစ ခေါင်းဆောင်တွေရဲ့စိတ်အနေအထား၊ ရဲဘော်ရဲမေတွေရဲ့အခြေအနေ တော်လှန်ရေးအခြေအနေ၊ မဟာမိတ်တွေနဲ့ နယ် မြေအနေအထား အားလုံးကို အတွင်းကျကျ သိနေသလို အလွယ်တကူ တွက်ချက်နိုင်ပြီး ဘယ်လိုဖြစ်ရင် ဘယ်လိုလုပ်ဖို့ အသင့်ဖြစ်နေတတ်တဲ့ ကိုယ့်အသက်ကိုကိုယ် ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိတဲ့ ကွန်ပျူတာဦးနှောက်ပိုင်ရှင်တွေ မြောက်ပိုင်း ကျောင်းသားတပ်မတော်ထဲမှာ အပါးနပ်ဆုံး လူရည်အလည်ဆုံးလူတွေ ဒီအုပ်စုမှာရှိတယ်။
ပြီးတော့ ဒီအုပ်စုဝင်တွေဟာ သိပ်ပြီး နှိပ်စက်မေးမြန်းနေစရာမလိုဘဲ အစီစဉ်တကျဖြေဆိုခဲ့ကြတဲ့အတွက် ဒါတွေနဲ့ ပတ် သက်ပြီး မေးမြန်းလာခဲ့တာတွေ ရှိလာခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားခဲ့တယ်။ ထောင်သားတွေလို မနေခဲ့ရဘဲ အရာရှိ ရိပ်သာမှာ သီးသန့် အကျယ်ချုပ် နေခဲ့ကြတယ်။ လွတ်လာပြီး လုပ်ငန်းခွင် ပြန်ဝင်ကြသူတွေလည်း ရှိတယ်။ မဟာမိတ်ရဲ့ အကာအကွယ်အောက်မှာ နေခဲ့တာလည်းရှိတယ်။ နောက်မှ အသီးသီး ကိုယ်စီကိုယ်စီ နည်းလမ်းအမျိုးမျိုးနဲ့ လွတ် မြောက်သွားခဲ့ကြတယ်။
၃၊ တတိယအုပ်စုကတော့ ကျောင်းသားထောက်လှမ်းရေးထဲကပဲ အစီအစဉ်ရှိရှိ နာမည်တပ်ပြီး ရိုက်စစ်မေးခဲ့လို့ပဲလား။ အဖမ်းခံရသူတွေထဲကပဲ အစီစဉ်ရှိရှိ တမင်ဆွဲထည့်သွားကြတာလား (တခုမဟုတ်ရင် တခုဖြစ်နိုင်တဲ့) ဘာတွေဖြစ်နေလို့ ဘာတွေဖြစ်နေမှန်းတောင် အတွင်းကျကျ သိနိုင်တဲ့အနေအထားမျိုးမှာမရှိတဲ့ ရဲဘော် ရဲမေ အဖြူထည်တွေ တော်တော် များများ အရိုးခံအုပ်စု၊ ဒီအုပ်စုကတော့ ထောင်ပုံစံနဲ့ ထောင်သမားလို နေခဲ့လုပ်ခဲ့ရပြီး ထွက်ပြေးတဲ့အချိန်မှာတောင် လက်ထိပ်ခြေထိပ်တွေ တန်းလှန်းတွေနဲ့ အတူပြေးခဲ့ရတဲ့ အောက်ခြေရဲဘော်ရဲမေတွေ အများဆုံးပါဝင်တဲ့ ရိုးရိုးအင်ဖော် မာ အဆင့်လောက်ပဲ သဘောထားခဲ့ကြတဲ့ (၅၆) ယောက် (တယောက်က မလိုက်နိုင်လို့ လမ်းမှာ သတ်ပစ်ခဲ့ရ) အုပ်စု။
အမှန်တရားကို အမှန်တကယ် ဖော်ထုတ်ချင်ပါတယ်ဆိုရင် အဖမ်းမခံခင်ကရော အဖမ်းခံရပြီးနောက်ရော ဒုတိယအဆင့် အနေအထားတွေမှာရှိတဲ့ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့အဖမ်းခံရပြီး နည်းအမျိုးမျိုးနဲ့ လွတ်မြောက်သွားကြတဲ့ ကိုညီ ညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊ ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံးအုပ်၊ ကိုမျိုးဝင်း၊ ကိုသံချောင်းရဲ့လူယုံ)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊ နန်းအောင်ထွေးကြည် (ရန်ကုန်၊ ၀ါဒ ဖြန့်ချိရေး၊ အဖမ်းမခံရစဉ်က ဒုတိယအဆင့်အနေအထားမှာ မရှိပေမဲ့ သူ့ရဲ့ထွက်ဆိုချက်တွေက လူကြီးပိုင်းက လူတွေနဲ့ပဲ ဆက်စပ်နေတယ်။
နန်းအောင်ထွေးကြည် ဖြေတဲ့ထဲမှာ ကိုထွန်းအောင်ကျော် ပါမပါတော့မသိဘူး။ တောင်ပိုင်းမှာ ရှိနေတဲ့ ကိုစိုးလင်း ပါနေ တယ်။ ဦးစီး လှဌေးနဲ့ အိန္ဒိယဘက်မှာ ပြန်တွေ့တော့ ဟုတ်သလားလို့ ကျမ မေးကြည့်ဖူးတယ်။ ငါကိုယ်တိုင်စစ်တာ မြောက်ပိုင်းက အချက်တွေနဲ့တူနေတယ်လို့ ပြန်ပြောတယ်။ ဒါကို နန်းစောကို ကျမ ပြန်ပြောတော့ ကာယကံရှင်ကို ပြန် မေးနေစရာမလိုဘဲ သူ့ကကြိုသိပြီးသား ဖြစ်နေပြန်တယ်။ တူမှာပေါ့တဲ့ ကိုစိုးလင်း ကြားအောင် အောက်ကနေ အခွေဖွင့် ပြထားတာကိုးတဲ့။ အဲဒီအချိန်က ဗဟိုမှာ မြောက်ပိုင်းနဲ့ ပတ်သက်တဲ့စစ်ချက်တွေ၊ ဘာအခွေတွေမှ မရောက်သေးပါဘူး၊)
ကိုမိုးကြီး (ရန်ကုန်၊ ကော်မတီရုံး၊ ကိုမျိုးဝင်းရဲ့ လူယုံ) ကိုရဲလင်း (ရန်ကုန်၊ ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့ လူ ယုံ)၊ ကိုစိုးလင်း(မန္တလေး၊ အာအိုင်တီ၊ နိုင်ငံရေးမှူး၊ ဗဟိုကော်မတီ၊ တိုက်ပိတ်ကို အကျယ်ချုပ်မှထုတ် နိုင်ငံရေးဌာနမှာ အလုပ်စေခိုင်းခဲ့သူ၊ အရာအားလုံးကို တွက်ချက်ခန့်မှန်းနိုင်သူ) ကိုကျော်နိုင်ဦး (သာယာဝတီ၊ ကိုအောင်နိုင်ရဲ့ ကိုယ်ရံ တော်)၊ တို့အနေနဲ့ သူများတွေကို ဘယ်လိုဘယ်လိုတွေ လုပ်ခဲ့ပါတယ်ဆိုတာကို လက်ညှိုးထိုးပြနေကြတာထက် ကိုယ် က လူမှန်ဆို ကိုယ်ပါဝင်ခဲ့တဲ့ ကဏ္ဍကိုယ်စီကနေ ကိုယ့်ရဲ့သမိုင်းကြောင်းနဲ့တကွ ဘယ်သူတွေက ဒီလိုဒီလို မေးခဲ့ရိုက်ခဲ့ တဲ့အတွက် ဒီလူဒီလူတွေကိုဆွဲထည့်ပြီး ဒီလိုဒီလိုတွေ ဖြေခဲ့ရပါတယ်ဆိုတဲ့ဖြစ်စဉ်တွေ ဘာကြောင့်ဖြစ်ခဲ့ရတာလဲဆိုတဲ့ အကြောင်းအကျိုးနဲ့တကွ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအားလုံး ဘက်ပေါင်းစုံ ထောင့်စုံကနေ စဉ်းစားနိုင်အောင်။ နောက်ကွယ်က လှုပ်ရှားသွားတဲ့ တရားခံအစစ်ကို ရှာနိုင်အောင်နဲ့ ယုံကြည်ချက်အတွက် မြောက်ပိုင်းကျောင်းသားတပ်မ တော်မှာ ကျဆုံးသေဆုံးရတဲ့ ရဲဘော်ရဲမေတွေရဲ့ ၀ိဥာဉ်နဲ့ လက်ရှိတိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲမေတွေအားလုံးအတွက် ချပြ သင့်တယ် ထင်ပါတယ်။
ဒါမှမဟုတ် တိုက်ပွဲမှာကျဆုံးသွားတဲ့ ကိုမျိုးဝင်း (အာအိုင်တီ၊ ပဉ္စမနှစ်၊ မိုးညှင်း)၊ နဲ့ ကိုသီဟ (ခ) ကိုဖေ၀င်း(အာအိုင်တီ၊ ပဉ္စမနှစ်၊ မိုးညှင်း)၊ အထဲပြန်ဝင်ပြီးနောက် သေဆုံးသွားတဲ့ ကျော်ထင်ဦး(မိုးညှင်း)၊ အထဲပြန်ဝင်ပြီးနောက် ရထားပေါ်က ပြုတ်ကျသေဆုံးသွားတဲ့ ရဲဘော်ဖိုးနှောင်း (ဗန်းမော်) တို့ကလွဲရင် ကျောင်းသားထောက်လှမ်းရေးမှာ ကိုမျိုးဝင်း ပြီးရင် ဒု တာဝန်ခံ ကိုသန်းဇော် (မန္တလေး၊ နယ်စပ်မှာ ကိုစိန်အေးနဲ့အတူ အဖမ်းခံရပြီး ထောင်ကျပြန်လွတ်)၊ ကိုမျိုးဝင်း လူယုံလို့ လူသိများပြီး အဖမ်းခံခဲ့ရတဲ့လူတွေကို ရက်ရက်စက်စက်နှိပ်စက် မေးမြန်းခဲ့တဲ့သူ။ ကိုသံချောင်းနဲ့ ရဲဘော်တွေ အဖမ်းခံရ စဉ်က အစိုးရဘက်တော်သားလုပ်ခဲ့သူ၊ ထောက်လှမ်းရေးက “မင်းတို့ ထိရဲရင်ထိကြည့်လို့” အကာအကွယ်ပေးထားလို့ ဘယ်သူမှ ထိတောင်မထိရဲခဲ့တဲ့ ဇော်ဇော်မင်း(မိုးညှင်း)နဲ့ အောင်စိုးမြင့် (မိုးညှင်း)၊ ရဲဘော်အငယ်တွေထဲက သက်လင်း (ဗန်းမော်)၊ ကိုထွေး(ဗန်းမော်) လက်တွေ့စစ်ဆေးမေးမြန်းခဲ့ကြတဲ့ ကျောင်းသားထောက်လှမ်းရေးတဖွဲ့လုံးနဲ့ နန်းအောင် ထွေးကြည်၊ နန်းစော၊ ထင်လင်းအောင် တို့ကလွဲရင် အဖမ်းခံခဲ့ရသူတွေ အားလုံးအထဲမှာ ရှိနေတာပဲ နှစ်ဘက်စလုံးက ယုံကြည်စိတ်ချရတဲ့ ဗကသ ခေါင်းဆောင်များရှေ့မှာ မျက်နှာချင်းဆိုင် စုံရှင်းကြပါလား။ ဘယ်သူမှ ဂျိုမပါကြပေမဲ့ လူကဲ ခတ်တတ်ရင် အဲဒီလူတွေရဲ့ Background နဲ့ ပြောဆိုဆွေးနွေးတဲ့နေရာတွေမှာ ရိုးသားမှုရှိမရှိ မျက်လုံးတွေနဲ့ မျက်နှာ တွေကိုတော့ ဘယ်သူမှ ဖုံးကာထားလို့ မရနိုင်ပါဘူး၊ ကျမတယောက်တည်းအနေနဲ့ ပြောရရင် ရဲဘော်ထွန်းအောင်ကျော် သမိုင်းထက် ဒီလူတွေရဲ့သမိုင်းကို ပိုစိတ်ဝင်စားတယ်။
တချိန်တည်းမှာပဲ အဲဒီကာလ မြောက်ပိုင်းကိုတာဝန်ခံခဲ့တဲ့ ဗဟိုရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင် တွေ၊ မြောက်ပိုင်းဗဟို ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ ကိုအောင်နိုင်နဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေ အားလုံးသက်ရှိ ထင်ရှားရှိနေကြစဉ် ဒီကိစ္စတွေကို ကိုယ်ပါဝင်ခဲ့တဲ့အပိုင်းကနေ ပြန်လည်သုံးသပ်ကြပြီး ကိုယ်ပါဝင်လုပ်ဆောင်ခဲ့တဲ့အပိုင်း နဲ့ပတ်သက်ပြီး တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်တယ်လို့ပဲ ကျမမြင်ပါတယ်။
မြောက်ပိုင်းကျောင်းသားတပ်မတော်ဖြိုခွဲခံခဲ့ရတဲ့ ဒီဖြစ်ရပ်ဟာ သမိုင်းအမှန်ဖြစ်ခဲ့ပေမဲ့ လုပ်ပုံလုပ်နည်းနဲ့ ကိုင်တွယ်ဖြေ ရှင်းပုံ ဖြေရှင်းနည်းတွေ အကြီးအကျယ် မှားယွင်းခဲ့ကြတာကတော့ ထင်သာမြင်သာရှိနေပါတယ်။ အဲဒီအတွက် သားသ မီးတွေကို နစ်နာဆုံးရှုံးခဲ့ရတဲ့မိဘတွေကို တောင်းပန်သင့်ရင်လည်း ကျမတို့တောင်းပန်ကြရမှာပါပဲ။ မဟုတ်ပဲနဲ့ သေဆုံးခဲ့ ရတဲ့ ရဲဘော်တွေအတွက်တင်မကပါဘူး ယုံကြည်ချက်အတွက် မြောက်ပိုင်းတောတောင်တွေကြားမှာ မြုပ်နှံခဲ့ရတဲ့ ရဲဘော် ရဲမေတွေရဲ့ ဂုဏ်သိက္ခာအတွက်လည်း လိုအပ်ပါတယ်။ ကျမတို့အားလုံး အဖမ်းခံရမှာမကြောက်လို့ သေမှာမကြောက်လို့ လည်း တော်လှန်ရေးလုပ်နိုင်ခဲ့ကြတာပါ။ နောက်ထပ် ကျမတို့ ဘာကို ထပ်ကြောက် နေကြရအုံးမှာလဲ။ ဖြတ်သန်းခဲ့တဲ့ ကျမရဲ့ အတွေ့အကြုံအရတော့ ကိုယ်မှန်တယ်ထင်လို့ လုပ်ခဲ့တာတွေအတွက် မှန်ရင်စံဖို့မရှိပေမဲ့ မှားရင်တော့ ခံလိုက်ကြ ရုံပါပဲ။
…………………………………………………
အသိပေးချက်… တော်လှန်ရေးတလျှောက်လုံး ရိုးသားစွာနဲ့ ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ကျမ ချစ်ခင်လေးစားတဲ့ မြောက်ပိုင်း က ရဲဘော်ရဲမေ အားလုံးအတွက် ကျမပါဝင်ခဲ့ရတဲ့ အခန်းကဏ္ဍကနေ ကျမရဲ့ ထင်မြင်ယူဆချက်တွေကို အပွင့်လင်းဆုံး ချပြခဲ့တာပါ။
ဘယ်တုန်းကမှ ဘယ်သူက ကျနော်သူလျှိုပါလို့ ဖွင့်ပြောပြခဲ့တာမျိုး ထုံးစံမရှိတဲ့အပေါ် အမှန်တရားကို ဖော်ထုတ်ပေးဖို့ တောင်းဆိုနေသူတွေကိုယ်တိုင် တရားခံအစစ်ကို မဖော်ထုတ်ဘဲ သူလျှိုတွေကို ထွက်ပေါက်အသင့်ပေးထားတဲ့ အစက တည်းက ဖန်တီးထားခဲ့ပြီးသား ကျောင်းသားက ကျောင်းသားကိုသတ်တယ်ဆိုတဲ့ လိုင်းပေါ်မှာပဲ တစိုက်မတ်မတ်သွား နေတာကိုက ရိုးသားမှုမရှိဘူးလို့ ကျမ ယူဆတယ်။
အစီစဉ်ရှိရှိကို ထိုးကျွေးတာခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့အတွက် ကျမအနေနဲ့ ရန်သူ့သူလျှို လုံးဝမပါဘူးဆိုတာ လက်မခံနိုင်ပါ။ ရန်သူ့သူလျှို မပါတာသေချာခဲ့ရင် ဥက္ကဋ္ဌကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန် တို့ နာမည်တွေလည်း ထောက်လှမ်းရေးစာရင်းမှာ ပါနေစရာအကြောင်းမရှိပါ။
