Wednesday, August 1, 2012
ကြွေ ရဲ သော ကြယ် များ ။
ကြွေ ရဲ သော ကြယ် များ ။
by Kyaw Gyi AB on Friday, January 20, 2012 at 12:15am ·
ထွန်းအောင်ကျော် ကုန်းအဖြစ် နာမည် တွင်သွားတဲ့ အာဆံကုန်း ဆိုတာ ဒီနေရာပေါ့...
                                                    ကြွေရဲသောကြယ်များ    
                                                                (၁)                                                                                                               
 ၁၉၉၀ ဒီဇင်ဘာလရဲ့ ရက်တွေမှာပေါ့။
အထက်မြန်မာပြည်၊ကသာဆိုတဲ့ မြို့ကလေးကကျောင်းသားလူငယ်လေး(၇)ယောက်ဟာ
စိတ်ကူးယဉ်တယ်ပဲပြောပြော
ယုံကြည်ချက်လို့ပဲဆိုဆို
ရွေးချယ်စရာနည်းနေတဲ့ကြားက တော်လှန်ရေးတစ်ခုမှာ ပါဝင်ဖို့ မြန်မာပြည်မြောက်ပိုင်းက
ကျောင်းသားတပ်မတော်ရှိရာကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
သူတို့ဆိုတာ သပိတ်ကတည်းက အတွဲညီခဲ့ကြတယ်။ နောက်ဆုံး KIA ရင်း(၆)ကို လမ်းကြောင်းရှာထွက်ခဲ့ပြီးသူတွေလေ။ အဆက်အသွယ်လည်း ရ ထားပြီပေါ့။
တကယ်တမ်းသွားကြမယ်လည်းဆိုရော
တစ်ယောက်… တစ်ယောက် ပုတ်ချနေကြရဲ့။
“ပေါသွပ် မင်းမလိုက်သင့်ဘူး။မင်းက အမေအိုကြီးနဲ့ သားအကြီဆုံး။”
“မောင်မောင် မင်းမလိုက်သင့်ဘူး။ မင်းမိဘ သဘောမတူရင် မလုပ်သင့်ဘူး။”
“ကိုအေးမြင့် ခင်ဗျားက သစ်စက်လုပ်နေတာဆိုတော့ ကျွန်တော်တို့ပဲ လုပ်လိုက်မယ်။” စသဖြင့်….
ဒါပေမယ့် ပြောလို့လည်း မရကြပါဘူး။
ကိုအေးမြင့်ကဆိုတယ်။
“မင်းတို့လို ကျောင်းသားတွေကတောင် တိုင်းပြည်အတွက်စွန့်ကြသေးတာပဲ။”
“ငါကဘာလို့ တိုင်းပြည်အတွက် အလုပ်မလုပ်ရမှာလဲ” တဲ့
နောက်ဆုံးတော့ …
သူတို့ (၇)ဦးကို သူတို့ကိုယ်သူတို့ Lucky 7 လို့ ခေါ်တွင်လိုက်ကြသတဲ့။
အဲဒီမှာ ပေါသွပ်က အဆိုတခု ပြုတယ်။
“တို့တွေအားလုံးတော့ အသက်ရှင်မယ်မထင်ဘူး။”
“တချို့သေလိမ့်မယ်။ တချို့ကျန်မယ်” တဲ့။
အဲဒီကျရင် …
“ရှင်တဲ့သူတွေက သေသွားတဲ့သူတွေအတွက်
အမှတ်တရ စေတီလေးဖြစ်ဖြစ် ကျောက်တိုင်လေးဖြစ်ဖြစ် လုပ်ပေးဖို့လိုလိမ့်မယ်” တဲ့။
အားလုံးသဘောတူခဲ့ကြတယ်။ ဖြစ်စေရမယ်ပေါ့။
(၁)
ပါဂျောင်ဒေသ ရက်စွဲတွေမှာတော့
သူတို့ဟာ နောင်ရာပါမှာ အပတ်စဉ်(၆)စစ်ရေးသင်တန်းတက်ခဲ့ကြတယ်။
ABSDF ရဲဘော်တွေဖြစ်ခဲ့ပြီပေါ့။
သူတို့ဟာ ထူးချွန်ထက်မြက်တဲ့ သင်တန်းသားတွေအဖြစ် နာမည်ကြီးခဲ့တယ်။
ဂစ်တာတီးကောင်းကြသလို ဘော်လီဘောရိုက်လည်း ညီညွတ်ကြသတဲ့။
(အကျဉ်းသားဘ၀မှာတောင် တရားခံများအဖြစ် တစ်သင်းထွက်ပေးခဲ့ရသေးသတဲ့။)
အဲဒီတုန်းကတော့
ABSDF (ကချင်)အနေနဲ့ပဲ ဗဟိုကော်မတီအမည်ခံ လူတစ်စုက ကြီးစိုးနေချိန်
ABSDF (စစ်ကိုင်း)ဖြစ်မြောက်ရေးကလည်း ကြိုးပမ်းနေချိန်ပေါ့။
ABSDF (ကချင်)အုပ်စီးထားတဲ့ ကျောင်းသာတပ်မတော်ဟာ ဘယ်တော့မှ ABSDF (အထက်ဗမာပြည်) ဖြစ်လာမှာ မဟုတ်ဘူး။
ကြိုးပမ်းတဲ့သူ အသတ်ခံရမှာဆိုတဲ့ ဦးကျော်အုန်းတို့ အုပ်စု ၊စစ်ကိုင်းတိုင်း ကျောင်းသားများကတော့ ဂျိုးဖြူစစ်ကြောင်း(ရင်း-702)အနေနဲ့ ဥရုချောင်းဖက်ကို KIA 251နဲ့အတူ ထွက်ခွာသွားခဲ့တယ်။
(သူတို့လည်း သီးခြားခွဲထွက်မှုနဲ့ အစုလိုက် အသတ်ခံရတာပါပဲ။)
ဒေသစွဲမရှိတဲ့သူတို့တစ်တွေကတော့ နောင်ရာပါစခန်းမှာပဲ သင်တန်းတက်ရင်းကျန်နေခဲ့ကြတယ်။
သူတို့ဆိုတာက
ကျော်ကျော်ဦး (ဒု-နှစ်၊ပထ၀ီ၊စာပေးစာယူ၊ရွှေဘိုကောလိပ်)
ပေါသွပ်(ခ) အောင်မြင့်ထွန်း(ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်)
အေးမြင့်(သူတို့တွေရဲ့သူငယ်ချင်း၊ လူငယ်တစ်ယောက်)
မောင်မောင် (ဒု-နှစ်၊IR မန္တလေးတက္ကသိုလ်)
ဒဿ (ခ)မောင်မောင်ခင် (ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်)
ကျော်ဇင်ထွန်း(ခ)ကျားပျံ (ဒု-နှစ်၊ဓာတု၊ရွှေဘိုကောလိပ်)
ဖိုးဆန်း(ခ) ဆန်းဝင်း (ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်) ဆိုတဲ့ ကျောင်းသားလေးတွေပေါ့။
နောက်တော့ ….
ကျော်ကျော်ဦးက တိုက်ခိုက်ရေးတပ်သား(ရင်း-11နယ်မြေ) အောင်မြင့်ထွန်းက တိုက်ခိုက်ရေးတပ်သား(ရင်း-6 နယ်မြေ) ကျော်ဇင်နဲ့ ဒဿ က ဗန်းမော်တပ်ရင်း ခရိုင်ရုံး
ကိုအေးမြင့်က  ဆေးတပ်သားသင်တန်းတက်
ဖိုးဆန်းက ပြန်ကြားရေးရုံးတာဝန်
မောင်မောင်က ကွန်မန်ဒိုအထူးတပ်မှာ တာဝန်ယူခဲ့ကြတယ်လေ။
သိပ်ပျော်စရာ လွမ်းစရာအချိန်တွေပေါ့။
(၃)
၉၁ ရှစ်လေးလုံး (၃)နှစ်မြောက်အပြီးမှာတော့ သူတို့ အားလုံးဟာထောက်လှမ်းရေးတဲ့
ဟုတ်သတဲ့၊ အားလုံးတညီတညွတ်ထဲ ဝန်ခံကြသတဲ့
ABSDF ဗဟိုက သံယောင်လိုက်သုံးတဲ့ သူလျိုဖော်ထုတ်ပွဲကြီးမှာ
ဖိုးဆန်းက သူငယ်ချင်းထောက်လှမ်းရေးတွေကို ဗီဒီယိုမှတ်တမ်းတင်ဘဝကနေ တာဝန်လဲပြီးရော.. သူလည်းထောက်လှမ်းရေးဖြစ်ကရော…
ဗန်းမော်ခရိုင်ရောက်တုံး ကင်းတာဝန်ကျတဲ့ မောင်မောင် ကို ရေခပ်ဆင်းတဲ့အကျဉ်းသားဒဿက တောင်ကုန်းပေါ်ကနေ ခွဲမှူးသက်ထွန်း အကဲခပ်နေတဲ့ကြားက “မောင်မောင် ငါတို့ ကိုထားခဲ့ မင်းပြေးတော့လို့”ရေခပ်ရင်းပြောပေမဲ့
သစ္စာရှိစွာအဖမ်းခံရင်း ထောက်လှမ်းရေး ဖြစ်ခဲ့
ဆေးကျောင်းလို့ ခေါ်တဲ့ ဆေးတပ်သားသင်တန်းဆင်းတော့ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်များတဲ့ ကိုအေးမြင့်က “အမေရေ အမေ့သား ဆရာဝန်ကြီးဖြစ်ပြီ”လို့ 
လှည့် အော်နေတုံး ဖမ်းလိုက်တော့လဲ ထောက်လှမ်းရေးပါဘဲ-
ခေါင်းအင်မတန်မာတဲ့ ကျော်ဇင် (ခေါင်းမပါဘဲ ပြန်ထောင်ထ မာနိုင်တဲ့ ရန်အောင်ကလွဲရင်)က အဖမ်းခံရပြီးချိန် အိမ်သာထွက်ချိန်မှာ သူ့ အသံကိုနားစွင့်ပြီး အတူလိုက်ထွက်လို့ ကျောချင်းဆိုင်ထိုင်ရင်း နှစ်မိနစ်လောက်ရတဲ့အချိန်မှာ
“ငါ့ကို အကုန်လွှဲချ ၊မင်းလွတ်အောင်ရုန်း’’ လို့ ကျွန်တော်ဆိုတော့ နောက်မှသိရတာ လွှဲမချရက်လို့ သူလည်းပါတယ်ဆိုပြီး ထောက်လှမ်းရေးဘဝနဲ့နေခဲ့
ဒဿ ကတော့ ကိုထိန်ပြောသလို ဒဏ်ရာအများဆုံးနဲ့လူသားပါပဲ။ တာဝန်ပေးလို့ ရွှေလီကို သံကြိုးနဲ့ နဂ္ဂတစ်သွားဝယ်ပြီး ပြန်ပြန်ချင်း အဖမ်းခံခဲ့ရသတဲ့။
သူ့ရဲ့ လွတ်မြောက်မှုအထိ အကျဉ်းစံရက်စက်မှုများနဲ့ ၈လနဲ့၅ရက်ကြာခဲ့သတဲ့။
