Wednesday, August 1, 2012

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၈)

ရဲဘော်ထွန်းအောင်ကျော် (မပ)
အထဲကို ပြန်ဝင်ခဲ့ချိန် မန္တလေး လှုပ်ရှားမှု ခေါင်းဆောင်တဦး ကျမရဲ့အမြင်ကို တောင်းခံလာခဲ့စဉ်က “အခုအချိန်မှာ ဘယ် သူ့ကိုမှ ဘာမှ ရေးမပေးနိုင်ဘူးလို့” ဖြေခဲ့ပေမဲ့ တချိန်ချိန်မှာတော့ ကျမနေရာ ကျမရဲ့ထောင့်ကနေ ကျမရဲ့အမြင်ကို ရေး ကို ရေးပေးရမဲ့တာဝန် ကျမမှာ ရှိပါတယ်။ ကျမထောင့်ကနေ ကျမ အမှန်တကယ် မြင်ရ ကြားရ သိခဲ့ရတာတွေကိုသာ ရေးရတာဖြစ်လို့ အားလုံးက ဖြစ်စေချင်နေတဲ့ဆန္ဒတွေ ပြည့်ဝမှာမဟုတ်တာ သေချာသလို ၀တ္ထုဇာတ်လမ်းရေးနေတာလည်းမဟုတ်လို့ အချိတ်အဆက် မိချင်မှ မိပါလိမ့်မယ်။
ကျမ မသိလို့ အချိတ်အဆက်မမိဘဲ ကျန်နေရစ်တဲ့ ကွက်လပ်လေးတွေကို အမှန်တရား တကယ်လိုလားတဲ့ မြောက်ပိုင်း ရဲဘော်ရဲမေတွေထဲက သိရှိနေသူတွေရှိခဲ့ရင် တာဝန်ကိုယ်စီယူပြီး ၀ိုင်းဝန်း ဖြည့်စွပ်ပေးနိုင်ခဲ့ရင်တော့ ပြီးပြည့်စုံတဲ့ ဇာတ် လမ်းတပုဒ် ပုံပေါ်လာမှာပါ သေချာပါတယ်။ အမှန်တကယ်ပါဝင် ပတ်သက်ခဲ့တဲ့ မြောက်ပိုင်း ရဲဘော်ရဲမေတွေအားလုံး ပြန်လည်စဉ်းစား သုံးသပ်ကြည့်နိုင်ကြတယ်ဆိုရင် ကျမ ကျေနပ်ပါပြီ။
အစကတည်းက အတွင်းကျကျ အနေအထားမှာ ပါဝင်ခဲ့ရသူတဦး မဟုတ်သလို ဘယ်လိုတွေ စစ်ဆေးမေးမြန်း ခဲ့ကြ တယ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦး မဟုတ်ဘူးလို့ ရေးခဲ့ပြီးသားပါ၊  ကျည်ဆံကို အသုံးမပြုပဲ ဘာကြောင့်ဓါးကို အသုံးပြုခဲ့ကြတာလဲ။ ဘာကြောင့် အဲဒီလောက်တောင် ရက်ရက်စက်စက် စစ်ဆေးမေးမြန်းခဲ့ကြတာလဲ ဆိုတာကတော့ တာဝန်ရှိတဲ့ လုပ်ခဲ့ကြတဲ့သူတွေကိုယ်တိုင် တာဝန်ခံဖြေရှင်းရမဲ့ အပိုင်းလို့ပဲ ကျမ မြင်ပါတယ်။
ဒီလောက်ရက်ရက်စက်စက် လုပ်ခဲ့ကြတာမှန်ရင် ဒီလိုလုပ်ရပ်မျိုးတွေကိုတော့ ကျမတဦးတည်းအနေနဲ့ လက်မခံနိုင်ပါ၊ ရက်ရက်စက်စက်လုပ်ခဲ့တာတွေကို ကိုယ်တိုင်မမြင်တွေ့ခဲ့ရတဲ့အတွက် ချရေးထားခြင်းမရှိသလို လုပ်ခဲ့တဲ့သူတွေကို အဲဒီ လိုလုပ်ခဲ့ကြတဲ့အပေါ် ကာရေးထားခြင်းမျိုးလည်း လုံးဝမရှိပါ။ ဒါပေမဲ့ ဒီလူတွေဟာ လူသတ်တာတခုတည်း လုပ်ခဲ့ကြသူ တွေမဟုတ်ပဲ ဒါတွေ ဒါတွေကိုလည်း လုပ်ခဲ့တဲ့သူတွေ ဆိုတာလည်း သိဖို့တော့ လိုပါတယ်။
တရားခံတွေနဲ့ ပတ်သက်ပြီး ရိုက်ထားခဲ့တဲ့ ဗွီဒီယိုခွေကို လက်ချာဟောမှာ ရဲဘော်ရဲမေတွေကို ပြသခဲ့ပေမဲ့ ရိုက်နှက်စစ် ဆေးမေးမြန်းထားတဲ့ စစ်ဆေးချက်တွေအပေါ် အယုံအကြည်မရှိခဲ့တဲ့အတွက် ကျမသွားမကြည့်ပါဘူး၊ ဒါပေမဲ့ ကျမအနေ နဲ့ ဒါတွေကို အစီစဉ်ရှိရှိလုပ်သွားခဲ့ကြတယ်လို့ပဲ ယုံကြည်ထားပါတယ်၊ ကျမ သံသယဖြစ်ခဲ့တဲ့ လူတချို့ကလွဲရင် ကိုထွန်း အောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်၊ ကိုရဲလင်း၊ ကိုမိုးကြီး၊ ဘိုဘို၊ ၀ဏ္ဏဇော်၊ နန်းစော၊ ကိုမြင့်သိန်း ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေ့ကအစ အောက်ခြေက ရဲဘော်ရဲမေတွေအဆုံး ဘယ်သူ့ကိုမှ ရန်သူ့သူလျှိုတွေလို့ ဘယ် တုန်းကမှ ကျမ မသတ်မှတ်ခဲ့ လက်မခံခဲ့ပါဘူး။ နောက်ပိုင်းမှာ ထောင်ဘက်ကို သွားလာခွင့်တွေရတော့ ကျမ မကြာခဏ ရောက်တတ်တာလည်း ရန်သူ့သူလျှိုတွေလို့ ကျမ ဘယ်လိုမှ လက်မခံခဲ့လို့ပါ၊ ကိုမြင့်သိန်းက အန္တရာယ်ရှိတယ် မလာ ခိုင်းနဲ့တော့လို့ နန်းစောကို ပြောခိုင်းခဲ့တာလည်း ကျမ မမေ့ပါဘူး။
ကျမအနေနဲ့ ဘာကြောင့် ဒီလိုဖြစ်ပျက်သွားခဲ့ရတာလဲဆိုတဲ့ အကြောင်းအရင်းအမှန်နဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ လူတွေအား လုံးရဲ့အမြင်တွေကို အမှန်တကယ် သိချင်ပါတယ်။ ပြောရမယ်ဆို ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့ထက် မြောက် ပိုင်းမှာ ကိုမျိုးဝင်းနဲ့ ကိုသံချောင်းတို့က ရဲဘော်တွေကြားမှာ သြဇာအာဏာ ရှိပြီးသားပါ လုစရာနောက်ထပ် ဘာအာဏာ ရှိနေလဲ၊ ကိုမျိုးဝင်းက ဒေသစွဲကြီးလွန်းလို့ အညှိုးကြီးလို့ လုပ်တယ်ဆိုလည်း ကိုမျိုးဝင်းတယောက်တည်း လုပ်ချင်တိုင်း လုပ်လို့ ရနေသလား။ တခြားဗဟိုကော်မတီတွေကရော။ ကိုမျိုးဝင်း ဒေသစွဲကြီးကြောင်းပြဖို့ မိုးညှင်း။ မိုးကောင်းက လူ တွေကို တမင်ချန်ထားပေးခဲ့တာရော မဖြစ်နိုင်ဘူးလား။
ဒီလောက်လူတွေ အများကြီး ရန်သူ့သူလျှိုတွေ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ တာဝန်ရှိခဲ့သူတွေက ဘာကြောင့် အခုမှပဲ စဉ်း စားမိခဲ့ကြတာလဲ။ ဖြစ်ပျက်ခဲ့စဉ်တုန်းက အဲဒီလို မစဉ်းစားမိခဲ့အောင် ခိုင်လုံပါတယ်ဆိုတဲ့ ဘယ်အကြောင်းတွေက သူတို့ ကို တွန်းပို့ပေးခဲ့တာလဲ။ ဒါကို ကျမ သိချင်ခဲ့တာပါ။
ကိုထွန်းအောင်ကျော်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) ကို အဲဒီညမှာပဲ ကေအိုင်အေက လာခေါ်ထုတ်သွား ပြီး ဧည့်ခမ်းဆောင်မှာ ထားခဲ့တယ်လို့ ကိုညီညီရဲ့ ကျမအပေါ်တုံ့ပြန်ချက်မှာ ရေးထည့်ထားတာကို တွေ့ရတယ်။ မဟာ မိတ်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ဟာ ဘာတွေဘာတွေကို ဘယ်လို ဘယ်လိုတွေ အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်လို့ ဂုဏ်ယူပြောကြားခဲ့တဲ့ ကိုညီညီရဲ့အကို ကိုမောင်မောင် (ရွှေကရဝိတ်) ပြောခဲ့တဲ့ စ ကားတွေအရဆို ကေအိုင်အေက ခေါ်ထုတ်သွားရမှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို မဟုတ်လား၊ ဘာကြောင့် သူရဲ့ညီ ကိုညီညီ ဖြစ်နေရတာလဲ။
ကေအိုင်အေအတွက် ယူဂျီလုပ်ငန်းတွေ လုပ်ပေးခဲ့လို့ဆိုရင်လည်း ကိုမောင်မောင်၊ ကိုညီညီတို့ ညီအကိုထက် အဓိက တာဝန်ခံ လုပ်ပေးခဲ့သူတွေက ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး တို့ ညီအကိုပါ။
- ဘာကြောင့် သူတို့ညီအကို နှစ် ယောက်ကိုတော့ ခေါ်ထုတ်မပေးခဲ့ကြတာလဲ။
- ကေအိုင်အေရဲ့ ဧည့်ခမ်းဆောင်မှာ နေခဲ့ရပါတယ်ဆိုတဲ့ ကိုညီညီကရော ဘာကြောင့် အဲဒီအချိန်တုန်းက ကျနော့်အ သက်နဲ့လဲပြီး အာမခံရဲပါ တယ်လို့ ကေအိုင်အေ ခေါင်းဆောင်တွေကို ပြောပြ အကူအညီမတောင်းခဲ့တာလဲ။
- ဘာကြောင့် အခုမှ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့အတွက် မခံမရပ်နိုင် အသည်းအသန် ဖြစ်ပြနေရတာလဲ။ – - — ရဲဘော်ရဲဘက်ဆိုတာ သေချာရဲ့လား။
ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်တို့ကို ထိုးကျွေးခဲ့တဲ့အပြင် ဒေသအရ အချိုးချနဲ့ လူမှန်ရဲဘော်တွေ အများကြီးပါသွားခဲ့လို့ကို အစီစဉ်ရှိရှိ လုပ်ခဲ့ကြတာမဟုတ်ဘူး။ရန်သူ့သူလျှို မပါဘူးဆိုတာ ကျမ လုံးဝလက်မခံနိုင်တာပါ။ ဒါဟာ မြောက်ပိုင်းကျောင်းသားတပ် ဖြိုခွဲခံလိုက်ရတာပါ။ ဖော်ထုတ်နေစရာ မလိုဘဲ သက်သေသာဓကနဲ့တကွ ထင်ရှား စွာရှိနေတဲ့ လုပ်ခဲ့ကြတဲ့သူတွေကိုသာမက ဒါတွေဖြစ်အောင် ဖန်တီးခဲ့တဲ့ တရားခံအစစ် (ရန်သူ့လူတွေ) ကိုလည်း ကျမ တို့ ရှာဖွေဖော်ထုတ်ဖို့လိုတယ်လို့ပဲ ကျမ မြင်ပါတယ်။ မဟုတ်ရင် ကျမတို့ထပ်ပြီး အညာခံ အသုံးချခံနေကြရအုံးမှာပါ။
အခု ဒါတွေကို ဦးဆောင်ပြီး ပြန်လုပ်နေသူတွေကလည်း ဖြစ်ခဲ့စဉ်က ဒုတိယအဆင့်အနေအထားကပါဝင်ခဲ့သူတွေ သိပ် ရိုက်နှက်စစ်ဆေးစရာမလိုဘဲ အစီစဉ်တကျဖြေဆိုခဲ့သူတွေ ကိုယ်လွတ်ရုန်းပြေးနိုင်သူတွေ ဖြစ်နေပြန်တယ်၊ ဒါလည်း ကျမတို့ ထည့်တွက်ရမဲ့အချက်ပါ။ အခုကိုပဲ အမှန်တရားဖော်ထုတ်ဖို့ထက် ဖွချခွင့်ရလိုက်တာကိုက ရန်သူ့အတွက် အ မြတ်ဖြစ်နေပါပြီ။
နန်းစော၊ နန်းအောင်ထွေးကြည် တို့နဲ့ ဖုန်းပြောတိုင်းလည်း “ရန်သူ့လူတယောက်မှ မပါဘူးဆိုတာ လက်မခံဘူး၊ နှစ်ဘက် စလုံးမှာ ရှိနိုင်တယ်” ဆိုတဲ့ ကျမရဲ့အမြင်ကို ပွင့်ပွင့်လင့်လင်း ပြောပြီးသားပါ။ ကိုထွန်းအောင်ကျော်ကို ထိုးကျွေခံခဲ့ရတာ လို့ပဲ ကျမ ယူဆတယ်လို့ ပြောပြတော့ နန်းအောင်ထွေးကြည်ကိုယ်တိုင် “အေး ငါလည်း အဲဒီလိုပဲ ထင်တယ်” လို့ ပြန် ပြောခဲ့တယ်။ နန်းအောင်ထွေးကြည် ကိုယ်တိုင် အစပိုင်းက ရေးခဲ့တဲ့မှတ်တမ်းမှာ ရန်သူ့လူရှိရင်လည်း နှစ်ဘက်စလုံးမှာ ရှိနိုင်တာပဲလို့ ရေးခဲ့တာလည်းရှိပါတယ်။
ကျမရေးတဲ့စာ အပိုင်း (၂) ကို တင်လိုက်ပြီးတဲ့နောက်မှာ နန်းအောင်ထွေးကြည် ကျမကို ဖုန်းဆက်လာတယ်။ သူနဲ့ကျမ အပြန်အလှန်ပြောခဲ့ကြတာလေးတွေ ကျမ တင်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (၅) နှစ်စီမံကိန်းက ဥက္ကဋ္ဌ သံခဲ ရဲ့ မိန်းမ ကျမ လုပ်ခဲ့တဲ့ဇာတ်လမ်းပါ ကျမအသိဆုံးပဲဆိုပြီး ရေးထည့်ထားတော့ မသိတဲ့သူတွေ ရှုပ်ကုန်မှာစိုးလို့ပါ။ နန်း အောင်ထွေးကြည် ကျမကို ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျမထည့်ရေးခဲ့တာတွေ မှန်သမျှ သူပြောခဲ့တဲ့စကားတွေပါ အပိုမပါပါဘူး၊ သူပြောခဲ့တာမဟုတ်ပဲ ကျမဘာသာ ကျမရေးခဲ့တာဆိုရင် သူအချိန်မရွေး ကျမဆီကို ဖုန်းဆက်ပြောနိုင်ပါတယ်၊ ကျမ အဆင်သင့်ရှိနေပါတယ်။
(အေဘီမှာ ရဲမေနဲ့ အိမ်ထောင်သည် ကွာခြားချက်က ဒီလိုပါ ရဲမေက အဖွဲ့အစည်းအဝေးတွေ ဘာတွေ တက်ပိုင်ခွင့် ၀င် ရောက်ဆွေးနွေးပိုင်ခွင့် ဗဟိုကော်မတီတွေမှာ ရွေးခြယ်တင်မြောက်ပိုင်ခွင့်တွေ ရှိပါတယ်၊ အိမ်ထောင်သည်က အဲဒီအ ခွင့်အရေးတွေ မရှိပါဘူး၊ လွတ်ကင်းအောင်လို့ အိမ်ထောင်သည်ကို ရွေးလိုက်ပါတယ် “ကိုသံခဲက တဖွဲ့လုံးကို ရှာကျွေး နေရတယ်လို့” ကျမက ပြောခဲ့တယ်ဆိုပါလား။ ဘယ်သူ့ကို ကျမ ပြောခဲ့တာလဲ။ ပြန်ပြောပြခဲ့တဲ့သူရဲ့ နာမည်လေး သိချင် လိုက်တာ။ လောကမှာ ကျောချစရာလူတွေ ဒီလောက် ပေါရသလား။ ဘယ်ဘက်ပြေးပြေး ပြေးမလွတ် ပါပဲ။)
၅ နှစ် စီမံကိန်းဆိုတာ ဒီလိုပါ (အခုနေ ပြန်တွေးကြည့်ရင် ရယ်စရာပါ)။ ရဲမေဆောင်မှာ ရည်စားထားကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျမရဲ့အမြင်ကို ကျမပြောခဲ့တယ်၊ တောထဲသွားတဲ့ မိန်းကလေးတွေကို မြို့မှာရှိတဲ့ လူတွေက အစိုးရ၀ါဒ ဖြန့်ထားတဲ့ “ပါပီမ” ဇာတ်ကားထဲကလို သူပုန်စာလေးတွေလို့ ထင်မြင်ခဲ့ကြတဲ့အပေါ် ငါတို့က အဲဒီကိစ္စအတွက် လာခဲ့ကြ တာမဟုတ်ဘူး။ မိဘကွယ်ရာမှာနေကြပေမဲ့ ငါတို့ကိုယ်ငါတို့ ထိမ်းသိမ်းနိုင်တယ်ဆိုတာကို ပြရမယ်။ တော်လှန်ရေး ရေတို ကာလ (၅) နှစ်အထိ ရည်းစားမထားသင့်ဘူးလို့ ကျမကပြောတော့ နန်းအောင်ထွေးကြည် နဲ့ ရဲမေအငယ်တချို့ကပါ ထောက်ခံပြောဆိုခဲ့တယ်၊ (၅) နှစ်ကျော်ရင်တော့ ရေရှည်ဖြစ်သွားပြီမို့ ကြိုက်တာလုပ်လို့ ပြောခဲ့တယ်။
ဒါနဲ့ ကျမက စာရွက်တရွက်ယူပြီး နန်းအောင်ထွေးကြည်ကို လက်မှတ်ထိုးခိုင်းလိုက်တယ်။ နောက်မှ စာတွေဖြည့်ရေးပြီး ကျမတို့ ရည်းစားမထားရေးစာချုပ် လက်မှတ်တွေထိုးပြီးချုပ်ခဲ့ကြတယ်။ အဲဒီမှာ ဥက္ကဋ္ဌ နန်းအောင်ထွေးကြည် အတွင်း ရေးမှူးက ကျမ၊ နန်းစော၊ သင်းသင်း၊ မှိုင်းဝေ၊ မခါးတို့တော့ပါတယ်၊ အန်း၊ ထက်ထက်၊ အီးတီ ပါမပါတော့မသိဘူး သူတို့ ကကြိုက်တဲ့သူများတယ်၊ ကျန်တာ မမှတ်မိတော့ဘူးတို့က အဖွဲ့ဝင်တွေ၊ (၅)နှစ်မပြည့်ပဲ ရည်းစားထားရင် ဥက္ကဋ္ဌက ထင်း ငါးကား၊ အတွင်းရေးမှူးက ထင်းသုံးကား၊ အဖွဲ့ဝင်တွေက ထင်း (၂) ကား အဆောင်အတွက် ထင်းကားပေးရမယ်။ နောက်ဆုံးတော့ ငါးနှစ်မပြည့်ခင် ကျမနဲ့ နန်းအောင်ထွေးကြည် နှစ်ယောက်ပဲ ကျန်ခဲ့တာပါ၊ အငယ်တွေက ရည်စားတွေ အလျှိုလျှိုနဲ့ ဖြစ်ကုန်တယ်။
ကျမ သြစတေားရီးယားရောက်စက နန်းအောင်ထွေးကြည် ဖုန်းဆက်လာချိန်မှာ ကျမသူ့ကို ကျမနဲ့ပတ်သက် ပြီး အရိုက် ခံရဖူးလား မေးကြည့်ဖူးပါတယ်။ မင်းနဲ့ပတ်သက်ပြီး သိပ်တော့ မခံရဘူး။ တချက်နှစ်ချက်လောက်ပဲ။ အသေးလေး (စိုးစိုးလွင်) ကတော့ ရေရေလည်လည် ခံရတယ်။ ကျောင်းသားထောက်လှမ်းရေးက “ခင်ရွှေလှိုင်နဲ့ မင်းနဲ့ (၅) နှစ်စီမံ ကိန်းဆိုတာ ဘာလဲ” လို့ မေးတော့ အဲဒါသူက “၅ နှစ်အတွင်းမှာ ကျမနဲ့ချိတ်တဲ့သူ ရောက်လာမှာမို့ ခင်ရွှေလှိုင်များ ဖြစ် နေမလားလို့ ရှာကြည့်တာပါ မဟုတ်ဘူး ဖြစ်နေတယ်” လို့ ဖြေခဲ့တာကို ပြောချင်တာပါ။
ကိုအောင်မိုးဝင်းကလည်း ကျမကို အရိုက်ခံကာကွယ်ရင်းရခဲ့တဲ့ ဇာတ်လမ်းပါဆိုပြီး အတင်းကြီး လိုင်းတင်နေပြန်တယ်။ ကျမက အဲဒီလောက်အရေးပါတဲ့သူ မဟုတ်ပါဘူး၊ တကယ်အရိုက်ခံရပြီး ကျမကို ကာကွယ်သွားတဲ့ သူတွေကို ကျမ တွေးကြည့်နိုင်ပါတယ်၊ အဲဒီလူတွေက အောက်ခြေက ရဲဘော်ရဲမေတွေပါ။ ရန်အောင် (မန္တလေး၊ အသတ်ခံရ)၊ မခင်ချိုဦး (ရန်ကုန်။ အသတ်ခံရ)၊ နန်းစောနဲ့ ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေပါ။ မခင်ချိုဦးနဲ့ ကျမ တခါတလေ တခုခုလုပ် စားပြီး စကားလက်ဆုံကြတဲ့အချိန် ကြောင် (ခ) ကိုကျော်နိုင်ဦးလည်း ရောက်ရောက်လာတတ်လို့ အရိုက်ခံကာကွယ် ပေးတဲ့ထဲမှာ သူလည်း ပါနိုင်ပါတယ်။ “မင်းကို မျက်မြင် သက်သေအဖြစ် ချန်ထားဖို့ အားလုံးက ၀ိုင်းကာထားကြတယ်” လို့ အဆောင်ရှေ့မှာ ကျမကို ပြောခဲ့သူပါ။
ကျမ အမြင်အရဆို လူကြီးပိုင်းအတော်များများကို ဆွဲထည့်ဖြေခဲ့ရတဲ့ နန်းအောင်ထွေးကြည် အနေနဲ့ ကျမထက် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို အရိုက်အနှက်ခံပြီး ကာကွယ်ပေးခဲ့ရလို့ ရခဲ့တဲ့ဇာတ်လမ်းပါဆိုရင်တော့ ကျမ ချွင်းချက်မရှိ လက် ခံပါတယ်။ အပွင့်လင်းဆုံး ပြောရကြေးဆိုရင် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကိုယ်တိုင်တောင် နန်းအောင်ထွေးကြည်ကို မယုံကြည်ခဲ့ပါဘူး၊ နန်းအောင်ထွေးကြည်ကို သိပ်ရိုက်နှက်စစ်ဆေးစရာမလိုဘဲ သူ့ဘာသာသူ ဖြေခဲ့တယ်ဆိုတာကို ကျမ ကြားထားပြီးသားဖြစ်သလို အဲဒီအချိန်က အဖမ်းမခံရသေးတဲ့ ကိုရဲလင်း၊ ကိုညီညီကျော်တို့ ဗဟိုကော်မတီဝင်တွေလည်း ကြားကြသိကြမှာပါ။
နန်းအောင်ထွေးကြည် ရဲ့ ကိုကြီး (ကိုထွန်းအောင်ကျော်) ချင်း ထပ်နေတဲ့ အလွမ်းစာလေးကိုဖတ်ရတော့ ကျမ အတွက် တော့ ခံစားမှုက တမျိုးကြီးပါ။ နန်းစောရေ ငါတို့ရဲ့ကိုကြီးက အခုတော့ နန်းအောင်ထွေးကြည်ရဲ့ ကိုကြီးဖြစ်သွားပြီလို့ အော်ပြောလိုက်ချင်တဲ့အထိ။ (ကျမနဲ့ နန်းစောနဲ့က ဆေးသင်တန်းမတက်ခင်ထိ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ရဲ့တဲမှာ အမြဲမပြတ်ရှိနေတတ်တဲ့ ရဲမေနှစ်ယောက်ပါ။ လူကြီးတွေအားလုံးထဲမှာ ကျမတို့နှစ်ယောက် အချစ်ခင်ဆုံးက ဥက္ကဋ္ဌ ကို ထွန်းအောင်ကျော်ပါ။)
ကျမတို့ မန္တလေးသူ မန္တလေးသားတွေ နှုတ်ကျိုးနေတဲ့ ကိုကြီး (ကိုထွန်းအောင်ကျော်) ဆိုတဲ့ အခေါ်အဝေါ်ကို တောထဲ ရောက်တာနဲ့ “ဥက္ကဋ္ဌ” ဆိုပြီး ကျမတို့ ပြောင်းခေါ်ခဲ့ရပါတယ်။ တောထဲမှာဆုံခဲ့ပြီး ထောင်ထဲမှာလည်း စကားပြောခွင့် မရ ခဲ့တဲ့ နန်းအောင်ထွေးကြည် က ဘယ်အချိန်မှာများ “ကိုကြီး” လို့ ခေါ်ခဲ့ဖူးလိုက်တာလဲ တမျိုးတော့ တမျိုးလေးပါပဲ။ နန်း အောင်ထွေးကြည် ပြောပြချက်အရ အဖမ်းခံထားရစဉ်က လက်နက်တွေ၊ အဆိပ်တွေ ထုတ်ပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး သူ တို့အချင်းချင်း ဆွေးနွေးခိုင်းစဉ်က တခါတည်းပဲ စကားပြောခွင့်ရခဲ့တာပါ။ အဲဒီအချိန်က ဥက္ကဋ္ဌ လို့ပဲ သူသုံးခဲ့တယ်လို့ လည်း ပြောဖူးပါတယ်။)
အမှန်တကယ် အသေအလဲခံခဲ့ရတဲ့ သူတွေက စစ်ကြောရေးမှာ သေဆုံးသွားသူတွေ။ အသတ်ခံလိုက်ရတဲ့ သူတွေနဲ့ အောက်ခြေက ရဲဘော်အများစုပါ။ ကျမရင်ထဲမှာ ရှိနေတာလည်း ဒီလူတွေပါ။ ဒီလူတွေအတွက်ပဲ တရားခံအစစ်ကို သိ ချင်လို့ နာမည်နဲ့တကွ ဖြစ်နိုင်ခြေရှိတဲ့သူတွေကို လူမိုက်လုပ်ပြီး ကျမ ချရေးခဲ့တာပါ။