ဒါကြောင့် ပါဝင်ခဲ့တဲ့ လူမှန်ရဲဘော်တွေအားလုံး ကိုယ်ပါဝင်ခဲ့ရတဲ့ အနေအထားတွေကနေ ပြန်လည်စဉ်းစားသုံးသပ်နိုင် အောင် ဖြစ်နိုင်ချေရှိတဲ့ လူတချို့ကို မချပြရင် မမြင်နိုင်တဲ့ အနေအထားတွေမှာ ရှိနေကြလို့ နာမည်နဲ့တကွ ချပြခဲ့တာပါ။ အဲဒီအတွက် တချိန်ချိန်မှာ စုံရှင်းရရင်လည်း ကျမ ရှင်းမယ်။ ပြန်တောင်းပန်သင့်တဲ့ အနေအထားမျိုးမှာ အမှန်တကယ်ရှိ နေရင်လည်း အဲဒီလူတွေကို လူကိုယ်တိုင်သွားပြီး ကျမပြန်တောင်းပန်မယ်။
လက်ရှိအနေအထားမှာတော့ ဖြစ်ပျက်ခဲ့ပုံတွေကို ပြန်စဉ်းစားပြီး ဖြစ်နိုင်ချေရှိတဲ့ ကျမရဲ့အမြင် ကျမရဲ့ထင်မြင်ယူဆချက် ကို ကျမရေးတာဖြစ်လို့ အဲဒီအပေါ်မှာ ပြန်ပြီးဝေဖန် တိုက်ခိုက်လာမဲ့ ဘယ်လိုအကြောင်းအချက်မျိုးကိုမှ ကျမ အနေနဲ့ တုန့်ပြန်ဖြေရှင်းနေတာမျိုးတွေ လုံးဝပြုလုပ်မှာမဟုတ်ဘူး ဆိုတာကိုတော့ ဖတ်ရှုသူတွေကို အသိပေးချင်ပါတယ်။
ရဲဘော် ထွန်းအောင်ကျော်နဲ့တကွ မဟုတ်ဘဲနဲ့ အဖမ်းအဆီးခံခဲ့ရတဲ့ ရဲဘော်များနဲ့ အမှန်တရားအတွက် ကျမ တာဝန်ရှိ တယ်ထင်တဲ့ ကျမအပိုင်းကနေ ကျမ ချပြခဲ့ပြီးဖြစ်လို့ ကျန်အပိုင်းကိုတော့ ကိုယ့်ကိုယ်ပိုင်ဦးနှောက်တွေကိုသာ အသုံးပြု ကိုယ်ပါဝင်ခဲ့ရတဲ့ အနေအထားတွေကနေ ဆက်ပြီး ဆင်ခြင်သုံးသပ်ကြပါကုန်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
အပိုင်း (၁) ၊ အပိုင်း (၂) ၊ အပိုင်း (၃) ၊ အပိုင်း (၄) ၊ အပိုင်း (၅) ၊ အပိုင်း (၆)
38 Responses to “မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၇)”
  1. သိလိုသူ May 6, 2012
    နှိပ်စက်တာ မခံနိုင်လို့ စစ်ထောက်လှမ်းရေးပါလို့ ပြောလိုက်ရသူတဦး၏ လောကငရဲအကြောင်း” ဆိုတဲ့ comment အတိုင်းဆိုရင် အစွပ်အစွဲခံရသူတွေကို ရက်ရက်စက်စက်နိုပ်စက်ခဲ့တဲ့ သန်းဇော်ဟာ အခု ပြည်တွင်းမှာရှိနေပြီ။ အဲဒီလူကိုပြော ဆို စွပ်စွဲတိုက်ခိုက်မှုတွေကို လုပ်တဲ့သူမတွေ့သေးဘူး ကိုကြောင်တို့ ဘိုဘိုတို့ အုပ်စုလည်း အထဲမှာရှိတယ်လေ အားလုံးငြိမ်နေကြတယ်၊ ဘာကြောင့်လဲ
    ကိုယ်တိုင်ပါဝင်တဲ့သူတွေရေးတာကောင်းပါတယ်၊ မပါပဲ နဲ့ ကိုယ်ကို လူစိတ်ဝင်စားပြီးရောဟုတ်တာရော မဟုတ်တာရော ရေးနေတဲ့ အောင်မိုးဝင်းလိုလူထက် စာရင် ပါဝင်တဲ့သူတွေများများရေးပါ
    Reply
  2. nyunt wai April 24, 2012
    ကိုကိုကျော်က အခုမှ ကြိုးကျစ်ဘို့လုပ်တုန်း။ ကျနော့်မှာက အဆင်သင့်ရှိနေပြီ။ ဘယ်သူ ဘယ်လိုကြိုးမျိုးကြိုက်လဲတာပြော။ ရော်နယ်အောင်နိုင်နဲ့ဒေါက်တာနိုင်အောင်က စားထားတာများတော့ ၀လွန်းတယ်။ သူ့အတွက်ရှယ်လုပ်ထားတယ်။ လှဌေးတို့ ကျော်ကျော်(ကချင်)တို့အတွက်ပါ အရံသင့်လုပ်ထားပေးပါတယ်။ ခင်ဗျားတို့အတွက်မပါမှာ မပူပါနဲ့။
    Reply
  3. ဟစ်တိုင်ကစာ April 11, 2012
    ” နှိပ်စက်တာ မခံနိုင်လို့ စစ်ထောက်လှမ်းရေးပါလို့ ပြောလိုက်ရသူတဦး၏ လောကငရဲအကြောင်း”
    ကျနော့်ကို ၁၉၉၁ခု-နိုဝင်ဘာလလယ်မှာ SIO ထောက်လှမ်းရေးက-သံလိုင်ကတောင် (လိုင်စင်နဲ့ တဂိတ်ကျော်)လမ်းမှာ- ကျော်ထင်ဦ၊းမောင်ထွေး၊ဖိုးနှောင်း၊သက်နှင်းတို့ က မူးမူးနဲ့ -အတင်း ၀င်ဖမ်းပါတယ်။ကျော်ထင်ဦး အဓိကပါ။
    လက်သီးနဲ့ ထိုး -လက်မ လက်ထိပ်ခတ်ပါတယ်။ ကျနော်တို့ လိုင်စင် စခန်းဂိတ်တဲ အရောက် မီးပုံက ထင်းမီးစနဲ့ မျက်နှာကို ရိုက် …မီးစနဲ့ ထိုးပြီး- လမ်းတောက်လျှောက် ဆဲဆိုရိုက်နှက်လာပါတယ်။စခန်းမှူး အောင်ရဲစိုး(အရာခံဗိုလ်)က လှမ်းဟောက်လိုက်ပါတယ်။နောက် ထောက်လှမ်းရေးတဲကို အရောက်မှာ-သရေနံပါတ်ဒုတ်နဲ့ မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့ ကို ရိုက်ပြီး-မင်အိုး ၂အိုးနဲ့ရိုက်ခွဲပါတယ်။ ကျနော့ တကိုယ်လုံး မင်တွေကော-သွေးတွေကော ရောကုန်ပါတယ်၊။
    နောက် စစ်ရုံး အခန်းထဲ ခေါ်သွားပြီး လက်နောက်ပြန်ကြိုးတုပ်ပြီး-ကြသောင်းဝါးအချောင်း ၂၀လောက် ပုံထားပြီး-ခြေထောက်၂ချောင်းကို မေးလိုက် ရိုက်လိုက်-လုပ်လိုက်တာ ၀ါးချောင်းတွေဟာ ယင်လှန့် တဲ့ ယပ်လို ဖြစ်သွားပါတယ်။
    ကျနော်က ထောက်လှမ်းရေးလို့ ဝန် မခံပါ၊။ခန္ဓာကိုယ်တခုလုံးက စုတ်ပြတ်နေပါပြီ။ ”နောက်ထပ် စစ်မယ်”ပြောပြီး-အချုပ်ဆောင်ကို ခေါ်သွားပါတယ်။
    အချုပ် အဆောင်ဝမှာ လုံခြုံရေးတပ်စိတ်က ”လကော်”လို့ ခေါ်တဲ့ အ၀တ်လှော်ဒုတ်ထက် ၅ဆလောက်ကြီးတဲ့ဒုတ်တွေနဲ့ဆီးရိုက်ကြပါတယ်။ဘယ်နှစ်ချက်မှန်း မသိပါ။ ”အဲ့ဒါ အချုပ်ဝင်ကြေး…” တဲ့။
    အချုပ်အဆောင်ထဲရောက်တော့-တန်းစီး ဘာဘူ(ခ)၀င်းမြင့် အပါအ၀င် ၅ယောက်က ထောင် စည်းကမ်း တွေ ပြောလိုက်-ရိုက်လိုက်ပါပဲ။
    (အဲ့ဒါက-မျိုးဝင်းတို့ သင်ပေးတဲ့ လုပ်ခိုင်းတဲ့-န၀တ ထောင်ပုံစံပေါ့။)
    အချုပ်သားချင်း စိတ်မပါဘဲ ရိုက်တာဆိုပေမယ့် .. ကျနော်ကတော့ ပြီးရင် နာပေါ့။
    (ဘာဘူ(ခ)၀င်းမြင့် ဆိုတဲ့ကောင်ကတော့ စိတ်ပါပုံ ရတယ် ။မျိုးဝင်းတို့ ကြိုက်ရင် သူ အနေချောင်မယ် ယူဆသလားတော့ မသိပါ။ )
    ကျနော့် ပါးစပ် နဲ့ မျက်နှာတ၀ိုက်-ခန္ဓာကိုယ်အနှံ့  ဒဏ်ရာတွေနဲ့ ဆိုတော့ မငယ်(နန်းအောင်ထွေးကြည်)က ”ထမင်းစားနိုင်မှာ မဟုတ်ဘူး-။ဆန်ပြုတ်တိုက်ဖို့ လုပ်ရအောင် ” ဆိုပြီး ဆန်ပြုတ် ကျို ပါတယ်။ ကျနော်လည်း တပတ်လောက် ဆန်ပြုတ်သောက်ပြီး-ဒဏ်ရာ သက်သာသွားပါတယ်။
    စောင်ပါးလေးတထည်ရပြီး ထိပ်တုံးခတ်ထားပါတယ်၊။လက်ကို ကြိုးတုပ်ပြီး-မျက်နှာကို အ၀တ်စီးပါတယ်။ (နေ့ စဉ် ရေခဲတဲ့ ဒေသမှာ စောင်တထည် ရတာဆိုတော့ စဉ်းစားသာကြည့်ပါ။)
    နှစ်ပတ်အကြာမှာတော့-နောက်တကြိမ် လာခေါ်ပါတယ် ။ SIO ရုံးကို တန်းခေါ်သွားပြီး- တုတ်တွေနဲ့ ရိုက်ပေမယ့်-ကျနော်က ”ထောက်လှမ်းရေး”လို့ မပြောလို့ -အဲ့ဒီရုံးအနားမှာရှိတဲ့ ကွင်းလေးထဲက-လက်ဝါးကပ်တိုင်မှာ ချည်ပြီး- သားရေဒုတ်နဲ့ ရိုက်လိုက် ..ပြန်သွားလိုက်.. လုပ်ပါတယ်။
    မနက်-၁၁နာရီလောက်က စချည်တာပါ။ (အဲ့ဒါကို ယေရှုခရစ်နဲ့ တွေ့ တယ်လို့ ခေါ်ပါတယ်။) နေလှန်းပြီး ..မျက်နှာကို နေကို ကြည့်ခိုင်းပါတယ်။ တနေကုန် လှန်းထားပြီး ညနေ-၅နာရီ ကြိုးဖြေတဲ့အချိန်မှာ ကျနော်လည်း ပျော့ခွေလဲပြိုသွားပြီး-ပါးစပ်က အမြှုပ်တွေ ထွက်တာကို- သတိမလစ် တလစ်နဲ့ သိနေပါတယ်။
    (လက်တွေကို သံနဲ့ မရိုက်တာကိုပဲ ကျေးဇူးတင်မိနေတယ်။) (ကိုထွန်းအောင်ကျော် ညီလေး ကိုချိုကြီးတုန်းက လက်ဝါးကို သံချောင်းတွေ ရိုက်တာပါ။)
    “လက် မေးထောက်ထားသူမှာ သန်းဇော်(ယခု ပြည်တွင်း)”
    ပြီးတာနဲ့ ကျနော့်ကို သန်းဇော်(ယခု ပြည်တွင်း)က ဆွဲခေါ်သွားပြီး-အိုင်အိုတဲထဲမှာ မီးလှုံခိုင်းထားပါတယ်၊။ မိနစ်၂၀လောက်အကြာမှာ တယ်လီဖုန်း ၀ိုင်ယာကြိုးစကို-ပါးစပ်ထဲ လှည့်ပြီး၊ သွားနဲ့ ကိုက်ခိုင်းပြီး-လက်ကိုင်ကို ဆွဲလှည့်တော့ ကျနော့်ခေါင်း တခုလုံး ကျင်တက်သွားပြီး-ခါထွက်သွားပါတယ်။
    ကျနော်က ဆွဲဖြုတ်ပစ်လိုက်ပါတယ်။ကျနော့ကို ဒုတ်နဲ့ ထပ်ရိုက်ပြီး ..”ဒီတခါ ဆွဲဖြုတ်ရင်-ပလာစတာကပ်ထားမယ်-မင်းကို အများကြီးညှာထားတယ်” လို့ သန်းဇော်က ပြောပါတယ်။ (သူ.. ညှာတာက လူကို ၀ိုင်ယာရှော့ ရိုက်ပြီး-ရာဘာဒုတ်နဲ့ ရိုက်တာပါ။)
    တတိယအကြိမ်မြောက် ၀ိုင်ယာကြိုးကို ပါးစပ်ထဲ ပြန်ထိုးထည့်ပြီး သွားနဲ့ ကိုက်ရပါတယ်-။ ပိုပိုပြီး ပြင်းလာတော့ ကျနော် မခံနိုင်တော့ပါဘူး-။ဆွဲဖြုတ်ပြီး-”ပြောမယ်”လို့ ပြောလိုက်ပါတယ်။
    ” ခဏ စဉ်းစားဦးမယ် ”ဆိုပြီး ကျနော်စဉ်းစားပါတယ်။”ဘယ်လိုပြောရင် ကောင်းမလဲ-။”
    ”ယုတ္တိ မတန်တာကို-ပြောမယ်”ဆိုပြီး—
    “ဘိုဘို(ခ)မိုးကျော်သူ ”
    ”ဒီပြဿနာမှာ အသက်(၁၈)နှစ်နဲ့ စစ်ထောက်လှမ်းရေး- တပ်ကြပ်ကြီး ရာထူးပေးထားတဲ့-ဘိုဘို(ခ)မိုးကျော်သူဟာ ကျနော့်အထက် အရာရှိ-။ကျနော်က ရဲဘော်ပါ-။” လို့ ပြောလိုက်တာကိုလည်း သူတို့ လက်ခံသွားပါတယ်-။
    ”ဘာတွေလုပ်ခိုင်းသလဲ” တဲ့-။
    ”အထက်အောက် မကျေနပ်မှုတွေပေါ် မူတည်ပြီး ၀င်ပါ ပေးရတယ်။” လို့။
    ဒီလိုနဲ့ -သူတို့သတ်မှတ်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ဝင် ဖြစ်သွားပါတယ်။
    ကျနော့်ထက်ရာထူးကြီးတဲ့-ဘိုဘိုက-၁၉၇၃ခုမွေးပြီး-အသက် ၁၈နှစ်နဲ့ ထောက်လှမ်းရေးတပ်ကြပ်ကြီး-။
    ဒုတ်တွေနဲ့ ရိုက်-၊လက်ဝါးကပ်တိုင်ချည်-နေလှန်း၊လျှပ်စစ်ရှော့ရိုက်မှတော့-”ကျနော်လည်း အသက်၂၀နဲ့ စစ်ထောက်လှမ်းရေးပါ..”လို့ ပြောလိုက်ရပါတယ်။
    မပြောဘဲ ပေခံနေရင်-ကိုယ့်ရှေ့ မှာ-လက်ဖြတ်ခံရတာတွေ- စစ်ကြောရင်းနဲ့ အသက်ပေးလိုက်ရတာတွေက ရှိနေတယ်လေ။
    ဟုတ်ကဲ့-ကျနော် စစ်ထောက်လှမ်းရေး ဖြစ်သွားပါတယ်။
    (၀န်ခံတယ်ဆိုတာ ဟုတ်တာကို လက်ခံတာ။)
    ” ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး။
    Reply
  4. ထက်ဝင်း April 10, 2012
    အဲလိုအပြစ်ပေးတာ ဒေသ ထုံးစံဖြစ်ပုံရတယ်..။သူတို့အတွက် ထမင်းစားရေသောက်သဘောလောက်ပဲ။ရန်သူလဲခေါင်းဖြတ်.အပြစ်ရှိလဲခေါင်းဖြတ်..မသင်္ကာလဲခေါင်းဖြတ်..တာဝန်မကျေလဲခေါင်းဖြတ်..မကျေနပ်လဲခေါင်းဖြတ်။တောတွင်းဥပဒေကိုး။
    Reply
  5. Yaw Min Gyi April 10, 2012
    The bottom line is they (Naing Aung, Moe Thee, Aung Naing, Kyaw Kyaw, Myo Win (Thai-Burma), Aung Htoo, Khin Maung Win, Than Khe, Khin Shwe Hlaing, etc.) want to preserve ABSDF as a political entity and make a living out of it.
    It is time now for them to realize that ABSDF and their positions are untenable and stop parrying a lightning strike with a palm leave.
    Reply
  6. စစ်သွေး 099---၆ April 10, 2012
    ခင်ရွှေလှိုင် သတ်ခံရတဲ့ လူတွေက ထောက်လှမ်းရေးပဲ ဖြစ်တယ်ထားဦး ( ဥပမာပြောတာ) အခုလို လူမဆန်စွာသတ်ဖို့ လိုလို့  လားဆိုတာကိုရှင်းပြပေးပါ။ အခုမသေသေးတဲ့  အဲဒီအချိန်ကလူကြီးတွေကကောဘာတစ်ခုမှဖြေရှင်းချက် မပေးကြတော့ ဘူးလား။ နေ့ သစ်က ဘာလို့ ကျွှန်တော့် ၇ဲ့  ပထမကွန်မန့် တွေကိုဖျက်ချရတာလဲ။
    Reply
  7. Ba kyaw htoo April 10, 2012
    ဟေကောင် တောင်သာသား— ဒီလောက် အသိတရား မရှိ ၊ အကြင်နာတရားမရှိ ၊ဘာမှ တုန့် ပြန်ပြောဆိုခွင့်မရှိ၊ကင်ပေတိုင်က အဖေခေါ်၊ စစ်ထောက်လှန်းရေးက အဘခေါ်၊ လူသားမဆန်တဲ့ အဖြစ်အပျက်ကို မင်းကပေါ့ပျက်ပျက်နဲ့ ကလေးအထာနဲ့ ဝင်ရေးတယ်ပေါ့၊ မင်းအကို လက်ကို အရှင်လတ်လတ်ဖြတ်ပြီး မင်းပါးစပ်မှာ ကိုက်ခိုင်းရင် မင်းဘာပြန်ပြောနေမလဲဆိုတာ ငါစောင့်ကြည့်နေချင်တယ်။ ဘယ့်နှယ်လဲ တောင်သာသားရေ။ သဘေြာေ့ပာတာနော်။
    Reply
  8. mrmonn April 9, 2012
    တောင်သာသား April 8, 2012 “ဒီလောက် လူမဆန်တဲ့ နှိပ်စက်သတ်ဖြတ်မှု လုပ်ရပ်ကို မှားသလားမှန်သလား ဖြေပေးပါ။”
    - ကောင်းပြီ – မှားတယ်။ ကဲ ကြေနပ်ပြီလား။
    “ဒီလောက် ကျယ်ပြန့်တဲ့ အဖြစ်ပျက်နဲ့ အဆင့်ဆင့် ပတ်သက်မှုတွေ ရှိနေခဲ့တာကို လူသတ်တာတစ်ခုပဲ ရည်ရွယ်ချက်ရှိရှိနဲ့ ကွက်မေးနေတာဟာ ရိုးသားသလား မရိုးသားဘူးလား ဖြေပေးပါ။”
    - အေး မရိုးသားဘူး။ ဟုတ်ပြီလား။
    i love this . Cos this is logical comment. I wish all commentors could think with logic.
    Reply
  9. မယ်လ်ဘုန်းကာကွယ်ရေးတပ် April 9, 2012
    ငါတို့ခင်ရွှေလှိုင်နောက်ကနေပြီးရပ်နေတော့သံခဲနောက်ကဖန်ကွဲစတွေလိုဖြစ်နေပြီ၊ဖူးလို့ယောင်လို့ဆိုတော့ခံရတာခက်တယ်မဒမ်ခဲရေ၊ မိဆူးပွင့်ကမဟာဖိုဝါဒကငါ့ကိုကယ်ခဲ့ပါလားလို့သူရဲ့အမျိုးသမီးရှု့ထောင့်ကခင်ရွှေလှိုင်ကိုပံ့ပိုးပေးထားပြီး၊ခင်ချိုဦးအတွက်တော့နည်းနည်းလေးတောင်အမျိုးသမီးချင်းကိုယ်ခင်းစာနာစိတ်ပြမထားဘူး၊အင်မတန်မှတရားကျဖို့ကောင်းတဲ့လူတွေကွ၊ အရှက်လည်းလုံးဝမရှိကြတော့ဘူး၊
    Reply
  10. ခင်ချိုဦး April 9, 2012
    ခင်ရွှေလှိုင်- ခင်ချိုဦးလိုပဲ ညီးကို တုံးလုံးချွတ်သတ်မယ်ဆိုရင် ဘယ်လိုနေမလဲ။ ညီးအမတွေကို ခေါင်းဖြတ်၊ မဟုတ်တယုတ်လုပ်မယ်ဆိုရင် ဘယ်လိုနေမလဲ။ ညီးကလည်း တော်တော်ကို အလိုက်ကမ်းဆိုးမသိဘူး။ ဒါဟာ လူအစုလိုက်အပြုံလိုက်သတ်မှုဟဲ့။ တော်လှန်ေ၇းသမားလား။ လူသတ်သမားလား အားလုံးက သိကြပါတယ်
    Reply
  11. ကျောင်းသားသစ် April 9, 2012
    > Admin
    ထပ်ပြီးပြောအုံးမယ် Admin
    နေ့သစ်ဟာ ” ဘက်လိုက်တယ် ”
    နေ့သစ်ဟာ ” ဘက်လိုက်တယ် ”
    နေ့သစ်ဟာ ” ဘက်လိုက်တယ် ”
    နေ့သစ်ဟာ ” ဘက်လိုက်တယ် ”
    နေ့သစ်ဟာ ” ဘက်လိုက်တယ် ”
    နေ့သစ်ဟာ ” ဘက်လိုက်တယ် ”
    စာရေးသူဖက်က ဘက်လိုက်တယ်။
    ခုအပိုင်း(၇) မှာ “ကျောင်းသားကကျောင်းသားကိုသတ်တယ် ” လို့စာရေးသူကိုယ်တိုင်သုံးရေးလာတော့ ဘာလို့မပယ်သလဲ။
    ဒီမှတ်ချက်ကိုလဲပယ်မှာပဲမဟုတ်လား
    ဒါပေမယ့်ကိုယ့်ကိုကိုယ်မေးကြည့်စမ်းပါ။
    မီဒီယာနာမည်ခံထားတဲ့နေ့သစ် ဘာလဲ၊ဘယ်လဲဆိုတာ။
    တင်ထားတဲ့စာတွေကိုမှအားမနာ။
    မရှက်တတ်ဘူးလားဟင်
    Reply
  12. Ba kyaw htoo April 9, 2012
    မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ။ ထောက်လှမ်းရေးဖြစ်သည် ဖြစ်စေ မဖြစ်သည်ဖြစ်စေ။ ဒီလောက် လူအောက်တန်းစားကျလွန်းတဲ့ မတရားညှင်းပမ်းနှိပ်စက် သတ်ဖြတ်တဲ့ကိစ္စကိုရှုပ်ချတယ်။ လုံးဝ အထင်းလည်းသေးတယ်။ တရားခံစစ်နေတာနဲ့ မတူဘူး။ အငြိုးအတေးတွေနဲ့  လက်စားချေနေသလိုပါပါ။ လိုက်လံဖာထေးနေတဲ့သူတွေအားလုံးကို လည်း လုံးဝကို အောက်တန်းစား ဆန်လွန်းပါတယ်ဟုထင်မြင်မိပါသည်။ ကမ္ဘာကြီးက သိပ်ပြီးကျင်းလွန်းပါတယ်။သံသရာဆို တာလည်း လည်ပတ်စမြဲဆိုတာ ယုံကြည်စေချင်ပါတယ်။
    Reply
  13. kyaw Gyi April 9, 2012
    To Mg Mg @April 8 , ” You Still don’t get it KSH. The problem is not about who they were any more. The main concern for people now is the barbaric ways these people were tortured and killed. Just make the long story short, at least say sorry. That’s what majority of people want to read now. ”
    Dumb head Mg Mg!!! we still wanted to know who the MI is? you, mg mg? or Nyi Nyi? or who?
    Reply
    • Maung Maung April 9, 2012
      The ex-MI chief Khin Nyunt is out now, Why don’t you go and ask him. Do you seriously think this people knew who exactly the MI were. If yes, they would not have captured about 150 people then.
      Read properly……before you try to criticize other.