Ok ပြောပြတာက ရေအိုက်မှာ ရေတွင်းလိုစက်သီးတန်းဆင် ခြေထောက်ကဇောက်ထိုးဆွဲ ရေထဲကို မျက်နှာနှစ်ပြီး ခေါင်းကိုနင်းထားတာတောင် ပြန်ပေါ်လာတိုင်း “ကျောင်းသားကွ”လို့အော်သတဲ့။
91 နိုဝင်ဘာလရဲ့ အအေးလှိုင်းဖြတ်ချိန်၊ နှင်းမုန်တိုင်းနဲ့ မိုးသီးတွေကျ၊နှင်းထုက မိုးရွာသလို  တစ်ထွာတစ်မိုက်တက်တဲ့ (၁၀)နှစ်တစ်ကြိမ်ကြုံရတဲ့ ရာသီဥတုကြီးမှာ အ၀တ်မပါ ဘောင်းဘီတိုနဲ့ နှင်းတောထဲပစ်ထားရင်း “ဟ မသေဘူးဟ၊ဆိုပြီး ရေတစ်ပုံးပြီးတစ်ပုံး နာရီဝက်ခြားပြီးလောင်းတာတောင် မသေတဲ့ဖိုးဆန်းကလည်း ထောက်လှမ်းရေးပါ တဲ့။
ထားပါတော့လေ။
Lucky 7 တွေပဲ။
ကျော်ကျော်ဦးက ရင်း(၁၁)က အပြန် ဗဟိုမှာ စစ်ကြောရေးနဲ့ သေခဲ့ရ။ ဒီဇင်ဘာ ၂၅ရက် ခရစ်စမတ်ည မနက် ၄နာရီမှာ။ မနက် ၉နာရီကျတော့ မြုတ်ပြီးပါပြီ။ ကြွေလွင့် ကြယ်တစ်ပွင့်ပါ။
 ပေါသွပ်(ခ)အောင်မြင့်ထွန်းကို တပ်ရင်း(၆) တစ်ညမှာ ဘာမှမေးမနေတော့ပဲ ဗဟိုအမိန့်  နဲ့ ညတွင်းချင်း အခုတ်ခံ ခဲ့ရပါတယ်၊သူလိုပါဘဲ ရင်း(၆)အသတ်ခံ တစ်ခြားတစ်ဦးက အိန္ဒိယcampနဲ့ အဆက်အသွယ်ယူပြီးပြန်ရောက်တဲ့ရန်ရှင်း(မြင်းခြံ၊ရေဇင်းစိုက်ပျိုးရေး တက္ကသိုလ် ကျောင်းသား)ပါ၊သူ့ ကိုလဲ ညတွင်းချင်းပါပဲ… သတ်လိုက်ကြပြန်တယ်လေ၊    အော် - ကြယ်ပွင့်တွေကြွေပေါ့
မောင်မောင်နဲ့ ကိုအေးမြင့်က ပြည်ထောင်စုနေ့ မှာ ခေါင်းပြတ်ရတယ်
မဟုတ်မခံ မောင်မောင်နဲ့ ပါးစပ်သွက်တဲ့ အေးမြင့်ကိုအရှင်မထားရဲဘူးထင်ပ၊
          ရှင်တာက ဒဿ၊ဖိုးဆန်း၊ကျော်ဇင်
ဒဿ၊ကျော်ဇင်ဆိုရင် အချုပ်ကိုဦးဆောင်ပြန်စီးခဲ့တဲ့ သူတွေထဲက
ဖြစ်နိုင်ရင် ရဲဘက်အလုပ်စခန်းသုံး စူးကလေး၊ဆောက်ကလေးနဲ့ ကင်းစခန်းတစ်ခုလုံးကိုစီးလိုက်ချင်ပေမယ့်…
          ကိုထိန်ပြောသလိုပါဘဲ၊ပြန်ရောက်လို့  မန္တလေးတက္ကသိုလ်စာပေးစာယူတက်ကြတော့ ကျောင်းသားအရေးတစ်ခုမှာ သူတို့ ဟာ အခြားမသေသူ ok ၊ကံမြင့်ဦး တို့ နဲ့ ပွဲတက်ကြပြန်သတဲ့၊ တယောက်ကတက်တရားဟောလို့ ဝိုင်းဆွဲရသတဲ့…
အဲဒါပါဘဲ ထောက်လှမ်းရေးဆိုပြီးဘယ်လောက်သတ်ချင်စရာကောင်းလဲ
          ABSDFစစ်ဆေးရေး(သို့ )စစ်ကြောရေးဖွဲ့ ပြီးပြန်စစ်တော့မယ်၊ထောက်လှမ်းရေး မဟုတ်ကြောင်း အသိသက်သေ(၂)ဦးရဲ့ ထောက်ခံချက် လိုတယ်ဆိုတော့ ဘုန်းကြီးအပြီးဝတ်သွားတဲ့ ဦးဇင်းကြီးဒဿက ရီနေတယ်၊
(၄)
ကဲဗျာ ပြောချင်တာကတော့ဒါပါဘဲ-
     Lucky 7 တော်လှန်ရေးရဲဘော်ကြီးများ
     (၇)ယောက်စလုံးထောက်လှမ်းရေးဖြစ်သွားတဲ့ဇာတ်
      (၄)ယောက်သေ၊(၃)ယောက်ရှင်ပေါ့
      ကြွေရဲပေမဲ့ ကြွေပုံကြွေနည်းများ မှားနေသလား မသိ
         သူတို့ အတွက် ဆွမ်းမသွတ်ရတာ နှစ် နှစ်ဆယ် ရှိခဲ့ပေါ့ ။ အဲ…တခုတော့ရှိတယ်         မောင်မောင်ကတော့ အစ္စလာမ်လေ ။
ပေါသွပ်ရေ … သိပ်မဝေးတော့ပါဘူးကွာ…
ထောင်ထဲမှာရော… အပြင်မှာပါ ကျိုးကြား ကျိုးကြား ဆွမ်းသွတ်ခဲ့ကြပေမယ့်
ငါတို့ တာဝန်တွေ ကျန်နေရဲ့…
နာရီဝက်ချင်း အသက်ရှင်အောင်မွေးတတ်ခဲ့တဲ့ တို့တွေ
အနှစ်နှစ်ဆယ်ကို မျိုသိပ်လို့
မိသားစုတို့ရဲ့ စိတ်အခံကို အမှန်အမှန် ဆိုပြီး ပွဲ မခံ ရက်ဘူး
စိတ်ချ….