၁။ ကိုမျိုးဝင်း ကိုယ်တိုင်က ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်တို့ကို ထောက်လှန်းရေးလားလို့ ခေါင်း စဉ်တပ်ပြီး ရိုက်မမေးခဲ့တာ သေချာရင်၊ (ကိုမျိုးဝင်းရဲ့လူယုံ ယခုထောက်လှမ်းရေးက ကာကွယ်စောင့် ရှောက်ထားတဲ့ ဇော်ဇော်မင်းက ပထမ မိုးကောင်းမှာနေတယ်၊ စာပေးစာယူနဲ့ ကျောင်းတက်ပြီး သမ၀ါယမမှာလုပ်တယ်။ သူ့ရဲ့ ယောက် ဖကတော့ စသုံးလုံးကလို့ ကြားရတယ်။ နောက်မှ မိုးညှင်း-နမ္မားဘက် ရောက်လာပြီး ကိုမျိုးဝင်းရဲ့လူယုံ ဖြစ်လာတယ်။ ဘယ်တုန်းကမှ ရှေ့တန်းတိုက်ပွဲတွေမှာမပါပဲ အမြဲထောင့် ကပ်နေသူ။ အထဲပြန်ဝင်ပြီးနောက် ရွှေလီဘက်ကို ရောက်လာ တတ်တယ်။ ဘဲလေးတို့ လင်မယားကို အာမခံပြီး အထဲခေါ်သွားတယ်။ ကျန်တဲ့မိသားစုတွေကိုလည်း အထဲပြန်ဝင်ချင်ရင် သူအာမခံပြီး လုပ်ပေးမယ်လို့ လာပြီး ဆွဲဆောင်ခဲ့တာတွေရှိတယ်လို့ ကြားရတယ်။ အစကတည်းက ထောက်လှန်းရေးက လွတ်တဲ့သူလား။ နောက်မှ ဘက်ပြောင်းသွားတာလား စဉ်းစားစရာတခု။)
၂။ ဒုတိယအဆင့်အနေအထားကနေ အဖမ်းခံရသူတွေထဲက အစီစဉ်ရှိရှိထိုးကျွေးပြီး ကိုယ်လွတ်ရုန်းဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဆွဲထည့်ဖြေသွားခဲ့တာမျိုး မဟုတ်ဘူးဆိုရင်၊ (နန်းအောင်ထွေးကြည်၊ ကြောင်(ခ) ကိုကျော်နိုင်ဦး၊ ကိုခင်မောင်ဇော်၊ ကို ညီညီကျော်၊ ကိုညီညီ၊ ကိုမိုးကြီး၊ ကိုရဲလင်း၊ ကိုစိုးလင်း) ကိုမိုးကြီး (ရန်ကုန်၊ ကော်မတီရုံး) က လေ့ကျင့်မွန်းမံသင်တန်း မှာ ထောက်လှန်းရေးနဲ့ ပတ်သက်တဲ့ နည်းနာတွေကို ပြန်လည်ပို့ချပေးခဲ့တယ်လို့ သင်တန်းတက်ခဲ့တဲ့ မြောက်ပိုင်း ရဲမေ တဦးက ပြောခဲ့တယ်။ ကိုမိုးကြီးကို ပြန်လွတ်ပေးသူက ကိုမျိုးဝင်းကိုယ်တိုင် ဖြစ်နေတယ်။ ဘယ်ဘက်က ထောက်လှမ်း ရေးလဲ။
၃။ အစီစဉ်ရှိရှိလုပ်နိုင်ဖို့ ဖြစ်နိုင်ချေရှိသူတွေက ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော် ပဲရှိတယ်။
အပိုင်း (၂) တင်ပြီးတဲ့နောက်မှာ ကျမနဲ့ နန်းအောင်ထွေးကြည် ဖုန်းပြောခဲ့ကြပုံက ဒီလိုပါ။
(ကျမမမေးဘဲ သူဘာကြောင့် ကျမကို ဒါတွေ လာပြောခဲ့သလဲဆိုတာကိုလည်း ပါဝင်ပတ်သက်ခဲ့ကြတဲ့ ဒုတိယအဆင့် အနေအထားက အဖမ်းခံခဲ့ရတဲ့ လူမှန်ရဲဘော်တွေဆို စဉ်းစားကြည့်နိုင်မယ် ထင်ပါတယ်။ နောက်တခုက ကျမရေးတဲ့ စာ တွေကို အများထင်ထားသလို တပိုင်းစီရေးပြီး တင်နေတာမဟုတ်ပါဘူး။ ဒါတွေ စတက်လာကတည်းက ရေးနေတာမို့ ကျမ မြင်ရကြားရသိတာတွေ မှန်သမျှရေးထားပြီးသား အားလုံးကို ပို့ထားပြီး အားလုံး ၀ိုင်းဝန်းစဉ်းစားချိန်ရအောင် တပိုင်း စီခွဲပြီး တင်ခိုင်းခဲ့တာပါ။ ကျမပို့လိုက်တဲ့အချိန်မှာပဲ ကိုနိုင်အောင်ရဲ့စာက ထွက်လာခဲ့တာပါ။)
နန်း) အရွှေ မင်းမရောက်သေးပဲနဲ့ ဘာပြသနာမှ မရှိခဲ့ဘူးလို့ မင်းဘာလို့ပြောခဲ့တာလဲ။
ကျမ) ငါမရောက်သေးပေမဲ့ ကြားထားသိထားတယ်လေ။ ဒါကြောင့် ဒေသခံအုပ်စု တစုစီအတွင်းမှာရော၊ အုပ်စုလိုက်အ နေနဲ့ရော နေရာလုပွဲတွေရှိခဲ့တယ်လို့ ရေးထားတာပဲ။ ငါဘယ်အချိန်မှာ ရောက်တယ်ဆိုတာလည်း ရေးထားတာပဲ။ မင်း အသေအချာ  မဖတ်ဘဲနဲ့။
နန်း) မင်းကို ငါပြောခဲ့တယ်မဟုတ်လား။ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါ ငါလုပ်ထားတာ။ သံချောင်းကို ငါဝတ္ထုတပုဒ် ရေးပေးလိုက်တာ၊ ကိုထွန်းအောင်ကျော်။ ကိုစိုးလင်း။ ကိုရဲလင်း။ ကိုညီညီကျော်တို့ကို လည်း ငါပဲဖြေခဲ့တာ၊ မမညိုတို့ မမနှင်းမေတို့ (ကေအိုင်အေဘက် မြန်မာအမျိုးသမီး အရာရှိကတော်များ) တို့ကိုလည်း ငါပဲထည့်ဖြေခဲ့တာ၊ အဲ ဒါ ဗိုလ်မှူးပန်းအောင်နဲ့ မမညိုရဲ့ယောက်ျား ဒူခွန်နောင်တို့ရောက်လာပြီး ငါ့တယောက်တည်း သီးသန့်ခေါ်ထုတ်မေးခဲ့ တယ်။
ကျမ) ရေလှိုင်းတွေ လေလှိုင်းတွေ ငါမသိဘူး။ ငါသိတာက မင်းပြောခဲ့တဲ့လိုင်းတွေ ခွဲထားတာပဲ။ (ဒီမတိုင်ခင် ဖုန်းဆက် တုန်းက အဲဒီလိုင်းတွေအကြောင်း ကျမ ထပ်မေးခဲ့တယ်။ သူမဖြေဘဲ တခြားအကြောင်းတွေပဲ ဝှေ့လည်ချောင်ပတ် ဖြေခဲ့ တယ်။) အဲဒီလိုင်းတွေ မင်းလုပ်ထားမှန်း အခု မင်းပြောမှ ငါသိတာ။
ကိုထွန်းအောင်ကျော်ကို ဆွဲထည့်ရတဲ့ထဲမှာ မင်းပါတယ်ဆိုတာ အခု မင်းပြောမှ ငါသိတာ။ ငါသိတာက ကိုစိုးလင်းက တောင်ပိုင်းမှာရှိနေလို့ တောင်ပိုင်းမှာ ဒါမျိုးတွေ မရှိလောက်ဘူးဆိုပြီး ကိုစိုးလင်းကို မင်းထည့်ဖြေ လိုက်တယ်ဆိုတာကိုပဲ သိတယ်။
နန်း) ကျောင်းသားတပ်ကို ထောက်လှမ်းရေး ထည့်နေစရာမလိုဘူး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပိုင်ကိုင် နိုင်ရင် ပြီးသွားတာပဲ။
ကျမ) မထည့်လို့ပေါ့ မြို့မှာကတည်း တခုခုလုပ်ဖို့ ယုံကြည်ရတဲ့ လူဆယ်ယောက်စုပါတယ်။ ဘာမှ မလုပ်ရသေးခင် အ ဖမ်းခံလိုက်ရပြီ။ ဘိုဘိုတို့အုပ်စုလည်း အဲဒီလိုပဲ ခံလိုက်ရတာပဲ။ လက်နက်မကိုင်တဲ့ ဘုန်းကြီးထဲမှာတောင် ထောက်လှမ်း ရေးက ထည့်ထားတဲ့ ဘုန်းကြီး ရှိသေးတယ်။
နန်း) ထောက်လှမ်းရေးပါတယ်ဆိုလည်း ကိုမျိုးဝင်းက ထောက်လှမ်းရေး။ မဖြစ်နိုင်ဖူးလား။
ကျမ) မင်းပဲ ဒေသစွဲကြီးလို့ အညှိုးနဲ့လုပ်တယ်လို့ စွပ်စွဲထားပြီးတော့။ မင်းပြောသလို ဒေသစွဲကြီးရင် ဗမာစစ်အစိုးရ အောက်မှာ သူက ဘာလို့ ထောက်လှမ်းရေးသွားလုပ်နေမလဲ။ ဒေသစွဲကြီးလို့ အညှိုးနဲ့ လုပ်တယ်ဆိုရအောင်လည်း သူ့ တယောက်တည်း လုပ်ချင်တိုင်းလုပ်လို့ ရနေသလား။ ထောက်လှမ်းရေးက အသေခံပြီး တိုက်ပွဲဝင်မယ်တော့ မထင်ပါဘူး၊ အာဏာလုတာ ပြောရအောင်လည်း ဒီထက်မြင့်တဲ့ အာဏာလိုချင်ရင် မိုးပေါ်ပဲ တက်ကြပေတော့။ အမှန်က ကိုမျိုးဝင်း မသေရင် ကောင်းမယ်၊ သူ အဓိကရှင်းရမှာ။
နန်း) သူက လူမွေးထားတာ သန်းဇော်တို့က သူ့လူတွေပဲ၊ လုပ်ချင်လုပ်လို့ ရမှာပေါ့။ သူ သေတာပဲ ကောင်းတယ် မဟုတ် ရင် ငါအသတ်ခံနေရအုံးမယ်။
ကျမ) မင်းကို မသတ်ချင်လို့ပဲ (၁၅) ယောက်ထဲ မင်းမပါတာပေါ့။ သတ်ချင်ရင် မခင်ချိုဦးကို ဘာထည့်စရာရှိလဲ။ မင်း က မခင်ချိုဦးထက်တောင် ရာထူးပိုကြီးသေးတာပဲ။ မင်းပဲပြောခဲ့တာပဲ ကိုသံချောင်းနဲ့ ကိုမျိုးဝင်းက မင်းကို လက်ဖျားနဲ့ တောင် မတို့ဘူးဆို။ စစ်တာကြမ်းလာရင်တောင် ၀င်ကာပေးတတ်တယ်ဆို။
နန်း) အဲဒါကတော့ ငါအမှန်အတိုင်း ပြောတာ။ ငါ့ကိုလုပ်တဲ့သူက သန်းဇော်နဲ့ လဆိုင်း။ မင်းလုပ်ခဲ့တဲ့ (၅) နှစ်စီမံကိန်းဆို တာလေ၊ အဲဒါ ငါဘယ်လိုဖြေသလဲသိလား၊ အဲဒါ CS (ကိုသံချောင်း)တို့ လူကြီးတွေကို အနုနည်းနဲ့ဆွဲဆောင်ပြီး ဖြိုခွဲဖို့လို့ ငါဖြေလိုက်တယ်။
ကျမ) “မင်းငါ့ကို ပြောခဲ့တုန်းက အဲဒီလို မဟုတ်ပါဘူး။ “ဆိုပြီး သူပြောပြခဲ့ဖူးတာ ပြန်ပြောပြတော့။
နန်း) “အေး ငါကလည်း ပုံပြင်တွေများနေတော့ မမှတ်မိတော့ဘူး”။ မင်းက “ကို” တွေဘာတွေ တပ်ပြီး ဘာကြောင့် ခေါ် ခိုင်းရတာလဲ။ ငါတို့က ခံရတဲ့သူတွေ ဒီကောင်တွေ ဘာခေါ်စရာရှိလဲ။
ကျမ) မင်းကိုပြောတာမဟုတ်ဘူး၊ မင်းက ဘယ်သူ့ကိုမှ “ကို” တတ်ခေါ်တာ မဟုတ်ဘူးဆိုတာ ငါသိတယ်။ ငါပြောချင် တာက သင်းသင်း သူက ဒီလောက်ငယ်တာ၊ သူ့ကိုလည်း ကိုမျိုးဝင်းနဲ့ ကိုသံချောင်းက ဒီလောက်ချစ်တာ။ သူ့ကို အရမ်း ကြီး ထိခိုက်နစ်နာအောင်လည်း လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ငါနားထဲမှာ သူ အဲဒီလိုခေါ်တာ ရိုင်းတယ်လို့ ခံစားမိလို့။
နန်း) အေး မင်းရေးချင်ရင်လည်း မင်းမြင်ရတဲ့အတိုင်းပဲရေး။ ငါ့ဘက်ကလူတွေက ငါ့နာမည်ပါနေလို့ ဒီကောင်မကြီးကို ၀ိုင်းဆော်ရမလား လုပ်နေကြတာ။ ငါ မင်းနဲ့သွေးသောက်ထားတယ် ဆိုတာလည်း ပြောပြထားတယ်။
ကျမ) ပြသနာမရှိဘူး။ ကိုထွန်းအောင်ကျော်ကို ငါကိုယ်တိုင် ဓါးနဲ့ခုတ်သတ်လိုက်တယ်ပြောလည်း ဂရုမစိုက်ဘူး။ ကြိုးစင် တက်ရမယ်ဆိုရင်လည်း တက်လိုက်မယ်။ ငါ့ကိုထိလို့ ငါရေးနေတာ မဟုတ်ဘူး။ နန်းစောတောင် ငါရေးခိုင်း တင်ခိုင်းခဲ့ သေးတယ်။ အဖြစ်အပျက်တွေကို အမှန်အတိုင်းရေးလို့ကတော့ ဘယ်သူပဲ ရေးရေး ဘာမှပြောစရာမရှိဘူး။ ငါမသိတာ တွေ အများကြီးရှိသေးလို့ ငါလည်း စိတ်ဝင်စားတယ်။ ပါဝင်ခဲ့သူတွေ အားလုံးရေးလေ ထောင့်စုံကစဉ်းစားနိုင်လေ အား လုံးအတွက် ပိုကောင်းလေပဲ၊ ဘယ်သူ့နာမည်ပဲပါပါ အမှန်အတိုင်း ရေးဖို့ပဲလိုတယ်၊ မင်းတို့ပဲ အမှန်တရားကို ဖော်ထုတ် ဖို့ဆို၊ မင်းတို့ပြောတာကိုပဲ မင်းတို့လက်ခံတယ်ဆိုရင် အမှန်တရားက ဘယ်ကနေထွက်လာမှာလဲ၊ အစကတင်ဖို့ ရည်ရွယ် မထားဘူး။ မြောက်ပိုင်းက ရဲဘော်တွေအားလုံး သုံးစားမရသလို ပြောနေကြလို့။ လက်ရှိအဖွဲ့ကိုပဲ လာလာထိနေလို့ တင် လိုက်တာ။ မင်းကိုယ်တိုင်လည်း ငါ့ကိုရေးခိုင်းခဲ့တယ် မဟုတ်လား။ မဟုတ်တာ မမှန်တာတွေလည်း ငါရေးမှာ မဟုတ်ဘူး ငါကြားရ မြင်ရ သိရတဲ့အတိုင်းပဲ ငါရေးထားတာ မင်းစောင့်ဖတ် ကြည့်လိုက်။