      What’s the problem with you whatever name I use? Should I put My full name, D.O.B, NRIC No. and address for you …..Grow up mate…………
      Reply
  14. မြင့်အေး April 9, 2012
    “ကိုမိုးကြီး (ရန်ကုန်၊ ကော်မတီရုံး၊ ကိုမျိုးဝင်းရဲ့ လူယုံ) ကိုရဲလင်း (ရန်ကုန်၊ ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့ လူ ယုံ)၊ ကိုစိုးလင်း(မန္တလေး၊ အာအိုင်တီ၊ နိုင်ငံရေးမှူး၊ ဗဟိုကော်မတီ၊ တိုက်ပိတ်ကို အကျယ်ချုပ်မှထုတ် နိုင်ငံရေးဌာနမှာ အလုပ်စေခိုင်းခဲ့သူ၊ အရာအားလုံးကို တွက်ချက်ခန့်မှန်းနိုင်သူ) ကိုကျော်နိုင်ဦး (သာယာဝတီ၊ ကိုအောင်နိုင်ရဲ့ ကိုယ်ရံ တော်)၊ တို့အနေနဲ့ သူများတွေကို ဘယ်လိုဘယ်လိုတွေ လုပ်ခဲ့ပါတယ်ဆိုတာကို လက်ညှိုးထိုးပြနေကြတာထက် ကိုယ် က လူမှန်ဆို ကိုယ်ပါဝင်ခဲ့တဲ့ ကဏ္ဍကိုယ်စီကနေ ကိုယ့်ရဲ့သမိုင်းကြောင်းနဲ့တကွ ဘယ်သူတွေက ဒီလိုဒီလို မေးခဲ့ရိုက်ခဲ့ တဲ့အတွက် ဒီလူဒီလူတွေကိုဆွဲထည့်ပြီး ဒီလိုဒီလိုတွေ ဖြေခဲ့ရပါတယ်ဆိုတဲ့ဖြစ်စဉ်တွေ ဘာကြောင့်ဖြစ်ခဲ့ရတာလဲဆိုတဲ့ အကြောင်းအကျိုးနဲ့တကွ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအားလုံး ဘက်ပေါင်းစုံ ထောင့်စုံကနေ စဉ်းစားနိုင်အောင်။ နောက်ကွယ်က လှုပ်ရှားသွားတဲ့ တရားခံအစစ်ကို ရှာနိုင်အောင်နဲ့ ယုံကြည်ချက်အတွက် မြောက်ပိုင်းကျောင်းသားတပ်မ တော်မှာ ကျဆုံးသေဆုံးရတဲ့ ရဲဘော်ရဲမေတွေရဲ့ ၀ိဥာဉ်နဲ့ လက်ရှိတိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲမေတွေအားလုံးအတွက် ချပြ သင့်တယ် ထင်ပါတယ်။”
    မခင်ရွှေလှိုင်ရဲ့ယခုလိုရေးသားမှုအတွက် အောက်ပါလင့်များသို့ သွားရောက်ဖတ်ရှုပါရန်
    မိုးကြီး(ခေါ်)ကိုမိုးဇော်ထွန်း
    http://8-8-88.blogspot.com/2012/03/blog-post_5827.html
    ကိုရဲလင်း
    http://8-8-88.blogspot.com/2012/01/blog-post_26.html
    http://8-8-88.blogspot.com/2012/01/blog-ုလဲ
    http://8-8-88.blogspot.com/2012/02/blog-post_1346.html
    ကိုရဲလင်းမိခင်ရဲ့မှတ်တမ်း
    http://8-8-88.blogspot.com/2012/03/blog-post_2796.html
    http://8-8-88.blogspot.com/2012/03/blog-post_7609.html#more
    http://8-8-88.blogspot.com/2012/03/blog-post_10.html
    http://8-8-88.blogspot.com/2012/03/blog-post_7710.html
    ကိုစိုးလင်း
    http://8-8-88.blogspot.com/2012/02/blog-post_1607.html
    http://8-8-88.blogspot.com/2012/02/blog-post_2242.html
    http://8-8-88.blogspot.com/2012/02/blog-post_07.html
    http://8-8-88.blogspot.com/2012/02/blog-post_1471.html
    http://8-8-88.blogspot.com/2012/02/blog-post_5503.html
    http://8-8-88.blogspot.com/2012/02/blog-post_86.html
    http://8-8-88.blogspot.com/2012/03/blog-post_5277.html
    http://8-8-88.blogspot.com/2012/03/blog-post_6774.html
    Reply
    • ဘက်မလိုက်သူ April 9, 2012
      ကွင်းဆက်တချို့ဖတ်လိုက်ရလို့ အထူးစိတ်ဝင်စားပါတယ် နောက်ခံဘက်ကရောင်းတွေကြောင့် လွတ်မြောက်သွားသူတွေပါ ။ သူတို့တွေသာ သူလျိုအစစ်ဖြစ်ခဲ့ရင် ဒီကိစ္စပိုစိတ်ဝင်စားစရာပဲ ။
      Reply
  15. စိုးမင်း April 9, 2012
    သူရေးသလိုဒိကိစ္စမှာပါဝင်ပတ်သက်ခဲ့ကြပြီး
    သက်ရှိထင်ရှာရှိနေကြတဲ့သူတွေဖြစ်နိုင်ရင်
    လူထုကိုအသိပေးပြီးတော့မျက်နှာစုံညီတရား
    ပါဝင်ကြ၊ ပြတ်ပြတ်သားသားရှင်းလင်းပြီး
    ပြီဆိုရင်၊အပြစ်ကြူးလွန်ခဲ့တဲ့သူတွေကို
    ထိုက်သင့်တဲ့အပြစ်ဒဏ်ခံရအောင်
    ဆက်လက်ဆောင်ရွက်၊ နစ်နာခဲ့ရတဲ့သူတွေနဲ့အပြစ်မရှိတဲ့
    သူတွေကိုတရားဝင်ကြေညာ၊ အဲ့ဒီလိုဖြစ်ရင်အကောင်းဆုံးပါ။
    အခုလိုအင်တာနက်စာ
    မျက်နှာတွေပေါ်မှာဘဲရှည်လျှား
    စွာငြင်းခုံနေကြရင်းနဲ့တဖြေးဖြေး
    လူတွေငြီးငွေ့စိတ်မ၀င်
    စားကြတော့တဲ့အခြေအနေဖြစ်သွားနိုင်ပါတယ်။ ဒီမြောက်ပိုင်းကိစ္စကြီးဟာသမိုင်းမှာဒီအ
    တိုင်းချန်ထားခဲ့လို့မရတဲ့အရာပါ။
    Reply
  16. မင်းသစ် April 9, 2012
    (တချိန်တည်းမှာပဲ အဲဒီကာလ မြောက်ပိုင်းကိုတာဝန်ခံခဲ့တဲ့ ဗဟိုရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင် တွေ၊ မြောက်ပိုင်းဗဟို ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ ကိုအောင်နိုင်နဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေ အားလုံးသက်ရှိ ထင်ရှားရှိနေကြစဉ် ဒီကိစ္စတွေကို ကိုယ်ပါဝင်ခဲ့တဲ့အပိုင်းကနေ ပြန်လည်သုံးသပ်ကြပြီး ကိုယ်ပါဝင်လုပ်ဆောင်ခဲ့တဲ့အပိုင်း နဲ့ပတ်သက်ပြီး တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်တယ်လို့ပဲ ကျမမြင်ပါတယ်။ )
    ဆိုတဲ့အချက်ကလေးကတော်တော်
    ကောင်းပါတယ်။ မခင်ရွှေလှိုင်ရေ။
    ဒီအချက်ကလေးကတော့သိပ်မကောင်းဘူး
