Friday, August 3, 2012

အဲဒီ “တခုခု လုပ်မှဖြစ်မယ်” ဆိုတာ ဘာကိုဆိုလိုတာလဲ။ တောထဲကို အခုမှခြေချခါစ ယူဂျီလိုင်းက လူတွေအနေနဲ့ မြောက်ပိုင်းရဲ့ နိဒါန်းအစမှာ ဖြစ်ခဲ့သလို ဥက္ကဋ္ဌလုပ်တဲ့ ကိုထွန်းအောင်ကျော်က တင်ပြလာမယ့် စစ်ဆေးတွေ့ရှိချက်တွေ အပေါ် ဗီတိုအာဏာနဲ့ “ဒါတွေကို လက်မခံနိုင်ဘူး အားလုံးကိုပြန်လွတ်ပေးဖို့” အမိန့်ပေးခဲ့ရင် မြို့ပြကလာခဲ့တဲ့ ရဲဘော် တွေ ဦးဆောင်ပြီး ရဲဘော်ရဲမေတွေကလည်း ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို ထောက်ခံပြီး မကျေနပ်မှုတွေ၊ ဆူပူမှုတွေ၊ ကန့်ကွက်မှုတွေ ဖြစ်လာမယ်။ အဲဒီအခါ ခေါင်းဆောင်လုပ်နေတဲ့ လူကြီးတွေအနေနဲ့လည်း ရဲဘော်ရဲမေတွေအားလုံးကို ခေါ်ယူပြီး တွေ့စုံရှင်းလင်းပွဲတွေ လုပ်ရမယ်။ နောက်တခါ ရွေးကောက်ပွဲတွေ ပြန်လုပ်ကြပြီး ဒေသခံခေါင်းဆောင်တွေကို အပြီးတိုင် ဖယ်ရှားပစ်နိုင်တယ်လို့ လျှော့တွက်မိကောင်း လျှော့တွက်မိနိုင်ပါတယ်။
ဒါပေမဲ့ ရဲဘော်တွေနဲ့အတူ လက်တွေ့အတူနေနေတဲ့ ရဲဘော်ထွန်းအောင်ကျော် အနေနဲ့ ဒေသခံခေါင်းဆောင်တွေ ရှိနေ သမျှ မြောက်ပိုင်းကျောင်းသားတပ်ကို ဘယ်သူမှ ကွန်ထရိုလုပ်ချင်လည်း လုပ်လို့မရဘူးဆိုတာသိနေသလို ဖယ်ရှားပစ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာလည်း နားလည်နေပါလိမ့်မယ်။ ဖယ်ရှားလို့ရတယ်ပဲ ထားပါအုံးတော့ သူ့ရဲ့နယ်မြေမှာ ဗမာပြည် အ လယ်ပိုင်းက ဗမာကျောင်းသားတစု လာပြီးမင်းမူနေတာကို မဟာမိတ်တွေက ယုံကြည်စိတ်ချစွာ လက်ပိုက်ကြည့်နေမယ် ထင်ပါသလား။ ဒေသခံကျောင်းသားရဲဘော်တွေအနေနဲ့ရော။
ရန်ကုန်၊ မန္တလေးက အောက်ခြေမှာရှိနေတဲ့ရဲဘော်တွေ အပါအ၀င် လူအယောက်နှစ်ဆယ်ကျော် ဖမ်းသွားပြီးတဲ့နောက် စစ်ချက်တိုင်းလိုလိုမှာ ပါနေတဲ့  ကိုထွန်းအောင်ကျော်ကို ဖမ်းတဲ့အချိန် သူမဟုတ်ပါဘူးလို့ အဲဒီအချိန်မှ ငြင်းခဲ့ရင် ဒါမှမ ဟုတ် ဒါတွေဒါတွေကတော့ လက်မခံနိုင် မဖြစ်နိုင်တော့ဘူးလို့ ကေအိုင်အေခေါင်းဆောင်တွေကို ပြောပြအကူအညီ တောင်းပြီး ဖြေရှင်းခဲ့ရင်ကော ဘာတွေဖြစ်လာနိုင်လဲ။ (ဗိုလ်မှူးပန်းအောင်နဲ့ ကေအိုင်အေအရာရှိတချို့ တခါတလေ အ ရေးပါတဲ့သူတွေကို စစ်ဆေးမေးမြန်းတဲ့အခါ စောင့်ကြည့် နားထောင်ခဲ့တာတွေ၊ အဖမ်းခံရသူတွေကို လာတွေ့တာတွေ ရှိခဲ့တယ်။)
ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဋ္ဌတယောက်က ငြင်းလိုက်တာနဲ့ မြို့ပြကလာခဲ့တဲ့ ကျောင်းသားရဲဘော်တွေနဲ့ ဒေသခံရဲဘော်တွေ နှစ်ဖွဲ့ကွဲပြီး ဖိုက်ကြဖို့ပဲရှိတယ်။ ဒီထက်မကအသက်တွေ သေကြေဆုံးရှုံးသွားနိုင်သလို မြောက်ပိုင်းကျောင်းသားတပ်မ တော်လည်း သက်တမ်းနုနုလေးအတွင်းမှာ ပြိုကွဲပျက်စီးသွားနိုင်တယ်။ ဒီအဖြစ်မျိုးကို ဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကိုထွန်း အောင်ကျော် ကိုယ်တိုင်လိုလားခဲ့မယ် မထင်ပါဘူး။ ဒါတွေကြောင့် မငြင်းဘဲဝန်ခံခဲ့တာ သူ့အသက်ကို အနှစ်နာခံ ပေး ဆပ်ခဲ့တာ (သူ့အနေအထားက ၀န်ခံလိုက်တာနဲ့ သေဒဏ်ဆိုတာ သူနားလည်ထားပြီးသားပါ) ဖြစ်နိုင်သလို၊ သူလို ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ သူတယောက်ကို မေးမြန်းစစ်ဆေးနေတာ ကေအိုင်အေ ထောက်လှမ်းရေးဘက်က အရာရှိတချို့ အစပိုင်းမှာ လာရောက်နားထောင် စောင့်ကြည့်နေတာမျိုးတွေ သူ့ရဲ့ထွက်ဆိုချက်တွေ ဖတ်ကြည့်တာမျိုးတွေ ရှိကိုရှိရပါလိမ့်မယ်။ ဖမ်းတဲ့သူတွေထဲကဖြစ်ဖြစ် အဖမ်းခံခဲ့ရသူတွေထဲကဖြစ်ဖြစ် သူ့အပေါ်မှာပဲ အားလုံးပုံချပြီး ငြင်းမရရုန်းမရအောင် ခိုင်လုံ တဲ့ အနေအထားတခုကနေ တွန်းပို့ထိုးကျွေးတာ ခံခဲ့ရလို့သာ အဲဒီအချိန်က စောင့်ကြည့်နားထောင်နေတဲ့ မဟာမိတ်က အရာရှိတချို့ လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးမှာ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကိုတော့ သူ့ကို ဆွဲထည့်ပြီး ဖြေခဲ့ရတဲ့ အဖမ်းခံရတဲ့ထဲက လူတွေနဲ့ ဒီစစ်ဆေးချက်တွေကို အချောပြန်ရေးပြီး ကိုမျိုးဝင်းကို အစီစဉ်ခံခဲ့တဲ့ ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ) သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကို “ထောက်လှမ်းရေးလား” လို့ ခေါင်းစဉ်တပ်ပြီး မေးခဲ့သူက ဘယ်သူလဲ။
ကိုမျိုးဝင် (မိုးညှင်း) ကိုယ်တိုင်မေးခဲ့တာလား။
ကိုသန်းဇော် (မန္တလေး) မေးခဲ့တာလား။
ဇော်ဇော်မင်း (မိုးညှင်း) မေးခဲ့တာလား။
“ဟုတ်တယ်” လို့ ၀န်မခံမချင်း ညဉ်းပမ်းနှိပ်စက် မေးနေတဲ့အပေါ် မခံနိုင်တဲ့အဆုံး ကိုထွန်းအောင်ကျော်ကို ဆွဲထည့်ဖြေ သွားခဲ့ရတဲ့ အဖမ်းခံရသူတွေထဲက ဘယ်သူတွေလဲ။ စစ်ချက်တိုင်းမှာ ကိုထွန်းအောင်ကျော်ရဲ့နာမည် ပါနေတယ်ဆိုက တည်းက ရည်ရွယ်ချက်ရှိရှိ အစီစဉ်ရှိရှိကို ထိုးကျွေးတာ ခံခဲ့ရတဲ့အနေအထား ညွှန်ပြနေတယ်။
ဒါတွေဖြစ်ခါနီးမှ ရောက်လာခဲ့တဲ့ ကိုချိုကြီး၊ ကိုအောင်မင်း၊ ကိုကျော်ဝေ၊ ကိုကျော်ဌေး တို့ကို မြို့မှာကတည်းက လုပ်ဖော် ကိုင်ဖက်တွေဖြစ်တဲ့ ကိုညီညီ၊ ကိုညီညီကျော်၊ ရန်အောင်တို့သာ သိနေတဲ့သူတွေ တခြား ရဲဘော်ရဲမေတွေ သိတောင်မ သိကြဘူး။ သူတို့ကိုရော ဘယ်သူကမေးပြီး ဘယ်သူက ဆွဲထည့်သွားတာလဲ။
အံ့သြဖို့ကောင်းတာက ကျမတောင်မှ မေးမြန်းစစ်ဆေးခဲ့တဲ့ နာမည်ထဲမှာ ပါခဲ့သေးတာ။ အစီစဉ်ရှိရှိလုပ်ခဲ့ကြတာ မဟုတ် ဘူးဆိုရင် ကိုအောင်နိုင် (မန္တလေး၊ အဲဒီအချိန်က အတွင်းရေးမှူး၊ နောက်ပိုင်းဥက္ကဋ္ဌ၊ လက်ရှိချင်းမိုင်) ကရော ဘာဖြစ်လို့ မပါနိုင်ရမှာလဲ။ ကိုအောင်နိုင် နာမည်တပ်ပြီး ဘာကြောင့် “ဟုတ်တယ်” လို့ မဖြေမချင်း ရိုက်စစ်မမေးခဲ့ကြတာလဲ။ ဘာ ကြောင့် ဘယ်သူမှ ဆွဲထည့်ဖြေမသွားခဲ့ကြတာလဲ။ ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ၊ ကျောင်းသားထောက်လှမ်းရေး၊ ထောင်ကျပြန်လွတ်) နဲ့ ဇော်ဇော်မင်း (မိုးညှင်း၊ ကျောင်းသားထောက်လှန်းရေး၊ ယခု စစ်ထောက်လှမ်းရေးက စောင့် ရှောက်ထား) တို့ ကျမကို ပြောခဲ့သလို “ကြည့်လေ ထွန်းအောင်ကျော်က ဟုတ်လို့ အဖမ်းခံခဲ့ရတာ ကိုအောင်နိုင်က မ ဟုတ်လို့ ကျန်နေရစ်တာ” တဲ့၊ ဘယ်လောက်လှတဲ့ အကွက်လေးလဲ။
ကျမအတွက် ကံကောင်းသွားတာက တကယ်လို့များ ကိုအောင်နိုင်သာ ထိုးကျွေးခံရမဲ့ စာရင်းမှာပါခဲ့ရင် အခုအချိန်မှာ မန္တလေးကျောင်းသားတွေ ပြောနေတဲ့တရားခံက မန္တလေးသူအဖြစ် မြို့မှာကတည်း ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်းတို့နဲ့ လက်တွဲလုပ်ခဲ့ပြီး တယောက်တည်း ကျန်ခဲ့တဲ့ ကျမ ဖြစ်ဖို့များတယ်။ မြောက်ပိုင်းဗဟိုကော်မတီထဲမှာ အ မျိုးသမီးတွေကို ထည့်သွင်းမစဉ်းစားတဲ့ မဟာယောင်္ကျားကြီးဝါဒက ကျမကို ကယ်သွားတာပဲ။ ကိုထွန်းအောင်ကျော်ရဲ့ ကိုယ်ရံတော် အင်မတန်ရိုးသားတဲ့ ရဲဘော် စိုးလွင် (မန္တလေး) နဲ့ ကျမကို “ဂေါလီ” လို့ ခေါ်ခဲ့တဲ့ အင်မတန်ရိုးသားပြီး ရန် သူကို ဖိုက်ဖို့လောက်ပဲ စဉ်းစားနေတဲ့ မန္တလေးက ဖိုက်တာတယောက်တော့ ကျန်ပါသေးတယ်။ ကျမတို့အားလုံး ခေါ်ခဲ့ တဲ့နာမည်က ကြယ်နီ ပါ။ သူလည်း (ဂေါစတာ) ကပဲ။
နောက်တခု ထူးဆန်းတာက စစ်ဆေးမေးမြန်းမှုထဲမှာ ကိုယ်တိုင်မပါဘဲ စစ်ချက်တွေကိုသာ ဖတ်ခဲ့ရတဲ့ ကိုအောင်နိုင် ထက် ကိုမျိုးဝင်း ပြီးရင် ဒုတိယအဆင့်က အဖမ်းခံရသူ အားလုံးနီးပါးကို ကိုယ်တိုင်စစ်ဆေးမေးမြန်းခဲ့တဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကို ကိုယ်တိုင်ရေးသားခဲ့တဲ့ ကိုညီညီကျော်နဲ့ အတွဲဖြစ်ခဲ့တဲ့ မန္တလေးသား ကိုသန်းဇော် (ဂေါစတာ) ကိုတော့ မန္တလေးသားတွေ တိုက်ခိုက်ပြောဆိုခဲ့တာမျိုး သိပ်မတွေ့ရတာကိုပါ။ ဒါကလည်း မြောက်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ် သွားတဲ့ ကိုညီညီကျော်၊ ကိုညီညီတို့တွေ မန္တလေးကျောင်းသားတွေကို ချပြခဲ့တဲ့ (အောင်နိုင်က အာဏာရူးပြီး ဥက္ကဋ္ဌ နေ ရာလိုချင်လို့ ကိုထွန်းအောင်ကျော်ကို သတ်တာ လက်ပိုက်ကြည့်နေခဲ့တာ) ဆိုတဲ့ ၀ါဒဖြန့်ထားတဲ့ စကားတွေအပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။
