Saturday, August 24, 2013

ဗလာနတ္ထိ

နောက်ဆုံးတော့လဲ
ဒါပါဘဲဗျာ
ဘာဘာမှထူးခြားမူ့မရှိ
ဗလာနတ္ထိ
1Like · ·
  • Thinn Thinn Win ပြောပြပါ
  • Do Gyi NB အမရာသိသာလွန်းပါတယ်ဗျာဝေ့လည်ချောင်ပတ်လုပ်နေတာတွေကိုကြည့်ရင်သိသာပါတယ်
  • Thinn Thinn Win ရှင်း နေတာပဲ ဘာကို ယုံပြီး ဘာကို စောင့်နေကြတာလဲ? ကျမကတော့ စကထဲက မယုံကြည်လို ဘာမှ့ မမျှော်ခဲ့ဘူး ။၊ ကြားနေရတဲ့သတင်းတွေက အခြေအနေတွေပိုရှုတ်ထွေးမဲ့သဘောပဲ
  • Ko Lin Wai Aung ဘယ်သူ့ဆီကမှ ဘာအမိန့်/ဘာဆုံးဖြတ်ချက်/မလိုပါဘူး...သဘောထားတွေဘယ်လိုရှိတယ်ဆိုတာ ထင်ထင်ရှားရှားမြင်လာနေရတာဘဲလေ....ဘာမှမမျှော်လင့်နဲ့......လုပ်ရမှာက ကိုယ့်သမိုင်းကိုယ်ရေးဘို့ဘဲ....အားလုံးက ရှင်းလင်းမြင်သာမှုရှိထားပြီးသားတွေ....သူတို့လုပ်တာ...ရပ်တည်တာ...တာဝန်မယူတာ...ရောချတာ တွေက သူတို့သမိုင်းပါဘဲ....ဘာအကြောင်းနဲ့မှ အမှန်တရားက မသေဆုံးပါဘူး...
  • Nang Aung Htwe Kyi ရှင်းနေတာကိုရှုပ်အေင်လုပ်မှာက သူတို့လုပ်ရိုးလုပ်စဉ်။ စစ်အစိုးရလုပ်နည်းလုပ်ထုံးတွေ ။ သူတို့ဟာ ဘာတွေလည်းဆိုတာ သူတို့သမိုင်းသူတို့ရေးပြသွားကြလိမ့်မယ် ။ သူတို့ အမှားရေးနေခဲ့တာ မှားပြီးရင်းမှားရင်း ဂျောက်ထဲ သူတိုကဟာသူတို့ခုန်ချတာ ။ ဟုတ်ပြီလား။ရှင်းရှင်းလေးက .. >>>> သူတို့မှာ ငါတို့ ကို ဘာလို့ ဖမ်းရတယ် ဆိုတဲ့ အထောက်အထား တိတိကျကျ ချပြရတော့မဲ့ အချိန် ရောက်နေပြီ .. အနှစ် ၂၀ မှာ သူတို့ တွေ တနေ့ ဒီ ပြသနာ ကို ဖြေရှင်းရမယ်ဆိုတာ သိထားတယ် .. မမေ့ပါဘူးလို့ ငါတို့နဲ့ တွေ့ တော့ပြောခဲ့တာတွေ .. မှတ်တမ်းရှိပြီးသား။ ဘာအထောက်အထားမှ မရှိပါဘူးဆိုရင် .. ရှင်းနေပြီ.. ရှောင်နေတာသိသာပြီ ။ ညာနေတာ .. အမှန်တရားကို မပြောရဲတာ သိသာနေပြီ ။ >>>> ခုထိလည်း အချိန်ဆွဲနေတာသိသာနေတာဘဲ ။ သူတို့ပြောခဲ့သလို ဖြေရှင်းရမှာသိပါတယ်ဆိုရင် နှစ်ပေါင်း ၂၀ ဘာလို့ အဆင်သင့် ဖြစ်အောင် မလုပ်ထားတာလဲ ။ ကိုကြီး အသတ်မခံရခင်မှာခဲ့တာ ငါတို့အကြောင်းမင်းတနေ့ ပြောပြပေးပါ ဆိုတာကို ပြောပြပေးနိုင်ဖို့ ငါ တိတိကျကျ အထောက်အထားတွေ နှစ် ၂၀ စုခဲ့ သိမ်းခဲ့တယ် ။ ရှိပါသေးတယ် ။ကျန်ပါသေးတယ် ။ အကုန်မချပြရသေးပါဘူး။