    (မြောက်ပိုင်းကျောင်းသားတပ်မတော်ဖြိုခွဲခံခဲ့ရတဲ့ ဒီဖြစ်ရပ်ဟာ သမိုင်းအမှန်ဖြစ်ခဲ့ပေမဲ့ လုပ်ပုံလုပ်နည်းနဲ့ ကိုင်တွယ်ဖြေ ရှင်းပုံ ဖြေရှင်းနည်းတွေ အကြီးအကျယ် မှားယွင်းခဲ့ကြတာကတော့ ထင်သာမြင်သာရှိနေပါတယ်။ အဲဒီအတွက် သားသ မီးတွေကို နစ်နာဆုံးရှုံးခဲ့ရတဲ့မိဘတွေကို တောင်းပန်သင့်ရင်လည်း ကျမတို့တောင်းပန်ကြရမှာပါပဲ။ )
    နစ်နာဆုံးရှုံးခဲ့ရတဲ့မိဘတွေကိုတောင်းပန်သင့်ရင်
    လည်း လို့တော့မဖြစ်သင့်ဘူး။ တောင်းကိုတောင်းပန်ရမှာ။ မဖြစ်မနေလုပ်ဖို့လိုအပ်
    နေတာ။
    Reply
  17. တောလူသစ် April 8, 2012
    ခင်ရွှေလှိုင်ရေ ထောက်လှမ်းရေးတွေက ရေလှိုင်းစစ်ဆင်ရေးကနေ ရေမဲ့ငါး စစ်ဆင်ရေးပြောင်းသွားတာဖြစ်မယ်။ သေဆုံးသူ
    ခေါင်းဆောင်ကြီးမျိုးဝင်းကို လူ၁၅ ယောက်လုံးသတ်ဖို့ တာဝန်ခံ လက်မှတ်ထိုးခဲ့တယ်ဆိုတာ ခပ်ညံ့ညံ့ရဲစခန်းမှာ ခပ်ညံ့ညံ့သူခိုးတွေက လွတ်သွားသူ ကို ထိုးချလိုက်တာနဲ့ တူနေတယ်ဗျ စစ်ဆေးရင်းလက်လွန်သေဆုံးတဲ့ ၁၄ဦးကကော ထောက်လှမ်းရေးတွေပဲလား ၅၅ ယောက်ထွက်ပြေးစဉ်မှာ တယောက်ကို မလိုက်နိုင်လို့ သတ်ပစ်ခဲ့တယ်ဆိုတာကရော ထွက်ပြေး ၅၅ယောက်ကို မျိုးဝင်းနဲ့ အမှုတွဲတာလား။
    နန်ချပ်ကူစမ်းရင်းသေဆုံးခဲ့တဲ့သူက ရော တတိယအုပ်စု သတင်းပေးတယောက်လား။ ကြိုးစင်တက်ရဲတဲ့ ခေါင်းဆောင်ကြီးများ ဘာ အသံမှ မထွက်ပေါ်လာတာ လည်း အံ့သြပါတယ် တပည့်ကလေးတွေ လွှတ်ထားလို့များလား။ ဘာပဲဖြစ်ဖြစ် ဆက်ေ၇းပါ ခင်ဗျားရပ်တည်ချက် စိတ်ဓါတ်သိရတာပေါ့ဗျာ ကြည့်လဲရေးဦး ခင်ဗျားက လက်ရှိ မကဒတ ဥက္ကဌ ကတော်နော။ ခင်ဗျားရေးသမျှ ခင်ဗျားရပ်တည်သမျှ သမိုင်းနော် မကဒတဆိုတာ စစ်တိုက်ချင်လွန်းလို့ ပေါ်လာတာမဟုတ်ဘူး အမှန်တရားအတွက် ပြည်သူအတွက်ပေါ်လာတာ ခင်ဗျားတို့ အုပ်စု တစုထဲ အပိုင်မဟုတ်ဘူး ဆိုတာ မှတ်ထားပါ တချိန်မှာ သမိုင်းမှတ်တမ်းတွေ ဖြစ်လာတဲ့အခါမှာ မရှက်ရပါစေနဲ့..ဗျာ။ လူနဲ့ မူ လူနဲ့ အဖွဲ့အစည်းကို ခွဲခြားရှု့မြင် သွားမည်။
    Reply
    • ကြိုးစင်မင်းအရင်တက်လိုက်ကွာ ခင်ညွန့်တို့အုပ်စုတွေနဲ့
      Reply
  18. Maung Maung April 8, 2012
    You Still don’t get it KSH. The problem is not about who they were any more. The main concern for people now is the barbaric ways these people were tortured and killed. Just make the long story short, at least say sorry. That’s what majority of people want to read now.
    Reply
  19. လှိုင်ရွှေခင် April 8, 2012
    သေချာတာကတော့ နအဖထောက် လှမ်းရေးရဲ့ လက်ထဲမှာ မြောက်ပိုင်းကိုသူတို့  လွှတ်လိုက်တဲ့သူလျှိုတွေမှတ်တမ်းကရှိနေမှာပါ။
    ဒေါက်တာအောင်နိုင်ထုတ်ပြန်ချက်ထဲမှာ ဖတ်လိုက် ရတဲ့ မြောက်ပိုင်း ကျောင်းသားတပ်မတော်ဖြိုခွဲဖို့ စစ်ဆင်ရေးwave ရေလှိုင်းစစ်ဆင်ရေးဆိုတာ ကိုခြေရာကောက်ကြည့်သင့်ပါတယ်။ အဲဒီ ရေလှိုင်းစစ်ဆင်ရေးဆိုတာ အဲဒီအချိန်နအဖထောက်လှမ်းရေးစီစဉ်ခဲ့တာ ရှိခဲ့လား၊မရှိခဲ့ဘူးလားဆိုတာ တချိန်ကျရင်တော့ အားလုံးသိလာကြရမှာပါ။
    ၁၉၉၁- ၉၂ ခုနှစ်ကာလက နယ်စပ်ဒေသ တစ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်ထဲကို ကုန်သည်ပုံစံ သွားရောက်ပြီး သတင်းယူရတဲ့ NIB ရုံးက ဗိုလ်ကြီးအဆင့် အရာရှိ တယောက်ပြောပြ တဲ့စကားကတော့စိတ်ဝင်စားဖို့ ကောင်းပါတယ်။
    ”ညီလေး၊ အဲဒီအကြောင်း မပြောပါနဲ့ကွာ၊ အသဲနာလို့ပါ၊ ရန်သူ့စခန်းနဲ့ အနီးဆုံးရွာမှာ MI က မွေးထားတဲ့ သတင်းပေးက ငါတို့ကိုအဲဒီဖြစ်စဉ် မဖြစ်ခင် (၅)လလောက်ကတည်းက ကြို သတင်းပေးတယ်၊ ရန်သူ့စခန်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်၊ အချင်းချင်း ဖမ်းလားဆီးလား ဖြစ်နေ တယ်လို့ ပြောတယ်၊ ငါတို့က အဲဒီအချိန်က `ဂဲ(ဂဲလုံး)´(ကျောက်စိမ်း မှောင်ခို) သယ်ဖို့ပဲ စိတ်ဝင်စား တယ်၊ ထောက်လှမ်းရေး
    ဆိုရင် အမေးအမြန်း လုပ်လို့ မရဘူး၊ ငါတို့ကို လူတိုင်းက ကြောက်နေရတာ၊ ရန်သူ့စခန်းထဲ ထိုးဖောက် ၀င်ရောက်ပြီး လှုပ်ရှားတယ်ဆိုတာ ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေ လျှောက်ကြည့်ပြီး သူတို့ဘာသာသူတို့ တောင် ထင် မြောက် ထင် လျှောက်ထင်နေတာ၊ သူတို့အုပ်စု လိုက် ပြေး လာတော့ လမ်းမှာ တရုတ်ရဲနဲ့ ပက်ပင်း တိုးပြီးတရုတ်ရဲ အဲဒီသူတွေကို ဒို့ဆီအပ်မှ ဒို့လည်း သိရတာ၊ အဲဒီလောက်ဖြစ်နေမှန်း ငါတို့ရော MI ပါ ထင်တောင် မထင်ထားဘူး၊ ဒါနဲ့ အထက်က ရန်သူ့သတင်း ဘာကြောင့် ကြိုမရသလဲ ထုချေလွှာတင်ခိုင်းတော့၊ ဂျူတီကျ(တာဝန်ကျ) တဲ့သူက တစ်ရစ်လျှော့၊စခန်းထိုင်က နယ်ပြောင်းရတယ် ညီလေး …
    အပြည့်အစုံကိုတော့ အောက်ကလင့်မှာဖတ်ကြည့်ကြပါ။
    http://8-8-88.blogspot.com/2012/01/blog-post_5750.html
    Reply
    • ဟေ့ကောင် NIBကို မစော်ကားနဲ့ကွ
      Reply
      • ကျောင်းသားသစ် April 9, 2012
        NIB ဟာ စော်ကားလောက်တဲ့အဆင့်ရှိလို့လား???