လှလည်းလှပါတယ်။ အတူလက်တွဲလုပ်လာခဲ့သူနှစ်ယောက် တယောက်က အသတ်ခံရတယ်။ တယောက်က လုပ်ဖို့လူ မရှိတော့တဲ့အပေါ်မှာ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ပဲ ကိုအောင်နိုင်ကို ချန်ထားပေးခဲ့ကြတာလား။ ဒါမှမ ဟုတ် တယောက်တည်းကျန်နေတဲ့ ကိုအောင်နိုင်ကကော ဘာလဲ။ စဉ်းစားကြည့်စရာပါ။
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အပါအ၀င် ကိုအောင်နိုင် တင်မက အဖမ်းခံခဲ့ရတဲ့ ကိုညီညီကျော်၊ကိုရဲလင်းတို့အဆုံး မြောက် ပိုင်း ဗဟိုကော်မတီဝင်အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို မြောက်ပိုင်း ရဲဘော်ရဲမေမှန်ရင် အားလုံးက နားလည်ထားပြီး သားပါ။ ဒါလောက် အုံနဲ့ကျင်းနဲ့ဖြစ်ခဲ့တဲ့ ကြီးကြီးမားမား နစ်နာဆုံးရှုံးခဲ့ရတဲ့ကိစ္စကြီးကို ကိုအောင်နိုင် တာဝန်ရှိတာမှန်ပေ မဲ့ တယောက်တည်းမှာပဲ ဖြေရှင်းပေးဖို့ တာဝန်ရှိသလို အတင်းကြီးလိုင်းတင်နေတာ သိပ်တော့သဘာဝမကျဘူးလို့ ကျမ ထင်ပါတယ်။ ဒါဟာ ပါဝင်ခဲ့ကြသူတွေအားလုံး စုစုံရှင်းမှ ဖြစ်နိုင်မဲ့ကိစ္စကြီးဆိုတာ တောင်းဆိုနေတဲ့ လူတွေကိုယ်တိုင် နား မလည်စရာအကြောင်းတော့ မရှိနိုင်ပါဘူး။ ဒါကို “ဒီလောက်လူတွေ အများကြီး သူတို့ကိုယ်တိုင်တောင် မရှင်းနိုင်တော့ ဘူး” လို့ ဖြေရှင်းပေးဖို့ တာဝန်ရှိတဲ့သူတွေထဲမှာ တယောက်အပါအ၀င်ဖြစ်တဲ့ ကိုညီညီကျော် (မန္တလေး၊ ဗဟိုကော်မတီ) က သူ့မှာ လုံးဝတာဝန်မရှိသလို ဘာမှမသိနားမလည်ဘဲ ခံလိုက်ရသလို ပြောနေရေးနေတာတွေက သက်သေပြနေပါ တယ်။
ကျမ ကျောင်းဆရာမလုပ်ပြီး ပြန်လာချိန်မှာ မြောက်ပိုင်းမှာ ကိုအောင်နိုင်ကို ကျမ ထပ်မေးခဲ့တာရှိတယ်။ ကိုထွန်းအောင် ကျော် က သေချာရဲ့လား။ ဆိုတော့။ “သူ ဆယ်တန်းအောင်ပြီး ဆယ်နှစ်လောက် ပျောက်နေတာတွေရှိတယ်။ စစ်ချက် တိုင်းလိုလိုမှာ သူ့နာမည်က ပါနေတာ။ စစ်ချက်တွေကို သူ့ဆီပို့တဲ့အခါ သူ့နာမည်ကို ဖယ်ထားရတယ်။ ထွက်ဆိုချက်တွေ က ခိုင်မာနေပြီး အချိတ်အဆက်တွေလည်း ရှိနေကြတယ်။ သူတို့သုံးတဲ့ကုပ်တွေ ချရေးခိုင်းတော့ တူနေကြတယ်။” ပြီး တော့ ဆက်ပြောသေးတယ် “မြို့ထဲမှာ ကျန်နေတဲ့ မင်းသူငယ်ချင်းတွေက ထောက်လှမ်းရေးတွေချည်းပဲ” တဲ့။
“ဘယ်သူတွေလဲ” ကျမ မေးတော့ မဖြေဘူး။ နာမည်တွေ တယောက်ပြီးတယောက် တပ်မေးပေမဲ့ ပြန်မဖြေတော့ဘူး။ အဲဒီအချိန်တုန်းက သူကိုယ်တိုင်လည်း သူ့ကိုယ်သူကလွဲလို့ ကျမကိုတောင် သိပ်ယုံပုံ မရတာတော့ သေချာပါတယ်။
ဒါတွေတက်လာချိန်မှာ သူ့ကို ကျမ ထပ်မေးခဲ့တယ်။ “အဲဒီအချိန်က ခင်ဗျာ့ကိုယ် ခင်ဗျာ့ ယုံကြည်မှုရှိနေတာ သေချာရဲ့ လား၊ ခင်ဗျာ့ကို ဘယ်သူမှ ဆွဲထည့်ဖြေမသွားဘူးလား”
“အဲဒါတော့ ကျနော်လည်းမသိဘူး။ ကျနော့်နာမည်ပါနေရင်လည်း အဲဒီဖိုင်က ကျနော့်ဆီဘယ်ရောက်မလဲ” တဲ့၊
“ဒါဆို ခင်ဗျာ့က စစ်ဆေးမေးမြန်းခဲ့တဲ့ အထဲမှာ မပါခဲ့ဘူးလား” မေးတော့ “မပါဘူး။ တခါတလေ သွားနားထောင်တာ တော့ ရှိတယ်။ ကျနော်က ထွက်ဆိုချက်တွေကိုပဲ ဖတ်ခဲ့ရတာ”
“ဒါဆို သူတို့လိုင်းတင်ပြီး မဖြေမချင်း နှိပ်စက်မေးခဲ့ရင်ရော ဘယ်လိုလုပ်မလဲ” ထပ်မေးတော့။
“အဲဒီလိုတော့ လုပ်မယ် မထင်ပါဘူး” တဲ့၊
“ဒါတော့ မဖြစ်နိုင်ဘူး ရန်သူက နှစ်ဘက်စလုံးမှာ ရှိနေနိုင်တာပဲ” ကျမပြောတော့ ဆက်မပြောတော့ဘူး။
ကျမလို သာမန်ရဲမေတယောက်တောင် ထိုးကျွေးတာခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့ဟာ ဘယ်နည်းနဲ့ မှ မဆလ မဖြစ်နိုင်ဘူး။ ဖြစ်မဲ့ဖြစ်ရင် ဗကပ ကပဲ။ ဒါတွေဖြစ်အောင် နှစ်ဘက်စလုံးမှာ ဒုတိယအဆင့်အနေအထားတွေနဲ့ နောက်ကွယ်ကနေ တွန်းပို့ဖန်တီးခဲ့တဲ့ (လူတစု) ကတော့ ရန်သူ့သူလျှို မဆလတွေပဲလို့ ခန့်မှန်းနိုင်ခဲ့ရင် တာဝန်ယူခဲ့ရတဲ့ အနေအထားမှာရှိနေတဲ့ ကိုအောင်နိုင်ရော အခုချိန်ထိ အဲဒီလို နည်းနည်းလေးမှ မတွေးထင်ခဲ့မိဘူးဆိုတာ သေချာရဲ့ လား။
ရန်သူ့သူလျှိုမပါဘဲ ဖြစ်ခဲ့တာသေချာရင် ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့ကို ထိုးကျွေးစရာအကြောင်း လုံးဝမရှိ သလို တောနဲ့ မြို့ပြဆက်သွယ်ရေးလမ်းကြောင်းလည်း ပြတ်တောက်သွားစရာ အကြောင်းလုံးဝမရှိဘူး၊ အစီစဉ်ရှိရှိလုပ်ခဲ့ လို့သာ ထောက်လှမ်းရေးက တယောက်နှစ်ယောက်လောက် ဖြစ်နေတာမျိုး မဟုတ်ဘဲ လူမှန်ရဲဘော်တွေအများကြီး ဆွဲ ထဲ့ခံခဲ့ရတဲ့အတွက် ရန်ကုန်၊ မန္တလေး၊ ဗန်းမော်၊ ကသာ၊ မုံရွာ၊ ရွေဘို ဒေသအရ အချိုးကျတွေနဲ့ ဖြစ်နေတဲ့အပြင် အား ဖြည့်ခဲ့တဲ့ (၅၀၁) (၄၀၁) တပ်ရင်းတောင် အချိုးကျ ထဲမှာ ပါသွားသေးတယ်။
ကိုမျိုးဝင်းကိုယ်တိုင်က ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်တို့ကိုခေါင်းစဉ်တပ်ပြီး ဟုတ်တယ်လို့ မဖြေ မချင်း ရိုက်မမေးခဲ့တာ သေချာရင်၊ အဖမ်းခံရသူတွေထဲကနေ ရိုက်မေးစရာမလိုဘဲ အစီစဉ်ရှိရှိ ဆွဲထည့်ဖြေသွားကြတာ မဟုတ်ဘူးဆိုရင် မျက်စိထဲမှာတော့ ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော်တို့ သုံးဦးရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တွေကို ပြန်မြင်ယောင်လာမိတယ်။
ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ၊ ထောက်လှမ်းရေးတာဝန်ခံ၊ မြို့မှာကတည်းက ကိုထွန်းအောင်ကျော်၊ ကိုညီညီကျော်၊ ကိုညီညီတို့နဲ့ ဂေါစတာမှာအတူ လက်တွဲလုပ်ခဲ့သူ။ ကိုထွန်းအောင်ကျော်ရဲ့လူလိုလိုနဲ့ ကိုမျိုးဝင်းရဲ့လူယုံဖြစ်နေ၊ စစ်ဆေး မှုတိုင်းကို ဦးဆောင်တာဝန်ယူရသလို စစ်ချက်အားလုံး အစီရင်ခံရေးသားတင်ပြရသူ)၊ လက်ကို နောက်ပြန်ကြိုး တုပ် ထားတဲ့ ကြားထဲက အရာရှိရိပ်သာမှ ပထမဦးဆုံးနဲ့အစောဆုံး ကိုယ်လွတ်ရုန်းပြေးနိုင်သူ ကိုညီညီကျော် (မန္တလေး၊ ဗဟို ကော်မတီ၊ ကိုထွန်းအောင်ကျော် လူယုံ၊ မန္တလေးကျောင်းသားတွေကို ပြန်ချပြတဲ့အခါ ယုံကြည်မှုရဖို့ အဖမ်းခံရတဲ့သူထဲ မှာ မပါလို့မဖြစ်သလို လွတ်မြောက်ဖို့လည်း အစီအစဉ်ရှိထားရမယ်) လက်ပြန်ကြိုးတုပ်ထားတဲ့သူ့ကို အစောင့်တယောက် မှ ချထားခြင်းမရှိဘဲ ထွက်ပြေးချိန်ရအောင် စီစဉ်ပေးနိုင်တဲ့သူက ဖမ်းတဲ့သူထဲမှာပဲ ရှိနေရမယ်။ မယုံရင် လက်ပြန်ကြိုး တုပ်ပြီး ပြေးကြည့်ပါ ဘယ်လောက်အကွာအဝေးရောက်တဲ့အထိ ပြေးနိုင်မှာလဲ၊ ဘာကြောင့်လိုက်ဖမ်းဖို့ အချိန်မမီနိုင်ရ မှာလဲ။ လက်ပြန်ကြိုးတုတ်မထားတဲ့ စိုးမင်းအောင် (မန္တလေး) ကိုတောင် မိအောင်ပြန်လိုက်ဖမ်းခဲ့ကြသေးတာပဲ။
ကိုညီညီကျော်ကို ဝှက်ပေးခဲ့တဲ့ ဆမားမှာနေတဲ့ တရုတ်အမျိုသမီးလေး လီးမေဆိုတာ ဗန်းမော်ရင်းမှာနေရတဲ့ ကိုညီညီ ကျော် ထက် လိုင်စင်ဗဟိုမှာနေတဲ့ ကိုသန်းဇော်နဲ့တောင် ပိုပြီးရင်းနှီးပါသေးတယ်။ အသက်လုပြေးနေချိန် တရုတ်မလေး လီးမေကို သတိရသွားတာ မဖြစ်နိုင်သလို လမ်းမှာကြုံကြိုက်သွားတာလည်း ဖြစ်နိုင်ခဲပါတယ်။ လမ်းကြောင်းအတိုင်းပဲ လိုက်ဖမ်းမှာကို သိနေတဲ့အတွက် နဂိုကတည်းက လီးမေအိမ်မှာ ခဏအောင်းနေဖို့ ကြိုတင် အစီအစဉ်ရှိထားပြီးသား ဖြစ်နိုင်ပါတယ်။
ထွက်မပြေးခဲ့တဲ့ ကျမမှာ မြောက်ပိုင်းဓါတ်ပုံ တပုံလေးတောင်မရှိပေမဲ့ အသက်လုပြေးခဲ့ရတဲ့ ကိုညီညီကျော်ကတော့ တ ယောက်တည်းရိုက်ထားတဲ့ ကိုယ်ရဲ့ကိုယ်ပိုင် မှတ်တမ်းဓါတ်ပုံလေးတွေတောင် ရှိနေတာ တမျိုးတော့ စိတ်ဝင်စားစရာပဲ။ ရန်သူ့သူလျှိုလို့ သတ်မှတ်ထားခံရတဲ့လူတွေရဲ့ တယောက်တည်းပုံတွေ အာဆန်ကုန်းမှာ လူသတ်မှတ်တမ်းဓါတ်ပုံတွေ ကိုတော့ ဖေ့ဘုတ်မှာ ကိုမင်းဌေး (မိုးကောင်း၊ လက်ရှိချင်းမိုင်) တင်ထားမယ်တော့ မထင်ပါဘူး။
ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံး၊ လွတ်မြောက်၊ ကိုမျိုးဝင်းနဲ့ ကိုသံချောင်း လူယုံ၊ ကိုမျိုးဝင်း ယုံကြည်လို့ ထည့်ထားသူ ဖြစ်နိုင်၊ အဖမ်းခံရသူတွေထဲက ဘယ်သူတွေ ဘယ်သူတွေက သေချာတယ်၊ ဘာဖြစ်နိုင်တယ်လို့ ကိုမျိုးဝင်းကို သတင်း ပြန်ပေးရ သူဖြစ်နိုင်) ကျမ မြောက်ပိုင်းရောက်စက စစ်ရုံးမှာလုပ်တဲ့အချိန် စစ်ရုံးထဲက ကျောင်းသားတပ်တည်ရှိရာတွေကို ယေဘူယျ ပြထားတဲ့ မြေပုံလေးကို ကျမ မှတ်တမ်းစာအုပ်ထဲ ကူးဆွဲဖူးတယ်။ အဲဒီအချိန် ကိုခင်မောင်ဇော် ရောက်လာပြီး ဒီရုံးထဲမှာရှိတာတွေကို သူ့ခွင့်ပြုချက်မရပဲ ကူးဆွဲခွင့်မရှိဘူးပြောလို့ သူ့ရှေ့တင် ဆွဲစုတ်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့တယ်။ အတော်လေးကြာသွားတဲ့အချိန် ကိုသီဟ (ခ) ကိုဖေ၀င်း (အာအိုင်တီ ပဉ္စမနှစ်၊ မိုးညင်း၊ ကျောင်းသားထောက်လှမ်းရေး၊ တိုက်ပွဲမှာ ကျဆုံး) ဒါတွေမဖြစ်ခင် ရှေ့တန်းထွက်ခါနီး ကျမကို “မြေပုံဆွဲတတ်သလား” လို့အမှတ်တမဲ့ မေးခဲ့တယ်။ ကျမ က အဲဒီအဖြစ်ကို သတိမရပဲ “အတိအကျတော့ မဆွဲတတ်ဘူး၊ ကြည့်ဆွဲရင်တော့ တူအောင်ဆွဲတတ်တယ် အတန်းထဲမှာ ပုံဆွဲတိုင်း အေပလပ်ရတယ်” လို့ပြောရင်း မြို့မှာတုန်းက ကျမ တော်တော်တုံးခဲ့ပုံလေးကို ပြောပြမိတယ်။
မန္တလေး အရှေ့ဘက်ခြမ်းမြေပုံ လိုချင်တယ်ဆိုတော့ တနေ့တနေ့ နေပူထဲမှာ စက်ဘီးတစီးနဲ့ လျှောက်ပတ်ကြည့်ပြီး ကျမ ဘာသာ ကျမ ဆွဲပေးလိုက်တယ်။ နောက် ပထ၀ီဌာနက ဆရာတယောက်ဆီမှာ သွားယူပြီး မိတ္တူကူးဖို့ ကိုကြီး (ကိုထွန်း အောင်ကျော်) ကို ပေးခဲ့တယ်။ အဲဒီအထိလည်း ကျမ သဘောမပေါက်သေးဘူး။ စစ်ရုံးမှာ လုပ်တော့မှ ကိုစိုးလင်း (မိုး ညှင်း၊ ရှေ့တန်းမှာ ဖျားနာပြီးသေဆုံး) နဲ့ ကိုမင်းဇော် (မိုးညှင်း၊ ရှေ့တန်းမှာ ရေနစ်သေဆုံး) တို့ တောင်အနိမ့်အမြင့် အ ကွာအဝေး အတိုင်းအတာ အတိအကျနဲ့ မြေပုံလေးတွေ တကုပ်ကုပ်ဆွဲနေတာကို သွားကြည့်ရင်း ကိုယ့်ဆွဲခဲ့တာကို ကိုယ့် ဘာသာ ပြန်တွေးမိပြီး ရယ်ချင်လိုက်တာ မပြောနဲ့တော့ဆိုတော့ သူပါလိုက်ရယ်ပြီး “ကျနော် ပြန်လာရင် မဆွေကို မြေပုံ ဆွဲခိုင်းအုံးမယ်” လို့ပြောခဲ့တယ်။
နောက်မှ ပြန်တွေးကြည့်တော့ ကိုခင်မောင်ဇော် ကျမ မြေပုံကူးဆွဲတဲ့ကိစ္စ ထောက်လှမ်းရေးရုံးကို ပြန်ပြောပြခဲ့လို့တာ ကို သီဟ ကျမကို ဒီလို အမှတ်မထင်မေးခဲ့တာဖြစ်မယ်လို့ စဉ်းစားမိတယ်။ ကိုခင်မောင်ဇော်ဟာ အကျယ်ချုပ်ကလွတ်ပြီးတဲ့ နောက်မှာတောင် စစ်ရုံးမှာ ပြန်လုပ်ခွင့်ရခဲ့တယ်။ တိုက်ပွဲမှာကျသွားခဲ့တဲ့ ကိုမျိုးဝင်းဝတ်ထားတဲ့ အင်္ကျီလေးတောင် ကျည် ဆန်က ရှေ့ပေါက်လား နောက်ပေါက်လားပြောရင်း သူ့လက်ထဲမှာ ရှိခဲ့တယ်။ နန်းအောင်ထွေးကြည်ရဲ့ မှတ်တမ်းအရ လည်း ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံး) ကိုမိုးကြီး (ရန်ကုန်၊ ကော်မတီရုံး)၊ သင်းသင်းတို့ကို အကျယ်ချုပ်နဲ့ ပြန်လွတ် ပေးတဲ့သူက ကိုမျိုးဝင်း ကိုယ်တိုင် ဖြစ်နေတယ်။
ဒီအနေအထားအရ ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော် ဒီသုံးယောက်နဲ့တင် တော်တော်လေး အလုပ်ဖြစ်ပါ တယ်။ သုံးယောက်လုံးကလည်း မန္တလေးသားတွေချည်းဖြစ်နေတာ အံ့သြစရာ မကောင်းဘူးလား။ ထွက်ပြေးခိုင်းတာ ခံခဲ့ရတယ်လို့ ယူဆရတဲ့ စိုးမင်းအောင်ကလည်း မန္တလေးသား၊ ထိုးကျွေးခံခဲ့ရတဲ့ ဥက္ကဋ္ဌကို ထွန်းအောင်ကျော်၊ ကိုချိုကြီး (ယူဂျီ)၊ ကိုအောင်မင်း(ယူဂျီ) တို့ကလည်း မန္တလေးသား၊ အဆင်သင့်စာအုပ်ထုတ်မဲ့ ကိုမောင်မောင် (ယူဂျီ၊ ရွှေကရ၀ိတ်) နဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) တို့ကလည်း မန္တလေးသား၊ စိတ်ဝင်စားစရာပါ။
နောက် ကျမ စဉ်းစားမိတဲ့အချက်က အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့ (အနကလ) ရဲ့ ဆိုင်းပုဒ်အောက်မှာ ဗကသ၊ အခသ၊ အစည်းအဝေးတွေလုပ်ခဲ့ကြသလို အထက်ဗမာပြည်အနေနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို အတော် လေး ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် ဌာရမ်းခဲ့တဲ့ အိမ်ရှင်တွေကို ချိတ်ပိတ်ပစ်မယ်ထိ ခြိမ်းခြောက်တာတွေ ခံခဲ့ရပါတယ်။ နေရာတွေ ထပ်ထပ်ရှာရ ပြောင်းရတာတွေရှိခဲ့တယ်။ အဲဒီလို နေရာရှာတဲ့အချိန်မှာပဲ (အနကလ) ဆိုင်းပုဒ်ကို ကျုံးထောင့် မှာရှိတဲ့ ဒီမိုကရေစီတစ် ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ (ဂေါစတာ) ရုံးမှာထားရင်း အတူတွဲလှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှု တွေ အကြီးအကျယ်ကို ရှိခဲ့တယ်။ ဒါပေမဲ့ ဂေါစတာရုံးကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတာမျိုး တခါမှ ကျမ မကြား ခဲ့ဖူးဘူး။
အဲဒီရုံးကို ဘယ်သူပိုင်တာလဲ။ ပိုင်ရှင်က သေသွားလို့ ခြိမ်းခြောက်တာတွေ ဘာတွေ မခံခဲ့ရတာလား။ ဘာကြောင့်လဲဆို တော့ ဒီအဖြစ်အပျက်ထဲမှာပါဝင်ခဲ့တဲ့ ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံး၊ အရာရှိရိပ်သာမှလွတ်မြောက်) နဲ့ ကိုစိုးလင်း (မန္တလေး၊ အာအိုင်တီ၊ တောင်ပိုင်းမှလွတ်မြောက်၊ အနကလ) ကလွဲရင် ကျောင်းသားထောက်လှမ်းရေး တာဝန်ခံ စစ် ဆေးမေးမြန်းခဲ့တဲ့ ကိုသန်းဇော်ကအစ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (အသတ်ခံရ)၊ ကိုညီညီ (လွတ်မြောက်)၊ ကိုညီညီ ကျော် (လွတ်မြောက်)၊ ကိုအောင်မင်း (ထောင်ထဲအရိုက်ခံရသေဆုံး)၊ ကိုကျော်ဝေ (အသတ်ခံရ)၊ ကိုကျော်ဌေး (အသတ် ခံရ)၊ ရဲဘော်ရန်အောင် (အသတ်ခံရ)၊ အေးကျော် (အဖမ်းခံရစဉ်သေဆုံး)၊ ရဲဘော်အိုကေ(ခ) အုံးကြိုင် (၅၆ ဦးနဲ့အတူ ရိုးရှင်းစွာ ပြန်လွတ်) မန္တလေးသားတွေအားလုံးနီးပါး (ဂေါစတာ) ကလူတွေပဲ ဖြစ်နေပြန်တယ်။ (တချို့လူတွေက မန္တ လေးမှာ လှုပ်ရှားခဲ့လို့ မန္တလေးသားလို့ ယူဆပေမဲ့ ဇာတိက မန္တလေးမဟုတ်ပါ။)
အဲဒီအထဲက ကိုအေးကျော် (မန္တလေး၊ ဂေါစတာ) ဟာ ဗန်းမော်ရင်းမှာ အဖမ်းခံထားရချိန် အချုပ်ထဲမှာပဲ သေဆုံးသွားခဲ့ တဲ့အတွက် အဆိပ်မိလို့များလားလို့ ဖမ်းခဲ့တဲ့သူတွေဘက်က သံသယဖြစ်ခဲ့ပါတယ်။ ဆေးတာဝန်ယူထားတဲ့ ဆရာမ ဘောက်မိုင်ကို ခေါ်မေးခဲ့တဲ့အတွက် စစ်ဆေးမေးမြန်းခဲ့တဲ့ လူတွေ (ဘယ်သူတွေလည်းတော့ ကျမ မသိ) နဲ့အတူ ဆရာမ ဘောက်မိုင်ကိုယ်တိုင် သင်္ဂြိုင်းမှာအလောင်းကို ပြန်သွားဖော်ပြီး ဗိုက်ခွဲပြခဲ့တယ်။ အူတွေကလီဆာတွေ ပြတ်နေတာမျိုး တော့ မရှိဘူးလို့ ဆရာမ ဘောက်မိုင်ကိုယ်တိုင် ကျမကို ပြောပြခဲ့ဖူးတယ်။
ဒီလူတွေဟာ မြို့မှာတုန်းက ကျမနဲ့အတူ လက်တွဲလုပ်ခဲ့တဲ့ (ဂေါစတာ) က မကျော့၊ မစန္ဒာ၊ ဝေေ၀ထွန်းတို့ရဲ့ အကိုတွေ ဆိုလည်း မမှားပါဘူး။ ကျမတောထဲသွားမယ်ဆိုတာကို ဝေေ၀ထွန်း တယောက်ပဲ အသိပေးခဲ့တဲ့အတွက် လိုအပ်တာတွေ ကို အစစအရာရာ ကူညီပေးခဲ့တယ်။ ကျမအထဲကို ပြန်ဝင်ချိန်မှာ မကျော့၊ မစန္ဒာတို့က အဆက်အဆံမပျက်ခဲ့ပေမဲ့ ဝေေ၀ ထွန်းကို သွားတွေ့တဲ့အခါ စကားတောင် ဟဟမပြောနိုင်အောင် နာကျည်းနေခဲ့တာ တွေ့ရတော့ စိတ်မကောင်းဖြစ်ရုံမှ တပါး ကျမ တတ်နိုင်ခဲ့တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျမအပါအ၀င် တောထဲရောက်လာသူတိုင်း ကိုယ့်အသက်ကို တော်လှန် ရေးအတွက် စပေါ် (စရန်) အဖြစ် တင်ထားကြပြီးသားပါ။
“သက်သေသာဓက အထောက်အထားခိုင်ခိုင်လုံလုံ မရှိဘဲ သူများကို မစွပ်စွဲသင့်ဘူး” ဆိုတဲ့စကားလေးဟာ အင်မတန် လှပပြီး သဘာဝကျသလိုလည်း ရှိပါတယ်။ ဒီလိုကိစ္စမျိုးတွေကို ဘယ်ဘက်ကမှ စလုပ်ခဲ့တဲ့အစဉ်အလာမျိုး ကျမတို့နိုင်ငံ မှာ မရှိခဲ့ကြဘူး ဆိုရင်ပေါ့လေ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတုန်းကလည်း သက်သေအထောက် အထား ခိုင်လုံတဲ့အတွက် ဂဠုန်ဦးစောကို ကြိုးပေးသတ်စေဆိုတာနဲ့ပဲ အဆုံးသတ်ခဲ့ကြတယ်။ နောက်ကွယ်ကနေ ဂလုန်ဦးစော ကို ဒါတွေလုပ်ဖြစ်အောင် ပံ့ပိုးပေးခဲ့ စေခိုင်းခဲ့တဲ့ ပညာရှိ လူမိုက် တရားခံအစစ်ကို ရိပ်မိသိရှိနိုင်ပေမဲ့ သက်သေမပြနိုင်လို့ လွတ်စေပေါ့၊ တရားရုံးက တရားမျှတမှုဆိုတာ လူမိုက်တွေအတွက်ပဲလေ။
