Wednesday, August 1, 2012

ABSDF မြောက်ပိုင်းမှာ ရဟန်းသံဃာတွေကိုတောင်ထောက်လှမ်းရေးလို.



ABSDF မြောက်ပိုင်းမှာ ရဟန်းသံဃာတွေကိုတောင်ထောက်လှမ်းရေးလို.
စွပ်စွဲခံရတဲ့အကြောင်း           BY- ဆမားညီညီ






ရဲမေ စိုးစိုးလွင် ရဲ. မိဘတွေက သူတို.သမီးကို ABSDF ကနေထွက်ခွင့်ရဖို.နဲ.အီမ်ပြန်ခေါ်ဖို.အတွက်ကျောင်းသားတပ်ကိုသွားခေါ်ရာမှာ သူ.မိဘတွေနဲ.အတူ သူတို.ဇာတိမိုးကောင်းက ဘုန်းကြီးတပါးကိုပါခေါ်သွားခဲ့ပါတယ်။အဲဒီမှာတင် ABSDF က အဲဒီဘုန်းကြီးကိုထောက်လှမ်းရေးလို.စွတ်စွဲပြီး သင်္ကံန်းဝတ် ကြီးနဲ.ရိုက်နက် နှိပ်စက်ပြီးသေမိန်.ချခဲ့ပါတယ်။ဘုန်းေ
တ်ာကြီးကိုသတ်ခါနီးမှာ သတ်မဲ့သူတွေက ဓါတ်ပုံထဲမှာပါတဲ့ ဘုန်းကြီး ဦးအိန္ဒြာစာရ ကိုသွားလျှောက်တော့ ဦးအိန္ဒြာစာရ ကချက်ခြင်း သံချောင်း ရဲ.တဲကိုလိုက်သွားပြီးပြင်းပြင်းထန်ထန်သွားရောက်အရေးဆိုရာမှာ အဲဒီဘုန်းကြီးကို သေဒဏ်ကနေလွတ်ငြီမ်းခွင့်ပေးခဲ့ပေမဲ့ဆက်ပြီးချုပ်ထားခဲ့ပါတယ်။ဒါပေမဲ့ ဦးအိန္ဒြာစာရက လွတ်အောင်ဆက်လက်ကြိုးပမ်းတဲ့အတွက် လွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီဘုန်းကြီးဟာ ကျောင်းသားတပ်ရဲ.ရိုက်နှက်နှိပ်စက်ခဲ့တဲ့ဒဏ်တွေကြောင့် စိတ်ဝေဒနာခံစားသွားခဲ့ရပြီး နောက်ပိုင်း မန္တလေးမြို.က မူလဆီးဘန်နီး ကျောင်းတိုက်မှာ သတင်းသုံးနေတာကို ဦးအိန္ဒြာစာရ ကတွေ.ခဲ့ပါတယ်။
နောက်တခါ နမ္မားက စုဆောင်းရေးနဲ.ပါလာတဲ့ ကလေးတယောက်ထွက်ပြေးမှုနဲ.ကျောင်းသားတပ်က လည်ပင်းဖြတ်သတ်လိုက်ပါတယ်။သေတဲ့သူရဲ.အမတွေကလိုက်လာပြီး ဆွမ်းသွတ်ချင်တယ်ဆိုလို. ဦးအိန္ဒြာစာရ ကဆွမ်းသွတ်ပြီးအသတ်ခံခဲ့ရတဲ့ အာဆမ်ကုန်းမှာ (ကျောင်းသားတပ်က လူကြီးဆိုတဲ့သူတွေမသိပဲ) အမျှဝေပေးခဲ့ပါတယ်။အဲဒီပြစ်ချက်နဲ. ဦးအိန္ဒြာစာရ ကိုထောက်လှမ်းရေးလို.စွပ်စွဲပြီးအရေးယူဖို.စီစဉ်နေချိန်မှာ ဆရာတော်က သံချောင်းတို. နေဒွန်း ပါတဲ့ဗဟို ကော်မတီဝင်များကို ထိုင်ပြီးရှိခိုးပြီး မင်းတို.တော့ ငါကြောက်ပါပြီကွာ ရှိကြီးခိုးပါရဲ.လို. ပြောလိုက်တော့ သံချောင်းနဲ.နေဒွန်းတို.က ထထွက်ပြေးကြတယ်။အဲဒီအချိန်မှာ ဆရာတော်ကတောင်အောက်ကိုဆင်းပြီးကားစီးဖို.လုပ်ပေမဲ.ကားမရှိတော့ လိုင်စင်အထိ ခြေလျှင်လျှောက်ပြီးကားစီးပြီးထွက်ပြေးခဲ့ရတယ်။ဆရာတော်ရဲ.နောက်က လဆိုင်းက လိုက်လာပါတယ်။ဆရာတော်က လဆိုင်းကို မင်း ငါ.ကိုထိရဲထိကြည့် ငါ.နောက်မှာ မန္တလေးက သံဃာတွေရှိတယ်လို.ပြောလိုက်မှ လဆိုင်း လည်းဘာမှမလုပ်ရဲပဲပြန်သွားခဲ့ပါတယ်။လိုင်စင်ရောက်တော့တရုပ်ကားပေါ်တက်ပြီး ချက်ချင်းမောင်းခိုင်းပြီးထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