  • Tamar Khin ကိုထွန်းအောင်ကျော်ကို မင်းဘာလို့ဆွဲထည့်ခဲ့ရသလဲဆိုတာ ငါအရမ်းသိချင်တယ်။ ဘယ်သူမှ ကိုထွန်းအောင်ကျော်ကို နာမည်တပ်မမေးခဲ့ဘူးဆိုတာ သိထားတယ်။ နာမည်တပ်မေးလို့ပါဆိုပြီး မင်းလိမ်လို့မရဘူး။ အသားနာလို့ ဆွဲထည့်ခဲ့ရတာပါဆိုရင်လည်း ဆွဲထည့်စရာ တပုံကြီးရှိနေပါရဲ့ ဘာကြောင့် ဥက္ကဌတယောက်လုံးကို ဆွဲထည့်ရဲလောက်အောင် မင်းသတ္တိအတော်ကောင်းခဲ့ရတာလဲ။ ငါမင်းဆီက အဓိက သိချင်တာ အဲဒီတချက်ကလေးပဲ။ ဖြေနိုင်ရင် ဖြေပေးပါ နန်းအောင်ထွေးကြည်။ တကယ်သိချင်လို့ပါ။
  • Nang Aung Htwe Kyi လွယ်ပါတယ်ခင်ရွှေလှိုင် ။ အယောက် ၁၀၀ ထွက်ထားတဲ့ စစ်ချက် ထွက်ချက်တွေ ပြန်ကြည့်ရင် အဖြေ အတိအကျ ရှိနေပါတယ်လေ ။ ဘယ်သူတွေ ဘာဖြေခဲ့ကြရသလဲဆိုတာတွေပေါ့ ။ ဒါကြောင့်လဲ ငါတို့တောင်းနေကြတာပေါ့ ။ ဘယ်အခြေနေမှာ ဘယ်လိုဖြေကြရတယ်ဆိုတာ ပြုလုပ်သူနဲ့ပြုလုပ်ခံရသူတွေ သေသေချာချာ မျက်နှာခြင်းဆိုင်ပြောကြရင်ရှင်းရှင်းပေါ်တယ်။ ဆွဲထည့်တယ် .. နာမည်တပ်မမေးဘူးကြားတယ် ဆိုတာက မသေမချာလေ ။ တိတိကျကျ အထောက်အထား နဲ့ ပြောတော့ အငြင်းအခုန်ဖြစ်နေစရာမလိုတော့ဘူးပေါ့။ ရက်တောင်တိတိကျကျပြောလိုက်ဦးမယ်။ ၁၀ . ၉ . ၁၉၉၁ ခုနှစ် ။ ဒီရက်မတိုင်ခင်မှာ ဘယ်သူက ဘာဖြေထားလဲဆိုတာငါတို့မှာ မှတ်တမ်းတွေရှိပါတယ်လေ ။ ရန်ဖြစ်နေရမဲ့အချိန် စွပ်စွဲနေရမဲ့ အချိန်တော့မဟုတ်တော့ဘူး။ ဘယ်သူ့ဘက်ကဘဲဖြစ်စေ .. အမှန်တရားတခုကို ပြောမယ်ဆိုရင် ကိုယ့်ဘက်က တိတိကျကျ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြပြောဆိုရမဲ့အချိန်ပါ ။ ငါတို့ခံစားခဲ့ရသူတွေနဲ့ ABSDF တို့နဲ့ တွေ့ခဲ့ကြတုန်းက သူသူငါငါပြောခဲ့ကြတဲ့ ဗီဒီယို တွေမှာ ရှိပါတယ်။ ဒါကြောင့်လည်း ငါတို့အားလုံးစိတ်ရှင်းရှင်းနဲ့ ရပ်တည်နေနိုင်ကြတယ်။ ပြောရဲတယ် ။ ငါလက်မှတ်ထိုးခဲ့ရတဲ့ အချိန်နဲ့ အဖမ်းအဆီးလုပ်တဲ့အချိန်နဲ့ တခြားသူဖြေထားခဲ့ရတဲ့ နေ့စွဲတွေနဲ့ ဘယ်လိုကွာလဲဆိုတာတွေ ထွက်ချက်တွေ အားလုံးထဲမှာရှိတယ်။ ဒီတော့ ခင်ရွှေလှိုင် .. မင်းငါ့ကို ဘယ်လိုဘဲ စွဲချက်တွေ ထင်မြင်ချက်တွေနဲ့တင်တင် .. မင်းရဲ့ စွတ်စွဲချက်တွေကို တိတိကျကျ အထောက်အထားနဲ့ မင်းကိုင်ထားနိုင်ပါစေ ။ တနေ့ အားလုံးမျက်နှာခြင်းဆိုင်ပြီး တွေ့ဆုံကြတဲ့အခါ ကြားတယ် တို့ .. ထင်တယ်တို့ နဲ့ မဟုတ်တော့ဘဲ အေးအေးဆေးဆေး အထောက်အထားတွေ ချပြပြီး ပြောကြတာပေါ့ကွာ။ ငါတို့အားလုံးဆိုတာ ပြုလုပ်ခံရသူတွေနဲ့ ပြုလုပ်ခဲ့ကြသူတွေ .. ငါတို့ အယောက် ၁၀၀ ရဲ့ ထွက်ဆို လက်မှတ်ရေးထိုးခဲ့ရတာတွေ ။ မျိုးဝင်းတို့ ရိုက်ယူခဲ့တဲ့ ဗီဒီယို အခွေတွေ နဲ့ မင်းမှာရှိနေမဲ့ အထောက်အထားတွေပေါ့ကွာ။ ကိုထွန်းအောင်ကျော် ငါ့ကို ပြောခဲ့တဲ့စကားတွေ .. အဲ့ဒီတုန်းက ငါနားမလည်ခဲ့တာတွေ ခု ငါတို့အချင်းချင်းပြောဆိုလာကြတော့ ငါနားလည်ခဲ့တယ် ။ ဒါပါဘဲ ခင်ရွှေလှိုင် ။
  • Nang Aung Htwe Kyi ပြုလုပ်ခံရသူတွေနဲ့ ပြုလုပ်ခဲ့သူတွေ မျက်နှာခြင်းဆိုင် တွေ့ဆုံတဲ့တနေ့ ပြောဆိုကြတဲ့တနေ့ ရှင်းသွားလိမ့်မယ်။ တခုတော့ရှိတယ်ကွ ။ ပြုလုပ်ခဲ့သူတဦးနဲ့ ငါတို့တွေ့ခဲ့ကြတယ် ။ ဒီပြသနာကိုပြောကြတော့ သူက လုပ်ခဲ့ကြတယ် .. ဖြစ်ခဲ့ကြတယ် .. အပြစ်ကို သူခံမယ် ဆိုတာကလွဲပြီး ဘာမှမပြောဘူး။ ABSDF တွေနဲ့အားလုံးသွားတွေ့ကြမယ်.. လိုက်ခဲ့ပါ ဖိတ်ခေါ်တော့လည်း မလိုက်ဘူးအပြင်းအထန်ငြင်းဆန်ရော။ ပြီး ကျေးဇူးပြုပြီး ငါနဲ့တွေ့ခဲ့တာဘယ်သူ့မှ မပြောပါနဲ့ ဆိုပြီး ဂတိ တောင်းပြန်ရော ။ ကဲ .. မခက်ဘူးလား။ ငါတို့ အားလုံးက ငါတို့ကို ပြုလုပ်ခဲ့သူကို ပြန်စောင့်ထိမ်းပေးနေရတယ် ။ ထာဝရတော့ မစောင့်ထိမ်းပါဘူးလေ။ ငါတို့ခံစားကြရသူတွေအားလုံး လောလောဆယ်ဆယ်တော့ ဒီဇင်ဘာဆိုတာကိုဘဲ ကြည့်နေပါတယ်။ >> ဘယ်သူမှ ကိုထွန်းအောင်ကျော်ကို နာမည်တပ်မမေးခဲ့ဘူးဆိုတာ သိထားတယ်။ နာမည်တပ်မေးလို့ပါဆိုပြီး မင်းလိမ်လို့မရဘူး >> ဆိုတဲ့ အပြောအတွက် အပေါ်မှာ ငါပြောထားတယ် ။ နေ့စွဲပါငါပြောထားတယ် ။ ရှိထားတဲ့အထောက်အထား ကို လက်ထဲ ကိုင်ထားလိုက်ပါ ။ လူစုံညီစွာတွေ့ကြတဲ့တနေ့ မင်းတို့ဘက်ကလည်း မင်းတို့မှာရှိတဲ့ တိတိကျကျအထောက်အထားတွေ နဲ့ချပြ ။ ငါတို့ဘက်ကလည်း ပြန်ချပြ ပြီး အမှန်တွေဖော်ကြတာပေါ့ ။ တကယ်တမ်းက လူစုံညီရှေ့ ရှင်းဖို့ ငါတို့ဘက်က အဆင်သင့်ဖြစ်နေတာကြာပါပြီ။ လိမ်ဖို့ ဆိုတာငါတို့ဘက်က မဟုတ်ပါဘူး ။ မင်းလည်းဘေးလူအနေနဲ့ သိခြင်နေမှာဘဲ ။ ပါးစပ်က ပြောနေရင် ပြောနေတာ ငြင်းနေတာ ဘဲဖြစ်တော့မယ် ။ ပြီးတော့ ငါက ရန်ဖြစ် ငြင်းခုန် မလုပ်ဘူး။ အထောက်အထားနဲ့ ဘဲဖြေရှင်းခြင်သူ ။ မင်းကိုပြောတဲ့သူကို မင်း အဲ့ဒီတနေ့ ခေါ်လာခဲ့ပါ ။ ABSDF အဆင်သင့်ဖြစ်တဲ့နေ့ မင်းတို့ဘက်နဲ့ ငါတို့ ခံစားရသူတွေဘက် အေးအေးဆေးဆေး တွေ့ဆုံ ပြောဆိုကြတာပေါ့ ။ မင်းလဲ အစစအရာရာ အဆင်ပြေပါစေ ..
  • Tamar Khin မင်းပြောထား ရေးထားတာတွေအပေါ် ပြန်မေးခွန်းထုတ်ပြီး ဖြစ်စဉ်ကို ငါသိတဲ့အပိုင်းက ရေးထားတာပဲ ရှိတယ်။ မင်းကို ငါ့သဘောနဲ့ငါ စွဲချက်တင်ထားတာ တခုမှမပါဘူး။ မင်းတို့ဘက်နဲ့ ငါတို့ဘက်ဆိုတာ ဘာကိုပြောတာလဲ။ ဒီအမှန်တရားပေါ်ဖို့အတွက် ငါ့ဘက်မှာ ဘက်မရှိဘူးဆိုတာ မင်းသိထားပါ။ ကိုယ်တိုင်မပါဝင်ခဲ့တဲ့သူတွေ ကြားဝင်ရှင်းတာ ငါစိတ်မ၀င်စားဘူး။ ငါစောင့်နေတာက လုပ်ခဲ့တဲ့သူတွေရော ခံခဲ့ရတဲ့သူတွေရော ပါဝင်ခဲ့တဲ့သူတွေအားလုံး မိဘပြည်သူတွေရဲ့ရှေ့မှာကို တွေ့စုံဖြေရှင်းနိုင်တဲ့အချိန်ကို၊ စုစုံဖြေရှင်းနိုင်တဲ့အချိန်ရောက်လို့မှ ထွက်မရှင်းရင် ရှင်းတဲ့အထိ အားလုံးကို ပြန်ဖိုက်မယ်။ ရှင်းကို ရှင်းရမယ်။ ဒါငါ့ဆုံးဖြတ်ချက်။ လောလောဆယ် ငါသိချင်တာက မင်းကိုမေးထားတဲ့ မေးခွန်းပဲ။ မင်းဖြေနိုင်ရင် တိုက်ရိုက်ဖြေပေးပါ။ မဖြေနိုင်ရင် မဖြေပါနဲ့။ ငါလည်း ရန်ဖြစ်တာတွေ အငြင်းပွားတာတွေ စိတ်မ၀င်စားဘူးဆိုတာ အတူနေဖူးတဲ့သူတွေ ပိုသိပါတယ်။ မင်းလိုပဲ အမှန်တရားရှာနေလို့ တကယ်သိချင်လို့ကို မေးလိုက်တာပါ။

No comments:

Post a Comment