လောကမှာ ဂဠုန်ဦးစောလို လူမိုက်မျိုးတွေ ထုနဲ့ထေးပါ။ ဒါကို ဒီပဲရင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့၊ ရွေဝါရောင် တော် လှန်ရေးမှာ ဘုန်းကြီးတွေကိုတောင် ရိုက်နှက်သတ်ဖြတ်ဖို့ ၀န်မလေးခဲ့ကြတဲ့ အဖြစ်အပျက်တွေက သက်သေပြ နေပြီး သားပါ။ ပြဿနာက သူတို့မဟုတ်ဘူး။ သူတို့လို လူမိုက်တွေကို နေရာတကျ အသုံးချနေကြတဲ့ ဥာဏ်အမျှော် အမြင်ကြီး မားတဲ့ ပညာရှိလူမိုက်တွေပါ၊ ၀မ်းနည်းကြေကွဲစရာတွေ စိတ်မချမ်းမြေ့ ဖွယ်ရာတွေကို မိဘပြည်သူတွေထံ လက်ဆောင် အဖြစ် မပျက်မကွက် ပေးပို့နေတတ်တဲ့ နေမြဲအတိုင်း နေမြဲရှိနေတတ်တဲ့ လူမျိုးတွေလေ။
ကျမအတွက်တော့ လက်ညှိုးထိုးပြခံနေရတဲ့ ဂဠုန်ဦးစောလို လူမိုက်မျိုးတွေ ကြိုးစင်တက်ရလည်း အဆန်းမဟုတ်ပါဘူး။ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်းတို့ကို ထိုးကျွေးခဲ့တဲ့ ကန့်လန့်ကာနောက်ကွယ်ကနေ လှုပ်ရှားသွားခဲ့တဲ့ သူလျှိုတစုကပဲ ကျမကို အဆန်းတကြယ်ဖြစ်စေတယ်။
ဒါဟာ တောထဲမှာ စိတ်ဓါတ်ကျ လက်မှိုင်ချနေတဲ့ လူတစုကို အထဲကို ပြန်ဝင်ကြဖို့ ဦးဆောင်ခေါ်သွားခဲ့တာမျိုး မဟုတ် ဘူး။ ညီညီညွတ်ညွတ် အားမာန်အပြည့် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်ကို ခါးကနေပိုင်းဖြတ်ပစ်ခဲ့ကြတာ။ မြောက် ပိုင်းကျောင်းသားတပ်ကို တောနဲ့မြို့ပြ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းအားဖြင့် ရေမဲ့ငါးလို ဖြစ် အောင်လုပ်ခဲ့တယ်။ အခုလည်း ရိုးသားတဲ့လူမှန် ရဲဘော်ရဲမေတွေကို ရှေ့ထုတ်ကာဗာယူပြီး နောက်ကွယ်ကနေ ကျောင်း သားတပ်ကို မိဘပြည်သူတွေထောက်ခံမှုမဲ့တဲ့ ရေမဲ့ငါးလိုဖြစ်အောင် ဆက်လက်တွန်းပို့ အကောင်အထည် ဖော်နေဆဲ လှုပ်ရှားနေဆဲ။ တော်လှန်ရေး သတိ။
ခိုင်လုံတဲ့သက်သေနဲ့တကွ “ဂဠုန် ဦးစောကို ကြိုးစင်တက်စေသတည်း” ဆိုတာနဲ့ပဲ အဆုံးသတ်ခဲ့ရင်တော့ နောက်နောင် လည်း တော်လှန်ရေးမျိုးဆက်အင်အားစုတွေကြား ဒေါင်းယောင်ဆောင်တဲ့ကျီးတွေရဲ့ လှည့်ကွက် အာကွက်ထဲမှာ ဒီလို ဆင်တူရိုးမှား အဖြစ်ဆိုးတွေနဲ့ ကြုံကြ ဆုံကြ ဖြိုခွဲခံကြရအုံးမှာ ဖြစ်သလို မိဘပြည်သူတွေလည်း သူတို့ရဲ့ သားသမီးတွေ ကို ထပ်ခါတလဲလဲ ဆုံးရှုံးနေကြရအုံးမှာ မလွဲပါဘူး။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
အပိုင်း (၁) ၊ အပိုင်း (၂) ၊ အပိုင်း (၃) ၊ အပိုင်း (၄) ၊ အပိုင်း (၅)
(ဓါတ်ပုံ MG/S.H.A.N.) 

45 Responses to “မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၆)”

  1. ထားထားလွင် May 6, 2012
    ဖြစ်စဉ်ကိုရေးပြတာမှာဘက်လိုက်မှုကင်းရင်ပိုကောင်းပါမယ်
    Reply
  2. မခင်ရွှေလှိုင်— ချီးကျူးပါတယ်၊ အပိုင်း (၅) ရေးသားထားတဲ့၊ face book ပေါ်က ကိုယ်လည်း အဖြစ်အပျက်မှာ ကိုယ်တိုင်မပါပဲနဲ့ တရုတ်သိုင်းဝတ္တုလို ရေးတတ်တဲ့ ကိုအောင်မိုးဝင်းလို လူမျိုး၊ ကိုမောင်မောင်လို စာအုပ်ထုတ်စားမယ့် လူမျိုးတွေကို ထောက်ပြဝေဖန်နိုင်တာ လေးစားပါတယ်၊ ကျနော်တို့အားလုံးသိနေတာက တဖက်ထဲက အသံတွေ ချည်းပဲ၊ အခုတော့ တဖြည်းဖြည်း အသံစုံ လာပြီ ၊ နောက်ပိုင်းဆို ပိုပြည်စုံသွားမယ်ထင် တယ်၊ ကိုယ်တွေ့မဟုတ်ဘဲ တွင်ကျယ်နေတဲ့ လေကျယ်တွေ အသံတိတ်သွားမယ်။ အားပေးလျှက်
    Reply
  3. ” နှိပ်စက်တာ မခံနိုင်လို့ စစ်ထောက်လှမ်းရေးပါလို့ ပြောလိုက်ရသူတဦး၏ လောကငရဲအကြောင်း” (ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး) apr10,12http://www.hittai.net/index.php?show=rm&fileid=112&t=home7&id=7
    Reply
  4. လူသတ်မှုကို ခံစားခဲ့ရသူတွေ ထုတ်ဖော်ရေးပြသလို ကျုးလွန်ခဲ့တယ်ဆိုတာနဲ့တင် လူ့အသိုင်းအဝန်းက ဖယ်ထုတ်ပစ်ဖို့ သင့်ပြီ။ ဒါကို ဘာကြောင့် စကားထဲ ထည့်မပြောတာလဲ။ အခုဟာက ခင်ရွှေလှိုင်က တောင်လိုလို မြောက်လိုလိုနဲ့ ဒီလိုရက်စက်နည်းကပဲ မမှားသလိုလို လျှောက်ရေးနေတယ်။ ဘယ်လိုပုံစံနဲ့ပဲ လျှောက်ပြောပြော စအိုထဲ ထည့်ရှော့ရိုက်တာ၊ နှာခေါင်းကို သံချိတ်နဲ့ ဆွဲလှန်ပစ်တာ၊ လက်ကိုမိုင်းပျော့ကပ် ပတ်ပြေးခိုင်းတာ၊ လူကက်ဆက်လုပ်ခိုင်းတာ ဒါတွေအားလုံးက ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာမရှိတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေပဲ။ အာဏာရှင်ထက်ဆိုးတဲ့ အာဏာရူးတွေလုပ်ရပ်ပဲ။ သိသမျှကို ရေးတယ်ဆိုပေမယ့် သမာသမတ်ကျကျ မရေးဘဲ Bias တွေ သိပ်ပါနေရင် Conspiracy ဖြစ်တတ်တယ်။
    Reply
  5. moe nyin April 7, 2012
    She is like a frog in a small pond. She didn’t know about all. We all know what is reality. She should take responsibility what she wrote
    စစ်ထောက်လှမ်းရေးက 8-9 standard ကျောင်းသားလေးတွေပါခဲ့သတဲ့လား for example : Bo Bo from yangon.
    Reply
  6. R35 myo April 7, 2012
    အမှန်တ၇ား အတွက် လမ်း ၃၀/၇၈ မှာ စောင်.နေတုန်း
    Reply
  7. မောင်ကျောင်း April 6, 2012
    ဘယ်သူတွေကအေဘီကိုစော်ကားနေလို့ တုန်း
    ဒီကိစ္စစပြီးပေါ်လာကထဲရေးတဲ့စာတွေကို အောက်ကလင့် မှာ အစကနေအဆုံးထိလိုက်ဖတ်ကြည့်လိုက်။
    http://8-8-88.blogspot.com/p/nothern.html#
    အေဘီကိုစော်ကားထားတယ်ဆိုတာမျိုးမတွေ့ မိဘူး။ တကယ်ခံခဲ့ရသူတွေဆန္ဒတွေက သူလျှိုမဟုတ် ပဲ စွတ်စွဲခံရ အသတ်ခံရသူတွေအတွက် မဟုတ်ပါဘူးဆိုတာ ဖြေရှင်းပေးစေလိုတဲ့ဆန္ဒတွေကိုသာတွေ့ ရတယ်။ အဲဒီလောက်လေးတောင် လက်ရှိအေဘီနဲ့ ကျောင်းသားရဲဘော်တွေက ကံခေရှာတဲ့ကိုယ့်ရဲဘော်ရဲဘက်တွေ အတွက် ဖြေရှင်းပေးချင်တဲ့ ဆန္ဒတွေမရှိကြဘူးလား။
    အဲဒီလိုဖြေရှင်းမပေးရင်သာ ခင်ဗျားတို့ အေဘီသိက္ခာကျသထက်ကျမှာ။ ဘာလို့ ဆိုတော့ ကိုယ့်တာဝန်ကိုယ်မယူရဲတဲ့ တာဝန်မခံရဲတဲ့သူရဲဘောကြောင်သူများ
    ကိုယ်မခံရပြီးရောဘယ်သူသေသေငါမသေပြီးရောဆိုတဲ့ ရဲဘော်ရဲဘက်စိတ်မရှိသူများလို့  သမိုင်းမှာကဗ္မည်းတင်ကျန်ခဲ့မှာ။ ခုကိုပဲ အဲဒီလိုဖြစ်နေပါပြီ။ အားလုံးက ခင်ဗျားတို့ ရဲ့  စိတ်အခြေအနေတွေကိုခန့် မှန်းနိုင်ပါတယ်။
    Reply
    • phone mu April 6, 2012
      ဒေါ်ခင်လှိုင်ရေ။ အပိုင်း(၆)သာရောက်သွားတယ်။ ဘာကိုဆိုလိုချင်နေမှန်းမသိသေးပါ။ နိဂုံးပိုင်းမှာ ဒါတွေကိုအနှစ်ချုပ်ပေးစေလိုပါတယ်။ (၁) ခေါင်းဖြတ်အသတ်ခံရသူတွေအားလုံးဟာ ထလရ ဟုတ်မဟုတ် အတည်ပြုပေးပါ။ (၂) ထလရ တော့ မဟုတ်ဘူး၊ ထလရဆိုပြီး ထိုးကျွေးခံခဲ့ရတယ်လို့ ယူဆလောက်တဲ့ အချက်အလက်တွေ တခုချင်း(တိတိကျကျ) ဖော်ပြပေးပါ။ (၃) အသတ်ခံရသူတွေကို ထလရ လို့ ယုံကြည်ရလောက်အောင် ထိုးကျွေးခဲ့သူတွေ၊ ကိုယ်လွတ်ရုန်းခဲ့သူတွေဟာ ဘယ်သူတွေလဲ စာရင်းပြုစုပေးပါ။ (၄) ကိုယ်ကိုယ်တိုင်ကော ထလရ လို့ စွပ်စွဲခံ၊ နှိပ်စက်ခံနေရတဲ့အချိန်မျိုးမှာ သက်သာရာသက်သာကြောင်း သူများအပေါ် အပြစ်ပုံချမလား၊ အသေခံမလား။ (မိုင်းပျော့ချည်၊ ခြေထောက်သံသွင်း၊ စအိုရှော့ရိုက်၊ လက်ဝါးကပ်သံမှိုစွဲ၊ နံချပ်ကူစစ်ကြောရေး၊ ဗိုက်ကတ္တာရာလာင်း) (၅) မြောက်ပိုင်းဗျူရိုကို ဖြိုခွဲမဲ့ရန်သူတွေ သေချာပေါက် လက်ရဖမ်းဆီးမိပြီ ဆိုပါစို့၊ အခုလို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်တာဟာ တရားမျှတတယ်လို့ လိပ်ပြာသန့်ပါသလား။ ထောက်ခံပါသလား။ ဒီမေးခွန်းတွေကို နိဂုံးပိုင်းမှာ အနှစ်ချုပ်ပေးစေလိုပါတယ်။
      Reply
      • Yes, completely agree with Ko Phone Mu’s comments as we all want to know clearly as we don’t know what Ma KSHlaing’s writing and looks in confusion more and more.
        Reply
  8. မင်းသစ် April 6, 2012
    ဟေ့ကောင် ဟိုအပေါ်က ကြည့်ပြော ဆိုတဲ့ကောင်
    လာပြန်ပြီတယောက် တော်တော်ခေါ်လို့ကောင်းတဲ့နာ မည်တွေဘဲ။ ဟိဟိ။ ကြည့်ပြော နဲ့ မနေနိုင်ကိုင်ထား
    တဲ့ဗျာ။ ဟေ့လူတွေရေ မင်းတို့အဆင့်ကို မင်းတို့နာမည်တွေနဲ့တင်တော် တော်လေးမှန်းလို့ရနေပြီ။မင်းတို့ကောင်တွေနဲ့ နအဖ နဲ့တူညီတဲ့အချက်က ပြဿနာ လမ်းလွှဲတဲ့နေရာမှာတော်တော်တူကြတာဘဲ။ ကိုယ်နဲ့အတွေးအခေါ်မတူတဲ့လူတွေကိုနှိပ်ကွပ်ရာမှာလဲတူတာဘဲ။ သမိုင်းကိုဇွတ်ဖြောက်တဲ့နေရာမှာလဲ တူတာဘဲ။ အင်းအေဘီသာ နအဖကိုစစ်နိုင်ခဲ့လို့ကတော့ နအဖတဲ့ ဆယ်ပြန်မကဆိုးတဲ့စစ်ဖိနပ်အောက်ကိုငါတို့ပြည်သူ
    တွေရောက်ခဲ့ကြရမှာအမှန်ဘဲ။ မင်းတို့ဥာဏ်မရှိ၊
    စစ်ရည်စစ်သွေးမရှိ၊ ဘာစည်းရုံးရေမှမရှိ ခဲ့တာဘဲ ငါတို့မှာဝမ်းသာရမလိုဖြစ်နေတယ်။ ကံကောင်းလေစွ။
    ငါခဏခဏပြောဘူးနေပြီ။ ထောက်လှန်းရေးတွေဘာ
    တွေလာပြောမနေနဲ့။ လူမဆန်စွာနှိပ်စက်တာတွေ
    လုပ်သလားမလုပ်ဘူးလား ဒါဘဲအရေးကြီးတယ်။
    အဲ့ဒါကသာအေဘီရဲ့သမိုင်းဖြစ်မှာ။ သေချာရှင်းဖို့အ
    ရေးကြီးတယ်။ မင်းတို့သေခဲ့တာတွေ၊ အနစ်နာခံရ
    တာတွေလာပြောမနေနဲ့။ စောမောင်တို့၊ သန်းရွှေတို့
    ခင်ညွန့်တို့ဆီရအဲ့ဒီစကားမျိုးတွေဖန်တရာတေအောင်
    ကြားခဲ့ဘူးပြီ။ ရိုးနေပြီ။
    သူများတွေကိုလက်ငြိုးလိုက်မထိုးနဲ့။ ကိုယ်အဖွဲ့အစည်းလုပ်ခဲ့လားမလုပ်ခဲ့ဘူးလာဘဲပြော။
    လုပ်ခဲ့ဘူးရင်ဒီအမဲစက်ကိုဆေးကြောဖို့စဉ်းစား။ ရန်လျောက်လုပ်မနေနဲ့
    ခုဟာကခွေးရူးလိုဖြစ်နေတယ်။
    Reply
    • မင်းသစ် April 7, 2012
      လာပြန်ပြီတယောက် မင်းတို့နဲနဲလေးမှယဉ်ကျေးမှုမရှိ ကြဘူးလားကွာ။ ငါမသိဘူး။ ဒါပေမဲ့အကြောင်းကြောင့်
      အကျိုးဖြစ်တယ်ဆိုတာတော့လက်ခံတယ်ကွ။ အေဘီ
      မြောက်ပိုင်းမှာလူတွေမသတ်ခဲ့ရင်အခုလိုအကျိုးဆက်
      တွေဖြစ်မလာဘူး။ ရှိခဲ့ရင်လဲ အနှစ်နှစ်ဆယ်လုံးလုံးရေ
      ငုံနှုပ်ပိတ်မရှင်းလင်းဘဲ ခေါင်းဆောင်အဆက်ဆက်မ
      သိကျိုးကျင်လုပ်နေခဲ့ကြတယ်။ ခံရတဲ့လူတွေမပြောရင်
      အေဘီဟာဘယ်တော့မှဒီအကြောင်းတွေကိုဖေါ်ထုပ်မှာမဟုတ်ဘူး။မင်းဒိလောက်လေးမှမသိဘူးလားကွာ
      အသတ်ခံရတဲ့သူတွေလဲအသတ်ခံရပြီးပြီ။ကျန်နေတဲ့ ခံရတဲ့လူတွေလဲအသက်တွေကြီးလာပြီ။ အချိန်မတန်
      သေးဘူးတဲ့။ ရီချင်တယ်ကွာ။ ခုချိန်မှာမဖေါ်ထုပ်လို့
      ဘယ်အချိန်ဖေါ်ထုပ်ရမှာလဲ။ အခုဆိုလူသတ်တဲ့လူ
      တွေက ပြည်တွင်းပြန်ဝင်ပြီးဆရာကြီးလုပ်ဖို့ အခွင့်
      အရေးယူဖို့ပြင်လာကြပြီ။ ငါ့အမြင်က အခုအချိန်ဟာ
      မဖြစ်မနေလိုအပ်ချက်အရဖေါ်ထုပ်ရမဲ့အချိန်ဘဲကွ။
      ငါနဲ့အမြင်မတူတာကိစ္စမရှိဘူး။ ဒါကိုငါလက်ခံနိုင်
      တယ်။ မဆဲနဲ့ကွ။ အဲ့ဒါမင်းတို့အဆင့်အတန်းကိုမင်း
      တို့ဖေါ်ပြနေတာဘဲ။ မင်းလဲအသက်မငယ်လောက်
      တော့ဘူး။ လိမ်မာဖို့ကောင်းနေပြီ။
      Reply
  9. Maung Maung April 6, 2012
    The bottom line is you are not supposed to torture and kill that ways whoever they are and if you done that you are CRIMINALS whatever reasons behind. End of story……
    Reply
  10. စိုးမင်း April 6, 2012
    ကျွန်တော်ထင်တာကတော့ဒီကိစ္စတွေပြန်ပေါ်လာရတာဟာဒီနှစ်ဆန်ပိုင်းအစိုးရကနေလွတ်ငြိမ်းချမ်းသာခွင့်တွေပေးလိုက်တာနဲ့ပတ်သက်ပြီးပြည်သူလူထုအနေဖြင့်လူ
    သတ်သမားသံချောင်းအချောင်လွတ်မြောက်သွားမှာကို
    စိုးရိမ်ပူပန်တာကနေစခဲ့တယ်လို့ထင်ပါတယ်။
    Reply
  11. အေးမြင့် April 6, 2012
    အေးအဲဒီပါတဲ့လူတွေ အားလုံးပြည်တွင်းထဲမှာ မင်းတို့ဘာလို့အရေးမယူသလဲ ?မင်းတို့ဘာကြောင့် လက်ရှိ အေဘီကိုလာစော်ကားနေသလဲ ?မင်းတို့ဘာကြောင့် ပွဲလှန့်တုန်းဖျာခင်းချင်ကြတာလဲ အဲလိုလုပ်ရပ်တွေကို ဘယ်သူတွေကလုပ်တတ်သလဲ
    အဲဒီသူလျိုလို့စွပ်စွဲခံရပြီး ပြန်လွတ်လာသူတွေ ကွန်ယက်တွေဖွဲ့ပြီး ဘာကြောင့်လှုပ်ရှားနျေနိုင်သလဲ အဲဒီနောက်ကွယ်က ခေါင်းဆောင်ဘယ်သူလဲ မင်းတို့စစ်ထောက်လှမ်းရေးတွေ စစ်ကြောရေးမှာ သေသွားတဲ့ ကျောင်းသားတွေ သံဃာတွေ ပြည်သူတွေရဲ့ မိသားစုတွေကရော ဒီအတိုင်းလက်ပိုက်ကြည့်နေမယ်လို့ ထင်သလား
    Reply
    • မြင့်အေး April 7, 2012
      မင်းတို့ အေဘီကရော ဘာလို့ ဒီကိစ္စ အစောကြီးထဲကမရှင်းလဲ? လူသတ်ကောင် အောင်နိုင်နဲ့ လူသတ်အားပေး နိုင်အောင်တို့ ကိုကာကွယ်ချင်တာနဲ့ အေဘီကို စော်ကားတယ်လို့ မင်းတို့ တံဆိပ်တပ်နေတာ။ စစ်တပ်လဲ သူတို့ လုပ်တာကို ဘယ်တော့ မှ တာဝန်ခံပြီး၊ မှားပါတယ်လို့ဝင်ခံပြီး မရှင်းသလို၊ မင်းတို့လဲ သူတို့ စောက်ကျင့်အတိုင်း ပုံတူကူးချနေရင် အေဘီ အလံတော်နဲ့ သစ္စာအဓိဌာန် တွေအတွက် မင်းတို့ ရှက်ဖို့ကောင်းတယ်။ အေဘီက သမိုင်းတရားခံမဟုတ်ဘူး၊ မင်တို့သာလျှင် သမိုင်းတရားခံတွေကွ
      Reply
  12. Name (required) April 6, 2012
    ဒီမြောက်ပိုင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေ၊ တာဝန်ခံခဲ့သူတွေ နဲ့ ပါဝင်ပတ်သက်ခဲ့သူတွေဖြစ်တဲ့ နိုင်အောင်က အစ အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်း၊ လှဋ္ဌေး၊ ကျော်ကျော်၊ သန်းဇော် တို့အလယ် ခင်ရွှေလှိုင်အဆုံး အားလုံးကို တခါတုန်းက ဆရာပါ (ဆရာကြီး ပါရဂူ) ပြောပြခဲ့ဖူးတဲ့ ဂရိပုံဝတ္ထုလေး တခုကို လက်ဆောင်ပါးလိုက် ပါရစေ။
    ̏ တခါက ဂရိ ဒဿနပညာရှင် ကြီးတဦးဟာ လူ့လောက လူ့အဖွဲ့အစည်းအတွက် တန်ဘိုးရှိတဲ့ သီအိုရီ တခုကို စဉ်းစားအဖြေထုတ် ရေးသားနေတုန်းမှာ အနီးနားက ခလေးငယ် တယောက်ဟာ အမှုမဲ့ အမှတ်မဲ့ ခလုတ်တိုက်မိပြီး စားပွဲပေါ်က မင်အိုးကို မှောက်သွားစေခဲ့တယ်။ ဒဿနပညာရှင်ကြီး အပတ်တကုတ် စဉ်းစားအဖြေထုတ်ထားတဲ့ စာရွက်ဟာ လုံးဝပြန်ဖတ်လို့မရအောင် စွန်းထေးပေကျံသွားခဲ့ပါတယ်။ အဲဒီအခါမှာ ဒဿနပညာရှင်ကြီးက ကလေးငယ်ကို ပြောခဲ့တဲ့ စကားကတော့ … ̋
    ̏ ခလေးရယ် … မင်းလုပ်ခဲ့တဲ့ အပြုအမူအတွက် ဘယ်လောက်ဆုံးရှုံးနစ်နာခဲ့ရလဲဆိုတာကို မင်းကိုယ်တိုင်မှ သိပါရဲ့လား … ̋ တဲ့။
    Reply
  13. ပျံလွှား April 6, 2012
    ၁.“စစ်ချက်တိုင်းမှာ ကိုထွန်းအောင်ကျော်ရဲ့နာမည် ပါနေတယ်ဆိုက တည်းက ရည်ရွယ်ချက်ရှိရှိ အစီစဉ်ရှိရှိကို ထိုးကျွေးတာ ခံခဲ့ရတဲ့အနေအထား ညွှန်ပြနေတယ်။“………..ဒီစာကြောင်းအတွက်တော့ မေးခွန်း တခု…… ခင်ဗျားကိုယ်တိုင်စစ်ခဲ့တာလား.သို့တည်းမဟုတ်..ခင်ဗျား ဒီစစ်ချက်တွေကို ဘယ်လိုသိခဲ့တာလဲ.(ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေက တင်ပြခဲ့လို့လား.. ဥပမာ. စစ်ချက်တွေကို အမြဲလာ သတင်းပေးနေတဲ့ ကိုအောင်နိုင်). တဖက်နားနဲ့ယုံခဲ့တာလား
    ၂.““ကြည့်လေ ထွန်းအောင်ကျော်က ဟုတ်လို့ အဖမ်းခံခဲ့ရတာ ကိုအောင်နိုင်က မ ဟုတ်လို့ ကျန်နေရစ်တာ” တဲ့၊ ဘယ်လောက်လှတဲ့ အကွက်လေးလဲ။“…………..ဒီစာကြောင်းအတွက်တော့ မေးခွန်း နောက်တခု……တရားခံ အားပေးလုပ်တာလား.ကိုယ့်လူကိုယ် ကာကွယ်တာလား
    ၃. “နောက်တခု ထူးဆန်းတာက စစ်ဆေးမေးမြန်းမှုထဲမှာ ကိုယ်တိုင်မပါဘဲ စစ်ချက်တွေကိုသာ ဖတ်ခဲ့ရတဲ့ ကိုအောင်နိုင်
    တယောက်က လုပ်ဖို့လူ မရှိတော့တဲ့အပေါ်မှာ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ပဲ ကိုအောင်နိုင်ကို ချန်ထားပေးခဲ့ကြတာလား။ ဒါမှမ ဟုတ် တယောက်တည်းကျန်နေတဲ့ ကိုအောင်နိုင်ကကော ဘာလဲ။ စဉ်းစားကြည့်စရာပါ။“…………..ဒီစာကြောင်းအတွက်တော့ မေးခွန်း နောက်တခု….ကျန်နေခဲ့အောင်ကော လက်စွမ်းပြခဲ့တာလား၊ ထိုးကျွေးရှောင်ထွက်ခဲ့တာလား
    ၄.“ထွက်ပြေးခိုင်းတာ ခံခဲ့ရတယ်လို့ ယူဆရတဲ့ စိုးမင်းအောင်ကလည်း မန္တလေးသား၊ ထိုးကျွေးခံခဲ့ရတဲ့ ဥက္ကဋ္ဌကို ထွန်းအောင်ကျော်၊ ကိုချိုကြီး (ယူဂျီ)၊ ကိုအောင်မင်း(ယူဂျီ) တို့ကလည်း မန္တလေးသား၊ အဆင်သင့်စာအုပ်ထုတ်မဲ့ ကိုမောင်မောင် (ယူဂျီ၊ ရွှေကရ၀ိတ်) နဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) တို့ကလည်း မန္တလေးသား၊ စိတ်ဝင်စားစရာပါ။“…………….ဒီစာကြောင်းအတွက်သုံးသပ်ချက်က…..အဲဒီတော့ လူသတ်တရားခံဟာ မန္တလေးသား (သို့) မန္တလေးသူ (ခင်ဗျားကိုယ်တိုင်) ဖြစ်ဖို့များပါတယ်
    ၅.“ကျောင်းသားထောက်လှမ်းရေး တာဝန်ခံ စစ် ဆေးမေးမြန်းခဲ့တဲ့ ကိုသန်းဇော်ကအစ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (အသတ်ခံရ)၊ ကိုညီညီ (လွတ်မြောက်)၊ ကိုညီညီ ကျော် (လွတ်မြောက်)၊ ကိုအောင်မင်း (ထောင်ထဲအရိုက်ခံရသေဆုံး)၊ ကိုကျော်ဝေ (အသတ်ခံရ)၊ ကိုကျော်ဌေး (အသတ် ခံရ)၊ ရဲဘော်ရန်အောင် (အသတ်ခံရ)၊ အေးကျော် (အဖမ်းခံရစဉ်သေဆုံး)၊ ရဲဘော်အိုကေ(ခ) အုံးကြိုင် (၅၆ ဦးနဲ့အတူ ရိုးရှင်းစွာ ပြန်လွတ်) မန္တလေးသားတွေအားလုံးနီးပါး (ဂေါစတာ) ကလူတွေပဲ ဖြစ်နေပြန်တယ်။“ ……………..ဒီစာကြောင်းအတွက်တော့ မေးခွန်း နောက်တခု……….ရှားရှားပါးပါး လွတ်မြောက်သွားသူတွေကိုပါ နောက်ထပ်တကြိမ် နှုတ်ပိတ်ချင်သေးတာလား၊ ကိုယ်ကိုယ်တိုင် လက်တွေ့ ထပ်သတ်ချင်နေသေးတာလား၊ လွတ်သွားလို့ မခံမရပ်နိုင်ဖြစ်ပြီး အမှုမှန်ပေါ်လာမှာ ကြောက်နေတာလား
    ၆.“သက်သေသာဓက အထောက်အထားခိုင်ခိုင်လုံလုံ မရှိဘဲ သူများကို မစွပ်စွဲသင့်ဘူး” ဆိုတဲ့စကားလေးဟာ အင်မတန် လှပပြီး သဘာဝကျသလိုလည်း ရှိပါတယ်။ ဒီလိုကိစ္စမျိုးတွေကို ဘယ်ဘက်ကမှ စလုပ်ခဲ့တဲ့အစဉ်အလာမျိုး ကျမတို့နိုင်ငံ မှာ မရှိခဲ့ကြဘူး ဆိုရင်ပေါ့လေ။“ …………..ဒီစာကြောင်းအတွက် သုံးသပ်ချက်က……..ခင်ဗျားစကားက ခင်ဗျားကို ချည်ပြီးနေပြီ..ညီညီကျော်နဲ့ ညီညီကို စတင်စွပ်စွဲထားတာ ခင်ဗျားကိုယ်တိုင်ဆိုတာ ခင်ဗျားရေးထားတဲ့စာက သက်သေခံနေတာ လူသိရှင်ကြားပဲ. လိမ်လို့မရဘူး
    ၇.“နောက်ကွယ်ကနေ ဂလုန်ဦးစော ကို ဒါတွေလုပ်ဖြစ်အောင် ပံ့ပိုးပေးခဲ့ စေခိုင်းခဲ့တဲ့ ပညာရှိ လူမိုက် တရားခံအစစ်ကို ရိပ်မိသိရှိနိုင်ပေမဲ့ သက်သေမပြနိုင်လို့ လွတ်စေပေါ့၊ တရားရုံးက တရားမျှတမှုဆိုတာ လူမိုက်တွေအတွက်ပဲလေ။“. …………………ဒီစာကြောင်းအတွက် သုံးသပ်ချက်က…….စိတ်ချပါ တရားရုံးရောက်ရင်လဲ ခင်ဗျားလွတ်မှာပါ. ခင်ဗျားကိုယ်တိုင်က ကြိုးကိုင်ဖြစ်နေလိှု့
    ၈. “၀မ်းနည်းကြေကွဲစရာတွေ စိတ်မချမ်းမြေ့ ဖွယ်ရာတွေကို မိဘပြည်သူတွေထံ လက်ဆောင် အဖြစ် မပျက်မကွက် ပေးပို့နေတတ်တဲ့ နေမြဲအတိုင်း နေမြဲရှိနေတတ်တဲ့ လူမျိုးတွေလေ။“. …………..ဒီစာကြောင်းအတွက် သုံးသပ်ချက်က……….အဲဒါခင်ဗျား ကိုယ်တိုင်ပါပဲ၊ သားသမီးဆုံးရှုံးသွားလို့ ရူးမတတ် ခံစားနေရတဲ့ မိဘတွေကို ထပ်ပြီးရင်ကွဲနာကျအောင် လူသတ်သမားအားပေး/ကြိုးကိုင်သူဟာ ခင်ဗျား ဖြစ်ဖို့များလာပြီ
    ၉.”ခိုင်လုံတဲ့သက်သေနဲ့တကွ “ဂလုန်ဦးစောကို ကြိုးစင်တက်စေသတည်း” ဆိုတာနဲ့ပဲ အဆုံးသတ်ခဲ့ရင်တော့ နောက်နောင် လည်း တော်လှန်ရေးမျိုးဆက်အင်အားစုတွေကြား ဒေါင်းယောင်ဆောင်တဲ့ကျီးတွေရဲ့ လှည့်ကွက် အာကွက်ထဲမှာ ဒီလို ဆင်တူရိုးမှား အဖြစ်ဆိုးတွေနဲ့ ကြုံကြ ဆုံကြ ဖြိုခွဲခံကြရအုံးမှာ ဖြစ်သလို မိဘပြည်သူတွေလည်း သူတို့ရဲ့ သားသမီးတွေ ကို ထပ်ခါတလဲလဲ ဆုံးရှုံးနေကြရအုံးမှာ မလွဲပါဘူး။“…………………..ဒီစာကြောင်းအတွက် သုံးသပ်ချက်က…..စိတ်ချပါ၊နောက်နောင်လဲ ဘယ်မိဘကမှ တောခိုပြီးလုပ်ရမယ့် တော်လှန်ရေး
    အားမပေးတော့သလို ဘယ်မျိုးဆက်သစ်ကမှလဲ ဒီလိုလုပ်မှာမဟုတ်တော့ဘူးဆိုတာ သိထားပါ
    ၁၀. နောက်ဆုံးသုံးသပ်ချက်ကတော့…ကျောင်းသား
    တပ်မတော်ကိုဖြိုခွဲတယ်လို့ တွင်တွင်သုံးပြီးလူမစုပါနဲ့၊ ကျောင်းသားတပ်မတော် ဂုဏ်သိက္ခာကို ကယ်တင်သူက ဘယ်တော့မှ သူခိုး ဓါးရိုးကမ်း မလုပ်ပါ.လူသတ်တရားခံကို ကာကွယ်ပေးခြင်း မလုပ်ပါ၊ အပေါင်းပါအဖြစ်လဲ နာမည်မခံပါ။
    Reply
    • ခင်ဗျားတို့ပြောနေတဲ့ လူသတ်တရားခံတွေဆိုတာ ပြည်တွင်းထဲမှာရှိပါတယ် သူ့တို့ကို ကာကွယ်ပေးထားတာ ဘယ်သူတွေလဲ ခင်ဆွေလှိုင်မဟုတ်တာ သေချာပါတယ် ။ အဲဒီလူတွေမရှိတော့တဲ့ လက်ရှိ အေဘီကို တိုက်ခိုက်ရေးသားခဲ့တာတွေကျတော့ ထည့်မပြောဘူးလား ။ ခင်ဆွေလှိုင်ရေးတဲ့အထဲမှာ အဖြေကပေါ်နေပြီးသား စစ်ထောက်လှမ်းရေး အစစ်အမှန်တွေက ကျောင်းသားတွေကို ထိုးကျွေးခဲ့တယ်ဆိုတာ ။ အခုလည်း တရားခံလို့စွပ်စွဲခံရတဲ့သူတွေထဲမှာ တကယ်မဟုတ်တဲ့လူတွေ ရိုးသားတဲ့သူတွေကို ကာဗာလုပ်ပြီး စစ်ထောက်လှမ်းရေးတွေက အသုံးချနေတယ်ဆိုတာ — ဒါအမှန်တရားပဲ ။ နောက်တစ်ခု သူရေးတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာက နန်းအောင်ထွေးကြည့် ဖခင် အမှတ် ၂ ထောက်လှမ်းရေးမှူး ဗိုလ်မှူးခင်မောင်ကြည် သူနဲ့ဆက်စပ်နေတာ ကေအိုင်အေဗိုလ်ချုပ်ဇော်မိုင် ၊ အဲဒီဗိုလ်ချုပ်ဇော်မိုင်ကို ၂၀၀၀ ခုနှစ် ၀န်းကျင်လောက်က လက်ရှိကေအိုင်အေက ဖမ်းဆီးထားတယ် ( ကေအိုင်အေကို နအဖလက်ထဲ ထိုးအပ်ဖို့ အစီအစဉ်ရှိလို့) အဲဒီအချိန်က ကျောင်းသားတွေထဲမှာ ဖမ်းပွဲတွေဖြစ်နေတာ ဘာလို့မတားခဲ့တာလဲ
      Reply
      • ကြည့်ပြော April 6, 2012
        နောက်တစ်ခုက အယောက် ၅၀ ကျော်ကြီး တရုတ်နယ်စပ်အတိုင်း ပြေးသွားတာ ကေအိုင်အေရော ကျောင်းသားတပ်ကရော သတင်းအစအနလေးတောင် မရကြဘူးလား စိတ်ဝင်စားစရာပေါ့နော် ။ နောက်တစ်ခုက နန်းအောင်ထွေးကြည်ရဲ့ဦးလေးတော်သူဆိုတာ SSA က ဖြစ်ပြီး သူလည်းအဆိပ်ခတ်ခံလိုက်ရတယ်ဆိုတာ အဲဒီအချက်တွေဟာ မြောက်ပိုင်းသူလျိုမှုတွေနဲ့ ဘယ်လိုများပတ်သက်နေပါသလဲ သိတဲ့လူရှိရင် ပြောပေးကြပါအုံး
        Reply
  14. ဘာကြောင့် သတ်သတ် လူ အစု လိုက် အပြုံလိုက် ရက်ရက် စက်စက် သတ်ပြစ်တာကို က ရာဇ၀န်မှု့မြောက်ပါပြီ
    Reply
  15. မန္တလေးသူ April 6, 2012
    ဝေထွန်းက နင့်ကို သိတ်ပြီး ဟက်ဟက်ပက်ပက်နှုတ်မဆက်လိုက်တာ မှန်တာပေါ့။ နင်က တလျှောက်လုံး ကိုကြီး ကိုကြီး ဆိုပြီး ကိုထွန်းအောင်ကျော် နားကပ် ပတ်ချွဲနပ်ချွဲ လုပ်နေတဲ့ ကောင်မလေးပါ။ လုပ်ဖေါ်ကိုင်ဘက် မဟုတ်ပါဘူး။ နင်က မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ ကိုယ်စားလှယ်အဖြစ်တောင်မပါပါဘူး။ ငါ့သူငယ်ချင်း သီရိကျော်ဝင်း ( လူ့ဘောင်သစ်) ကို လူပိုသိပါတယ်။ နင်က မြို့ကြီးသားတွေကို စိတ်နာမှာပေါ့။ မြို့ကို ပြန်လာတော့ နင့်ကို ဘယ်သူကမှ ဆေးဖေါ်ကြောဘက်မလုပ်တော့ဘူးလေ။ သတ္တိရှိတယ်ဆိုရင် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ နင်တာဝန်ယူခဲ့ဘူးတဲ့ ရာထူးကို မိတ်ဆက်ပါ။ ထမင်းထုတ်ဝေယုံလောက်အဆင့်လောက် ကောင်မလေးက ကိုထွန်းအောင်ကျော်တို့နဲ့လုပ်ဖေါ်ကိုင်ဘက် လို့ မပြောပါနဲ့နော်။
    Reply
  16. ရန်ကုန်သား April 6, 2012
    ဇော်ဇော်မင်း (မိုးညှင်း၊ ကျောင်းသားထောက်လှန်းရေး၊ ယခု စစ်ထောက်လှမ်းရေးက စောင့် ရှောက်ထား)??????