        Reply
      • R35 myo April 9, 2012
        (ကျောက်စိမ်း မှောင်ခို) သယ်ဖို့ပဲ စိတ်ဝင်စား တယ်…
        100% မှန်သည် …
        Reply
  20. ကိုလင်း April 8, 2012
    ခင်ရွှေလှိုင်ရေညည်းရေးတာက ရှင်းမလိုလိုနဲ့ ပြန်ပြီးရှုတ်သွားတယ် ချပြလေမမြင်လေဘဲ ကိုအောင်မိုးဝင်းရေးတာ ပြီးတော့ နန်းအောင်ထွေူးကြည်ရေးတာ တော်တော်လူသိများနေပါ ပြီ တော်တော်ရှင်းနေပါပြီ မျက်နှာဖုံးတွေ ကွာနေပါပြီ နင်ရေးမှပြန်ရှုပ်တော့မယ်။။
    Reply
    • ကြည့်ပြော April 9, 2012
      ပြဿနာတွေကို တစ်ဘက်တည်းက ပြောတာနားထောင်ရတာထက် နှစ်ဘက်စလုံး ပြောတာ နားထောင်ရတာ ပိုကျေနပ်စရာကောင်းတယ်ဗျ
      Reply
  21. စပိုင်ချစ်သူများ April 8, 2012
    မခင်ရွှေလှိုင်လေသံပြောင်းလာတယ်၊အစကအဲသ လိုရေးရင်တမျိုးပေါ့လေ၊မျိုးဝင်းနဲ့သံချောင်းလိုဦးနှောက်နည်းတဲ့သူတွေကိုကိုးကွယ်ခဲ့ပြီးမှကိုထွန်းအောင်ကျော်တို့(၁၅)ဦးခေါင်းဖြတ်သတ်တာကိုကိုယ်တိုင်ကိုယ်ကျမြင်တွေ့လို့တဲ့မင်းရဲစိတ်ဓါတ်ကိုတော့နားလည်ထားပြီးသားမို့ အလိုတူအလိုပါဖြစ်ခဲ့တယ်မဟုတ်လား၊ အားလုံးကအကြောက်တရားအောက်မှာဟုတ်ပါတယ်လို့ထွက်ချက် ပေးခဲ့ရတဲ့အပေါ်မင်းနားလည်မှုမပေးခဲ့ဘူးဆိုတာငါတို့သိနေပြီးသားပါ၊ကိုအောင်နိုင်ကငါ့အလှည့်ကျရင်ငါလည်းအသားအနာမခံဘူးပြောခဲ့တုန်းကမင်းငြိမ်ပြီး နေခဲ့တယ်မဟုတ်လား၊ အခုဟာကစပိုင် ဟုတ်ခြင်းမဟုတ်ခြင်းကအဖြေမဟုတ်ဘူး၊အစုလိုက် အပြုံလိုက်သတ်တာကအဓိကကျတာပါ၊
    Reply
    • မခင်ရွှေလှိုင် ပေါက်တက်ကရတွေမပြောဘာနဲ့ ။ခဗျားပြောနေရင်ပေါ်ကုန်လိပ့်မယ်။ခဗျားတို့ ခေတ်တုန်းကလိုမဟုက်ဘူး..အသိပညာရှိတယ်…အတွေးအခေါ်ရှိတယ်..တရခံဟာ..ခဗျားဖြစ်နိုင်တယ်..
      Reply
  22. ကိုကိုကျော် April 8, 2012
    ‘ လုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက သူတို့မှားခဲ့ရင် အဲဒီအမှားအတွက် ကြိုးစင်တက်မယ်ဆိုတာ လုပ်ကတည်းက ပြောထားကြ ပြီးသား။ အဲဒီအတွက်တော့ စိတ်ပူနေစရာ အကြောင်းမရှိပါ။ လုပ်ရဲရင် ခံရဲကြပါလိမ့်မယ်။”
    ဒါဆိုလည်း အောင်နိုင်၊ ဒူးဝါးလှဆိုင်း၊ ကချင်ကျော်ကျော်၊ လှဋ္ဌေး တို့အားလုံးကြိုးစင်တက်ဖို့အသင့်ဖြစ်ပြီပေါ့နော်။ ကျနော့အိမ်မှာ ကြိုးကျစ်နေပါတယ်။
    Reply
  23. မိမူးပွင့် April 8, 2012
    “မြောက်ပိုင်းကိုတာဝန်ခံခဲ့တဲ့ ဗဟိုရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင် တွေ၊ မြောက်ပိုင်းဗဟို ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ ကိုအောင်နိုင်နဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေ အားလုံးသက်ရှိ ထင်ရှားရှိနေကြစဉ် ဒီကိစ္စတွေကို ကိုယ်ပါဝင်ခဲ့တဲ့အပိုင်းကနေ ပြန်လည်သုံးသပ်ကြပြီး ကိုယ်ပါဝင်လုပ်ဆောင်ခဲ့တဲ့အပိုင်း နဲ့ပတ်သက်ပြီး တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်တယ်လို့ပဲ ကျမမြင်ပါတယ်။”
    Reply
    • မမူးပွင့် …သူတရခံဖြစ်မယ် …ခင်ညွှန့် လိုလုပ်နေပြီ..အပစ်ကိုဖုံးချင်လို့ ..အောင်သောင်းဆီကသင်္ကန်းယူတာဘယ်သူလဲလို့ မေးရင်..ဘယ်သူသိလဲ..စိုးဝင်းကိုအမိန့် ပေးတာဘယ်သူလဲ..ဗိုလ်မှုးမိုးသူကို အမိန့် ပေးပြီး အမေစုကိုတားခိုင်းတာဘယ်သူလဲ..ပြည်သူတွေသိတယ်..ဒီပဲရင်းက ပြည်သူတွေပိုသိတယ်..မုံရွာထောင်က..ထောင်သားတွေသိတယ်..ကျွန်တော်လဲမှက်မိနေတယ်…အသားထဲကလောက်ထွက်တယ်တဲ့ ..အမေပြောဘူးတယ်..
      Reply
  24. ဦးသန်းဝင်း April 8, 2012
    ပြည်တွင်းကို ထွက်ပြေးသွားတဲ့သူတွေက သူတို့ဟာ ထောက်လှမ်းရေးမဟုတ်ကြောင်း တရားဝင်ရှင်းကြဖို့အတွက် စာထုတ်ခဲ့တာ ဖတ်ခဲ့ရပါတယ်။ မြောက်ပိုင်းလူသတ်မှုမှာ တာဝန်ရှိခဲ့သူတွေကဘာလို့မရှင်းပဲ ငြိမ်နေတာလဲ။ ခင်ရွှေလှိုင်ကို ကြည့်ရတာ စာမဖတ်ဘူး။ ပြည်တွင်းမှာ ဗကသ တွေ ဘာလုပ်နေတယ် ဆိုတာလည်း သိပုံမရပါဘူး။ စိတ်ညစ်စရာကြီးနော်။
    Reply
  25. မန္တလေးသူ April 8, 2012
    ခင်ရွှေလှိုင်ရေ- ကျောင်းသားတွေကို ခေါင်းဖြတ်သတ်ရမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့သူတွေရဲ့နာမည်တွေကို တင်ပေးပါအုံး။ ငါ့အထင်တော့ ဒီလောက်မိုက်ရူးရဲနိုင်၊ ဥနှောက်မရှိတဲ့ကောင်တွေကြားကို စစ်ထောက်လှမ်းရေးက လာမွှေစရာတောင်မလိုဘူး။ နင့်ဟာတွေကလည်း ဖတ်ရင်းဖတ်ရင်းနဲ့တောင်ရောက်မြောက်ရောက်၊ အဓိကသိချင်တာက ဒီလောက်လူမဆန်တဲ့နှိပ်စက်သတ်ဖြတ်မှုလုပ်ရပ်ကို မှားသလားမှန်သလားဖြေပေးပါ။
    Reply
    • တောင်သာသား April 8, 2012
      “ဒီလောက် လူမဆန်တဲ့ နှိပ်စက်သတ်ဖြတ်မှု လုပ်ရပ်ကို မှားသလားမှန်သလား ဖြေပေးပါ။”
      - ကောင်းပြီ – မှားတယ်။ ကဲ ကြေနပ်ပြီလား။
      “ဒီလောက် ကျယ်ပြန့်တဲ့ အဖြစ်ပျက်နဲ့ အဆင့်ဆင့် ပတ်သက်မှုတွေ ရှိနေခဲ့တာကို လူသတ်တာတစ်ခုပဲ ရည်ရွယ်ချက်ရှိရှိနဲ့ ကွက်မေးနေတာဟာ ရိုးသားသလား မရိုးသားဘူးလား ဖြေပေးပါ။”
      - အေး မရိုးသားဘူး။ ဟုတ်ပြီလား။
      Reply
      • အမှန်တရား April 9, 2012
        မှန်တယ်ကိုယ့်လူရေ ။ ဒေါ်ခင်ဆွေလှိုင်ပြောနေတာတွေက သိပ်ကျယ်ပြန့်တယ် လူသတ်မှုတစ်ခုတည်းကို ကွက်ပြောနေတာ မရိုးသားဘူး ။ လူမဆန်စွာသတ်ဖြတ်ခဲ့တာ မှန်သလား – မှားသလား မေးနေစရာတောင်မလိုဘူးထင်တယ်
        Reply
No comments:
Post a Comment