စစ်ထောက်လှမ်းရေးဟုစွပ်စွဲခံရပြီးသေဆုံးခဲ့ရသော မောင်မောင်ကြွယ်၏ပုံရိပ်တစ်ခု
Monday, January 30, 2012
by Ko Lin Wai Aung on Monday, 30 January 2012 at 04:10
ကိုမောင်မောင်ကြွယ်က
တိုက်( )အခန်း( ) မင်းဒင်လမ်းနှင့် ပေါ်ဆန်းမွှေးလမ်းကြား (၂၅)ရပ်
ကွက်- သုဝဏ္ဏမြို့-သင်္ဃန်းကျွန်းမြို့ နယ် မှာနေ ထိုင်ခဲ့ပါတယ်…၁၉၈၈ခုနှစ်မှာ
န၀မတန်း ကျောင်းသား တစ်ဦး ဖြစ်ပါတယ်…အ.ထ.က(သုဝဏ္ဏ) မှာ
တက်ရောက်ပညာသင်နေ သူတစ်ဦး ဖြစ်ပါတယ်… ၁၉၈၈ ကျောင်းသား လှုပ်ရှားမှုများမှာ
အခြားကျောင်းသားများနှင့် အတူ ပါဝင်ခဲ့ပါတယ်…
၁၉၈၈
နှစ် အရေးအခင်းကာလ အပြီးမှာ ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်က ကိုမင်းဇေယျာ၊
ကိုသော်ဇင် (ဆေးတက္ကသိုလ်) တို့ရဲ့ အကြံပြုချက်အရ
ရန်ကုန်တိုင်း(အခြေခံပညာကျောင်းသားများသမဂ္ဂ) ဖွဲ့စည်း
ရေးဆောင်ရွက်ခဲ့ပါတယ်…
ဒေါ်ချိုချိုကျော်ငြိမ်းရဲ့(ဖဆပလ) ရုံးမှာ စုဝေးနေထိုင်ကြရင်း အခသ(ရန်ကုန်တိုင်း)ကိုဖွဲ့စည်းခဲ့ကြပါ
တယ်…
အခသ(သင်္ဃန်းကျွန်းမြို့နယ်) ရဲ့ဥက္ကဋ္ဌတာဝန်ယူခဲ့ပါတယ်… လွန်ခဲ့တဲ့ရက်ပိုင်းက
ပြန်လည်လွတ် မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မမီးမီး(ခ)
မသင်းသင်းအေး(တာမွေ-အခသ)၊ကိုသီဟတို့နဲ့ အလုပ် အတူတွဲလုပ်ခဲ့ပါတယ်…
ရန်ကုန်တိုင်း(အခသ)အလုပ်တွေကို တစိုက်မတ်မတ် လုပ်ခဲ့သူတစ်ဦးပါ…
၁၉၈၉- မတ်လ(၁၃)ရက် ကိုဖုန်းမော်နှစ်ပတ်လည်အခန်းအနားကို ရန်ကုန်
စက်မှုတက္ကသိုလ် ၀င်း အတွင်းမှာ ကျင်းပစဉ်က အခသ(ရန်ကုန်တိုင်း)
အနေနဲ့ပါဝင်ခဲ့ပါတယ်… ဖွင့်ပွဲအခန်းအနားမှာ ကမ္ဘာမကြေ
ဘူးသီချင်းဖြင့်စတင်ဖွင့်လှစ်ခဲ့ပါတယ်…
အခသ(ရန်ကုန်တိုင်း)အဖွဲ့ဝင်များကဦးဆောင်
သီဆိုခဲ့ကြတာဖြစ်ပြီးကိုမောင်မောင်ကြွယ်လည်းတစ်ယောက်အပါအ၀င် ဖြစ်ခဲ့ပါတယ်…
ဒေါ်ချိုချိုကျော်ငြိမ်းရဲ့မွေးစားသားတစ်ဦး လည်းဖြစ်ခဲ့ပါတယ်… ၁၉၈၉ဧပြီလခန့်မှမကဒတ(ကချင်)သို့ထွက်ခွာသွားတာဖြစ်ပါတယ်…
Ko Lin Wai Aung facebook မှကူးယူဖော်ပြသည်။
Ko Lin Wai Aung facebook မှကူးယူဖော်ပြသည်။
https://sites.google.com/a/8888linker.com/nothern/mgmgkywe/mgmgkywe1-1
မှကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment