ပြည်ထောင်စုနေ.(၁၅)ယောက်သတ်ဖြတ်မှုကိုတရားဝင်အောင်ကြိုးပမ်းမှုတစိတ်တပိုင်း(ဆမားညီညီ)
ABSDF စစ်ရုံးချုပ်မှာ ဖမ်းဆီးထားတဲ့သူလျှို့တရားခံတွေထဲကသီမ်းဆည်းရရှိထားသောသက်သေခံပစ္စည်းများ ပြပွဲတခုကိုလုပ်ပြခဲ့ပါတယ်။မြောက်ပိုင်းကျောင်းသားတပ်ဖွဲ.ဝင်ဘယ်သူကမှစိတ်မဝင်စားပေမဲ့ တောင်ပိုင်းကလာတဲ့ ဒေါက်တာနိုင်အောင်တို.အဖွဲ.ကတော့တော်တော်လေးကိုစိတ်ဝင်စားပြီး အဖမ်းခံရတဲ့သူတွေကိုစိတ်နာပြီးနောက်ပိုင်း ရာဇဝတ်မှုတွေမှာပါဝင်ပက်သက်တော
့တာပါပဲ။ပြပွဲီမှာပြထားတဲ့အထဲက ဆက်သွယ်ရေးစက်တွေဆိုတာက ရိက္ခာဌာနက ရဲဘော်အောင်မျိုးလွင် အိပ်ရာဘေးကနေသွားသိမ်းထားတာတွေပါ။ဒါပေမဲ့အောင်မျိုးလွင်ကိုတော့မဖမ်းပါဘူး။အောင်မျိုးလွင်ရဲ.ဆရာရင်းဖြစ်တဲ့ ကျားလေး(ခ)အောင်စိုး ကမော်ဟန်သားဖြစ်ပြီးသံချောင်းရဲ.တပည့်ရင်းဖြစ်နေလို.ပါ။အဲဒီစက်တွေကကျောင်းသားတပ်အတွင်းသုံးခဲ့တဲ့ ICON စကားပြောစက်အပျက်တွေပါ။အောင်မျိုးလွင်က သံချောင်းတဲ ကနေတောင်းယူလာပြီးသူ.ရိက္ခာတဲထဲမှာ ခဲဂွေနဲ.ဂဟေဆော်တဲ့ဂေါက်နဲ.ထင်းရူးဆီ နဲ.ဟိုဖြုတ်ဒီတပ်လုပ်ပြီး ဆော့နေတဲ့စက်အပျက်တွေပါ။နောက်ထပ်စက်တလုံးက ဝဏ္ဏဇော် တို.သုံးနေတဲ့ FM RADIO ဖမ်းလို.ရတဲ့ကက်ဆက်ပါ။အောင်မျိုးလွင်နေတဲ့တဲက စက်အပျက်တွေကို သန်းဇော်နဲ.ဇော်ဇော်မင်း တို.ကသီမ်းသွားပြီးပြပွဲတင်ပြသလိုက်တာပါ။နောက်တခါ ဓါတ်ခဲကိုခွဲပြီးတော့အတွင်းကထွက်လာတဲ့ ကာဗွန်မှုန်.အမဲတွေ၊ဦးစိန်က လေနာရင်သောက်ရအောင်ဆောင်ထားတဲ့ ဆိုဒါမှုန်. တွေကိုဖမ်းဆီးရမိတဲ့ အဆိပ် များဆိုပြီးပြထားတာပါ။အဲဒီပစ္စည်းတွေထဲက ဝဏ္ဏဇော်ရဲ. ကက်ဆက်ကလွဲရင် ကျန်ပစ္စည်းတွေဟာ အဲဒီပြပွဲဖြစ်မြောက်ရေးကော်မတီဝင်တွေကစီစဉ်ထားတဲ့ပစ္စည်းတွေပါ။ဘယ်တရားခံဆိုသူတွေကမှထုတ်ပေးထားတဲ့ပစ္စည်းတွေမဟုတ်ပါဘူး။အဲဒီပွဲဟာ လီမ်ပွဲကြီးဆိုတာကိုကျောင်းသားတပ်မှာအဖမ်းမခံရပဲ ကျန်နေတဲ့သူတွေအားလုံးသိကြပါတယ်။ဘယ်သူကမှဘာမှမပြောကြပါဘူး။နိုင်အောင်တို.အဖွဲ.က အားသိပ်ကြီးနေလို.လားတော့မသိပါဘူး။သေချာတာကတော့ အဖမ်းမခံခဲ့ရသူတွေဟာ ဒီရာဇဝတ်မှုကိုကျုးလွန်ခဲ့တဲ့အစီအမံတွေ၊လုပ်ရပ်တွေကို ရေငုံနှုတ်ပိတ်နေခဲ့ကြပြီးပူးပေါင်းပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။အဲဒီချိန်ကကြောက်လို.မပြောခဲ့တာပါဆိုရင်တောင် ခု နှစ် ၂၀ ကျော်တဲ့အထိ ဘာလို.ရေငုံနှုတ်ပိတ်နေ နေကြတာတုန်းဆိုတာကိုတော့ကာယကံရှင်တွေဖြေရှင်းပေးကြပါအုံးဆိုတာပြောချင်ပါတယ်။
ဆမားညီညီ (OSC)
၃၀-ရ-၂၀၁၂
ဆမားညီညီ (OSC)
၃၀-ရ-၂၀၁၂
— with Zar Ni, BarBu Abnb, Min Tharr and 20 others.