    အခုထက်ထိပဲ လား???မရှင်းလင်းပါ
    Reply
  17. မောင်ကျောင်း April 6, 2012
    မခင်ရွှေလှိုင်
    ဖတ်ရတာအတိတ်ကောက်ပြီးချဲထိုးရသလိုဖြစ်နေ တယ်။
    ရှင်းရှင်းလင်းလင်းရေးစေချင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လိပ်ပတ်မလည်ဘူးဗျာ။
    မခင်ရွှေလှိုင်ကိုယ်တိုင်လည်း ရေးသာရေးတယ်။ ဝေေ၀၀ါးဝါးဖြစ်နေပုံပါပဲ။
    စေတနာနဲ့  အကြံပြုချင်တာ ကတော့ ထောက်လှမ်းရေးကြောင့်ပဲ သတ်သတ်၊ ဘယ်လိုအကြောင်းကြောင့်ပဲသတ်သတ် ဒီလိုရက်ရက်စက်စက် ခေါင်းဖြတ်လက်ဖြတ် တွေး တောင်မတွေးရဲတဲ့ညှင်းဆဲနည်းပေါင်းစုံနဲ့  ညှင်းဆဲ ရဲတဲ့နှလုံးသားရှိခဲ့သူတွေအတွက်လျှောက်လဲချက်တွေ ပေးမနေစေချင်တာပါပဲ။ မခင်ရွှေလှိုင်ပင်ပန်းလှပါပြီ။
    ထောက်လှမ်းရေးကထိုးကျွေးတိုင်း ခေါင်းဖြတ်တဲ့သူတွေကလည်းဖြတ်ကြရောလားဗျာ။ စစ်ပွဲမှာတယောက်နဲ့ တယောက်ပစ်ကြသေကြ တဲ့ကိစ္စကိုဘာမှမပြောလိုဘူး။ ဒေါသအလျောက်သတ် ကြဖြတ်ကြတဲ့ကိစ္စကိုဘာမှမပြောလိုဘူး။ ခုက လပေါင်းများစွာတရိရိညှင်းပန်းပြီးမှ ရက်ရက်စက်စက် ခေါင်းဖြတ်ပြီးသတ်သတဲ့။ အခု ခင်ဗျားစာတွေတောက်လျှောက်ဖတ်ပြီးမြင်နေရသ လောက်က အဲဒီလိုညှင်းဆဲသတ်ဖြတ်ခဲ့တဲ့ သူတွေအတွက် ခင်ဗျားက မပြီးနိုင်မစီးနိုင်လျှောက်လဲ ချက်တွေ ပေးနေတာပဲ။ လှုပ်လေမြုတ်လေဖြစ်မှာပဲဗျာ။
    သူတို့ ကမညှင်းဆဲချင်ပါဘူး။ ခေါင်းဖြတ်ပြီးတော့ လည်း မသတ်ချင်ပါဘူး။ ထောက်လှမ်းရေးက အစီအစဉ်တကျထိုးကျွေးတာကိုခံလိုက်ရလို့  သူတို့ ခင်မြာ ဘာမှနားမလည်ပဲ ခေါင်းတွေကို ဖြတ် လက်တွေကိုဖြတ်လိုက်ရတာပါရှင် ဆိုတဲ့လျှောက်လဲချက်ကတော့ ဖတ်ရတဲ့သူတွေ ရီရမလို၊ငိုရမလိုပါပဲဗျာ။
    နောက်တခုက လူသတ်သမားတွေအတွက်လျှောက် လဲချက်တွေတသီတတန်းအမျှင်မဆုံးနိုင်အောင်ပေး နေပေမယ့် ဥက္ကဌကိုထွန်းအောင်ကျော်အပါ အ၀င်ခေါင်းဖြတ်သတ် ခြင်းခံလိုက်ရသူတွေအတွက် စာနာမှုတစွန်းတစခင်ဗျားရေးတဲ့စာတွေမှာမတွေ့ ရတဲ့အချက်ပါ။ရက်ရက်စက်စက် အသတ်ခံရတဲ့အပြင် ခုချိန်ထိထောက်လှမ်းရေးပါလို့ မဟုတ်ပဲစွတ်စွဲခံရရင် ငါသာဆိုဘယ်လိုနေမလဲဆိုတဲ့ ကိုယ်ချင်းစာတရားထားပါမခင်ရွှေလှိုင်။
့ခေါင်းဖြတ်ခံရတဲ့ ၁၅ ယောက်ထဲက ဘယ်တယောက် က ထောက်လှမ်းရေးလဲမခင်ရွှေလှိုင်။ သတ္တိရှိလို့ ခင်ဗျားဒီစာတွေရေးနေတာမဟုတ်လား။ သတ္တိရှိရှိဖြေပါ။ ဘယ်တယောက်ကထောက်လှမ်းရေးလဲ။
    Reply
    • စိုးစိုး April 6, 2012
      မင်းတို့ကောင်တွေ ခင်ဆွေလှိုင်ဝတ်တဲ့ ထဘီ ၀တ်ထားဖို့ပဲကောင်းတယ် တစ်ယောက်မှ သတ္တိရှိတဲ့ကောင်မပါဘူး သူက ဇတ်လမ်းကို သူသိသလောက်ရှင်းပြနေတာ
      ဘယ်သူ့ကိုမှကာကွယ်နေတာမဟုတ်ဘူးကွ ငတုံးရ ဒီကိစ္စ မဟုတ်မဟတ်လျောက်ရေးနေတဲ့ ကောင်တွေကိုတော့ မင်းတို့ ဘာတစ်လုံးမှ မဟ မပြောကြပါလား
      Reply
      • မင်သစ် April 6, 2012
        သူဥာဏ်မှီသလောက်ပေါ့လေ
        အဟက် ဟက်
        မင်းလဲနိုင်ငံဂျားအနေကြာလို့ မြန်မာစာကိုဖတ်ပြီးသိပ်နားမလည်ဘူးထင်တယ်
        စာကြေအောင်ပြန်ဖတ်ကွာ
        Reply
      • သိကြားမင်း April 6, 2012
        ဒါဖတ်ပြီးပြီလား …http://www.hittai.net/index.php?show=rm&fileid=112&t=home6&id=6
        ခင်ဆွေလှိုင် ထမီကို မင်း ဝတ်ထားလိုက်ပါ.
        Reply
      • သိကြား မင်း April 6, 2012
        နန်းအောင်ထွေးကြည် is still alive .
        Reply
      • သိကြား မင်း April 6, 2012
        နန်အောင်ထွေးကြည် က အခုလို ပြောခဲ့ပါတယ်တဲ့
        “သိသလောက် ပြောရရင် -စုစုပေါင်း ရက်ရက်စက်စက် ခုတ်သတ်တာ ၁၈ ဦး ။
        လူမဆန်တဲ့ ညှင်းပမ်း နှိပ်စက်မှု့ဒဏ်တွေနဲ့ ကျဆုံးခဲ့တာ ၁၄ ဦး ။
        မျိုးဝင်းသဘောနဲ့ ထောင်က လွှတ်ပေးလိုက်တာ ၂ ဦး ။
        စစ်ကြောရေး ကာလမှာ ထွက်ပြေးလွတ်မြောက် သွားတာ စုစုပေါင်း ၄ ဦး ။
        မိဘတွေ တောထဲလာပြီး ငိုပြီး တောင်းပန်ကြလို့ လွတ်ခဲ့တာ ၇ ဦး ။
        ထောင်ဖောက် ထွက်ပြေး လွတ်မြောက် ခဲ့တာ ၅၅ ဦး ၊
        နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လမ်းမှာ ၁ ဦး သေခဲ့တယ် ။
        ဆိုတော့စုစုပေါင်း ဖမ်းတာ ၁၀၀ ဦး ရှိတယ် ။”
        Reply
  18. မောင်သစ်ကို April 6, 2012
    ကျောင်းသားစစ်စစ်တွေရဲ့ စိတ်ထဲမှာ ပြည်နယ်၊ ပြည်မကွဲပြားမှုမရှိဘူး။ အထူးသဖြင့် သူပုန်ကျောင်းသားလို့ ခံယူထားသူတွေ အကြားမှာ ပိုလို့ခွဲခြားမှု မရှိနိုင်ဘူးလို့ ထင်တယ်။ယုံတယ်။
    မခင်ရွှေလှိုင်ရဲ့ ဆင်သေကိုဆိတ်ရေနဲ့ ဖုံးနေတာတွေ ယုတ္တိနဲ့ ဝေးကွာလွန်းတယ်လို့ စာဖတ်သူတစ်ယောက်အနေနဲ့ မြင်တယ်။
    ဒီလင့်ခ်မှာ ဒေါက်တာနိုင်အောင်ကို နန်းအောင်ထွေးကြည်အပါအ၀င် ဒီထဲမှာ ပါဝင်ပတ်သက်ခဲ့ကြသူတွေရဲ့ တုံ့ပြန်မှုတချို့ကို ဖတ်နိုင်တယ်…
    http://www.hittai.net/index.php?show=rm&fileid=112&t=home6&id=6
    Reply
  19. ကိုယ်လိုရာကိုအတင်းဆွဲရေးထားသလိုမျိုးခံစားရပါတယ်၊
    သူမအဆိုအရကိုထွန်းအောင်ကျော်ကမငြင်းဘဲဝန်ခံခဲ့
    တာသူ့အသက်ကို အနှစ်နာခံပေးဆပ်ခဲ့တာလိုဆိုပါ
    တယ်၊ဒါလုံးဝယုတ္တိမရှိပါ၊ပြီးတော့မဟာမိတ်ကအရာရှိတွေကိုယ်တိုင်လာကြည့်တယ်ဆိုတော့၊မဟာမိတ် ကပါသဘောတူနေသလိုဖြစ်နေပါတယ်။ဒါဆိုမဟာမိတ်ခေါင်းဆောင်တွေကိုဒီကိစ္စမေးသင့်လာပါပြီ၊ပြီးတော့သူမကဒီနေ့အထိလူတွေကိုရက်ရက်စက်စက်သတ်ခဲ့တဲ့ကိုမျိုးဝင်းကိုသံချောင်းတို့ကိုစိတ်နာစကားမပြောတာကိုကအင်မတန်အံ့သြဘို့ကောင်းပါတယ်၊သေတဲ့လူတွေအပေါ်မှာလည်းစာနာရကောင်းမှန်းလည်းမသိဘူးဆိုတော့သူရေးနေတာတွေသမာသမတ်လုံးဝမဖြစ်နိုင်ဘူး၊
    Reply
    • AGREE with that, and why she is defending Myo Win and Than Chaung who were very prompt to kill easily. No matter what or how much, no one should be tortured and killed brutally!!!!
      Reply
  20. တစ်တီတူး April 6, 2012
    ဘုရားသာ တမိပါတော့တယ် ။ဒီစာကို လွန်ခဲ့သော ၂၀၀၀ ခုနှစ်လောက်က ထုတ်ပြန်ခဲ့ရင် ထိုင်းနယ်စပ်နဲ့  ပြည်ပမှာ အချင်းချင်း လူသတ်ပွဲတွေ ခေါင်းဖြတ်ပွဲတွေ ဆက်ဖြစ်အုံးမှာ ။ အခုတောင် လူ့ အခွင့်အရေး လှုပ်ရှားနေသူအချို့  ဥိးတည်ချက်ပျောက်ပြီး ရန်သူကို သတ်တာ မှန်တယ်ထင်ကုန်ပြီလား ။ စာရေးနေတဲ့ ဦးတည်ချက်က မကြာမှီ ရိုက်နှက် သတ်ဖြတ်ထားလို့ ဝန်ခံလိုက် ရတဲ့ ဗီဒီယိုတွေ တင်ပေးတော့မယ်ထင်တယ် ။
    Reply
  21.ူluv44_seasons April 6, 2012
    ခင်ရွှေလှိုင် အစစ် ရေးနေတာ မဟုတ်ပါဘူး။ သူက အလွန်အေးပါတယ်။ ဒါမျိုးတွေ သူ မရေးတတ် မပြော တတ်ပါဘူး။ အကွက်ကျကျ စကားလုံးက အစ သေသေ ချာချာ ရွေးချယ်ပြီး ရေးနေတာက၊ အုပ်စုနဲ့ ရေးနေတာ ပါ။ ကိုထွန်းအောင်ကျော်ပါ သူအဖမ်းမခံရခင်က သူများ တွေကို ဖမ်းပြီးစစ်ခဲ့တဲ့ အထဲမှာ ပါတယ်လို့၊ ခင်ရွှေလှိုင် ဘယ်တော့မှ ရေးစရာ အကြောင်းမရှိပါဘူး။ တခုပဲ ၀ှက်ဖဲ ဖြစ်နေတာက၊ ဘာဖြစ်လို့ ကိုယ့်နံမည်ကို ရေးတဲ့ သူအဖြစ် အသုံးချခံနေရသလဲ ဆိုတာပဲ။ အကြောင်းက တော့ ရှိနေမှာပါ။
    Reply
    • Maung Min April 6, 2012
      I agree, Daw Khin Swe Hlaing is not that resourceful, someone (a group) is behind her. I don’t think she even have that kind of analytical mind. She is being manipulated for sure. I feel really sorry for her and her family. I’m also very surprised that why her husband, the chairman of ABSDF is letting that happen unless he is willing to trade his long family tradition (a good reputation) against the regime. Daw Khin Shwe Hlaing and U Than Khe, you both still have time to get out of this mess.