နန်း) ဒါဆိုလည်းပြီးရော ငါကတော့ တဖွဲ့လုံးကို သိမ်းကြုံးမစော်ကားဘူး။ မြောက်ပိုင်းက လုပ်တဲ့သူတွေကိုပဲ နာမည်ဖော် ထုတ်ပြောတယ်။ လူ (၁၅) ယောက်သတ်တဲ့ကိစ္စ ကိုနိုင်အောင် လက်မှတ်ထိုးတဲ့ စာ ငါ့ဆီမှာရှိတယ်။
ကျမ) မင်းဘယ်က ရလဲ။
နန်း) အဲဒါမင်းမသိဘူးလား၊ ငါရေးထားတင်ထားတယ်လေ၊ ငါ ဘန်ကောက်မှာ နေတုန်းက လာလာပေးကြတာ စာရွက် တွေ စာရွက်တွေ ငါ့ဆီမှာ တထပ်ကြီးပဲ။ ဘယ်သူတွေမှန်းလည်း မသိဘူး။ နိုင်အောင်တို့ ဘယ်လောက်အကျင့်ပုတ်လဲ သိလား။ သူတို့က အန်ဂျီအိုကရတဲ့ပိုက်ဆံတွေနဲ့ ချမ်းသာနေကြတာ။ အခုတော့ သူတို့ပဲ နအဖကိုလက်ဆွဲနှုတ်ဆက်ပြီး နအဖ …. နမ်းနေကြတာ။
ကျမ) ငါမသိဘူး၊ ငါအိမ်မှာ အင်တာနက်လည်း မရှိဘူး၊ အဲဒါက သူတို့အပိုင်းပဲ၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့လည်း ဆိုင် တယ်။ အေဘီကို အင်အားချိနဲ့အောင် လုပ်သွားတဲ့တရားခံကို ရှာမယ်ဆိုရင်တော့ ကိုနိုင်အောင်နဲ့ အဲဒီအချိန်က ဗဟိုကော်မတီတွေ ထိပ်ဆုံးကပဲ။ ဒါပေမဲ့ ဒါက အဲဒီကိစ္စ မဟုတ်ဘူး။ ကိုနိုင်အောင်နဲ့ ကိုအောင်နိုင်ကို ချချင်လို့ပဲ ပြော ပြော အမှန်တရားကို ဖော်ထုတ်ချင်တာပဲ ပြောပြော၊ ဘာပဲပြောပြော နောက်ဆုံးတော့ အဖွဲ့ကိုလာထိမှာ လာထိမှာပဲ၊ နေ ပါအုံး ငါမေးပါအုံးမယ်။ ကိုထွန်းအောင်ကျော်ကို ငါကိုယ်တိုင် ဓါးနဲ့ ခုတ်သတ်ချင်တယ်လို့ ငါပြောခဲ့တယ်ဆိုတာ မင်းယုံ လား။
နန်း) အဲဒါတွေထွက်လာတော့ ငါမင်းဆီကို ဖုန်းဆက်တာပဲ ဆက်လို့မရလို့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ကိုညီညီဆီကို အီမေးပို့ခဲ့တာရှိတယ်။ မင်းကိုတောင် ပို့ပေးလို့ရတယ် မင်းမှာအီးမေးရှိလား။ ဒါပေမဲ့ မပို့တော့ပါဘူး၊ ကျော်ခိုင်ဝင်းကိုပါ ဆွဲထည့်လာတော့ ဘိုဘိုနဲ့ ကိုညီညီလည်း ရန်ဖြစ်ကြတယ်။
ကျမ) ငါ့ကို ဘယ်လိုပြောပြော ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မြားက ဘယ်ကိုသွားနေသလဲဆိုတာ သိနေလို့ ငါတင်လိုက်တာ။
နန်း) မင်းမှန်တယ်ထင်ရင် မင်းသမိုင်းနဲ့မင်းပဲ ဆက်လုပ်။ ငါကတော့ မင်းအပေါ်မှာ ဘယ်လိုမှ သဘောမထားဘူး။ နဂို ကအတိုင်းပဲ၊ နန်းစောလည်း စိတ်မကောင်းဖြစ်နေတယ်။
ကျမ) သမိုင်းဝင်တာတွေ မ၀င်တာတွေ ငါ စိတ်မ၀င်စားဘူး။ နဂိုကတည်းက နန်းစောရော မင်းကိုရော ငါပြောခဲ့တာပဲ။ ဒီလောက်ကြီးကြီးမားမား နစ်နာဆုံးရှုံးရတဲ့ကိစ္စ ရန်သူ့သူလျှို မပါဘူးဆိုတာ ငါလက်မခံဘူးလို့။ ရက်ရက်စက်စက် လုပ်ခဲ့ တဲ့သူတွေကို ကာစရာအကြောင်းမရှိဘူး။ လုပ်သွားတဲ့ တရားခံအစစ်ကိုပဲ ငါ သိချင်နေတာ။ နန်းစောနဲ့ ဖုန်းပြောတိုင်း လည်း ရန်ဖြစ်ပြီး သူငိုတာနဲ့ပဲ အဆုံးသတ်ရလို့ ဖုန်းတောင်မဆက်ဖြစ်တာ ကြာပြီ။
နန်း) ဒါဆိုလည်းပြီးရော၊ နောက်မှ ဖုန်းပြန်ဆက်မယ်။
ရင်းမှူး သိုက်ထွန်းဦးကလည်း ဖုန်းဆက်ပြောလာတယ်၊ “ဗန်းမော်။ မြစ်ကြီးနား အနားထိပဲရောက်တာ အထဲ အထိဝင်ချ နိုင်တယ်ဆိုတာ မဟုတ်ဘူး။ ငါတို့ တပ်နဲ့ သွားမချနိုင်သေးပါဘူး၊” “ဟုတ်တယ် ရင်းမှူး ကျမ ဆိုလိုတာက တပ်နဲ့ဝင်ချ နိုင်တာကို ပြောချင်တာမဟုတ်ဘူး။ အဲဒီအချိန်က ဗန်းမော်။ မိုးညှင်း၊ မြစ်ကြီးနားအပြင် မန္တလေး၊ ရန်ကုန်အထိ လက်နက် တွေ ပစ္စည်းတွေ ပို့နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ လူတွေ အဖမ်းခံခဲ့ရသလို လက်နက်တွေပစ္စည်းတွေလည်း အသိမ်းခံခဲ့ရ တယ်၊ ဒါကို ပြောချင်တာပါ၊” လို့ ပြန်ဖြေခဲ့တယ်။
နောက်တခါ ဖုန်းပြောတဲ့အချိန်မှာ “စိုးမင်းအောင်ကို ငါ့အတွက် ခွဲမှူးသက်ထွန်း ထည့်ပေးတယ်ဆိုတာ ဟုတ်တယ်။ ခင် မောင်စိုး (အင်းတော်) ကိုတော့ ကိုထွန်းအောင်ကျော် အတွက် ကိုညီညီကျော်တို့ ထည့်ပေးလိုက်တာ အဲဒါနည်းနည်း မှား နေတယ်၊” လို့ ပြန်ပြောပြခဲ့တယ်။ ကျေးဇူးပဲ ရင်းမှူးရေ။
စလုပ်တဲ့အချိန်တုန်းက ဒါတွေကို ဘယ်သူတွေ လုပ်သွားတာလဲ တရားခံရှာဖို့ အဖြစ်အပျက်အမှန်ကို ဖော်ထုတ်ဖို့၊မဟုတ် ပဲ အသတ်ခံရ အဖမ်းခံခဲ့ရတဲ့လူတွေရဲ့ ဂုဏ်သိက္ခာပြန်ဆည်ဖို့၊ (ဒါကို ကျမ လက်ခံတယ်) နောက်တော့ ရန်သူ့သူလျှို တယောက်မှ မပါဘူး အာဏာရူးပြီး ကျောင်းသားက ကျောင်းသားကိုသတ်တာ ဖြစ်သွားတယ်၊ (ဒါကို လက်မခံဘူး)
အခုကျ ရန်သူ့သူလျှိုဖြစ်တာ မဖြစ်တာက အရေးမကြီးဘူး လူ့အခွင့်ရေးချိုးဖောက်မှုက အဓိကတဲ့။ (ဒါလည်း ငြင်းစရာ မရှိဘူး။ လက်ခံတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ။) ဘယ်သူသတ်တာလဲဆိုတာလည်း သိနေတယ်။ ဘယ်သူ နှိပ်စက် တာလဲဆိုတာလည်း သိနေတယ်။ သက်သေပြစရာ ဒဏ်ရာဒဏ်ချက်တွေကလည်း အသင့်ပဲဆိုတော့ ကြိုက်တဲ့တရားရုံး ကသာ တရားစွဲ လိုက်ကြပေတော့။
ဒါမှမဟုတ်ရင်လည်း … “နင်တို့မြောက်ပိုင်းမှာ အဲဒီလောက်တောင် လူတွေကိုသတ်တာလား” လို့ တအံ့တသြ မေးခဲ့တဲ့ အပေါ် မြောက်ပိုင်းကရဲမေတဦး ဖြေလိုက်သလိုပဲ ဖြေဖို့ပဲကျန်တော့တယ်။
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
အပိုင်း (၁) ၊ အပိုင်း (၂) ၊ အပိုင်း (၃) ၊ အပိုင်း (၄) ၊ အပိုင်း (၅) ၊ အပိုင်း (၆) ၊ အပိုင်း (၇)
 

53 Responses to “မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၈)”

  1. kogaunggyi July 14, 2012
    ဘယ်လိုအကြောင်းပြချက်ပဲဖြစ်ဖြစ်လူမဆန်သောပြစ်မှုကျူးလွန်မှုသာ
    ဖြစ်သည်။ ကျောင်းသားတယောက်အနေဖြင့် ထိုသို့သောလူမဆန်သောလုပ်ရပ်ကိုရက်ရက်စက်စက်ကျူးလွန်နိုင်မည်မထင်ပါ။ ညွှန်ကြားဆောင်ရွက်ခိုင်းမည်မထင်ပါ။ ကမ္ဘာမီးလောင်သားတောင်ချနင်းစမြဲပါ။ အမှန်တရားကို ကျူးလွန်ခဲ့သူများသာသိမည်။ ရန်သူစစ်သားကိုမေတ္တာထား၍ကျောင်းသား အသားစားကြသူများသို့
    Reply
  2. Moe The Zon is the 1st person to blame. May be……
    Reply
  3. လူဗိုလ် May 6, 2012
    မခင်ရွှေလှိုင်—မြင်သမျှ၊ ကြားသမျှ၊သိသမျှကို ရေးသားတင်ပြပါ၊ သတင်းသမားတွေလို ဘယ်သူကပြောတယ်၊ ဘယ်တုန်းကပြောတယ်ဆိုတာမျိုးကို ရေးပါ။
    ခံစားချက်ကို နဲနဲလျှော့ပါ ၊ ဖတ်ရတာအဖြစ်မှန်
    နဲ့ နီးစပ်လာပြီ၊ အရင်လူတွေတုန်းက ခံရတဲ့
    ဘက်ကဆိုတော့ ခံရတဲ့လူတွေအသံပေါ့၊ မခင်ရွှေလှိုင်က
    ကြားလူဆိုတော့ ကြားကအမြင်ပေါ့။
    လုပ်လိုက်တဲ့လူတွေဘက်ကလည်း ဒီလိုမျိုးပွင့်ပွင့်လင်းလင်းရေးရင်ကောင်းမယ်။ မသိတဲ့ဘေးလူတွေတော့ အကြားနဲ့ မဖြီးနဲ့ပေါ့ဗျာ
    အရမ်းကောင်းတယ်
    Reply
  4. သေချာတာတော့ ဒေါ်ေ၇ွှ ရူးနေတီ
    Reply
  5. စစ်သွေး 099---၆ April 21, 2012
    မခင်ရွှေလှိုင်
    ဂျာအေး သူ့ အမေရိုက်ဆိုတာနဲ့ ပြီးတော့ မှာလား။
    Reply
  6. ကျေးဇူးကမ္ဘာ April 21, 2012
    မခင်ရွှေလှိုင်ပြောပုံအရဆို မြန်မာထောက်လှမ်းရေးဟာ
    ကမ္ဘာကျော် ကေဂျီဘီ-စီအိုင်အေ -မော့ဆက်တိုထက်တောင် ပညာသာတဲ့ပုံပဲ
    ၈၈ကနေမြန်မာထောက်လှမ်းရေးရိုက်နှက်ပြီး မတရားဝန်ခံခိုင်းလို့အတင်းတရားခံအဖြစ်ရှိနေသူတွေကတော့ ထောင်ထဲမှာ ရှိနေဆဲပဲ မြန်မာထောက်လှမ်းရေးဟာ သူပြောသလောက်သာ အစွမ်းအစရှိနေရင် သူကိုယ်တိုင်တောင်အဖြိုခွဲမခံရတာသေချာပါတယ် ယုံတမ်းယုတ္တိ ယုတ္တာကင်းမဲ့လှစွာသော စာတန်းကြီးပြီးဆုံးသွာတဲ့အတွက် ကျေးဇူးတင်ပါတယ်
    Reply
    • For our part, we thank you for your fairly short sarcasm too.
      You are equally ignorant like some of the comments above which are truly rubbish for other readers.
      Learn a bit more about the world and have a normal thinking life!!
      Reply
  7. အောင်တင် April 20, 2012
    မခင်ရွှေလှိုင်ရေးတာတွေ ဖတ်ရင်းနှင့် နားလည်ရ ခက်နေသလိုဘဲ ခံစားမိတယ်။ မခင်ရွှေလှိုင်က သူအားလုံးကို မသိကြောင်း ဝန်ခံထားသလို အမှန်တရား ပေါ်ပေါက်စေလိုကြောင်းလည်း အထပ်ထပ်ပြောနေတယ်။ နောက်တစ်ဖက်ကလည်း ဝေဖန်တဲ့အခါမှာ အခု အစွပ်အစွဲခံနေရသူတွေကို ရွှေဖေါ့ရိုးသုံးပြီး အခုစွပ်စွဲနေသူတွေကိုကျတော့ ဝါးရင်းတုတ် သုံးနေသလိုဘဲ။
    သူလည်း အကုန်လုံးကို မသိဘူး။ အမှန်တရားလည်း ပေါ်ပေါက်စေချင်တယ်ဆိုရင် သူလို အမှန်တရားပေါ်ပေါက်စေလိုသူတွေနှင့် ပူးပေါင်းဖေါ်ထုတ်ဖို့ လိုမယ်။ ဒီလိုမှ မဟုတ်ဘဲ ဆောင်းပါးတိုင်းမှာ ထပ်ခါထပ်ခါဆိုသလို ကရွတ် ကင်းလျှောက်သလို သူ့ရဲ့ မဆုံးနိုင်တဲ့ သံသယတွေချည်း အပ်ကြောင်းထပ်နေမယ်ဆိုရင် ကြာရင် ဖတ်ရတာလည်း အီလာသလို သူ့ရဲ့ credibility ကို ထိခိုက်လာမယ် ထင်တယ်။
    Reply
  8. ကျော်ဦး April 19, 2012
    နောက်ဆုံးတော့ ဒေါ်ခင်ရွှေလှိုင်ကြီးခင်မျာ မျိုးဝင်းနဲ့ သံချောင်းကို သူရဲကောင်း စရင်း အတင်းပြန်ပြန်တင်ရင်းနဲ့ပဲ ဇာတ်ကလည်နေတယ်
    Reply
  9. ခင်ရွှေလှိုင်ကိုကြီး April 19, 2012
    ခင်ရွှေလှိုင်ဆိုတာက၊ခင်ညွန့်၊သန်းရွှေ၊မင်းအောင်လှိုင်တိုသုံးယောက်ဆီကတလုံးဆီကိုအချားဆွတ်ခေါ်ထားတာနော်၊ယုတ်ယုတ်မလုပ်နဲ့သုံးယောက်စလုံးကပါဝါတွေကိုသူတယောက်ထဲကပိုင်ထားတာနော်၊ဟေ့ကောင်===မင်းဘယ်သူလဲ၊လူသတ်မှုကိုနိုင်ငံရေးနဲ့ညီမျှခြင်း
    လုပ် ချင်တဲ့အကောင်၊ မင်းပြောသလိုသာ ဒီကိစ္စကို စဖွလာကြတယ်၊ အချိန်ကိုက် သိက္ခာချဖို့ ကြိုးစားနေ ခဲ့တာလို့ဆိုရင်ဘာဖြစ်လို့ဦးအောင်မင်းကိုဘောမနေ
    ကြသလဲ၊ အေဘီကိုသိက္ခာချနေတာဟာ အခု ဦးသိန်းစိန်အစိုးရကဖွင့်ပေးလိုက်တဲ့ခွေးတိုးပေါက်ကနေ၀င်နေ ကြ ၀င်ချင်နေကြတဲ့သူတွေကြောင့်ပဲ၊ မင်းကစပိုင်ငါ့ကစပိုင့်မဟုတ်ဘူးဆရာလုပ်ပြီးငြင်း
    နေကြသူတွေကိုလက်ဝါးကပ်တိုင်မှာတချက်လောက် တင်ပြီးသံမှိုလေးနဲ့ပဲရိုက်ကြည့်လိုက်ကြရအောင်ဗျာ၊ ခုဆရာလုပ်ပြီးပြောနေကြသူတွေအားလုံးချီပါပန်းသွား မယ်၊ မင်းတို့မျိုးဝင်းနဲ့သံချောင်းဆီကိုသွားပြီးပြုစုဖို့ ငါ့နှမ်းဆီစစ်စစ်တစ်ပိသာဆီပေးလိုက်မယ်၊ အဲဒါမှာ မင်းတို့စပိုင်အစစ်ကိုအရသာရှိရှိတွေ့ရပါလိမ့်မယ်ဗျာ
    Reply
    • yeah, yeah .. we know you are number 1+2+3 which ‘===’ mentioned in his analysis.
      we might accept what you said only there’s three moons in the sky!!
      Reply
  10. စာဖတ်သူ April 18, 2012
    နန်းအောင်ထွေးကြည်က ကိုထွန်းအောင်ကျော်ကို ထောက်လှမ်းရေးပါလို့ ဆွဲထည့်ခဲ့ကြောင်း ခင်ရွှေလှိုင် နဲ့ နန်းအောင်ထွေးကြည် အပြန်အလှန်ပြောစကားမှာ ၀န်ခံထားတယ်၊ အဲဒါ အရေးကြီး သက်သေဘဲ၊ နန်းအောင်ထွေးကြည်အနေနဲ့ ဘာကြောင့် ဆွဲထည့်ခဲ့တယ်ဆိုတာ အမှန်အတိုင်း အခုချိန်မှာ ထုတ်ပြောသင့်တယ်၊ အဖေက ထောက်လှမ်းရေးတပ်မှူးဟောင်း။ ကေအိုင်အေကလည်း သူကို ရွေးပြီး ကယ်ထုတ်သွားတယ်ဆိုတော့ စဉ်းစားစရာတွေဖြစ်နေတယ်နော၊ နန်းအောင်ထွေးကြည်ရဲ့ ပြန်လည်ရှင်းလင်းချက် လိုအပ်တယ်၊
    Reply
    • စာဖတ်သူက စာမဖတ်ဘူး။
      နန်းအောင်ထွေးကြည်မှမဟုတ်ဘူး။
      ပြန်လွတ်လာတဲ့သူတွေရဲ့ ပြောစကားတွေကို ပြန်ရှာ ဖတ်ကြည့်ပါ။
      အဲဒီကာလက စပိုင်လို့ စွပ်စွဲခံရသူ အားလုံး ကတွေ့ တဲ့သူအမှုတွဲ ဆွဲထည့်နေရတဲ့ကာလကြီး။
      သေသွားတဲ့သူတွေကိုစပိုင်လို့ ဖော်ပြီးနောက်မှာ နောက်ထပ် ၅ ယောက်ထပ်ဖော်ရ မယ် လို့  ဆိုပြန်တယ်။ သေချာတာကတော့ အနှစ် ၂၀ကျော်ကြာပြီးနောက်မှာ နန်းအောင်ထွေးကြည် နဲ့ တချို့ တွေ သူလျှိုအဖြစ်စွပ်စွဲ ခံရတဲ့အဖြစ် ကမလွတ်သေးဘူး။ ဟုတ်ခဲ့ရင်တော့ပြဿနာမရှိဘူး။မဟုတ်ခဲ့ရင် သူတို့  ရဲ့ အရင်းအနှီးကကြီးလွန်းတယ်။ ကိုယ်ချင်းစာကြပါ။
      ကိုထွန်းအောင်ကျော်တို့  ကိုမောင်မောင်ကြွယ်တို့ 
      ပိုးစိုးပက်စက်သေခဲ့ကြရပြီ။ ခုချိန်ထိသူလျှိုစာရင်းက ဘာကြောင့်မဖျက်နိုင်ကြသေးတာလဲ။ လွတ်လာတဲ့ကံကောင်းထောက်မသူတွေကို ရော ထပ်ပြီး သမိုင်းကို သတ်ချင်နေကြသေးသလား လို့ မေးချင်တယ်။
      ခင်ရွှေလှိုင်ဆိုတာဘာလဲမသိဘူး။ သေချာတာက တော့သူစာတွေကိုဖတ်ပြီး သူ့ နှလုံးသားဘယ်လို ရှိမယ်ခန့် မှန်းကြည့်လို့ ရတယ်။ စပိုင်ဝတ္တုတွေ အဖတ်များပြီး စိတ်ကူးတည့်သလို ချိတ်ဆက် ပုံဖော်ထားထားတဲ့ခပ်ပေါပေါ စပိုင်ဝတ္တုသာသာပဲ။
      Reply
      • “အဲဒီကာလက စပိုင်လို့ စွပ်စွဲခံရသူ အားလုံး ကတွေ့ တဲ့သူအမှုတွဲ ဆွဲထည့်နေရတဲ့ကာလကြီး။”
        နန်းအောင်ထွေးကြည်က ဆွဲထည့်ခဲ့တယ်ဆိုတော့  သူ့  ကောဘာကြောင့် မပြောတာလဲ။ ခင်ဗျား မရိုးသားဘူး။
        Reply
        • လောလောဆယ်တော့ အောက်ကလင့်ဖွင့်ဖတ်ကြည့်ဦး
          သူလျှိုတယောက်ပြန်ပြောပြတဲ့စစ်ကြောရေး။
          အချိန်မရလို့ 
          နောက်မှထပ်ရှာပေးမယ်။
          http://8-8-88.blogspot.com/2012/03/blog-post_8279.html
          ရိုးသားလား၊မရိုးသားလားတော့ ကိုယ့်ဘာသာပဲ ဆုံးဖြတ်ကြ။ မျှမျှတတဖြစ်စေချင်တာတခုပဲ။
          မြေနိမ့်ရာလှံမစိုက်ချင်ကြပါနဲ့ ။
          Reply
          • No need to read and feel confused the article you’ve referred.
            What I mean is – you are trying to emphasize the killing incident while ignoring the motives and other reasons.
            Do you think people like Nan Aung Htwe Kyi who dragged other innocent students to thier death are free of guilt?
            It’s clearly shows that you and some of your cohorts are simply pathetics.
            Also, I don’t have time to argue with your pointless accusations with little logics.