ဆမားညီညီ (OSC)
၂၇-၇-၂၀၁၂

  • 44 shares

    • Aung Than Tun မြောက်ပိုင်းက လူမဆန်အောင်နှိပ်စက်ကြသူတွေကို ကြည့်မယ်ဆိုရင် ဆေးကျောင်းသားတွေများပါတယ်။ ပြောရမယ်ဆိုရင် စိတ်ဝေဒနာသည် ဆေးကျောင်းသားတွေဖြစ်နိုင်ပါတယ်။ ခပ်ရိုင်းရိုင်းပြောရရင်တော့ အရူးတွေပေါ့။
      July 28 at 9:43am · · 6

    • Sanjit Singpho Front side buddhist bikkhu and back side muslim what's funny

    • ဘရာဇီး ငှက်ရိုး စိတ်မကောင်းစရာ အဖြစ်တွေပါပဲ... သတ်ဖြတ်မှုတွေကို ဦးဆောင်ဦးရွက်ပြုကြသူတွေက လက်ရှိအေဘီမှာပဲ ဆိုတော့.....
      July 28 at 10:18am · · 4

    • Maungmaung Skw ကိုအောင်သန်းထွန်းရေ
      အရူးဆရာဝန်တွေတင်ဖြစ်တာတင်မက
      ဘူး-အထူးကုဆရာဝန်ကြီးတွေရဲ့သား
      တွေဖြစ်တာလဲ တူသဗျ။လူနာတွေကို အထူးကုပြီး အထူးငွေတွေရှာနေရလို့ ကိုယ့်သားသမီးကိုယ် အသိတရား၊ဘာသာတရားရှိအောင်သွန်သင်ဖို့အချိန်
      မရကြဘူးထင်တယ်။
      July 28 at 11:35am · · 4

    • Soesoe San What for u post? U made the world clashes

    • Than Lu ကိုညီရေ...အောင်မြင်မှုတခုပေါ့

    • Kachin Rawang ညီညွတ် လှ ချေလား

    • Tin Maung Myint တယောက်ပေါ်တယောက် နားလယ်ယုံကြည်မှုသည် အဓိက အကျဆုံးပါ...ဒီလိုမှလက်တွဲလို့ရတာပေါ့...

    • Shwe Htee ဆရာဝန်တို့အင်ဂျင်နီရာတို့ဆိုရင်ဘာမှန်ညာမှန်မသိ လူကောင်းလာ လူယုတ်မာလားဆိုတာမသိပဲ အယ်ဒီဆရာဝန်တို့အင်ဂျင်နီရာတို့ဆိုရင် ဆွတ်အထင်ကြီးတတ်တဲ့သူတွေအပေါ် အခွင့်ရေးယူပြီ ရုတ်မာတတ်တဲ့သူတွေကိုသတိထားရှောင်ရှားကြဖို့ အနာဂါတ်အတွက် သင်ခန်းစာယူကြပါ နောင်အနာဂါတ်မှာ ဆရာဝန်တို့အင်ဂျင်နီရာတို့ဆိုရင် ယုံကြည်ဖို့လွဲလွဲကူကူမလုပ်မိကြပါစေနဲ့
      July 28 at 8:12pm · · 2

    • Aye Lwin အာဏာရှင်ကိုတိုက်တဲ့ အာဏာလိုချင်တဲ့ အာဏာရူးတွေပါ
      July 28 at 8:18pm · · 2

    • Bonny Bravo ကိုညီညီ ကြီးမဟုတ်လား(ဆမား)လေ၊ကျနော်တို့ မန္တလေးက မွတ်စလင်ကျောင်းသားရဲဘော်ဟောင်းကြီးပါ။ဘာပဲပြောပြောဂုဏ်ယူတယ်ဗျာ။

    • BarBu Abnb မန္တလေးကိုလာခဲ့ပါစောကရင်ရေ ဒါကတပ်တွင်းကိစ္စတွေပြောနေတာနော်

    • Saw Karen တပ်တွင်းကိစ္စနဲ့ ရုပ်ပုံသုံးထားတာ ဘယိလို ပတ်သက်လဲ။ သိပါရစေ။

    • Myint Thein ဒီကိုယ်တော်က တော်လှန်ရေးဘုန်းကြီးပါ။
      Sunday at 11:54am · · 1

    • Thar Soe this problem from KIA. U Win Khat (The New Era journal) was interview with Nan Aung Htwe Kyi & her uncle U Sai Kyaut at Bangkok.

No comments:

Post a Comment