ဒို့တွေထဲက တစ်ယောက် ရှင်နေသရွေ့ …. တနေ့ပေါ့ ။
ညီညီကျော်
· · Share
  • 84 shares
    • Khin Maung Htway
      နာရီဝက်ချင်း အသက်ရှင်အောင်မွေးတတ်ခဲ့တဲ့ တို့တွေ
      အနှစ်နှစ်ဆယ်ကို မျိုသိပ်လို့
      မိသားစုတို့ရဲ့ စိတ်အခံကို အမှန်အမှန် ဆိုပြီး ပွဲ မခံ ရက်ဘူး
      စိတ်ချ….
      ဒို့တွေထဲက တစ်ယောက် ရှင်နေသရွေ့ …. တနေ့ပေါ့ ။........
    • Maungmaung Skw ဟိုတုန်းက ကြားဘူးခဲ့တယ်-
      သေရဲတာ အလံနီ တဲ့။
      အခု တွေ့ဘူးပြီ-
      သတ်ရဲတာ ကျောင်းသားကွ။
    • Soe Lwin ‎"သတ်ရဲတာကျောင်းသား" လို့  ဆိုပြီး ၀ါးလုံး -ျီးသုတ်ပြီးတော့ မရမ်းသင့်ပါဘူး.
    • Aye Aye Soe Win ထူး ဆန်း လိုက် တာ။ ကျ မ စိတ် ကူး (မ သက်သာ သော စိက် ကူး ဖြစ် ပါ တယ်) ထဲ မှာ မြင် မြင် နေ တဲ့ ကုန်း က လေး နဲ့ အ ခုတင် ထား တဲ့ ပုံ က တော် တော် နီး စပ် ပါ တယ်။
    • Aye Aye Soe Win ဆွမ်း သွပ် တာ ထက် ပို မြင့်မြတ် တဲ့ နည်း တွေ နဲ့ လဲ ကျ ဆုံး သွား သော ( နှစ် ၂၀ တိုင် တိုင် spy ဟု နံ မယ် ဖျက် ခံ ရ သော) သူ ရဲ ကောင်း ရဲ ဘော် ကျောင်း သား များ ရဲ့ သ မိုင်း စစ် ကို ဖော် ရ မှာ ပေါ့ ရှင်... အချိန် တန် တဲ့ အခါ an eye for an eye ပေါ့.....
    • Aung Moe Win ကာယကံရှင်တွေ ရေးလာကြ ပြောလာကြတာ ပိုလို့ကောင်းပါတယ်။
    • Naing N Naing ABSDFစစ်ဆေးရေး(သို့ )စစ်ကြောရေးဖွဲ့ ပြီးပြန်စစ်တော့မယ်၊ထောက်လှမ်းရေး မဟုတ်ကြောင်း အသိသက်သေ(၂)ဦးရဲ့  ထောက်ခံချက် လိုတယ်ဆိုတော့ ဘုန်းကြီးအပြီးဝတ်သွားတဲ့ ဦးဇင်းကြီးဒဿက ရီနေတယ်၊
      ထပ်သတ်ချင်လို့ ထင်ပါရဲ့ 
    • Htun Htun Oo ရှယ်ခွင့်ပြုပါနော်၊ ခင်တဲ့
    • San Chaung Bobo သတ်ရဲတာက ကျောင်းသား တဲ့လားကိုမောင်မောင် skw
    • San Chaung Bobo ကျနော်ပြောချင်တာက ကျနော်တို့ ကို သတ်တဲ့ ရိုက်တဲ့သူတွေ ခွဲ ခြားကြည့်မယ်ဆိုရင် ၁။ ကိုမျိုးဝင်း လို စိတ်ဓါတ်သေးသိမ်တဲ့ လူ မျိုး ( ကျနော်တို့ ဟာ ထောက်လှမ်းရေး မဟုတ်ဘူး ကျောင်းသားမှန်းသိပါရက်သားနဲ့ သတ်တယ်၊ ရိုက်တယ်- အထင်ရှားဆုံးပြောရရင် ကိုထွန်းအောင်ကျော် သတ်ခါနီး ကျင်းဝ မှာ ကို မျိုး ၀င်း ပြောတယ် ကိုထွန်းအောင်ကျော် နား အနားကို ကပ်ပြီးမှပြောတယ် " မျိ
    • Maungmaung Skw ကျွန်တော့်ဆိုလိုချက် ဘေးရောက်သွား
      တာ တောင်းပန်ပါတယ်
      ဆိုလိုတာက-လူတွေသတ်
      အဖွဲ့အစည်းကိုပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်ခဲ့တဲ့အပြင်
      ကျောင်းသား ဆိုတဲ့ မြင့်မြတ်တဲ့ အမည်ကိုပါ နာမည်ဆိုးကြီးစွဲထင်သွား
      စေခဲ့ရတဲ့ အကြောင်းကို မီးမောင်းထိုး ပြချင်တာ သက်သက်ပါ။အသတ်ခံခဲ့ရ- အနှိပ်စက်ခံခဲ့ရ-ဒီကနေ့အထိ သည်းခံ
      နေကြတဲ့သူတွေကလည်း မဟာကျောင်းသားတွေပါ။တောင်းပန်ပါတယ်။
    • Ye Ni အမည်နာမ အတိအကျနဲ့ မှတ်တမ်းမှတ်ရာ လုပ်ပေးကြတဲ့ မြောက်ပိုင်းက အသက်ရှင်ကျန်သူများရဲ့ ခံစားချက်ကို မျှဝေယူရင်း ကျေးဇူးလည်းတင်ရတယ်
    • ဘရာဇီး ငှက်ရိုး ကိုမောင်မောင်အက်စ်ကေဒဗြူရေ... ခုလိုတောင်းပန်တာ မှန်ကန်ပါတယ်
      စကားတွေ ရှေ့တအားလောပြီးမပြောပါနဲ့ ဘာပဲဖြစ်ဖြစ် ဒါတကယ်အစစ် ဖြစ်ခဲ့တာ ကြောက်စရာကောင်းအောင် ရက်စက်ခဲ့တာ..
    • San Chaung Bobo ဆက်ပြောခွင့်ပြု ပါ ကိုမောင်မောင်။ ကိုမျိုး ၀င်းက ကိုထွန်းအောင်ကျော် နား အနားကို ကပ်ပြီး တော့ " ထွန်းအောင်ကျော် .. မင်းအခု ဘာတတ်နိုင်သေးလဲ ။၁၂ ၊ ဖေဖော်ဝါ ရီလ ၁၉၉၂ ။ ကချင်ပြည်နယ် ပါဂျောင်ဒေသ ၊ အာစံ ကုန်း ( သက်သေအနေနဲ့ ကျော်ခိုင်ဝင်း - မိုးညှင်း နဲ့ ကျင်းဝဘေးနားက လုံ ခြုံရေးတာဝန်ကျတဲ့ ရဲဘော်တွေ) ။ ညနေ ငါး နာရီဝန်းကျင်မှာပြောခဲ့တာပါ
    • San Chaung Bobo
      နောက် တစ်ခု ပြောချင်တာက ဒေါက်တာနိုင်အောင်လို ပဂ္ဂိုဟ်မျိုး ။ သူ ပါဂျောင်ကို ရောက်လာမယ်သတင်းြးါ်ကားတော့ အကျဉ်း ကျနေတဲ့ သူတွေမှာအသက်သခင် ကြွရောက်လာတော့မဲံ့ သဘောမျိုးကို အားကိုးမျှော်လင့်ခဲံ့ ကြပါတယ်။ ဒေါက်တာနီုင်အောင် က စစ်ကြောရေးခန်းထဲကို ၀င်လာတယ် ။ အစစ်ခံနေရတဲ့သူက ရင်း ၄၀၁ က ကျော်စွာဝင်းမောင်( ရန်ကုန် ၊ မင်္ဂလာတောင်ညွန့် သစ္စာလမ်း အိမ်အမှတ် ၂၁) စစ်နေတဲ့သူက သက်ထွန်း ( ဒု အရာခံဗိုလ် ခွဲမှုး မိုးညှင်း ) ။ အဲဒီအချိန်မှာ ဒေါက်တာနိုင်အောင်က ကိုကျော်စွာဝင်းမောင်ကို မေးတယ်။ မိုးသီးဇွန်ရော ..ထောက်လှမ်းရေးဘဲမလား .ိလို့ ။ ကိုကျော်စွာက မဟုတ်ကြောင်း ပြန်ေါ်ပြားတော့ ၊ ကိုသက်ထွန်းက " မင်းမဟုတ်ကြောင်းပြောတာ တအားမြန်ပါလား " လို့ပြောရင်းး ကိုကျော်စွာ ပေါင်ကို ဓါးနဲ့ ထိုးတယ်လို့ သိရပါတယ်။ ဆိုလိုချင်တာက( ဒေါက်တာနိုင်အောင်အနေနဲ့ ကာယကံရှင်ကိုယ်တိုင် ကိုယ်ထိလက်ရော် ကျူးလွန်ါခဲံ့တာတွေကို တော့ ၅၀၁ က လူတွေ ပြန်ပြောတာ ပိုကောင်းမှာပါ)ဒေါက်တာနိုင်အောင် က ဘာကြောင့်ပါဝင်ပါသက်သလဲဆို ရင် သူ့ ရ ရှိထားတဲ့နေရာခိုင်မြဲရေးအတွက်လို့ ယူဆပါတယ်။သူမြောက်ပိုင်းက ပြန်သွားချိန်မှာ သူ့ ကို အေဘီမြောက်ပိုင်းက ထောက်ခံကြောင်း ဆိုတဲ့ သဘောထားကို သူရရှီသွားတယ်လေ။