      Reply
    • AGREE!! It is a group assignment, and also agree for why she accepts to be used!!!
      Reply
  22. min min April 6, 2012
    ကိုအောင်နိုင် က “လောလောဆယ်တော့ မင်းတက်နေတဲ့ ဆေးသင်တန်းကိုပဲ ပြီးအောင်လုပ်ပါ။ ငါ့ကိုဖမ်းခဲ့ရင်လည်း ငါတော့ အသားအနာမခံဘူး။ ဟုတ်တယ်လို့ ဖြေမှာပဲ။ မင်းလည်း မင်းအလှည့်ရောက်လာခဲ့ရင်သာ ဘယ်လိုရင်ဆိုင်မလဲ အသင့်ပြင်ထားပါတဲ့” ကျမ ဘာဆက်ပြောစရာ ကျန်ပါသေးလဲ။
    ကျမ ကျောင်းဆရာမလုပ်ပြီး ပြန်လာချိန်မှာ မြောက်ပိုင်းမှာ ကိုအောင်နိုင်ကို ကျမ ထပ်မေးခဲ့တာရှိတယ်။ ကိုထွန်းအောင် ကျော် က သေချာရဲ့လား။ ဆိုတော့။ “သူ ဆယ်တန်းအောင်ပြီး ဆယ်နှစ်လောက် ပျောက်နေတာတွေရှိတယ်။ စစ်ချက် တိုင်းလိုလိုမှာ သူ့နာမည်က ပါနေတာ။ စစ်ချက်တွေကို သူ့ဆီပို့တဲ့အခါ သူ့နာမည်ကို ဖယ်ထားရတယ်။ ထွက်ဆိုချက်တွေ က ခိုင်မာနေပြီး အချိတ်အဆက်တွေလည်း ရှိနေကြတယ်။ သူတို့သုံးတဲ့ကုပ်တွေ ချရေးခိုင်းတော့ တူနေကြတယ်။” ပြီး တော့ ဆက်ပြောသေးတယ် “မြို့ထဲမှာ ကျန်နေတဲ့ မင်းသူငယ်ချင်းတွေက ထောက်လှမ်းရေးတွေချည်းပဲ” တဲ့။
    “ဘယ်သူတွေလဲ” ကျမ မေးတော့ မဖြေဘူး။ နာမည်တွေ တယောက်ပြီးတယောက် တပ်မေးပေမဲ့ ပြန်မဖြေတော့ဘူး။ အဲဒီအချိန်တုန်းက သူကိုယ်တိုင်လည်း သူ့ကိုယ်သူကလွဲလို့ ကျမကိုတောင် သိပ်ယုံပုံ မရတာတော့ သေချာပါတယ်။
    ဒါတွေတက်လာချိန်မှာ သူ့ကို ကျမ ထပ်မေးခဲ့တယ်။ “အဲဒီအချိန်က ခင်ဗျာ့ကိုယ် ခင်ဗျာ့ ယုံကြည်မှုရှိနေတာ သေချာရဲ့ လား၊ ခင်ဗျာ့ကို ဘယ်သူမှ ဆွဲထည့်ဖြေမသွားဘူးလား”
    “အဲဒါတော့ ကျနော်လည်းမသိဘူး။ ကျနော့်နာမည်ပါနေရင်လည်း အဲဒီဖိုင်က ကျနော့်ဆီဘယ်ရောက်မလဲ” တဲ့၊
    “ဒါဆို ခင်ဗျာ့က စစ်ဆေးမေးမြန်းခဲ့တဲ့ အထဲမှာ မပါခဲ့ဘူးလား” မေးတော့ “မပါဘူး။ တခါတလေ သွားနားထောင်တာ တော့ ရှိတယ်။ ကျနော်က ထွက်ဆိုချက်တွေကိုပဲ ဖတ်ခဲ့ရတာ”
    “ဒါဆို သူတို့လိုင်းတင်ပြီး မဖြေမချင်း နှိပ်စက်မေးခဲ့ရင်ရော ဘယ်လိုလုပ်မလဲ” ထပ်မေးတော့။
    “အဲဒီလိုတော့ လုပ်မယ် မထင်ပါဘူး” တဲ့၊
    “ဒါတော့ မဖြစ်နိုင်ဘူး ရန်သူက နှစ်ဘက်စလုံးမှာ ရှိနေနိုင်တာပဲ” ကျမပြောတော့ ဆက်မပြောတော့ဘူး။
    ဆောင်းပါး (၄) မှာတော့ “ငါ့ကိုဖမ်းခဲ့ရင်လည်း ငါတော့အသားအနာမခံဘူး၊ဟုတ်တယ်လို့ ဖြေမှာပဲ။” လို့ပြောတယ်။
    ဆောင်းပါး (၅) မှာတော့ “ဒါဆို သူတို့လိုင်းတင်ပြီး မဖြေမချင်း နှိပ်စက်မေးခဲ့ရင်ရော ဘယ်လိုလုပ်မလဲ” ထပ်မေးတော့။
    “အဲဒီလိုတော့ လုပ်မယ် မထင်ပါဘူး” တဲ့၊
    ရှေ့နောက်မညီ ကိုသံချောင်းတို့ ကိုမျိုးဝင်းတို့ လက်မခံလို့သာ ဆောင်းပါးရေးတဲ့ အမ အသတ်မခံရတာလို့ ကျမထင်တယ်။ ဖတ်ရတာရှုပ်တော့ ရှုပ်တယ်။
    Reply
  23. မိုးဝေ April 5, 2012
    “အတူလက်တွဲလုပ်လာခဲ့သူနှစ်ယောက် တယောက်က အသတ်ခံရတယ်။ တယောက်က လုပ်ဖို့လူ မရှိတော့တဲ့အပေါ်မှာ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ပဲ ကိုအောင်နိုင်ကို ချန်ထားပေးခဲ့ကြတာလား။ ဒါမှမ ဟုတ် တယောက်တည်းကျန်နေတဲ့ ကိုအောင်နိုင်ကကော ဘာလဲ။ စဉ်းစားကြည့်စရာပါ။”
    မြောက်ပိုင်းကျောင်းသားတပ်မတော်ပိုင်တဲ့ ရံပုံငွေတွေကို မပြီး ပြေးလာတဲ့ ရော်နယ်အောင်နိုင်ဆီက ငွေတဝက်ကို ဒေါက်တာနိုင်အောင်က ယူထားပြီး “ မင်းကို ငါကာကွယ်ပေးထားမယ်” လို့ ဂတိပေးခဲ့တယ်။ ခုတော့ နိုင်အောင်က သစ္စာဖောက်တယ်ဆိုပြီး ရော်နယ်ကြီး ထိုင်ငိုနေလေရဲ့
    Reply
  24. စစ်သွေး 099---၆ April 5, 2012
    ဘယ်အချိန်ထိ ဆက်လက်ပြီး ၀ါဒဖြန့် အုံးမလဲဆိုတာ စောင့် ကြည့် နေပါမယ်။
    အဖြေကပေါ်နေပါပြီ။
    Reply
    • နံမယ်ကသာ စစ်သွေး ရေးတဲ့စာက သရဲဘောကြောင်စီစီ ။ အဲဒီမိန်းမလား ၀ါဒဖြန့်မဲ့အစားထဲပါမှာ ။ ၀ါဒဖြန့်ခဲ့တာက မင်းပထွေးတွေကွ နားလည်လား ?
      Reply
  25. Yaw Min Gyi April 5, 2012
    I’ve read all articles from both sides but I’ve never come across anyone mentioning of the person(s) who chose February 12 for beheading 15 students and rationale behind this decision. It might be missing link for this case.
    Who chose that day? Whose idea was it? Who suggested to choose that date?
    That person(s) must be a real spy (or spies) who wanted to discredit students and destroy their organization forever (or must be those who didn’t recognized Union Day and wanted to show the whole Burma of what they really thought of Union Day).
    It is utterly impossible to assume that Myo Win, Hla Saung, Than Chaung and Aung Naing (including Than Zaw, Zaw Zaw Min) didn’t know February 12 is very important day for Burmese people.
    They intentionally, happily and wholeheartedly chose February 12 for beheading fellow students; and at same time they also knew that they were destroying ABSDF forever.
    Naing Aung and Aung Htoo must have known that by supporting these murderers (committed upon fellow students on Union Day) with written statements they were also destroying ABSDF in Thai-Burma border.
    it is unreasonable and also unacceptable to assume that they (Naing Aung & Aung Htoo) were naive and made mistake due to their power struggle with Moe Thee because of the way they did last 20 years (since 1992).
    Reply
    • Thanks, me too…I was thinking why they chose that date which is our country’s significant date…All your points are reasonable, as well…..
      Reply
  26. မနေနိုင်လို့ ၀င်ပြောမိသူ April 5, 2012
    မခင်ရွှေလှိုင်က သမာသမတ်ကျကျ သတ်တဲ့သူလည်းမဟုတ် ဖမ်းခံရတဲ့သူလည်းမဟုတ် ရိုးသား အစွဲကင်းစွာ ရေးနေတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ခေါင်းဖြတ်သတ်ခံရမဲ့သူတွေ အကျီတွေကို ကိုယ်တ၀က်ချွတ်ထားတယ်ဆိုတုန်းကတော့ အကျီင်္လေးတွေကို ချွတ်ထားကြတယ်လို့ မရေးပဲ ကိုမျိုးဝင်း သေတော့ဝတ်ခဲ့တဲ့ အကျီင်္လေး လို့ ဆိုတော့ အင်း….. အစွဲတွေ အစွဲတွေ မကင်းစင်ရှာပါဘူးလို့ပဲ ကောက်ချက်ချမိပါတယ်။
    Reply
    • မနေနိုင်ကိုင်ထား April 6, 2012
      ဘာလဲကွ မင်းတို့ က ဒီဝေါဟာရလေးကိုလာ ကပ်နေသေးတယ်။ အကျီင်္ ကလေးတွေချွတ်ပြီး ကျော့ရှင်းတဲ့ လည်ပင်း ပြေပြေပျစ်ပျစ်လေးများအား ဂရုဏာအပြည့်ဖြင့် ညင်ညင်သာသာလှီး၍ ကောင်းရာမွန်ရာ ဘုံသို့ ပို့ လိုက်လေသတည်းလို့ ဖတ်ချင်တာလား။
      Reply
      • မင်သစ် April 6, 2012
        ဟေ့ကောင် ဓာတ်ကောင် မနေနိုင်ကိုင်ထား
        ကောင်းလိုက်တဲ့နာမည်ကွာ။ တော်တော်နာမယ်ရွေး ကောင်းတဲ့ကောင်ဘဲကွ။ မင်းလိုကောင်မျိုးတွေရှိနေလို့ လဲအေဘီဆိုတာအခုလိုနာမည်ပျက်ရတာဘဲ။ အဲ့ဒီကွန့်မက်ကဘာကိုပြောချင်တယ်ဆိုတာစာတတ်စ ကလေးတောင်သိတယ်။ အသတ်ခံရတော့မယ့်လူတွေ ကို ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေဟာ ဒီလိုမရေးဘူး။ ဖတ်လိုက်တာနဲ့သနားကျင်နာစိတ်ရှိလားမရှိဘူးလားဆို တာသိရတယ်။ ဒီအမျိုးသမီးကမျိုးဝင်းအပေါ်မှာသနား ကျင်နာစိတ်ရှိပြီး အသတ်ခံရမဲ့လူတွေအပေါ်မှာကျတော့
        ကျင်နာသနားစိတ်မရှိဘူးဆိုတာ အဲ့ဒီစာနှစ်ကျောင်းကိုဖတ်တာနဲ့သိနိုင်တယ်ဟ။ ငတုံးရ။ အသက်တွေလဲကြီးလာပြီ။ လူတွေလဲရင့်ကျက်ဖို့ကောင်းနေပြီ။ ကလေးကလားမလုပ်ကြနဲ့ကွာ
        Reply
  27. ဆက်ဖတ်နေပါတယ်…ငယ်ရွယ်တဲ့အချိန်ဘာဆိုဘာမှမသိခဲ့ပါ..ပန်ချီဆရာဟာစုတ်တံကိုင်ပြီကာလာ
    အရောင်တွေအမျိုးမျိုးကိုစုတ်ချက်ကြမ်းကြမ်းေ၇းဆွဲခဲ့ပါလား။
    ပိန်း,…Nai

No comments:

Post a Comment