  11. မခင်ရွှေလှိုင်ရဲ့ ကဏ္ဍက ဒီနေရာမှာ တစ်ခန်းရပ်သွားပြီမို့ ဆော်မယ် ဗျင်းမယ် ဆိုသူများလည်း အနား ရသွားကြပြီပေါ့နော။
    စာရေးသူရဲ့ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း နားမလည်ပေမယ့် မြင်တာတစ်ချို့နဲ့ အချို့လူတွေရဲ့ ထောက်ပြထားတာတွေကို စာရင်း ချုပ်ကြည့်ရအောင်။
    * အေဘီ အပစ်ခတ် ရပ်စဲရေးလုပ်ဖို့ အလားလာရှိတဲ့ အချိန်ကနေစပြီး ဒီကိစ္စကို စဖွလာကြတယ်။ အချို့က အဖွဲ့စည်းကို မထိခိုက်ပါဘူး၊ တာဝန်ရှိသူတွေကို ဖေါ်ထုတ်ဖို့က အဓိကလို့ ပြောကြတယ်။ ဟုတ်သလား၊ အိပ်မက် မမက်စမ်းပါနဲ့။ ဒါဟာ အချိန်ကိုက် သိက္ခာချဖို့ ကြိုးစားနေခဲ့တာလို့ တပ်အပ်ပြောလို့ရတယ်။
    * ကိုအောင်မိုးဝင်းက အဓိက ဖေါ်ထုတ်သူဆိုပြီး နာမည်ခံခဲ့တယ်။ ခက်တာက ဖေ့ဘွတ်မှာ ပြောဆိုတာတွေအရ သူဟာ အသေချာ သုတေသနလုပ်ပြီး ရေးထားတာ မဟုတ်ကြောင်း ပေါ်လာတယ်။ လေဖမ်း တရားနာပြီး ရေးထားတာတွေ ပါနေတယ်။ မခင်ရွှေလှိုင် စာတွေထွက်လာတော့ အထေ့အငေါ့တွေနဲ့ ရန်တွေ့တဲ့စာတွေ ရေးပြန်တယ်။ အခု အေဘီလည်း အာဏာပိုင်တွေနဲ့ ဆွေးနွေးစရာရှိတာတွေ ပြီးသွားပြီ၊ ကဲ .. ဆက်ပြောကြဦးလေ၊ ပြောစရာတွေ ကုန်သွားတာလား၊ မလိုတော့လို့ ဆက်မပြောကြတော့တာလား။
    * စစ်ကြောရေးမှာ ပါခဲ့သူတွေ အားလုံးလိုလို အထဲပြန်ဝင်သွားခဲ့ကြတယ်။ တိုက်ဆိုင်တာလား။
    * ကေအိုင်အေက တာဝန်ယူပြီး လူတစ်ချို့ ခေါ်ထုတ်သွားခဲ့တယ်။ ပြီးတော့ မကြာခင်မှာ အပစ်ခတ် ရပ်စဲတာတွေ လုပ်ခဲ့ကြတယ်။ သူတို့ကို အပြစ်တင်လို့ မရပေမယ့်၊ နောက်ကွယ်မှာ ဘာတွေရှိခဲ့သလဲ၊ ပြည်မက ငါတို့နဲ့ အပစ်ရပ်ရင် ငါတို့လူတွေ ထုတ်ပေးလို့ သဘောတူတာတွေ ရှိခဲ့သလား။
    * အချို့ ထောက်ပြကြသလို အွန်လိုင်းမှာ ထောက်လှမ်းရေးက အစုလိုက် ဝိုင်းအာပြီး သတင်းနဲ့ အခြား သက်ရောက်မှုတွေကို လမ်းလွဲအောင်၊ လိုချင်တဲ့ ပြဿနာတွေဖြစ်အောင် လုပ်နေတာတွေဟာ ဒီဆောင်းပါး မှာ လာရေးတဲ့ ကွန်မန့်တွေထဲက အချို့နဲ့ နီးစပ်တယ်လို့ မှတ်ချက်ချလို့ ရတယ်။
    ကွန်မန့်ပေးသူတွေကို အမျိုးစားခွဲလိုက်ရင် -
    (၁) စာရေးတဲ့လူကို တိုက်ခိုက်ဖို့၊ သိက္ခာချဖို့၊ အခြားကိစ္စတွေနဲ့ မျက်စိလည်အောင် အစားထိုးလမ်းလွဲဖို့ တစိုက်မတ်မတ် လုပ်တဲ့သူတွေ၊
    (၂) မတရားတာ တစ်ခုထဲကိုမြင်ပြီး ဇွတ်မှိတ်ပြောသူတွေ၊
    (၃) ဗမာပြည်ထုံးစံအတိုင်း အပျက်မြင် မကောင်းပြောသူ၊
    (၄) အေဘီထဲက အချို့၊
    (၅) လေ့လာတဲ့ သဘောနဲ့ဖတ်ပြီး မှတ်ချက်မပေးပဲ ပြန်ထွက်သွားသူ၊
    (၆) အခြေနေကို လေ့လာနေပြီး မတရား မှတ်ချက်ပေးသူတွေကို “ဒီမှာ၊ ငါတို့လိုလူတွေ ရှိနေသေးတယ်ကွ” လို့ ဝင်ထောက်နေသူတွေ စသည်ဖြင့် အမျိုးမျိုး တွေ့နေရတယ်။
    ဒီဆောင်းပါးမှာ စာရေးသူရဲ့ ကိုယ်ပိုင်အစွဲနဲ့ ရေးခဲ့တာတွေကို မထောက်ခံပေမယ့် ခြုံငုံပြောရရင်တော့ အကျိုးရှိတယ်လို့ ဆိုရမယ်။ ရှေ့မှာ လေဖမ်းဒန်းစီး ရေးခဲ့သူတွေရဲ့ အရေးအသား အတော်များများလည်း ဆပ်ပြာ ပူပေါင်းလေးတွေလို ပေါက်သွားခဲ့ပေမယ့် အလျှော့ပေးကြမယ့်သူတွေ မဟုတ်တာကြောင့် ရေရှည်ဆက်ပြီး ရင်ဆိုင်သွားကြရမှာတော့ သေချာတယ်။ မခင်ရွှေလှိုင်ကို ခြောက်ပစ်ကင်းစင်တယ်လို့ မပြောသလို၊ အပြည့်ဝလည်း ထောက်ခံဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စ ဒီမှာ ပြီးမှာမဟုတ်တာကြောင့် နောက်ဆက်တွဲ ပစ်သွင်းမယ့် တွဲလုံးတွေကို မျှော်နေမယ်ဗျို့။
    Reply
    • ခင်ဗျားလို ဆရာလိုလိုဘာလိုလို ကွန်မင့်ပေးသူတွေ ရှိသေးတယ်ဆိုလဲ စာရင်းထဲထည့်ဖို့ မမေ့နဲ့ ဦး
      Reply
  12. ဦးမောင်မောင်ရွှေကရ၀ိတ်ဒီလိုပြောထားတယ် April 15, 2012
    ဦးမောင်မောင်ရွှေကရ၀ိတ်က လမ်းဆုံးရင်ရွာတွေ့ မှာပါတဲ့ ……
    ….ကျွန်တော်ကဘာကိုရှင်းပေးရမှာလဲ ကိုအောင်စိုးလင်း၊ကချင်တွေဘာရည်ရွယ်ချက်နဲ့ ဘာအကြောင်းနဲ့ လုပ်ခဲ့ကြသလဲဆိုတာ ကျွန်တော် ဘယ်လိုသိနှိုင်မှာလည်း။သူ့ကိုခေါ်သွားတယ်ဆိုတာ ညီညီပြောလို့ ကျွန်တော်လဲသိရတာလေ။မျိုးဝင်းက ညီညီကိုတခုခုအသုံးချချင်လို့ကချင်ဘက် အပ်လိုက် တာရော ဖြစ်နိုင် တာဘဲ။
    မျိုးဝင်းညီညီ့ကို ဘယ်လိုအသုံးချဖို့ အစီအစဉ် ရှိတယ်ဆိုတာ ကျွန်တော့ကိုပြောပြခဲ့လို့ လွန်ခဲ့တဲ့လေးနှစ်လောက်က ထဲ က ကျွန်တော့်စာအုပ်ထဲမှာ မျိုးဝင်းပြောခဲ့တဲ့အတိုင်း အသေးစိတ်ရေးထား ပါတယ်။ ဖတ်လိုက်ရင်ရှင်းသွားမှာပါ။ချိုကြီးဆိုတာ တောထဲမသွားခင်က ကျွန်တော်တို့အိမ်မှာ အမြဲရှိနေ
    တတ်တာမှန်ပေမဲ့ ကျွန်တော်နဲ့က စကားလေးခွန်းပြည့်အောင်ပြောခဲ့ဘူးတာ မဟုတ်။အိမ်အဝင် အ ထွက် ပြုံးပြ တာ၊ခေါင်းလေးဆတ်ပြီးအသိအမှတ်ပြုတာလောက်ဘဲရှိခဲ့တာ။ညီညီနဲ့တွဲပြီးကျောင်း
    သားလှုတ်ရှားမှုတွေလုပ်နေတဲ့သူဆိုတာလောက်ဘဲသိထားတာ။ယူဂျီတာဝန်ခံဆိုတာ နောက်ပိုင်းမှ သိလာတာ။ကျွန်တော်က မိသားစု စားဝတ်နေရေးအတွက် ဟန်လင်းသစ်ကုမ္ပဏီမှာ တလငါးထောင် နဲ့အလုပ်လုပ်နေတာ။ အချိန်အများစုက ဝန်းသိုမှာနေ ရပြီးတော့ ကောလင်းနယ် ဉဒုံးပင်ရွာ အနီးက သော်ကြိုး ဝိုင်း အကွက် ၆၃ မှာ ပိတောက်သစ်လုံး တန်၅၀၀ ထုတ်ခွင့်ရ ထားလို့ တောထုတ်အလုပ် လုပ်နေတာဆိုတော့ အလုပ်ကိစ္စပေါ်မှအိမ်ပြန်ရောက်တတ်တာ။
    ထွန်းအောင်ကျော်နဲ့ကတော့ ဒီ့အရင်ကတဲက သိခဲ့တာ။မန္တလေးမြို့လုံးဆိုင်ရာသပိတ်တပ်ပေါင်းစု မှာ ကျွန်တော်ကတဉီးထဲသော မွတ်စလင် အဖွဲ့ဝင်။ထွန်းအောင်ကျော်က လည်းအဖွဲ့ဝင် သူနဲ့တိုက်ရိုက် မဆက်ဆံဘူးပေ မဲ့ ဉက္ကဌ ဆရာတော်ဉီးကဝိန္ဒ၊အတွင်းရေးမှုးဆရာတော်ဉီးရေဝဒ တို့နဲ့ပတ်သက်ပြီးတွေ့ဘူးကြုံဘူးနေ တဲ့ သူ။အတူတူစစ်သင်တန်းတက် အတူတူတော ခိုဘူးမှရဲဘော်ရဲဘက် ဆို ရင်တော့ သူတို့နှစ်ယောက်ဟာ ကျွန်တော့ရဲဘော်ရဲဘက်မဟုတ်ပေါင်။ဒီကိစ္စ စကားပြောနေတာမတရား အဖမ်း ခံရတဲ့၊အနှိပ်စက်ခံကြရတဲ့သေသူ ရှင်သူ အားလုံးအတွက်ပြောနေတာ သူတို့နှစ်ယောက်ထဲ အတွက်ပြောနေ တာမှမဟုတ် တာ။ဒီမိန်း မ သောင်စဉ်ရေမရ လျှောက်ရေးနေတာပါ
    ဗျာ။စောင့်ကြည့်ပါဗျာ။
    လမ်းဆုံးရင်ရွာတွေ့ မှာပါ။လမ်းကလဲဆုံးတော့ မှာပါ။မဆုံးသေးရင်လဲ ကတိပေးပါတယ် ကျွန်တော်တို့ ရအောင် အဆုံးသတ် မှာပါ။ အစကတော့ ကျွန်တော့ခရီးသွားဆောင်းပါးလေး စာအုပ်ဖြစ်ပြီး ကျန်တာ ကိုယ်နဲ့မဆိုင် ဘူးလို့နေတာ။ အခုတော့ လမ်းဆုံးအောင် အားလုံးနဲ့ အတူ လျှောက်ရတော့မှာပေါ့ဗျာ။
    http://8-8-88.blogspot.com/2012/04/blog-post_6775.html#more ကနေကူးပါတယ်။
    Reply
  13. စာဖတ်သူ April 15, 2012
    နန်း) မင်းကို ငါပြောခဲ့တယ်မဟုတ်လား။ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါ ငါလုပ်ထားတာ။ သံချောင်းကို ငါဝတ္ထုတပုဒ် ရေးပေးလိုက်တာ၊ ကိုထွန်းအောင်ကျော်။ ကိုစိုးလင်း။ ကိုရဲလင်း။ ကိုညီညီကျော်တို့ကို လည်း ငါပဲဖြေခဲ့တာ၊ မမညိုတို့ မမနှင်းမေတို့ (ကေအိုင်အေဘက် မြန်မာအမျိုးသမီး အရာရှိကတော်များ) တို့ကိုလည်း ငါပဲထည့်ဖြေခဲ့တာ၊ အဲ ဒါ ဗိုလ်မှူးပန်းအောင်နဲ့ မမညိုရဲ့ယောက်ျား ဒူခွန်နောင်တို့ရောက်လာပြီး ငါ့တယောက်တည်း သီးသန့်ခေါ်ထုတ်မေးခဲ့ တယ်။
    ကျမ) ရေလှိုင်းတွေ လေလှိုင်းတွေ ငါမသိဘူး။ ငါသိတာက မင်းပြောခဲ့တဲ့လိုင်းတွေ ခွဲထားတာပဲ။ (ဒီမတိုင်ခင် ဖုန်းဆက် တုန်းက အဲဒီလိုင်းတွေအကြောင်း ကျမ ထပ်မေးခဲ့တယ်။ သူမဖြေဘဲ တခြားအကြောင်းတွေပဲ ဝှေ့လည်ချောင်ပတ် ဖြေခဲ့ တယ်။) အဲဒီလိုင်းတွေ မင်းလုပ်ထားမှန်း အခု မင်းပြောမှ ငါသိတာ။
    ကိုထွန်းအောင်ကျော်ကို ဆွဲထည့်ရတဲ့ထဲမှာ မင်းပါတယ်ဆိုတာ အခု မင်းပြောမှ ငါသိတာ။ ငါသိတာက ကိုစိုးလင်းက တောင်ပိုင်းမှာရှိနေလို့ တောင်ပိုင်းမှာ ဒါမျိုးတွေ မရှိလောက်ဘူးဆိုပြီး ကိုစိုးလင်းကို မင်းထည့်ဖြေ လိုက်တယ်ဆိုတာကိုပဲ သိတယ်။
    — ဒီလိုဆိုတော့ နန်းအောင်ထွေးကြည်က ကိုထွန်းအောင်ကျော် ထောက်လှမ်းရေးပါလို့ ဆွဲထည့်လိုက်တာပေါ့၊ နန်းအောင်ထွေးကြည်က ဘာသဘောနဲ့ ထည့်တာလဲ၊ သူကိုယ်တိုင်ထောက်လှမ်းဖြစ်နေတော့ ကျန်တဲ့ လူမှန်တွေကို ဆွဲစားခဲ့တာလား၊ သူတာ ကျောင်းသားအစစ်အမှန်ဆိုရင် ဒီလို မလုပ်သင့်သလို ကေအိုင်အေက သူကို ကယ်ထုတ်ချိန်မှာ ကျန်တဲ့သူတွေကို ကယ်ပေးဖို့ တောင်းဆိုလို့ ရရဲ့သား ဘာကြောင့် မလုပ်ခဲ့တာလဲ၊ ကေအိုင်အေ က သူနဲ့ ညီညီ (၂)ဦးထဲ ကယ်ထုတ်သွားတာဟာ န၀တဘက်က အရေးကြီးတဲ့ သူ့လူတွေကို ကေအိုင်အေက တဆင့် ကယ်ထုတ်သွားတာဖြစ်နိုင်တယ်။ အဲဒီနောက်မှာ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ဖြစ်လာတာဘဲ၊
    Reply
    • မြင့်အေး April 16, 2012
      စာဖတ်သူရေ
      တကယ်စာဖတ်တယ်ဆို။သေသေချာချာသိလိုတယ်ဆို ဒီဆောင်းပါးတပုဒ်ထဲဖတ်ပြီး။ဒီလိုကောက်ချက်မျိုးချရင် မှားမှာပေါ့။ ဒီလို ယုန်ထင်၊ကြောင်ထင် စွတ်စွဲပြောဆိုမှုတွေကြောင့် ဒီိလို အကျည်းတန်တဲ့ သတ်ဖြတ်မှုတွေဖြစ်လာခဲ့ရတာ။ ဒီလို စွတ်စွဲပြောဆိုမှုတွေကြောင့် လုပ်ခဲ့သူတွေရော၊ ခံရတဲ့သူတွေပါ နှစ်ဦးနှစ်ဘက် နင့်နာခဲ့ရတာ။ ကိုယ်ယူဆချက်နဲ့ လူတယောက်ရဲ့ဘဝကို သေချာမသိပဲ မစွတ်စွဲသင့်ဘူး။ နန်းအောင်ထွေးကြည် ဘယ်လို ဖြတ်သန်းခဲ့ရတယ်ဆိုတာကိုသေချာမသိပဲ ဒီလို သုံးသပ်ချက်မျိုးရေးနေတာကို က စာဖတ်သူကို သံသရဝင်လာတယ်။ စာဖတ်သူကိုတိုင်ရော ထောက်လှန်းရေးကလူ မဖြစ်နိုင်ဘူးလား။ တမင်ဖွတဲ့သဘောနဲ့ နန်းအောင်ထွေးကြည်ဘက် မျှားဦးလှည့်ပေးတာမဖြစ်နိုင်ဘူးလား။ အခုရေးနေတဲ့ ကျွန်တော်ကရော ထောက်လှန်းရေးမဖြစ်နိုင်ဘူးလား။ နန်းအောင်ထွေးကြည်ဖက်ကနေ သာသာထိုးထိုးလေး လိုက်ရေးပြီး ဖွပေးနေတာမျိုးဆိုပြီး။ ဒီလိုသာ လျှောက်ရေးနေရင် အားလုံးသံသရ ရဲ့သားကောင်တွေဖြစ်ကုန်မှာပေါ့ စာရေးသူ။ ရန်သူကရန်တိုက်ပေးလို့ဖြစ်ရပါတယ်ဆို ရန်တိုက်ပေးဘယ်သူနဲ့ ကျူးလွန်ခဲ့တဲ့သူ ဘယ်သူက ဆင်ခြင်တုန်တရားမဲ့သလဲ။
      Reply
  14. ခင်မမ April 14, 2012
    သိပ်ကို ရှင်းနေတာပဲ။ မခင်ရွှေလှိုင်ပြောသွားတဲ့ ညီညီကျော် စမား ညီညီ ဦးမောင်မောင် ရွှေကရ၀ိတ်တို့ အုပ်စု.. ဘာများ ပြောချင်ကြမလဲ။ သံသယရှိစရာ လူတွေပါပဲ။
    Reply
  15. ChitKOo April 14, 2012
    Dear Mom,
    I absolutely agree with you.
    your loving son,
    Chit.
    Reply
  16. Hello Some Commenters,
    I don’t know who you are,but, I found that you are not gentle men. Have you ever heard that “Law of Animals”?
    I don’t think.Why am I accuse you all? I know Khin Shwe Hlain who has very strong mind and a very intelligential woman not like you. And then, how do you translate the meaning of ” comment”? Before you comment someone, you must analysis yourself “Who am I”? That mean, What I know exactly? What I have knowledge? What are my abilities?
    Did you know?
    You can talk everybody anyway what you want because this is your human rights. But, your personal dignities are depending on what you have talked. So, I can remark your standard.
    Some of our people aren’t develop as World trend .
    one of pupils of KSHling,
    Lweh
    Reply
  17. ဆောင်းပါးနဲ့ ကွန်မန့် တွေ ဖတ်ပြီးတော့ အသိတရားရတာက အားလုံး ကိုယ်လိုရာဆွဲ နေတဲ့ ရမ်းတုတ်ချည်းပဲ။ ဘာမှလဲ ရေရေရာရာ ဟုတ်တိပတ်တိလိုရင်းကို မရောက်ဖူး။ အဲလိုဖြစ်နေတာ ၁၉၈၈ ထွက်လာကတဲကိုက ခုချိန်ထိပဲ။ အသက်တွေလဲ ၄၀ကျော်ပြီး။ဒါလဲ ငါဆိုတဲ့ အတ္တတစ်လုံး နဲ့ သံဝေဂမရသူတွေ ပတ်ဝန်းကျင်မှာအများချည်းပဲ။
    Reply
    • ပေါက်စ April 17, 2012
      Mg Myo
      ဒါတော့ကျွန်တော်လည်းသဘောတူတယ်။ သေချာတာ
      ကတော့ ရှိသမျှလူ ရှိသမျှအဖွဲ့အစည်းတိုင်းကိုလိုက်အ
      ပစ်တင်နေတယ်။ သစ်ရွက်လှုပ်ရင် ရင်ခုန်တဲ့အရွယ်
      တွေ နိုင်ငံရေးလုပ်တာကိုး။
      Reply
  18. ကိုကောင်း April 13, 2012
    ဆရာ၊ဆရာမတို့ရေ
    မခင်ရွှေလှိုင်ကိုကျေးဇူးတင်ကြဖို့အချိန်ရောက်ပြီထင်ပါ
    တယ်။ လူတွေဘယ်လိုပဲဆဲဆဲသူ့ရဲ့ရှင်းလင်းချက်ဟာ
    တချိန်ကဖြစ်ခဲ့တဲ့ရင်သိမ့်တုန်မတရားမှုကို လူတွေပိုသိ
    အောင်ချပြပေးလိုက်သလိုပါပဲ
    ဒီလူမဆန်သတ်ဖြတ်မှုကိုကျူးလွန်ခဲ့ကြတဲ့သူတွေသာမကမတားဆီးနိုင်ခဲ့ကြတဲ့သူတွေပါခင်ဗျားတို့ပေးဆပ်ရမဲ့ အချိန်ရောက်လာပါပြီ
    ပြည်သူကစောင့်ကြည့်နေလျှက်ပါ
    Reply
    • kyaw gyi April 13, 2012
      How much did you get form her?
      Reply
      • Ko Kaung April 13, 2012
        Suppose you didn’t get my message. Find my each comments on every chapter of her lengthy narration told in favor of butchers.
        Making comments on random basis is not a good habit mate!
        Reply
      • Hi Kyaw,
        How much did you get -from ,not form- her?
        Before you post, you must check spelling.
        Reply
  19. R35 MYO April 13, 2012
    သမိုင်းထဲက မယ်နုနဲ့ တူနေတယ် …
    ဘယ်သူဖြတ်လို့ တိုင်းပြည်ပျက် …
    Reply
  20. Maung Min April 12, 2012
    A person (group) would be a fool to lie about something that big. There are many people still out there how it happened, who started it and why that happened. They committed a serious crime.. a crime against humanity because they believed in hate, anguish and lies. They will never admit it no matter how wrong they were. They lied in the past. They will continue to lie and their lies will result in unspeakable things in near future.
    Reply
  21. ko kyaw April 12, 2012
    အဖြစ်မှန် ကို ဖော် ထုတ် တာ အား ပေး ၇ မယ်၊ ဒါ ကို လမ်း မ လွဲ သင်. ဘူး ၊ထောက် လှမ်းေ၇း က ဘယ် လို ပါ ၀င် ပါတ် သက် ခဲ. တယ် ဆို တာ တ ချိန် ကျ ၇င်ေ ပါ် လာ မှာ ပါ ဘဲ။
    Reply
  22. တောသူမ April 12, 2012
    ဖတ်ရသမျှထဲမှာ ကိုကြီးခေါ်တဲ့ကိစ္စထည့်ရေးတာတော့အတော်စိတ်လေတယ်ဗျာ
    ဒီစာတွေကိုရေးတဲ့အန်တီကိုကြီးဆိုတဲ့အခေါ်အဝေါ်ကိုအတော်သဘောကျပုံပေါ်တယ်
    ကိုယ်လေးစားချစ်ခင်တဲ့လူတွေကို အဖေတွေ အကိုတွေခေါ်ကျ
    တာသဘာဝပဲလေ.. ဗိုလ်ချုပ်တို့ ကိုမင်းကိုနိုင်တို့ကို အဖေတို့
    အကိုတို့ ခေါ်သလိုပေါ့.. ဒါလေးတောင်မသိဘူး စိတ်လေတာ။
    Reply
  23. အမှန်တရားဖြစ်စေချင် April 12, 2012
    ခေါင်းစဉ်နဲ့ အကြောင်းအရာတွေကတော့လွဲပြီးရင်းလွဲရင်းဖြစ်နေပြီ။
    (((မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ))) ဆိုတာကို မရောက်ဘဲ ဘာတွေရောက်နေမှန်းမသိ။ ((((အစကတည်းက အတွင်းကျကျ အနေအထားမှာ ပါဝင်ခဲ့ရသူတဦး မဟုတ်သလို ဘယ်လိုတွေ စစ်ဆေးမေးမြန်း ခဲ့ကြ တယ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦး မဟုတ်ဘူးလို့ ရေးခဲ့ပြီးသားပါ၊ ကျည်ဆံကို အသုံးမပြုပဲ ဘာကြောင့်ဓါးကို အသုံးပြုခဲ့ကြတာလဲ။ ဘာကြောင့် အဲဒီလောက်တောင် ရက်ရက်စက်စက် စစ်ဆေးမေးမြန်းခဲ့ကြတာလဲ ဆိုတာကတော့ တာဝန်ရှိတဲ့ လုပ်ခဲ့ကြတဲ့သူတွေကိုယ်တိုင် တာဝန်ခံဖြေရှင်းရမဲ့ အပိုင်းလို့ပဲ ကျမ မြင်ပါတယ်။))))
    ဒါလည်း တာဝန်ရှိတဲ့လူသာဖြေရှင်းစေချင်တာပါ။ အဒေါ်ကြီးကို မဖြေရှင်းစေချင်ပါဘူး။ ဘာကြောင့်ဝင်ဖြေရှင်းနေတာလဲ။ အခု ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အမိန့်ပေးသူ၊ ရက်ရက်စက်စက်နှိပ်စက်သတ်ဖြတ်သူတွေကိုသာ အရေးယူစေချင်တယ်။ ဒီကိစ္စကို ကျောင်းသားတပ်မတော်ကလုပ်ပါတယ်လို့ လုံးဝမထင်ပါ၊ မပြောပါ။ ကျူးလွန်သူတရားခံများကိုသာ ကြိုးစင်သို့တက်စေလိုကြောင်း။
    Reply
    • I totally agree with you.