    • Htar Htar Oo speechless :(((
    • Harry Lwin ရှယ်လိုက်ပါတယ် ခင်ဗျား
    • Khin Nyein Thit အဲဒီလို အယုတ်တမာတွေက မြန်မာပြည်ကိုပြန်ပြီး ဝေစုခွဲအုံးမှာလေ။
    • Kyaw Gyi AB ဘိုဘို နိုင်အောင်ကမြောက်ပိုင်းကိုတခါမှမရောက်ဘူးပါဘူးတဲ့ လေးလွင်ကတဆင့် ငါသိရတယ် ခင်ဗျားကိုယ်တိုင်မြင်လို့ လားတဲ့ အခုနယ်မြေဟာဘယ်သူ့ နယ်မြေလဲတဲ့ မဲဆောက်အားလုံးဟာနိုင်အောင်နဲ့မကင်းဘူးတဲ့ ငါမကြောက်ပါဘူး လှည့်ပြန်ခဲ့မိတယ်
    • Saw Wunna Lin လူသတ်သမားတွေကိုအမြန်ဆုံးဖော်ထုပ်ပေးကြပါ။ဒီလူတွေကိုခွင့်လွတ်စရာအကြောင်းလုံးဝမရှိပါ။ဘာကြောင်းဒီလောက်ရက်စက်ကြတာပါလဲ။
    • San Chaung Bobo ကိုလေးလွင် ကိုကျနော် ပြောချင်တာက ဒေါက်တာနိုင်အောင်မြောက်ပိုင်းကိုရောက်လာတယ်ဆိုတာကို ကျနော်တို့ သက်သေပြနိုင်ပါတယ်။၁၉၉၂ ကေအိုင်အေ ရဲ့ ဧည့်သည်တော်မှတ်တမ်း မှာ သက်သေခံနိုင်ပါတယ်
    • Myo Thein ကဲဗျာ ပြောချင်တာကတော့ဒါပါဘဲ-
      Lucky 7 တော်လှန်ရေးရဲဘော်ကြီးများ
      (၇)ယောက်စလုံးထောက်လှမ်းရေးဖြစ်သွားတဲ့ဇာတ်
      (၄)ယောက်သေ၊(၃)ယောက်ရှင်ပေါ
      ကြွေရဲပေမဲ့ ကြွေပုံကြွေနည်းများ မှားနေသလား မသိ
    • Myo Thein So sorry man.
    • Aye Aye Soe Win ဆ မား ညီညီ ရဲ့ မှတ် တမ်း မှာ လဲ Dr. နိုင် အောင် မြောက် ပိုင်း စ ခန်း လာသွား တာ ပါ ပါ တယ်။ မျက် နှာ ပြောင်ကြီး ခု ထိ တိုင် အောင် တိုက် နေ သူ တွေ လူ သတ် သ မား တွေ ရဲ့ ဂိုဏ်း သား များ ၏ တန် ပြန် မေး ပုံ က လဲ ဗြောင် စော်ကာ: လွန်: ပါ တယ်။
    • Aye Aye Soe Win
      လူ သတ် သမား တွေကခုအချိန်တိုင်အောင်ဒမိုကရေစီ လန်း ကြောင်း မှာ အပေါ် ဆုံး မှာ ရှိ နေ တာ ဘာ ကြောင့်လဲဆို ပြီး အင်ဂလိတ်စာ ခပ့်တုံးတုံး သုံး ပြီး မကြာ မ ကြာ မေး နေ တဲ့ လူ တ ယောက် ရှိ တယ်.။ သူ့ခမြာ လူက ငြောတ် ဆူး နေ ပုံ ရ ပါတယ်။ ABSDF မှာ လူသတ်သမားတချို.ပြန်ပါဝင်နေတယ်ဆိုတော့ ဒီလိုအဖွဲ.အစည်းမျိုး နဲ. အ မြဲ လုတ် စား နေသူ တွေ က လဲ မတရား စွပ်စွဲခံရပြီး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသော သူငယ်ချင်းများ ရဲဘော်များ မိသားစု များ ဖက် က အ ခု
      ဥပဒေအတိုင်း လုပ်လို့ ရ နေ တဲ့ နည်း တွေ ကို လှောင် ချင် တဲ့ သဘော ပေါ့။ ဒါဆိုလည်း ကြိုးစင်တက်ဖို့သာ ပြင်ထားေ ကြပါ တော့။
    • မိုး စဲ ကိုဘိုဘိုတို့ ခုလို ၀င်ပြောတာ အလွန်ပဲကောင်းပါတယ် နို့မို ကျနော်တို့က ဘာဆိုင်လို့လဲ ကာယကံရှင်တွေက ဘာပြောသေးလို့လဲ သက်သေအထောက်အထားမခိုင်လုံပဲနဲ့ ကျောင်းသားကို မထိနဲ့ဆိုတာတမျိုး ကျနော်တို့က ပဲ စစ်တပ်ထဲကထွက်ပြီး ကျောင်းသားနိုင်ငံရေးထဲ ရောက်လာတာကျနေတာပဲဗျာ အမှန်ဟာ အမှန်ဆိုတာ ကာယကံရှင်တွေ တဖြေးဖြေး ၀င်ရေးရင်း ရုပ်လုံးပေါ်လာမှာပါ။ အားပေးပါတယ် ရေးကြပါဗျာ..
    • Tun Oo အရမ်းကောင်းတဲ့..မှတ်တမ်းလေးတွေပါ..နောင်လာမယ့်..စိတ်ဓါတ်ပြင်းထန်တတ်တဲ့..လူငယ်လေးတွေအတွက်..အထူးလေ့လာသုံးသပ်ရမဲ့..သမိုင်းဝင်အဖြစ်အပျက်လေးတွေပါ..ဆက်ပြီးသိမှတ်ခွင့်ရချင်ပါသေးတယ်။
    • Nay Win Aung ကိုယ်လုပ်တောင်လုပ်ရဲသေးတာ..ခံရဲရမှာပေါ့...နိုင်အောင်က မြောက်ပိုင်းမလာဘူးလေးဘာနဲ့...မိုးကြိုးပစ် ထန်းလက်နဲ့ကာ...စကားတွေပြောနေတာ....ဒီကောင်တွေ...စစ်အစိုးရ နဲ့ တတန်းထဲကောင်တွေ....မိတ်ဆွေမဟုတ်ဘူး...ရဲဘော်မဟုတ်ဘူး...သတိထားကြ ကိုယ့်လူတို့...လူထုကို ဒုက္ခပေးမဲ့ကောင်....အခုလည်း ပြည်တွင်းကို ၀င်ဘို့ကြံနေပြန်ပြီ....ပြည်တွင်းက တို့တတွေ....ဒီကောင့်ကို..တရားစွဲဘို့သာပြင်ထားကြပေတော့။
    • Ma Su Mon အဲ့တာ ကျောင်းသားကိုသူလျိုလို့စွတ်စွဲပြီး ကျောင်းသားယောင်ဆောင်ထားတဲ့ ထောက်လှမ်းရေးက သတ်တာ
    • Soe Lwin Thein Htun ကိုနိုင်အောင်ကိုယ်တိုင်မြောက်ပိုင်းရောက်လာပြီးကျွန်တော်ကိုတောင်သူလျိုဆိုပြီးနားရင်းကိုဖိနပ်နဲ့ရိုက်သွား
      တာကျွန်တော်နားကသွေးတွေထွက်ခဲ့ရတယ်၊ရန်ကုန်ရောက်မှကုခဲ့ရသူပါဒါပဲပြောအုံးမယ်၊ကျန်တာတွေကို
      နောက်မှဆက်တော့မယ်။
    • Aye Aye Soe Win Ko Nay Win Aung, Ko Soe Win, I admire what you said above...Please speak more...Speak more....
    • Maungmaung Skw
      နိုင်အောင် မြောက်ပိုင်းကိုလာပြီး အပေါ်
      က ဘိုဘိုပြောတဲ့အတိုင်း လုပ်သွားတယ်
      ဆိုတာကို ကျွန်တော်အခုမှကြားဘူးတာ
      မဟုတ်ပါ။လွန်ခဲ့တဲ့ အနှစ် ၂၀ -ကျွန်တော် ABSDF(NB)ဌာနချုပ် ပါဂျောင် ကိုရောက်တုန်းကထဲက ကျောင်းသားထောက်လှမ်းရေးနဲ့ စစ်ကြောရေးအဖွဲ့ဝင် သက်လင်း က
      ပြောပြလို့ သိခဲ့တဲ့ ကိစ္စတစ်ခုပါ။ကျွန်တော်က အဖြစ်အပျက်ကို အပေါ်ယံလောက်သာ
      ကြားခဲ့မြင်ခဲ့တာတွေ ရေးထားခဲ့တာတောင် ဖတ်ရသူ တစိမ်း
      တွေ မခံနှိုင်ကြပါဘူး။တချို့ ဆက်မဖတ်
      နိုင်ကြဘူး။တချို့ မျက်ရည်ကျကြပါတယ်။အခု ကာယကံ
      ရှင်တွေ ရေးကြတော့ အစစ်အမှန်တွေ
      သိရတော့ ကျွန်တော်တောင် ယူကြုံးမရ
      ဖြစ်မိတယ်။ကျွန်တော့စာအုပ် ပုံနှိပ်ဖို့
      စီစဉ်နေပါပြီ။ရှေ့လထဲမှာ အားလုံး ဖတ်
      ကြရတော့မှာပါ-စာအုတ်ထွက်လာပြီးရင်
      ကာယကံရှင် ကိုယ်တိုင်ကြုံခဲ့တဲ့သူတွေ
      ဖတ်ကြည့်ပြီး လိုတာတွေဖြည့်ကြ အမှား
      တွေ ပြင်ကြပါဦး။ကျွန်တော်က ကိုယ်တိုင် အချုပ်ခန်းထဲ ရောက်ခဲ့တာ
      မဟုတ်ဘူး။အကျယ်ချုပ်နဲ့ နေခဲ့ရတာ။
    • Aye Aye Soe Win
      မတရား မှု မှန် သ မျ ကို တ ရား သော နည်း ပေါင်း စုံ သုံး ပြီး ရှင်း ခွင့်ရ ရင် ဒီ အ လုပ် မှာ ကို အ လွန် အားကောင်း သော ကံ မြောက် တယ်။ သက်သေအထောက်အထားမခိုင်လုံပဲနဲ့ ကျောင်းသားကို မထိနဲ့ဆိုတာ ဆင် ခြေ တ မျိုး ပေး နေ ကြ တာ ပါ ။ ABSDF ကို မထိနဲ့ဆိုတာ Ronald Aung Naing and Dr. Naing Aung ကို မ ထိ နဲ့ လို့ တိုက် ရိုက် ပြော မ ရ လို့ (မ ခံချင် တဲ့ သူ တွေ ကို ဆက် ပြီး ဝင် မ ပါ နိုင် အောင် မနိုင် ပဲ ခြောက် စား လုတ် နေ ကြ တာ ပါ။ ) yee ya par de`..
    • မိုး စဲ
      နှစ် ၂၀ တုန်းက ဖြစ်ခဲ့တဲ့ ထွက်ပြေးလာပြီး နီးစပ်ရာတွေ ပြောပြတော့လဲ မယုံတဲ့သူနဲ့ (ကျနော်ကိုယ်တိုင် မယုံခဲ့တာပါ) ခုမှ ကာယကံရှင် ယုံကြည်လောက်တဲ့ ထင်ရှားတဲ့ ကာယကံရှင်တွေက ပြောလာတော့မှ တကယ်ဖြစ်ခဲ့တာပါလား ဆိုတာ သိလာတာပါ..ခုတော့ ဖြေးဖြေးချင်း တဆင့်ခြင်း အချက်အလက်တွေ ထပ်မံစုဆောင်းရင်း ပြည်တွင်းကို လူသတ်ကောင်တွေ ၀င်လာတာနဲ့ တရားဥပဒေဘောင် အတွင်းက တရားစွဲ ဆိုနိုင်အောင် လုပ်သင့်ပါတယ် တကယ်ဆို န၀တ နအဖ ခေတ်အဆက်ဆက်က မတရားညှင်းပမ်းသတ်ဖြတ်မှုတွေကိုလဲ ဖေါ်ထုတ် တရားစွဲ သင့်ပါတယ် ဒါပေမဲ့ ပြည်တွင်းမှာ ဒီအချိန် ဖြစ်နိုင်ဥိးမှာ မဟုတ်ပါဘူး အာဏာရှင်ဆိုတာ ရန်သူ့ ဖက်မှာသာ ရှိတာ မဟုတ်ပါဘူး ကိုယ့်ဖက်မှာပါ ရှိတယ်ဆိုတာ တဖြေးဖြေး ပိုပေါ်လွင်လာပါပြီ..မြောက်ပိုင်းကျောင်းသား သတ်ဖြတ်မှုတွေရဲ့ အဆက် ဖြစ်တဲ့ မြောက်ပိုင်းကနေ တောင်ပိုင်းမှာ သူလျှိုတွေရှိတယ်ဆိုလို့ ဖမ်းခဲ့ ခံခဲ့ရသူတွေထဲက ကိုနေ၀င်းအောင် အဖြစ်အပျက်တွေကို အများသိရအောင် စဉ်းစားနိုင်အောင် မကြာခင်ဖေါ်ထုတ်တော့မှာပါ။ သူရေးပြီးနေပါပြီ။
    • Aye Aye Soe Win Someone told me that Ko Thein Tun (who was hit by DNA at the absdf north camp ) is writing his part, and we are waiting for their direct statements...
    • Arjuu Shi အော် နိုင်ငံရေး ဆိုတာ လည်တဲ့သူတွေက အပေါ်ရောက်ပြီး တကယ်ယုံကြည်ပြီး ဘ၀ နဲ့ အသက် နဲ့ ရင်းတဲ့ သူတွေကို နင်းပြီး သူတို့ က အပေါ်တက်သွားတာကိုး...ဘုရားဘုရား ကြောက်စရာကောင်းပါလား
    • Ko Baloi ကျနော့်တို့ AB မှာ အဲဒီလို ရက်ရက်စက်စက် ပါးကွက်သားဆန်ဆန် ညှင်းပမ်း- နှိပ့်စက် သတ်ဖြတ်လိမ့်မယ်လို့ ကျနောဘယ်တုန်းကမျှ တွေမထားမိတာအမှန့်ပါ....အခုတော့...ဗျာ ရက်စက်ပါပေ့...ဖြေသော်မပြေ- ချေသော်မကြေ.....ကမ္ဘာမကြေ
    • SuuAung ET ဓါတ်ပုံက အာဆန်ကုန်းမဟုတ်ပါဘူး။ RT လို့ ခေါ်တဲ့ ကြားခံဆက်သွယ်ရေးစခန်းဖြစ်တဲ့ ဘွမ်ရွန်း တောင်ကုန်းအသွား လမ်းမှာပါ။ အဲဒီ ခရီးမှာ ကိုယ်တိုင် ပါလို့ ပြောတာပါ။ မွမ်းမံသင်တန်း အမှတ် (၂) အချိန်မှာပါ။ အဲဒီအချိန် ကိုညီကျော် မရှိတော့ပါဘူး။
    • Kyaw Gyi AB ဒီအတိုင်းဆို ညီမ ET ပြောတာအမှန်ပါ၊ဓါတ်ပုံဆိုတော့ ဝေခွဲရခက်နေတယ်
    • Win Thein ar tan doel kyar nay ya del.....????????????????????????????
    • Win Thein phyat aung luat...........??????????????
    • Win Thein Aar pay del......
No comments:
Post a Comment