· · · Share
- 26 shares
Kayin Lay ကျားလေး(ခ)အောင်စိုး ကနမ္မားသားဖြစ်ပြီးသံချောင်းရဲ.တပည့်ရင်းဖြစ်နေလို.ပါ (ကျားလေးကနမ္မားသားမဟုတ်ပါဘူးခ င်ဗျာ...) Monday at 12:55pm · · 1
Min Yekyaw Swa ဘယ်ကငပေါတွေလဲ
Baydar Lam ဟုတ်ပါတယ် မှားရေးမိတာပါ။အောင်မျိုးလွင်ခေါ် ဒဝိ၊အိုက်လျှံ၊ကျားလေးနဲ့သံ ချောင်းတို့က မော်ဟန်သားတွေပါ။ကျေးဇူးပါ။ ပြင်လိုက်ပါ့မယ်။
Saw Kyiphyu သြော်....ကိုယ့်အမျိုးကိုယ်ပြန်သတ်..ကြတာပေါ့နော်.
Saw Kyiphyu သြော်....ကိုယ့်အမျိုးကိုယ်ပြန်သတ်..ကြတာပေါ့နော်
Saw Kyiphyu ခေတ်သစ်ဟသ်ာကိုးသောင်း......စာအုပ်ဖတ်ကြည့်ပါ..
Kyawnaing Oo ဘယ် အချိန် ဘယ် မှာ လုပ် ဒါ လဲ
Kayin Lay I also dont know when and who conducted it show.
Ko Naing တော်လှန်ရေးအမည်ခံ ထိုင်နေတဲ.၀ါးထိုင်ခုံ အတွက် ဘ၀တူ ကျောင်းသားခြင်း ပြန်သတ်ရဲသော အာဏာရူးများ သမိုင်းသေသွားပါပြိ သန်းေ၇ွှ ခင်ညွန်. တို.စိတ်ဓါတ်မျိုးနဲ.ွှာဏာရူးတစု ပုံMonday at 8:23pm · · 2
Sein Sein Thu ဦးစိန်ကလေနာယင်သောက်ရအောင်ဆောင်ထားတဲ.ဆိုဒါမှုန်.တွေ ကို ဖမ်းဆီးရမိတဲ. အဆိပ်များ Monday at 9:03pm · · 3
Ye Win Khing အကိုမထူးဘူးဗျာ သွားတိုက်ရအောင်ဒီ ပင်.ကူတွေကို
Baydar Lamကိုကြောင်-နာရီမရှိ ပြက္ခဒိန်မရှိတဲ့သူအချင်းချင်း ဘယ်နေ.ဘယ်ရက်ကပွဲလုပ်တာလဲလို.မေးတော့ဘယ်လိုနားလည်ရမှန်းတောင်မသိတော့ပါဘူး။ဒီပွဲက ၁၅ ယောက်မသတ်ခင်ကလုပ်ခဲ့တာ။အဲဒီအချိန်တုန်းကအပြင်မှာကျန်ေ နတဲ့အဖမ်းမခံရသူ လူ ၅ ယောက်နဲ.သံဃာ ၁ ပါးရဲ.အတည်ပြုချက်ကိုလည်းရထားပါတယ်။ပစ္စည်းကလည်းအောင်မျိုးလွင် အိပ်တဲ့ဘေးကနေ သန်းဇော်နဲ.ဇော်ဇော်မင်း တို.လာသီမ်းသွားတာလည်းသေချာ တယ်။ပြောတဲ့အထဲမှာ အဲဒီ ခဲဂွေက ခဲဆော်ပြီးကျတဲ့ ခဲသီးအသေးလေးတွေကိုပါယူပြီး `ခဲဆိပ် " ဆိုပြီးတံဆိပ်ကပ်ထားတယ်ဆိုတာတောင်ပါသေးတယ်။စာမတက်တဲ့သူ တွေက တကယ်လုပ်ခဲ့တာ၊ကိုယ်ကလိုက်ေ ရးနေရင်စာတက်တဲ့သူတွေ ဖေ့ဘုတ် ပရိသတ်တွေက မယုံမှာစိုးလို.အဲဒါတောင်ထည့်မရေးခဲ့ပါဘူး။ကိုယ်ရေးတဲ့ စာကိုယ်တာဝန်ယူပါတယ်။ ညီညီ Yesterday at 9:48am · · 2
Thein Htwe ဒါတွေကိုများများသိနေတော့ အကိုကရှင်းလို့ ရမယ်ထင်တယ်နော်
No comments:
Post a Comment