      Reply
      • ဘက်မလိုက်သူ April 12, 2012
        လူတစ်ရာကျော်ကို သူလျိုလို့ ဆိုပြီးဖမ်းတာကို မြောက်ပိုင်း ဗဟိုကော်မတီတစ်ခုလုံးက လက်ပိုက်ကြည့်နေတာ လား?အဓိကဦးဆောင်တဲ့သူ ဘယ်သူလဲ ? ဘာကြောင့်မတားခဲ့နိုင်တာလဲ ? ဗဟိုကော်မတီထဲကရော တားခဲ့တဲ့သူ မရှိနိုင်ဘူးလား? ကိုထွန်းအောင်ကျော် အပါအ၀င် အသတ်ခံခဲ့ရတဲ့သူတွေက ကျောင်းသားအစစ်အမှန်တကယ်ဖြစ်မယ်ဆိုရင် သူတို့ကို သူလျိုလို့ ဘယ်သူ ဖေါ်ကောင်လုပ်ခဲ့တာလဲ သိနိုင်မလား ? ဒီနေ့ ပြောနေတဲ့အထဲမှာ အသတ်ခံရတဲ့သူတွေကို ကိုယ်စား ပြောနေတယ်ဆိုတော့ ဖေါ်ကောင်လုပ်ခဲ့တဲ့သူတွေရော အခုပြောနေတဲ့ အထဲမှာ ပါဝင်ပါသလား ?လက်ရှိသူလျိုလို့စွပ်စွဲခံရသူတွေထဲကရော အဲဒီအကြောင်းတွေကို ပြန်ပြောပြနိုင်တဲ့သူ မရှိဘူးလား? ကျောင်းသားထောက်လှမ်းရေးထဲမှာ တာဝန်ယူခဲ့တဲ့လူတွေထဲမှာ သူလျိုတွေ မပါနို်င်ဘူးလား သူတို့က ဒီလူ ၁၀၀ ကျော်အားလုံး သူလျိုတွေလို့ တင်ပြတာကို ဗဟိုကော်မတီတစ်ခုလုံးက တက်ညီလက်ညီလက်ခံခဲ့သလား ? နန်းအောင်ထွေးကြည်ရဲ့အဖေကရော ထောက်လှမ်းရေး အရာရှိအဖြစ်က တကယ်အငြိမ်းစားယူထားတာလား ? ကေအိုင်အေ ဗိုလ်ချုပ်ဇော်မိုင်နဲ့ ဘယ်လိုဆက်နွယ်မှုရှိနေပါသလဲ ? အခု မြောက်ပိုင်းသူလျိုကိစ္စ အသံပြန်တိတ်သွားတာ ဘာကြောင့်ပါလဲ နောက်ကွယ်က တစ်စုံတစ်ရာကများ ညွန်ကြားချက်ရှိနေပါသလား ? မြောက်ပိုင်းမှာ ပါဝင်ပတ်သက်ခဲ့သော ရဲမေ ရဲဘော်အားလုံး ဒီမေးခွန်းတွေဖြေကြည့်လို့ အမှန်သိရရင် အဖြေဟာလည်း မဝေးတော့ဘူးလို့ ယုံကြည်ပါတယ် ။
        Reply
    • အဒေါ်ကြီးက ဘာလို့ ၀င်ဖြေရှင်းရလဲ ဆိုတော့ အဒေါ်ကြီးက the other side of the story ကို တကယ့်ဘ၀ အတွေ့အကြုံနဲ့ ယှဉ် ပြီး မျှမျှတတ စဉ်းစားတတ်အောင် ရယ်..ပြီးတော့ သံချောင်း တို့ လူသတ်တာထက် ဒီပြသနာက ပိုမို ကျယ်ပြန့်တယ်..တကယ့်တရားခံအစစ်ကို မြင်နိုင်အောင် တွေးတတ်အောင် ဆင်ခြင်စဉ်းစားနိုင်အောင် ဆို ပြီး တင်ပြပေးနေတာလေ. သူလဲ တကယ့် တရားခံ အစစ်ကို သေသေချာချာ မသိလို့ ဖတ်သူတွေတွေးတော စဉ်းစား တတ်အောင်ရယ်..တကယ်သိတဲ့လူတွေက ဖေါ်ထုတ်လာဖို့ရယ် တင်ပြပေးနေတာလေ ကွယ်.. ဦးနှောက်လေး နဲနဲ သုံးစဉ်းစားကြလေကွယ်..
      Reply
  24. ပြည်သူလူထု April 12, 2012
    အဖြေကရှင်းနေပြီ။ ဒေါက်တာနိုင်အောင် နဲ့ အောင်နိုင်ကိုသာ ကြိုးစင်ပို့ကြပေတော့။ ခင်ရွှေလှိုင်ကတော့ သူတို့နဲ့လိုက်သွားပြီး ကိုကြီးကိုကြီးခေါ်စေ။
    Reply
  25. လှိုင်ရွှေခင် April 12, 2012
    ဒီလိုပါ ဒေါ်ခင်ရွှေလှိုင်ရယ်
    လေသံကစကားပြောပါတယ်။ ခင်ဗျားရင်ထဲဘာရှိတယ်ဆိုတာ အသိသာကြီးပါ။ စကားစကားပြောပါများ တော့စကားထဲက
    ဇာတိပြတာပေါ့။ စပိုင်ဝတ္တုတွေတော်တော်ဖတ်ပုံရတယ်နော်။
    ဒေါ်ခင်ရွှေလှိုင်ဝတ္တုထဲက နအဖသူလှျှိုကိုမိရင် အကြောင်းကြားပါဗျာ။ ရွှေတံဆိပ်ပေးချင်လို့ ။ အင်မတန်ထက်မြက်တဲ့သူလျှို။ မြောက်ပိုင်းတခုလုံး ပြုတ်ပြုတ်ပြုန်းပါပေါ့။
    မြောက်ပိုင်းကျောင်းသားတပ်က ပြန်လွတ်လာ
    တဲ့ ထောက်လှမ်းရေးတွေမှာ ကိုယ်စီကိုယ်ငှ ဒဏ်ရာတွေ နဲ့ ။ အနည်းနဲ့ အများသာကွာကြတယ်။ ခလုတ်မထိဆူးမငြိတာ ဒေါ်ခင်ရွှေလှိုင်တယောက် သာပဲဆိုတာအားလုံးသတိပြုမိကြတယ်။ အဲဒါဘာကြောင့်လဲဆိုတာလည်း ဒေါ်ခင်ရွှေလှိုင်ရဲ့  စာတွေကိုဖတ်ပြီး အားလုံးကသိခွင့်ရလိုက်ကြ တယ်။ ကျေးဇူးပါဒေါ်လှိုင်။
    Reply
    • Saya Bate April 12, 2012
      Daw Hlaing,
      First, I would like to apologized you because of I didn’t contact you that I have no phone which can connect you. And then, I asked Ko Nay Tun for your email but he don’t remember.Any way, I would like to apologize you again because of I am typing with English that is my old computer-2003 model.I mean that my computer can’t installed Zaw Gyi font.
      How are you? I hope, you will fine.And How about Dai Dai? Now, I have a son who six months old. Can you sent me email? I don’t want to give you phone number because of you will spent money for connecting my family.
      I have a plan to buy phone that can connect you and Thailand.
      I and my wife always remember you and Dai Dai. We are talking about your family and I ask Ko Nay Tun about you but he can’t answer clearly.
      I know this website at one of my Burmese friend apartment today.
      Reply
    •ွှThein Tan April 21, 2012
      ခုထိ မရှင်းသေးတာက ခင်ရွှေလှိုင် ဆိုသူက ဘာလို့ န၀တ ဆီ လက်နက်ချပြီး ခုမှ ပြန်ထွက်လာတာလဲ။
      Reply
  26. စပိုင်ချစ်သူတို့ရဲ့ကိုကြီး April 12, 2012
    ပြီးသွားပြီလား၊ဖတ်လို့ကောင်းတုန်းရှိသေးတယ်၊ အချစ်၊အကြမ်း၊အလွမ်းတွေလည်းရောပါလာသလိုဘဲ၊ ကိုကြီး ကိုကြီးချွှဲချွှဲနွဲ့နွဲ့ခေါ်ချင်တယ်၊ ကိုကြီးကိုကြီး…ဟားဟား..ခက်တာကအချစ်နဲ့သူ၏ကိုကိုလိုမပေါင်းကြရဘဲကိုကြီးခမြာကံဆိုးရရှာပါပကော၊ အခုမှာအသဲကွဲရသူတို့ ၏ရင်ဖွင့်သံနဲ့အတူ အဖြစ်မှန်လေးကိုလိုတိုးပိုလျှော့လုပ်
    ပြီးဇတ်လမ်းကိုဖြောင့်အောင်မှန်းဆကြည့်နေရတယ်၊ မင်းပြောသလို….အေဘီကို အင်အားချိနဲ့အောင် လုပ်သွားတဲ့တရားခံကို ရှာမယ်ဆိုရင်တော့ ကိုနိုင်အောင်နဲ့ အဲဒီအချိန်က ဗဟိုကော်မတီတွေ ထိပ်ဆုံးကပဲ။ ဆိုရင်တော့မြောက်ပိုင်းဗဟိုလား
    တောင်ပိုင်း ဗဟိုလား၊ မင်းတို့စပိုင်ဘယ်သူလည်း ရှာမနေနဲ့အချိန်ကုန်တယ်၊ ဘယ်သူကအယုတ်မာ ဆုံးလုပ်ခဲ့သလည်း၊ သန်းဇော်နှင့်ဇော်ဇော်မင်းကို မင်းတို့ကအရင်ဆုံး တရားစွဲပြစေချင်တယ်၊ ဒါဟာမင်းတို့ချစ်တဲ့ ကိုကြီး ရဲ့ဆန္ဒဘဲနော်၊ မင်းတို့ချစ်တဲ့ ကိုကြီး အတွက်မင်းတို့တာဝန်ကျေသင့်တယ်၊
    Reply
  27. မိုးဝေ April 12, 2012
    လက်စသတ်တော့ ခင်ရွှေလှိုင်က သူ့ရဲ့အကိုကြီး ကိုထွန်းအောင်ကျော်ကို နန်းအောင်ထွေးကြည်က အကိုကြီးခေါ်လို့ ယမ်းပုံးမီးကျ လျှောက်ရေးနေတာကိုး။ အခုထက်ထိလည်း ကျောင်းသားတပ်မတော်ကို ဘယ်သူဖြိုခွဲသွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမပြောသေးပါလား။ ပြောရင်းပြောရင်းနဲ့ နိုင်အောင် က တရားခံဖြစ်တော့မယ်နဲ့တူတယ်။ နိုင်အောင်ဖျက်ဆီးလိုက်လို့ ABSDF ပျက်ဆီးနေတဲ့အကြောင်းကို ရေးမယ်ဆို။ ဘာလို့မရေးသေးတာလဲ။ ကြောက်လို့လား။
    Reply
  28. မိမူးပွင့် April 12, 2012
    ခင်ရွှေလှိုင်က ဒေါက်တာနိုင်အောင့် ဆီက ပိုက်ဆံယူထားလို့လား မသိဘူး။ နိုင်အောင့်ကို လုံးဝမချဘူးနော်။ ဒို့လည်း ကိုနိုင်အောင်တိုက်တဲ့အရက်သောက်ပြီး လောကကြီးကိုမူးပြီးကြည့်နေတယ်ကွယ်
    Reply
  29. မဟော်သဓါ April 12, 2012
    အေဘီကို အင်အားချိနဲ့ စေခဲ့တဲ့ အကြောင်းအရာတွေ ရေးကြစတမ်းဆိုရင် တထောင့်တည ပုံပြင်ပါ ။ တက္ကသိုလ်ကျောင်းသားတွေရယ် ။ အလုပ်သမားတွေရယ် ။ အရပ်သားတွေကို အရည်အချင်းအလိုက် မခွဲခြားနိုင်ဘဲ တာဝန်မပေးနိုင်တဲ့ အခြေအနေက စတာပါ ။ ထို့ အတူ မိမိအရည်အချင်းနဲ့ သင့်လျှော်တဲ့ နေရာ တာဝန်တွေကိုလည်း အခုထိ နားမလည်သူတွေ အများကြီးပါ ။ အရည်အချင်းအားနည်းတဲ့ (ဥာဏ်မမှီတဲ့) လူတွေ ဘဝင်မြင့် ရောဂါတွေနဲ့ ယ္ခု အထိ ပြဿနာတွေ ကြားနေရတာဘဲလေ။ လူ့ အခွင့်အရေးနဲ့  လူတယောက်ရဲ့  ဦးဆောင်တဲ့ စွမ်းရည်ကို နားမလည်ရင် တိုင်းပြည်အတွက်လို့  မပြောကြပါနဲ့  ။
    Reply
  30. Kyaw Than April 12, 2012
    Wow finally it was conclude. what we had being bullshit in recent past by KSH, she tried to hoodwink us to misled to cover who is who in massacre in ABSDF-NB. finally it has end like episodes of burmese military MI’s propaganda in thier newspaper.
    Reply
  31. မောင်ရှင် April 12, 2012
    စာဆုံးသွားပြီးလား မခင်ရွှေလှိုင်…
    Reply
  32. မွေးရပ်ဒေသဖက်မှာဖြစ်သွားတဲ့ ဖြစ်ရပ်မို့ သိပ်စိတ်ဝင်စားနေရပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်သမျှ အခြားဖတ်မှတ်စရာ ပို့စ်တွေကိုလဲ (သစ်/ဟောင်း)လေ့လာချင်လို့ သိရှိသော နောင်တော်များထပ်ဆင့်ဝေမျှကြပါဦးဗျာ..။
    Reply

No comments:

Post a Comment